ကျွန်မ လက်ထဲက ဖုန်းကို အချိန်အတော်ကြာသည်အထိ စိုက်ကြည့်နေမိခဲ့သည်..။ Aant Thurain ဆိုသည့် account ထဲသို့ ရောက်နှင့်နေပြီးဖြစ်သော် လည်း add friend ဆိုသည့် နေရာလေးကိုလည်း မနှိပ်ဖြစ်သလို message ဆိုသည့်နေရာကိလြည်း မလှမ်းဖြစ်ခဲ့..။ ဒီအတိုင်းသာ တွေဝေနေခဲ့သည်..။
မိုးတိမ်စိုင်ကို အံ့သူရိန်မင်းနဲ့ ရည်းစားတွေလားလို့မေးတော့ မဟုတ်ပါဘူးဆိုပြီးတော့ ပြန်ဖြေခဲ့တယ်..၊ ဒါပေမဲ့ ကျွန်မ ရိပ်မိနေတယ်..။ မိုးတိမ်စိုင်ရဲ့ မျက် ဝန်းတွေထဲကို ကျွန်မ အကဲခတ်မိတယ်..၊ သူ အံ့သူရိန်မင်းကို သဘောကျနေတယ်..။ ဒါပေမဲ့ သူတို့ရဲ့ ဇာတ်လမ်းကို သူ့ဘက်က မစဖို့ ဆုံးဖြတ်ထားတယ်ထင်တယ်..။
နေကြာရိပ်သည် အံ့သူရိန်မင်း facebook account ထဲမှ ပြန်ထွက်လာခဲ့လိုက်ပြီး ဖုန်းကို ပိတ်ပစ်လိုက်သည်..။ ကိုယ့်ဘက်က သဘောကျနေတယ်ဆိုပေမဲ့ တစ်ဖက်သတ်အနေနဲ့က နေသားကျနေပါပြီ..၊ ကိုယ့် ရဲ့သဘောကျမှုစိတ်က တခြားသူတစ်ယောက်အ တွက် အနှောင့်အယှက် မဖြစ်စေချင်ဘူး..။ ကိုယ့်ကို မျက်မုန်းကျိုးသွားတဲ့ သဘောကျမှုကိုတော့ မလို အပ်ဘူးကွယ်..။
_____
ဆေးတက္ကသိုလ်အဆောင်တစ်ခု၏ စင်္ကြန်၌ စာသင်ချိန်အတန်းအတွက် လျှောက်လမ်းလာသည့် အမျိုး သမီးငယ်တစ်ယောက်..။ လက်ထဲမှာလည်း စက္ကူဆွဲအိတ်တစ်ခုကို ကိုင်ထားသည်..။
အိတ်ထဲမှာတော့ အပြင်ခံအင်္ကျီတစ်ထည်..။
နာမည်က မိုးတိမ်စိုင်..။ ဆေးတက္ကသိုလ်ကပဲ..။
ခေတ်လေပြည်သွေးတစ်ယောက် စာသင်ဟောခန်းထဲသို့ ဝင်လာခဲ့ပြီး ကျောင်းသားတွေ ထိုင်သည့် နေရာဆီသို့ မျက်စိတစ်ဝေ့ ကြည့်လိုက်သည်..။ အဲဒီနေ့က mask တပ်ထားသည့်အတွက် သူ့ရဲ့ရုပ်ကိုလည်း မမြင်လိုက်ရချေ..။
"ဘယ်လိုပြန်ပေးရမလဲ.."
အခန်းအတွင်းသို့ ဝေ့ဝဲကြည့်တော့ whiteboard ကို သတိပြုမိလိုက်သဖြင့် ခေတ်လေပြည်သွေးလည်း whiteboard ရှိရာဆီသို့ လျှောက်လာခဲ့လိုက်သည်..။
သူဌေးသမီးပီပီ ဈေးကြီးပေးဝယ်ထားသည့် ဝတ်စုံနဲ့ ကြွကြွရွရွ လျှောက်လှမ်းသွားသည့်ပုံစံက ဟောခန်းထဲမှ လူအားလုံး၏ မျက်စိကျစရာ ဖြစ်သွား၏..။
Marker pen ကို လှမ်းယူလိုက်ပြီး whiteboard ပေါ်တွင် ရေးလိုက်သည့် စာလုံးတချို့က..။
မိုးတိမ်စိုင်..မတ်တပ်ခနရပ်ပေးပါနော်..။
ခေတ်လေပြည်သွေးတစ်ယောက် ရေးပြီးနောက် ကျောင်းသားဘက်သို့ လှည့်ကြည့်လိုက်တော့ ကျောင်းသားတွေက ဟိုကြည့်ဒီကြည့်နှင့် ဘယ်သူက မိုးတိမ်စိုင်လည်းဆိုပြီးတော့ စိတ်ဝင်စားနေကြသည်..။
သို့သော် ဘယ်သူမှ မထလာချေ..။ ထို့နောက် ခနကြာတော့မှ ကျောင်းသားကျောင်းသူအုပ်ကြားထဲမှ ဖြည်း ဖြည်းချင်း မတ်တပ်ထရပ်လာသည့် အမျိုးသားတစ်ယောက်..။
မိုးတိမ်စိုင်..။
ခေတ်လေပြည်သွေးတစ်ယောက် mask အုပ်ထားသော်လည်း ပြုံးလိုက်သည်ဆိုတာကို မှေးသွားသော မျက်ဝန်းလေးက သက်သေပြုလေသည်..။ ထို့နောက် ကျောင်းသားကျောင်းသူကြားထဲသို့ လျှောက်လှမ်းဝင်သွားပြီး ထိုအမျိုးသားဆီသို့ လျှောက်သွားလေသည်..။
ယောက်ျားလေး မိန်းကလေး သီးသန့်ခွဲထိုင်တာမျိုး မရှိသည့်အတွက် ခေတ်လေပြည်သွေးလည်း မိုးတိမ်စိုင်ဘေးမှလူကို ဘေးနည်းနည်းတိုးခိုင်းလိုက်ပြီး သူ က မိုးတိမ်စိုင်ဘေးသို့ ဝင်ထိုင်လိုက်သည်..။
"Morning.."
သူပြောလိုက်သည့် စကားကို နားမလည်တာလား..၊ သူ့ကို မမှတ်မိတာလား မသိသည့် မိုးတိမ်စိုင်က ခေတ်လေပြည်သွေးကို အူကြောင်ကြောင်နှင့် စိုက် ကြည့်ကာ-
"ဘယ်သူလဲဗျ.."
"မိုးတိမ်စိုင် ဟုတ်ပါတယ်နော်.."
"ဟုတ်ပါတယ်..ကျွန်တော် မိုးတိမ်စိုင်ပါပဲ.."
"တို့က ခေတ်လေပြည်သွေးလေ..fresher welcome နေ့တုန်းက အင်္ကျီငှားပေးလိုက်တဲ့ တစ်ယောက်.."
"ဪ.."
မိုးတိမ်စိုင်တစ်ယောက် အကွာအဝေးကို နည်းနည်းခွာကာ ထိုင်ချလိုက်သည်..။
"ဘာကိစ္စ..ရှိလို့လဲဗျ.."
"ဟမ်..အတန်းလာတက်တာလေ..ပြီးတော့..အင်္ကျီလည်း ပြန်ပေးချင်လို့.."
ပြောပြောဆိုဆိုနှင့် ခေတ်လေပြည်သွေးက စက္ကူအိတ်ကို စားပွဲပေါ်သို့ တင်ပေးလိုက်သည်..။
"အဲဒီနေ့ကအတွက်လည်း ထပ်ပြီး ကျေးဇူးတင်တယ်နော်.."
"ဟုတ်ကဲ့ ရပါတယ်.."
"အင်း..ဒီမှာ ထိုင်လို့ရတယ်မဟုတ်လား.."
"အာ..ရပါတယ်ဗျ..ဘာမှ မဖြစ်ပါဘူး.."
"အိုခေ..ကျေးဇူးနော်.."
ပေါ့ပေါ့ပါးပါးလေးပင် ပြောသည့် ခေတ်လေပြည်သွေးဆိုသည့် အမျိုးသမီးငယ်ကို ကြည့်ရင် တိမ်စိုင် တစ်ယောက် ခပ်ဖွဖွ ပြုံးမိသည်..။
စာသင်ချိန် နီးလာပြီးဖြစ်သဖြင့် တပ်ထားသည့် mask ကို ချွတ်လိုက်ပြီး လွယ်အိတ်ထဲသို့ ထည့်နေချိန်..။
"အိုး..မိုးတိမ်စိုင်က လူချောပဲ.."
"အဟင်း..ဟုတ်ကဲ့.."
အခုမှ စခင်တဲ့သူကို အခုလိုစကားပြောလိုက်သည့်အတွက် တိမ်စိုင့်စိတ်ထဲ ကသိကအောင့် ဖြစ်သွားရသည်..။ တအားလည်း ရင်းနှီးသေးတာမဟုတ်ဘဲနဲ့..။
တိမ်စိုင်လည်း အရှေ့ကိုသာ ပြန်လှည့်လိုက်ချိန် အရှေ့ ၅တန်းကျော်၌ အံ့သူရိန်မင်းနှင့် အခြားတစ်ယောက်က အတန်းထဲသို့ ဝင်နေလေသည်..။
သူရိန်က အမြဲတမ်း အတန်းစချိန်နီးမှ ရောက်လာတတ်တာ..။
အင်းပေါ့လေ..၊ တက္ကသိုလ်ဝင်းထဲကအဆောင်ပဲဆိုတော့လည်း ရတာပေါ့..။ ဒါပေမဲ့ သူ့ဘေးက တစ်ယောက်နဒ့ကဘအဲ့လောက်တောင် ခင်တာလား..၊ အမြဲ တတွဲတွဲနဲ့..။
တိမ်စိုင့်စိတ်ထဲ အလိုမကျသလိုမျိုးတော့ ခံစားရသည်ဆိုပေမဲ့ အဲဒီခံစားချက်က သဝန်တိုတာမျိုးတော့ မဟုတ်ချေ..။
မဟုတ်ဘူးနော်..၊ အဲဒီ့ခံစားချက်က သူဝန်တိုတာ လုံးဝ မဟုတ်ဘူး..၊ အထင်မလွဲနဲ့..။
ကိုယ့်စိတ်ကို ကိုယ် ပြန်ပြီး ဆုံးမနေရသည်..။
"လေပြည်တို့..သူငယ်ချင်း လုပ်ကြမလား.."
ခေတ်လေပြည်သွေးက ဘေးနားတွင် ငြိမ်သက်နေသည့် မိုးတိမ်စိုင်ဘက်သို့ လှည့်ကာ မေးလိုက်သော် လည်း သူက တနေရာရာကို ကြောင်တောင်တောင်ကြီး စိုက်ကြည့်နေပြီး လေပြည်မေးတာကို ပြန်မဖြေချေ..။
ဒါပေမဲ့ ရက်ပိုင်းပဲရှိသေးတာကို အဲ့လောက်ထိ ရင်း နှီးစရာမှ မလိုတာ..။
တိမ်စိုင့်စိတ်ထဲ ထိုမြင်ကွင်းက ဓားနဲ့ ခြစ်ပစ်ချင်သည့် ပန်းချီကားတစ်ချပ်လိုပင်..၊ အာရုံတွေက ထိုမြင်ကွင်းဆီသာ ရောက်နေသည့်အတွက် ဘေးပတ်ဝန်းကျင်က အရာတွေကိုလည်း အာရုံမရှိတော့ချေ..။
"မိုးတိမ်စိုင်! "
ရုတ်တရက် လက်မောင်းကို လှုပ်ကာ ခေါ်လာသည့် ဘေးနားက ခေတ်လေပြည်သွေးအသံကြောင့် မိုးတိမ်စိုင်တစ်ယောက် ဆတ်ခနဲ လန့်သွားပြီး လှည့်ကြည့်မိသည်..။
"ဟင်! ဘာလဲ.."
"လေပြည်ပြောတာ မကြားဘူးလား.."
"အာ..sorry..ကျွန်တော် အတွေးလွန်နေလို့ မကြား လိုက်ဘူး.."
"ဪ..လေပြည်ပြောတာက..လေပြည်တို့ သူငယ် ချင်းလုပ်ကြမလားလို့.."
"ဗျာ.."
မိုးတိမ်စိုင်တစ်ယောက် အူကြောင်ကြောင်ဖြစ်သွားပြီး ခေတ်လေပြည်သွေးဆိုသည့် မိန်းကလေးဘက်ကို လှည့်ကြည့်မိသည်..။
မျက်ဝန်းလှလှလေးက နေရာယူထားပြီး နှာတံလေးကလည်း စင်းစင်းလေး..၊ မျက်နှာပေါက် သွယ်သွယ်လေးနှင့် အထက်တန်းစားဆန်သည့် မျက်နှာပေါက်နှင့် လှပသည်ထက် ပိုသည့် ခေတ်လေပြည်သွေး၏ မျက်နှာကို မိုးတိမ်စိုင်တစ်ယောက် တစ်ခနမျှ ငေးကြည့်မိခဲ့သည်..။
"သူငယ်ချင်းဖြစ်ဖို့ဆိုတာက..အဲ့လိုမျိုး ခွင့်တောင်းစရာ လိုလို့လား.."
သူ(မ)မျက်ဝန်းကို အတန်ကြာစိုက်ကြည့်ရင်း ပြန်ဖြေလိုက်သည်..။
"အာ..ဒါက သိချင်လို့ပါ..လေပြည့်ကို သူငယ်ချင်းအဖြစ် သတ်မှတ်ချင်ပါ့မလားလို့..သိချင်လို့ပါ.."
"ရပါတယ်..မခေတ်လေပြည်သွေး သဘောပါ.."
"အဟင်း.."
ခေတ်လေပြည်သွေးတစ်ယောက် မိုးတိမ်စိုင့်စကားကို သဘောကျသွားသဖြင့် ခပ်အုပ်အုပ်လေး ရယ်လိုက်ပြီး-
"မခေတ်လေပြည်သွေးပေါ့လေ..လေပြည်လို့ပဲ ခေါ်ပါ..လေပြည်လည်း တိမ်စိုင်လို့ပဲ ခေါ်မယ်.."
"ဟုတ်ကဲ့.."
မိုးတိမ်စိုင်၏ အကြည့်တို့က သူရိန့်ဆီသို့ ပြန်လှည့်သွားပြီး ဆက်ပြီး မေးခွန်းတွေ ထုတ်နေမိသည်..။
သူတို့က သူငယ်ချင်းတွေရော ဟုတ်ရဲ့လား??
_____
အတန်းချိန်ပြီးသွားပြီဖြစ်သဖြင့် အံ့သူရိန်မင်းတစ်ယောက် ရောင်ခြည်နှင့်အတူ ကန်တင်းဘက်သို့ ထွက်လာခဲ့ကြသည်..။
~Ring Ring~
လွယ်အိတ်ထဲ ထည့်ထားသည့် ဖုန်းမှ ဖုန်းမြည်လာသဖြင့် အံ့သူရိန်မင်းလည်း ဖုန်းကို ထုတ်လိုက်တော့ ဖုန်းဆက်လာသူက အမေ..။
"ဟယ်လို အမေ..ပြော.."
"သား..အဆင်ပြေရဲ့လား.."
"အင်း..ပြေပါတယ်အမေရဲ့. အခန်းဖော်နဲ့လည်း ရင်းနှီးနေပြီ.."
"ဪ..အေးပါ အေးပါ.."
"ဘာကိစ္စရှိလို့လဲဟင်.."
"ဘာမှတော့မဟုတ်ပါဘူး..သားအဖေကို ပြန်လက်ခံ လိုက်ရင် ကောင်းမလားလို့.."
"ဗျာ..အဖေက မြဝတီ တက်သွားပြီဆို.."
"အင်း..ဟိုနေ့ကပဲ ပြန်ဆင်းလာတယ်.."
"အမေပြောတော့ ဒီတစ်ခါတော့ ခွင့်မလွှတ်တော့ဘူးဆို..ဘာလဲ..အဖေ ပက်ပက်စက်စက်ပြောခဲ့တာတွေကို အမေ ထပ်ပြီး ခွင့်လွှတ်ဉီးမလို့လား.."
"ဟင်း..သားရယ်..ဒါတွေက ပြီးသွားတဲ့အရာတွေမှ မဟုတ်တာ.."
"အမေ!! "
အံ့သူရိန်မင်းတစ်ယောက် ပုံမှန် လေသံထက် ပိုကျယ်သွားခဲ့သည်..။
"အမေက ဘယ်လိုလူလဲ..တစ်ခါတစ်လေ ကျရင်လေ.. အမေ့ကိုလည်း နားမလည်နိုင်တော့ဘူး..ဒီလောက် အမေ့ကို စော်ကားပြီး ဘာမဟုတ်တာလေးနဲ့ကို ပြဿနာရှာနေတာ..ဒါကိုလည်း အမေ အမှတ်မရှိသေးဘူးလား..ဟင်..သားလည်း အခုလိုပြောတာ ငရဲကြီးတယ် အမေ.. ဒါပေမဲ့လည်း မပြောလို့မဖြစ်လို့သာ..အမေ့ရဲ့ အဲဒီ့ ပျော့ညံ့တဲ့ စိတ်ကို ဘယ်တော့မှ ဖျောက်မှာလဲ..ဟင်..အဖေကလည်း အမေ့ရဲ့ အဲဒီ့ ပျော့ညံ့တဲ့ စိတ်ကို အခွင့်ကောင်းယူပြီး စော်ကားနေတာ တစ်ခါ နှစ်ခါ မကတော့ဘူး..ဒါလည်း အမေ မမှတ်ဘူး..အမေက ဘာလဲ..တုံးတာလား..အ,တာလား..ဟင်..ကိုယ့်အတွက် စိတ်ဆင်စရဲတယ်ဆိုတာ သိတာတောင် ဘာလို့ ဖက်တွယ်ချင်နေရတာလဲ.. ဟမ်..အခုချိန်မှာ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား ချသင့်ပြီ အမေ.."
"သားရယ်..သားပြောသလို အမေ သူနဲ့ မပေါင်းဘဲ နေလို့မရဘူးလေ..ပတ်ဝန်းကျင်ဆိုတာရှိတယ် သားရဲ့..သူနဲ့ အမေနဲ့ မပေါင်းလည်း သူက ဆိုင်ကို လာနေတာပဲ..အဲ့ဒီတော့ ဆိုင်မှာထိုင်နေတဲ့သူက ဟာ..သူတို့က လင်မယားတြွေဖစ်ပြီး အတူတူ မနေဘူးလား.. ဘယ်လိုတွေလဲဆိုတဲ့ အကြည့်တွေကို အမေ မခံနိုင်ဘူး သား.."
"အဲဒီတော့..အမေက အဲ့ဒါကြောင့်နဲ့ ပြန်လက်ခံချင်တယ်ပေါ့..ဟုတ်လား.."
"သားအဖေကလည်း သူ့အမှား သူသိပြီး ပြင်ပါ့မယ်တဲ့.."
"အမေ!! ဒီစကားတွေ..၊ ဒီကတိတွေက ပေးခဲ့ပေါင်းလည်း များပြီအမေ..ဒါလည်း အမေ ယုံနေတုန်းပဲလား..ဟင်..သားက သားသမီးဆိုတော့ မိဘတွေကို ကွဲပါ ကွာပါလို့လည်း မပြောချင်ဘူး..အမေ့ဖာသာ ဆုံးဖြတ်..အားလုံးမှာ ရွေးချယ်စရာ ၂ခု ရှိတယ်.. အဖေကလည်း သူ့ဖာသာ မြဝတီမှာ စီးပွားသွားရှာမလား..အိမ်ပေါ် အရှက်မရြှိပန်တက်လာမလားဆိုတာ ရယ်..အမေ့မှာလည်း အဖေ့ကိုလက်ခံမလား လက်မခံဘူးလားဆိုတာရယ်..ပြီးတော့ နောက်ဆုံးအနေနဲ့.. သရဲ့ရွေးချယ်မှုက အမေ အဖေ့ကို ပြန်လက်ခံရင်.. သားအမေ့ဆီ ပြန်မလာတော့ဘူး.. အကယ်၍ လက်မခံဘူးဆိုရင်တော့ သားအမေ့ဆီ ပြန်လာခဲ့မယ်..အဲဒါပဲ သားပြောချင်တယ်..ကျန်တာ အမေ့ဖာသာ ဆုံးဖြတ်..သားလည်း အသက်၁၇ ပဲ ရှိသေးတယ် အမေ..မိသားစုဝန်ဆိုတာကို မထမ်းချင်သေးဘူး.."
အံ့သူရိန်မင်းတစ်ယောက် ပြောပြီးတာနဲ့ ဖုန်းကို ချပစ်လိုက်သည်..။ စိတ်ထဲမှာတော့ အမေ့ကို ဒေါသတွေလည်း ထွက်နေသလို နားမလည်နိုင်မှု..၊ အလိုမကျမှုတွေလည်း ရှိနေသည်..။
ဒီလောက် အဘိုးတွေကိုရော..၊ ညီအစ်မတွေကိုရော စော်ကားပြောဆိုထားတဲ့လူကို အမေက ဘာလို့များ ပြန်လက်ခံချင်နေရတာလဲ..။ ဒီတစ်ခါလည်း သည်းခံလိုက်တာလား အမေရာ..၊ အမေ့ရဲ့ သည်းခံနိုင်စွမ်းက ဘယ်အတိုင်းအတာအထိတောင် ရှိနေခဲ့တာလဲ..။
အံ့သူရိန်မင်းတစ်ယောက် ပါးပြင်ပေါ် စီးကျနေသည့် မျက်ရည်စတို့ကို ပွတ်သုတ်ပစ်လိုက်ပြီး ကန်တင်းအဝင်နေရာမှာပင် ပြန်လှည့်ထွက်လာခဲ့လိုက်သည်..။
မျက်စိရြေှ့မင်ကွင်းမှာ ဘာရှိသလဲဆိုတာလည်း မသိလိုက်ဘဲ သူ့ရဲ့အငိုမျက်နှာကို လူတွေ မမြင်စေချင်သည့်အတွက် ထွက်လာခဲ့လိုက်ခြင်းဖြစ်သည်..။
သို့သော် ကန်တင်းအဝင်ဝနားက စားပွဲဝိုင်းမှာ ထိုင်နေသည့် တိမ်စိုင်ကတော့ အံ့သူရိန်မင်းနှင့် အကြည့်ချင်း ဆုံလိုက်ရသဖြင့် လှည့်ထွက်သွားတာ သူ့ကြောင့်လို့ ထင်လိုက်မိသည်..၊ ဘာလို့ဆို..တိမ်စိုင်ရဲ့ မျက်နှာချင်း ဆိုင်မှာလည်း ခေတ်လေပြည်သွေးက ထိုင်နေသေးတယ်လေ..။
_____
အံ့သူရိန်မင်းတစ်ယောက် သန့်စင်ခန်းထဲသို့ ဝင်လာခဲ့ပြီး ဘေစင်၌ မျက်နှာကို ရေနှင့်သစ်ချပစ်လိုက်သည်..။ စိတ်အလိုမကျမှုကြောင့် မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်သုတ်ပစ်လိုက်ပြီးနောက် ရေဘားကို ပြန်ပိတ်လိုက်သည်..။ ထို့နောက် ဘေစင်အရှေ့က မှန်ထဲတွင် ပေါ်နေသည့် ကိုယ့်ပုံရိပ်ကို ငေးကြည့်နေရင်းအထိန်းအကွပ်မဲ့စွာ စီးကျသွားသည့် မျက်ရည်စတချို့ကို လက်ချောင်းလေးနှင့် ပွတ်သုတ်ပစ်လိုက်သည်..။
ထိုအချိန် သန့်စင်ခန်းမျက်နှာကျက်က မီးလုံးက တဖျက်ဖျက်နှင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်လာသဖြင့် အံ့သူရိန်မင်း ထိုမီးလုံးကို မော့ကြည့်လိုက်ရင်း-
"ဒီနေ့က..တကယ့်ပြဿဒါးပဲ.."
ပြောပြောဆိုဆိုပင် ထိုမီးလုံးက ဖျတ်ခနဲ မီးပိတ်သွားသဖြင့် သန့်စင်ခန်းတစ်ခုလုံး မှောင်ကျသွားသည်..။ အဝင်ဝအပေါက်ကနေ တိုးဝင်နေသည့် အလင်တချို့ကြောင့်သာ ခပ်မှိန်မှိန်လေး လင်းနေသည်..။
ဟင်း..
အံ့သူရိန်မင်းလည်း မှန်ကို တစ်ခေါက် ပြန်ကြည့်လိုက်ပြီးနောက် သန့်စင်ခန်းထဲမှ ထွက်လာခဲ့လိုက်သည်..။ သူထွက်သွားသွားချင်းမှာပင် ဟိုးဘက်ထောင့်ဆုံးရှိ သန့်စင်ခန်းက သူ့အလိုလို တံခါးပိတ်သွားသည်..၊ ဘယ်သူမှ မရှိဘဲနဲ့..။
#Min-Kha