💢 Part - 12 💢

6K 393 15
                                    

        ကို ကကျွန်တော့်ရှေ့က ကာရံထားတဲ့မဟာတံတိုင်းကြီးပါ...။

        ဝမ်ပါးပြောသလိုပါပဲ လေဆိပ်ရောက်တော့ မင်းသားဝမ်ရိပေါ်ရဲ့ ကားရပ်တာနဲ့ဝိုင်းအုံလာကြတဲ့ Fan တွေဟာကားဆီကို တိုးဝှေ့ရောက်ရှိလာကြသည်....။

        ဒါတောင်ယွီပင်းရှေ့က ကြိုပြီးလမ်းရှင်းပေးထားလို့သာရယ်...။မဟုတ်ရင်ထိုလူတွေကြားထဲ ရိပေါ်ပျောက်သွားနိုင်တယ်...။

        ကားထဲကမထွက်သေးဘဲ လူတွေရဲ့အခြေနေကိုကြည်နေတဲ့ရိပေါ်က အနက်ရောင် Mask နဲ့လျှာထိုးဦးထုပ်ကို မျက်နှာလုံးဝမမြင်အောင် ဖုံးလိုက်ပြီးကားထဲကထွက်ဖို့ပြင်လိုက်သည်...။

        " တွေ့လား အိပူ....။မင်း Fan တွေကကြောက်စရာပဲ...။ "

        " ဒါတော့ ပါပါး သား ကချောတာကိုး..."

        " ထားပေးလိုက်မယ်...။ဘာလို့ဆိုတော့ ပါးဘူပျိူဘဝတုန်းက မင်းထပ်ချောလို့...ဟားးဟားးး..."

        " မေးမိလား..."

        " အမှန်တရားကို လက်ခံစမ်းပါအိပူရာ..."  

        " ပါးနော်..."

        " ကဲ....ဒီသားဖတွေ...ရန်ဖြစ်မနေ​ကြနဲ့ လေယာဥ်နောက်ကျလို့ ကျန်ခဲ့မယ်... ။တွေ့တာနဲ့ ဖြစ်မယ်ဆိုတာကြည့်ပဲ...။ "

        " မား ယောကျာ်းလေ လာပြောနေတာ..."

        " အေးပါ...မား ရိုက်ပေးမယ်..။သားက ဆင်းဖို့လုပ်တော့....။သားကျန့်လေးကို တစ်ခါထဲခေါ်...။ "

        " မား မပြောလည်း သား ကလေးလေးကို ခေါ်ဖို့လုပ်ထားပြီးသား...."

        " တော်တော်ဖြစ်နေတာ အိပူက..."

        ပါးနဲ့မားကို စ နောက်နေရင်းကနေ ကားတံခါးဖွင့်ဆင်းကာ နောက်ခန်းမှာ မားနဲ့အတူထိုင်နေတဲ့ချစ်သူလေးကို ထွက်ခေါ်လိုက်၏...။

        မိသားစုလိုက်စီဲးတဲ့ခြောက်ခန်းတွဲ ကားကြီး မို့သူတို့တွေအတွက် အဆင်ပြေပြေသွားလာနိုင်တယ်...။

         " ကလေး လာ.."

         " ဟို...ကို....ကလေးကို ထားခဲ့လေ...။ကို အရင်ဝင်သွားလိုက်...။မဟုတ်ရင် ကို့ Fan တွေပွဲဆူကုန်လိမ့်မယ်...။ "

💢🔞 ကို 🔞💢 COMPLETEDOù les histoires vivent. Découvrez maintenant