Raising You This Small Stuff
Unicode
Extra (1)
"စိတ်ဒုက္ခရောက်ခဲ့ရတဲ့အချိန်တွေ" အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီ။
မိုရိချန်နှင့် ယွမ်းစွော်တို့က 'အဆင့်ပြည့်' ပြဿနာကို ဖြေရှင်းပြီးခဲ့တာ ခြောက်လနီးပါးရှိနေပြီဖြစ်သည်။
ထိုခြောက်လအတွင်းတွင် ချန်ကျောင်နှင့် မိုရိယန်တို့ရဲ့relationshipက ကောင်းချီးများစွာရရှိခဲ့ပြီး ချန်ကျောင်ရဲ့ ကျော်ကြားမှုက ပိုတိုးလာကာ ဂီတနယ်ပယ်တွင် သူ့ရဲ့ရပ်တည်ချက်က ပိုပြီး ခိုင်မာလာခဲ့သည်။
ဒီနေ့က မေမေမိုရဲ့မွေးနေ့ဖြစ်တာကြောင့် သူမရဲ့သားသုံးယောက်စလုံးက သူတို့ရဲ့ချစ်သူတွေကို ပါဝင်ဆင်နွှဲကြဖို့ အိမ်သို့ ခေါ်လာခဲ့ကြသည်။
မိုရိချန်က ယွမ်းစွော်နှင့်အတူ ရောက်ရှိလာတဲ့အခါ မိုရိယန်နှင့် ချန်ကျောင်တို့က မေမေမိုနှင့်အတူ မာကျောက်ကို အကြိမ်ပေါင်းများစွာ ကစားခဲ့ပြီးပြီဖြစ်ကာ ညီအစ်ကိုနှစ်ယောက်လုံး မျှော်လင့်ထားသည့်အတိုင်းပင် သူတို့က မေမေမို စိတ်ကျေနပ်စေရန် တူညီသည့်နည်းလမ်းကို အသုံးပြုခဲ့ကြသည်။ မေမေမိုက ငွေများစွာနိုင်ခဲ့ပြီး စိတ်ကျေနပ်စွာဖြင့် သူမရဲ့ အိတ်ကပ်ကို ပုတ်လိုက်သည်။
မိုရိရှုက သူ့ကောင်မလေးကို နိုင်ငံခြားက ပြန်ခေါ်လာခဲ့သည်။ သူမရဲ့နာမည်မှာ လင်းယင်းရွှယ်ဖြစ်ပြီး နက်နဲတဲ့မျက်နှာသွင်ပြင်ရှိကာ အလွန်အရပ်ရှည်ပြီး ဥရောပသွေးလေးပုံတစ်ပုံပါရှိသူဖြစ်သည်။
မေမေမိုက အစပိုင်းတွင် ပြုံးနေသော်လည်း လင်းယင်းရွှယ်ရဲ့လက်ကို ခဏလောက် ပွတ်သပ်ပြီးနောက် သူမရဲ့မျက်လုံးတွေထဲတွင် သံသယအရိပ်အမြွက်တစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။
မိုရိရှုက သူမရဲ့အပြောင်းအလဲကို သတိပြုမိပြီး လင်းယင်းရွှယ်က မသင့်လျော်တဲ့ စကားလုံးအချို့ကို ပြောမိတာကြောင့် ဖြစ်တယ်လို့ ထင်လိုက်သည်။
"မေမေ ယင်းရွှယ်က နိုင်ငံခြားမှာ ကြီးပြင်းလာတဲ့အတွက် သူ့တရုတ်စကားက သိပ်မကောင်းသလို တစ်ခါတလေ အသုံးအနှုန်းတွေမှာ ကွဲလွဲမှုတွေ ရှိနေတတ်တယ်"
မိုရိရှုက ရှင်းပြလိုက်သည်။
"အာ အဆင်ပြေပါတယ်။ ရတယ် ရှောင်ရွှယ်... အဆင်ပြေတယ်"
မေမေမိုက ဇဝေဇဝါဖြစ်လာပြီး သူမရဲ့မျက်လုံးတွေက လင်းယင်းရွှယ်ရဲ့ ခန္ဓာကိုယ်ဆီသို့ မကြာခဏ စိုက်ကြည့်နေသည်။
ညစာ အဆင်သင့်ဖြစ်ပြီဟု အိမ်တော်ထိန်းက လူတိုင်းကို အသိပေးလိုက်သည်။
သူတို့အားလုံး ညစာစားဖို့ ထမင်းစားခန်းကို သွားခဲ့ကြတဲ့အခါ မေမေမိုက တစ်ခုခုယူဖို့ အပေါ်ထပ်တက်ရမယ်လို့ ချက်ချင်းပြောလာပြီး မိုရိရှုကိုလည်း တက်လာဖို့ ခေါ်ခဲ့သည်။
သားအမိနှစ်ယောက် အခန်းထဲ ဝင်လိုက်သည်နှင့် မေမေမိုရဲ့အမူအရာက ချက်ချင်း လေးနက်သွားခဲ့သည်။
"ငါ့ကို ပြောစမ်း လင်းယင်းရွှယ်က မိန်းကလေးလိုဝတ်ရတာ ကြိုက်တဲ့ယောက်ျားလေးလား"
မေမေမိုက ဒေါသတကြီးပြောလိုက်သည်။
မိုရိရှုက ဆွံ့အသွားကာ မျက်နှာပေါ်တွင် အနက်ရောင်မျဉ်းတွေ တွဲလောင်းကျလာခဲ့သည်။
ဒီစကားလုံးကို မေမေ ဘယ်သူ့တွေဆီက သင်ယူခဲ့တာလဲ။ ဒီလိုထူးဆန်းတဲ့မေးခွန်းက ဘယ်လိုထွက်လာရတာလဲ။ လင်းယင်းရွှယ်က ဘယ်နားကနေ မိန်းကလေးအဝတ်အစား ဝတ်ရတာကြိုက်တဲ့ ယောက်ျားလေးနဲ့ တူသွားရပြန်တာလဲ။ ဘယ်ကနေစရမှန်းမသိတဲ့ မေးခွန်းတွေ အများကြီးရှိလာခဲ့သည်။
မိုရိရှုရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်နှာကို မြင်လိုက်ရတော့ မေမေမိုက လန့်သွားသည်။
သူမက အသံကို မြှင့်လိုက်သည် : "မင်း တကယ်ပဲ မိန်းကလေးအဝတ်အစား ဝတ်ရတာ ကြိုက်တဲ့ ယောက်ျားလေးကို ခေါ်လာခဲ့တာလား။ မင်းငါ့ကို စိတ်တိုပြီး ရူးသွားစေချင်နေတာလား"
သူ့သားအငယ်ဆုံးက မြေးရဖို့အတွက် သူမရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တာမို့ ဘယ်လိုလုပ် စိတ်မလှုပ်ရှားပဲ နေတော့မှာလဲ။
မိုရိရှုက မနေနိုင်တော့ဘဲ အရင်မေးလိုက်သည်။
"မေမေ... အဲ့'မိန်းကလေးအဝတ်အစား ဝတ်ရတာ ကြိုက်တဲ့ယောက်ျားလေး'ဆိုတဲ့ စကားလုံးကို ဘယ်ကနေ သင်ယူခဲ့တာလဲ"
မေမေမိုက ဖြေလိုက်သည်။
"ဒူဒူက ဝတ္ထုကောင်းတွေ အများကြီးကို အကြံပြုခဲ့တာလေ။ အဲဒါက အဓိကမဟုတ်ဘူး။ အဓိကအချက်က...."
"မေမေ ယင်းရွှယ်က မိန်းကလေး အဝတ်အစား ဝတ်ရတာ ကြိုက်တဲ့ ယောက်ျားလေး မဟုတ်ပါဘူး!"
မိုရိရှုက ပြိုလဲလုနီးပါးပင်။
"သူ့မှာ ဥရောပသွေးပါတာမို့ အရိုးအဆစ်က နည်းနည်းပိုကြီးပြီး အရပ်ရှည်ပေမယ့် သူက လုံးဝကို တကယ့် မိန်းကလေးအစစ်ပါ!"
မေမေမိုက သားဖြစ်သူရဲ့ရှင်းပြချက်ကို ကြားရပေမယ့် သံသယရှိနေဆဲပင်။
"တကယ်လား"
"တကယ်ပါဗျာ။ အဲဒီဝတ္ထုတွေကြောင့် လှည့်စားမခံပါနဲ့။ ဘယ်ယောက်ျားလေးမှ တကယ့်မိန်းကလေးလို မလှနိုင်ပါဘူး"
မိုရိရှုက နှစ်သိမ့်လိုက်သည်။
မေမေမိုက အထွန့်တက်လိုက်သည်။
"ဒါတော့မမှန်ပါဘူး။ ဒူဒူသာ အဝတ်အစားပြောင်းဝတ်လိုက်ရင် သူမထက် ပိုလှမယ်ထင်တာပဲ"
ထိုသို့ပြောပြီးနောက် သူမရဲ့သားကို ထိခိုက်လွန်းမိပြီလို့ ခံစားလိုက်ရတဲ့အတွက် စကားကို ပြောင်းလိုက်သည်။
"ချန်ကျောင်ကတော့... အမ်.... မိန်းကလေးလို ၀တ်စားဆင်ယင်မှု ပြောင်းရင် သူမလောက် မလှလောက်ပါဘူး"
မိုရိရှု : "...."
မွေးနေ့ပွဲက အသက်ဝင်ပြီး လိုက်ဖက်ညီလှသည်။
မိုရိရှုရဲ့မျက်လုံးတွေက ဘာလို့ ယွမ်းစွော်နှင့် ချန်ကျောင်တို့ရဲ့မျက်နှာတွေဆီ အမြဲရောက်နေသလဲလို့ လူတိုင်းက စိတ်ရှုပ်နေခဲ့ကြပြီး သူက တစ်စုံတစ်ခုကို တွေးနေသကဲ့သို့ တစ်ခါတစ်ရံ သူ့မျက်လုံးတွေကို အနည်းငယ်မှိတ်နေသေးသည်။
မိုရိယန်နှင့် မိုရိချန်တို့က မနေနိုင်တော့ဘဲ သူတို့ရဲ့ အချုပ်အခြာအာဏာကို ပြသရန် လည်ချောင်းတွေကို ရှင်းနေရတော့သည်။
ထမင်းစားပြီးနောက် မေမေမိုက လင်းယင်းရွှယ်အား မိသားစုရေကူးကန်ဆီ ရေကူးဖို့ ဆွဲခေါ်သွားကာ မိုရိရှုကလည်း အလွန်မောပန်းနွမ်းနယ်နေကာ သူမနောက်မှ လိုက်သွားခဲ့ရသည်။
ချန်ကျောင်က ရေကြောက်တာကြောင့် မိုရိယန်နောက်မှလိုက်ကာ အစာကြေဖို့အတွက် ဒုတိယထပ်ရှိ လသာဆောင်တွင်နေခဲ့သည်။ ယွမ်းစွော်က သူ့ရဲ့လည်ပင်းခေါက်ဆွယ်တာကို မသိစိတ်က ဆွဲထုတ်လိုက်ပြီး မနေ့က သူ အအေးမိထားလို့ သူတို့နှစ်ယောက် ရေမကူးနိုင်ဘူးလို့ မိုရိချန်က ရှင်းပြလိုက်သည်။ သူတို့လေးယောက်က စကားစမြည်ပြောရင်း အတူတူနေခဲ့ကြသည်။
"ဒီနေ့ ရိရှုနဲ့ပတ်သတ်ပြီး ထူးဆန်းတာတစ်ခုရှိနေတယ်"
မိုရိယန်က စကားစပြောလိုက်သည်။
မိုရိချန်က ခေါင်းညိတ်သဘောတူလိုက်ပြီး
"မေမေကလည်း အတော်လေးထူးဆန်းနေတယ်။ ပထမဆုံးအကြိမ် အိမ်ကိုအလည်လာတဲ့ လင်းယင်းရွှယ်ကို ထမင်းစားပြီးပြီးချင်း ရေကူးဖို့ခေါ်သွားတာလေ"
သို့သော် မကြာခင်မှာပဲ အကြောင်းအရာက ပြောင်းသွားပြီး သူတို့လေးယောက်က ဖျော်ဖြေရေး အသိုင်းအဝိုင်းနှင့် စီးပွားရေးကိစ္စတွေအကြောင်း ပြောနေကြသည်။
ခဏလောက် စကားစမြည်ပြောပြီးနောက် ချန်ကျောင်က အနည်းငယ် အိပ်ငိုက်လာပုံရသည်။ မိုရိယန်က သူ့နားရွက်နား ကပ်လိုက်ပြီး တစ်စုံတစ်ခုကို ပြောလိုက်တော့ ချန်ကျောင်ရဲ့ မျက်နှာက ချက်ချင်း နီရဲလာပြီး ထစ်ထစ်ငေါ့ငေါ့ပြောလာသည်။
"မဟုတ်ဘူး...မဟုတ်ဘူး ဆရာဝန်ခေါ်စရာ မလိုပါဘူး"
အဆုံးတွင် မိုရိယန်က သူ့ကို အပေါ်ထပ်တွင် အနားယူဖို့ ပြန်ခေါ်သွားခဲ့သည်။
မိုရိချန်နှင့် ယွမ်းစွော်တို့နှစ်ယောက်ကြားက စကားပြောဆိုမှုကို အနည်းနှင့်အများ မှန်းဆနိုင်မယ်လို့ မျှော်လင့်ပါသည်။
ယွမ်းစွော်က သူ့လည်ချောင်းကို အနည်းငယ် ရှက်ရွံ့စွာ ရှင်းထုတ်လိုက်ပြီး အောက်ထပ်ကို လှမ်းကြည့်ကာ စားပွဲပေါ်ရှိ သံပုရာရည်ကို ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်သည်။
"အရှင်မင်းကြီး ဘာတွေတွေးနေတာလဲ..."
မိုရိချန်က ဘေးကို ယိမ်းကာ ယွမ်းစွော်ရဲ့ နားရွက်ကို ညင်သာစွာ ဆွဲညှစ်ဖို့ သူ့လက်ကို ဆန့်တန်းလိုက်သည်။ ကြယ်တာရာကမ္ဘာမှာ သူ့ကို 'အရှင်မင်းကြီး'လို့ ခေါ်နေကျဖြစ်ပေမယ့် အဲ့လိုအသံနိမ့်နိမ့်ဖြင့် ခေါ်တိုင်း ယွမ်းစွော်က နားမလည်နိုင်အောင် တုန်လှုပ်နေဆဲပင်။
ယွမ်းစွော်ရဲ့နောက်ကျောက ပုန်းဖို့ ကျုံ့သွားပေမယ့် ပက်လက်ကုလားထိုင်ရဲ့ ထောင့်ကြောင့် မလှုပ်ရှားနိုင်ဘဲ ပိတ်မိနေခဲ့သည်။
မိုရိချန်က သူ့ကို အနိုင်ကျင့်ဖို့ အခွင့်အရေးယူကာ ယွမ်းစွော်ရဲ့မေးစေ့ကို ညှစ်ကာ သူ့ကို ကြည့်ဖို့ ဖိအားပေးလိုက်သည်။
"အရှင်မင်းကြီး ကျွန်တော်မျိုးက အရင်ကရုပ်ရှင်ရိုက်နေရတာကြောင့် တင်းတင်းကြပ်ကြပ် ချုပ်တည်းထားပေမယ့် အခုတော့..."
"ဒါပေမယ့်...အခုက အိမ်မှာ မဟုတ်ဘူးလေ"
ယွမ်းစွော်က အမြန် ကန့်ကွက်လိုက်သည်။ သူသာ မိုရိချန်ကို ဒီမှာ တစ်ခုခုလုပ်ခွင့်ပေးလိုက်ပြီး သူတို့ကို ဖမ်းမိသွားခဲ့ရင် သူ ခုန်ချမိမှာ ကြောက်သည်။
"ဒီနေရာက ကိုယ်ကြီးပျင်းလာတဲ့နေရာလေ ဘယ်လိုလုပ် အိမ်မဟုတ်ရမှာ..."
မိုရိချန်ရဲ့ စကားမဆုံးခင်မှာပင်ခြေသံက ကြားဖြတ်ဝင်လာခဲ့သည်။
ယွမ်းစွော်က ထိတ်လန့်သွားပြီး မေမေမိုဖြစ်နေမှာ ကြောက်တဲ့အတွက် ယခုအကြိမ်တွင် အားအပြည့်နှင့် မိုရိချန်ကို မသိစိတ်က တွန်းထုတ်လိုက်ရာ မိုရိချန်ကလည်း အဆင်သင့်မပြင်ထားမိသဖြင့် တကယ်ကြီး နောက်ပြန်ဆုတ်ကာ အနည်းငယ် ခလုတ်တိုက်သွားခဲ့သည်။
မိုရိချန်က မော့ကြည့်လိုက်တော့ အဲဒါက မိုရိရှုပဲလို့ မြင်လိုက်တာနဲ့ သူ့မျက်နှာက ချက်ချင်း ရုပ်ဆိုးသွားခဲ့သည်။
သူ့ဒုတိယအစ်ကိုရဲ့မျက်နှာက ကြည့်မကောင်းတာကိုမြင်တော့ မိုရိရှုက ချက်ချင်းပြောလိုက်သည်။
"ဒုတိယအစ်ကို အခု ကျွန်တော်က အစ်ကိုနဲ့အစ်ကိုကြီးအတွက် ကျည်ကာအင်္ကျီဖြစ်နေပြီး နေ့တိုင်း မေမေ ပစ်ချနေတဲ့ သံပူအိုးကို ထမ်းနေရတယ်။ အစ်ကိုတို့တွေ အပြစ်ရှိတယ်လို့ မထင်ကြတော့ဘူးလား"
မိုရိချန်ရဲ့ဒေါသက ပြေလျော့သွားပြီး : "...ဘာဖြစ်နေတာလဲ"
မိုရိရှုက ထိုင်ချလိုက်ပြီး
"ကောင်းပြီ ကျွန်တော် အခု အစ်ကို့ကို တိုင်ပြောဖို့ လာရှာတာပဲ"
ဒီလိုပြောနေရင်းနဲ့ သူ့အကြည့်တွေက ပါးပြင်တွေနီမြန်းနေတဲ့ ယွမ်းစွော်ဆီကို ရောက်သွားသည်။
မိုရိချန်က ဒါကို ကောင်းကောင်းသိပြီး မိုရိရှုရဲ့ ခေါင်းကိုပုတ်လိုက်သည်။
မိုရိရှုက ထအော်သည်။
"ဒုတိယအစ်ကို မင်းအဲ့လိုလုပ်ရလား။ ကျွန်တော်တစ်ချက်လေးပဲ ကြည့်တာလေ"
မိုရိရှုက ခေါင်းကို ပွတ်သပ်လိုက်သည်။
"ပြော မင်းဒီနေ့ဘာလို့ထူးဆန်းနေတာလဲ"
မိုရိချန်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
မိုရိရှုက ပဲစေ့တွေကို ချက်ချင်း လောင်းထည့်လိုက်ပြီး မေမေမိုက သူ့ကောင်မလေးကို မိန်းကလေးအဝတ်အစား ဝတ်ရတာကြိုက်တဲ့ ယောက်ျားလေးလို့ ထင်နေကြောင်း ပြောပြလိုက်သည်။
"ဖူးးးးး"
မိုရိချန်က လင်းယင်းရွှယ်ရဲ့ရုပ်ရည်ကို ပြန်တွေးလိုက်သည်။ အမှန်တော့ သူမက အရှေ့တိုင်းအမျိုးသမီးများကြားတွင် အတွေ့များတဲ့ ပျော့ပျောင်းသည့်အလှနှင့် နူးညံ့သိမ်မွေ့မှု နည်းပါးသော်လည်း ယောက်ျားလေးနှင့် တူသည်လို့တော့ မဟုတ်ပေ။ သူနှင့် သူ့အစ်ကိုကြီးတို့ရဲ့ coming outလုပ်ခဲ့တာက သူတို့အမေကို အများကြီး နှိုးဆွပေးခဲ့သလို ဖြစ်သွားပုံရသည်။
မိုရိရှုရဲ့စကားကို နားထောင်ပြီးနောက် ယွမ်းစွော်က ရုတ်တရက် အလင်းပေါက်သွားသည်။
"အဲဒါကြောင့် မေမေက ရေကူးချင်နေတာကိုး"
ထို့နောက် အနည်းငယ် ရှက်သွားသည်။ မကြာသေးမီက မိန်းကလေးအဝတ်အစား ဝတ်ရတာကြိုက်တဲ့ ယောက်ျားလေးတွေရဲ့ ခေါင်းစဉ်က ရေပန်းစားလာတာကြောင့် မေမေမိုအတွက် ဝတ္ထုအချို့ကို သူအကြံပြုခဲ့ပေမယ့် အနာဂတ်မှာ သူမအတွက် ဝတ္ထုတိုတွေကိုသာ အကြံပြုရတော့မယ့်ပုံပင်။
မိုရိရှုက ခါးခါးသီးသီး ခေါင်းညိတ်လိုက်ပြီး
"ဒုတိယအစ်ကို ရယ်ချင်စိတ် ရှိနေတုန်းပေါ့လေ။ ကျွန်တော့်မှာ မေမေက ယင်းရွှယ်ကို အဝတ်အစားလဲဖို့ ဆွဲခေါ်သွားတော့ ယင်းရွှယ်က ဘာမှားလို့လဲလို့ အကြိမ်ကြိမ် မေးနေလို့ သူ့ကို ဘယ်လိုရှင်းပြရမလဲဆိုတာ အဖြေရှာနေရသေးတယ် ┭┮﹏┭┮"
မိုရိချန်က ရယ်မောပြီးနောက် သူ့အမူအရာက အေးစက်တဲ့အသွင်အပြင်ကို ပြောင်းသွား ပြန်မေးလိုက်သည်။
"ဒါဆို မင်းဘာလို့ ချန်ကျောင်နဲ့ ယွမ်းစွော်ကို စိုက်ကြည့်နေတာလဲ"
မိုရိရှုက ခဏလောက် ချောင်းဟန့်ကာ မေမေမိုရဲ့စကားကို ပြန်ပြောလိုက်သည်။
"မိန်းကလေးအဝတ်အစားနဲ့ ဒူဒူလား"
မိုရိချန်က မသိစိတ်ဖြင့် ထပ်ခါတလဲလဲ ပြောပြီးနောက် သူ့အကြည့်က ယွမ်းစွော်ရဲ့ ခန္ဓာကိုယ်ဆီသို့ နှစ်ကြိမ် ရောက်သွားခဲ့သည်။
မိုရိရှုက ကြက်ကလေး အစာကောက်သလို ခေါင်းညိတ်ပြပြီး
"အွမ်း ဒါကြောင့် ပထမနဲ့ ဒုတိယမရီးတို့ ဘယ်လိုပုံဖြစ်နေမလဲဆိုတာ တွေးကြည့်လို့ကို မရဘူး"
မိုရိချန်က နှစ်ကြိမ်ခန့် အေးစက်စွာ ရယ်မောလိုက်ပြီး တံခါးကို ညွှန်ပြဖို့ သူ့လက်ညှိုးကို မြှောက်လိုက်သည်။
"လျှော့တွေးတာ ပိုကောင်းတယ်။ ဒုက္ခရောက်ဖို့ လွယ်တယ်လေ"
မိုရိချန်ရဲ့မျက်လုံးတွေထဲမှ ဓားလို စူးရှတဲ့အကြည့်ကြောင့် မိုရိရှုရဲ့ ပါးစပ်ထောင့်တွေက တွန့်သွားပြီး ဆက်မနေချင်တော့ဘဲ သူ့ခြေထောက်တွေကို ဆွဲထုတ်ကာ ပြေးသွားလေတော့သည်။
သူထွက်သွားပြီးနောက်။
မိုရိချန်က စကားမပြောနိုင်တဲ့ ပူးပေါင်းကြံစည်မှုမျိုး ဖြစ်နေသကဲ့သို့ ယွမ်းစွော်ကို စိုက်ကြည့်ရင်း အနည်းငယ် မှားနေပုံပင်။
"မိန်းကလေးအဝတ်အစား ဝတ်ရတာ ကြိုက်တဲ့ ယောက်ျားလေးဆိုတာ ဘာကိုဆိုလိုတာလဲ"
အဖြေကို သိပေမယ့် မေးလိုက်သည်။
မိုရိချန်က အတော်လေး ထူးခြားတဲ့ အင်တာနက်အသုံးအနှုန်းမို့ နားမလည်တာဖြစ်မယ်လို့ ယွမ်းစွော်က ထင်မိတာကြောင့် ရှင်းပြလိုက်သည်။ "အဲဒါက မိန်းကလေးအဝတ်အစားကို ဝတ်ထားပေမယ့် ဘာကွဲလွဲမှုမှ မရှိဘဲ အရမ်းလှပတဲ့ ကောင်လေးကို ဆိုလိုတာလေ"
"အို့"
မိုရိချန်က အဓိပ္ပါယ်ရှိစွာ မျက်ခုံးပင့်လိုက်သည်။
"ဒါက အခုခေတ် ဝတ္ထုတွေမှာ ရေပန်းစားနေတဲ့ ဇာတ်ကောင်တစ်ခုပါပဲ"
လုပ်ကြံမှုအငွေ့အသက်ကြီးကို လုံးဝသတိမထားမိတဲ့ ယွမ်းစွော်က ကြင်နာစွာ ရှင်းပြနေတုန်းပင်။
"အို့ ဟုတ်သားပဲ။ ခဏနေ ကိုယ်တို့ပြန်ရင် ကုန်တိုက်ကိုဝင်ကြဦးစို့"
"ကုန်တိုက်ကိုလား ကောင်းပြီလေ။ မိုရိချန်က အရက်သောက်ထားတယ်ဆိုတော့ ကျွန်တော် မောင်းလိုက်မယ်"
သူနှင့်မိုရိချန်တို့ ကမ္ဘာမြေသို့ ပြန်ရောက်ပြီးကတည်းက ဂိမ်းစနစ် မရှိတော့သဖြင့် နေ့စဉ်သုံးပစ္စည်းတွေကို ဝယ်ယူရန် ရံဖန်ရံခါတွင် အနည်းငယ် ခက်ခဲနေသေးသည်။
"ကောင်းပြီ"
မိုရိချန်က အဆင်သင့် သဘောတူလိုက်သည်။
ထို့ကြောင့် ထိုညတွင် မိုရိချန်ရဲ့အိမ်အတွင်း၌ လွန်ဆွဲပွဲတစ်ခု ဖြစ်သွားခဲ့သည်။
ထိုလွန်ဆွဲပွဲသည် ရုပ်ရှင်ဧကရာဇ်မိုရဲ့ ရုတ်တရက် ဆိုးဝါးတဲ့အကြိုက်တွေ့မှု၊ ဧကရာဇ်ယွမ်းစွော်ရဲ့ အမြင့်မြတ်ဆုံး ဂုဏ်သိက္ခာအကြောင်းနှင့် မိန်းကလေးအဝတ်အစား ဝတ်ရတာကြိုက်သူရဲ့ အတိတ်နှင့် ပစ္စုပ္ပန်တို့အကြောင်းတို့ ပါဝင်နေသည်...
နောက်တစ်နေ့ နေ့လယ်တွင် ခန့်မင်က သူ့အလုပ်အကြောင်း သတင်းပို့ရန် ရောက်လာပေမယ့် ဧည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် ရုပ်ရှင်ဧကရာဇ်က ယွမ်းစွော်ကို လှည့်စားကာချိုမြိန်ပြီး အပြစ်ကင်းစင်တဲ့ ကောင်မလေးနှင့် ဖောက်ပြန်နေသည်ဟု ထင်လိုက်သည်...
ရလဒ်အနေဖြင့် ညအိပ်ဝတ်စုံရှည်ကို ဝတ်ထားတဲ့ ရုပ်ရှင်ဧကရာဇ်မိုက အလွန်စိတ်ကျေနပ်နေသည့် မျက်နှာဖြင့် ဒုတိယထပ်မှ ဆင်းလာကာ ကြမ်းပြင်ပေါ်ကျနေသည့် ယုန်နားရွက်ကို အေးအေးဆေးဆေး ကောက်ယူလိုက်သည်။ သူက အကြောင်းတစ်ခုခုကြောင့် မျက်နှာနီရဲနေပြီး မျက်လုံးအောက်တွင် ညိုမည်းနေသည့် အိမ်ဖော်အား ညွှန်ကြားလိုက်သည်။
"ဆန်ပြုတ်ပူပူလေးနဲ့ အရံဟင်းတစ်ချို့ကို အရင်ပြင်ပေးပြီး ဆန်ပြုတ်ထဲကို သကြားနည်းနည်းထည့်ပေးပါ"
"ဒုတိယသခင်လေး ဒါက...ဒါတွေက မင်းရဲ့နောက်ထပ် ခရီးစဉ်အချို့ပါ...အဲဒါ... ဒူဒူက အိမ်မှာလားဟင်"
ခန့်မင်က စိတ်ရှုပ်သွားသည်။ အရင်က မိုရိချန်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို တစ်ခါမှ မမေးဖူးပေမယ့် ယွမ်းစွော်နှင့် တကယ်ပတ်သက်လာရင်တော့...
"သူက အပေါ်ထပ်မှာလေ။ ဘာဖြစ်လို့လဲ"
မိုရိချန်က ဆိုဖာပေါ်မှာ လုံးထွေးနေတဲ့ နောက်ထပ်စကတ်သေးသေးလေးကို ဘေးမှာ တင်ထားလိုက်သည်။
ခန့်မင်က ချက်ချင်းပင်
"ဘာမှမဟုတ်ဘူး ဘာမှမဟုတ်ပါဘူး။ ကျွန်တော်က... နောက်ဆက်တွဲရုပ်ရှင်ပရိုမိုးရှင်းအကြောင်းလေး မေးချင်လို့ပါ... ဒူဒူ့မှာ အချိန်ရှိလားလို့"
မိုရိချန်က ဒါကိုမြင်ပေမယ့် ဘာမှပြန်မပြောဘဲ
"အလုပ်ဝန်က အရမ်းမကြီးလေးရင် သူ့မှာ အချိန်ရှိတယ်"
"ကောင်းပါပြီ ကောင်းပါပြီ"
"မနက်စာအတူတူစားသွားဦးမလား"
မိုရိချန်က သဘောကောင်းစွာ မေးလိုက်သည်။
ခန့်မင်က ခေါင်းခါလိုက်ပြီး
"မလိုပါဘူး မလိုပါဘူး ကျွန်တော် နေ့လည်စာစားပြီးမှ လာတာပါ"
"ကောင်းပြီ ဒါဆို ငါ မင်းကို လိုက်မပို့တော့ဘူး"
ထိုသို့ပြောပြီးတာနဲ့ ရုပ်ရှင်ဧကရာဇ်မိုက ထကာ အပေါ်ထပ်ကို တက်သွားပြီး လက်ထဲမှ ယုန်နားရွက်ကို သူ့အင်္ကျီအိတ်ကပ်ထဲ ထည့်လိုက်သည်။
နားမလည်နိုင်တဲ့ခန့်မင်ကို ကျေနပ်အားရလှတဲ့ နောက်ကျောနှင့် ချန်ထားခဲ့တော့သည်....
Zawgyi
Extra (1)
"စိတ္ဒုကၡေရာက္ခဲ့ရတဲ့အခ်ိန္ေတြ" ေအာင္ျမင္စြာၿပီးဆုံးသြားခဲ့ၿပီ။
မိုရိခ်န္ႏွင့္ ယြမ္းေစြာ္တို႔က 'အဆင့္ျပည့္' ျပႆနာကို ေျဖ႐ွင္းၿပီးခဲ့တာ ေျခာက္လနီးပါး႐ွိေနၿပီျဖစ္သည္။
ထိုေျခာက္လအတြင္းတြင္ ခ်န္ေက်ာင္ႏွင့္ မိုရိယန္တို႔ရဲ႕relationshipက ေကာင္းခ်ီးမ်ားစြာရ႐ွိခဲ့ၿပီး ခ်န္ေက်ာင္ရဲ႕ ေက်ာ္ၾကားမႈက ပိုတိုးလာကာ ဂီတနယ္ပယ္တြင္ သူ႕ရဲ႕ရပ္တည္ခ်က္က ပိုၿပီး ခိုင္မာလာခဲ့သည္။
ဒီေန႔က ေမေမမိုရဲ႕ေမြးေန႔ျဖစ္တာေၾကာင့္ သူမရဲ႕သားသုံးေယာက္စလုံးက သူတို႔ရဲ႕ခ်စ္သူေတြကို ပါဝင္ဆင္ႏႊဲၾကဖို႔ အိမ္သို႔ ေခၚလာခဲ့ၾကသည္။
မိုရိခ်န္က ယြမ္းေစြာ္ႏွင့္အတူ ေရာက္႐ွိလာတဲ့အခါ မိုရိယန္ႏွင့္ ခ်န္ေက်ာင္တို႔က ေမေမမိုႏွင့္အတူ မာေက်ာက္ကို အႀကိမ္ေပါင္းမ်ားစြာ ကစားခဲ့ၿပီးၿပီျဖစ္ကာ ညီအစ္ကိုႏွစ္ေယာက္လုံး ေမွ်ာ္လင့္ထားသည့္အတိုင္းပင္ သူတို႔က ေမေမမို စိတ္ေက်နပ္ေစရန္ တူညီသည့္နည္းလမ္းကို အသုံးျပဳခဲ့ၾကသည္။ ေမေမမိုက ေငြမ်ားစြာႏိုင္ခဲ့ၿပီး စိတ္ေက်နပ္စြာျဖင့္ သူမရဲ႕ အိတ္ကပ္ကို ပုတ္လိုက္သည္။
မိုရိ႐ႈက သူ႕ေကာင္မေလးကို ႏိုင္ငံျခားက ျပန္ေခၚလာခဲ့သည္။ သူမရဲ႕နာမည္မွာ လင္းယင္း႐ႊယ္ျဖစ္ၿပီး နက္နဲတဲ့မ်က္ႏွာသြင္ျပင္႐ွိကာ အလြန္အရပ္႐ွည္ၿပီး ဥေရာပေသြးေလးပုံတစ္ပုံပါ႐ွိသူျဖစ္သည္။
ေမေမမိုက အစပိုင္းတြင္ ျပဳံးေနေသာ္လည္း လင္းယင္း႐ႊယ္ရဲ႕လက္ကို ခဏေလာက္ ပြတ္သပ္ၿပီးေနာက္ သူမရဲ႕မ်က္လုံးေတြထဲတြင္ သံသယအရိပ္အႁမြက္တစ္ခု ႐ုတ္တရက္ေပၚလာခဲ့သည္။
မိုရိ႐ႈက သူမရဲ႕အေျပာင္းအလဲကို သတိျပဳမိၿပီး လင္းယင္း႐ႊယ္က မသင့္ေလ်ာ္တဲ့ စကားလုံးအခ်ိဳ႕ကို ေျပာမိတာေၾကာင့္ ျဖစ္တယ္လို႔ ထင္လိုက္သည္။
"ေမေမ ယင္း႐ႊယ္က ႏိုင္ငံျခားမွာ ႀကီးျပင္းလာတဲ့အတြက္ သူ႕တ႐ုတ္စကားက သိပ္မေကာင္းသလို တစ္ခါတေလ အသုံးအႏႈန္းေတြမွာ ကြဲလြဲမႈေတြ ႐ွိေနတတ္တယ္"
မိုရိ႐ႈက ႐ွင္းျပလိုက္သည္။
"အာ အဆင္ေျပပါတယ္။ ရတယ္ ေ႐ွာင္႐ႊယ္... အဆင္ေျပတယ္"
ေမေမမိုက ဇေဝဇဝါျဖစ္လာၿပီး သူမရဲ႕မ်က္လုံးေတြက လင္းယင္း႐ႊယ္ရဲ႕ ခႏၶာကိုယ္ဆီသို႔ မၾကာခဏ စိုက္ၾကည့္ေနသည္။
ညစာ အဆင္သင့္ျဖစ္ၿပီဟု အိမ္ေတာ္ထိန္းက လူတိုင္းကို အသိေပးလိုက္သည္။
သူတို႔အားလုံး ညစာစားဖို႔ ထမင္းစားခန္းကို သြားခဲ့ၾကတဲ့အခါ ေမေမမိုက တစ္ခုခုယူဖို႔ အေပၚထပ္တက္ရမယ္လို႔ ခ်က္ခ်င္းေျပာလာၿပီး မိုရိ႐ႈကိုလည္း တက္လာဖို႔ ေခၚခဲ့သည္။
သားအမိႏွစ္ေယာက္ အခန္းထဲ ဝင္လိုက္သည္ႏွင့္ ေမေမမိုရဲ႕အမူအရာက ခ်က္ခ်င္း ေလးနက္သြားခဲ့သည္။
"ငါ့ကို ေျပာစမ္း လင္းယင္း႐ႊယ္က မိန္းကေလးလိုဝတ္ရတာ ႀကိဳက္တဲ့ေယာက်္ားေလးလား"
ေမေမမိုက ေဒါသတႀကီးေျပာလိုက္သည္။
မိုရိ႐ႈက ဆြံ႕အသြားကာ မ်က္ႏွာေပၚတြင္ အနက္ေရာင္မ်ဥ္းေတြ တြဲေလာင္းက်လာခဲ့သည္။
ဒီစကားလုံးကို ေမေမ ဘယ္သူ႕ေတြဆီက သင္ယူခဲ့တာလဲ။ ဒီလိုထူးဆန္းတဲ့ေမးခြန္းက ဘယ္လိုထြက္လာရတာလဲ။ လင္းယင္း႐ႊယ္က ဘယ္နားကေန မိန္းကေလးအဝတ္အစား ဝတ္ရတာႀကိဳက္တဲ့ ေယာက်္ားေလးနဲ႔ တူသြားရျပန္တာလဲ။ ဘယ္ကေနစရမွန္းမသိတဲ့ ေမးခြန္းေတြ အမ်ားႀကီး႐ွိလာခဲ့သည္။
မိုရိ႐ႈရဲ႕ ထိတ္လန္႔တုန္လႈပ္ေနတဲ့ မ်က္ႏွာကို ျမင္လိုက္ရေတာ့ ေမေမမိုက လန္႔သြားသည္။
သူမက အသံကို ျမႇင့္လိုက္သည္ : "မင္း တကယ္ပဲ မိန္းကေလးအဝတ္အစား ဝတ္ရတာ ႀကိဳက္တဲ့ ေယာက်္ားေလးကို ေခၚလာခဲ့တာလား။ မင္းငါ့ကို စိတ္တိုၿပီး ႐ူးသြားေစခ်င္ေနတာလား"
သူ႕သားအငယ္ဆုံးက ေျမးရဖို႔အတြက္ သူမရဲ႕ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ျဖစ္တာမို႔ ဘယ္လိုလုပ္ စိတ္မလႈပ္႐ွားပဲ ေနေတာ့မွာလဲ။
မိုရိ႐ႈက မေနႏိုင္ေတာ့ဘဲ အရင္ေမးလိုက္သည္။
"ေမေမ... အဲ့'မိန္းကေလးအဝတ္အစား ဝတ္ရတာ ႀကိဳက္တဲ့ေယာက်္ားေလး'ဆိုတဲ့ စကားလုံးကို ဘယ္ကေန သင္ယူခဲ့တာလဲ"
ေမေမမိုက ေျဖလိုက္သည္။
"ဒူဒူက ဝတၳဳေကာင္းေတြ အမ်ားႀကီးကို အၾကံျပဳခဲ့တာေလ။ အဲဒါက အဓိကမဟုတ္ဘူး။ အဓိကအခ်က္က...."
"ေမေမ ယင္း႐ႊယ္က မိန္းကေလး အဝတ္အစား ဝတ္ရတာ ႀကိဳက္တဲ့ ေယာက်္ားေလး မဟုတ္ပါဘူး!"
မိုရိ႐ႈက ၿပိဳလဲလုနီးပါးပင္။
"သူ႕မွာ ဥေရာပေသြးပါတာမို႔ အ႐ိုးအဆစ္က နည္းနည္းပိုႀကီးၿပီး အရပ္႐ွည္ေပမယ့္ သူက လုံးဝကို တကယ့္ မိန္းကေလးအစစ္ပါ!"
ေမေမမိုက သားျဖစ္သူရဲ႕႐ွင္းျပခ်က္ကို ၾကားရေပမယ့္ သံသယ႐ွိေနဆဲပင္။
"တကယ္လား"
"တကယ္ပါဗ်ာ။ အဲဒီဝတၳဳေတြေၾကာင့္ လွည့္စားမခံပါနဲ႔။ ဘယ္ေယာက်္ားေလးမွ တကယ့္မိန္းကေလးလို မလွႏိုင္ပါဘူး"
မိုရိ႐ႈက ႏွစ္သိမ့္လိုက္သည္။
ေမေမမိုက အထြန္႔တက္လိုက္သည္။
"ဒါေတာ့မမွန္ပါဘူး။ ဒူဒူသာ အဝတ္အစားေျပာင္းဝတ္လိုက္ရင္ သူမထက္ ပိုလွမယ္ထင္တာပဲ"
ထိုသို႔ေျပာၿပီးေနာက္ သူမရဲ႕သားကို ထိခိုက္လြန္းမိၿပီလို႔ ခံစားလိုက္ရတဲ့အတြက္ စကားကို ေျပာင္းလိုက္သည္။
"ခ်န္ေက်ာင္ကေတာ့... အမ္.... မိန္းကေလးလို ၀တ္စားဆင္ယင္မႈ ေျပာင္းရင္ သူမေလာက္ မလွေလာက္ပါဘူး"
မိုရိ႐ႈ : "...."
ေမြးေန႔ပြဲက အသက္ဝင္ၿပီး လိုက္ဖက္ညီလွသည္။
မိုရိ႐ႈရဲ႕မ်က္လုံးေတြက ဘာလို႔ ယြမ္းေစြာ္ႏွင့္ ခ်န္ေက်ာင္တို႔ရဲ႕မ်က္ႏွာေတြဆီ အၿမဲေရာက္ေနသလဲလို႔ လူတိုင္းက စိတ္႐ႈပ္ေနခဲ့ၾကၿပီး သူက တစ္စုံတစ္ခုကို ေတြးေနသကဲ့သို႔ တစ္ခါတစ္ရံ သူ႕မ်က္လုံးေတြကို အနည္းငယ္မွိတ္ေနေသးသည္။
မိုရိယန္ႏွင့္ မိုရိခ်န္တို႔က မေနႏိုင္ေတာ့ဘဲ သူတို႔ရဲ႕ အခ်ဳပ္အျခာအာဏာကို ျပသရန္ လည္ေခ်ာင္းေတြကို ႐ွင္းေနရေတာ့သည္။
ထမင္းစားၿပီးေနာက္ ေမေမမိုက လင္းယင္း႐ႊယ္အား မိသားစုေရကူးကန္ဆီ ေရကူးဖို႔ ဆြဲေခၚသြားကာ မိုရိ႐ႈကလည္း အလြန္ေမာပန္းႏြမ္းနယ္ေနကာ သူမေနာက္မွ လိုက္သြားခဲ့ရသည္။
ခ်န္ေက်ာင္က ေရေၾကာက္တာေၾကာင့္ မိုရိယန္ေနာက္မွလိုက္ကာ အစာေၾကဖို႔အတြက္ ဒုတိယထပ္႐ွိ လသာေဆာင္တြင္ေနခဲ့သည္။ ယြမ္းေစြာ္က သူ႕ရဲ႕လည္ပင္းေခါက္ဆြယ္တာကို မသိစိတ္က ဆြဲထုတ္လိုက္ၿပီး မေန႔က သူ အေအးမိထားလို႔ သူတို႔ႏွစ္ေယာက္ ေရမကူးႏိုင္ဘူးလို႔ မိုရိခ်န္က ႐ွင္းျပလိုက္သည္။ သူတို႔ေလးေယာက္က စကားစျမည္ေျပာရင္း အတူတူေနခဲ့ၾကသည္။
"ဒီေန႔ ရိ႐ႈနဲ႔ပတ္သတ္ၿပီး ထူးဆန္းတာတစ္ခု႐ွိေနတယ္"
မိုရိယန္က စကားစေျပာလိုက္သည္။
မိုရိခ်န္က ေခါင္းညိတ္သေဘာတူလိုက္ၿပီး
"ေမေမကလည္း အေတာ္ေလးထူးဆန္းေနတယ္။ ပထမဆုံးအႀကိမ္ အိမ္ကိုအလည္လာတဲ့ လင္းယင္း႐ႊယ္ကို ထမင္းစားၿပီးၿပီးခ်င္း ေရကူးဖို႔ေခၚသြားတာေလ"
သို႔ေသာ္ မၾကာခင္မွာပဲ အေၾကာင္းအရာက ေျပာင္းသြားၿပီး သူတို႔ေလးေယာက္က ေဖ်ာ္ေျဖေရး အသိုင္းအဝိုင္းႏွင့္ စီးပြားေရးကိစၥေတြအေၾကာင္း ေျပာေနၾကသည္။
ခဏေလာက္ စကားစျမည္ေျပာၿပီးေနာက္ ခ်န္ေက်ာင္က အနည္းငယ္ အိပ္ငိုက္လာပုံရသည္။ မိုရိယန္က သူ႕နား႐ြက္နား ကပ္လိုက္ၿပီး တစ္စုံတစ္ခုကို ေျပာလိုက္ေတာ့ ခ်န္ေက်ာင္ရဲ႕ မ်က္ႏွာက ခ်က္ခ်င္း နီရဲလာၿပီး ထစ္ထစ္ေငါ့ေငါ့ေျပာလာသည္။
"မဟုတ္ဘူး...မဟုတ္ဘူး ဆရာဝန္ေခၚစရာ မလိုပါဘူး"
အဆုံးတြင္ မိုရိယန္က သူ႕ကို အေပၚထပ္တြင္ အနားယူဖို႔ ျပန္ေခၚသြားခဲ့သည္။
မိုရိခ်န္ႏွင့္ ယြမ္းေစြာ္တို႔ႏွစ္ေယာက္ၾကားက စကားေျပာဆိုမႈကို အနည္းႏွင့္အမ်ား မွန္းဆႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါသည္။
ယြမ္းေစြာ္က သူ႕လည္ေခ်ာင္းကို အနည္းငယ္ ႐ွက္႐ြံ႕စြာ ႐ွင္းထုတ္လိုက္ၿပီး ေအာက္ထပ္ကို လွမ္းၾကည့္ကာ စားပြဲေပၚ႐ွိ သံပုရာရည္ကို ေကာက္ကိုင္ကာ တစ္ငုံေသာက္လိုက္သည္။
"အ႐ွင္မင္းႀကီး ဘာေတြေတြးေနတာလဲ..."
မိုရိခ်န္က ေဘးကို ယိမ္းကာ ယြမ္းေစြာ္ရဲ႕ နား႐ြက္ကို ညင္သာစြာ ဆြဲညႇစ္ဖို႔ သူ႕လက္ကို ဆန္႔တန္းလိုက္သည္။ ၾကယ္တာရာကမ႓ာမွာ သူ႕ကို 'အ႐ွင္မင္းႀကီး'လို႔ ေခၚေနက်ျဖစ္ေပမယ့္ အဲ့လိုအသံနိမ့္နိမ့္ျဖင့္ ေခၚတိုင္း ယြမ္းေစြာ္က နားမလည္ႏိုင္ေအာင္ တုန္လႈပ္ေနဆဲပင္။
ယြမ္းေစြာ္ရဲ႕ေနာက္ေက်ာက ပုန္းဖို႔ က်ံဳ႕သြားေပမယ့္ ပက္လက္ကုလားထိုင္ရဲ႕ ေထာင့္ေၾကာင့္ မလႈပ္႐ွားႏိုင္ဘဲ ပိတ္မိေနခဲ့သည္။
မိုရိခ်န္က သူ႕ကို အႏိုင္က်င့္ဖို႔ အခြင့္အေရးယူကာ ယြမ္းေစြာ္ရဲ႕ေမးေစ့ကို ညႇစ္ကာ သူ႕ကို ၾကည့္ဖို႔ ဖိအားေပးလိုက္သည္။
"အ႐ွင္မင္းႀကီး ကြၽန္ေတာ္မ်ိဳးက အရင္က႐ုပ္႐ွင္႐ိုက္ေနရတာေၾကာင့္ တင္းတင္းၾကပ္ၾကပ္ ခ်ဳပ္တည္းထားေပမယ့္ အခုေတာ့..."
"ဒါေပမယ့္...အခုက အိမ္မွာ မဟုတ္ဘူးေလ"
ယြမ္းေစြာ္က အျမန္ ကန္႔ကြက္လိုက္သည္။ သူသာ မိုရိခ်န္ကို ဒီမွာ တစ္ခုခုလုပ္ခြင့္ေပးလိုက္ၿပီး သူတို႔ကို ဖမ္းမိသြားခဲ့ရင္ သူ ခုန္ခ်မိမွာ ေၾကာက္သည္။
"ဒီေနရာက ကိုယ္ႀကီးပ်င္းလာတဲ့ေနရာေလ ဘယ္လိုလုပ္ အိမ္မဟုတ္ရမွာ..."
မိုရိခ်န္ရဲ႕ စကားမဆုံးခင္မွာပင္ေျခသံက ၾကားျဖတ္ဝင္လာခဲ့သည္။
ယြမ္းေစြာ္က ထိတ္လန္႔သြားၿပီး ေမေမမိုျဖစ္ေနမွာ ေၾကာက္တဲ့အတြက္ ယခုအႀကိမ္တြင္ အားအျပည့္ႏွင့္ မိုရိခ်န္ကို မသိစိတ္က တြန္းထုတ္လိုက္ရာ မိုရိခ်န္ကလည္း အဆင္သင့္မျပင္ထားမိသျဖင့္ တကယ္ႀကီး ေနာက္ျပန္ဆုတ္ကာ အနည္းငယ္ ခလုတ္တိုက္သြားခဲ့သည္။
မိုရိခ်န္က ေမာ့ၾကည့္လိုက္ေတာ့ အဲဒါက မိုရိ႐ႈပဲလို႔ ျမင္လိုက္တာနဲ႔ သူ႕မ်က္ႏွာက ခ်က္ခ်င္း ႐ုပ္ဆိုးသြားခဲ့သည္။
သူ႕ဒုတိယအစ္ကိုရဲ႕မ်က္ႏွာက ၾကည့္မေကာင္းတာကိုျမင္ေတာ့ မိုရိ႐ႈက ခ်က္ခ်င္းေျပာလိုက္သည္။
"ဒုတိယအစ္ကို အခု ကြၽန္ေတာ္က အစ္ကိုနဲ႔အစ္ကိုႀကီးအတြက္ က်ည္ကာအက်ႌျဖစ္ေနၿပီး ေန႔တိုင္း ေမေမ ပစ္ခ်ေနတဲ့ သံပူအိုးကို ထမ္းေနရတယ္။ အစ္ကိုတို႔ေတြ အျပစ္႐ွိတယ္လို႔ မထင္ၾကေတာ့ဘူးလား"
မိုရိခ်န္ရဲ႕ေဒါသက ေျပေလ်ာ့သြားၿပီး : "...ဘာျဖစ္ေနတာလဲ"
မိုရိ႐ႈက ထိုင္ခ်လိုက္ၿပီး
"ေကာင္းၿပီ ကြၽန္ေတာ္ အခု အစ္ကို႔ကို တိုင္ေျပာဖို႔ လာ႐ွာတာပဲ"
ဒီလိုေျပာေနရင္းနဲ႔ သူ႕အၾကည့္ေတြက ပါးျပင္ေတြနီျမန္းေနတဲ့ ယြမ္းေစြာ္ဆီကို ေရာက္သြားသည္။
မိုရိခ်န္က ဒါကို ေကာင္းေကာင္းသိၿပီး မိုရိ႐ႈရဲ႕ ေခါင္းကိုပုတ္လိုက္သည္။
မိုရိ႐ႈက ထေအာ္သည္။
"ဒုတိယအစ္ကို မင္းအဲ့လိုလုပ္ရလား။ ကြၽန္ေတာ္တစ္ခ်က္ေလးပဲ ၾကည့္တာေလ"
မိုရိ႐ႈက ေခါင္းကို ပြတ္သပ္လိုက္သည္။
"ေျပာ မင္းဒီေန႔ဘာလို႔ထူးဆန္းေနတာလဲ"
မိုရိခ်န္က ေပါ့ေပါ့ပါးပါး ေမးလိုက္သည္။
မိုရိ႐ႈက ပဲေစ့ေတြကို ခ်က္ခ်င္း ေလာင္းထည့္လိုက္ၿပီး ေမေမမိုက သူ႕ေကာင္မေလးကို မိန္းကေလးအဝတ္အစား ဝတ္ရတာႀကိဳက္တဲ့ ေယာက်္ားေလးလို႔ ထင္ေနေၾကာင္း ေျပာျပလိုက္သည္။
"ဖူးးးးး"
မိုရိခ်န္က လင္းယင္း႐ႊယ္ရဲ႕႐ုပ္ရည္ကို ျပန္ေတြးလိုက္သည္။ အမွန္ေတာ့ သူမက အေ႐ွ႕တိုင္းအမ်ိဳးသမီးမ်ားၾကားတြင္ အေတြ႕မ်ားတဲ့ ေပ်ာ့ေပ်ာင္းသည့္အလွႏွင့္ ႏူးညံ့သိမ္ေမြ႕မႈ နည္းပါးေသာ္လည္း ေယာက်္ားေလးႏွင့္ တူသည္လို႔ေတာ့ မဟုတ္ေပ။ သူႏွင့္ သူ႕အစ္ကိုႀကီးတို႔ရဲ႕ coming outလုပ္ခဲ့တာက သူတို႔အေမကို အမ်ားႀကီး ႏိႈးဆြေပးခဲ့သလို ျဖစ္သြားပုံရသည္။
မိုရိ႐ႈရဲ႕စကားကို နားေထာင္ၿပီးေနာက္ ယြမ္းေစြာ္က ႐ုတ္တရက္ အလင္းေပါက္သြားသည္။
"အဲဒါေၾကာင့္ ေမေမက ေရကူးခ်င္ေနတာကိုး"
ထို႔ေနာက္ အနည္းငယ္ ႐ွက္သြားသည္။ မၾကာေသးမီက မိန္းကေလးအဝတ္အစား ဝတ္ရတာႀကိဳက္တဲ့ ေယာက်္ားေလးေတြရဲ႕ ေခါင္းစဥ္က ေရပန္းစားလာတာေၾကာင့္ ေမေမမိုအတြက္ ဝတၳဳအခ်ိဳ႕ကို သူအၾကံျပဳခဲ့ေပမယ့္ အနာဂတ္မွာ သူမအတြက္ ဝတၳဳတိုေတြကိုသာ အၾကံျပဳရေတာ့မယ့္ပုံပင္။
မိုရိ႐ႈက ခါးခါးသီးသီး ေခါင္းညိတ္လိုက္ၿပီး
"ဒုတိယအစ္ကို ရယ္ခ်င္စိတ္ ႐ွိေနတုန္းေပါ့ေလ။ ကြၽန္ေတာ္႕မွာ ေမေမက ယင္း႐ႊယ္ကို အဝတ္အစားလဲဖို႔ ဆြဲေခၚသြားေတာ့ ယင္း႐ႊယ္က ဘာမွားလို႔လဲလို႔ အႀကိမ္ႀကိမ္ ေမးေနလို႔ သူ႕ကို ဘယ္လို႐ွင္းျပရမလဲဆိုတာ အေျဖ႐ွာေနရေသးတယ္ ┭┮﹏┭┮"
မိုရိခ်န္က ရယ္ေမာၿပီးေနာက္ သူ႕အမူအရာက ေအးစက္တဲ့အသြင္အျပင္ကို ေျပာင္းသြား ျပန္ေမးလိုက္သည္။
"ဒါဆို မင္းဘာလို႔ ခ်န္ေက်ာင္နဲ႔ ယြမ္းေစြာ္ကို စိုက္ၾကည့္ေနတာလဲ"
မိုရိ႐ႈက ခဏေလာက္ ေခ်ာင္းဟန္႔ကာ ေမေမမိုရဲ႕စကားကို ျပန္ေျပာလိုက္သည္။
"မိန္းကေလးအဝတ္အစားနဲ႔ ဒူဒူလား"
မိုရိခ်န္က မသိစိတ္ျဖင့္ ထပ္ခါတလဲလဲ ေျပာၿပီးေနာက္ သူ႕အၾကည့္က ယြမ္းေစြာ္ရဲ႕ ခႏၶာကိုယ္ဆီသို႔ ႏွစ္ႀကိမ္ ေရာက္သြားခဲ့သည္။
မိုရိ႐ႈက ၾကက္ကေလး အစာေကာက္သလို ေခါင္းညိတ္ျပၿပီး
"အြမ္း ဒါေၾကာင့္ ပထမနဲ႔ ဒုတိယမရီးတို႔ ဘယ္လိုပုံျဖစ္ေနမလဲဆိုတာ ေတြးၾကည့္လို႔ကို မရဘူး"
မိုရိခ်န္က ႏွစ္ႀကိမ္ခန္႔ ေအးစက္စြာ ရယ္ေမာလိုက္ၿပီး တံခါးကို ၫႊန္ျပဖို႔ သူ႕လက္ညိႇဳးကို ေျမႇာက္လိုက္သည္။
"ေလွ်ာ့ေတြးတာ ပိုေကာင္းတယ္။ ဒုကၡေရာက္ဖို႔ လြယ္တယ္ေလ"
မိုရိခ်န္ရဲ႕မ်က္လုံးေတြထဲမွ ဓားလို စူး႐ွတဲ့အၾကည့္ေၾကာင့္ မိုရိ႐ႈရဲ႕ ပါးစပ္ေထာင့္ေတြက တြန္႔သြားၿပီး ဆက္မေနခ်င္ေတာ့ဘဲ သူ႕ေျခေထာက္ေတြကို ဆြဲထုတ္ကာ ေျပးသြားေလေတာ့သည္။
သူထြက္သြားၿပီးေနာက္။
မိုရိခ်န္က စကားမေျပာႏိုင္တဲ့ ပူးေပါင္းၾကံစည္မႈမ်ိဳး ျဖစ္ေနသကဲ့သို႔ ယြမ္းေစြာ္ကို စိုက္ၾကည့္ရင္း အနည္းငယ္ မွားေနပုံပင္။
"မိန္းကေလးအဝတ္အစား ဝတ္ရတာ ႀကိဳက္တဲ့ ေယာက်္ားေလးဆိုတာ ဘာကိုဆိုလိုတာလဲ"
အေျဖကို သိေပမယ့္ ေမးလိုက္သည္။
မိုရိခ်န္က အေတာ္ေလး ထူးျခားတဲ့ အင္တာနက္အသုံးအႏႈန္းမို႔ နားမလည္တာျဖစ္မယ္လို႔ ယြမ္းေစြာ္က ထင္မိတာေၾကာင့္ ႐ွင္းျပလိုက္သည္။ "အဲဒါက မိန္းကေလးအဝတ္အစားကို ဝတ္ထားေပမယ့္ ဘာကြဲလြဲမႈမွ မ႐ွိဘဲ အရမ္းလွပတဲ့ ေကာင္ေလးကို ဆိုလိုတာေလ"
"အို႔"
မိုရိခ်န္က အဓိပၸါယ္႐ွိစြာ မ်က္ခုံးပင့္လိုက္သည္။
"ဒါက အခုေခတ္ ဝတၳဳေတြမွာ ေရပန္းစားေနတဲ့ ဇာတ္ေကာင္တစ္ခုပါပဲ"
လုပ္ၾကံမႈအေငြ႕အသက္ႀကီးကို လုံးဝသတိမထားမိတဲ့ ယြမ္းေစြာ္က ၾကင္နာစြာ ႐ွင္းျပေနတုန္းပင္။
"အို႔ ဟုတ္သားပဲ။ ခဏေန ကိုယ္တို႔ျပန္ရင္ ကုန္တိုက္ကိုဝင္ၾကဦးစို႔"
"ကုန္တိုက္ကိုလား ေကာင္းၿပီေလ။ မိုရိခ်န္က အရက္ေသာက္ထားတယ္ဆိုေတာ့ ကြၽန္ေတာ္ ေမာင္းလိုက္မယ္"
သူႏွင့္မိုရိခ်န္တို႔ ကမ႓ာေျမသို႔ ျပန္ေရာက္ၿပီးကတည္းက ဂိမ္းစနစ္ မ႐ွိေတာ့သျဖင့္ ေန႔စဥ္သုံးပစၥည္းေတြကို ဝယ္ယူရန္ ရံဖန္ရံခါတြင္ အနည္းငယ္ ခက္ခဲေနေသးသည္။
"ေကာင္းၿပီ"
မိုရိခ်န္က အဆင္သင့္ သေဘာတူလိုက္သည္။
ထို႔ေၾကာင့္ ထိုညတြင္ မိုရိခ်န္ရဲ႕အိမ္အတြင္း၌ လြန္ဆြဲပြဲတစ္ခု ျဖစ္သြားခဲ့သည္။
ထိုလြန္ဆြဲပြဲသည္ ႐ုပ္႐ွင္ဧကရာဇ္မိုရဲ႕ ႐ုတ္တရက္ ဆိုးဝါးတဲ့အႀကိဳက္ေတြ႕မႈ၊ ဧကရာဇ္ယြမ္းေစြာ္ရဲ႕ အျမင့္ျမတ္ဆုံး ဂုဏ္သိကၡာအေၾကာင္းႏွင့္ မိန္းကေလးအဝတ္အစား ဝတ္ရတာႀကိဳက္သူရဲ႕ အတိတ္ႏွင့္ ပစၥဳပၸန္တို႔အေၾကာင္းတို႔ ပါဝင္ေနသည္...
ေနာက္တစ္ေန႔ ေန႔လယ္တြင္ ခန္႔မင္က သူ႕အလုပ္အေၾကာင္း သတင္းပို႔ရန္ ေရာက္လာေပမယ့္ ဧည့္ခန္းထဲသို႔ ဝင္လိုက္သည္ႏွင့္ ႐ုပ္႐ွင္ဧကရာဇ္က ယြမ္းေစြာ္ကို လွည့္စားကာခ်ိဳၿမိန္ၿပီး အျပစ္ကင္းစင္တဲ့ ေကာင္မေလးႏွင့္ ေဖာက္ျပန္ေနသည္ဟု ထင္လိုက္သည္...
ရလဒ္အေနျဖင့္ ညအိပ္ဝတ္စုံ႐ွည္ကို ဝတ္ထားတဲ့ ႐ုပ္႐ွင္ဧကရာဇ္မိုက အလြန္စိတ္ေက်နပ္ေနသည့္ မ်က္ႏွာျဖင့္ ဒုတိယထပ္မွ ဆင္းလာကာ ၾကမ္းျပင္ေပၚက်ေနသည့္ ယုန္နား႐ြက္ကို ေအးေအးေဆးေဆး ေကာက္ယူလိုက္သည္။ သူက အေၾကာင္းတစ္ခုခုေၾကာင့္ မ်က္ႏွာနီရဲေနၿပီး မ်က္လုံးေအာက္တြင္ ညိဳမည္းေနသည့္ အိမ္ေဖာ္အား ၫႊန္ၾကားလိုက္သည္။
"ဆန္ျပဳတ္ပူပူေလးနဲ႔ အရံဟင္းတစ္ခ်ိဳ႕ကို အရင္ျပင္ေပးၿပီး ဆန္ျပဳတ္ထဲကို သၾကားနည္းနည္းထည့္ေပးပါ"
"ဒုတိယသခင္ေလး ဒါက...ဒါေတြက မင္းရဲ႕ေနာက္ထပ္ ခရီးစဥ္အခ်ိဳ႕ပါ...အဲဒါ... ဒူဒူက အိမ္မွာလားဟင္"
ခန္႔မင္က စိတ္႐ႈပ္သြားသည္။ အရင္က မိုရိခ်န္ရဲ႕ကိုယ္ေရးကိုယ္တာကိစၥေတြကို တစ္ခါမွ မေမးဖူးေပမယ့္ ယြမ္းေစြာ္ႏွင့္ တကယ္ပတ္သက္လာရင္ေတာ့...
"သူက အေပၚထပ္မွာေလ။ ဘာျဖစ္လို႔လဲ"
မိုရိခ်န္က ဆိုဖာေပၚမွာ လုံးေထြးေနတဲ့ ေနာက္ထပ္စကတ္ေသးေသးေလးကို ေဘးမွာ တင္ထားလိုက္သည္။
ခန္႔မင္က ခ်က္ခ်င္းပင္
"ဘာမွမဟုတ္ဘူး ဘာမွမဟုတ္ပါဘူး။ ကြၽန္ေတာ္က... ေနာက္ဆက္တြဲ႐ုပ္႐ွင္ပ႐ိုမိုး႐ွင္းအေၾကာင္းေလး ေမးခ်င္လို႔ပါ... ဒူဒူ႕မွာ အခ်ိန္႐ွိလားလို႔"
မိုရိခ်န္က ဒါကိုျမင္ေပမယ့္ ဘာမွျပန္မေျပာဘဲ
"အလုပ္ဝန္က အရမ္းမႀကီးေလးရင္ သူ႕မွာ အခ်ိန္႐ွိတယ္"
"ေကာင္းပါၿပီ ေကာင္းပါၿပီ"
"မနက္စာအတူတူစားသြားဦးမလား"
မိုရိခ်န္က သေဘာေကာင္းစြာ ေမးလိုက္သည္။
ခန္႔မင္က ေခါင္းခါလိုက္ၿပီး
"မလိုပါဘူး မလိုပါဘူး ကြၽန္ေတာ္ ေန႔လည္စာစားၿပီးမွ လာတာပါ"
"ေကာင္းၿပီ ဒါဆို ငါ မင္းကို လိုက္မပို႔ေတာ့ဘူး"
ထိုသို႔ေျပာၿပီးတာနဲ႔ ႐ုပ္႐ွင္ဧကရာဇ္မိုက ထကာ အေပၚထပ္ကို တက္သြားၿပီး လက္ထဲမွ ယုန္နား႐ြက္ကို သူ႕အက်ႌအိတ္ကပ္ထဲ ထည့္လိုက္သည္။
နားမလည္ႏိုင္တဲ့ခန္႔မင္ကို ေက်နပ္အားရလွတဲ့ ေနာက္ေက်ာႏွင့္ ခ်န္ထားခဲ့ေတာ့သည္....