Melody Of Endora [pjm×jjk]

By -Alexandrine-

8.3K 806 19

Beyond the Ursa Major , there is always Ursa Minor. AlexandrineKim More

2
3
4
5
6 [End]

1

3.2K 196 3
By -Alexandrine-

Unicode

နက်ပြာရောင်ကောင်းကင်ထက်
ကြယ်ပွင့်တွေသည် တလက်လက် ။

" Ursa Major.."

" ခုနစ်စဥ်ကြယ်စဥ်စု..မြောက်ဖက်
ကောင်းကင်မှာ သူအမြဲရှိတယ် "

" Ursa Majorရဲ့ ဦးခေါင်းခြမ်းကနေ..
မြောက်ဖက်ကို ဆက်ကြည့်ရင်
Ursa Minorရဲ့ အမြီးပိုင်းကို တွေ့မယ် "

" သူတို့တွေမှာ ဆက်စပ်မှုတွေရှိတယ် "

" တစ်နေ့တွေရှာတွေ့မှာပါ
ကိုယ့်ရဲ့ Ursa Minorလေး "
-----------------------------------------------

" သတင်းစာ ! "
စက်ဘီးလေးကို သွက်လက်စွာနင်းရင်း
သတင်းစာလိုက်ပို့နေသည့် ကောင်လေး ။
မနက်စောစောကတည်းကနေ
စလုပ်နေတာမို့ ကောင်လေးရဲ့နဖူးထက်မှာ
ချွေးစတွေနှင့် ။

သတင်းစာလည်း ကုန်ပြီ ။ ကျသင့်တဲ့
လုပ်အားခကို ယူရင်း အတန်းချိန်မှီအောင်
ပြေးရပြန်သည် ။

" မင်း နောက်ကျပြန်ပြီ Jungkook "

" တောင်းပန်ပါတယ် ဆရာမ...
ဒီနေ့ပို့ရတာ နည်းနည်းများနေလို့ပါ "

" သွားသွား ဝင်တော့... အမြဲတော့
နောက်မကျစေနဲ့ "

" ဟုတ် ဟုတ်ကဲ့ပါ "

Minwoo ဘေးကနေရာကို ဝင်ထိုင်တော့
Minwooက သူ့ကို ပေါင်မုန့်နဲ့ နို့ဘူးသေး
သေးတစ်ဗူးပေးသည် ။

" ဘာမှ မစားရသေးဘူးမလား..စားလိုက် "

" ကျေးဇူးပါ "

Minwooနဲ့က ငယ်ပေါင်းတွေ ။Minwooတို့
မိသားစုက စီးပွားရေး​ပြေလည်တယ် ။
သဘောလည်းသိပ်ကောင်းသည် ။
သူ့ဆို အမြဲဖော်ဖော်ရွေရွေ ။

သူကတော့ အခု ၁၇နှစ်အရွယ်မှာ
ကိုယ့်ဘဝကိုယ်ကျောင်းနေရတဲ့သူ ။
မိဘနှစ်ပါးက သူ့ အသက် ၁၅ မှာ ကား
အက်ဆီးဒန့်ကြောင့် ဆုံးပါးသွားခဲ့သည် ။
အမွေထားခဲ့တဲ့ အိမ်သေးသေးလေးမှာ
သူဟာ အခြေချရင်း ရှိရှိသမျှ အလုပ်
အကုန်ကျုံးလုပ်နေခဲ့သည် ။

မပြေလည်လို့ ကျောင်းတစ်နှစ် နားခဲ့ရပေမဲ့
Minwooတို့ မိသားစုအကူအညီကြောင့်ပဲ
သူကျောင်းဆက်တက်နိုင်ခဲ့တာ ။

" မုန့်စားဆင်းချိန်ကျရင် မင်းသွားအုန်း
မှာလား "

" အေး..မဟုတ်လည်း ထမင်းစားဖို့မှ
မပါတာ..သူ့ပဲ သွားချောင်းတော့မယ် "

" စာကြည့်တိုက်လေး ဘာလေး သွားမယ်
မရှိ..Jeon JungKookတို့နော် "

" သူ့မြင်ရင် စာက အော်တိုရပြီးသား "

" ပေါတောတောနဲ့ "

မုန့်စားဆင်းတာနဲ့ JungKookသွားတာက
မသုံးဖြစ်တော့တဲ့ ပန်းချီအခန်းဟောင်းဆီ။
ထိုအခန်းက ပိတ်ထားတာလည်းကြာပြီ ။
ဘယ်သူမှလည်း မသွားတော့ပေမဲ့
JungKookက သူ့အကြောင်းနဲ့သူ ။

တံခါးကို ခပ်ဖွဖွတွန်းရင်း ချောင်းကြည့်မိ
တော့ ထင်တဲ့အတိုင်း ထိုသူဟာ
ရောက်နေပြီ ။ ဖုန်တက်နေတဲ့ ပြတင်းပေါက်
ကို ငေးနေရင်း လက်ထဲမှာလည်း
စာအုပ်အထူကြီးတစ်အုပ်ကိုင်ထားတတ်တဲ့
ထိုသူ့ကို လာလာချောင်းရတဲ့ JungKookရဲ့
နေ့စဥ်အလုပ်ဖြစ်နေပြီ ။

ထိုသူ့ကို တွေ့တာ ၃လလောက်ပဲရှိအုန်းမည်။
စောစောပိုင်းက မတွေ့ခဲ့တာ ထိုသူဟာ
ကျောင်းသားအသစ် ။ စီနီယာပေါ့ ။
ဝါဖျော့ဖျော့ ဆံပင်ရောင်နဲ့ တမူထူးခြားနေတဲ့
ထိုအကိုကြီးကို မြင်မြင်ချင်းတွေ
သဘောကျခဲ့ရပြီး လိုက်ချောင်းနေတာ ။

စကားပြောတာလည်း သိပ်မတွေ့ ။
သူငယ်ချင်းလည်း မရှိတဲ့ ထိုအကိုကြီးက
အမြဲတမ်း ဒီအခန်းထဲမှာ တစ်ယောက်ထဲ
လာလာထိုင်နေတတ်သည် ။

သူ စကားပြောကြည့်ရင် ကောင်းမလားလို့
တွေးကြည့်ဖူးသည် ။ သို့သော် မဝံ့မရဲ
ဖြစ်လွန်းတာကြောင့် မြိုသိပ်ပြီး တံခါး
ပြန်ပိတ်ခဲ့ရတာချည်း ။

အခန်းထဲကို တိတ်တိတ်လေးဝင်ဖို့
ခြေလှမ်းချလိုက်ချိန်မှာ လှည့်ကြည့်လာတဲ့သူ။
လန့်ဖြတ်သွားပြီး ကသောကမျော
အနောက်ကို ပြန်​လှည့်တော့ ယိုင်သွားပြီး
ခုံတန်းနဲ့ ရိုက်မိကာ လဲကျသွားသည် ။

" Ah ! "
ထိုအကိုကြီးကလည်း ထပြီး သူ့ဆီကို
လာနေပြီမို့ ကုန်းရုန်းထကာ ပြေးထွက်
ခဲ့ရသည် ။

အတန်းထဲပြန်ရောက်မှ သတိရတာက..
" မျက်မှန်ကျကျန်ခဲ့ပြီ "

ဒူးခေါင်းမှာ တိုက်မိလို့ အသားပွန်းကာ
သွေးထွက်နေသည် ။ သန့်စင်ခန်းထဲမှာ
ရေနဲ့ဆေးထားပေမဲ့လည်း သွေးက
စိမ့်ထွက်နေတုန်း ။

" ဘာဖြစ်လာတာလဲ JungKook..
မင်းကြည့်ရတာ အသက်ဘေးကနေ
လွတ်လာသလိုပဲ "

" သူ ငါ့ကို မြင်သွားလို့ ပြေးလာတာ "

" မြင်တာများ ဘာဖြစ်တုန်း..စကား​
ပြောလိုက်တာ မဟုတ်ဘူး "

" မပြောရဲဘူး "

" ကိုက်စားမှာ ကြောက်လို့လား "

" ဟေ့ကောင် !! "

" နောက်တာပါကွာ "

ကျောင်းနောက်ဆုံးချိန်က အားကစားချိန်မို့
ကျောင်းသားအသီးသီးထွက်ခွာသွားကြ
ပေမဲ့ သူကတော့ ခြေထောက်နာနေလို့
အတန်းထဲမှာကျန်ခဲ့သည် ။

တစ်ယောက်တည်းမို့ ခေါင်းမှောက်ပြီး
ခေတ္တအိပ်ရန်လုပ်လိုက်သည် ။
တရှပ်ရှပ်ခြေသံတွေက ကျောင်းသား
တစ်ယောက် တစ်ခုခုကျန်ခဲ့လို့
လာယူတာဖြစ်မယ်လို့ တွေးလိုက်သည် ။

နီးလာတဲ့ ခြေသံက သူ့အနားမှာ ရပ်သွား
သည် ။
" ကောင်လေး "
မရင်းနှီးတဲ့အသံက သူမသိ ။
ခေါင်းထောင်ကြည့်လိုက်တော့
ဖြတ်ဖြတ်လူးကုန်သည် ။

သူချောင်းချောင်းနေတဲ့ အကိုကြီး ။
အမည်လည်း မသိတဲ့ ဒီအကိုကြီးကို
၃လဆက်တိုက်ချောင်းနေတာက
နည်းနည်းတော့ ထူးဆန်းတယ်နော် ။

" ဗျာ..ဘာလိုချင်လို့လဲ မသိဘူး ဗျ "

" ခြေထောက်ပေး "

" ဗျာ !! "

" မင်း ခြေထောက်ပွန်းသွားတယ်မလား "

" အယ်..အဲ့တာက.."
ဇိုးဇိုးဇက်ဇက် သူ့ခြေထောက်တစ်ဖက်ကို
ဆွဲယူလိုက်တော့ သူ့မှာ ကားယားလေး ။
ဘေးနားက ခုံမှာ ထိုင်ချလိုက်ရင်း
အစကတည်းက သယ်လာပုံရတဲ့
တစ်ခါသုံး အရက်ပြန်ဂွမ်းနဲ့ အနာကို
ပိုးသတ်ပေးနေသည် ။ ပြီးတော့
အနာကပ် ပလာစတာနဲ့ ဒဏ်ရာကို
ဂရုတစိုက် ကပ်ပေးသည် ။

အဲ့အချိန်မှာ သူ့အသက်တောင် ရှူမိခဲ့
သလား မမှတ်မိ ။ တစ်ကိုယ်လုံး
တွန့်လိမ်ချင်နေတာပဲသိသည် ။
ရီချင်သလိုလို ငိုချင်သလိုလိုနဲ့
လုံးဝ ရူးနေပြီ ။

" ဘာလို့ ထွက်ပြေးသွားတာလဲ..
ကိုယ်က ကြောက်ဖို့ကောင်းလို့လား "

'ကိုယ်'တဲ့ ။ ခန့်ညားလိုက်တာ ။
" ဒီအတိုင်းပဲ "

" နောက်တခါ ချောင်းပဲ ချောင်းမနေနဲ့..
လာစကားပြောလို့ရတယ်... "

" ဟုတ်ကဲ့ပါ "
ဒါ သူ့ဘက်က အခွင့်အရေးပေးတာပဲ ။
ပျော်လွန်းလို့ ထတောင်ခုန်ချင်နေပေမဲ့
သူရှိနေလို့ ထိန်းထားရသည် ။

" ကိုယ့်နာမည် Park Jimin..ရွယ်တူလိုပဲခေါ်.."
ကျောပြင်ဖြူဖြူက တရွေ့ရွေ့ထွက်သွား
တာနဲ့ Jeon JungKookတို့ ထိန်းမရတော့ပါ ။
ခုန်ပေါက်ပြီး အူမြူးနေသည် ။

" မနက်ဖြန်..မနက်ဖြန် သွားပြောမယ်..
Yess..."
တခါတလေကျတော့လည်း ရူးရတာ
ပျော်စရာ ။

ခုန်ပေါက်နေတဲ့ ကောင်လေးကို
ကြည့်နေရင်း တစ်ကိုယ်တည်း ပြုံးလိုက်မိသည် ။

အချစ်ဆိုတာကို ဘယ်မှာရှာလဲ..
သူကတော့ မျက်ဝန်းတွေမှာ ရှာတယ်လို့
ဖြေမယ် ။ လူတော်တော်များများက
သူ့ကို စိတ်ပျက်တဲ့မျက်ဝန်းတွေနဲ့ပဲ
ကြည့်ပေမဲ့ ဒီကောင်လေးက သူများနဲ့
မတူပဲ တမူထူးခြားတဲ့ အကြည့်တွေ ။

၃လလုံးလုံး သူအမြဲသိပါတယ် ။
စောင့်နေခဲ့တာ စကားများ လာပြော
မလားလို့ ။ ဒါပေမဲ့ ကောင်လေးက
သိမ်သိမ်နုတ်နုတ်နဲ့ ခပ်ကြောက်ကြောက်။
ချစ်ဖို့တော့ ကောင်းလှပါသည် ။

​၁၉နှစ်ဆိုတဲ့အရွယ်ထိ သက်တမ်းတလျှောက်
ကြယ်တွေ လတွေ နက္ခတ်တွေကိုသာ
ငေးရင်း အမေပြောခဲ့ဖူးတဲ့ သူ့ရဲ့
UrsaMinorလေးကို လိုက်ရှာခဲ့သည် ။

" သူ့ မျက်ဝန်းတွေကို ကြည့်..မင်းကို
တခြားသူတွေနဲ့ မတူတဲ့ အကြည့်နဲ့
မင်းကို ငေးလိမ့်မယ် "

" ပကတိ ဖြူစင်ပြီး မမြင်နိုင်တဲ့ ချစ်ခြင်း
တရားတွေ ငုပ်လျှိုးနေတဲ့ မျက်ဝန်းအိမ်
တွေ "

" သူက ဘယ်လိုမျိူး ရှိနေမှာလဲ "

" အမေ မပြောနိုင်ဘူး သား..ဒီလောကမှာ
တစ်ယောက်တော့ ရှိနေမှာ သေချာတယ်
ဆိုတာပဲ အမေပြောနိုင်မယ် "

" သား ကိုယ်တိုင်ရှာရမယ် "

အချစ်ကို ငယ်ငယ်ကတည်းက ရှာပုံတော်
ဖွင့်ခဲ့တယ်လို့ပြောရင် ရီကြလိမ့်မယ် ။
အချစ်လို့တော့ မသိခဲ့ပေမဲ့ သူငယ်ချင်း
တစ်ယောက်ဆိုတဲ့ ခေါင်းစဥ်နဲ့
စရှာခဲ့တာကနေ အခုတော့ တဖြည်းဖြည်း
နားလည် သဘောပေါက်လာခဲ့ပြီ ။

အမေက လက်တွဲဖော်ကောင်းကောင်း
တစ်ယောက်ကို ရှာစေချင်ခဲ့တာ ။
သူ ရွေးချယ်မှုကို နှလုံးသားအတိုင်းပဲ
လိုက်စေခဲ့တာ ။

" ရှာတွေ့ပြီ ကိုယ့်ရဲ့Ursa Minorငယ် "
........................
JungKookပျော်လွန်းလို့ အိမ်ကိုတောင်
ဘယ်လိုပြန်ရောက်လာမှန်းမသိ ။
ရေမိုးချိုးပြီးတော့ ညစာကိုဖြစ်သလို
စားလိုက်သည် ။

သီချင်းလေးတညည်းညည်းနဲ့
မနက်ဖြန်တော့ သေသေသပ်သပ်ဖြစ်ဖို့
ကျောင်းအင်္ကျီအသစ်လေးကို ထုတ်ပြီး
မီးပူတိုက်ထားလိုက်သည် ။

တစ်ကိုယ်တည်းအတွေးတွေနဲ့ ပျော်နေတာ
မသိရင် Dateလုပ်မှာကျ ။ မီးပူတိုက်ပြီးတော့
ကျောင်းစာကျတော့လည်း မလုပ်ချင် ။
စာအုပ်ဖတ်ဖို့လည်းပျင်း ၊ သီချင်းလည်း
နားမထောင်ချင်တာမို့ Jeon JungKook
တစ်ယောက် မုပျောက်နေသည် ။

သိပ်မကြာပါ..အိမ်သေးသေးလေးရှေ့က
ကွပ်ပျစ်ဆီကို JungKookတစ်ယောက်
ထွက်လာခဲ့သည် ။ လက်ထဲမှာ ဂစ်တာ
အညိုရောင်လေးနဲ့ ။

အသက် ဆယ်နှစ်ကတည်းက ဂစ်တာကို
ကျွမ်းကျွမ်းကျင်ကျင် သူတီးတတ်နေပြီ။
အဖေ့ကြောင့်ပေါ့ ။ ဒါက အဖေရဲ့ဂစ်တာ။
၁၃နှစ်ပြည့်မှာ မွေးနေ့လက်ဆောင်အနေနဲ့
သူ့ကိုပေးခဲ့သည် ။

ဒီဂစ်တာမြင်လျှင် ငိုချင်လွန်းလို့ ကုတင်
အောက်မှာ ဖွက်ထားခဲ့တာ ကြာပြီ ။
ဒီနေတော့ စိတ်ပျော်လို့ သူ ခဏပြန်ထုတ်
ခဲ့သည် ။

ကြိုးလေးတွေကို သေချာညှိရင်း
ကောင်းကင်ကို တချက်မော့ကြည့်မိသည်။
နက်ပြာရောင်ပိတ်စပေါ်မှာ စိန်စီထား
သလိုမျိုး..လက်ရာမြောက်တဲ့အနုပညာ ။

ကြိုးလေးတွေ တုန်ခါသွားတာနဲ့
သံစဥ်တွေဟာ ဖြေးညှင်းစွာထွက်ပေါ်
လာသည် ။ သံစဥ်နှင့်အတူ သီဆိုသံလှလှ ။

" Dance me all around the room"
[ ဒီအခန်းလေးထဲမှာပဲ ငါတို့
နှစ်ယောက်တည်း ကလိုက်ကြရအောင် ]

" Spin me like ballerina super high "
[ ဘဲလေးကနေသလိုမျိုး ငါ့ကို လေထဲ
မြှောက်ပြီး ဝေ့ဝဲလိုက်ပါ ]

" Dance me all around the moon "
[ လရောင်အောက်မှာ ငါတို့ လှလှလေး
ကကြရအောင် ]

" Like six times 'til I'm sick and I cry "
[ ငါ ပင်ပန်းလာပြီး ရပ်ခိုင်းမဲ့ အချိန်အထိပေါ့ ]

" Once, twice, three times "
[ တစ်ကြိမ်၊ နှစ်ကြိမ် ၊ သုံးကြိမ်မက
ငါ့ကို ဝှေ့ယမ်းလှည့်လိုက်ပါ ]

" The guy I ever thought I would meet"
[ မင်းက ဘဝမှာ ငါအမြဲစိတ်ကူးယဥ်ခဲ့ရတဲ့
လူသားတစ်ယောက်]

" So don't say you're over me "
[ ဒါကြောင့်မလို့ ငါ့ကို မချစ်တော့ဘူးလို့
မင်း မပြောလိုက်ပါနဲ့ ]

" When they all know that
you're lying "
[ အကယ်၍ မင်းပြောလည်း အကုန်လုံးက
မင်းလိမ်နေတယ်ဆိုတာ သိကြပါတယ် ]

" If you lie down right next to me "
[ ဘာလို့ဆိုတော့ မင်းက သက်ဆုံးတိုင်ထိ
ငါ့ဘေးနားမှာ ရှိနေမှာမို့လို့လေ ]

ကြယ်စဥ်တွေက တလက်လက်...
သံစဥ်တွေက အေးချမ်းဖွယ်အတိ..
လက်ဖျားလေးနဲ့ ကြိုးစလေးတွေ
ထိမိတိုင်းမှာ လှပလိုက်တဲ့ တေးသံတွေ ။

သန်းခေါင်နီးနီးအထိ သူ ကွပ်ပျစ်ပေါ်မှာ
ဂစ်တာပိုက်လျက် ကြယ်တွေရေတွက်
နေမိသည် ။

" ဟော ခုနစ်စဥ်ကြယ်..."
ခုနစ်စဥ်ကြယ်ရဲ့ရှေ့ပိုင်းက ညွှန်ပြ
နေတဲ့ဘက် တည့်တည့်က တောက်ပတဲ့
ဓူဝံကြယ် ။ မြောက်အရပ်ရဲ့ အရှင်သခင် ။

မဖြစ်နိုင်မှန်းသိလည်း ကြယ်တွေ
ခူးဆွတ်ပြီး သေတ္တာလေးထဲ သော့ခတ်
သိမ်းထားချင်သည် ။ ငယ်ငယ်ကတည်းက
ရူးခဲ့ရတဲ့ အိမ်မက်လေးပေါ့ ။

တဖျပ်ဖျပ် လင်းလက်နေတဲ့ ကြယ်တွေကို
ငေးကြည့်ရတာ မိန်းမောဖွယ်ကောင်းသလို
ကြယ်ပွင့်လို တောက်ပသည့် လူတစ်ယောက်
ကို ငေးမောရတာလည်း လွင့်လို့ကောင်းသည့်
ခံစားချက်မျိုး ။

ကြယ်လေးတွေကို စကားပြောသည် ။
လေညှင်းတွေကတော့ ခပ်အေးအေး
ပွေ့ဖက်ပေးသည်ပေါ့ ။ ရင်ထဲကလာသည့်
အတိုင်း ကြယ်စဥ်တွေသိသည် ။

" ကြယ်တာရာတွေ သိပါစေ..Jiminကို
သိပ်သဘောကျတာ "

/////
ဒါက စိတ်ကူးတည့်ရာလေး ရေးချထားတာပါ။ပေါ့ပေါ့ပါးပါးလေးပဲရေးထားတာမို့
အရမ်းကြီးSeriousထားပြီး မဖတ်ကြပါနဲ့ ။ရိုးရိုးလေးပဲ ခံစားပေးကြပါ💛

လေးစားစွာဖြင့်
AlexandrineKim

Zawgyi

နက္ျပာေရာင္ေကာင္းကင္ထက္
ၾကယ္ပြင့္ေတြသည္ တလက္လက္ ။

" Ursa Major.."

" ခုနစ္စဥ္ၾကယ္စဥ္စု..ေျမာက္ဖက္
ေကာင္းကင္မွာ သူအၿမဲ႐ွိတယ္ "

" Ursa Majorရဲ႕ ဦးေခါင္းျခမ္းကေန..
ေျမာက္ဖက္ကို ဆက္ၾကည့္ရင္
Ursa Minorရဲ႕ အၿမီးပိုင္းကို ေတြ႕မယ္ "

" သူတို႔ေတြမွာ ဆက္စပ္မႈေတြ႐ွိတယ္ "

" တစ္ေန႔ေတြ႐ွာေတြ႕မွာပါ
ကိုယ့္ရဲ႕ Ursa Minorေလး "
-----------------------------------------------

" သတင္းစာ ! "
စက္ဘီးေလးကို သြက္လက္စြာနင္းရင္း
သတင္းစာလိုက္ပို႔ေနသည့္ ေကာင္ေလး ။
မနက္ေစာေစာကတည္းကေန
စလုပ္ေနတာမို႔ ေကာင္ေလးရဲ႕နဖူးထက္မွာ
ေခြၽးစေတြႏွင့္ ။

သတင္းစာလည္း ကုန္ၿပီ ။ က်သင့္တဲ့
လုပ္အားခကို ယူရင္း အတန္းခ်ိန္မွီေအာင္
ေျပးရျပန္သည္ ။

" မင္း ေနာက္က်ျပန္ၿပီ Jungkook "

" ေတာင္းပန္ပါတယ္ ဆရာမ...
ဒီေန႔ပို႔ရတာ နည္းနည္းမ်ားေနလို႔ပါ "

" သြားသြား ဝင္ေတာ့... အၿမဲေတာ့
ေနာက္မက်ေစနဲ႔ "

" ဟုတ္ ဟုတ္ကဲ့ပါ "

Minwoo ေဘးကေနရာကို ဝင္ထိုင္ေတာ့
Minwooက သူ႕ကို ေပါင္မုန္႔နဲ႔ ႏို႔ဘူးေသး
ေသးတစ္ဗူးေပးသည္ ။

" ဘာမွ မစားရေသးဘူးမလား..စားလိုက္ "

" ေက်းဇူးပါ "

Minwooနဲ႔က ငယ္ေပါင္းေတြ ။Minwooတို႔
မိသားစုက စီးပြားေရး​ေျပလည္တယ္ ။
သေဘာလည္းသိပ္ေကာင္းသည္ ။
သူ႕ဆို အၿမဲေဖာ္ေဖာ္ေ႐ြေ႐ြ ။

သူကေတာ့ အခု ၁၇ႏွစ္အ႐ြယ္မွာ
ကိုယ့္ဘဝကိုယ္ေက်ာင္းေနရတဲ့သူ ။
မိဘႏွစ္ပါးက သူ႕ အသက္ ၁၅ မွာ ကား
အက္ဆီးဒန္႔ေၾကာင့္ ဆုံးပါးသြားခဲ့သည္ ။
အေမြထားခဲ့တဲ့ အိမ္ေသးေသးေလးမွာ
သူဟာ အေျခခ်ရင္း ႐ွိ႐ွိသမွ် အလုပ္
အကုန္က်ံဳးလုပ္ေနခဲ့သည္ ။

မေျပလည္လို႔ ေက်ာင္းတစ္ႏွစ္ နားခဲ့ရေပမဲ့
Minwooတို႔ မိသားစုအကူအညီေၾကာင့္ပဲ
သူေက်ာင္းဆက္တက္ႏိုင္ခဲ့တာ ။

" မုန္႔စားဆင္းခ်ိန္က်ရင္ မင္းသြားအုန္း
မွာလား "

" ေအး..မဟုတ္လည္း ထမင္းစားဖို႔မွ
မပါတာ..သူ႕ပဲ သြားေခ်ာင္းေတာ့မယ္ "

" စာၾကည့္တိုက္ေလး ဘာေလး သြားမယ္
မ႐ွိ..Jeon JungKookတို႔ေနာ္ "

" သူ႕ျမင္ရင္ စာက ေအာ္တိုရၿပီးသား "

" ေပါေတာေတာနဲ႔ "

မုန္႔စားဆင္းတာနဲ႔ JungKookသြားတာက
မသုံးျဖစ္ေတာ့တဲ့ ပန္းခ်ီအခန္းေဟာင္းဆီ။
ထိုအခန္းက ပိတ္ထားတာလည္းၾကာၿပီ ။
ဘယ္သူမွလည္း မသြားေတာ့ေပမဲ့
JungKookက သူ႕အေၾကာင္းနဲ႔သူ ။

တံခါးကို ခပ္ဖြဖြတြန္းရင္း ေခ်ာင္းၾကည့္မိ
ေတာ့ ထင္တဲ့အတိုင္း ထိုသူဟာ
ေရာက္ေနၿပီ ။ ဖုန္တက္ေနတဲ့ ျပတင္းေပါက္
ကို ေငးေနရင္း လက္ထဲမွာလည္း
စာအုပ္အထူႀကီးတစ္အုပ္ကိုင္ထားတတ္တဲ့
ထိုသူ႕ကို လာလာေခ်ာင္းရတဲ့ JungKookရဲ႕
ေန႔စဥ္အလုပ္ျဖစ္ေနၿပီ ။

ထိုသူ႕ကို ေတြ႕တာ ၃လေလာက္ပဲ႐ွိအုန္းမည္။
ေစာေစာပိုင္းက မေတြ႕ခဲ့တာ ထိုသူဟာ
ေက်ာင္းသားအသစ္ ။ စီနီယာေပါ့ ။
ဝါေဖ်ာ့ေဖ်ာ့ ဆံပင္ေရာင္နဲ႔ တမူထူးျခားေနတဲ့
ထိုအကိုႀကီးကို ျမင္ျမင္ခ်င္းေတြ
သေဘာက်ခဲ့ရၿပီး လိုက္ေခ်ာင္းေနတာ ။

စကားေျပာတာလည္း သိပ္မေတြ႕ ။
သူငယ္ခ်င္းလည္း မ႐ွိတဲ့ ထိုအကိုႀကီးက
အၿမဲတမ္း ဒီအခန္းထဲမွာ တစ္ေယာက္ထဲ
လာလာထိုင္ေနတတ္သည္ ။

သူ စကားေျပာၾကည့္ရင္ ေကာင္းမလားလို႔
ေတြးၾကည့္ဖူးသည္ ။ သို႔ေသာ္ မဝံ့မရဲ
ျဖစ္လြန္းတာေၾကာင့္ ၿမိဳသိပ္ၿပီး တံခါး
ျပန္ပိတ္ခဲ့ရတာခ်ည္း ။

အခန္းထဲကို တိတ္တိတ္ေလးဝင္ဖို႔
ေျခလွမ္းခ်လိုက္ခ်ိန္မွာ လွည့္ၾကည့္လာတဲ့သူ။
လန္႔ျဖတ္သြားၿပီး ကေသာကေမ်ာ
အေနာက္ကို ျပန္​လွည့္ေတာ့ ယိုင္သြားၿပီး
ခုံတန္းနဲ႔ ႐ိုက္မိကာ လဲက်သြားသည္ ။

" Ah ! "
ထိုအကိုႀကီးကလည္း ထၿပီး သူ႕ဆီကို
လာေနၿပီမို႔ ကုန္း႐ုန္းထကာ ေျပးထြက္
ခဲ့ရသည္ ။

အတန္းထဲျပန္ေရာက္မွ သတိရတာက..
" မ်က္မွန္က်က်န္ခဲ့ၿပီ "

ဒူးေခါင္းမွာ တိုက္မိလို႔ အသားပြန္းကာ
ေသြးထြက္ေနသည္ ။ သန္႔စင္ခန္းထဲမွာ
ေရနဲ႔ေဆးထားေပမဲ့လည္း ေသြးက
စိမ့္ထြက္ေနတုန္း ။

" ဘာျဖစ္လာတာလဲ JungKook..
မင္းၾကည့္ရတာ အသက္ေဘးကေန
လြတ္လာသလိုပဲ "

" သူ ငါ့ကို ျမင္သြားလို႔ ေျပးလာတာ "

" ျမင္တာမ်ား ဘာျဖစ္တုန္း..စကား​
ေျပာလိုက္တာ မဟုတ္ဘူး "

" မေျပာရဲဘူး "

" ကိုက္စားမွာ ေၾကာက္လို႔လား "

" ေဟ့ေကာင္ !! "

" ေနာက္တာပါကြာ "

ေက်ာင္းေနာက္ဆုံးခ်ိန္က အားကစားခ်ိန္မို႔
ေက်ာင္းသားအသီးသီးထြက္ခြာသြားၾက
ေပမဲ့ သူကေတာ့ ေျခေထာက္နာေနလို႔
အတန္းထဲမွာက်န္ခဲ့သည္ ။

တစ္ေယာက္တည္းမို႔ ေခါင္းေမွာက္ၿပီး
ေခတၱအိပ္ရန္လုပ္လိုက္သည္ ။
တ႐ွပ္႐ွပ္ေျခသံေတြက ေက်ာင္းသား
တစ္ေယာက္ တစ္ခုခုက်န္ခဲ့လို႔
လာယူတာျဖစ္မယ္လို႔ ေတြးလိုက္သည္ ။

နီးလာတဲ့ ေျခသံက သူ႕အနားမွာ ရပ္သြား
သည္ ။
" ေကာင္ေလး "
မရင္းႏွီးတဲ့အသံက သူမသိ ။
ေခါင္းေထာင္ၾကည့္လိုက္ေတာ့
ျဖတ္ျဖတ္လူးကုန္သည္ ။

သူေခ်ာင္းေခ်ာင္းေနတဲ့ အကိုႀကီး ။
အမည္လည္း မသိတဲ့ ဒီအကိုႀကီးကို
၃လဆက္တိုက္ေခ်ာင္းေနတာက
နည္းနည္းေတာ့ ထူးဆန္းတယ္ေနာ္ ။

" ဗ်ာ..ဘာလိုခ်င္လို႔လဲ မသိဘူး ဗ် "

" ေျခေထာက္ေပး "

" ဗ်ာ !! "

" မင္း ေျခေထာက္ပြန္းသြားတယ္မလား "

" အယ္..အဲ့တာက.."
ဇိုးဇိုးဇက္ဇက္ သူ႕ေျခေထာက္တစ္ဖက္ကို
ဆြဲယူလိုက္ေတာ့ သူ႕မွာ ကားယားေလး ။
ေဘးနားက ခုံမွာ ထိုင္ခ်လိုက္ရင္း
အစကတည္းက သယ္လာပုံရတဲ့
တစ္ခါသုံး အရက္ျပန္ဂြမ္းနဲ႔ အနာကို
ပိုးသတ္ေပးေနသည္ ။ ၿပီးေတာ့
အနာကပ္ ပလာစတာနဲ႔ ဒဏ္ရာကို
ဂ႐ုတစိုက္ ကပ္ေပးသည္ ။

အဲ့အခ်ိန္မွာ သူ႕အသက္ေတာင္ ႐ွဴမိခဲ့
သလား မမွတ္မိ ။ တစ္ကိုယ္လုံး
တြန္႔လိမ္ခ်င္ေနတာပဲသိသည္ ။
ရီခ်င္သလိုလို ငိုခ်င္သလိုလိုနဲ႔
လုံးဝ ႐ူးေနၿပီ ။

" ဘာလို႔ ထြက္ေျပးသြားတာလဲ..
ကိုယ္က ေၾကာက္ဖို႔ေကာင္းလို႔လား "

'ကိုယ္'တဲ့ ။ ခန္႔ညားလိုက္တာ ။
" ဒီအတိုင္းပဲ "

" ေနာက္တခါ ေခ်ာင္းပဲ ေခ်ာင္းမေနနဲ႔..
လာစကားေျပာလို႔ရတယ္... "

" ဟုတ္ကဲ့ပါ "
ဒါ သူ႕ဘက္က အခြင့္အေရးေပးတာပဲ ။
ေပ်ာ္လြန္းလို႔ ထေတာင္ခုန္ခ်င္ေနေပမဲ့
သူ႐ွိေနလို႔ ထိန္းထားရသည္ ။

" ကိုယ့္နာမည္ Park Jimin..႐ြယ္တူလိုပဲေခၚ.."
ေက်ာျပင္ျဖဴျဖဴက တေ႐ြ႕ေ႐ြ႕ထြက္သြား
တာနဲ႔ Jeon JungKookတို႔ ထိန္းမရေတာ့ပါ ။
ခုန္ေပါက္ၿပီး အူျမဴးေနသည္ ။

" မနက္ျဖန္..မနက္ျဖန္ သြားေျပာမယ္..
Yess..."
တခါတေလက်ေတာ့လည္း ႐ူးရတာ
ေပ်ာ္စရာ ။

ခုန္ေပါက္ေနတဲ့ ေကာင္ေလးကို
ၾကည့္ေနရင္း တစ္ကိုယ္တည္း ျပဳံးလိုက္မိသည္ ။

အခ်စ္ဆိုတာကို ဘယ္မွာ႐ွာလဲ..
သူကေတာ့ မ်က္ဝန္းေတြမွာ ႐ွာတယ္လို႔
ေျဖမယ္ ။ လူေတာ္ေတာ္မ်ားမ်ားက
သူ႕ကို စိတ္ပ်က္တဲ့မ်က္ဝန္းေတြနဲ႔ပဲ
ၾကည့္ေပမဲ့ ဒီေကာင္ေလးက သူမ်ားနဲ႔
မတူပဲ တမူထူးျခားတဲ့ အၾကည့္ေတြ ။

၃လလုံးလုံး သူအၿမဲသိပါတယ္ ။
ေစာင့္ေနခဲ့တာ စကားမ်ား လာေျပာ
မလားလို႔ ။ ဒါေပမဲ့ ေကာင္ေလးက
သိမ္သိမ္ႏုတ္ႏုတ္နဲ႔ ခပ္ေၾကာက္ေၾကာက္။
ခ်စ္ဖို႔ေတာ့ ေကာင္းလွပါသည္ ။

​၁၉ႏွစ္ဆိုတဲ့အ႐ြယ္ထိ သက္တမ္းတေလွ်ာက္
ၾကယ္ေတြ လေတြ နကၡတ္ေတြကိုသာ
ေငးရင္း အေမေျပာခဲ့ဖူးတဲ့ သူ႕ရဲ႕
UrsaMinorေလးကို လိုက္႐ွာခဲ့သည္ ။

" သူ႕ မ်က္ဝန္းေတြကို ၾကည့္..မင္းကို
တျခားသူေတြနဲ႔ မတူတဲ့ အၾကည့္နဲ႔
မင္းကို ေငးလိမ့္မယ္ "

" ပကတိ ျဖဴစင္ၿပီး မျမင္ႏိုင္တဲ့ ခ်စ္ျခင္း
တရားေတြ ငုပ္လွ်ိဳးေနတဲ့ မ်က္ဝန္းအိမ္
ေတြ "

" သူက ဘယ္လိုမ်ိဴး ႐ွိေနမွာလဲ "

" အေမ မေျပာႏိုင္ဘူး သား..ဒီေလာကမွာ
တစ္ေယာက္ေတာ့ ႐ွိေနမွာ ေသခ်ာတယ္
ဆိုတာပဲ အေမေျပာႏိုင္မယ္ "

" သား ကိုယ္တိုင္႐ွာရမယ္ "

အခ်စ္ကို ငယ္ငယ္ကတည္းက ႐ွာပုံေတာ္
ဖြင့္ခဲ့တယ္လို႔ေျပာရင္ ရီၾကလိမ့္မယ္ ။
အခ်စ္လို႔ေတာ့ မသိခဲ့ေပမဲ့ သူငယ္ခ်င္း
တစ္ေယာက္ဆိုတဲ့ ေခါင္းစဥ္နဲ႔
စ႐ွာခဲ့တာကေန အခုေတာ့ တျဖည္းျဖည္း
နားလည္ သေဘာေပါက္လာခဲ့ၿပီ ။

အေမက လက္တြဲေဖာ္ေကာင္းေကာင္း
တစ္ေယာက္ကို ႐ွာေစခ်င္ခဲ့တာ ။
သူ ေ႐ြးခ်ယ္မႈကို ႏွလုံးသားအတိုင္းပဲ
လိုက္ေစခဲ့တာ ။

" ႐ွာေတြ႕ၿပီ ကိုယ့္ရဲ႕Ursa Minorငယ္ "
........................
JungKookေပ်ာ္လြန္းလို႔ အိမ္ကိုေတာင္
ဘယ္လိုျပန္ေရာက္လာမွန္းမသိ ။
ေရမိုးခ်ိဳးၿပီးေတာ့ ညစာကိုျဖစ္သလို
စားလိုက္သည္ ။

သီခ်င္းေလးတညည္းညည္းနဲ႔
မနက္ျဖန္ေတာ့ ေသေသသပ္သပ္ျဖစ္ဖို႔
ေက်ာင္းအက်ႌအသစ္ေလးကို ထုတ္ၿပီး
မီးပူတိုက္ထားလိုက္သည္ ။

တစ္ကိုယ္တည္းအေတြးေတြနဲ႔ ေပ်ာ္ေနတာ
မသိရင္ Dateလုပ္မွာက် ။ မီးပူတိုက္ၿပီးေတာ့
ေက်ာင္းစာက်ေတာ့လည္း မလုပ္ခ်င္ ။
စာအုပ္ဖတ္ဖို႔လည္းပ်င္း ၊ သီခ်င္းလည္း
နားမေထာင္ခ်င္တာမို႔ Jeon JungKook
တစ္ေယာက္ မုေပ်ာက္ေနသည္ ။

သိပ္မၾကာပါ..အိမ္ေသးေသးေလးေ႐ွ႕က
ကြပ္ပ်စ္ဆီကို JungKookတစ္ေယာက္
ထြက္လာခဲ့သည္ ။ လက္ထဲမွာ ဂစ္တာ
အညိဳေရာင္ေလးနဲ႔ ။

အသက္ ဆယ္ႏွစ္ကတည္းက ဂစ္တာကို
ကြၽမ္းကြၽမ္းက်င္က်င္ သူတီးတတ္ေနၿပီ။
အေဖ့ေၾကာင့္ေပါ့ ။ ဒါက အေဖရဲ႕ဂစ္တာ။
၁၃ႏွစ္ျပည့္မွာ ေမြးေန႔လက္ေဆာင္အေနနဲ႔
သူ႕ကိုေပးခဲ့သည္ ။

ဒီဂစ္တာျမင္လွ်င္ ငိုခ်င္လြန္းလို႔ ကုတင္
ေအာက္မွာ ဖြက္ထားခဲ့တာ ၾကာၿပီ ။
ဒီေနေတာ့ စိတ္ေပ်ာ္လို႔ သူ ခဏျပန္ထုတ္
ခဲ့သည္ ။

ႀကိဳးေလးေတြကို ေသခ်ာညႇိရင္း
ေကာင္းကင္ကို တခ်က္ေမာ့ၾကည့္မိသည္။
နက္ျပာေရာင္ပိတ္စေပၚမွာ စိန္စီထား
သလိုမ်ိဳး..လက္ရာေျမာက္တဲ့အႏုပညာ ။

ႀကိဳးေလးေတြ တုန္ခါသြားတာနဲ႔
သံစဥ္ေတြဟာ ေျဖးညႇင္းစြာထြက္ေပၚ
လာသည္ ။ သံစဥ္ႏွင့္အတူ သီဆိုသံလွလွ ။

" Dance me all around the room"
[ ဒီအခန္းေလးထဲမွာပဲ ငါတို႔
ႏွစ္ေယာက္တည္း ကလိုက္ၾကရေအာင္ ]

" Spin me like ballerina super high "
[ ဘဲေလးကေနသလိုမ်ိဳး ငါ့ကို ေလထဲ
ေျမႇာက္ၿပီး ေဝ့ဝဲလိုက္ပါ ]

" Dance me all around the moon "
[ လေရာင္ေအာက္မွာ ငါတို႔ လွလွေလး
ကၾကရေအာင္ ]

" Like six times 'til I'm sick and I cry "
[ ငါ ပင္ပန္းလာၿပီး ရပ္ခိုင္းမဲ့ အခ်ိန္အထိေပါ့ ]

" Once, twice, three times "
[ တစ္ႀကိမ္၊ ႏွစ္ႀကိမ္ ၊ သုံးႀကိမ္မက
ငါ့ကို ေဝွ႔ယမ္းလွည့္လိုက္ပါ ]

" The guy I ever thought I would meet"
[ မင္းက ဘဝမွာ ငါအၿမဲစိတ္ကူးယဥ္ခဲ့ရတဲ့
လူသားတစ္ေယာက္]

" So don't say you're over me "
[ ဒါေၾကာင့္မလို႔ ငါ့ကို မခ်စ္ေတာ့ဘူးလို႔
မင္း မေျပာလိုက္ပါနဲ႔ ]

" When they all know that
you're lying "
[ အကယ္၍ မင္းေျပာလည္း အကုန္လုံးက
မင္းလိမ္ေနတယ္ဆိုတာ သိၾကပါတယ္ ]

" If you lie down right next to me "
[ ဘာလို႔ဆိုေတာ့ မင္းက သက္ဆုံးတိုင္ထိ
ငါ့ေဘးနားမွာ ႐ွိေနမွာမို႔လို႔ေလ ]

ၾကယ္စဥ္ေတြက တလက္လက္...
သံစဥ္ေတြက ေအးခ်မ္းဖြယ္အတိ..
လက္ဖ်ားေလးနဲ႔ ႀကိဳးစေလးေတြ
ထိမိတိုင္းမွာ လွပလိုက္တဲ့ ေတးသံေတြ ။

သန္းေခါင္နီးနီးအထိ သူ ကြပ္ပ်စ္ေပၚမွာ
ဂစ္တာပိုက္လ်က္ ၾကယ္ေတြေရတြက္
ေနမိသည္ ။

" ေဟာ ခုနစ္စဥ္ၾကယ္..."
ခုနစ္စဥ္ၾကယ္ရဲ႕ေ႐ွ႕ပိုင္းက ၫႊန္ျပ
ေနတဲ့ဘက္ တည့္တည့္က ေတာက္ပတဲ့
ဓူဝံၾကယ္ ။ ေျမာက္အရပ္ရဲ႕ အ႐ွင္သခင္ ။

မျဖစ္ႏိုင္မွန္းသိလည္း ၾကယ္ေတြ
ခူးဆြတ္ၿပီး ေသတၱာေလးထဲ ေသာ့ခတ္
သိမ္းထားခ်င္သည္ ။ ငယ္ငယ္ကတည္းက
႐ူးခဲ့ရတဲ့ အိမ္မက္ေလးေပါ့ ။

တဖ်ပ္ဖ်ပ္ လင္းလက္ေနတဲ့ ၾကယ္ေတြကို
ေငးၾကည့္ရတာ မိန္းေမာဖြယ္ေကာင္းသလို
ၾကယ္ပြင့္လို ေတာက္ပသည့္ လူတစ္ေယာက္
ကို ေငးေမာရတာလည္း လြင့္လို႔ေကာင္းသည့္
ခံစားခ်က္မ်ိဳး ။

ၾကယ္ေလးေတြကို စကားေျပာသည္ ။
ေလညႇင္းေတြကေတာ့ ခပ္ေအးေအး
ေပြ႕ဖက္ေပးသည္ေပါ့ ။ ရင္ထဲကလာသည့္
အတိုင္း ၾကယ္စဥ္ေတြသိသည္ ။

" ၾကယ္တာရာေတြ သိပါေစ..Jiminကို
သိပ္သေဘာက်တာ "

/////

ဒါက စိတ္ကူးတည့္ရာေလး ေရးခ်ထားတာပါ။
ေပါ့ေပါ့ပါးပါးေလးပဲေရးထားတာမို႔ အရမ္းႀကီး
Seriousထားၿပီး မဖတ္ၾကပါနဲ႔ ။ ႐ိုး႐ိုးေလးပဲ
ခံစားေပးၾကပါ💛

ေလးစားစြာျဖင့္
AlexandrineKim

Continue Reading

You'll Also Like

859K 52.8K 117
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
93.7K 8.4K 27
ချစ်တာထက်ကို ပိုချစ်တယ် ကလေးငယ်..... Started_19.Nov.2021 Ended_23.Dec.2021........
18K 1.2K 23
မထင်မှတ်ပဲချစ်ခဲ့ကြတယ်
92.1K 8.4K 28
- 1𝚜𝚝 𝙺𝚘𝚘𝚔𝙼𝚒𝚗 𝙵𝚊𝚗𝚏𝚒𝚌𝚝𝚒𝚘𝚗 Park Jimin ကျတော်သူ့ကို အရမ်းချစ်ပါတယ် ဒါပေမဲ့ ကျတော် သူ့ကိုလက်လွှတ်လိုက်ရမှာ ကြောက်လို့ ဖုံးကွယ်မိခဲ့တယ...