_7

429 41 16
                                    

သျှင်ဦးယာသည် ဇာတ်ကြောင်းလွဲသွားသည့်အဖြစ်အပျက်ကြောင့် အိမ်ပေါ်ကနေအသက်မရှိသလိုသာ ဆင်းလာခဲ့သည်။ သူ့ခေါင်းထဲမှာ အရာအားလုံးက ရှုပ်ထွေးနေပြီး နားထဲမှာလည်း တဝီးဝီးဖြင့် မည်နေသည်။

[ လူကြီးမင်း! လူကြီးမင်း! စိတ်ကိုလျော့ပြီး ဘာမှမတွေးနဲ့ဟုတ်ပြီလား? ကျွန်တော်ပြောပြမယ်၊ အဲဒါကြောင့် ဘာမှမတွေးပါနဲ့။ လူကြီးမင်းရဲ့ ကင်ဆာကဒီကမ္ဘာထိ ဆက်လာတာ ]

‘နာတယ် နာတယ် ငါ့ခေါင်းနာနေတယ်’

[ ကျွန်တော်သိတယ်နော် ၊ စိတ်ကိုလျော့ချလိုက် ]

သျှင်ဦးယာသည် ဇာတ်လိုက်မ(male)က သမန်းကျားဆို၍ သူဖတ်ခဲ့သည့်ဝတ္ထုဇာတ်ကြောင်းအား အသည်းအသန်စဥ်းစားနေ၍ ယခုလိုဖြစ်လာခြင်း။

သူ့အမေနောက်လိုက်ရင်း လက်ကဆောင့်ဆွဲခံလိုက်ရသည်။လှည့်ကြည့်လိုက်တော့ ဇာတ်လိုက်မ(male)။ သူ၏မြင်ကွင်းများမှာ တဖြည်းဖြည်းမဲလာတာကြောင့် ခေါင်းခါကာ မျက်တောင်ခတ်လိုက်သည်။

သူ့မေ့လဲသွားလို့မဖြစ်ဘူး။ သူ သျှင်ဦးယာ၏အမေကို စိတ်ပူအောင် လုပ်မိသလိုဖြစ်သွားလိမ့်မယ်။ သိုသော်ငြား —

“နာ.. တယ်”

ထို့နောက် သူ့ရဲ့မြင်ကွင်းများမှောင်မဲသွားပြီး တစ်စုံတစ်ခုအပေါ် သူလဲကျသွားခဲ့သည်။ နွေးထွေးလွန်းတဲ့မွေ့ယာခင်းလိုနေရာမျိုး။ သူ့အားဖက်နေသလို။

[ စစ်ခွန်းယံ!! ]

_ _ _

“သား​လေးယာကဘာလို့မေ့လဲသွားရတာလဲ အစ်မ? သားလေးမှာတစ်ခုခုဖြစ်နေတာလား?”

“အစ်မလည်းမသိတော့ဘူးအေ နေပူထဲမှာအဆောင်းမပါ ဘာမပါနဲ့ လမ်းလျှောက်လာလို့လားမသိ”

“ဖြစ်နိုင်ပေမဲ့ သား​လေးယာကအခုထက်ထိမနိုးလာသေးဘူးလေ”

သင်းဖြူးဖျာပေါ်တွင် ပက်လှက်လှဲ၍ အိပ်နေသည်လား မေ့နေသည်လား မသဲကွဲတဲ့ မောင်သျှင်ဦးယာ။ ဇံကတော့ မျက်နှာသေနှင့်သျှင်ဦးယာမျက်နှာအား ရေပတ်တိုက်ပေးနေသည်။ မာန်ကတော့ သျှင်ဦးယာ၏ခြေထိပ်လက်ထိပ်တွေကို နှိပ်ပေးနေသည်။

What The Fucking Hell?!Tempat cerita menjadi hidup. Temukan sekarang