_4

431 40 11
                                    

“ပဲ ဟဲဟဲ ပဲဟဲဟဲ” [ဆိတ်အော်သံ]
(သားလေးရေ သားရေ)

“မဲဟဲဟဲဟဲ မဲဟဲဟဲ”
(ကျွန်တော်ဒီမှာ အမေ)

“ပဲဟဲဟဲ ပဲဟဲဟဲ”
(အိမ်ပြန်ကြရအောင် သား နေပူနေပြီ)

“မဲဟဲဟဲ မဲဟဲဟဲ”
(ဟုတ် လာပြီ အမေ)

“သား...”

“ဗျာ”

“ဘာတွေငေးနေတာလဲ?သားဇံနဲ့ တွေ့ရမှာ စိတ်လှုပ်ရှားနေလို့လား?”

“မဟုတ်ပါဘူးဗျာ”

စစ်ခွန်း ရွာတစ်လျှောက် စိမ်းစိုနေသော သစ်ပင်များနှင့် လတ်ဆတ်သော လေးများအား ရှုရှိုက်နေမိသည်။ ရွာသားတစ်ချို့က သူ့ကို ထူးဆန်းသည့် သတ္တဝါတစ်ကောင်လို ကြည့်ရင်း ရှောင်ဖယ်သွားကြသော်လည်း သူမမှု။ တကယ်ဂေးတာကသျှင်ဦးယာလေ၊ သူကတော့ဂျယ်လီပေတံအဖြောင့်လေ။

တပဲပဲ တမဲမဲဖြင့်အော်နေသော ဆိတ်နှစ်ကောင်အား ကြည့်နေတဲ့အချိန် စိတ်လှုပ်ရှားနေလားဟု မေးလာသော အမေ့၏အမေးကို ခေါင်းရမ်းကာ မဟုတ်ပါဘူးလို့ဖြေလိုက်သည်။ တကယ်တမ်းပြောရမယ်ဆိုရင်တော့ သူ့လောက်စိတ်လှုပ်စားနေတာ သူပဲရှိမည်။ ဇာတ်လိုက်မ(shou)နဲ့ စေ့စပ်လမ်းကြောင်း ကမ်းလှမ်းမည့်အချိန်တွင် ဖြစ်လာမည့် ဇာတ်ကြောင်းအား စဥ်းစားရင်းပေါ့။ ဘာစိတ်ဝင်ရှားစရာလာမလဲဆိုတာ စပွိုင်း (spoil) ကြိုသိထားခဲ့သည်ကို။

‘စောင်စတစ် ဟေ့ စောင်စတစ် လိုင်းပေါ်ရှိလား?’

[ အချိန်မရွေးပါ လူကြီးမင်း ]

‘ငါ့ကို ဇာတ်လိုက်မ(shou)နဲ့စေ့စပ်လမ်းကြောင်း ကမ်းလှမ်းတဲ့နေရော ဇာတ်ကြောင်းလေး ပြပေးစမ်းပါဦးကွာ။ ရင်တုန်ပန်းတုန်နဲ့ ငါဇာတ်ကြောင်းကိုမေ့သွားပြီဟ!’

[ ပြပေးပါ့မယ်၊ ဇာတ်ကြောင်းစနစ် စတင် Downloadဆွဲနေပါသည်။ 1% 20% 50% 70% 100% ]

Systemရဲ့အသံလည်းဆုံးရော သူရှေ့တွင် အပြာရောင် ဖန်သားပြင်ကြီးတစ်ခု ပေါ်ပေါက်လာလေသည်။

[ သျှင်ဦးယာသည် ဧည့်ခန်းထဲတွင် စိတ်လှုပ်စားစွာ ထိုင်နေရင်း သူ၏ချစ်ရသူလေး ထွက်လာမှာကို စောင့်နေသည်။ သူသာ သူ့ကိုတွေ့ရင် ဘယ်လိုပြောလာမှာလဲ? အေးစက်စွာနဲ့
‘မင်းကို ငါမကြိုက်ဘူး ဒီစေ့စပ်ပွဲကို ငါငြင်းတယ်’ ဒါမှမဟုတ် ပျော်ရွှင်စွာနဲ့ ‘အင်း ငါလက်ခံတယ်’ အဲဒီထဲကတစ်ခုကိုတော့ သူသေချာပေါက် ပြောလာမှာပါ။

What The Fucking Hell?!Onde histórias criam vida. Descubra agora