Love Of My Life [Completed]
By GennyCloud
738K 45.5K 1.6K
Genre// BL , Romance Writer// Genny Start Date//30.10.2021 End Date// 10.12. 2022 Pic full crd (from... More
အမှာစာ🤎(Uni + Zawgyi)
Character Introducing
Epi(1) Unicode
Epi(1) Zawgyi
Epi(2) Unicode
Epi(2) Zawgyi
Epi(3) Unicode
Epi(3) Zawgyi
Epi(4) Unicode
Epi(4) Zawgyi
Epi(5) Unicode
Epi(5)Zawgyi
Epi(6) Unicode
Epi(6) Zawgyi
Epi(7) Unicode
Epi(7) Zawgyi
Epi(8) Unicode
Epi(8) Zawgyi
Epi(9) Unicode
Epi(9) Zawgyi
Epi(10) Unicode
Epi(10) Zawgyi
Epi(11) Unicode
Epi(11) Zawgyi
Epi(12) Unicode
Epi(12) Zawgyi
Epi(13) Unicode
Epi(13) Zawgyi
Epi(14) Unicode
Epi(14) Zawgyi
Epi(15) Unicode
Epi(15) Zawgyi
Epi(16)Unicode
Epi(16) Zawgyi
Epi(17) Unicode
Epi(17) Zawgyi
Epi(18) Unicode
Epi(18) Zawgyi
Epi19(Unicode)
Epi19 (Zawgyi)
Epi20(Unicode)
Epi(20) Zawgyi
Epi(21) Unicode
Epi (21) Zawgyi
Epi(22) Unicode
Epi(22)Zawgyi
Epi(23) Unicode
Epi(23) Zawgyi
Epi(24) Unicode
Epi(24)Zawgyi
Epi(25) Unicode
Epi(25) Zawgyi
🤎
Epi(26) Unicode
Epi(26) Zawgyi
Epi(27)Unicode
Epi(27)(Zawgyi)
Epi28(Unicode)
Epi29(Unicode)
Epi28(Zawgyi)
Epi29(Zawgyi)
Epi30(Unicode)
Epi30(Zawgyi)
Epi31(Unicode)
Epi31(Zawgyi)
Epi32(Unicode)
Epi32(Zawgyi)
Epi(33)(Unicode)
Epi(33)(Zawgyi)
Epi(34)(Unicode)
Epi(34)(Zawgyi)
Epi(35) Unicode
Epi(35) Zawgyi
Epi (36) Unicode
Epi(36) Zawgyi
Epi(37) Unicode
Epi(37) Zawgyi
Epi(38) Unicode
Epi(38) Zawgyi
Epi(39) Zawgyi
Epi(40) Unicode
Epi(40) Zawgyi
Epi(41) Unicode
Epi(41) Zawgyi
Epi(42) Unicode
Epi(42) Zawgyi
Epi(43) Unicode
Epi(43) Zawgyi
Epi(44) Unicode
Epi(44) Zawgyi
Epi(45) Unicode
Epi(45) Zawgyi
Epi(46) Unicode
Epi(46) Zawgyi
Epi(47) Unicode
Epi(47) Zawgyi
Epi(48) Unicode
Epi(48) Zawgyi
Epi(49)Unicode
Epi(49) Zawgyi
Final Episode (Uni)
Final Episode (Zawgyi)
My Dear , Readers (U+ZG)
Happy New Year❤️
Genny has something to say!! U/Z
Extra (Unicode)
Extra ( Zawgyi)
Thidingkyut Extra
❤️Genny Cloud's Love Letter☁️U*Z
Happy Thingyan with KheNyeim (U+Z)
Extra Part 2 (U+Z)
Epi(39) Unicode
6.6K 588 14
By GennyCloud
အပိုင်း(၃၉)
နေ့ရက်တွေ တဖြည်းဖြည်းကုန်လွန်လာပြီးနောက် သူလည်း first semပြီးတော့မည်။  ဆူးနဲ့ရတုတို့သည်လည်း တက္ကသိုလ်၀င်တန်း အတွက် ကြိုးစားပြင်ဆင်နေကြပြီဖြစ်သည်။ သို့သော် ထိုကလေးမပါခဲ့ ။ ။ ခီဘာတွေလုပ်နေသလဲ နားမလည်ပေမဲ့ မကြိုက်မှာစိုးလို့ သူမမေးရဲ။
ဒီရက်ပိုင်းတွင်တော့ ခီသည် သူ့အနားသိသိသာသာ ကပ်နေသည်ကို သတိထားမိသည်။တစ်ခါတလေ သူ့အားထိုင်ကြည့်နေတတ်သည်။ ဘာလို့ကြည့်နေတာလဲမေးလျှင်လည်း "ဘာလို့ကြည့်ရမလဲ ချစ်လို့ပေါ့ဗျ " ဆိုသည့် စကားမှလွဲ ဘာမှထွက်မလာ။
တစ်ခုခု မူမမှန်မှန်း သိသော်လည်း ဘာကြောင့်မူမမှန်လဲဆိုတာကို သူမသိဘူး။
ယခုလည်း ပိတ်ရက်မို့ ခီက ရုပ်ရှင်ကြည့်ချင်တယ် ပူဆာသဖြင့် သူ့ကွန်ဒိုသို့ ရောက်နေခြင်းပင်။ ရုပ်ရှင်ကြည့်ချင်သော သူက ရုပ်ရှင်ဆီအကြည့်မရောက်ပါဘဲ သူ့ပေါင်ကို ခေါင်းအုံးကာ ‌သူ့မျက်နှာကိုသာ ငေးကြည့်နေသည်။
"ခီ"
"ဗျာ"
"မင်းအခုတလော ဘာတွေဖြစ်နေတာလဲ "
"ဘာတွေဖြစ်နေလို့လဲ "
"မသိဘူး တစ်ခုခုတော့ ထူးဆန်းနေတယ် "
"ညိမ် ကျွန်တော့်ကိုချစ်လားဟင် "
"အင်း "
"ကျွန်တော် တစ်နေရာရာ သွားရင်ကော ကျွန်တော့်ကိုစောင့်မှာလား "
တစ်နေ‌ရာရာဆိုသည့် စကားကြောင့် သူအံ့ဩသွားရသည်။
"ဟင်…ဘယ်ကိုသွားမှာလဲ "
"ကျွန်တော်…USမှာ ကျောင်းတက်ရမယ် "
"ဘယ်လို"
"ဟုတ်တယ် ။ ဆယ်တန်းကို သံရုံးကနေပဲဖြေရမယ်ထင်တယ် ။ တစ်နှစ်ပါပဲ "
မိုးသန့်ညိမ် ဘာစကားမှမပြောနိုင် ။ ဘာပြောရမလဲဆိုတာလည်း သူမသိ။ သူပုံမှန်အတိုင်း ခီနဲ့အတူတူကြီးပြင်းပြီး ဘ၀ကို အေးဆေးဖြတ်သန်းချင်သည်။ သို့ပေမဲ့ သေချာပြန်စဉ်းစားကြည့်လိုက်တော့ ခီကသူ့လို သာမာန်လူတန်းစားမှမဟုတ်တာ ။နွယ်ရဲ့ တစ်ဦးတည်းသော မြေးဖြစ်တဲ့အတွက် အဖွားရော အဖေရောက ခီ့ကို အများကြီးမျှော်မှန်းထားမယ်မှန်း သူမေ့သွားခဲ့တာဖြစ်သည်။
"ညိမ်…ကျွန်တော့်ကို စိတ်ဆိုးသွားတာလားဟင် "
အသံတိတ်သွားတဲ့ ညိမ်ကြောင့် ခီတန်ကူးဇဏ် ရင်ထဲ စိုးရိမ်စိတ်တို့ တိုးလာရသည်။
သူသွားလိုက်တာနဲ့ သူတို့ဆက်ဆံရေးဟာ ပျက်စီးသွားမှာလား ။ သူဒီလိုသွားရတာ သူတို့နှစ်ဦး  ရှေ့လျှောက်ဘ၀ကို အေးဆေးဖြတ်သန်းဖို့အတွက်သာဖြစ်သည်။ ညိမ်က အတွေးများတတ်သူမို့ သည်အကြောင်းအရာကို ထုတ်ပြောလိုက်လျှင်လည်း သူ့ကြောင့်ထွက်သွားရတယ်ဆိုကာ သူ့အားဆက်ဆံရေးကို ဖြတ်တောက်ဖြစ်မည်ထင်သည်။
"မဆိုးပါဘူး ခီရဲ့ ။ ဒါပေမဲ့ ဘာလို့ရုတ်တရက်ထွက်သွားရမှာလဲ ။ငါ့ကြောင့်လား "
"မဟုတ်ပါဘူး ။ ဒယ်ဒီကုမ္ပဏီက ပြဿနာတစ်ခုတက်ခဲ့တယ် ။ ဒီကိစ္စမှာ ကျွန်တော့်ကို မပါစေချင်လို့ သွားရမှာ "
ခီတန်ကူးဇဏ် ညိမ်အပေါ်တွင် ပထမဆုံးအကြိမ် မုသားသုံးမိတာဖြစ်သည်။ ဘာအ‌တွက်ကြောင့်မှ ညိမ်ကို ဖိအားမများစေချင်တာမို့ လွယ်လွယ်ကူကူပင် ဒယ်ဒီ့ကုမွဏီကိစ္စကိုဆွဲထည့်လိုက်ခြင်း။ သူမုသားသုံးလိုက်ပေမဲ့
ညိမ်ကယုံသွားပုံရသည် ။
"အာ~~ အဲ့လိုလား ။ သွားလေ ကိုယ်စောင့်နေမှာပေါ့ "
"တကယ်စောင့်နေပေးမှာလား "
"မင်းက မယုံဘူးလား ခီ"
"ကျွန်တော် ညိမ့်ကိုယုံတယ် ။ မမြင်ရတဲ့ ကံကြမ္မာကို မယုံတာ "
ခီ့စကားကြောင့် သူပြုံးလိုက်မိသည်။ဟိုတလောကမှ သွားတိထားသည့် ခီ့ဆံပင်လေးကို ခပ်ဖွဖွလက်နဲ့သပ်ပေးတော့ ချစ်ရသောသူက မော့ကြည့်လာသည်။
"ကံဆိုတာ အလုပ်ပဲ ခီရဲ့ ။ လူတွေက စိတ်သက်သာရာ ရချင်တာကြောင့် ဘယ်သူ့ကိုမှ အမုန်းအာဃတတွေ မထားချင်တာကြောင့်သာ တစ်ခုခုဖြစ်ရင် ကံကြောင့်ဖြစ်တာလို့ ပုံချတတ်ကြတာ ။
ဥပမာ။ ။ မင်းစာရင်းကိုင်နဲ့ပတ်သက်တဲ့ သင်တန်းတစ်ခုခုတက်ထားတယ် ။ အဲ့ဟာနဲ့ ပတ်သက်ပြီး မင်းက ကြိုစားလေ့လာတယ်ဆိုပါိစို့ ။ နောက်မင်းအလုပ်ခွင်၀င်လို့ အင်တာဗျူးဖြေတဲ့အခါ အောင်သွားရင် အများစုက မင်းကို တော်လိုက်တာ ကြိုးစားခဲ့လို့အောင်သွားတယ်လို့ ပြောမဲ့အစား ကံကောင်းလို့အောင်သွားတာပေါ့ဆိုပြီး ပြောကြလိမ့်မယ်။ အမှန်တော့ ကံကောင်းတာထက် မင်းအဲ့ဘာသာရပ်ကို စိတ်၀င်စားလို့ လေ့လာထားလို့သာ အဲ့တာနဲ့ပတ်သက်ပြီး အင်တာဗျူးအောင်တာ မင်းသာစိတ်ပါ၀င်စားမှုမရှိရင် အင်တာဗျူးကအောင်ပါ့မလား "
"……"
"တကယ်တော့ 1နေရာကိုလိုချင်ရင် လိုချင်တယ်လို့ အော်နေမဲ့အစား
အဲ့တာကိုရအောင် ကြိုးစားရမှာ  "
"ကံဆိုတာ အလုပ်ပဲ ။ကြိုးစားမှုနောက်မှာ ထိုက်တန်တဲ့ အောင်မြင်မှုကလိုက်လာမှာပဲ ။ အရည်အချင်းရှိတဲ့လူတစ်ယောက်ကို ဘယ်သူကမှ ကြာကြာ လျစ်လျူရှမထားနိုင်ဘူး "
ငုံကြည့်လိုက်တော့ သူပြောတာကို စိတ်၀င်တစားနားထောင်နေတာကို တွေ့လိုက်ရသည်။
"ကိုယ်ပြောတာ သဘောပေါက်လား ခီ "
"အင်း "
"ဘာလဲ ။ မင်းကမင်းထွက်သွားတာနဲ့ ကိုယ်ကမင်းကိုဖြတ်လိုက်တော့မယ်ထင်နေခဲ့တာလား ။အဲ့တာကြောင့် မပြောခဲ့တာလား ။ နိုင်ငံတစ်ခုခနဲ့ တစ်ခုပြောင်းဖို့ဆိုတာ အချိန်ကယူရမှာပဲ ။
အဲ့လိုပဲ မင်းတွဲဖို့ကို အများကြီးစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချခဲ့တာ ။ အဲ့တာကြောင့် ကိုယ်နဲ့ပတ်သက်ပြီး ဘာကိုမှ မင်းစိတ်ပူစရာမလိုဘူး ခီ "
ခီတန်ကူးဇဏ်က ပေါင်ပေါ်မှထလိုက်ကာ ရယ်လိုက်ရင်း…
"ဒီလိုဆိုတော့ ညိမ်က လူကြီးကျနေတာပဲနော် "
"ကိုယ်က လူကြီးပဲလေ "
ပခုံးလေးတွန့်ကာ ပြောလာသော ပုံစံလေးကြောင့် ပါးကို အနမ်းဖွဖွခြွေလိုက်တော့ မျက်စောင်းမမည်သော အကြည့်တစ်ချက်ကို သူ့ထံသို့ပို့လာသည်။
"ဘယ်လူကြီးကမှ နာမ်စားကို ကိုယ်သုံးလိုက် ငါသုံးလိုက်တော့ မသုံးဘူးထင်တာပဲနော် "
ညိမ်က မျက်မှောင်လေးကြုတ်ကာ စဉ်းစားနေသည်။ ပြီးမှ…
"အင်း~~ဒါတော့ လူကြီးတစ်ယောက်ရဲ့ စိတ်အခြေအနေနဲ့ဆိုင်မယ်ထင်တာပဲ "
"အဲ့လူကြီးလေးကို ချစ်လွန်းလို့ဘယ်လိုလုပ်ရမလဲ "
"ဒါ…ဒါတော့ မသိဘူးလေ "
ခီတန်ကူးဇဏ် မပြောမဆိုနဲ့ပင် ညိမ့်နှုတ်ခမ်းပေါ်သို့ ထိကပ်လိုက်သော်လည်း ခဏတာသာ။
"ခီတန်ကူးဇဏ် !!မင်း…!"
"ဘာဖြစ်လို့လဲ ကိုယ့်ကောင်လေးကနမ်းတာလေ မကြိုက်ဘူးလား ။ ညိမ်မကြိုက်ရင်တော့လည်း…"
"မကြိုက်။ အင်း!လုံး၀မကြိုက်တာကြီးတော့ မဟုတ်ပါဘူး "
"ကြိုက် ကြိုက် မကြိုက်ကြိုက် ဆက်နမ်းမှာပဲ "
လူကို အသဲကလိကလိဖြစ်အောင်လုပ်နေသူအား မညှာနိုင်တော့ ။ဟိုကြည့်ဒီကြည့်လုပ်ကာ စဉ်းစားနေပုံကို ပင်သူတော်တော် အသည်းယားနေပြီဖြစ်သည်။
ခုနက ထိရုံလေးဆိုပေမယ့်အခုကတော့ ထိုသို့မဟုတ်။ ပန်းရောင်ဖျော့ဖျော့ပြေးနေသော ထိုနှုတ်ခမ်းအိအိလေးသည် နွေးထွေးလှသော ပူတင်း‌ လေးသဖွယ်။ ဖောင်းဖောင်းအိအိ ထို နှုတ်ခမ်းအား တစ်ရစ်ချင်း စုပ်ယူမိတော့ ဖယောင်းလက်လေးများက ရင်ဘတ်အား ထုကာ ရိုက်လာသည်။ သို့ပေမယ့် လွှတ်ပေးမည့် အစီအစဉ် ဆိုတာ ကိုယ့်မှာ မရှိသည်မို့ လက်နှစ်ဖက်အား စုကိုင်ကာ ထို သာယာမှုသို့ နစ်မြောမိသည်။
နမ်းနေရင်း တွေးမိတာ တစ်ခုကတော့ 'ကျွန်တော် ညိမ့်ကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူးတော့ဗျ'။
ရုတ်တရက်ကြီး မိုးသန့်ညိမ် နှုတ်ခမ်းအားနမ်းရှိုက်လာသူကြောင့် အံဩရသည်။ အသက်ရှုသံများ ပြင်းထန်ကာ ရင်ဘက်တစ်လျှောက်က နိမ့်ချည် မြင်ချည်။ မိမိနှုတ်ခမ်းသားများအား အပေါ်တစ်လှည့် အောက်တစ်လှည့် စုပ်ယူနေသူကြောင့် ရင်ထဲတွင် အကောင်ပေါင်းများစွာ ဖြတ်ပြေးသွားသလိုပင်။
နမ်းပုံကလည်း ကျွမ်းကျင်စွာ နေ့စဉ်လုပ်နေကျအလုပ်တစ်ခုလိုဖြစ်နေတာကြောင့် သူစိတ်ခုသွားမိသည်။
မိုးသန့်ညိမ်မကျေနပ်စွာ လက်ဖြင့် ရင်ဘက်အား ထုရိုက်မိတော့ လွှတ်ပေးဖို့ နေနေသာသာ သူ့လက်တစ်ဖက်တည်းနဲ့ ကိုယ့်လက်တစ်စုံအား ဆုပ်ကိုင်ကာ ပြင်းပြင်းထန်ထန် ပို၍ နမ်းလာသည်မှာ ထွက်ပြေးသွားမှာ စိုးသည့်အလား။
အ!!
သူ့ပုံစံက လွှတ်ပေးဖို့ အစီအစဉ်ရှိမည်မဟုတ်သောကြောင့် သူ့အောက်နှုတ်ခမ်းအား ကိုက်လိုက်သည်။ ထို့အခါမှ ပြုံးစစဖြင့် ပေါက်သွားသည့် နှုတ်ခမ်းအား လက်ဖြင့် တစ်ချက်ပွတ်ကာ ပြောလာသည့် စကားကြောင့် ညိမ်သွေးတက်မိသည်။
"ညိမ်တော့ ထိခိုက်နာကျင်စေမှု ငြိတော့မယ် ။ ကျွန်တော့်နှုတ်ခမ်းပေါက်သွားပြီဗျ "
သူကတောင် တပြန် ပြန်ပြောနေသည်။
"မကျေနပ်ဘူးလား !! "
"အင်း"
"မကျေနပ်ရင် တရားစွဲလိုက်လေ "
"ဘယ်လိုစွဲရမလဲ "
"မသိဘူး"
"Law Firmတွေနဲ့ ဆက်သွယ်ရတော့မယ်ထင်တယ်။ ညိမ်ဒဏ်ကြေးမပေးနိုင်ရင် လူကိုသိမ်းမှာနော် "
ညိမ်က ပုခုံးများ တုန်ခါသွားတဲ့အထိ ရယ်သည်။
ထိုအပြုံး ၊ ထိုမျက်လုံးများကို သူဘယ်တော့မှ မေ့မည်မဟုတ်။ ပါးကို နောက်တစ်ခါ နမ်းရန်ပြင်တော့ လက်များဖြင့်တွန်းထုတ်လာသည်။
"ခီ! မင်းက ဆိုးလိုက်တာ "
"အင်း! ညိမ့်ကိုရဖို့ ဆိုးသင့်ရင်လည်း ဆိုးရမှာပဲ "
"ရုပ်ရှင်ကြည့်ချင်တယ်ဆိုပြီး အခုတော့ရုပ်ရှင်တောင်ပြီးသွားပြီ "
"ရှပ်ရှင်ကပြီးသွားပေမဲ့ ကျွန်တော်တို့ဇာတ်လမ်းက အခုမှစမှာလေ ညိမ်ရဲ့ "
"ဒါနဲ့ မင်းဘယ်တော့သွားရမှာလဲ။ အစအဆုံးအကုန်စီစဉ်ပြီးပြီလား "
"စီစဉ်ပြီးပြီ ။ သဘက်ခါ သွားရမှာ "
"ဘာ!အဲ့လောက်မြန်ရလား ။ ဘာလို့ငါ့ကို စောစောမပြောတာလဲ ‌ခီတန်ကူးဇဏ်ရဲ့ "
"ညိမ်စိတ်မကောင်းဖြစ်ရမဲ့ အချိန်မရှိအောင် ‌သွားခါနီးမှ ပြောတာ။မဟုတ်ရင် ကျွန်တော်…ကျွန်တော် သွားနိုင်မှာမဟုတ်ဘူး "
ပြောရင်းနဲ့ မျက်ရည်များ၀ဲလာတာကြောင့် မိုးသန့်ညိမ် ကျောပြင်ကျယ်ကျယ်ကို ထွေးပွေ့ထားလိုက်မိသည်။
တစ်ဖက်မှ တင်းတင်းကျပ်ကျပ် ပြန်ရစ်တွယ်လာတာကြောင့် သူစိတ်မကောင်း။
တစ်နှစ်ဆိုတာ ဘယ်လောက်မှ ကြာတာမဟုတ်ပေမဲ့ ။ တအားတွယ်တာနေတဲ့ သူ့အဖို့တော့ ခက်ခဲမှာ ဧကန်ဖြစ်သည်။
ကျောပြင်ကို လက်ဖြင့်ဖွဖွပွတ်သပ်ရင်း သူရေရွတ်ပေးနေမိသည်။
"အရာအားလုံး အဆင်ပြေသွားမှာပါ ခီ "
•••••••••••
"မြေးဇဏ် ဖွားပြောပြမယ် ။ USမှာတစ်‌ယောက်ထဲဆိုပြီး ဘာမှမပူနဲ့နော် ဦးသူရိန်နဲ့ အန်တီမေရီရဲ့ သမီးရှိတယ် ။ တစ်ခုခုလိုအပ်ရင် သူ့ဆီအကူအညီသွားတောင်းလို့ရတယ်သိလား။ ကလေးမလေးက ဖော်ရွေပါတယ် "
USကို တစ်ယောက်တည်း သွားရမှာကို ပူတာထက် မြန်မာမှာ ကျန်နေခဲ့မည့် တစ်ယောက်သောသူအား ပို၍ပင်ပူပန်ရသည်ဆိုတာကို သူတို့သိမည်မဟုတ်။
လေဆိပ်သို့ လိုက်ပို့ရာတွင်လည်း ညိမ်မပါ ။ ဖုန်းဖြင့်သာ သတင်းလှမ်းမေးသည်။ ရတုနှင့်ဆူးကတော့ ပြောဖို့ပင်မလို…သူ့အား လေဆိပ်ထိလိုက်ပို့ကြသည် ။
ဆူးကိုကြည့်လိုက်တော့ မျက်နှာကငိုမဲ့မဲ့ ။ ရတုကတော့ ဘာမှမပြောပဲငေးကြည့်နေသည်။ မိုးသန့်ညိမ်နဲ့ မတွေ့ရပဲ သွားရမယ်ဆိုလျှင် သူဆူးအား မငိုရန်ချော့ပေးနိုင်လိမ့်မည်။ ယခုတော့ သွားရမှာ စိတ်ပင်မဖြောင့်။
ဆူး ခီတန်ကူးဇဏ်ပုံစံကိုကြည့်ကာ ထွက်မဲ့မျက်ရည်ပင် ပြန်၀င်သွားသည်။ ဘာဆိုဘာမှ မလုပ်နိုင်တော့သလို ၊ လောကကြီးကိုပင် စိတ်ကုန်နေသလို ဖြစ်နေတဲ့ မျက်နှာမို့ သူဒီအချိန်ဟာ ငိုဖို့အချိန်ကောင်းမဟုတ်တာကို သတိချပ်မိသည်။
"ဟဲ့…ရတု "
"ခီတန်ကူးဇဏ် မျက်နှာမကောင်းဘူးနော် "
"အင်း ။ ငါသတိထားမိပါတယ် "
"သနားပါတယ်ဟယ် ။ ဘာလို့ကိုကြီးကလည်း မလာတာလည်းမသိဘူး ။ လေဆိပ်တော့လိုက်ပို့သင့်ပါတယ် ။ အခုတော့ ငါ့သူငယ်ချင်းက သနားစရာ "
"သူများကိစ္စကြား ၀င်မရှုပ်ပါနဲ့ ဆူးရာ "
ရတုက ပြောပြီး တန်ကူးနားသို့ကပ်သွားလိုက်သည်။
"တန်ကူး ။ ဘာမှစိတ်မပူနဲ့ စာသာ သေချာလုပ်ပြီး ပြန်ခဲ့ကြားလား။ မင်းသိမှာပါ ဘယ်အရာတွေက ကိုယ့်အတွက်ပိုအရေးကြီးလဲဆိုတာ "
"အင်း။ ငါသတိပါတယ် ရတု ။ မင်းလည်း ကျန်းမာရေးဂရုစိုက်ပါ "
"ခီကူး!! နင်တကယ်ကြီး ထွက်သွားတော့မှာပေါ့နော် ငါငိုချင်လာပြီ "
ဆူးက အော်ကာ အနားသို့ရောက်လာသည်။ဖွားက ဆူးကို မကြည်သလိုတစ်ချက်ကြည့်ကာ ကားပေါ်သို့ပြန်တက်သွားသည်။
" ဆူးရယ် ငါကကျောင်းသွားတက်မှာပါ "
"အေးပါ သိပါတယ် ။ နင်မရှိတဲ့အချိန်အတွင်း ကိုကြီးကိုငါစောင့်ရှောက်ပေးထားပါ့မယ်ဟာ "
"အဲ့တာနဲ့ ပတ်သက်ပြီးနင့်ကိုပြောရဦးမယ် ဆူး။ သူစိတ်ကျဉ်းကြပ်စေမဲ့ အရာတွေ ဘာမှသွားမလုပ်နဲ့ ။ ဒီအတိုင်း လွတ်လွတ်လပ်လပ်သာ လွှတ်ထားလိုက် ။ ငါပြောတာသဘောပေါက်လား ။ ငါကနင့်ကို သူ့ကိုစောင်ကြည့်ဖို့ လက်ထောက်ချတယ်လို့ မထင်စေချင်ဘူး။ ဒါပေမဲ့ ငါပြောတာပဲလုပ်  "
ဆူးက ခေါင်းသာတစ်ချက်ညိတ်ပြသည်။
"အေးပါ ။ ဒါနဲ့ နင့်ဒယ်ဒီရော လိုက်မပို့ဘူးလား "
"ဘယ်တုန်းက အရေးတယူလိုက်ပို့ဖူးလို့လဲ "
"ထားလိုက်ပါဟာ နင်ကိုကြီးကိုလိုချင်ရင် ကြိုးစားရမှာပေါ့ သိတယ်မလား "
"အင်း ။ ငါညိမ့်ကို ဘယ်သူ့မှမထိရဲအောင် ထားမှာ ။ ဘယ်သူကမှ မိုးသန့်ညိမ်ကိုစကားလုံးတွေနဲ့တောင် မထိခိုက်စေရဘူး "
"လေယာဉ်ချိန် နီးနေပြီမလား ။ သွားတော့လေ "
"အင်း ။ ငါသွားပြီ "
တဖြည်းဖြည်း ပျောက်ကွယ်သွားသော ကျောပြင်နှစ်ခုကို ကြည့်ရင်း နှစ်ယောက်သား ပြိုင်တူသက်ပြင်းသာ ချမိသည်။
ခီတန်ကူးဇဏ်ကို ယောင်္ကျားလေးတစ်ယောက်က ပြောင်းလဲစေလိမ့်မယ်လို့ ဘယ်တုန်းကမှ သူတို့မထင်ခဲ့ဖူးဘူး။
သူငယ်ငယ်ကဖြစ်ချင်တဲ့ အရာထက် သူချစ်သောသူအတွက် ဖြစ်သင့်တဲ့လမ်းကို လျှောက်သွားတာကို သူတို့နှစ်ယောက်လုံး မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည်။
"ရတု "
"ဟင် "
"စစ်သွေးကရော ဘယ်တော့ပြန်မှာလဲ "
"ဘာလို့ငါ့ကိုလာမေးနေတာလဲ ငါကဘယ်လိုလုပ်သိမှာလဲ "
"သူက နင့်နားပဲ တောက်တဲ့လိုကပ်နေတာကိုးဟဲ့ "
"လျှောက်ပြောမနေနဲ့ ဆူးဒေဝီ ။ ပြန်တာ မပြန်တာသူ့အကြောင်း "
ရတု ကပြောပြီးသည်နှင့် ခပ်မြန်မြန်ထွက်သွား၏။
ဘယ်စကားလုံးက ရတုကို စိတ်ဆိုးသွားစေမှန်း သူစဉ်းစားလို့မရ ။
"ငါဘာမှားပြန်ပြီ‌လဲ !"
──────────────────
ဒီနေ့ သူထွက်သွားမဲ့ရက်မှန်း မိုးသန့်ညိမ်သိသော်လည်း ဖုန်းတစ်ကောလ်သာ ဆက်ဖြစ်ခဲ့သည်။
လေဆိပ်ကို လိုက်မပို့တာကိုလည်း ထိုကောင်လေးက စိတ်ဆိုးမည်မဟုတ်ပေ ။ ဘာအကြောင်းအရာပဲဖြစမဖြစ် စိတ်မဆိုးတတ်တဲ့သူမို့ သနားလည်းသနားမိသလို အချစ်လည်းပိုရသည်။
ခီသာ လူငယ်တစ်ယောက်ဖြစ်တာမို့ သူ့ကိုထားသွားမှာလည်း ကြောက်မိသည်။
အရင်ထဲက သွားမည့်အကြောင်း ပြောလို့ရပါလျက် မပြောဘဲနေနိုင်သူအား သူဘယ်လိုအပြစ်တင်ရမလဲတောင် မသိတော့။
တစ်ဖက်မှလည်း သူ့အကြောင်းနဲ့သူ ရှိတာမို့ စိတ်ဆိုးတာကို ထုတ်မပြဖြစ်ခဲ့သော်လည်း သူတကယ်စိတ်ဆိုးပါ၏။
ဘယ်လောက်ပဲ ကျန်ခဲ့ရတဲ့သူဖြစ်ဖြစ် ထွက်ခွာသွားတဲ့ နေက်ကျောပြင်ကိုတော့ သူအမှန်တကယ်ပင် မကြည့်နိုင်။
သို့ပေမဲ့…နောက်ကျောပြင်လေးမှ မကြည့်နိုင်ခဲ့ရင်လည်း သူနောင်တရမိမယ်ထင်တယ်။
──────────────────
𝗚𝗲𝗻𝗻𝘆ʕ•ᴥ•ʔ
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ follower 400ပြည့်သွားတယ်><
Continue Reading
You'll Also Like
10K 383 45
880K 100K 59
The contents of this fiction are purely the author's imagination.
962K 50.3K 44
191K 15.2K 82
( Zawgyi+Unicode) "ခင်ဗျားကျေးဇူးဘယ်လောက်တန်လဲ အဲကျေးဇူးတွေ ငွေတွေနဲ့ ကျုပ်ဘဝကို အပိုင်ဖမ်းပြီးတာတောင် မလုံလောက်သေးဘူးလား မုန်းတယ် ခင်ဗျားကိုမုန်းတယ်...