💢🔞 ကို 🔞💢 COMPLETED
Por MeMeNgeLay
254K 11.2K 699
မင်းက ကိုယ့် ကိုအမြဲ ချိူမြိန် ယစ်မူးစေတယ် ရှောင်း ကျွန်တော်က ကို ပိုင်တဲ့ Dolly လေး... Más
💢🔞 ကို 🔞💢 Intro & Role About
💢 Part - 1 💢
💢 Part - 2 💢
💢 Part - 3 💢 ⚠
💢 Part - 4 💢 ( Uni )
💢 Part - 4 💢 ( ZG )
💢 Part - 5 💢
💢 Part - 6 💢 ⚠
💢 Part - 7 💢
💢 Part - 8 💢 ⚠
💢 Part - 9 💢
💢 Part - 10 💢
💢 Part - 11 💢
💢 Part - 12 💢
💢 Part - 13 💢
💢 Part - 14 💢 ⚠
💢 Part - 15 💢
💢 Part - 16 💢
💢 Part - 17 💢
💢 Part - 18 💢
💢 Part - 19 💢
💢 Final Part 💢
💢 Part - 20 💢
6K 275 13
Por MeMeNgeLay
ပြီးပြည့်စုံတဲ့ မိသားစုလေး ။
ရက်ကို လ စား
လ ကိုနှစ် စား
ဥတုရာသီတွေ အလီလီပြောင်းသွားတဲ့အခါ ဝမ်ရိပေါ်နဲ့ရှောင်းကျန့်တို့ နှစ်ယောက်ရဲ့သားငယ်လေးလည်း ငါးနှစ်အရွယ်သို့ရောက်လာခဲ့တယ်။
ထိပ်တန်းမင်းသားဝမ်ရိပေါ်ဟာ နံပါတ်တစ်ဆိုတဲ့နေရာမှာ တစ်ချိန်လုံးရပ်တည်နေသလို ရှောင်းကျန့်ဟာလည်းအောင်မြင်ဆုံး မိတ်ကပ်ဆရာတစ်ယောက်အဖြစ် ရပ်တည်နေကြ၏။
ဝမ်ရိပေါ်ရဲ့ ရှုတင်ရိုက်ကွင်းတွေနဲ့သီချင်းသစ်တွေက ရတဲ့အခါရှောင်းကျန့်က ကိုယ်တိုင်ပြင်ဆင်ပေးနေတုန်းပါပဲ။ငါးနှစ်သားဝမ်ထုထုလေးကို သွားလေရာခေါ်သွားပြီး သားဖသုံးယောက်ပျော်စရာအချိန်တွေကို အတူတူမျှဝေလာကြတာ နေ့စဥ်ရက်ဆက်ပါပဲ။
ဖိုးဖိုးဖွားဖွားနှစ်ယောက်နဲ့မန်နေဂျာယွီပင်းကလည်း တစ်မိသားစုထဲတစ်အိမ်ထဲမှာ စုပြီးနေကြတာမို့ ပိုလို့ပျော်စရာကောင်းခဲ့တော့သည်။
ခုလည်း နှစ်ကူးအားလပ်ရက်တွေမှာ မိသားစုတွေစုပြီး အိမ်ထဲမှာစားစရာတွေလုပ်စားရင်း တစ်ရက်အချိန်ကုန်ဖို့ ဆုံးဖြတ်ထားကြသည်။နောက်ရက်တွေမှာတော့ ကမ်းခြေကိုသွားပြီးအပမ်းဖြေဖို့ရာ လေယာဥ်လက်မှတ်ကိုကြိုဖြတ်ထားပြီးဖြစ်သည်။
" ဒယ်ဒီ ဘာတွေသောက်နေတာလည်း "
" အဟွတ် အဟွတ်! ! "
" အယ် ဒယ်ဒီကလည်း သီးကုန်ပြီလေ။ထုထုကို ဘာလို့အဲ့လောက်လန့်သွားရတာလည်း "
ရှောင်းကျန့်မသိအောင် ယွီပင်းကိုယ်တိုင်စပ်ထားတဲ့ စပျစ်ဝိုင်နဲနဲကိုခိုးသောက်နေတုန်း ဝမ်ထုထုရဲ့အသံစူးစူးလေးကြောင့် သူခိုးလူမိဖြစ်သွားရတဲ့ဒယ်ဒီဝမ်တစ်ယောက် သီးပါသီးသွားခဲ့ရသည်။သူ့ပါပါးကို တိုင်တော့မဲ့ဝမ်ထုထုကို ရိပေါ်တကယ်ကြောက်ပါသည်။
" အယ် သား ဟို အဟွတ် ဒယ်ဒီလေ "
" ထုထု သိပါတယ် ။ဒယ်ဒီ ဦးဦးယွီလုပ်ထားတဲ့ ဝိုင်တွေသောက်နေတာမလား "
" အင်း ဟုတ်တယ် သားရယ် ။အ့တာလေ ဒယ်ဒီ့ကို ဒီတစ်ခါပဲခွင့်ပြုနော် သား။ခုနှစ်ကူးလေးပဲလေကွာ နော်။သား ပါပါးကိုတော့မတိုင်ပါနဲ့ကွာ ဒယ်ဒီ့ကြောင့် ပါပါးစိတ်တိုရရင်ပင်ပမ်းမှာဆိုးလို့ နော် သားလေး "
ဝမ်ထုထုလေးက ဖခင်ဖြစ်သူရဲ့မျက်နှာငယ်လေးနဲ့တောင်းပန်နေတာလေးကို ခပ်ပြုံးပြုံးလေးကြည့်ကာ ခေါင်းလေးတစ်ညိမ့်ညိမ့်နဲ့လုပ်နေတယ်။သူစဥ်းစားနေပါတယ်ပေါ့ ။ရိပေါ်မှာတော့ သားရဲ့နုတ်ကထွက်ကျလာမဲ့ စကားလုံးတွေကိုစောင့်မျှော်ရင်းနဲ့ မပျော်နိုင်သေးဘူး။
" အင်း ရတယ်လေ။နှစ်ကူးလေးမို့ ထုထုပါပါးကိုမတိုင်တော့ပါဘူး။ဒယ်ဒီလည်း ပါပါးစိတ်ဆိုးမှာကြောက်လို့ အမြဲရှောင်ကျဥ်ခဲ့တာ ထုထုသိပါတယ်။ရတယ် ဒယ်ဒီ့ကိုထုထု ဝိုင်းကာပေးမယ်နော် ဒယ်ဒီ "
" အားးးး လိမ္မာလိုက်တာဒယ်ဒီ့ သားပေါက်စ လေးကကွာ။ကျေးဇူးတင်ပါတယ်နော် သား ပြွတ်စ် ချစ်တယ်ထုထုလေး "
" ထုထုလည်း ဒယ်ဒီ့ကိုချစ်တယ် "
ငါးနှစ်သာရှိသေးပေမဲ့ စကားတတ်ပြီးလူကြီးလေးလိုပြောနေတဲ့ ဝမ်ထုထုလေးကို ရိပေါ်ကပွေ့ချီလိုက်ပြီး ပါးဖောင်းကစ်လေးကိုအနမ်းလေးပေးလိုက်တော့သည်။အဲ့လိုပါပဲ ဆယ်ခါတစ်ခါ အရက်သောက်ရဖို့အတွက် သားကိုလည်းပြန်ပြီးတောင်းပန်အောက်ကျိူ့ သင့်ရင်အောက်ကျို့ရမှာပဲလေ။မတတ်နိုင်ဘူး ။😁
" အံမယ် ဒီလိုကျတော့လည်းအမွှေစိန်ထုထုတို့က တယ်လည်း လိမ္မာနေပါလားကွ "
ဘယ်ချိန်ကတဲကရောက်နေမှန်းမသိတဲ့ ယွီပင်းကဝမ်ထုထုရဲ့ အလိုက်သိပုံလေးကိုချီးကျူး စကားဆိုလိုက်တာမို့ ထုထုမျက်နှာလေးက ပြုံးစိစိလေးဖြစ်သွားရတော့တယ်။
" ဟီး ဦးဦးယွီကလည်း ထုထုက ဒယ်ဒီ့ကိုသနားလို့ပါ။ပါပါးကို ဒယ်ဒီက တအားချစ်တော့ ပါပါးကဒါမလုပ်ရဘူး၊မစားရဘူးဆိုရင် ဒယ်ဒီကဘာမှမလုပ်ရဲဘူးလေ။ပြီးတော့ ပါပါးက ဟိတ် ဆိုရင် ဒယ်ဒီ့မှာတိတ်ပြီးသားပဲ။​ထုထု လေ ဒယ်ဒီ့ကိုကြည့်ပြီး သနားလာပြီ ဦးယွီရဲ့ ။အဲ့ဒါကြောင့် ထုထုကခွင့်ပြုလိုက်တာပါ "
" ဟုတ်ပါ့ကွာ မင်းဒယ်ဒီက မယက လေ ဟားးဟားးးး "
" အေးပါကွာ ချစ်ကြောက်ရိုသေ ကွ မှတ်ထားယွီပင်း "
" မယက က မယက ပဲဟျောင့်ရေ "
" ပြောထားပါကွာ "
ယွီပင်းက စ တော့မှရိပေါ်သေချာစဥ်းစားလိုက်မိတယ်။သားလေးကတောင် မိမိဘဝကိုမြင်တတ်နေပြီမို့ အားတောင်ငယ်သွားသလိုပါပဲ။အေးနော် ငါလေးတော်တော်သနားစရာကောင်းနေပြီ။အေးပေါ့လေ မင်းပြောသလိုပဲ မယက ပေါ့ယွီပင်းရာ ။ငါကလည်း ရှောင်ရှောင်းကျန့်လေးကို မအားတရားချစ်မိခဲ့တာကိုကွာ။
" ဟင် ဝိုင်နံ့ရနေသလိုပဲ ။ဘယ်သူသောက်လာတာလည်း "
" ဟာ ပါပါးကလည်း မဟုတ်ပါဘူး။ပါပါးစိတ်ထင်လိုဖြစ်ပါလိမ့်မယ် "
ရိပေါ်တို့သုံးယောက် မီးဖိုထဲဝင်လာတော့ လမုန့်လုပ်နေတဲ့ရှောင်းကျန့်ဟာ သိပ်ကိုအနံ့ခံကောင်းတဲ့နှာခေါင်းလေးက ချက်ချင်းရိပ်မိသွားတော့သည်။ရိပေါ်ဟာ ဘာစကားတစ်ခွန်းမှ မဟရသေးသော်လည်း ယွီပင်းရဲ့လက်ရာကပြင်းလွန်းတာကြောင့် အနံ့စူးစူးကထွက်သွားတာဖြစ်နိုင်သည်။ဝမ်ထုထုလေးကတော့ သူ့ဒယ်ဒီဆူခံရမှာဆိုးလို့ မဆိုင်းမတွပင်ဦးအောင်ပြန်ချေပလိုက်တော့သည်။ဒါကိုရှောင်းကျန့်က အံ့သြပြီးမျက်လုံးတွေပြူးကာ ရိပေါ်အားပိုလို့မယုံသင်ကာဖြစ်သွားရတယ်။
" အဟော် ကိုဝမ်ထုထုရေ ။မင်းကိုကျူပ်ကမေးနေလို့လား ဟမ် ။ပြောစမ်းပါအုံး ဘာတွေအဲ့လောက် အရေးတကြီးကာစိကာစိလုပ်နေတာလည်း ရှင်းပြပါအုံး "
အထာနပ်ပြီးအကွက်မြင်လွန်းတဲ့ရှောင်းကျန့်က ရိပေါ်တို့သားဖနားကိုလျှောက်လာပြီးတော့ ခါးထောက်ကာမေးလာပါတယ်။ဝမ်ပါးနဲ့မားကတော့ အခြေနေကိုရိပ်စားမိနေပြီမို့ ပြုံးစိပြုံးစိတွေဖြစ်ကုန်ကြတော့သည်။ရိပေါ်မှာသာ ခေါင်းတောင်မဖော်နိုင်တော့ဘဲ ထုထုကိုချီထားလျက်က ရှောင်းကျန့်ကိုမကြည့်ရဲတော့လောက်အောင် ဖြစ်နေပြီ။ဒါကိုသိတဲ့ ဝမ်ထုထုလေးက ဖခင်ကိုစိတ်မကောင်းစွာကြည့်လိုက်ပြီး ရိပေါ်ရဲ့လည်တိုင်ကိုသူ့လက်ပိစိလေးတွေနဲ့ သိုင်းဖက်လို့နဖူးပြင်ကျယ်ကျယ်ကို နုတ်ခမ်းလေးစူကာအနမ်း​လေးပေးလိုက်သည်။ထိုမြင်ကွင်းလေးကို ဘေးလူတွေက ဆွံ့အစွာရပ်ကြည့်နေမိတော့တာ။
ရှောင်းကျန့်မှာတော့ သားရဲ့လုပ်ပုံလေးကြောင့် ရိပေါ်အရက်ခိုးသောက်တာကို သိပေမဲ့လည်းမဆူရက်တော့လောက်အောင်ကို ပါးစပ်ပိတ်သွားရ၏။သားလေးက ဘာလို့များသူ့ဒယ်ဒီကို သနားသလိုလေးကြည့်နေရတာပါလိမ့်။
" ဒယ်ဒီ စိတ်မကောင်းမဖြစ်နဲ့နော်။ထုထုက ဒယ်ဒီ့ကိုချစ်တယ်လေ။ပါပါးဆူရင်ရိုက်ရင် ဒယ်ဒီနဲ့အတူ ထုထုလည်းအရိုက်ခံအဆူခံမယ်နော်။ပါပါးစကားကိုဆို အမြဲနားထောင်ပြီးလိမ္မာတဲ့ဒယ်ဒီ့ကို ထုထုကာကွယ်မယ် "
" သားရယ် ဒယ်ဒီလေ သားကိုကျေးဇူးတင်ပါတယ် အင့် "
" ဒယ်ဒီ ငိုမဲ့ ငိုပါနဲ့ဒယ်ဒီရဲ့ တိတ်တော့နော် တိတ် တိတ် "
ရိပေါ်ဟာ မရည်ရွယ်ပါဘဲငိုမိသွားတယ်။ဒီကလေးလေးဟာ ငယ်ရွယ်လွန်းပေမဲ့လည်း သိပ်ကိုသိတတ်နားလည်နေတာမို့ ဝမ်းနည်းသွားရတာပါ။သူအရိုက်ခံရရင် ထုထုလည်းအရိုက်ခံမယ်တဲ့လား ။ဒယ်ဒီ့ကိုအဲ့လောက်ထိချစ်ရလား သားရယ်။ငယ်သေးသော်လည်း လူကဲခတ်တော်သည့်သားလေးကို တင်းတင်းပွေ့လို့ရိပေါ်တစ်ယောက် ဝမ်းပမ်းတနည်းကိုငိုမိတော့တာ။
ရှောင်းကျန့်လည်းထိုနည်းတူစွာ။ထုထုလေးရဲ့ စကားတွေကိုကြားတော့ ကို့အပေါ်မှာတော်တော်လေးကို တားဆီးပိတ်ပင်အနိုင်ယူခဲ့တာတွေ များနေပြီလားလို့တွေးမိရင်းမျက်ရည်ကျရသည်။ကို့ရဲ့လွတ်လပ်ခွင့်နဲ့ယောကျာ်းလေးတို့သဘာဝ အသောက်အစားတွေမှန်သမျှကို တားဆီးထားတာဝန်ခံပါတယ်။ဒါကလည်း ကိုအလျှော့ပေးမှန်းသိလို့ အနိုင်ယူတာမျိူးမဟုတ်ပါဘူးကိုရယ်။
ချစ်လို့ ကျွန်တော်ကို့ကို သိပ်ချစ်လို့ပါ။မလိုလားအပ်တဲ့ ကျန်းမာရေးထိခိုက်တာတွေမဖြစ်စေချင်လို့ ခွင့်မပြုခဲ့တာကို ကောင်းကောင်းနားလည်တယ်မလား ကို ။ရှောင်းကျန့်ဟာ သားကိုပွေ့ချီထားတဲ့ ကို့လက်မောင်းကိုခပ်ဖွဖွလေး ဆုပ်ကိုင်လိုက်တော့ မျက်ရည်တွေကျလို့နီကျင်နေတဲ့ မျက်ဝန်းတွေနဲ့တွေတွေလေး ပြန်ကြည့်လာတယ် ။
" ကို ဟင့် တောင်းပန်ပါတယ်။ကျွန်​တော် ကလေ ကို့ရဲ့လုပ်ပိုင်ခွင့်နဲ့လွတ်လပ်ခွင့်တွေကို ပိတ်ပင်ထားသလိုမျိူးဖြစ်သွားရင် ဟင့် တောင်းပန်ပါတယ်။အဲ့ဒါက ကို့ကိုသိပ်ချစ်လို့ပါ။ကျန်းကျန်းမာမာလေးပဲ မြင်ချင်တွေ့ချင်မိလို့ ဟင့် "
" သိတယ် ကိုယ်သိတာမို့ အမြဲနားထောင်ခဲ့တာပါ ကလေးရယ်။ကလေးက ကိုယ့်ကိုချူပ်ချယ်ထားတယ်လို့ ဘယ်တုန်းကမှမထင်ခဲ့ပါဘူးဗျာ။မငိုနဲ့နော် ကိုယ်နားလည်ပါတယ် ။ခုကလည်း သားလေးကတွေးတတ်မြင်တတ်နေလို့ ကိုယ်ဝမ်းသာဝမ်းနည်းဖြစ်သွားရုံလေးပါပဲ ။ကလေးကို စိတ်ခုလို့မဟုတ်ဖူးဆိုတာ ယုံနော် "
" ဟုတ် ချစ်တယ် ကို "
" ပိုချစ်တယ်နော် ကိုယ့်ကလေးလေး ပြွတ်စ် "
" အဟိ "
ရိပေါ်က ရှောင်းကျန့်နဖူးလေးကို နမ်းလိုက်တာမို့ သဘောကျသွားတဲ့ထုထုလေးက အဟိလို့တစ်ချက်ရယ်ပြီး သူ့ပါးစပ်လေးကိုလက်ကလေးနဲ့ အုပ်ထားလေရဲ့။ဘာလို့ဆို သူ့ဖခင်နှစ်ယောက်ကြည်နူးနေတာ သူ့ကြောင့်ပျက်သွားမှာဆိုးလို့ ရယ်ချင်ရက်နဲ့အောင့်ထားရှာတာ။တကယ်ကို နားလည်လွန်းတဲ့ ဝမ်ထုထုလေး ။ရိပေါ်ရောရှောင်းကျန့်ရော ထုထုရဲ့ပါးလေးကိုတစ်ယောက်တစ်ဖက်စီ အနမ်းလေးပေးလိုက်မိတယ်။အလိုက်သိလွန်းတဲ့ ကလေးလေးမို့ပါလေ။
" အင်း သားတို့မိသားစုလေးကြည့်ရတာ ပါပါးတော့ သိပ်ကိုကြည်နူးသကွာ "
" ဟုတ်ပါ့အကိုရေ သွေးချင်းနီးကြတော့ တစ်ယောက်စိတ်တစ်ယောက် ဖောက်ထွင်းမြင်နေကြတယ်။အရင်းအခြာတွေလို့ ပြောရလွတ် "
" ဟုတ်ပါ့ ဟုတ်ပါ့ ။ဝမ်ထုထုကို ကျွန်တော်ထိန်းခဲ့တာမို့ အလိုက်သိလိမ္မာနေတာလည်း ထည့်ပြောကြလေ အော် "
" ဟားးဟားးးး ယွီပင်း မင်းကတော့လေ "
ဝမ်ပါးနဲ့မားရဲ့စကားကို လှမ်းထောက်လိုက်တဲ့ယွီပင်းကြောင့် သူတို့တွေပွဲကျသွားရသေးတယ်။ဘယ်လိုလည်း ပြီးပြည့်စုံနေတာပဲနော် ။
___________________________________________
နောက်တစ်ပိုင်း End ပါမယ်။
အမုန်းငြိုးဖွဲ့ YiZhan လေးကိုဆက်ပြီး Ongoing လိုက်ပေးကြပါအုံးနော် ။😍😍😍
ZG
ရက်ကို လ စား
လ ကိုနှစ် စား
" အဟွတ် အဟွတ်! ! "
" မယက က မယက ပဲဟျောင့်ရေ "
" ပြောထားပါကွာ "
" ဟုတ် ချစ်တယ် ကို "
" အဟိ "
___________________________________________
Seguir leyendo
También te gustarán
11.4K 402 17
this hope is treacherous this daydream is dangerous this hope is treacherous i, i, i like it
922K 17K 125
When Arceus got betrayed and was weak. Arceus surely was angry on human kind for cheating on him but as a god he knew there are not all bad people so...
187K 18.8K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
216K 4.5K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...