ေမာင့္ ေယာက်ာ္း(မောင့် ယောက်ျ...

By Junowai97

229K 20.8K 945

Jk- က်ဳပ္က ဒူးမေထာက္တတ္ဘူး အခ်စ္ဆိုတဲ့ ေခါင္းစဥ္အတြက္ဆို ပိုဆိုးေသး Jm- အခ်စ္က ငါ့အတြက္ တန္ဖိုးႀကီးတယ္ Jk- က်... More

Intro
Part(1)
Part-(2)
Part-(3)
Part-(4)
Part-(5)
Part-(6)
Part-(7)
Part-(8)
Part-(9)
Part-(10)
Part-(11)
Part-(12)
Part-(13)
Part-(14)
Part-(15.1)
Part-(15.2)
Part-(16)
Part-(17.1)
Part-(17.2)
Part-(18)
Part-(18)uni
Part-(19.1)
Part-(19.2)
Part-(20.1)
Part-(20.2)
Part-(21)
Part-(22.1)
Part-(22.2)
Part-(23)
Part-(24.1)
Part-(24.2)
Part-(25.1)
Part-(25.2)
Part-(26.1)
Part-(26.2)
Part-(27.1)
Part-(27.2)
Part-(28.1)
Part-(29.1)
Part-(29.2)
Part-(30.1)
Part-(30.2)
Part-(31.1)
Part-(31.2)
Part-(32.1)
Part-(32.2)
Part-(33.1)
Part-(33.2)
Part-(34.1)
Part-(34.2)
Part-(35.1)
Part-(35.2)
Part-(36.1)
Part-(36.2)
Part-(37.1)
Part-(37.2)
Part-(38.1)
Part-(38.2)
Part-(39.1)
Part-(39.2)
Part-(40.1)Ending
Part-(40.2)Ending
Extra(1)
Extra(2)
Extra (3)Zawgyi
Extra-(3)Uni
Note
Announcement

Part-(28.2)

2.5K 299 23
By Junowai97

"ဆရာ ကြၽန္ေတာ့္ကို ဘာေျပာမလို႔လဲ"

"အခုခ်ိန္ကစၿပီး ငါမင္းကိုေျပာမယ့္စကားေတြကို ေသသည္အထိ မွတ္ထားေပး"

ဆရာက သူ႔လည္ပင္းမွဆြဲႀကိဳးကို Jeon လည္တိုင္ထက္သို႔ ေျပာင္းလဲဆြဲေပးလာခဲ့သည္။
ထိုေန႔က ဆရာေျပာခဲ့တဲ့ စကားေတြေၾကာင့္ Jeon မ်က္ႏွာေပၚမွာ အရိပ္မ်ိဳးစံုတို႔ ျဖတ္ေျပးေနခဲ့ၾကသည္။ ဆရာ့ မ်က္ဝန္းေတြ ကေတာ့ ေျပာင္းလဲျခင္းမ႐ွိတဲ့ ေရေသလိုပါပဲ
တည္တည္ၿငိမ္ၿငိမ္ ပင္ သူေျပာခ်င္တဲ့အရာကိုေအးေအးေဆးေဆးေျပာေနႏိုင္ေသာ္လည္း မတည္မၿငိမ္ ျဖစ္ေနတာက Jeon

"ကြၽန္ေတာ္ မလုပ္ႏိုင္ဘူးထင္တယ္ဆရာ"

အရာရာမွာ သိပ္တက္ႂကြ လြန္းၿပီး ယံုၾကည္ခ်က္ေတြ ျပည့္ဝေနတဲ့ ေကာင္ငယ္ေလးရဲ႕ ပထမဆံုး ကိုယ့္ကိုယ္ကို ဒြိဟျဖစ္ေနျခင္းပါပဲ

"မင္းက ပိုင္႐ွင္ပါေကာင္ေလး ငါက ဆိုင္ရံုပဲဆိုင္ၿပီး မပိုင္ေတာ့တဲ့သူ မင္းလုပ္ႏိုင္ပါတယ္ "
သူအသက္႐ွဴဖို႔ေတာင္ ေမ့ေလ်ာ့ ေနမိသည္အထိ
ဆရာကို ေငးၾကည့္ေနမိသည္။ မဟုတ္ဘူး အသက္မ႐ွဴ ႏိုင္ေတာ့တာ
ႀကိဳတင္ေတြးထားမိေပမယ့္ သိလိုက္ရေတာ့လည္း ခံစားခ်က္က ဆိုးဝါးေနလိုက္တာ

"သူ႔ကို မေတြ႔ခ်င္ဘူးလား သူ႔ဆီကို ကြၽန္ေတာ္ ေခၚသြားေပးမယ္
ဆရာ့ကို ကြၽန္ေတာ္ ကာကြယ္ေပးမွာ
ကြၽန္ေတာ္နဲ႔ လိုက္ခဲ့ ပါဆရာ"

ဆရာ့ရဲ႕ လက္တစ္ဖက္ကို ဆြဲကိုင္ထားတဲ့ Jeon ပံုစံက အနည္းငယ္ကေယာင္ကတန္းျဖစ္ေနခဲ့သည္။သူမဟုတ္ခဲ့သလိုပါပဲ...တံုးတိုက္တိုက္ က်ားကိုက္ကိုက္ Jeon ဟုတ္မေနခဲ့

"မင္း ငါ့ကို ဘယ္လိုပံုစံမ်ိဳးနဲ႔ ကာကြယ္ေပးမွာလဲေကာင္ေလး"

"...."

"ဒီေနရာက အသက္ေတြ ဘဝေတြ ကမင္းအေပၚမွာ မူတည္ ေနတယ္ ဆိုတာ သိလား
႐ူးလို႔ရတယ္ေကာင္ေလး မိုက္မဲလို႔ေတာ့မရဘူး

ဒါေတြက ေနာင္ႏွစ္ေတြၾကာလာတဲ့ အခါ မင္းအတြက္ အေသးအမႊားေတြ ျဖစ္သြားလိမ့္မယ္

မင္းကိုေမ်ွာ္လင့္ေနတဲ့သူေတြ အမ်ားႀကီး႐ွိတယ္ ေကာင္ေလး
ဒုကၡ တြင္းထဲမွာ မင္းေဝးေဝးေျပးၾကည့္စရာမလိုေလာက္ေအာင္ မင္းနားက Jung hoseok က သက္ေသခံေနတယ္"

ဆရာ့လက္ေတြ ကိုဆုပ္ကိုင္ထားတဲ့ Jeon လက္ေတြက အားမပါေတာ့စြာျပဳတ္က်သြားရသည္။မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ ခပ္ၾကမ္းၾကမ္း ပြတ္သပ္လိုက္သည္။ ဘဝမွာ သည္ေလာက္ က်ဥ္းက်ပ္ရ သည့္စိတ္ဒုကၡ သူ႔မွာ မ႐ွိခဲ့ေလာက္ေအာင္သူကစိတ္ႀကိဳက္ လြတ္ေနခဲ့တာ မဟုတ္လား

"သူ႔ကိုေတာ့ ေတြ႔ခ်င္မိလိမ့္မယ္လို႔ထင္ထား တာ"

ႏွစ္ကိုယ္ၾကားရံုေလာက္ပဲ ေလသံ သဲ့သဲ့ ေလးက ပီပီသသ ေတာ့ ၾကားရပါေသးသည္။ဆရာက မိနစ္နည္းနည္းေတာ့ စကားမေျပာျဖစ္ ေကာင္းကင္က ျပည့္လုနီးပါးျဖစ္ ေနတဲ့ လမင္းႀကီးကို ေငးၾကည့္ေနသည္။

"ငါသူ႔ကို ေတြ႔ဖို႔မလိုေတာ့ဘူးလို႔ထင္ပါတယ္
တစ္ခါတစ္ရံမွာ သံေယာဇဥ္ ေတြ ေမတၱာေတြ က ထုတ္ျပဖို႔ မလိုအပ္ဘူး
ရင္ထဲမွာ ႐ွိေနရံုနဲ႔တင္ လံုေလာက္ေနပါၿပီ"

Jeon ကမ်က္ေမွာင္က်ံု့သည္။ဆရာ့စကားနာခံလာသည့္ တစ္ႏွစ္တာကာလ အတြင္း သူ႔ကို အလိုမက် ေစသည့္စကား
သံေယာဇဥ္ ေတြ ေမတၱာေတြ အေၾကာင္းကို အခ်ိန္ကုန္ခံ စဥ္းစားမေနတတ္ေသာ္လည္း ဆရာ ကသူ႔ကို မုသားသံုးေနမွန္း အကင္းပါးသူ သူက သိေနခဲ့သည္မို႔

"Rose May သူက ငါ့ရဲ႕ ေမြးစားသမီးပဲ သူက မင္းကို အမ်ားႀကီး ကူညီေပးလိမ့္မယ္"

"ကြၽန္ေတာ္အခု ဘာမွ မသိခ်င္ဘူးဗ်ာ အဲဒါက အေရးလည္းမႀကီးပါဘူး
စကားလမ္းေၾကာင္းမလႊဲပါနဲ႔ ဆရာ
မနက္ျဖန္ဆရာထြက္ေျပးပါ
ဒီရပ္ဝန္းက ေျပးႏိုင္သေလာက္ေျပးၿပီး ဘဝကိုဆရာျဖတ္သန္းခ်င္သလို ပံုစံအတိုင္းျဖတ္သန္းပါ
ကြၽန္ေတာ္ကူညီမယ္"

ဆရာအျဖစ္လက္ခံၿပီးတဲ့ အခ်ိန္မွစ၍ ပထမဦးဆံုး ဆရာ့ကိုဆန္႔က်င္လိုက္ျခင္းသာ

"မင္းကေရာ ေကာင္ေလး"

"ဆက္ခံသူက လြယ္လြယ္ ေသလို႔ ဘယ္ျဖစ္ပါ့မလဲ"

ေကာင္ေလးစကားေတြက သူ႔အတြက္ မခ်ိဳၿမိန္ခဲ့ေသာ္လည္း ခါးသက္ မေနပါ
သူေကာင္းေကာင္းနားလည္ေနခဲ့ပါသည္။ထြက္ခြာသြားတဲ့ ေက်ာျပင္က်ယ္ႀကီးကိုၾကည့္ၿပီး ပါးျပင္ေပၚမ်က္ရည္တစ္စက္ကလြင့္က်လာသည္။

"ငါမင္းကို တပည့္ အျဖစ္ေရာ ကံၾကမၼာအလိုက် ျဖစ္တည္လာတဲ့ ဆက္ႏြယ္မႈအတြက္ေရာ ဘယ္ေတာ့မွေနာင္တရမွာမဟုတ္ပါဘူး
ေတာင္းပန္ ပါတယ္ေကာင္ေလး...မင္းေျပာသလိုထြက္ေျပးလို႔ရရင္လဲ အေကာင္းသား"

.... .... .... ..... ..... .... .... .... ..... ....

မနက္ေလးနာရီထိုးမွာ ပြင့္ဟလာတဲ့ မ်က္ဝန္းေတြ က ႏိုးလာသည့္အခ်ိန္တြင္ေတာင္ ေဝဝါးမေနပဲ တစ္စံုတစ္ရာက ေခါင္းထဲ ႐ွင္း႐ွင္းလင္းလင္းဝင္ေရာက္လာသည္။

အိပ္စင္ေပၚကို လွမ္းၾကည့္ေတာ့ ဆရာ့ကို မေတြ႔ရေတာ့
ေဘးမွ Hoseok ကို ႏိႈးလိုက္သည္ႏွင့္ အအိပ္ဆတ္သူပီပီ ေငါက္ကနဲ ထ ထိုင္လာသည္။

"ဆရာ မ႐ွိေတာ့ ဘူးHoseok"

"ဒီခ်ိန္ႀကီး ဘယ္သြား အာ..ေရတံခြန္ဘက္ကို သြားမယ္ထင္တယ္ အဲကၾကည့္ရတဲ့လက သိပ္ၾကည့္ေကာင္းတယ္လို႔ေျပာတယ္"

ႏႈတ္ခမ္းပါးပါးေတြကို တတိတိကိုက္ကာ အၾကံထုတ္လ်ွက္ စဥ္းစား ေနသူက

"ငါတို႔ လိုက္သြားၾကရေအာင္ "

Hoseok က အနည္းငယ္ မ်ွ ျငင္းဆန္ျခင္းမျပဳခဲ့ အစကတည္းက သူ႔စကားကို နာခံတတ္သူမို႔ တစ္ခြန္း ထက္ေတာ့ ေျပာစရာမလိုခဲ့

အားလံုးျပင္ဆင္ၿပီးသည္ႏွင့္Hoseok က သူ႔ကို ေရတစ္ဘူး ကမ္းေပးကာ ေရတံခြန္ဆီသို႔ ႏွစ္ဦးသား သြား ျဖစ္ခဲ့ၾကသည္။
အခါတိုင္း မေမာႏိုင္မပမ္းႏိုင္ ကုပ္ကပ္တက္ ကာ တက္ႂကြ လြန္းေနခဲ့ေသာ္လည္း ဒီေန႔မွ တက္ရခက္ၿပီး အခ်ိန္ၾကာေနသေယာင္

ေရတံခြန္ေပၚေရာက္သည္ႏွင့္ ႐ိုးရာဝတ္စံုခ်ည္ထည္အနက္ေရာင္ကို ဝတ္ဆင္ထားခဲ့ကာ လက္ေနာက္ပစ္ရပ္ေနခဲ့ေသာဆရာ

အေ႐ွ႕ဘက္မွ ေရာင္နီသမ္းလာခဲ့ၿပီမို႔ မၾကာခင္ သူရိန္ေနမင္းႀကီးက ထြက္ေပၚလာေတာ့မည္
ဆရာ မ်က္ႏွာ ကအေ႐ွ့ဘက္မွ အေရာင္အဝါ ေတြ၏ ထင္ဟပ္ေနမႈေၾကာင့္ ဝင္းဖန္႔ေနခဲ့ကာ ၾကည့္ေကာင္းတာထက္ကို ပိုေနခဲ့သည္။
တစ္စံုတစ္ေယာက္က သူ႔ရဲ႕ စိတ္အစဥ္ကို ကိုင္လႈတ္ႏိုင္တဲ့သူဆို ဆရာကေတာ့ တည္ၿငိမ္ေအးခ်မ္းမႈကိုေပးစြမ္းႏိုင္လြန္းလွသည္။
တူညီတဲ့ အရာေတြတိုင္း က တူညီတဲ့ ဂုဏ္သတၱိ ေတြ မ႐ွိေၾကာင္း သိလိုက္ရတဲ့ အေနအထားပင္

"ဆရာ မအိပ္ဘဲ ဘာျဖစ္လို႔ ဒီကိုေရာက္ ေနတာလဲ"

"အရမ္းႀကိဳက္တဲ့ ျမင္ကြင္းေတြကို မၾကည့္လိုက္ရဘဲနဲ႔ အိပ္ပစ္လိုက္ရမွာႏွေမ်ာစရာေကာင္းလြန္းလို႔
ငါအရမ္းႀကိဳက္တယ္ေလ ေနထြက္ခ်ိန္ ေနဝင္ခ်ိန္ လထြက္ခ်ိန္
ေနာက္ထပ္ ၾကည့္ခြင့္မွ မရႏိုင္ေတာ့တာ"

"ဆရာ!!"

Hoseok လန္႔ဖ်တ္သြားေလာက္သည္အထိ Jeonရဲ႕ ေအာ္သံက က်ယ္ေလာင္သြား ရသည္။
အေအာ္ခံလိုက္ရသည့္ ဆရာမွာေတာ့ အျပံဳးတို႔ ပ်က္ယြင္းသြားျခင္းမ႐ွိခဲ့စြာ ျပံဳးျမဲ ျပံဳးဆဲ
Jeon ရဲ႕ မ်က္ဝန္းေတြ ကနီရဲေနခဲ့ကာ တစ္ခုခုကို အလြန္အမင္း ေဒါသထြက္ေနသည့္ဟန္
Hoseok ကေတာ့ ဘာကို မွနားမလည္ႏိုင္စြာ ေၾကာင္ေတာင္ေတာင္ ရယ္

"ေကာင္ေလးေတြ မင္းတို႔ကို ဟိုေအာက္ဆံုးအထိ ဆြဲခ်သြားႏိုင္တာ ဘာလဲ"

"အေၾကာက္တရား ပါ"

Jeon ရဲ႔မ်က္ရည္ေတြက တစ္ေပါက္ျခင္းလိမ့္ဆင္းလာၾကသည္။
မ်က္ဝန္း ေတြက ဆရာ့ကိုစူးစိုက္ၾကည့္ေနခဲ့ၾကၿပီး မ်က္ေတာင္ခတ္ဖို႔ သတိမရေတာ့သည့္အလား

"တစ္ေလာကလံုး နဲ႔တစ္ေယာက္ျဖစ္ေနရင္ေတာင္ ဘာလုပ္မလဲ"

"အမွန္တရား ဘက္ကို ဦးစားေပးပါမယ္"

"ဘဝမွာမွတ္ထားရမယ့္ အႀကီးမားဆံုး က်င့္ဝတ္ေတြက ဘာလဲ"

"အားနည္းသူကို အႏိုင္မက်င့္ ဖို႔ တရားမ်ွ တမႈ႐ွိစြာ အရာရာကိုရင္ဆိုင္ၿပီး အႏိုင္ယူဖို႔"

"ကိုယ္က တန္ဖိုးထားတဲ့သူျဖစ္ျဖစ္ ကိုယ့္ကို တန္ဖိုးထားတဲ့ သူျဖစ္ျဖစ္ ရေအာင္ ကာကြယ္ပါ "

"...."

"ႏႈတ္ဆက္ပါတယ္ ေကာင္ေလးတို႔"

"မဟုတ္ဘူး ဆရာ အာ့..."

ေခါင္းထဲသို႔ တရိပ္ရိပ္ထံုထိုင္းလာမႈေၾကာင့္ အျမင္ေတြက အနည္းငယ္ ရီေဝေဝ မျမင္ရသည့္အေနအထားေတာ့မဟုတ္
ဆရာ့ဆီသို႔ လွမ္းလိုက္သည့္ လက္က ေလထဲတြင္ တစ္ဝက္တစ္ပ်က္တြင္ရပ္တန္႔လို႔ ပံုရိပ္ငယ္ေလးကို ဖမ္းဆုပ္ဖို႔ ႀကိဳးစားေသာ္လည္း မေအာင္ျမင္ႏိုင္ခဲ့
ယိုင္နဲ႔သြားေသာ ခနၶာကိုယ္ကို အေနာက္မွ ဖမ္းထိန္းထားသူ က Hoseok ပဲျဖစ္မည္ထင္သည္။

"Jung Hoseok တစ္သက္လံုးမင္းေခါင္းထဲ စြဲေနေအာင္မွတ္ထားရမွာက Jeon Jung Kook က ဒီေန႔ကစၿပီး ဒီနယ္ေျမကို အုပ္စိုးမယ့္ အ႐ွင္သခင္ဆိုတာပဲ
မင္းတစ္သက္လံုး အသက္နဲ႔ လဲၿပီး ကာကြယ္ ေစာင့္ေ႐ွာက္ရမယ့္ သူဆိုတာမွတ္ထားေပး"

႐ုတ္တရက္ ေျပာင္းလဲသြားတဲ့ အေျခအေနမွာ Hoseok သည္ အိမ္မက္မက္ေနသည့္သူလို ဆရာ့ကိုသာ မ်က္ရည္ေတြဝိုင္း ၿပီးၾကည့္ေနခဲ့သည္။သူဖက္ထားခဲ့တဲ့ Jeon က မ်က္ရည္ ေတြၾကားက ႀကိဳးစား႐ုန္းကန္ေနခဲ့ေသာ္လည္း အားမပါလွ

"ဟုတ္..ဆရာ ေရဘူးက"

"ဒါေတြက အေရးမႀကီးဘူး မင္းတို႔ကို အဆင္းလမ္း တစ္ဝက္မွာ ကူမယ့္သူေတြ ေစာင့္ေနလိမ့္မယ္"

"Jeon က သေဘာမတူေလာက္..."

"ထြက္သြား!!!"

"ဆရာ"

"မင္းတို႔ကို ငါေျပာေနတယ္ ထြက္သြားလို႔!!"

အစကတည္းမွ အားငယ္တတ္သူသည္ ဆရာ့၏ဆူပူမႈေတြကို ၾကာၾကာေတာင့္မခံႏိုင္ခဲ့႐ွာ

ျမင္ႏိုင္ျကားနိုင္ၿပီးေတာ့ လႈတ္႐ွားဖို႔ ခက္ခဲ ေနတဲ့ ေကာင္ေလးက မ်က္ဝန္းေတြ ထဲမွ မ်က္ရည္ေတြအိုင္ထြန္းလို႔ ဆရာ့ကိုေတြေတြႀကီးစိုက္ၾကည့္ လ်ွက္ Hoseok ဆြဲေခၚရာေနာက္ကို ဒရြတ္တိုက္ ပါသြားခဲ့သည္။

လမ္းတစ္ဝက္ေရာက္ဖို႔ မလိုေလာက္သည့္ အကြာအေဝးေရာက္သည္ႏွင့္

"Ho..se..ok"

အသံ ေသးေသးေလးက အားယူ ထြက္က်လာသည္။ေလ်ွာက္လွမ္း ေနသည့္ ေျခလွမ္းေတြ ကတံု႔ကနဲ

"ဆ..ရာ့... ဆီ...ျပန္.."

အခုအခ်ိန္မွာ သူ႔အ႐ွင္သခင္က Jeon ၿပီမို႔ Jeon ေစၫႊန္းရာအတိုင္းသူသည္ မလြဲမေသြ ပင္
ေျခလွမ္းတို႔က အေနာက္ဖက္ ေတာင္တက္လမ္းေပၚ မႏိုင္မနင္း ခနၶာကိုယ္ႀကီးကို ထိန္းလ်ွက္ ခက္ခက္ခဲခဲ မေမာႏိုင္ မပမ္းႏိုင္ ျပန္တက္ခဲ့သည္။

အေပၚေရာက္ခါနီးတြင္ ၾကားလိုက္ရတဲ့ အသံေတြ ေၾကာင့္ သစ္ပင္အကြယ္တြင္ ရပ္နားေထာင္မိၾကသည္။
လူတစ္စု ကဆရာ့ကို ဝန္းရံလ်ွက္

"ေကာင္ေလးက ဆက္ခံသူ မဟုတ္လား"

"ဘာျဖစ္လို႔လဲ ဒီပိုင္ဆိုင္မႈေတြက မင္းဟာေတြမွ မဟုတ္တာ"

"ငါ့ဟာေတြ ငါ့ပိုင္ဆိုင္မႈ ေတြ အႏွစ္ႏွစ္ အလ လအဖိုးႀကီးေမြးစားသားအျဖစ္ ေနေပးခဲ့တာ အ႐ူးလို လက္ဗလာနဲ႔ ထြက္သြားဖို႔ မဟုတ္ဘူးကြ နားလည္လား"

အသံၾကားလိုက္ရံုႏွင့္ တစ္ဖက္ကလူ မည္သူမည္ဝါ မွန္းသိလိုက္ပါသည္။

"အဲကေလး အေမကို ဒါေၾကာင့္ သတ္လိုက္တာလား ငါ့ကေလး အာ..က်န္ေသးတယ္ ငါ့မိန္းမ ဒါေၾကာင့္ သတ္လိုက္တာမဟုတ္လား"

"ခ်စ္လို႔ေလ... မင္းကို ပိုင္ဆိုင္ခ်င္လို႔"

အသက္မပါလွတဲ့ ေျခာက္ကပ္ကပ္ ရယ္သံက ေတာေတာင္ ထဲတြင္ ပဲ့တင္ ထပ္ေနခဲ့သည္။
"ဟား..ဟား..ဟားမင္းတို႔ သားအဖက က်လည္းက်တယ္ ခ်စ္လိုပါဆိုတဲ့ အေၾကာင္းျပခ်က္ကို ေကာင္းေကာင္းႀကီးသံုးၿပီး မဆိုင္တဲ့ဘဝေတြကို ဒုကၡ ေပးတတ္ေသးတယ္

ဒါေတာင္ သားကို အုပ္ခ်ဳပ္သူေနရာေပးမတဲ့
တန္လို႔ လား Jeonနဲ႔ ဘယ္ေနရာမွ ယွဥ္လို႔မရေအာင္ နိမ့္က်လြန္းေနတယ္"

"ခင္ဗ်ား!!ဒီရင္ဘတ္ကို လာေဆာင့္ သြားလို႔ အမ်ားႀကီးသည္းခံေနတာ ေရာင့္တက္မလာနဲ႔
အခု ခင္ဗ်ားအထင္ ႀကီးတဲ့ေကာင္က ခင္ဗ်ားကို လာကယ္လား
ဆရာတစ္ေယာက္လံုးဒုကၡေရာက္ေနခဲ့တာေတာင္ ဘယ္ေခ်ာင္ သြားေနလဲ "

ရင္ဘတ္ကို ပုတ္လ်ွက္ Lee Min Han က ေပါက္ကြဲထြက္လာခဲ့သည္။လူေတြရဲ႕မာနက ပုတ္ႏိႈးရသိပ္လြယ္တတ္သည့္အမ်ိဳးအစားျဖစ္တာေၾကာင့္ပင္

"သူက နယ္ေျမသခင္ ငါ့လို အေသးအမႊားေလာက္ကို အာရံုစိုက္ဖို႔ မလိုေလာက္ေအာင္ ႀကီးက်ယ္ ျမင့္ျမတ္ေနတဲ့သူ

တစ္နည္းေျပာရရင္ ငါအပါအဝင္ မင္းတို႔အားလံုး ဒူးေထာက္ ခစားရမယ့္သူ"

"မဟုတ္ဘူး... အဲေကာင္ ဘယ္မွာလဲ က်ဳပ္သတ္မွာ
ခင္ဗ်ား ကိုလည္းအပိုင္သိမ္းမယ္..
ခင္ဗ်ား ေကာင္ကိုလည္း က်ဳပ္သတ္ပစ္မယ္"

"ျဖန္း!!"

"Rose ကငါ့ပိုင္ဆိုင္မႈ မင္းနဲ႔ မဆိုင္ဘူး စကားေျပာဆင္ျခင္ Han ေလး "

အစကတည္းက မိဘအရိပ္ေအာက္ကမလြတ္ေျမာက္သူမို႔ ရင္တြင္းဆနၵေတြထက္ အေဖျဖစ္သူ၏ ေအာ္သံေအာက္မွာ ပင္ အတင္းဖိႏွိပ္လိုက္ရရင္း ႏႈတ္ဆိတ္သြားရသည္။

အေ႐ွ႕မွ အေျခအတင္း ျဖစ္ေနတဲ့သားအဖကို ၾကည့္ၿပီး ဆရာက ေခါင္းရမ္းေနခဲ့သည္။ဘယ္လိုေတာင္ စုတ္ပဲ့ေနတဲ့ သားအဖလဲ အေတာ္ေလးကို ႐ုပ္ပ်က္ဆင္းပ်က္ ႏိုင္ေနခဲ့သည္။

"ေအာက္တန္းက်တယ္ဆိုတာထက္ပိုတယ္ေနာ္ ...လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာက စံအိမ္သခင္ႀကီးက လမ္းေဘးက စုတ္ျပတ္ေနတဲ့ ေကာင္ေလးတစ္ေယာက္ကို ေခၚေမြးစားခဲ့တယ္...

သူ႔မွာလဲ သမီးတစ္ေယာက္႐ွိေနတာေၾကာင့္ သားမ႐ွိလို႔ ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ေပါ့
သခင္ႀကီးကေတာ့ လူကိုေမြးခဲ့တာပဲ
ဒါေပမယ့္ ဘာျဖစ္လို႔ေခြးစိတ္ေပါက္သြား လဲမေျပာတတ္ဘူး

အရာရာကိုအပိုင္စီးခ်င္ေနတဲ့ အဲဒီတိရိစၦာန္က သခင္ႀကီးရဲ႕ သမီးကို မီးတြင္းထဲမွာပဲ သတ္ပစ္လိုက္တယ္
သခင္ႀကီးရဲ႕ သမီးသူငယ္ခ်င္းမိသားစုကိုေရာေပါ့
အေၾကာင္းျပခ်က္ကလည္း အဲမိသားစုက ေယာက်္ားတစ္ေယာက္ကို လို ခ်င္လို႔တဲ့
အိမ္ေထာင္႐ွိ ေယာက်္ားတစ္ေယာက္ကိုလိုခ်င္ေတာ့ အိမ္ေထာင္ဖက္ကို သတ္ပစ္ရတာေပါ့
က်ဴပင္ခုတ္ က်ဴငုတ္မက်န္ plan ကို ခပ္တံုးတံုးလုပ္ပစ္ခဲ့တာေပါ့
သခင္ႀကီးကေတာ့ ေသ သည္ထိ အဲတိရိစၦာန္ကို ယံုၾကည္ေနတုန္းပဲ

မင္းကို သနားရဆံုးက ဘာလဲသိလား
ဒီေလာက္ အသက္ေတြခ်စေတးလိုက္တာေတာင္ အခုထိလက္ဗလာျဖစ္ေနတုန္းပဲ

အ..႐ွံုး..သ..မားပဲ"

Mr.Lee၏ မ်က္ဝန္းေတြက ေမွးမွိတ္ သြားရၿပီး ျပန္ဖြင့္လာတဲ့ အခါ ေရခဲတမ်ွေအးစက္ေနခဲ့သည္။ အနၱရာယ္ ၾကားမွာ အလွပဆံုးေသာအျပံဳးေတြနဲ႔ လွလြန္းတဲ့ သက္႐ွိေလးက လည္းျပံဳးေနဆဲပါပဲ
အနၱာရာယ္ ေတြထက္ေတာင္ အနၱရာယ္ မ်ားေနတဲ့ အျပံဳးေလးတစ္ပြင့္ႏွင့္ ထိုလူသားက အမ်ိဳးမ်ိဳး ေသာဒဏ္ရာေတြကိုရေစႏိုင္ေသာသူ

"ငါ့ကို သတ္မလို႔ထင္တယ္ ဘာလဲ ခ်စ္လို႔လို႔ ေျပာဦးမလို႔လား"

သိပ္ဥာဏ္ေျပးသူမို႔ အေျခအေနအရပ္ရပ္ကို ႀကိဳတင္တြက္ ဆထားၿပီးသား

"အင္း ခ်စ္လို႔ သတ္ပစ္ရေတာ့မယ္ထင္တယ္ မင္းကအရမ္းဆိုးလြန္းတယ္ Rose"

"အင္း...သိတာေတြ မ်ားလြန္းေတာ့ လည္း ဆက္ေအာက္တန္းက်ေပါ့
ဒါေပမယ့္ ငါတစ္ခုေျပာခဲ့မယ္ ငါဒီေန႔ေသမယ္ ဆို
မေရမတြက္ႏိုင္တဲ့ မနက္ျဖန္တစ္ရက္ရက္မွာ သူက မင္းတို႔ကို လာသတ္လိမ့္မယ္
ႀကိဳတင္ျပင္ဆင္ထားၾကေပါ့

အခု စံအိမ္သခင္ႀကီးဆံုးသြားၿပီဆိုေတာ့
စံအိမ္ကို မင္းတို႔ အခုျပန္မယ္ဆိုရင္ေတာင္ မနက္ ျဖန္ထြက္မယ့္ေနမေျပာနဲ႔ ဒီေန႔ဝင္မယ့္ေနေတာင္ မင္းတို႔ မျမင္ရေလာက္ေတာ့ဘူး"

"မင္း!!"

"ထပ္ေျပာမယ္ အခု Jeon Jung Kookကဒီနယ္ ေျမရဲ႕ ဘုရင္ ျဖစ္သြားၿပီ"

အျပံဳးမပ်က္ သူ႔ကိုၾကည့္ၿပီးေျပာေနသူက သူသိပ္ခ်စ္ရတဲ့ သူျဖစ္ေသာ္လည္း ေလာကႀကီးမွာမ႐ွိေစခ်င္ေတာ့ေလာက္တဲ့အထိ သူ႔အတြက္ မေကာင္းဆိုးဝါး ဆန္ေနခဲ့ပါ၏။Mr.Lee သူ႔တစ္ကိုယ္လံုးက ေသြးေတြ ဆူပြတ္လာခဲ့ သေယာင္ သူခ်စ္ရတဲ့ သူက သူ႔ကိုသတ္ဖို႔ အတြက္ တစ္ခ်ိန္လံုး အားထုတ္ေနခဲ့ ပံုက အဆန္းတၾကယ္
ဥာဏ္ေကာင္း လြန္းသူဟာ သူကိုယ္တိုင္ နယ္ေျမဆက္ခံမည့္ မေကာင္းဆိုးဝါးေလးကို ဓားေသြးသလို ေသြးေနခဲ့သည္။

အႏွစ္ႏွစ္ အလ လ ရင္ထဲမွာ အၿငိဳးအာဃတေတြ ဘယ္ေလာက္မ်ားကိန္းေအာင္းေနခဲ့ လိမ့္မလဲ

"ေနာက္ဆံုး အေနနဲ႔ ဘာေျပာခ်င္ေသးလဲ"

"အေဖ"

Lee Min Han ၏ ေသြးပ်က္ေနတဲ့ ေခၚသံက Mr.Lee အဖို႔ ၾကားေတာ့ဟန္မတူ

"အုဝု"

လ်ွင္ျမန္လွတဲ့ လက္က သခင္ေလး၏ ပါးစပ္ကို ပိတ္လိုက္ရသည္။ေတာ္ေသးသည္က သူတို႔ဘက္ကို အာရံု မ႐ွိခဲ့ၾကတာေၾကာင့္

"ငါ့တပည့္ေတြကို ငါယံုတယ္"

"ဒိုင္း!!ဒိုင္း!!ဒိုင္း"

ဝဲဘက္ရင္အံုသို႔ ေဖာက္ထြက္သြားသည့္ က်ည္ဆန္ေတြေၾကာင့္ အက်ႌ တစ္ခုလံုးရႊဲစိုသြားသည့္ အနီေရာင္ေသြး ေတြက မလိုက္မဖက္ခဲ့ေသာ္ျငား အနက္ေရာင္ ေတြနဲ႔ ျခယ္သထားသည္မို႔ မထင္မ႐ွား႐ွိလ်ွက္
..ဆရာက အျပင္ဒဏ္ရာေတြေရာ အတြင္းဒဏ္ရာေတြကိုပါ ေနာက္ဆံုးအခ်ိန္အထိ ေကာင္းေကာင္းဖံုးကြယ္ထားခဲ့တာပင္

ျပံဳးေနႏိုင္တဲ့ သူကေတာ့ အေနာက္ဖက္ ေရတံခြန္ထဲ သို႔ အ႐ုပ္ေလးတစ္႐ုပ္လို ျပဳတ္က်သြားခဲ့သည္။
ဘယ္သူျမင္ႏိုင္ခဲ့ပါ့မလဲ ဒီလူႀကီးရဲ႕ မ်က္ဝန္းေထာင့္က မ်က္ရည္စေတြကို
ဘယ္သူသိႏိုင္ပါ့မလဲ ဒီလူႀကီးရဲ႕ တစ္စံုတစ္ေယာက္အေပၚအားကိုးျခင္းေတြကို
ဘယ္သူ သိခဲ့ပါ့မလဲ ဒီလူႀကီး ေနာက္ဆံုး ျမင္ခဲ့တဲ့ စိတ္ကူးယဥ္ အိမ္ထဲက မိသားစု ပံုရိပ္လွလွ ေလးေတြကို

ထြက္ခြာသြား တဲ့ လူစုေတြေဝးကြာသြားခ်ိန္ေရာက္မွ Jeon က အ႐ုပ္ႀကိဳးျပတ္ ဆရာျပဳတ္က်သြားသည့္ ေနရာတြင္ ဒူးေထာက္က်သြားရသည္။Hoseok ကေတာ့ အသံတိတ္ မ်က္ရည္ေတြ က်ေနခဲ့လ်ွက္

"ဆ..ရာ"

"သခင္ေလး စိတ္ထိန္းပါ.. သခင္ေလး"

ေရတံခြန္ထဲ ခုန္ခ်မည္ ျပဳေနေသာသူ႔အား မႏိုင္မနင္း ဆြဲေနခိုက္ အနက္ေရာင္ ဆင္တူဝတ္ထားတဲ့ လူေတြကပါ သူ႔ကိုဝိုင္းဆြဲ ၾကသည္မို႔ အေတာ္ေလး ႐ုန္းရင္းဆန္ခတ္ျဖစ္ေနခဲ့ၾကသည္။

သည္ျမင္ကြင္းေတြ သည္အေျခအေနေတြက Jeon ဆိုတဲ့ ေကာင္ေလးကို အဆိပ္သင့္ေစခဲ့တဲ့ အဆိုးဝါးဆံုးေသာ memory ေတြျဖစ္ေနခဲ့ျပန္သည္။

ေကာင္ငယ္ေလးရဲ႕ ဒဏ္ရာေတြ အရမ္းနက္ခဲ့ ပံုက အက်ဥ္းတန္ဆန္လြန္ခဲ့ ပါ၏။ကမၻာေပၚကေနထြက္ခ်ိန္ေတြထဲမွာသည္ေန႔ရက္ရဲ႕ ေနထြက္ခ်ိန္က ေတာက္ေလာင္ျပင္းျပတဲ့ အပူအ႐ွိန္ေတြႏွင့္
ေကာင္ငယ္ေလးရဲ႕ စိတ္ကို တတိတိဝါးမ်ိဳခဲ့တဲ့ အႀကီးမားဆံုး ဒုကၡေတြျဖစ္ခဲ့ရသည္လို႔ ဆိုရမည္ေပါ့

.... .... .... .... .... .... .... .... .... ....

"ဆရာ!!"

"ေမာင္..ေမာင္ဘာျဖစ္တာလဲ"

ညသန္ေခါင္ယံ ၏ ႏိုးထမႈက အိမ္မက္ဆိုးေတြႏွင့္ မလွမပ
ၾကာၿပီ....ၾကာလွေနတာေတာင္ အိမ္မက္က လက္ေတြ႔ေတြလို ျဖစ္ေနဆဲ
အသက္မ႐ွဴ ႏိုင္ ေသာ ျဖဴဖတ္ေရာ္ေနတဲ့ ေမာင့္ကို ေထြးေပြ႔ထားရင္း ရင္တြင္း အပူသည္ သိသိသာသာ တက္လာခဲ့ရသည္။

ေမာင္႔အသိစိတ္ေတြက ပံုမွန္ျဖစ္လာေသးဟန္မတူ

"ဘာျဖစ္လို႔လဲ ေမာင္ရယ္... ေမာင္ ဘာကိုလန္႔ေနတာလဲ
Hyung အနားမွာ ႐ွိေပးေနတယ္ "

ေမာင္...ဆိုတာ ဘယ္အရာကိုမွ ေၾကာက္လန္႔ေနစရာမွမလိုဘဲ
တစ္ေလာကလံုးကိုပင္ ေမာင္ကေၾကာက္ေနစရာမလို
ေမာင္က ႀကီးက်ယ္ ျမင့္ျမတ္ လြန္းတဲ့သူ

အရည္လဲ့ေနတဲ့ မ်က္ဝန္းဝိုင္းေတြက ေမာ့ၾကည့္လာခဲ့ၿပီး

"တင္းတင္းဖက္ထား ေပးပါ Ji Ji"

ရင္ခြင္ထဲ ပိုတိုးဝင္လာသူေၾကာင့္ ခပ္တင္းတင္း ေလးေပြ႔ဖက္လိုက္ေတာ့
ခါးေတြကို တင္းတင္းၾကပ္ၾကပ္ သန္သန္မာမာ လက္တစ္စံုက ရစ္ပတ္လာသည္။

"ထပ္ၿပီးေတာ့ တင္းတင္းဖက္ထား ေပး"

ပို၍ တင္းတင္းဖက္ထား ေပးမွ ေမာင္က စိတ္ေက်နပ္သြား ပံုရသည္။
ေမာင္အိပ္မရျပန္ဘူး..
အိမ္မက္ေတြက ေမာင့္ကို အမ်ိဳးမ်ိဳး ေစ့ေဆာ္ေနျပန္ၿပီထင္ရဲ႕

ဆရာဝန္ေလး ေမာင့္နဖူးျပင္ေလးကို ဖြဖြနမ္း႐ိႈက္လိုက္ကာ

"ေမာင္မွာ အိမ္မက္ေတြထဲ အထိေတာင္ ေၾကာက္လန္႔စရာဆိုတာမ႐ွိေစရဘူး..."

18.10.22

Unicode

"ဆရာ ကျွန်တော့်ကို ဘာပြောမလို့လဲ"

"အခုချိန်ကစပြီး ငါမင်းကိုပြောမယ့်စကားတွေကို သေသည်အထိ မှတ်ထားပေး"

ဆရာက သူ့လည်ပင်းမှဆွဲကြိုးကို Jeon လည်တိုင်ထက်သို့ ပြောင်းလဲဆွဲပေးလာခဲ့သည်။
ထိုနေ့က ဆရာပြောခဲ့သော စကားတွေကြောင့် Jeon မျက်နှာပေါ်မှာ အရိပ်မျိုးစုံတို့ ဖြတ်ပြေးနေခဲ့ကြသည်။ ဆရာ့ မျက်ဝန်းတွေ ကတော့ ပြောင်းလဲခြင်းမရှိတဲ့ ရေသေလိုပါပဲ

တည်တည်ငြိမ်ငြိမ် ပင် သူပြောချင်တဲ့အရာကိုအေးအေးဆေးဆေးပြောနေနိုင်သော်လည်း မတည်မငြိမ် ဖြစ်နေတာက Jeon

"ကျွန်တော် မလုပ်နိုင်ဘူးထင်တယ်ဆရာ"

အရာရာမှာ သိပ်တက်ကြွ လွန်းပြီး ယုံကြည်ချက်တွေ ပြည့်ဝနေတဲ့ ကောင်ငယ်လေးရဲ့ ပထမဆုံး ကိုယ့်ကိုယ်ကို ဒွိဟဖြစ်နေခြင်းပါပဲ

"မင်းက ပိုင်ရှင်ပါကောင်လေး ငါက ဆိုင်ရုံပဲဆိုင်ပြီး မပိုင်တော့တဲ့သူ မင်းလုပ်နိုင်ပါတယ် "
သူအသက်ရှူဖို့တောင် မေ့လျော့ နေမိသည်အထိ
ဆရာကို ငေးကြည့်နေမိသည်။ မဟုတ်ဘူး အသက်မရှူ နိုင်တော့တာ
ကြိုတင်တွေးထားမိပေမယ့် သိလိုက်ရတော့လည်း ခံစားချက်က ဆိုးဝါးနေလိုက်တာ

"သူ့ကို မတွေ့ချင်ဘူးလား သူ့ဆီကို ကျွန်တော် ခေါ်သွားပေးမယ်
ဆရာ့ကို ကျွန်တော် ကာကွယ်ပေးမှာ
ကျွန်တော်နဲ့ လိုက်ခဲ့ ပါဆရာ"

ဆရာ့ရဲ့ လက်တစ်ဖက်ကို ဆွဲကိုင်ထားတဲ့ Jeon ပုံစံက အနည်းငယ်ကယောင်ကတန်းဖြစ်နေခဲ့သည်။သူမဟုတ်ခဲ့သလိုပါပဲ...တုံးတိုက်တိုက် ကျားကိုက်ကိုက် Jeon ဟုတ်မနေခဲ့

"မင်း ငါ့ကို ဘယ်လိုပုံစံမျိုးနဲ့ ကာကွယ်ပေးမှာလဲကောင်လေး"

"...."

"ဒီနေရာက အသက်တွေ ဘဝတွေ ကမင်းအပေါ်မှာ မူတည် နေတယ် ဆိုတာ သိလား
ရူးလို့ရတယ်ကောင်လေး မိုက်မဲလို့တော့မရဘူး

ဒါတွေက နောင်နှစ်တွေကြာလာတဲ့ အခါ မင်းအတွက် အသေးအမွှားတွေ ဖြစ်သွားလိမ့်မယ်

မင်းကိုမျှော်လင့်နေတဲ့သူတွေ အများကြီးရှိတယ် ကောင်လေး
ဒုက္ခ တွင်းထဲမှာ မင်းဝေးဝေးပြေးကြည့်စရာမလိုလောက်အောင် မင်းနားက Jung hoseok က သက်သေခံနေတယ်"

ဆရာ့လက်တွေ ကိုဆုပ်ကိုင်ထားတဲ့ Jeon လက်တွေက အားမပါတော့စွာပြုတ်ကျသွားရသည်။မျက်နှာကို လက်နှစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်သည်။ ဘဝမှာ သည်လောက် ကျဉ်းကျပ်ရ သည့်စိတ်ဒုက္ခ သူ့မှာ မရှိခဲ့လောက်အောင်သူကစိတ်ကြိုက် လွတ်နေခဲ့တာ မဟုတ်လား

"သူ့ကိုတော့ တွေ့ချင်မိလိမ့်မယ်လို့ထင်ထား တာ"

နှစ်ကိုယ်ကြားရုံလောက်ပဲ လေသံ သဲ့သဲ့ လေးက ပီပီသသ တော့ ကြားရပါသေးသည်။ဆရာက မိနစ်နည်းနည်းတော့ စကားမပြောဖြစ် ကောင်းကင်က ပြည့်လုနီးပါးဖြစ် နေတဲ့ လမင်းကြီးကို ငေးကြည့်နေသည်။

"ငါသူ့ကို တွေ့ဖို့မလိုတော့ဘူးလို့ထင်ပါတယ်
တစ်ခါတစ်ရံမှာ သံယောဇဉ် တွေ မေတ္တာတွေ က ထုတ်ပြဖို့ မလိုအပ်ဘူး
ရင်ထဲမှာ ရှိနေရုံနဲ့တင် လုံလောက်နေပါပြီ"

Jeon ကမျက်မှောင်ကျုံ့သည်။ဆရာ့စကားနာခံလာသည့် တစ်နှစ်တာကာလ အတွင်း သူ့ကို အလိုမကျ စေသည့်စကား
သံယောဇဉ် တွေ မေတ္တာတွေ အကြောင်းကို အချိန်ကုန်ခံ စဉ်းစားမနေတတ်သော်လည်း ဆရာ ကသူ့ကို မုသားသုံးနေမှန်း အကင်းပါးသူ သူက သိနေခဲ့သည်မို့

"Rose May သူက ငါ့ရဲ့ မွေးစားသမီးပဲ သူက မင်းကို အများကြီး ကူညီပေးလိမ့်မယ်"

"ကျွန်တော်အခု ဘာမှ မသိချင်ဘူးဗျာ အဲဒါက အရေးလည်းမကြီးပါဘူး
စကားလမ်းကြောင်းမလွှဲပါနဲ့ ဆရာ
မနက်ဖြန်ဆရာထွက်ပြေးပါ
ဒီရပ်ဝန်းက ပြေးနိုင်သလောက်ပြေးပြီး ဘဝကိုဆရာဖြတ်သန်းချင်သလို ပုံစံအတိုင်းဖြတ်သန်းပါ
ကျွန်တော်ကူညီမယ်"

ဆရာအဖြစ်လက်ခံပြီးတဲ့ အချိန်မှစ၍ ပထမဦးဆုံး ဆရာ့ကိုဆန့်ကျင်လိုက်ခြင်းသာ

"မင်းကရော ကောင်လေး"

"ဆက်ခံသူက လွယ်လွယ် သေလို့ ဘယ်ဖြစ်ပါ့မလဲ"

ကောင်လေးစကားတွေက သူ့အတွက် မချိုမြိန်ခဲ့သော်လည်း ခါးသက် မနေပါ
သူကောင်းကောင်းနားလည်နေခဲ့ပါသည်။ထွက်ခွာသွားတဲ့ ကျောပြင်ကျယ်ကြီးကိုကြည့်ပြီး ပါးပြင်ပေါ်မျက်ရည်တစ်စက်ကလွင့်ကျလာသည်။

"ငါမင်းကို တပည့် အဖြစ်ရော ကံကြမ္မာအလိုကျ ဖြစ်တည်လာတဲ့ ဆက်နွယ်မှုအတွက်ရော ဘယ်တော့မှနောင်တရမှာမဟုတ်ပါဘူး
တောင်းပန် ပါတယ်ကောင်လေး...မင်းပြောသလိုထွက်ပြေးလို့ရရင်လဲ အကောင်းသား"

.... .... .... ..... ..... .... .... .... ..... ....

မနက်လေးနာရီထိုးမှာ ပွင့်ဟလာတဲ့ မျက်ဝန်းတွေ က နိုးလာသည့်အချိန်တွင်တောင် ဝေဝါးမနေပဲ တစ်စုံတစ်ရာက ခေါင်းထဲ ရှင်းရှင်းလင်းလင်းဝင်ရောက်လာသည်။

အိပ်စင်ပေါ်ကို လှမ်းကြည့်တော့ ဆရာ့ကို မတွေ့ရတော့
ဘေးမှ Hoseok ကို နှိုးလိုက်သည်နှင့် အအိပ်ဆတ်သူပီပီ ငေါက်ကနဲ ထ ထိုင်လာသည်။

"ဆရာ မရှိတော့ ဘူးHoseok"

"ဒီချိန်ကြီး ဘယ်သွား အာ..ရေတံခွန်ဘက်ကို သွားမယ်ထင်တယ် အဲကကြည့်ရတဲ့လက သိပ်ကြည့်ကောင်းတယ်လို့ပြောတယ်"

နှုတ်ခမ်းပါးပါးတွေကို တတိတိကိုက်ကာ အကြံထုတ်လျှက် စဉ်းစား နေသူက

"ငါတို့ လိုက်သွားကြရအောင် "

Hoseok က အနည်းငယ် မျှ ငြင်းဆန်ခြင်းမပြုခဲ့ အစကတည်းက သူ့စကားကို နာခံတတ်သူမို့ တစ်ခွန်း ထက်တော့ ပြောစရာမလိုခဲ့

အားလုံးပြင်ဆင်ပြီးသည်နှင့်Hoseok က သူ့ကို ရေတစ်ဘူး ကမ်းပေးကာ ရေတံခွန်ဆီသို့ နှစ်ဦးသား သွား ဖြစ်ခဲ့ကြသည်။
အခါတိုင်း မမောနိုင်မပန်းနိုင် ကုပ်ကပ်တက် ကာ တက်ကြွ လွန်းနေခဲ့သော်လည်း သည်နေ့မှ တက်ရခက်ပြီး အချိန်ကြာနေသယောင်

ရေတံခွန်ပေါ်ရောက်သည်နှင့် ရိုးရာဝတ်စုံချည်ထည်အနက်ရောင်ကို ဝတ်ဆင်ထားခဲ့ကာ လက်နောက်ပစ်ရပ်နေခဲ့သောဆရာ

အရှေ့ဘက်မှ ရောင်နီသမ်းလာခဲ့ပြီမို့ မကြာခင် သူရိန်နေမင်းကြီးက ထွက်ပေါ်လာတော့မည်
ဆရာ မျက်နှာ ကအရှေ့ဘက်မှ အရောင်အဝါ တွေ၏ ထင်ဟပ်နေမှုကြောင့် ဝင်းဖန့်နေခဲ့ကာ ကြည့်ကောင်းတာထက်ကို ပိုနေခဲ့သည်။
တစ်စုံတစ်ယောက်က သူ့ရဲ့ စိတ်အစဉ်ကို ကိုင်လှုတ်နိုင်တဲ့သူဆို ဆရာကတော့ တည်ငြိမ်အေးချမ်းမှုကိုပေးစွမ်းနိုင်လွန်းလှသည်။
တူညီတဲ့ အရာတွေတိုင်း က တူညီတဲ့ ဂုဏ်သတ္တိ တွေ မရှိကြောင်း သိလိုက်ရတဲ့ အနေအထားပင်

"ဆရာ မအိပ်ဘဲ ဘာဖြစ်လို့ ဒီကိုရောက် နေတာလဲ"

"အရမ်းကြိုက်တဲ့ မြင်ကွင်းတွေကို မကြည့်လိုက်ရဘဲနဲ့ အိပ်ပစ်လိုက်ရမှာနှမျောစရာကောင်းလွန်းလို့
ငါအရမ်းကြိုက်တယ်လေ နေထွက်ချိန် နေဝင်ချိန် လထွက်ချိန်
နောက်ထပ် ကြည့်ခွင့်မှ မရနိုင်တော့တာ"

"ဆရာ!!"

Hoseok လန့်ဖျတ်သွားလောက်သည်အထိ Jeonရဲ့ အော်သံက ကျယ်လောင်သွား ရသည်။
အအော်ခံလိုက်ရသည့် ဆရာမှာတော့ အပြုံးတို့ ပျက်ယွင်းသွားခြင်းမရှိခဲ့စွာ ပြုံးမြဲ ပြုံးဆဲ
Jeon ရဲ့ မျက်ဝန်းတွေ ကနီရဲနေခဲ့ကာ တစ်ခုခုကို အလွန်အမင်း ဒေါသထွက်နေသည့်ဟန်
Hoseok ကတော့ ဘာကို မှနားမလည်နိုင်စွာ ကြောင်တောင်တောင် ရယ်

"ကောင်လေးတွေ မင်းတို့ကို ဟိုအောက်ဆုံးအထိ ဆွဲချသွားနိုင်တာ ဘာလဲ"

"အကြောက်တရား ပါ"

Jeon ရဲ့မျက်ရည်တွေက တစ်ပေါက်ခြင်းလိမ့်ဆင်းလာကြသည်။
မျက်ဝန်း တွေက ဆရာ့ကိုစူးစိုက်ကြည့်နေခဲ့ကြပြီး မျက်တောင်ခတ်ဖို့ သတိမရတော့သည့်အလား

"တစ်လောကလုံး နဲ့တစ်ယောက်ဖြစ်နေရင်တောင် ဘာလုပ်မလဲ"

"အမှန်တရား ဘက်ကို ဦးစားပေးပါမယ်"

"ဘဝမှာမှတ်ထားရမယ့် အကြီးမားဆုံး ကျင့်ဝတ်တွေက ဘာလဲ"

"အားနည်းသူကို အနိုင်မကျင့် ဖို့ တရားမျှ တမှုရှိစွာ အရာရာကိုရင်ဆိုင်ပြီး အနိုင်ယူဖို့"

"ကိုယ်က တန်ဖိုးထားတဲ့သူဖြစ်ဖြစ် ကိုယ့်ကို တန်ဖိုးထားတဲ့ သူဖြစ်ဖြစ် ရအောင် ကာကွယ်ပါ "

"...."

"နှုတ်ဆက်ပါတယ် ကောင်လေးတို့"

"မဟုတ်ဘူး ဆရာ အာ့..."

ခေါင်းထဲသို့ တရိပ်ရိပ်ထုံထိုင်းလာမှုကြောင့် အမြင်တွေက အနည်းငယ် ရီဝေဝေ မမြင်ရသည့်အနေအထားတော့မဟုတ်
ဆရာ့ဆီသို့ လှမ်းလိုက်သည့် လက်က လေထဲတွင် တစ်ဝက်တစ်ပျက်တွင်ရပ်တန့်လို့ ပုံရိပ်ငယ်လေးကို ဖမ်းဆုပ်ဖို့ ကြိုးစားသော်လည်း မအောင်မြင်နိုင်ခဲ့
ယိုင်နဲ့သွားသော ခန္ဓာကိုယ်ကို အနောက်မှ ဖမ်းထိန်းထားသူ က Hoseok ပဲဖြစ်မည်ထင်သည်။

"Jung Hoseok တစ်သက်လုံးမင်းခေါင်းထဲ စွဲနေအောင်မှတ်ထားရမှာက Jeon Jung Kook က ဒီနေ့ကစပြီး ဒီနယ်မြေကို အုပ်စိုးမယ့် အရှင်သခင်ဆိုတာပဲ
မင်းတစ်သက်လုံး အသက်နဲ့ လဲပြီး ကာကွယ် စောင့်ရှောက်ရမယ့် သူဆိုတာမှတ်ထားပေး"

ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေမှာ Hoseok သည် အိမ်မက်မက်နေသည့်သူလို ဆရာ့ကိုသာ မျက်ရည်တွေဝိုင်း ပြီးကြည့်နေခဲ့သည်။သူဖက်ထားခဲ့တဲ့ Jeon က မျက်ရည် တွေကြားက ကြိုးစားရုန်းကန်နေခဲ့သော်လည်း အားမပါလှ

"ဟုတ်..ဆရာ ရေဘူးက"

"ဒါတွေက အရေးမကြီးဘူး မင်းတို့ကို အဆင်းလမ်း တစ်ဝက်မှာ ကူမယ့်သူတွေ စောင့်နေလိမ့်မယ်"

"Jeon က သဘောမတူလောက်..."

"ထွက်သွား!!!"

"ဆရာ"

"မင်းတို့ကို ငါပြောနေတယ် ထွက်သွားလို့!!"

အစကတည်းမှ အားငယ်တတ်သူသည် ဆရာ့၏ဆူပူမှုတွေကို ကြာကြာတောင့်မခံနိုင်ခဲ့ရှာ

မြင်နိုင်ကြားနိုင်ပြီးတော့ လှုတ်ရှားဖို့ ခက်ခဲ နေတဲ့ ကောင်လေးက မျက်ဝန်းတွေ ထဲမှ မျက်ရည်တွေအိုင်ထွန်းလို့ ဆရာ့ကိုတွေတွေကြီးစိုက်ကြည့် လျှက် Hoseok ဆွဲခေါ်ရာနောက်ကို ဒရွတ်တိုက် ပါသွားခဲ့သည်။

လမ်းတစ်ဝက်ရောက်ဖို့ မလိုလောက်သည့် အကွာအဝေးရောက်သည်နှင့်

"Ho..se..ok"

အသံ သေးသေးလေးက အားယူ ထွက်ကျလာသည်။လျှောက်လှမ်း နေသည့် ခြေလှမ်းတွေ ကတုံ့ကနဲ

"ဆ..ရာ့... ဆီ...ပြန်.."

အခုအချိန်မှာ သူ့အရှင်သခင်က Jeon ပြီမို့ Jeon စေညွှန်းရာအတိုင်းသူသည် မလွဲမသွေ ပင်
ခြေလှမ်းတို့က အနောက်ဖက် တောင်တက်လမ်းပေါ် မနိုင်မနင်း ခန္ဓာကိုယ်ကြီးကို ထိန်းလျှက် ခက်ခက်ခဲခဲ မမောနိုင် မပန်းနိုင် ပြန်တက်ခဲ့သည်။

အပေါ်ရောက်ခါနီးတွင် ကြားလိုက်ရတဲ့ အသံတွေ ကြောင့် သစ်ပင်အကွယ်တွင် ရပ်နားထောင်မိကြသည်။
လူတစ်စု ကဆရာ့ကို ဝန်းရံလျှက်

"ကောင်လေးက ဆက်ခံသူ မဟုတ်လား"

"ဘာဖြစ်လို့လဲ ဒီပိုင်ဆိုင်မှုတွေက မင်းဟာတွေမှ မဟုတ်တာ"

"ငါ့ဟာတွေ ငါ့ပိုင်ဆိုင်မှု တွေ အနှစ်နှစ် အလ လအဖိုးကြီးမွေးစားသားအဖြစ် နေပေးခဲ့တာ အရူးလို လက်ဗလာနဲ့ ထွက်သွားဖို့ မဟုတ်ဘူးကွ နားလည်လား"

အသံကြားလိုက်ရုံနှင့် တစ်ဖက်ကလူ မည်သူမည်ဝါ မှန်းသိလိုက်ပါသည်။

"အဲကလေး အမေကို ဒါကြောင့် သတ်လိုက်တာလား ငါ့ကလေး အာ..ကျန်သေးတယ် ငါ့မိန်းမ ဒါကြောင့် သတ်လိုက်တာမဟုတ်လား"

"ချစ်လို့လေ... မင်းကို ပိုင်ဆိုင်ချင်လို့"

အသက်မပါလှတဲ့ ခြောက်ကပ်ကပ် ရယ်သံက တောတောင် ထဲတွင် ပဲ့တင် ထပ်နေခဲ့သည်။
"ဟား..ဟား..ဟားမင်းတို့ သားအဖက ကျလည်းကျတယ် ချစ်လိုပါဆိုတဲ့ အကြောင်းပြချက်ကို ကောင်းကောင်းကြီးသုံးပြီး မဆိုင်တဲ့ဘဝတွေကို ဒုက္ခ ပေးတတ်သေးတယ်

ဒါတောင် သားကို အုပ်ချုပ်သူနေရာပေးမတဲ့
တန်လို့ လား Jeonနဲ့ ဘယ်နေရာမှ ယှဉ်လို့မရအောင် နိမ့်ကျလွန်းနေတယ်"

"ခင်ဗျား!!ဒီရင်ဘတ်ကို လာဆောင့် သွားလို့ အများကြီးသည်းခံနေတာ ရောင့်တက်မလာနဲ့
အခု ခင်ဗျားအထင် ကြီးတဲ့ကောင်က ခင်ဗျားကို လာကယ်လား
ဆရာတစ်ယောက်လုံးဒုက္ခရောက်နေခဲ့တာတောင် ဘယ်ချောင် သွားနေလဲ "

ရင်ဘတ်ကို ပုတ်လျှက် Lee Min Han က ပေါက်ကွဲထွက်လာခဲ့သည်။လူတွေရဲ့မာနက ပုတ်နှိုးရသိပ်လွယ်တတ်သည့်အမျိုးအစားဖြစ်တာကြောင့်ပင်

"သူက နယ်မြေသခင် ငါ့လို အသေးအမွှားလောက်ကို အာရုံစိုက်ဖို့ မလိုလောက်အောင် ကြီးကျယ် မြင့်မြတ်နေတဲ့သူ

တစ်နည်းပြောရရင် ငါအပါအဝင် မင်းတို့အားလုံး ဒူးထောက် ခစားရမယ့်သူ"

"မဟုတ်ဘူး... အဲကောင် ဘယ်မှာလဲ ကျုပ်သတ်မှာ
ခင်ဗျား ကိုလည်းအပိုင်သိမ်းမယ်..
ခင်ဗျား ကောင်ကိုလည်း ကျုပ်သတ်ပစ်မယ်"

"ဖြန်း!!"

"Rose ကငါ့ပိုင်ဆိုင်မှု မင်းနဲ့ မဆိုင်ဘူး စကားပြောဆင်ခြင် Han လေး "

အစကတည်းက မိဘအရိပ်အောက်ကမလွတ်မြောက်သူမို့ ရင်တွင်းဆန္ဒတွေထက် အဖေဖြစ်သူ၏ အော်သံအောက်မှာ ပင် အတင်းဖိနှိပ်လိုက်ရရင်း နှုတ်ဆိတ်သွားရသည်။

အရှေ့မှ အခြေအတင်း ဖြစ်နေတဲ့သားအဖကို ကြည့်ပြီး ဆရာက ခေါင်းရမ်းနေခဲ့သည်။ဘယ်လိုတောင် စုတ်ပဲ့နေတဲ့ သားအဖလဲ အတော်လေးကို ရုပ်ပျက်ဆင်းပျက် နိုင်နေခဲ့သည်။

"အောက်တန်းကျတယ်ဆိုတာထက်ပိုတယ်နော် ...လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက စံအိမ်သခင်ကြီးက လမ်းဘေးက စုတ်ပြတ်နေတဲ့ ကောင်လေးတစ်ယောက်ကို ခေါ်မွေးစားခဲ့တယ်...

သူ့မှာလဲ သမီးတစ်ယောက်ရှိနေတာကြောင့် သားမရှိလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ပေါ့
သခင်ကြီးကတော့ လူကိုမွေးခဲ့တာပဲ
ဒါပေမယ့် ဘာဖြစ်လို့ခွေးစိတ်ပေါက်သွား လဲမပြောတတ်ဘူး

အရာရာကိုအပိုင်စီးချင်နေတဲ့ အဲဒီတိရိစ္ဆာန်က သခင်ကြီးရဲ့ သမီးကို မီးတွင်းထဲမှာပဲ သတ်ပစ်လိုက်တယ်
သခင်ကြီးရဲ့ သမီးသူငယ်ချင်းမိသားစုကိုရောပေါ့
အကြောင်းပြချက်ကလည်း အဲမိသားစုက ယောက်ျားတစ်ယောက်ကို လို ချင်လို့တဲ့
အိမ်ထောင်ရှိ ယောက်ျားတစ်ယောက်ကိုလိုချင်တော့ အိမ်ထောင်ဖက်ကို သတ်ပစ်ရတာပေါ့
ကျူပင်ခုတ် ကျူငုတ်မကျန် plan ကို ခပ်တုံးတုံးလုပ်ပစ်ခဲ့တာပေါ့
သခင်ကြီးကတော့ သေ သည်ထိ အဲတိရိစ္ဆာန်ကို ယုံကြည်နေတုန်းပဲ

မင်းကို သနားရဆုံးက ဘာလဲသိလား
ဒီလောက် အသက်တွေချစတေးလိုက်တာတောင် အခုထိလက်ဗလာဖြစ်နေတုန်းပဲ

အ..ရှုံး..သ..မားပဲ"

Mr.Lee၏ မျက်ဝန်းတွေက မှေးမှိတ် သွားရပြီး ပြန်ဖွင့်လာတဲ့ အခါ ရေခဲတမျှအေးစက်နေခဲ့သည်။ အန္တရာယ် ကြားမှာ အလှပဆုံးသောအပြုံးတွေနှင့် လှလွန်းတဲ့ သက်ရှိလေးက လည်းပြုံးနေဆဲပါပဲ
အန္တရာယ် တွေထက်တောင် အန္တရာယ် များနေတဲ့ အပြုံးလေးတစ်ပွင့်နှင့် ထိုလူသားက အမျိုးမျိုး သောဒဏ်ရာတွေကိုရစေနိုင်သောသူ

"ငါ့ကို သတ်မလို့ထင်တယ် ဘာလဲ ချစ်လို့လို့ ပြောဦးမလို့လား"

သိပ်ဉာဏ်ပြေးသူမို့ အခြေအနေအရပ်ရပ်ကို ကြိုတင်တွက် ဆထားပြီးသား

"အင်း ချစ်လို့ သတ်ပစ်ရတော့မယ်ထင်တယ် မင်းကအရမ်းဆိုးလွန်းတယ် Rose"

"အင်း...သိတာတွေ များလွန်းတော့ လည်း ဆက်အောက်တန်းကျပေါ့
ဒါပေမယ့် ငါတစ်ခုပြောခဲ့မယ် ငါဒီနေ့သေမယ် ဆို
မရေမတွက်နိုင်တဲ့ မနက်ဖြန်တစ်ရက်ရက်မှာ သူက မင်းတို့ကို လာသတ်လိမ့်မယ်
ကြိုတင်ပြင်ဆင်ထားကြပေါ့

အခု စံအိမ်သခင်ကြီးဆုံးသွားပြီဆိုတော့
စံအိမ်ကို မင်းတို့ အခုပြန်မယ်ဆိုရင်တောင် မနက် ဖြန်ထွက်မယ့်နေမပြောနဲ့ ဒီနေ့ဝင်မယ့်နေတောင် မင်းတို့ မမြင်ရလောက်တော့ဘူး"

"မင်း!!"

"ထပ်ပြောမယ် အခု Jeon Jung Kookကဒီနယ် မြေရဲ့ ဘုရင် ဖြစ်သွားပြီ"

အပြုံးမပျက် သူ့ကိုကြည့်ပြီးပြောနေသူက သူသိပ်ချစ်ရတဲ့ သူဖြစ်သော်လည်း လောကကြီးမှာမရှိစေချင်တော့လောက်တဲ့အထိ သူ့အတွက် မကောင်းဆိုးဝါး ဆန်နေခဲ့ပါ၏။Mr.Lee သူ့တစ်ကိုယ်လုံးက သွေးတွေ ဆူပွက်လာခဲ့ သယောင် သူချစ်ရတဲ့ သူက သူ့ကိုသတ်ဖို့ အတွက် တစ်ချိန်လုံး အားထုတ်နေခဲ့ ပုံက အဆန်းတကြယ်
ဉာဏ်ကောင်း လွန်းသူဟာ သူကိုယ်တိုင် နယ်မြေဆက်ခံမည့် မကောင်းဆိုးဝါးလေးကို ဓားသွေးသလို သွေးနေခဲ့သည်။

အနှစ်နှစ် အလ လ ရင်ထဲမှာ အငြိုးအာဃတတွေ ဘယ်လောက်များကိန်းအောင်းနေခဲ့ လိမ့်မလဲ

"နောက်ဆုံး အနေနဲ့ ဘာပြောချင်သေးလဲ"

"အဖေ"

Lee Min Han ၏ သွေးပျက်နေတဲ့ ခေါ်သံက Mr.Lee အဖို့ ကြားတော့ဟန်မတူ

"အုဝု"

လျှင်မြန်လှတဲ့ လက်က သခင်လေး၏ ပါးစပ်ကို ပိတ်လိုက်ရသည်။တော်သေးသည်က သူတို့ဘက်ကို အာရုံ မရှိခဲ့ကြတာကြောင့်

"ငါ့တပည့်တွေကို ငါယုံတယ်"

"ဒိုင်း!!ဒိုင်း!!ဒိုင်း"

ဝဲဘက်ရင်အုံသို့ ဖောက်ထွက်သွားသည့် ကျည်ဆန်တွေကြောင့် အင်္ကျီ တစ်ခုလုံးရွှဲစိုသွားသည့် အနီရောင်သွေး တွေက မလိုက်မဖက်ခဲ့သော်ငြား အနက်ရောင် တွေနှင့်ခြယ်သထားသည်မို့ မထင်မရှားရှိလျှက်
..ဆရာက အပြင်ဒဏ်ရာတွေရော အတွင်းဒဏ်ရာတွေကိုပါ နောက်ဆုံးအချိန်အထိ ကောင်းကောင်းဖုံးကွယ်ထားခဲ့တာပင်

ပြုံးနေနိုင်တဲ့ သူကတော့ အနောက်ဖက် ရေတံခွန်ထဲ သို့ အရုပ်လေးတစ်ရုပ်လို ပြုတ်ကျသွားခဲ့သည်။
ဘယ်သူမြင်နိုင်ခဲ့ပါ့မလဲ သည်လူကြီးရဲ့ မျက်ဝန်းထောင့်က မျက်ရည်စတွေကို
ဘယ်သူသိနိုင်ပါ့မလဲ သည်လူကြီးရဲ့ တစ်စုံတစ်ယောက်အပေါ်အားကိုးခြင်းတွေကို
ဘယ်သူ သိခဲ့ပါ့မလဲ သည်လူကြီး နောက်ဆုံး မြင်ခဲ့တဲ့ စိတ်ကူးယဉ် အိမ်ထဲက မိသားစု ပုံရိပ်လှလှ လေးတွေကို

ထွက်ခွာသွား တဲ့ လူစုတွေဝေးကွာသွားချိန်ရောက်မှ Jeon က အရုပ်ကြိုးပြတ် ဆရာပြုတ်ကျသွားသည့် နေရာတွင် ဒူးထောက်ကျသွားရသည်။Hoseok ကတော့ အသံတိတ် မျက်ရည်တွေ ကျနေခဲ့လျှက်

"ဆ..ရာ"

"သခင်လေး စိတ်ထိန်းပါ.. သခင်လေး"

ရေတံခွန်ထဲ ခုန်ချမည် ပြုနေသောသူ့အား မနိုင်မနင်း ဆွဲနေခိုက် အနက်ရောင် ဆင်တူဝတ်ထားတဲ့ လူတွေကပါ သူ့ကိုဝိုင်းဆွဲ ကြသည်မို့ အတော်လေး ရုန်းရင်းဆန်ခတ်ဖြစ်နေခဲ့ကြသည်။

သည်မြင်ကွင်းတွေ သည်အခြေအနေတွေက Jeon ဆိုတဲ့ ကောင်လေးကို အဆိပ်သင့်စေခဲ့တဲ့ အဆိုးဝါးဆုံးသော memory တွေဖြစ်နေခဲ့ပြန်သည်။

ကောင်ငယ်လေး၏ ဒဏ်ရာတွေ အရမ်းနက်ခဲ့ ပုံက အကျဉ်းတန်ဆန်လွန်ခဲ့ ပါ၏။ကမ္ဘာပေါ်ကနေထွက်ချိန်တွေထဲမှာသည်နေ့ရက်ရဲ့ နေထွက်ချိန်က တောက်လောင်ပြင်းပြတဲ့ အပူအရှိန်တွေနှင့်
ကောင်ငယ်လေး၏ စိတ်ကို တတိတိဝါးမျိုခဲ့တဲ့ အကြီးမားဆုံး ဒုက္ခတွေဖြစ်ခဲ့ရသည်လို့ ဆိုရမည်ပေါ့

.... .... .... .... .... .... .... .... .... ....

"ဆရာ!!"

"မောင်..မောင်ဘာဖြစ်တာလဲ"

ညသန်ခေါင်ယံ ၏ နိုးထမှုက အိမ်မက်ဆိုးတွေနှင့် မလှမပ
ကြာပြီ....ကြာလှနေတာတောင် အိမ်မက်က လက်တွေ့တွေလို ဖြစ်နေဆဲ
အသက်မရှူ နိုင် သော ဖြူဖတ်ရော်နေတဲ့ မောင့်ကို ထွေးပွေ့ထားရင်း ရင်တွင်း အပူသည် သိသိသာသာ တက်လာခဲ့ရသည်။

မောင့်အသိစိတ်တွေက ပုံမှန်ဖြစ်လာသေးဟန်မတူ

"ဘာဖြစ်လို့လဲ မောင်ရယ်... မောင် ဘာကိုလန့်နေတာလဲ
Hyung အနားမှာ ရှိပေးနေတယ် "

မောင်...ဆိုတာ ဘယ်အရာကိုမှ ကြောက်လန့်နေစရာမှမလိုဘဲ
တစ်လောကလုံးကိုပင် မောင်ကကြောက်နေစရာမလို
မောင်က ကြီးကျယ် မြင့်မြတ် လွန်းတဲ့သူ

အရည်လဲ့နေတဲ့ မျက်ဝန်းဝိုင်းတွေက မော့ကြည့်လာခဲ့ပြီး

"တင်းတင်းဖက်ထား ပေးပါ Ji Ji"

ရင်ခွင်ထဲ ပိုတိုးဝင်လာသူကြောင့် ခပ်တင်းတင်း လေးပွေ့ဖက်လိုက်တော့
ခါးတွေကို တင်းတင်းကြပ်ကြပ် သန်သန်မာမာ လက်တစ်စုံက ရစ်ပတ်လာသည်။

"ထပ်ပြီးတော့ တင်းတင်းဖက်ထား ပေး"

ပို၍ တင်းတင်းဖက်ထား ပေးမှ မောင်က စိတ်ကျေနပ်သွား ပုံရသည်။
မောင်အိပ်မရပြန်ဘူး..
အိမ်မက်တွေက မောင့်ကို အမျိုးမျိုး စေ့ဆော်နေပြန်ပြီထင်ရဲ့

ဆရာဝန်လေး မောင့်နဖူးပြင်လေးကို ဖွဖွနမ်းရှိုက်လိုက်ကာ

"မောင်မှာ အိမ်မက်တွေထဲ အထိတောင် ကြောက်လန့်စရာဆိုတာမရှိစေရဘူး..."

18.10.22

Continue Reading

You'll Also Like

1M 54.3K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Jungkook's ) daughter Mishel...
237K 5.8K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
550K 12.1K 39
In wich a one night stand turns out to be a lot more than that.
6.1K 320 27
Lee Jihoon, a famous author of murder mystery and sci- fi genre suddenly got pointed out for the lack of romance in his book. Though he said he'd pre...