ကိုဟာ တကယ်ကျွန်တော့်ရဲ့ အားပေးဖော်....။
ကို့ ရဲ့ဖြေရှင်းချက်တွေကြောင့် ပရိတ်သတ်တွေရော ကို့ပါပါးရော ပွဲမဆူခဲ့တာကိုကျေးဇူးတင်မိတယ်....။
ကိုကပြောတယ်...။
ကျွန်တော်နဲ့ကို့ အကြောင်းကိုအမှန်တိုင်း ချပြချင်တယ်တဲ့လေ....။
မဖြစ်လို့ပါ ကို....။
ကျွန်တော်က ပိုလို့တောင် ချပြချင်ပါသေးတယ်....။
ကို့ လိုနာမ်မည်ကြီးမင်းသားတစ်ယောက်နဲ့ ချစ်သူဖြစ်ခွင့်ရနေတဲ့ အခွင့်ရေးကို ကျွန်တော်ကပိုပြီးတောင် ကြွားချင်ပါသေးတယ်...။
ကို့ ဂုဏ်သိက္ခာနဲ့ကို့နာမ်မည်ကို ထိခိုက်မှာဆိုးလို့သာ ဖုံးကွယ်ထားဖို့ခွင့်တောင်းရတာပါ ကို...။
ကို့သာကျွန်တော်နဲ့ချစ်သူလို့ ကို့ပရိတ်သတ်တွေသိသွားကြရင် သေချာပေါက်မလိုလားဘဲ နေကြလိမ့်မယ်....။
ကျွန်တော်စဥ်းစားတာက အရာရာကို့အတွက်ပါဗျာ....။
" ရိပေါ်...ညနေကျရင် မင်းပါးနဲ့မား လာမယ်တဲ့..."
" အာ....ဒီ ကလေးနှစ်ယောက်က ဘာလာလုပ်မှာတဲ့လည်း....။ "
" အော်....မင်းကို လွမ်းလို့ဖြစ်မှာပေါ့ကွာ..."
" ငါသိတယ်...။ပါးဆီမှာ သေချာပေါက် ငါ့အတွက်အလုပ်တစ်ခု ပါကိုပါရမယ်...။ "
" ငါလည်း ထင်ပါတယ်..."
ကို့အကြောင်းတွေ စဥ်းစားနေတုန်း ယွီပင်းပြောလိုက်တဲ့ စကားကြောင့်လန့်သွားမိတယ်...။
ကို့ မိဘတွေလာမယ်ဆိုပဲ....။
ကျွန်တော် ကြောက်လိုက်တာ ကို...။
သူတို့က ကျွန်တော့်ကို ကြည်ဖြူပါ့မလား ကိုရယ်....။
ဝမ်ရိပေါ်ရဲ့ဖခင်က ရိပေါ်အောင်မြင်ဖို့ထောက်ပံ့ပေးနေတဲ့ ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်ပါ...။
YOU ARE READING
💢🔞 ကို 🔞💢 COMPLETED
Fanfictionမင်းက ကိုယ့် ကိုအမြဲ ချိူမြိန် ယစ်မူးစေတယ် ရှောင်း ကျွန်တော်က ကို ပိုင်တဲ့ Dolly လေး...