ရှောင်းသခင်လေး (Part 35)

13.2K 686 10
                                    

Unicode Version

"အေ့အေ့...မငိုပါနဲ့မြေးရယ် ဗိုက်ဆာနေတာမလား
ခနလေးစောင့်ပါဉီး ဖိုးဖိုးကြီးနို့သွားဖျော်နေတယ်နော်"

တိတ်ဆိတ်နေတဲ့အခန်းတစ်ခုအတွင်းကလေးငိုသံစူးစူးက
ထွက်ပေါ်လို့လာ၏။တစ်စက်တည်းမှာ အမျိုးသမီး
တစ်ဉီးရဲ့ကလေးချော့သံဟာလည်းထွက်ပေါ်လာလေသည်။
နို့ဆာလို့အာပြဲအောင်ငိုနေတဲ့ကလေးလေးကတော့
သူ့အဖွားလက်ပေါ်မှာ ငိုမြဲငိုဆဲပင်။

"ယောကျ်ားရေ နို့ဖျော်နေတာမပြီးသေးဘူးလား
မြန်မြန်လုပ်ပါ ဒီမှာကလေးဗိုက်ဆာနေပြီ "

"အေးပါကွာ လာပါပြီ "

ခနကြာတော့ရှောင်ပါးကနို့ဗူးကိုကိုင်ရင်းသူတို့နားကို
ရောက်လာလေသည်။သူ့လက်ပေါ်က ကလေးလေးကတော့
ဗိုက်ဆာလို့ စိတ်တိုနေသည်ထင်ပါရဲ့ ခုထိငိုတာမရပ်သေး။
သူ့ရှေ့ရောက်လာတဲနိုဗူးကိုရှောင်မားအမြန်ဘဲဆွဲယူလိုက်ပြီး
ပူမပူအရင်မြည်းကြည့်လိုက်သည်။နို့ဗူးကအနည်းငယ်ပူပေ
မဲ့ အထဲကနို့လေးကနွေးနွေးလေးမို့ က​လေးသောက်ဖို့
အဆင်ပြေလေသည်။နို့ပူပူကိုတိုက်မိပါက ကလေးပါးစပ်
နုနုလေး ကျတ်သွားလိမ့်မည်ဖြစ်သည်။

ငိုနေတဲ့ကလေးလေးကတော့ သူ့ပါးစပ်ထဲကိုနို့ရောက်လာ
တာနဲ့ ချက်ခြင်းအငိုတိတ်သွားပြီး အငမ်းမရကိုစို့နေတော့
သည်။သူလည်း ဗိုက်ဆာတဲ့အပြင် ငိုပါငိုလိုက်ရတော့
တော်တော်ဆာသွားသည်ထင်ပါရဲ့လေ။

"မိန်းမ ကိုယ်တို့မြေးလေးက တစ်လုံးတစ်ခဲကြီးနဲ့ချစ်စရာကွာ
ကြည့်ပါဉီး နို့ဆို့နေတာများပါးဖောင်းဖောင်းကြီးတွေ
တလှုပ်လှုပ်နဲ့ "

ကလေးနို့ဆို့တာကိုလာကြည့်နေတဲ့ရှောင်ပါးက
ကလေးလေးကို​ကြည့်ရင်း အူယားနေသည်ထင်ပါရဲ့
သူ့နားကပ်ခါလာပြောလေသည်။ကလေးလေးကတော့
ဘယ်လောက်ဗိုက်ဆာနေလည်းမသိ နို့ဗူးကိုစို့နေတာမှ
အငမ်းမရပင်။နို့ကိုအတင်းဆွဲ
စို့နေတာမို့ ပါးဖောင်းဖောင်းကြီးတွေကတလှုပ်လှုပ်နဲ့
ဆွဲကိုက်ချင်စရာကောင်းနေသည်။မွေးကင်းစကလေး
ရုပ်ဖမ်းလို့မရဘူးဆိုပေမဲ့ သူ့မြေးလေးကတော့ သူ့သမက်နဲ့
ချွတ်စွတ်ပင်။သားကျန့်နဲ့တူတာဆိုလို့ နှုတ်ခမ်းပါး​လေး
တွေဘဲရှိမည်ထင်သည်။

ရှောင်းသခင်လေးWhere stories live. Discover now