Hyper's bad boy [NoRen]

By Neo-Zen

2.6K 351 32

NoRen | JeRen | NoJun Jeno Lee Renjun Huang / InJoon Hwang *Hyper Jeno's bad boy InJoon* Both Unicode & Zawgy... More

1
2
3
4
5
7
8
9
10
11

6

199 31 3
By Neo-Zen

Unicode ..

ဘာလိုလိုနဲ့ စာသင်နှစ်တစ်နှစ် ကုန်ဆုံးသွားခဲ့ပြီး Jeno တို့ အထက်တန်းနောက်ဆုံးနှစ်ကို ရောက်ရှိလာပြီဖြစ်သည်။ တစ်ချိန်လုံး ရန်ဖြစ်ပြီး ဆိုးနေတဲ့ ကောင်လေးက လိမ်မာပြီး ထူးချွန်တဲ့ကောင်လေးဖြစ်လာသည်။

"InJoon သားရေ ပြောစရာရှိလို့ ဆင်းလာပါဦး"

အောက်ထပ်က အမေဖြစ်သူ အော်ခေါ်သံကြောင့် InJoon အခန်းထဲကနေ အောက်ထပ်ကို ဆင်းလာခဲ့ပြီး ဧည့်ခန်းထဲက မိဘတွေထိုင်နေသည့်နေရာကို သွားလိုက်သည်။

"သား မင်းကို ပြောစရာရှိလို့။ တခြားတော့မဟုတ်ဘူး။ အဖေ ဒီနှစ်ထဲ တရုတ်က ကုမ္ပဏီကို ပြောင်းရလိမ့်မယ်"

"ဗျာ ဒါဆို သားပါ ကျောင်းပြောင်းရမှာလား".

InJoon အံ့သြထိတ်လန့်စွာ ပြန်မေးလိုက်သည်။

"အဖေတို့ကတော့ အဲ့လိုဖြစ်စေချင်တာပေါ့။ မဟုတ်ရင် သားဒီမှာ တစ်ယောက်တည်း ကျန်ခဲ့မှာလေ"

"အဖေတို့ ခွင့်ပြုမယ်ဆို သား ဒီမှာပဲ နေခဲ့လို့မရဘူးလား။ သားလည်း ကိုယ်တိုင်ရပ်တည်နိုင်တဲ့ အရွယ်ရောက်နေပြီပဲ"

"ဘာလို့လဲ သားက Jeno ကို မခွဲနိုင်လို့လား"

ရုတ်တရက် ဝင်ပြောလာတဲ့ အမေဖြစ်သူရဲ့စကားကြောင့် InJoon လန့်သွားသည်။

"မ မ မဟုတ်ပါဘူး အမေကလဲ"

InJoon ငြင်းလိုက်ပေမဲ့ သူ့အမေက ထပ်ပြောသည်။

"သားတို့နှစ်ယောက် ကြိုက်နေကြတာ အမေတို့သိတယ်"

ထိုစကားကြောင့် အဖေ့ကိုရော၊ အမေ့ကိုရော မဝံ့မရဲကြည့်လိုက်တော့ ပုံမှန်အတိုင်းပဲမို့ InJoon နည်းနည်းတော့ စိတ်အေးရပါသည်။

"သားတို့ တွဲတာကို အဖေတို့ အစက လက်မခံပေမဲ့ သားပျော်ရွှင်နေတာရော နောက် သူဘယ်လိုထိန်းချုပ်လိုက်လဲတော့မသိ ငါ့သားလေး ပြောင်းလဲလာတာတွေရောကြောင့် လက်ခံပေးလိုက်တာ"

သူ့ကို ကြည့်ရင်း ပြောလာတဲ့ အဖေဖြစ်သူစကားကြောင့် InJoon ပြုံးလိုက်မိပြီး မိဘတွေကိုလည်း သူတို့ကိုလက်ခံပေးသည့်အတွက် ကျေးဇူးတင်စကားလည်းပြောလိုက်သည်။

မိသားစု ၃ယောက် စကားဆက်ပြောကြရင်း အဆုံးသတ်ကတော့ InJoon က ဒီမှာနေခဲ့ပြီး ဖေဖေနဲ့မေမေက တရုတ်ပြောင်းဖို့ပင်။ မေမေ့ရဲ့ ဝမ်းကွဲညီမ၊ ဒေါ်လေးတစ်ယောက်က ကိုရီးယားမှာရှိပြီး စားသောက်ဆိုင် ဖွင့်ထားသည်မို့ စားသောက်ဖို့ရာကိုလည်း InJoon အဆင်ပြေသွားပြီဖြစ်သည်။

.............................................................................

ဒီနေ့ Jeno နဲ့ InJoon Movie date ဖို့ ချိန်းထားကြသည်။ ဆံပင်လေးတွေ ရှည်နေပြီး မညှပ်ဘဲ blonde ဆိုးထားတဲ့ InJoon က အရုပ်လေးနဲ့တူသည်။ Jeno ကတော့ တစိမ့်စိမ့်ကြည့်မဝပေါ့။ (Jeno ကြိုက်တယ်ဆိုတဲ့ HF era က hair style လေးပါ)

ရုပ်ရှင်ရုံရောက်​တော့ လက်မှတ်ဝယ်ပြီးတဲ့ Jeno က ပေါက်ပေါက်နဲ့ ကိုလာဝယ်နေတဲ့ InJoon ဘေးကို လာရပ်သည်။ နှစ်ယောက်သား အထဲရောက်ပြီး ထိုင်ခုံရှာမည်ဆိုတော့ အတွဲခုံကို Jeno က သူ့လက်ကိုဆွဲလို့ ခေါ်သွားသည်။

သူတို့ မကြာခဏ ရုပ်ရှင်လာကြည့်တတ်ပေမဲ့ တစ်ခါမှ အတွဲခုံမထိုင်ဖြစ်တာမို့ နည်းနည်းတော့ စိတ်လှုပ်ရှားမိသည်။

"ဘယ်လိုဖြစ်လို့ အတွဲခုံဝယ်လိုက်တာလဲ"

"ဘာဖြစ်လို့လဲ မင်းကို ဖက်လို့ရအောင်လေ မဟုတ်လည်း နမ်းလို့ရအောင်လေ"

Jeno ရဲ့ smirk လုပ်ပြီး နောက်ဆုံးမှာ နားနားကပ်ကာ တီးတိုးပြောလာတဲ့စကားကြောင့် InJoon  ရှက်သွားသည်။

"ဒါနဲ့ ငါမင်းကို ပြောစရာရှိတယ်"

ရုပ်ရှင်မစသေးတာမို့ သူ့ကို ဖက်ထားတဲ့ Jeno ကို ကြည့်ပြီး ပြောလိုက်သည်။

"ဘာလဲ ပြောလေ"

"ငါတို့နှစ်ယောက်တွဲနေတာကို ငါ့မိဘတွေသိနေတယ်"

"ဟုတ်လား ဆူလား။ ဘာပြောသေးလဲ။ ဘယ်တည်းကသိနေတာတဲ့လဲ"

"မဆူဘူး။ သူတို့ ဘယ်တည်းက သိနေလဲ သေချာမပြောပေမဲ့ တစ်နေ့ညက ငါတို့တွေ စကားပြောရင်း သူတို့သိနေတယ်ဆိုပြီး စပြောလာတာ။ အစက လက်မခံပေမဲ့ နောက်မင်းနဲ့တွဲပြီး ငါတဖြေးဖြေး ပြောင်းလဲသွားတာကြောင့်ရော၊ ငါတို့ချင်းလည်း အဆင်ပြေတာလည်း တွေ့ရတာမို့ လက်ခံပေးလိုက်တာတဲ့"

"ဒါဆို သဘောတူတယ်ပေါ့ ငါတို့ကို"

Jeno စကားကို ပြုံးပြရင်း ခေါင်းညိတ်ပြလိုက်တော့ InJoon ပါးကို နမ်းလာသည်။

တကယ့်ကို skinship ကြိုက်လွန်းတဲ့ Lee Jeno ပါပဲ 😒

"ဒါနဲ့ ငါ့မိဘတွေက နောက်လကျရင် တရုတ်ပြောင်းတော့မယ်"

ချက်ချင်းပြုံးနေရာက ငိုမဲ့မဲ့လေးဖြစ်သွားတဲ့ ကြောင်ပေါက်လေး Hwang InJoon

"ဘာဖြစ်လို့လဲ"

"လုပ်ငန်းတွေကြောင့်။ ငါ့ကိုလည်း အဲ့ဒါကြောင့် ကျောင်းလိုက်ပြောင်းမလား မေးရင်း ငါက ဒီမှာပဲ နေခဲ့မယ်ပြောတော့ မင်းနဲ့ငါကိစ္စကို ထုတ်ပြောလာရောလေ"

"ငါ့ကို မခွဲနိုင်တာကြောင့်မလား"

အဖေရော အမေရော သူရော တစ်လေသံတည်း ထွက်လာကြသည်ပဲ

"မင်းရော ငါ့ကို ခွဲနိုင်လား" သူ့ကိုမေးတဲ့ Jeno ကို မျက်မှောင်ကြုတ်ပြီး ပြန်မေးလိုက်တော့

"သေချာပေါက် ဘယ်ခွဲနိုင်မှာလဲ ငါ့ရဲ့ ဂျယ်လီလုံးလေးကို"

စကားပြောရုံပဲမဟုတ်ပဲ နောက်ဆက်တွဲ နမ်းတာကပါ ပါလာသည်။ ဒါပေမဲ့ ရုပ်ရှင်စပြလာပြီမို့ InJoon တို့အနမ်းတွေက မကြာရှည်လိုက်။

ရုပ်ရှင်ကားပြီးသွားပေမဲ့ ဇာတ်လမ်းက ဘာဖြစ်သလဲ Injoon သေချာမသိလိုက်။ တစ်ချိန်လုံး ဘေးကနေ နမ်းပြီး လိုက်လိုက်စနေတဲ့ Jeno ဟာ သူ့ကို နမ်းတဲ့အပြင် စနောက်ရတာကိုလည်း အတော် သဘောခွေ့ပုံရသည်။

ရုပ်ရှင်ကြည့်ပြီးလို့ ညစာစားတော့ ရုပ်ရှင်ရုံနားက ဝက်သုံးထပ်သားဆိုင်မှာ စားခဲ့ကြပြီး စားသောက်ပြီးတာနဲ့ နှစ်ယောက်လုံး အိမ်ပြန်ခဲ့လိုက်ကြသည်။ အရင်ကဆို ကျောင်းတက်ရသည်မို့  Jeno နေ့တိုင်း အချိန်တိုင်း Injoon ကိုတွေ့နေရပေမဲ့ အခုကျ ကျောင်းပိတ်ရက်မို့ အပြင်သိပ်မထွက်ခိုင်းသည့် အမေကြောင့် သုံးရက်လောက်မှသာ တစ်ခါတွေ့ဖြစ်ကြသည်။

ဒါပေမဲ့ နောက်ထပ်ရက်ပိုင်းဆို ကျောင်းပြန်ဖွင့်တော့မည်မို့ နေ့တိုင်း အချိန်တိုင်း ပြန်တွေ့ရတော့မည်။ ဒီနှစ် ကျောင်းတက်ရင်တော့ သူ InJoon နဲ့ သေချာပေါက် အတူတူထိုင်ပါမည်။ သူ့ကောင်လေးကို မခွဲတမ်း အနားမှာသာ ထားထားချင်ပါသည်။

စဥ်းစားရင်းနဲ့ .... Injoon ကျောင်းပြောင်းလာတဲ့အချိန်ကို Jeno မှတ်မိပါသေးသည်။ ဘယ်သူ့ကိုမှ လူမထင်သလို ခပ်စွာစွာလေးကို သူကလွဲလို့ တစ်ခန်းလုံးက စကားမခေါ်မပြောကြ။ စွာတေးလေးကလည်း သူနဲ့မတူမတန်သလို သူကလွဲလို့ တစ်ခန်းလုံး ဘယ်သူ့ကိုမှ စကားမပြော။ စဥ်းစားကြည့်မယ်ဆို သူတောင် ဆရာက အတန်းခေါင်းဆောင်မို့ လုပ်ခိုင်းတာတွေရှိတာကြောင့် Injoon နဲ့ စကားပြောဖြစ်ခဲ့တာပဲ။

Injoon ပြောင်းလာတုန်းက အလယ်တန်းနောက်ဆုံးနှစ်ဖြစ်ပြီး ကျောင်းဖွင့်ပြီး နှစ်လလောက်နေမှ ရောက်လာသည်မို့ စာကူးဖို့လိုအပ်သည်များကို Jeno ပဲ အစအဆုံး လိုက်ကူပေးခဲ့ရသည်။ အဲ့ချိန်တုန်းက Injoon က တကယ့်ကို ခုထက် ပိုဆိုးသည်။ ကျောင်းလည်း မကြာခဏ ပြေးသလို ကျောင်းတွင်းရော၊ ကျောင်းပြင်မှာရော မကြာခဏ ရန်ဖြစ်သည်။

အထက်တန်း ပထမနှစ်ကုန်ခါနီးမှာ စပြီး ကျောင်းပြေးတာသိပ်မရှိတော့သလို ရန်ဖြစ်တာလည်း နည်းသွားသည်။ သို့ပေမဲ့ အဲ့ချိန်တည်းက စွာတေးလေးက သူ့ရင်ထဲကို ဝင်ရောက်နေခဲ့တာဖြစ်မည်။

အခုဆို သူတို့ ခင်လာတာ ၃နှစ်ကျော်ပြီး ၄နှစ်ပြည့်တော့မည်။ တွဲတာလည်း နောက်ထပ်လပိုင်းဆို တစ်နှစ်ပြည့်တော့မည်။ သူစဖွင့်ပြောတုန်းက ငြင်းခဲ့ပြီး ၃ခါမြောက် ဖွင့်ပြောတော့မှ လက်ခံပေးခဲ့တာဖြစ်သည်။

၂ခါလုံးငြင်းတာလည်း တခြားကိစ္စကြောင့်မဟုတ် သူက ရန်ဖြစ်ပြီးဆိုးသွမ်းသည်မို့ စာတော်တဲ့ Jeno ကို သူ့ကြောင့် မထိခိုက်စေလိုသောဆိုတဲ့ အကြောင်းပြချက်နဲ့ဖြစ်သည်။ ၃ကြိမ်မြောက်ကျတော့ Jeno ဘက်က လက်ခံနားလည်ပေးမယ်ဆိုပြီး အတင်းပြောဆိုကာမှ လက်ခံလိုက်ပြီး စတွဲဖြစ်ခဲ့ကြခြင်းဖြစ်သည်။

Zawgyi ..

ဘာလိုလိုနဲ႔ စာသင္ႏွစ္တစ္ႏွစ္ ကုန္ဆုံးသြားခဲ့ၿပီး Jeno တို႔ အထက္တန္းေနာက္ဆုံးႏွစ္ကို ေရာက္ရွိလာၿပီျဖစ္သည္။ တစ္ခ်ိန္လုံး ရန္ျဖစ္ၿပီး ဆိုးေနတဲ့ ေကာင္ေလးက လိမ္မာၿပီး ထူးခြၽန္တဲ့ေကာင္ေလးျဖစ္လာသည္။

"InJoon သားေရ ေျပာစရာရွိလို႔ ဆင္းလာပါဦး"

ေအာက္ထပ္က အေမျဖစ္သူ ေအာ္ေခၚသံေၾကာင့္ InJoon အခန္းထဲကေန ေအာက္ထပ္ကို ဆင္းလာခဲ့ၿပီး ဧည့္ခန္းထဲက မိဘေတြထိုင္ေနသည့္ေနရာကို သြားလိုက္သည္။

"သား မင္းကို ေျပာစရာရွိလို႔။ တျခားေတာ့မဟုတ္ဘူး။ အေဖ ဒီႏွစ္ထဲ တ႐ုတ္က ကုမၸဏီကို ေျပာင္းရလိမ့္မယ္"

"ဗ်ာ ဒါဆို သားပါ ေက်ာင္းေျပာင္းရမွာလား".

InJoon အံ့ၾသထိတ္လန႔္စြာ ျပန္ေမးလိုက္သည္။

"အေဖတို႔ကေတာ့ အဲ့လိုျဖစ္ေစခ်င္တာေပါ့။ မဟုတ္ရင္ သားဒီမွာ တစ္ေယာက္တည္း က်န္ခဲ့မွာေလ"

"အေဖတို႔ ခြင့္ျပဳမယ္ဆို သား ဒီမွာပဲ ေနခဲ့လို႔မရဘူးလား။ သားလည္း ကိုယ္တိုင္ရပ္တည္ႏိုင္တဲ့ အ႐ြယ္ေရာက္ေနၿပီပဲ"

"ဘာလို႔လဲ သားက Jeno ကို မခြဲႏိုင္လို႔လား"

႐ုတ္တရက္ ဝင္ေျပာလာတဲ့ အေမျဖစ္သူရဲ႕စကားေၾကာင့္ InJoon လန႔္သြားသည္။

"မ မ မဟုတ္ပါဘူး အေမကလဲ"

InJoon ျငင္းလိုက္ေပမဲ့ သူ႔အေမက ထပ္ေျပာသည္။

"သားတို႔ႏွစ္ေယာက္ ႀကိဳက္ေနၾကတာ အေမတို႔သိတယ္"

ထိုစကားေၾကာင့္ အေဖကိုေရာ၊ အေဖကိုေရာ မဝံ့မရဲၾကည့္လိုက္ေတာ့ ပုံမွန္အတိုင္းပဲမို႔ InJoon နည္းနည္းေတာ့ စိတ္ေအးရပါသည္။

"သားတို႔ တြဲတာကို အေဖတို႔ အစက လက္မခံေပမဲ့ သားေပ်ာ္႐ႊင္ေနတာေရာ ေနာက္ သူဘယ္လိုထိန္းခ်ဳပ္လိုက္လဲေတာ့မသိ ငါ့သားေလး ေျပာင္းလဲလာတာေတြေရာေၾကာင့္ လက္ခံေပးလိုက္တာ"

သူ႔ကို ၾကည့္ရင္း ေျပာလာတဲ့ အေဖျဖစ္သူစကားေၾကာင့္ InJoon ၿပဳံးလိုက္မိၿပီး မိဘေတြကိုလည္း သူတို႔ကိုလက္ခံေပးသည့္အတြက္ ေက်းဇူးတင္စကားလည္းေျပာလိုက္သည္။

မိသားစု ၃ေယာက္ စကားဆက္ေျပာၾကရင္း အဆုံးသတ္ကေတာ့ InJoon က ဒီမွာေနခဲ့ၿပီး ေဖေဖနဲ႔ေမေမက တ႐ုတ္ေျပာင္းဖို႔ပင္။ ေမေမ့ရဲ႕ ဝမ္းကြဲညီမ၊ ေဒၚေလးတစ္ေယာက္က ကိုရီးယားမွာရွိၿပီး စားေသာက္ဆိုင္ ဖြင့္ထားသည္မို႔ စားေသာက္ဖို႔ရာကိုလည္း InJoon အဆင္ေျပသြားၿပီျဖစ္သည္။

.............................................................................

ဒီေန႔ Jeno နဲ႔ InJoon Movie date ဖို႔ ခ်ိန္းထားၾကသည္။ ဆံပင္ေလးေတြ ရွည္ေနၿပီး မညႇပ္ဘဲ blonde ဆိုးထားတဲ့ InJoon က အ႐ုပ္ေလးနဲ႔တူသည္။ Jeno ကေတာ့ တစိမ့္စိမ့္ၾကည့္မဝေပါ့။ (Jeno ႀကိဳက္တယ္ဆိုတဲ့ HF era က hair style ေလးပါ)

႐ုပ္ရွင္႐ုံေရာက္​ေတာ့ လက္မွတ္ဝယ္ၿပီးတဲ့ Jeno က ေပါက္ေပါက္နဲ႔ ကိုလာဝယ္ေနတဲ့ InJoon ေဘးကို လာရပ္သည္။ ႏွစ္ေယာက္သား အထဲေရာက္ၿပီး ထိုင္ခုံရွာမည္ဆိုေတာ့ အတြဲခုံကို Jeno က သူ႔လက္ကိုဆြဲလို႔ ေခၚသြားသည္။

သူတို႔ မၾကာခဏ ႐ုပ္ရွင္လာၾကည့္တတ္ေပမဲ့ တစ္ခါမွ အတြဲခုံမထိုင္ျဖစ္တာမို႔ နည္းနည္းေတာ့ စိတ္လႈပ္ရွားမိသည္။

"ဘယ္လိုျဖစ္လို႔ အတြဲခုံဝယ္လိုက္တာလဲ"

"ဘာျဖစ္လို႔လဲ မင္းကို ဖက္လို႔ရေအာင္ေလ မဟုတ္လည္း နမ္းလို႔ရေအာင္ေလ"

Jeno ရဲ႕ smirk လုပ္ၿပီး ေနာက္ဆုံးမွာ နားနားကပ္ကာ တီးတိုးေျပာလာတဲ့စကားေၾကာင့္ InJoon  ရွက္သြားသည္။

"ဒါနဲ႔ ငါမင္းကို ေျပာစရာရွိတယ္"

႐ုပ္ရွင္မစေသးတာမို႔ သူ႔ကို ဖက္ထားတဲ့ Jeno ကို ၾကည့္ၿပီး ေျပာလိုက္သည္။

"ဘာလဲ ေျပာေလ"

"ငါတို႔ႏွစ္ေယာက္တြဲေနတာကို ငါ့မိဘေတြသိေနတယ္"

"ဟုတ္လား ဆူလား။ ဘာေျပာေသးလဲ။ ဘယ္တည္းကသိေနတာတဲ့လဲ"

"မဆူဘူး။ သူတို႔ ဘယ္တည္းက သိေနလဲ ေသခ်ာမေျပာေပမဲ့ တစ္ေန႔ညက ငါတို႔ေတြ စကားေျပာရင္း သူတို႔သိေနတယ္ဆိုၿပီး စေျပာလာတာ။ အစက လက္မခံေပမဲ့ ေနာက္မင္းနဲ႔တြဲၿပီး ငါတေျဖးေျဖး ေျပာင္းလဲသြားတာေၾကာင့္ေရာ၊ ငါတို႔ခ်င္းလည္း အဆင္ေျပတာလည္း ေတြ႕ရတာမို႔ လက္ခံေပးလိုက္တာတဲ့"

"ဒါဆို သေဘာတူတယ္ေပါ့ ငါတို႔ကို"

Jeno စကားကို ၿပဳံးျပရင္း ေခါင္းညိတ္ျပလိုက္ေတာ့ InJoon ပါးကို နမ္းလာသည္။

တကယ့္ကို skinship ႀကိဳက္လြန္းတဲ့ Lee Jeno ပါပဲ 😒

"ဒါနဲ႔ ငါ့မိဘေတြက ေနာက္လက်ရင္ တ႐ုတ္ေျပာင္းေတာ့မယ္"

ခ်က္ခ်င္းၿပဳံးေနရာက ငိုမဲ့မဲ့ေလးျဖစ္သြားတဲ့ ေၾကာင္ေပါက္ေလး Hwang InJoon

"ဘာျဖစ္လို႔လဲ"

"လုပ္ငန္းေတြေၾကာင့္။ ငါ့ကိုလည္း အဲ့ဒါေၾကာင့္ ေက်ာင္းလိုက္ေျပာင္းမလား ေမးရင္း ငါက ဒီမွာပဲ ေနခဲ့မယ္ေျပာေတာ့ မင္းနဲ႔ငါကိစၥကို ထုတ္ေျပာလာေရာေလ"

"ငါ့ကို မခြဲႏိုင္တာေၾကာင့္မလား"

အေဖေရာ အေမေရာ သူေရာ တစ္ေလသံတည္း ထြက္လာၾကသည္ပဲ

"မင္းေရာ ငါ့ကို ခြဲႏိုင္လား" သူ႔ကိုေမးတဲ့ Jeno ကို မ်က္ေမွာင္ၾကဳတ္ၿပီး ျပန္ေမးလိုက္ေတာ့

"ေသခ်ာေပါက္ ဘယ္ခြဲႏိုင္မွာလဲ ငါ့ရဲ႕ ဂ်ယ္လီလုံးေလးကို"

စကားေျပာ႐ုံပဲမဟုတ္ပဲ ေနာက္ဆက္တြဲ နမ္းတာကပါ ပါလာသည္။ ဒါေပမဲ့ ႐ုပ္ရွင္စျပလာၿပီမို႔ InJoon တို႔အနမ္းေတြက မၾကာရွည္လိုက္။

႐ုပ္ရွင္ကားၿပီးသြားေပမဲ့ ဇာတ္လမ္းက ဘာျဖစ္သလဲ Injoon ေသခ်ာမသိလိုက္။ တစ္ခ်ိန္လုံး ေဘးကေန နမ္းၿပီး လိုက္လိုက္စေနတဲ့ Jeno ဟာ သူ႔ကို နမ္းတဲ့အျပင္ စေနာက္ရတာကိုလည္း အေတာ္ သေဘာေခြ႕ပုံရသည္။

႐ုပ္ရွင္ၾကည့္ၿပီးလို႔ ညစာစားေတာ့ ႐ုပ္ရွင္႐ုံနားက ဝက္သုံးထပ္သားဆိုင္မွာ စားခဲ့ၾကၿပီး စားေသာက္ၿပီးတာနဲ႔ ႏွစ္ေယာက္လုံး အိမ္ျပန္ခဲ့လိုက္ၾကသည္။ အရင္ကဆို ေက်ာင္းတက္ရသည္မို႔  Jeno ေန႔တိုင္း အခ်ိန္တိုင္း Injoon ကိုေတြ႕ေနရေပမဲ့ အခုက် ေက်ာင္းပိတ္ရက္မို႔ အျပင္သိပ္မထြက္ခိုင္းသည့္ အေမေၾကာင့္ သုံးရက္ေလာက္မွသာ တစ္ခါေတြ႕ျဖစ္ၾကသည္။

ဒါေပမဲ့ ေနာက္ထပ္ရက္ပိုင္းဆို ေက်ာင္းျပန္ဖြင့္ေတာ့မည္မို႔ ေန႔တိုင္း အခ်ိန္တိုင္း ျပန္ေတြ႕ရေတာ့မည္။ ဒီႏွစ္ ေက်ာင္းတက္ရင္ေတာ့ သူ InJoon နဲ႔ ေသခ်ာေပါက္ အတူတူထိုင္ပါမည္။ သူ႔ေကာင္ေလးကို မခြဲတမ္း အနားမွာသာ ထားထားခ်င္ပါသည္။

စဥ္းစားရင္းနဲ႔ .... Injoon ေက်ာင္းေျပာင္းလာတဲ့အခ်ိန္ကို Jeno မွတ္မိပါေသးသည္။ ဘယ္သူ႔ကိုမွ လူမထင္သလို ခပ္စြာစြာေလးကို သူကလြဲလို႔ တစ္ခန္းလုံးက စကားမေခၚမေျပာၾက။ စြာေတးေလးကလည္း သူနဲ႔မတူမတန္သလို သူကလြဲလို႔ တစ္ခန္းလုံး ဘယ္သူ႔ကိုမွ စကားမေျပာ။ စဥ္းစားၾကည့္မယ္ဆို သူေတာင္ ဆရာက အတန္းေခါင္းေဆာင္မို႔ လုပ္ခိုင္းတာေတြရွိတာေၾကာင့္ Injoon နဲ႔ စကားေျပာျဖစ္ခဲ့တာပဲ။

Injoon ေျပာင္းလာတုန္းက အလယ္တန္းေနာက္ဆုံးႏွစ္ျဖစ္ၿပီး ေက်ာင္းဖြင့္ၿပီး ႏွစ္လေလာက္ေနမွ ေရာက္လာသည္မို႔ စာကူးဖို႔လိုအပ္သည္မ်ားကို Jeno ပဲ အစအဆုံး လိုက္ကူေပးခဲ့ရသည္။ အဲ့ခ်ိန္တုန္းက Injoon က တကယ့္ကို ခုထက္ ပိုဆိုးသည္။ ေက်ာင္းလည္း မၾကာခဏ ေျပးသလို ေက်ာင္းတြင္းေရာ၊ ေက်ာင္းျပင္မွာေရာ မၾကာခဏ ရန္ျဖစ္သည္။

အထက္တန္း ပထမႏွစ္ကုန္ခါနီးမွာ စၿပီး ေက်ာင္းေျပးတာသိပ္မရွိေတာ့သလို ရန္ျဖစ္တာလည္း နည္းသြားသည္။ သို႔ေပမဲ့ အဲ့ခ်ိန္တည္းက စြာေတးေလးက သူ႔ရင္ထဲကို ဝင္ေရာက္ေနခဲ့တာျဖစ္မည္။

အခုဆို သူတို႔ ခင္လာတာ ၃ႏွစ္ေက်ာ္ၿပီး ၄ႏွစ္ျပည့္ေတာ့မည္။ တြဲတာလည္း ေနာက္ထပ္လပိုင္းဆို တစ္ႏွစ္ျပည့္ေတာ့မည္။ သူစဖြင့္ေျပာတုန္းက ျငင္းခဲ့ၿပီး ၃ခါေျမာက္ ဖြင့္ေျပာေတာ့မွ လက္ခံေပးခဲ့တာျဖစ္သည္။

၂ခါလုံးျငင္းတာလည္း တျခားကိစၥေၾကာင့္မဟုတ္ သူက ရန္ျဖစ္ၿပီးဆိုးသြမ္းသည္မို႔ စာေတာ္တဲ့ Jeno ကို သူ႔ေၾကာင့္ မထိခိုက္ေစလိုေသာဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ျဖစ္သည္။ ၃ႀကိမ္ေျမာက္က်ေတာ့ Jeno ဘက္က လက္ခံနားလည္ေပးမယ္ဆိုၿပီး အတင္းေျပာဆိုကာမွ လက္ခံလိုက္ၿပီး စတြဲျဖစ္ခဲ့ၾကျခင္းျဖစ္သည္။

Continue Reading

You'll Also Like

140K 5.8K 102
a sister who's actions are untamed, and a brother who's feelings are untamed. With complete different personalities, yet an awesome bond, the sibling...
439K 10.9K 60
𝐋𝐚𝐝𝐲 𝐅𝐥𝐨𝐫𝐞𝐧𝐜𝐞 𝐇𝐮𝐧𝐭𝐢𝐧𝐠𝐝𝐨𝐧, 𝐝𝐚𝐮𝐠𝐡𝐭𝐞𝐫 𝐨𝐟 𝐭𝐡𝐞 𝐰𝐞𝐥𝐥-𝐤𝐧𝐨𝐰𝐧 𝐚𝐧𝐝, 𝐦𝐨𝐫𝐞 𝐢𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭𝐥𝐲, 𝐰𝐞𝐥𝐥-𝐫...
99.6K 3K 31
"she does not remind me of anything, everything reminds me of her." lando norris x femoc! social media x real life 2023 racing season
364K 13.1K 57
𝐈𝐍 𝐖𝐇𝐈𝐂𝐇 Ellie Sloan reunites with her older brother when her hospital merges with his jackson avery x ellie sloan (oc) season six ━ season se...