4

189 31 2
                                    

Unicode

"ငါချစ်တဲ့သူကို လာထိပါးဖို့လုပ်ပြီး ငါ့ကိုလည်း စော်ကားဖို့လုပ်တဲ့သူတစ်ယောက်ကို ပညာပေးလိုက်ရုံပါပဲ"

တစ်ညနေလုံး ဘာမှလည်းမပြော၊ မေးတာလည်းမဖြေဘဲ အိပ်ပဲအိပ်နေသည်သူက မနက်ဖြန် ကျောင်းတစ်ရက်တက်ရဦးမယ့်အပြင် အိမ်စာလည်းရှိသေးတာကို လုပ်ရဦးမည်မို့ Jeno ပြန်တော့မည်ပြောမှ ထိုစကားကို ပြောလာလေသည်။

"သူက ဘာပြောလို့လဲ။ မင်းကိုရော တစ်ခုခုလုပ်သေးတာလား"

Jeno လွယ်အိတ်ကို ပြန်ချလိုက်ပြီး လှဲအိပ်နေရာမှ ထထိုင်လာတဲ့ InJoon ကို ဖက်ရင်း ပြန်မေးလိုက်သည်။

"အခုမပြောချင်သေးဘူး။ ပြန်တော့မှာမလား။ သေချာဂရုစိုက်ပြန်နော်"

InJoon မပြောချင်ဘူးဆိုတဲ့အတွက် Jeno လည်း အတင်းအကြပ်မမေးတော့ဘဲ နဖူးကိုတစ်ချက်နမ်းပြီး ဖက်ထားရာမှ ပြန်လွှတ်ပေးလိုက်သည်။

Jeno အခန်းကို ပြန်ပိတ်ခါနီး သန်ဘက်ခါကျောင်းပိတ်သည်မို့ မနက်ဖြန်ည သူ့အိမ်မှာ လာအိပ်ဖို့ ခေါ်သည့် InJoon ကို ပြုံးပြပြီး ခေါင်းညိတ်ပြလိုက်သည်။

.............................................................................

Jeno အိမ်ပြန်ရောက်တော့ သူ့မိဘတွေနဲ့ အစ်မဖြစ်သူ ဧည့်ခန်းထဲ၌ စကားပြောနေကြသည်။ သူသွားဝင်ထိုင်တော့ မေမေက သူ့ကိုကြည့်လာပြီး

"ဘယ်ကပြန်လာတာလဲ"

"InJoon ဆီက"

"သွားပြန်ပြီလား အဲ့ကောင်လေးဆီ"

"အင်း"

"မင်းက ငါ့စကားကို အလေးမထားတာလား Jeno"

Jeno ဘာမှပြန်မဖြေတော့ဘဲ အဖေ့ကိုပဲ ခေါင်းညိတ်နှုတ်ဆက်ပြီး ထိုင်ရာမှ ပြန်ထကာ သူ့အခန်းဆီသို့ တက်သွားလိုက်သည်။

"အဲ့ကောင်လေးနဲ့ မပေါင်းပါနဲ့ဆိုတာ ပြောလို့ကိုမရဘူး"

"မိန်းမ မင်းကလည်း ကလေးတွေကို လိုက်ပြီး"

"ဘာ ကလေးတွေကို လိုက်ပြီးလဲ။ ရှင့်သား လူပေါင်းမတော်လို့ တစ်ခုခုဖြစ်မှာစိုးပြီး ဆူနေရတာ ဘယ်နှယ့်တော် တစ်ချိန်လုံး ရန်ဖြစ်နေတဲ့သူနဲ့များ အပေါင်းအသင်းလုပ်နေရတယ်လို့"

Hyper's bad boy [NoRen]Where stories live. Discover now