6

199 31 3
                                    

Unicode ..

ဘာလိုလိုနဲ့ စာသင်နှစ်တစ်နှစ် ကုန်ဆုံးသွားခဲ့ပြီး Jeno တို့ အထက်တန်းနောက်ဆုံးနှစ်ကို ရောက်ရှိလာပြီဖြစ်သည်။ တစ်ချိန်လုံး ရန်ဖြစ်ပြီး ဆိုးနေတဲ့ ကောင်လေးက လိမ်မာပြီး ထူးချွန်တဲ့ကောင်လေးဖြစ်လာသည်။

"InJoon သားရေ ပြောစရာရှိလို့ ဆင်းလာပါဦး"

အောက်ထပ်က အမေဖြစ်သူ အော်ခေါ်သံကြောင့် InJoon အခန်းထဲကနေ အောက်ထပ်ကို ဆင်းလာခဲ့ပြီး ဧည့်ခန်းထဲက မိဘတွေထိုင်နေသည့်နေရာကို သွားလိုက်သည်။

"သား မင်းကို ပြောစရာရှိလို့။ တခြားတော့မဟုတ်ဘူး။ အဖေ ဒီနှစ်ထဲ တရုတ်က ကုမ္ပဏီကို ပြောင်းရလိမ့်မယ်"

"ဗျာ ဒါဆို သားပါ ကျောင်းပြောင်းရမှာလား".

InJoon အံ့သြထိတ်လန့်စွာ ပြန်မေးလိုက်သည်။

"အဖေတို့ကတော့ အဲ့လိုဖြစ်စေချင်တာပေါ့။ မဟုတ်ရင် သားဒီမှာ တစ်ယောက်တည်း ကျန်ခဲ့မှာလေ"

"အဖေတို့ ခွင့်ပြုမယ်ဆို သား ဒီမှာပဲ နေခဲ့လို့မရဘူးလား။ သားလည်း ကိုယ်တိုင်ရပ်တည်နိုင်တဲ့ အရွယ်ရောက်နေပြီပဲ"

"ဘာလို့လဲ သားက Jeno ကို မခွဲနိုင်လို့လား"

ရုတ်တရက် ဝင်ပြောလာတဲ့ အမေဖြစ်သူရဲ့စကားကြောင့် InJoon လန့်သွားသည်။

"မ မ မဟုတ်ပါဘူး အမေကလဲ"

InJoon ငြင်းလိုက်ပေမဲ့ သူ့အမေက ထပ်ပြောသည်။

"သားတို့နှစ်ယောက် ကြိုက်နေကြတာ အမေတို့သိတယ်"

ထိုစကားကြောင့် အဖေ့ကိုရော၊ အမေ့ကိုရော မဝံ့မရဲကြည့်လိုက်တော့ ပုံမှန်အတိုင်းပဲမို့ InJoon နည်းနည်းတော့ စိတ်အေးရပါသည်။

"သားတို့ တွဲတာကို အဖေတို့ အစက လက်မခံပေမဲ့ သားပျော်ရွှင်နေတာရော နောက် သူဘယ်လိုထိန်းချုပ်လိုက်လဲတော့မသိ ငါ့သားလေး ပြောင်းလဲလာတာတွေရောကြောင့် လက်ခံပေးလိုက်တာ"

သူ့ကို ကြည့်ရင်း ပြောလာတဲ့ အဖေဖြစ်သူစကားကြောင့် InJoon ပြုံးလိုက်မိပြီး မိဘတွေကိုလည်း သူတို့ကိုလက်ခံပေးသည့်အတွက် ကျေးဇူးတင်စကားလည်းပြောလိုက်သည်။

Hyper's bad boy [NoRen]Where stories live. Discover now