System White

By raincherr006

106K 8.2K 337

system ficလေးပါ၊ခုမှsystem ficကိုပထမဆုံး‌ေရေးတဲ့အတွက်အမှားပါရင်သည်းခံပေးကြပါနော် ပုံ crd start date - decemb... More

System White
Arc 1.1(လရောင်)
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
သတင်းကောင်း
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12 (final)
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.10
Arc 2.11
Arc 2.12 (final)
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11(final)
Arc 4.0
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5

Arc 2.9

1.8K 177 15
By raincherr006

Unicode

ထန်ရိမင်ဟာသူ့ကောင်လေးရှိတဲ့ဆီကိုအပြေးလေးသွားပါတော့တယ်၊အစေခံတွေကိုလည်းညစာအတွက်မှာခဲ့တယ်၊ကောင်လေးဆီရောက်သွားတဲ့အခါကောင်လေးဟာပြတင်းပေါက်နားမှာထိုင်နေပြီးလမင်းကြီးကိုကြည့်နေတဲ့ကော‌ေင်လးကိုတွေ့လိုက်သည်

လရောင်ကိုကြည့်နေတဲ့ကောင်လေးမှာအထီးကျန်နေသလိုလွမ်းဆွတ်နေတဲ့ခံစားချက်ပေးနေသည်၊ကောင်လေးကိုကြည့်နေရင်းသူ့ရင်ဘက်ထဲမှာသူ့ကိုစွဲစွဲမြဲမြဲသာမဖမ်းထားရင်ထွက်သွားတော့မှာလို့ခံစားနေရသည်၊

ထန်ရိမင်လည်းကောင်လေးရှိရာဆီသွားလိုက်ပြီးကောင်လေးလည်တိုင်နားဆီးငုံ့လိုက်ပြီး
"ကောင်လေး."

လုပ်စရာဘာမှမရှိလို့ပိုင်လင်လည်းမိုးကောင်းကင်ကလမင်းကိုကြည့်နေလိုက်တော့သည်၊စိတ်ထဲမှာလည်း ဘယ်တော့မှရှေးခေတ်ကမ္ဘာဆီမကူးပြောင်းခိုင်းပါနဲ့လို့whiteကိုတောင်ဆိုနေတော့သည်၊

ရှေးခေတ်ကဖုန်းလဲမရှိ၊tvလဲမရှိ စိတ်ဝင်စားစရာဆိုလို့သူ့လူကြီးပဲရှိသည်၊သူအတွေးလွန်နေတုန်းသူ့လည်တိုင်နားမှာအသက်ရှုထုတ်လိုက်တဲ့လေငွေ့ကြောင့်သူလန့်သွားသည်

နောက်တော့သူ့လူကြီးရဲ့အက်ရှရှအသံကြောင့်သူ့ရင်ဘက်မှာထူးဆန်းသလိုနှလုံးခုန်နှုန်းတွေလဲမြန်လာသလိုခံစားရသည်

သူလှည့်ကြည့်လိုက်တော့ထန်ရိမင်လဲသူ့ဘက်ကိုလှည့်လာလိုက်တော့နှုတ်ခမ်းချင်းထိမိသွားသည်၊ထန်ရိမင်လည်းကောင်လေးရဲ့စတောဘယ်ရီအနံ့လေးမှာသူ့အပိုင်လို့ခံစားနေရသည်

ပိုင်လင်လည်းထန်ရိမင်ရင်ဘက်ကိုလက်နဲ့တွန်းလိုက်ပြီးသူနှုတ်ခမ်းကိုလက်နဲ့အုပ်လိုက်သည်၊ပိုင်လင်ရဲ့မျက်လုံးတွေမှာအံ့သြခြင်း၊ရှက်ရွံ့ခြင်းတွေနဲ့ထန်ရိမင်ကိုကြည့်နေမိသည်

ထန်ရိမင်လည်းကောင်လေးရဲ့ပုံစံလေးကိုကြည့်ပြီးအသည်းယားလာသည်၊ထန်ရိမင်လည်းရှေ့တစ်လှမ်းတိုးပြီးကောင်လေးရဲ့ခါးကိုဖက်လိုက်သည်၊ကောင်လေးရဲ့မျက်နှာကိုအသာလေးကိုင်လိုက်ပြီးနှုတ်ခမ်းလေးကိုနမ်းလိုက်သည်၊

ပိုင်လင်မှာထန်ရိမင်ရဲ့ရုတ်တရက်ဆန်တဲ့အနမ်းကြောင့်အစပိုင်းမှာကြောင်သွားသော်လည်းသူ့နှုတ်ခမ်းကိုကိုက်ခံရတာကြောင့်အသိစိတ်ပြန်ဝင်လာသည်၊ပိုင်လင်မှာနာတာကြောင်နှုတ်ခမ်းဟမိသွားအချိန်ထန်ရိမင်ကအခွင့်ကောင်းယူပြီးလျှာတွေနဲ့သူ့လျှာကိုရစ်ပတ်နေတော့သည်၊

ပိုင်လက်မှာထန်ရိမင်ရဲ့အနမ်းရိုင်းကြောင့်အသက်ရှုမဝသလိုဖြစ်နေသည်၊ပြီးတော့ဒီနားမှာရှောင်ပိုင်ရှိတယ်မလား၊ပိုင်လင်မှာအရမ်းရှက်လာပြီးထန်ရိမင်ရဲ့ရင်ဘက်ကိုတွန်းလိုက်တော့ထန်ရိမင်ကသူ့လက်နှစ်ဘက်လုံးကိုချုပ်ထားလိုက်တော့သည်၊

ပိုင်လင်အသက်ရှုမဝတော့အချိန်ရောက်မှသာလွှတ်ပေးလိုက်တော့သည်၊ပိုင်လင်မှာထန်ရိမင်ပြန်လွှတ်လိုက်တာကြောင့်လေကိုအသဲအသန်ပြန်ရှုမိသည်

ထန်ရိမင်မှာကောင်လေးရဲ့မျက်နှာလေးနီပြီးလေကိုအသဲအသန်ရှုနေတဲ့ကောင်လေးရဲ့မျက်နှာလေးကိုကြည်ပြီးမျက်ဆံမှာနက်မှောင်သွားတော့သည်၊ထန်ရိမင်ရှေ့တိုလာတော့ကောင်လေးမှာသတိအနေအထားနဲ့နောက်ပြန်ဆုတ်လိုက်ပုံလေးကိုကြည့်ပြီးရယ်မောနေမိသည်

ခနအကြာတော့အစေခံတွေကစားစရာလာပို့ပြီးထွက်သွားကြသည်၊ပိုင်လင်လည်းရှောင်ပိုင်ကိုရှာကြည့်တော့မတွေ့မိ၊ထန်ရိမင်ကသူ့အတွေးကိုသိသည့်အလား
"ရှောင်ပိုင်ကို ကိုယ်ဝင်လာကတည်းကထွက်သွားခိုင်းလိုက်တာ"

ထန်ရိမင်ကကြက်ပေါင်ခြမ်းလေးကိုသူ့ထမင်းပန်းကန်ထဲထည့်လိုက်တော့ပိုင်လင်လည်းထန်ရိမင်ကိုကြည့်မိလိုက်သည်၊

"ခုနကကိုယ်မင်းကိုနမ်းမိလိုက်တဲ့အတွက်ကိုယ်တောင်းပန်မှာမဟုတ်ဘူး"
ပိုင်လင်မှာထန်ရိမင်ပြောစကားကြောင့်ကြောင်မိသွားသည်၊ထန်ရိမင်ကပိုင်လင်ရဲ့ငေးကြောင်ပုံစံလေးကိုကြည့်ပြီးရှင်းပြလိုက်သည်
"တောင်းပန်တယ်ဆိုတာအမှားလုပ်မိတဲ့သူတွေပဲတောင်းပန်တာကိုယ်ကမင်းကိုနမ်းမိတာအမှားလို့မထင်မိဘူးဘာလို့လဲဆိုတာမင်းကကိုယ့်အပိုင်လို့ပဲကိုယ်ရင်ထဲမှာသတ်မှတ်ထားတယ်"

ပိုင်လင်မှာလည်းထန်ရိမင်ရဲ့စကားကြောင့်ပါးစပ်အဟောင်းသား
"ဘယ်သူကခင်ဗျားရဲ့အပိုင်လဲ"

နှုတ်ခမ်းလေးဆူပြီးစိတ်ကောက်နေတဲ့ကောင်လေးကိုကြည့်ပြီးအသည်းယားလာသည်၊ကောင်လေးရဲ့နှာခေါင်းကိုလက်နဲ့တို့လိုက်ပြီး
"ကောင်လေးကကိုယ့်အပိုင်လေ၊ဘာလဲကိုယ့်ကိုမချစ်ဘူးလား"

ပိုင်လင်မှာထန်ရိမင်ကိုငြင်းလိုက်ချင်သော်လည်းထန်ရိမင်ရဲ့'မင်းငြင်းရင်ဒီညတော့မလွတ်ဘူး'လို့ပြောနေသယောင်ရှိတဲ့ထန်ရိင်ရဲ့မျက်ဝန်းတွေကြောင့်ပြောမဲ့စကားကိုပြန်မြိုချလိုက်တော့သည်
"မဟုတ်ပါဘူး ကျွန်တော်တို့တွေ့တာသိပ်မှမကြာသေးတာ ပေးစဥ်းစားပါအုန်း"

ထန်ရိမင်မှာလည်းပိုင်လင်အဖြေကြောင့်အနည်းငယ်ဆော့ကျေနပ်သွားသည်၊သူသိပ်မလောပါဘူး

[hostကစဥ်စားရမယ်တော့သိသေးသားပဲ]
[ငါများမင်းလိုငတုံးများထင်နေလား]
whiteကခနလောက်တိတ်နေပြီး
[hostဇာတ်လိုက်တကယ်ချစ်တာလား]
[ဘာလို့ဒီလိုမေးတာလဲ]
[hostကိုသေချာစေချင်လို့ပါ]
[ဟုတ်တယ် ငါသူ့ကိုချစ််တယ်ငါ့ရဲ့တကယ်လက်တွေ့ဘဝမှာ ဝိုင်ကိုငါချစ်တယ်လို့အစကထင်ခဲ့ဖူးတယ်ပုံရိပ်ယောင်လောကထဲရောက်တော့ဝိုင်ကိုငါတကယ်မချစ်မှန်းသိလာတယ်၊ဂုဏ်ရောင်ပဲဖြစ်ဖြစ်ထန်ရိမင်ပဲဖြစ်ဖြစ်သူတို့ကတစ်ယောက်ထဲပဲသူဘယ်သူမှန်းမသိပေမဲ့ငါသူ့ကိုချစ်တယ်]
whiteမှာအတော်ကြာတိတ်ဆိတ်နေပြီး
[hostတို့အဆင်ပြေပါစေ whiteခနလောက်လိုင်းoutလိုက်အုန်းမယ်]

whiteလိုင်းoutသွားပြီးသူရရှိခဲ့တဲ့သတင်းမှန်လားစုံစမ်းဖို့အတွက်သူစီနီယာတွေဆီသွားလိုက်သည်

ပိုင်လင်ဟာသူ့whiteရဲ့မူမမှန်ကိုသတိထားမိပြီးစဥ်းစားနေသည်၊သူစားနေတုန်းနှုတ်ခမ်းကစပ်သွားတာကြောင့်သူ့လူကြီးကိုမျက်စောင်းသာထိုးလိုက်တော့သည်
"ခင်ဗျားလည်းသွားတော့လေ ထမင်းလည်းစားပြီးပြီဆိုတော့"

ထန်ရိမင်လည်းသူ့ခမည်းတော်ဆီကခွင့်တောင်လာတဲ့ကိစ္စကိုပြောပြဖို့ခုမှသတိရလာသည်
"ကောင်လေးကိုယ့်ကိုယ်ရံတော်လုပ်မလား ကိုခမည်းတော်ဆီပြောပြပြီးခဲ့ပြီသူလည်းခွင့်ပြုတယ်တဲ့ မနက်ဖြန်ကျရင်ကိုယ်ကောင်လေးကိုလာခေါ်မယ်"

ပိုင်လင်လည်းထန်ရိမင်ပြောတာကိုနားထောင်ပြီးဒါကသူ့ဆန္ဒကိုမေးတာလားသူ့ဆုံးဖြတ်ထားတာကိုပြောနေတာလားမသဲကွဲ၊သူ့လူကြီးအကြောင်းကိုသူသိတာပေါ့လူကို၂၄နာရီလုံးခေါ်ထားချင်တာကို
"ခင်ဗျားလာမခေါ်ပါနဲ့မသင့်တော်ဘူး၊ကိုယ်ဘာသာပဲလာခဲ့မယ်ခင်ဗျားလဲသွားတော့"
ပိုင်လင်လည်းထန်ရိမင်ကိုပြန်လွှတ်လိုက်ပြီးစောစောအိပ်လိုက်သည်၊မနက်ဖြန်အလုပ်လုပ်ဖို့အတွက်အင်အားပြည့်ဝနေရမယ်လေ

ပိုင်လင်လည်းစောစောထလာပြီးရှောင်ပိုင်လာပို့ဝတ်စုံကိုဝတ်လိုက်သည်၊ရှောင်ပိုင်ကိုထန်ရိမင်ရှိတဲ့နေရာကိုမေးလိုက်ပြီးကိုယ်ဘာသာသွားလိုက်တော့သည်၊ကိုယ်ရံတော်ကထိုက်ဇီကိုတာဝန်ထမ်းဆောင်နေချိန်ကိုယ့်အစေခံပါခေါ်သွားရင်မသင့်တော်မှာဆိုးလို့ပင်၊သူလည်းရှောင်ပိုင်ပြောတဲ့အတိုင်းသွားတော့တွေ့လိုက်ပါတယ်ဇာတ်လိုက်တော့မဟုတ်ဘူး၊ဇာတ်လိုက်မနဲ့ပင်၊ကိုယ့်ကံတွေကအရမ်းမြင့်တော်မိုးနတ်မင်းကမနေနိုင်ဘဲဖန်တီးပေးထားတာပဲဖြစ်ရမယ်

#ရေးတာတိုပေမဲ၂နာရီလောက်အချိန်ပေးရပါတယ်၊ခုရေးခုတင်ပါဘာမှပြင်ဆင်ထားတာမရှိတော့သိပ်မကောင်းရင်သည်းခံပေးပါ၊ခေါင်းကအုံနေသေးတော့အလီသိပ်ပြီးဖုန်းမကြည့်နိုင်လို့ပါ#

Zawgyi

ထန်ရိမင်ဟာသူ့ကောင်လေးရှိတဲ့ဆီကိုအပြေးလေးသွားပါတော့တယ်၊အစေခံတွေကိုလည်းညစာအတွက်မှာခဲ့တယ်၊ကောင်လေးဆီရောက်သွားတဲ့အခါကောင်လေးဟာပြတင်းပေါက်နားမှာထိုင်နေပြီးလမင်းကြီးကိုကြည့်နေတဲ့ကော‌င်ေလးကိုတွေ့လိုက်သည်


"ကောင်လေး."


















[ဘာလို့ဒီလိုမေးတာလဲ]
[ဟုတ်တယ် ငါသူ့ကိုချစ်တယ်ငါ့ရဲ့တကယ်လက်တွေ့ဘဝမှာ ဝိုင်ကိုငါချစ်တယ်လို့အစကထင်ခဲ့ဖူးတယ်ပုံရိပ်ယောင်လောကထဲရောက်တော့ဝိုင်ကိုငါတကယ်မချစ်မှန်းသိလာတယ်၊ဂုဏ်ရောင်ပဲဖြစ်ဖြစ်ထန်ရိမင်ပဲဖြစ်ဖြစ်သူတို့ကတစ်ယောက်ထဲပဲသူဘယ်သူမှန်းမသိပေမဲ့ငါသူ့ကိုချစ်တယ်]







Continue Reading

You'll Also Like

16.9K 2.4K 28
" ငါ ထယ်ရယ့်ကို ကာကွယ်ပေးမှာမလို့ ယုံပေးမလား ငါ့နောက်ကိုလိုက်ခဲ့ပေးမလား? " " ထယ်... ထယ်ရယ် ... ထယ်..ရယ် ဟိုး... တိမ်လေး... တိမ်လေးတွေကို သဘောကျ သလို...
428K 23.8K 166
Featured at Wattpad's Editor Picks list. Luna, an overworked Engineer, had an unfortunate end. Her spirit, feeling wronged, fights Death for a second...
69.2K 654 12
အသက်ရွယ်ကန့်သက်ချက်တွေ လွန်လွန်ကြူးကြူးပါဝင်လို့ ကိုယ့်ဟာကိုယ် ဆင်ခြင်ဖတ်ပါ။
165K 8.2K 49
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...