What The Fucking Hell?!

By Master_Nobody

7.6K 464 370

• Unicode & Zawgyi • Started _ Feb 20 / 2022 • Base Cover photo from Pinterest, Edited by me. Crd to the owne... More

info
_1_
_2_
_3_
_4_
_5_
_6_
_7_
အသိပေးချက်
_9_
Request!(Please read!)
ကင်ပွန်းတပ်မင်္ဂလာ/ကင္ပြန္းတပ္မဂၤလာ
_10_
_11_
_12_
_13_

_8_

360 32 19
By Master_Nobody

ဇာတ်လိုက်မက ဇာတ်လိုက်ကိုကြည့်ရင်း ရှက်သွေးဖြာဖြာသွားတတ်တာကြောင့် ဇာတ်လိုက်က သူ့ညီငယ်လေး သူ့ကိုချစ်ကြိုက်နေမှန်း သတိထားမိသွားခဲ့သည်။

သူ့ညီသူ့ကို ချစ်နေတဲ့အကြောင်း စဥ်းစားမိလိုက်တာနှင့် ရင်ခုန်သံများက ငလျင်လှုပ်သလိုဖြစ်နေပါသော်လည်း ညီအစ်ကိုဆိုသည့် သွေးသားတော်စပ်မှုကြောင့် ချစ်ပါလျက်နှင့် စည်းခြားကာ နေထိုင်လေသည်။

ထိုလိုအချိန်တွင် ဇာတ်လမ်း၏ ဗီလိန်ဖြစ်သော သျှင်ဦးယာက ပေါ်လာကာ ဇာတ်လိုက်မအား သဘောကျပြီး စတင်ပိုးပန်းဖို့လုပ်သည်။

နဂိုကတည်းက ကိုကိုမှကိုကိုဖြစ်နေသော ထွဋ်ခေါင်ဇံက သျှင်ဦးယာအား လက်မခံဘဲ သူ့အချစ်ဦးတဖြစ်လည်း သူ့အစ်ကိုကိုသာ ဆက်ချစ်နေခဲ့သည်။

ဇာတ်လိုက်မအချစ်ကိုမရတဲ့ ဗီလိန်ကလည်း ဇာတ်လိုက်မ ချစ်တဲ့သူက ဘယ်သူလဲဆိုတာ သိအောင်လုပ်ပြီး ခြိမ်းခြောက်ဖို့ ကြံတော့သည်။ သို့ပေမဲ့ သူချစ်ရသူရဲ့ ချစ်ရသူဟာ ဘယ်သူလဲဆိုတာကို သူမသိခဲ့ရပေ။

ဇာတ်လိုက်က သူ့ရဲ့ညီကို သူ့လိုမဟုတ်ဘဲ ချစ်ပေးနိုင်မဲ့ သျှင်ဦးယာကို သူ့ညီဖြင့် ရင်နာနာနှင့် သဘောတူဖို့ လုပ်တော့သည်။

ဇာတ်လိုက်မက အဲဒါကိုသိတော့ သူ့အစ်ကို အော်ဟစ်ပြီး သူချစ်နေတာသိရဲ့နှင့် ဘာလို့သူ့ကိုတွန်းထုတ်ရလဲဆိုပြီး ပေါက်ကွဲလေတော့သည်။

ဇာတ်လိုက်ကလည်း အမှန်ကို မဖြေဘဲ မင်းနဲ့ငါနဲ့က ညီအစ်ကိုတွေ ငါတို့ကမဖြစ်နိုင်ဘူး ငါလည်းမင်းကို မချစ်ဘူးဆိုပြီး လိမ်ညာကာ ဇာတ်လိုက်မအား ငြင်းဆန်ခဲ့သည်။

ဇာတ်လိုက်မကလည်း ဇာတ်လိုက်ကို စိတ်ခေတ္တနာနေသည့်အချိန် သျှင်​ဦးယာက ရုတ်တရက် အတင်းအကြပ် စေ့စပ်ပွဲတွေကောက်ထလုပ်လေတော့သည်။

အဲဒါကို ဒေါသထွက်နေတဲ့ ဇာတ်လိုက်မက သျှင်ဦးယာအား ပစ်ပစ်နှစ်နှစ်၊ ရက်ရက်စက်စက်နှင်ထုတ်ရင်း စေ့စပ်ပွဲအား လက်မခံဘဲ ဖျက်သိမ်းခဲ့သည်။

သျှင်ဦးယာက ဗီလိန်တွေ၏ သဘောသဘာဝအတိုင်း ဇာတ်လိုက်မမှ ဇာတ်လိုက်မဖြစ်ကာ ရူးမိုက်ပြီး စုံလုံးကန်းသောကြောင့် သူကြီးအားပူဆာကာ ဇာတ်လိုက်မ ဖြစ်သူနှင့် ထပ်မံစေ့စပ်ပေးရန် တောင်းဆိုတော့သည်။

သူကြီးအမိန့်ကို မလွန်ဆန်နိုင်တဲ့ ဇာတ်လိုက်မတို့ မိသားစုက ဇာတ်လိုက်မအား သျှင်ဦးယာနှင့် ပေးစားရန် သဘောတူလိုက်ရတော့သည်။

အချစ်နွံနစ်ထဲနှစ်ကာ စုံလုံးကန်းသွားသည့် ဗီလိန်ကတော့ ဇာတ်လိုက်မက သူ့ကိုမုန်းတာသိရက်နှင့် တစ်နေကျရင် သူ့အချစ်တွေ ရောင်ပြန်ဟပ်လာမည်ဟု ယုံကြည်ထားတာ နောက်မဆုတ်ဘဲ ရှေ့ဆက်ဖို့လုပ်သည်။

သူမသိလိုက်တာက သူ့ရဲ့အချစ်ဟာ မှန်တစ်ချပ်လိုရောင်ပြန်ဟပ်နိုင်မည့် အချစ်မဟုတ်ဘဲ တစ်ဖက်လူကိုသာ စိတ်အနှောက်အယှက်ဖြစ်စေမည့် ဆူးရှိသည့်အဆိပ်ပင်တစ်ခုလိုဖြစ်နေခဲ့သည် ဆိုတာကိုပင်။

စာရေးဆရာ၏ ကြိုးဆွဲရာကနေရသည့် အရုပ်ချင်းတူပါလျက်နှင့် ဗီလိန်ဇာတ်နေရာကနေ ကနေရသည့် သျှင်ဦးယာအဖို့ကတော့ ဇာတ်လိုက်မ၏ ချစ်ခြင်းအား ပြန်ရမည်မဟုတ်ချေ။

သျှင်ဦးယာနှင့် ဇာတ်လိုက်မတို့လက်ထပ်ပြီးနောက် သျှင်ဦးယာ​နှင့်ဇာတ်လိုက်မတို့ရဲ့ဆက်ဆံရေးမှာ ဒုံရင်းဟာဒုံရင်းပဲဖြစ်ပြီး အဓိကဇာတ်ကောင်နှစ်ယောက်သာ ဇာတ်လမ်းတိုးတက်လာတော့သည်။

တစ်နေ့ လပြည့်နေ့တစ်နေ့တွင် ဘချိုအိမ်မှာမရှိတဲ့အချိန် ဇာတ်လိုက်မ၏ သမန်းကျားဗီဇမှာ ထကြွားလာပြီး heat တက်ကာ ဇာတ်လိုက်နှင့် နှစ်ပါးသွား,သွားခဲ့သည်။

သျှင်ဦးယာ အိမ်ပြန်လာတော့ အဝတ်မကပ်တဲ့လူသားနှစ်ဦးအားကြည့်ပြီး ဒေါကန်သွားသလို တစ်ဖက်တည်းမှာလည်း နှလုံးရပ်မတတ်ပင် နာကျင်သွားခဲ့သည်။

[ အဲဒီစာရေးဆရာကသာ သေသွားသင့်တာ သူ့crushကသူ့စောက်ခွက်ကိုပြန်မကြိုက်တိုင်း.. အဟမ်း! ]

စစ်ခွန်းကတော့ စောင်စတစ်ဆီကရုတ်တရက်ထွက်လာတဲ့ လေသံအတက်အကျမရှိတဲ့ ကျိန်ဆဲသံကြောင့် ကြောင်အမိသွားသည်။ စောင်စတစ်က VT (Villain team) ဆိုတာသူသိပေမဲ့ စနစ်တစ်ခုကနေအဲဒီလိုစကားမျိုးထွက်လာလိမ့်မယ်လို့ သူလုံးဝမထင်ထားခဲ့တာပင်။

[ အဟမ်း ဇာတ်ကြောင်းပြန်ပြပေးပါ့မယ် ]

သျှင်ဦးယာက ထိုကိစ္စအားသိသော်လည်း မသိချင်ယောင်ဆောင်ကာ နေပေးခဲ့သည်။ ဇာတ်လိုက်မကတော့ ထိုကိစ္စဖြစ်ပြီးနောက်ပိုင်း သျှင်ဦးယာအား အားနာသောကြောင့် သျှင်ဦးယာအပေါ် မကြိုက်ရင်တောင် ဟန်ဆောင်ကောင်းပေးခခဲ့သည်။

သျှင်ဦးယာက သူလိုချင်သောအရာကို ရလာသော်လည်း ပျော်ရွှင်မှုများ ဖြစ်ပေါ်မလာဘဲ နာကျင်မှုသာ တိုးလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာတွေက ဟန်ဆောင်ခြင်းဆိုတာ သူသိနေခဲ့လို့ပင်။

ဇာတ်လိုက်ကလည်း ထိုနည်း၎င်းပင်၊ သက်ဆိုင်သူရှိသော်လည်း သူ့စိတ်ခံစားချက်တွေမထိန်းနိုင်ခဲ့တာကြောင့် သျှင်ဦးယာကို အားနာနေခဲ့သည်။

တစ်ရက်ကျတော့ သျှင်ဦးယာက သူတို့လက်ထပ်တာ၂လပြည့်အခြေအနေမှာ ဇာတ်လိုက်မအား ကွာရှင်းပေးခဲ့သည်။မကွာရှင်းခင် နောက်ဆုံးအနေနှင့် သူ့အပေါ် သဘောကျခဲ့တဲ့ စိတ်များရှိခဲ့ဘူးလား လို့ဇာတ်လိုက်မကို မေးကြည့်သောအခါ တုံ့ဆိုင်းစွာဖြင့် အဖြေပေးဖို့ အားနာနေသောသော ဇာတ်လိုက်မကိုကြည်ပြီး သူ၏ရူးမိုက်အား တစ်ချက်လှောင်ပြောင်ကာ ဇာတ်လိုက်မအား ကွာရှင်းပေးခဲ့သည်။

သို့သော်လည်း နောက်ဆုံးထွက်ပေါက်အနေဖြင့် ဇာတ်လိုက်အား စိတ်မထိန်းနိုင်ဘဲ  ပြဿနာသွားရှာကာ ထိုးကြိတ်သောကြောင့် ဇာတ်လိုက်မမှာ သူချစ်ရတဲ့သူအားထိရမလား ဆိုပြီး ပေါက်ကွဲကာ ကျားပုံစံပြောင်း၍ သျှင်ဦးယာအား အရှိန်ဖြင့်ရိုက်ထုတ်လိုက်သည်မှာ အရှိန်လွန်သွားကြောင့် သျှင်ဦးယာသည် သစ်ငုတ်စူးကာ မ​တော်တဆ သေဆုံးခဲ့ရသည်။

ထိုဖြစ်ရပ်ကြောင့် ဇာတ်လိုက်နှင့် ဇာတ်လိုက်မမှာ သွေးပျက်သွားခဲ့ရကာ လိမ်လည်ပြီး သျှင်ဦးယာသည် တစ်ချို့သောအကြောင်းအရာများကြောင့် မတော်တဆသေရပါသည်ဟူသော် စကားလုံးလေးတစ်လုံးဖြင့် လူတိုင်းအားလှည့်စားခဲ့လေသည်။

ဇာတ်လိုက်များ၏ အရှိန်အဝါအောက်တွင် ထိုစကားအားမယုံသော်သူ ဟူ၍မရှိတော့ပေ။

သျှင်ဦးယာ၏အမေမှာတော့ ထိုဖြစ်ရပ်ဆိုးကြီးကြောင့် လောကီဘုံဘဝအားစွန့်လွှတ်ကာ ဘုရားရိပ်၊ တရားရိပ်အောက် ခိုလှုံကာ တရားကျင့်ကြံရင်း ဘဝအား ကုန်ဆုံးသွားတော့သည်။

ဇာတ်လမ်းအဆုံးသတ်မှာ ဇာတ်လိုက်ကတော့ ဇာတ်လိုက်မကသူ့နှင့် သွေးသားမတော်စပ်ဘူး ဆိုတာသိသွားခဲ့ပြီး သူ့အချစ်တွေအား မတားဆီးတော့ဘဲ လွတ်ထွက်ခွင့်ပေးလိုက်သည်။

တကယ်တော့ ဇာတ်လိုက်မ၏ အမေမှာ မြုံနေသော မိန်းမတစ်ယောက်ဖြစ်သည်။ သူ့ယောက်ျားဖက်က ဆွေမျိုးတွေက ထိုအကြောင်းကိုမသိဘဲ ကလေးယူဖို့ပြောသည်။ အဲဒါဇာတ်လိုက်မအမေက သူ့ယောက်ျားနှင့် ခရီးတစ်ခုထွက်ပြီး သူဟာ မြုံနေတဲ့မိန်းမတစ်ယောက်လို့ ပြောပြခဲ့သည်။

သူ့ယောက်ျားက သူ့ကိုနားလည်ပေးခဲ့ပြီး သူတို့ဆက်ပေါင်းသင်းခဲ့ကြသည်။ သို့ပေမဲ့ သူတို့ဇာတိကိုတော့သူတို့မပြန်တော့ပေ။ ၁၀လလောက်ကြာပြီးနောက်မှာတော့ သူမယောက်ျားက ဆုံးပါးသွားခဲ့ပြီး နေရပ်ဇာတိကို ပြန်ရဖို့ အကြောင်းဖန်လာခဲ့သည်။

ထိုသို့ ဇာတိကိုအပြန် တောအုပ်တစ်ခုကို ဖြတ်ရချိန်တွင် သေအံ့ဆဲဆဲ သမန်းကျားမတစ်ကောင်နှင့် ဆုံပြီး ထိုကျားမက သူမကလေး သူ့ဆီပေးကာ သူမတို့မျိုးရိုးဗီဇကိုရှင်းပြပြီး စောက်ရှောက်ပေးဖို့ပြော၍ သေဆုံးသွားခဲ့သည်။

ထိုနောက်သူ နေရပ်ဇာတိကိုပြန်ရောက်လာတော့ ထိုကလေးအား သူ့ကလေးလို့ဆိုခဲ့ပြီး သူ့ယောက်ျားဆုံးပါးသွားတဲ့အကြောင်းကို သူ့ဆွေမျိုးတွေအားပြောပြပေးခဲ့သည်။

ထို့နောက် ဇာတ်လိုက်မ၃လသားအရွယ်တွင် သနားဖို့ကောင်းသော ကလေးတစ်ယောက်နှင့်ဆုံပြီး မွေးစားခဲ့သည်။ ထိုကလေးကလည်း ဧကန်မလွဲပင် ဇာတ်လိုက််ဖြစ်နေခဲ့သည်။

"သျှင်ဦးယာက ဘာအမှားမှမကျူးလွန်ခဲ့ဘဲနဲ့..? ဘာလို့လဲ..?"

ခွန်းယံ၏ ခပ်တိုးတိုးလေးရေရွတ်သံကို စောင်စတစ်ကကြားလိုက်ပေမဲ့ သူ၏အဓိကလိုရင်းကိုပဲ သွားလိုက်တော့သည်။

[ ဇာတ်လိုက်မက ဘာလို့သမန်းကျားဆိုတာလဲ သိပြီဟုတ် host? ]

"အာ.. အင်း ဒါပေမဲ့ သူကကျားမဟုတ်ဘူးလား ဘာလို့လပြည့်နေမှာ heat တက်တာတုန်း?လပြည့်နေ့မှာ Heatတက်ရအောင် သူကဝံပုလွေလည်းမဟုတ်ဘဲနဲ့!"

[ အဲဒါက စာရေးစားတဲ့ကောင်ကိုမေးလေ စစ်.. Hostရဲ့ ]

_ _ _

Nobody: ဇာတ်လမ်းကပေါ့နေရင်စောင့်ကြပါဦး၊ plot twist ဆိုတာရှိပါသေးတယ် ဟီးဟီး(လူယုတ်မာရယ်သံဖြင့်)


ဇာတ္လိုက္မက ဇာတ္လိုက္ကိုၾကည့္ရင္း ရွက္ေသြးျဖာျဖာသြားတတ္တာေၾကာင့္ ဇာတ္လိုက္က သူ႕ညီငယ္ေလး သူ႕ကိုခ်စ္ႀကိဳက္ေနမွန္း သတိထားမိသြားခဲ့သည္။

သူ႕ညီသူ႕ကို ခ်စ္ေနတဲ့အေၾကာင္း စဥ္းစားမိလိုက္တာႏွင့္ ရင္ခုန္သံမ်ားက ငလ်င္လႈပ္သလိုျဖစ္ေနပါေသာ္လည္း ညီအစ္ကိုဆိုသည့္ ေသြးသားေတာ္စပ္မႈေၾကာင့္ ခ်စ္ပါလ်က္ႏွင့္ စည္းျခားကာ ေနထိုင္ေလသည္။

ထိုလိုအခ်ိန္တြင္ ဇာတ္လမ္း၏ ဗီလိန္ျဖစ္ေသာ သွ်င္ဦးယာက ေပၚလာကာ ဇာတ္လိုက္မအား သေဘာက်ၿပီး စတင္ပိုးပန္းဖို႔လုပ္သည္။

နဂိုကတည္းက ကိုကိုမွကိုကိုျဖစ္ေနေသာ ထြဋ္ေခါင္ဇံက သွ်င္ဦးယာအား လက္မခံဘဲ သူ႕အခ်စ္ဦးတျဖစ္လည္း သူ႕အစ္ကိုကိုသာ ဆက္ခ်စ္ေနခဲ့သည္။

ဇာတ္လိုက္မအခ်စ္ကိုမရတဲ့ ဗီလိန္ကလည္း ဇာတ္လိုက္မ ခ်စ္တဲ့သူက ဘယ္သူလဲဆိုတာ သိေအာင္လုပ္ၿပီး ၿခိမ္းေျခာက္ဖို႔ ႀကံေတာ့သည္။ သို႔ေပမဲ့ သူခ်စ္ရသူရဲ႕ ခ်စ္ရသူဟာ ဘယ္သူလဲဆိုတာကို သူမသိခဲ့ရေပ။

ဇာတ္လိုက္က သူ႕ရဲ႕ညီကို သူ႕လိုမဟုတ္ဘဲ ခ်စ္ေပးနိုင္မဲ့ သွ်င္ဦးယာကို သူ႕ညီျဖင့္ ရင္နာနာႏွင့္ သေဘာတူဖို႔ လုပ္ေတာ့သည္။

ဇာတ္လိုက္မက အဲဒါကိုသိေတာ့ သူ႕အစ္ကို ေအာ္ဟစ္ၿပီး သူခ်စ္ေနတာသိရဲ႕ႏွင့္ ဘာလို႔သူ႕ကိုတြန္းထုတ္ရလဲဆိုၿပီး ေပါက္ကြဲေလေတာ့သည္။

ဇာတ္လိုက္ကလည္း အမွန္ကို မေျဖဘဲ မင္းနဲ႕ငါနဲ႕က ညီအစ္ကိုေတြ ငါတို႔ကမျဖစ္နိုင္ဘူး ငါလည္းမင္းကို မခ်စ္ဘူးဆိုၿပီး လိမ္ညာကာ ဇာတ္လိုက္မအား ျငင္းဆန္ခဲ့သည္။

ဇာတ္လိုက္မကလည္း ဇာတ္လိုက္ကို စိတ္ေခတၱနာေနသည့္အခ်ိန္ သွ်င္ဦးယာက ႐ုတ္တရက္ အတင္းအၾကပ္ ေစ့စပ္ပြဲေတြေကာက္ထလုပ္ေလေတာ့သည္။

အဲဒါကို ေဒါသထြက္ေနတဲ့ ဇာတ္လိုက္မက သွ်င္ဦးယာအား ပစ္ပစ္ႏွစ္ႏွစ္၊ ရက္ရက္စက္စက္ႏွင္ထုတ္ရင္း ေစ့စပ္ပြဲအား လက္မခံဘဲ ဖ်က္သိမ္းခဲ့သည္။

သွ်င္ဦးယာက ဗီလိန္ေတြ၏ သေဘာသဘာဝအတိုင္း ဇာတ္လိုက္မမွ ဇာတ္လိုက္မျဖစ္ကာ ႐ူးမိုက္ၿပီး စုံလုံးကန္းေသာေၾကာင့္ သူႀကီးအားပူဆာကာ ဇာတ္လိုက္မ ျဖစ္သူႏွင့္ ထပ္မံေစ့စပ္ေပးရန္ ေတာင္းဆိုေတာ့သည္။

သူႀကီးအမိန့္ကို မလြန္ဆန္နိုင္တဲ့ ဇာတ္လိုက္မတို႔ မိသားစုက ဇာတ္လိုက္မအား သွ်င္ဦးယာႏွင့္ ေပးစားရန္ သေဘာတူလိုက္ရေတာ့သည္။

အခ်စ္ႏြံနစ္ထဲႏွစ္ကာ စုံလုံးကန္းသြားသည့္ ဗီလိန္ကေတာ့ ဇာတ္လိုက္မက သူ႕ကိုမုန္းတာသိရက္ႏွင့္ တစ္ေနက်ရင္ သူ႕အခ်စ္ေတြ ေရာင္ျပန္ဟပ္လာမည္ဟု ယုံၾကည္ထားတာ ေနာက္မဆုတ္ဘဲ ေရွ႕ဆက္ဖို႔လုပ္သည္။

သူမသိလိုက္တာက သူ႕ရဲ႕အခ်စ္ဟာ မွန္တစ္ခ်ပ္လိုေရာင္ျပန္ဟပ္နိုင္မည့္ အခ်စ္မဟုတ္ဘဲ တစ္ဖက္လူကိုသာ စိတ္အႏွောက္အယွက္ျဖစ္ေစမည့္ ဆူးရွိသည့္အဆိပ္ပင္တစ္ခုလိုျဖစ္ေနခဲ့သည္ ဆိုတာကိုပင္။

စာေရးဆရာ၏ ႀကိဳးဆြဲရာကေနရသည့္ အ႐ုပ္ခ်င္းတူပါလ်က္ႏွင့္ ဗီလိန္ဇာတ္ေနရာကေန ကေနရသည့္ သွ်င္ဦးယာအဖို႔ကေတာ့ ဇာတ္လိုက္မ၏ ခ်စ္ျခင္းအား ျပန္ရမည္မဟုတ္ေခ်။

သွ်င္ဦးယာႏွင့္ ဇာတ္လိုက္မတို႔လက္ထပ္ၿပီးေနာက္ သွ်င္ဦးယာႏွင့္ဇာတ္လိုက္မတို႔ရဲ႕ဆက္ဆံေရးမွာ ဒုံရင္းဟာဒုံရင္းပဲျဖစ္ၿပီး အဓိကဇာတ္ေကာင္ႏွစ္ေယာက္သာ ဇာတ္လမ္းတိုးတက္လာေတာ့သည္။

တစ္ေန႕ လျပည့္ေန႕တစ္ေန႕တြင္ ဘခ်ိဳအိမ္မွာမရွိတဲ့အခ်ိန္ ဇာတ္လိုက္မ၏ သမန္းက်ားဗီဇမွာ ထႂကြားလာၿပီး heat တက္ကာ ဇာတ္လိုက္ႏွင့္ ႏွစ္ပါးသြား,သြားခဲ့သည္။

သွ်င္ဦးယာ အိမ္ျပန္လာေတာ့ အဝတ္မကပ္တဲ့လူသားႏွစ္ဦးအားၾကည့္ၿပီး ေဒါကန္သြားသလို တစ္ဖက္တည္းမွာလည္း ႏွလုံးရပ္မတတ္ပင္ နာက်င္သြားခဲ့သည္။

[ အဲဒီစာေရးဆရာကသာ ေသသြားသင့္တာ သူ႕crushကသူ႕ေစာက္ခြက္ကိုျပန္မႀကိဳက္တိုင္း.. အဟမ္း! ]

စစ္ခြန္းကေတာ့ ေစာင္စတစ္ဆီက႐ုတ္တရက္ထြက္လာတဲ့ ေလသံအတက္အက်မရွိတဲ့ က်ိန္ဆဲသံေၾကာင့္ ေၾကာင္အမိသြားသည္။ ေစာင္စတစ္က VT (Villain team) ဆိုတာသူသိေပမဲ့ စနစ္တစ္ခုကေနအဲဒီလိုစကားမ်ိဳးထြက္လာလိမ့္မယ္လို႔ သူလုံးဝမထင္ထားခဲ့တာပင္။

[ အဟမ္း ဇာတ္ေၾကာင္းျပန္ျပေပးပါ့မယ္ ]

သွ်င္ဦးယာက ထိုကိစၥအားသိေသာ္လည္း မသိခ်င္ေယာင္ေဆာင္ကာ ေနေပးခဲ့သည္။ ဇာတ္လိုက္မကေတာ့ ထိုကိစၥျဖစ္ၿပီးေနာက္ပိုင္း သွ်င္ဦးယာအား အားနာေသာေၾကာင့္ သွ်င္ဦးယာအေပၚ မႀကိဳက္ရင္ေတာင္ ဟန္ေဆာင္ေကာင္းေပးခခဲ့သည္။

သွ်င္ဦးယာက သူလိုခ်င္ေသာအရာကို ရလာေသာ္လည္း ေပ်ာ္႐ႊင္မႈမ်ား ျဖစ္ေပၚမလာဘဲ နာက်င္မႈသာ တိုးလာခဲ့သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုအရာေတြက ဟန္ေဆာင္ျခင္းဆိုတာ သူသိေနခဲ့လို႔ပင္။

ဇာတ္လိုက္ကလည္း ထိုနည္း၎ပင္၊ သက္ဆိုင္သူရွိေသာ္လည္း သူ႕စိတ္ခံစားခ်က္ေတြမထိန္းနိုင္ခဲ့တာေၾကာင့္ သွ်င္ဦးယာကို အားနာေနခဲ့သည္။

တစ္ရက္က်ေတာ့ သွ်င္ဦးယာက သူတို႔လက္ထပ္တာ၂လျပည့္အေျခအေနမွာ ဇာတ္လိုက္မအား ကြာရွင္းေပးခဲ့သည္။မကြာရွင္းခင္ ေနာက္ဆုံးအေနႏွင့္ သူ႕အေပၚ သေဘာက်ခဲ့တဲ့ စိတ္မ်ားရွိခဲ့ဘူးလား လို႔ဇာတ္လိုက္မကို ေမးၾကည့္ေသာအခါ တုံ႕ဆိုင္းစြာျဖင့္ အေျဖေပးဖို႔ အားနာေနေသာေသာ ဇာတ္လိုက္မကိုၾကည္ၿပီး သူ၏႐ူးမိုက္အား တစ္ခ်က္ေလွာင္ေျပာင္ကာ ဇာတ္လိုက္မအား ကြာရွင္းေပးခဲ့သည္။

သို႔ေသာ္လည္း ေနာက္ဆုံးထြက္ေပါက္အေနျဖင့္ ဇာတ္လိုက္အား စိတ္မထိန္းနိုင္ဘဲ ျပႆနာသြားရွာကာ ထိုးႀကိတ္ေသာေၾကာင့္ ဇာတ္လိုက္မမွာ သူခ်စ္ရတဲ့သူအားထိရမလား ဆိုၿပီး ေပါက္ကြဲကာ က်ားပုံစံေျပာင္း၍ သွ်င္ဦးယာအား အရွိန္ျဖင့္ရိုက္ထုတ္လိုက္သည္မွာ အရွိန္လြန္သြားေၾကာင့္ သွ်င္ဦးယာသည္ သစ္ငုတ္စူးကာ မေတာ္တဆ ေသဆုံးခဲ့ရသည္။

ထိုျဖစ္ရပ္ေၾကာင့္ ဇာတ္လိုက္ႏွင့္ ဇာတ္လိုက္မမွာ ေသြးပ်က္သြားခဲ့ရကာ လိမ္လည္ၿပီး သွ်င္ဦးယာသည္ တစ္ခ်ိဳ႕ေသာအေၾကာင္းအရာမ်ားေၾကာင့္ မေတာ္တဆေသရပါသည္ဟူေသာ္ စကားလုံးေလးတစ္လုံးျဖင့္ လူတိုင္းအားလွည့္စားခဲ့ေလသည္။

ဇာတ္လိုက္မ်ား၏ အရွိန္အဝါေအာက္တြင္ ထိုစကားအားမယုံေသာ္သူ ဟူ၍မရွိေတာ့ေပ။

သွ်င္ဦးယာ၏အေမမွာေတာ့ ထိုျဖစ္ရပ္ဆိုးႀကီးေၾကာင့္ ေလာကီဘုံဘဝအားစြန့္လႊတ္ကာ ဘုရားရိပ္၊ တရားရိပ္ေအာက္ ခိုလႈံကာ တရားက်င့္ႀကံရင္း ဘဝအား ကုန္ဆုံးသြားေတာ့သည္။

ဇာတ္လမ္းအဆုံးသတ္မွာ ဇာတ္လိုက္ကေတာ့ ဇာတ္လိုက္မကသူ႕ႏွင့္ ေသြးသားမေတာ္စပ္ဘူး ဆိုတာသိသြားခဲ့ၿပီး သူ႕အခ်စ္ေတြအား မတားဆီးေတာ့ဘဲ လြတ္ထြက္ခြင့္ေပးလိုက္သည္။

တကယ္ေတာ့ ဇာတ္လိုက္မ၏ အေမမွာ ၿမဳံေနေသာ မိန္းမတစ္ေယာက္ျဖစ္သည္။ သူ႕ေယာက္်ားဖက္က ေဆြမ်ိဳးေတြက ထိုအေၾကာင္းကိုမသိဘဲ ကေလးယူဖို႔ေျပာသည္။ အဲဒါဇာတ္လိုက္မအေမက သူ႕ေယာက္်ားႏွင့္ ခရီးတစ္ခုထြက္ၿပီး သူဟာ ၿမဳံေနတဲ့မိန္းမတစ္ေယာက္လို႔ ေျပာျပခဲ့သည္။

သူ႕ေယာက္်ားက သူ႕ကိုနားလည္ေပးခဲ့ၿပီး သူတို႔ဆက္ေပါင္းသင္းခဲ့ၾကသည္။ သို႔ေပမဲ့ သူတို႔ဇာတိကိုေတာ့သူတို႔မျပန္ေတာ့ေပ။ ၁၀လေလာက္ၾကာၿပီးေနာက္မွာေတာ့ သူမေယာက္်ားက ဆုံးပါးသြားခဲ့ၿပီး ေနရပ္ဇာတိကို ျပန္ရဖို႔ အေၾကာင္းဖန္လာခဲ့သည္။

ထိုသို႔ ဇာတိကိုအျပန္ ေတာအုပ္တစ္ခုကို ျဖတ္ရခ်ိန္တြင္ ေသအံ့ဆဲဆဲ သမန္းက်ားမတစ္ေကာင္ႏွင့္ ဆုံၿပီး ထိုက်ားမက သူမကေလး သူ႕ဆီေပးကာ သူမတို႔မ်ိဳးရိုးဗီဇကိုရွင္းျပၿပီး ေစာက္ေရွာက္ေပးဖို႔ေျပာ၍ ေသဆုံးသြားခဲ့သည္။

ထိုေနာက္သူ ေနရပ္ဇာတိကိုျပန္ေရာက္လာေတာ့ ထိုကေလးအား သူ႕ကေလးလို႔ဆိုခဲ့ၿပီး သူ႕ေယာက္်ားဆုံးပါးသြားတဲ့အေၾကာင္းကို သူ႕ေဆြမ်ိဳးေတြအားေျပာျပေပးခဲ့သည္။

ထို႔ေနာက္ ဇာတ္လိုက္မ၃လသားအ႐ြယ္တြင္ သနားဖို႔ေကာင္းေသာ ကေလးတစ္ေယာက္ႏွင့္ဆုံၿပီး ေမြးစားခဲ့သည္။ ထိုကေလးကလည္း ဧကန္မလြဲပင္ ဇာတ္လိုက္္ျဖစ္ေနခဲ့သည္။

"သွ်င္ဦးယာက ဘာအမွားမွမက်ဴးလြန္ခဲ့ဘဲနဲ႕..? ဘာလို႔လဲ..?"

ခြန္းယံ၏ ခပ္တိုးတိုးေလးေရ႐ြတ္သံကို ေစာင္စတစ္ကၾကားလိုက္ေပမဲ့ သူ၏အဓိကလိုရင္းကိုပဲ သြားလိုက္ေတာ့သည္။

[ ဇာတ္လိုက္မက ဘာလို႔သမန္းက်ားဆိုတာလဲ သိၿပီဟုတ္ host? ]

"အာ.. အင္း ဒါေပမဲ့ သူကက်ားမဟုတ္ဘူးလား ဘာလို႔လျပည့္ေနမွာ heat တက္တာတုန္း?လျပည့္ေန႕မွာ Heatတက္ရေအာင္ သူကဝံပုေလြလည္းမဟုတ္ဘဲနဲ႕!"

[ အဲဒါက စာေရးစားတဲ့ေကာင္ကိုေမးေလ စစ္.. Hostရဲ႕ ]

_ _ _

Nobody: ဇာတ္လမ္းကေပါ့ေနရင္ေစာင့္ၾကပါဦး၊ plot twist ဆိုတာရွိပါေသးတယ္ ဟီးဟီး(လူယုတ္မာရယ္သံျဖင့္)


Continue Reading

You'll Also Like

1M 43.1K 90
Kenta Bernard, a seventeen-year-old, died of leukemia in the hospital and was reincarnated in a novel that he has yet to finish. He is the ill second...
64.2K 6.2K 124
A story following a young hunter named Jay. He has grown up in a world where dungeons, monsters, and humans with leveling systems are a cultural norm...
1.7M 116K 26
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...
74.1K 1.9K 69
"mom, dad, Im married!" lahat ng relatives namin ay nagulat sa announcment ko. Sino ba naman kasi ang mag aakala na ang unica ija ng pamilyang Letpr...