အသစ်တဖန်မွေးဖွားလာမည့်ထာဝရအတွ...

By pngon677

139K 15K 506

This is Myanmar Translation of (Rebirth)Ten Years that I loved You Most ဆယ်နှစ်ထက်မကမင်းကိုပိုချစ်ခဲ့ပါတယ်ရဲ့... More

Hello(U)
Hello(Z)
Description (U+Z)
EP1(U+Z)
EP2(U+Z)
EP3(U+Z)
EP4(U+Z)
EP5(U+Z)
EP6(U+Z)
EP7(U+Z)
EP8(U+Z)
EP9(U+Z)
EP10(U+Z)
EP11(U+Z)
EP12(U+Z)
EP13(U+Z)
EP14(U+Z)
EP15(U+Z)
EP16(U+Z)
EP17(U+Z)
EP18(U+Z)
EP19(U+Z)
EP20(U+Z)
EP21(U+Z)
EP22(U+Z)
EP23(U+Z)
EP24(U+Z)
EP25(U+Z)
EP26(U+Z)
EP27+28(U+Z)
EP29(U+Z)
EP30(U+Z)
EP31(U+Z)
EP32(U+Z)
EP33(U+Z)
EP34(U+Z)
EP35(U+Z)
EP36(U+Z)
EP37(U+Z)
EP38(U+Z)
EP39(U+Z)
EP40(U+Z)
EP41(U+Z)
EP42(U+Z)
EP43(U+Z)
EP44(U+Z)
EP45(U+Z)
EP47(U+Z)END

EP46(U+Z)

1.5K 157 0
By pngon677

[ U ]

ဖုန်းမြည်သံလေး ထွက်ပေါ်လာတယ်။

'ကျန်းကော"ဟူသောနာမည်လေးပေါ်လာတာမို့ ဟယ်ကျစ်ရှုဖုန်းလက်ခံသည့်ခလုတ်ကို နှိပ်လိုက်တယ်၊ ဟယ်ကျစ်ရှု ဖုန်းကိုင်ရင်းအဝင်ခေါ်ဆိုမှုအား တချက်ကြည့်လိုက်တယ်။

"ကျန်းကော, ကောအခု ပြန်လာနေပြီလား?"

ကျန်းကောလို့ ခေါ်ခြင်းကလည်းနှစ်ပေါင်းများစွာတိုင်မပြောင်းလဲခဲ့ဘူး၊ လောင်ကုန်းနဲ့ လောင်ဖော်လို့ ခေါ်တာနဲ့ နှိုင်းယှဥ်ပါကခုလို
ခေါ်ရတာကပိုအဆင်ပြေတယ်, အခုဆို သူတို့အတူရှိနေခဲ့ကြသည်က ဆယ်နှစ်နှစ်တာရှိပြီ
ဖြစ်သော်လည်း ဆယ်ကျော်သက်လေးတွေလို့ မှတ်ထင်မိနေဆဲပဲ။

ဖုန်းရဲ့ အခြားတဖက်မှ ကျန်းဝမ်ရွီက တုံ့ဆိုင်းနေပြီ ခဏအကြာပြောလာတယ်,

"ရှောင်ရှု , အဲ့ဒါက..ကိုယ်ဒီနေ့ ပြန်မလာနိုင်လောက်ဘူး, ဒီမှာ မပြီးပြတ်သေးတဲ့ ကိစ္စလေးတွေရှိနေလို့"

"ဒါဆို မနက်ဖြန် ခရစ္စမတ်ကိုရော
ပြန်လာမှာလား?"

"ပြန်မလာဖြစ်လောက်ဘူး"

တကယ်တော့ ဟယ်ကျစ်ရှု ခရစ္စမတ်ကို
သိပ်တော့ ဂရုမစိုက်ဘူး၊ငယ်ရွယ်စဥ်က
တော့ ပွဲတော်တွေကို အလေးထားခဲ့တယ်၊ယခုတွင်မူ ထုံးတမ်းစဥ်လာ တစ်ခုအဖြစ်
သာ ခံစားမိတယ်။လွန်ခဲ့သော ဆယ်နှစ်, ခရစ္စမတ်ပွဲတော်တွေနဲ့ ပွဲတော်ကြီးတွေတိုင်း သူတို့အတူ အချိန်ကုန်ဆုံးခဲ့ကြပြီးမိုးရွာရွာနေပူပူအခက်အခဲတွေကိုလည်း အတူဖြတ်ကျော်ခဲ့ကြတယ်။

ဒါပေမဲ့ဒီနှစ်ထဲမှာ အပြောင်းအလဲ တချို့ရှိလာတယ်၊ကျန်းဝမ်ရွီရဲ့ကုမ္ပဏီကကိစ္စ
တချို့ရှိတာကြောင့်အစည်းအဝေးတက်ရန်နိုင်ငံခြားသို့သွားရတာမို့ ပြန်မလာနိုင်ဘူး။

ဟယ်ကျစ်ရှုက ယခင်ဘွဲ့ရပြီးအလုပ်သင်အဖြစ် စဝင်ခါစတုန်းကလို အလုပ်မရှုပ်တော့ဘူး၊ ဆယ်နှစ်နှစ်တာကာလအတွင်းအခြားသို့လည်း ပြောင်းရွေ့ပြီး မလုပ်ခဲ့၊ အခုဆိုသူက ဆေးရုံအုပ်ကြီး ဖြစ်နေပြီမို့ အားလပ်ရက်
တွေတိုင်း အနားယူလို့ရနေပြီ။

ခရစ္စမတ်ကာလတွင်, ခွင့်ရက်ရှည်ရပြီး
ဘေဂျင်းအနီးအနားရှိမြို့တွေထိသွားရောက်လည်ပတ်နိုင်လျက် ချိုမြိန်တဲ့အားလပ်ရက်လေးကိုလည်းဖန်တီးနိုင်တယ်။

နှစ်တိုင်းလည်းခုလိုမျိုး ဖြတ်သန်းခဲ့တယ်,
ဒါပေမဲ့ ,ဒီနှစ်တော့,ဟယ်ကျစ်ရှုလည်း
ခွင့်မယူသလိုကျန်းဝမ်ရွီလည်းအချိန်
မရခဲ့ဘူး။

ဟယ်ကျစ်ရှုက နိုင်ငံခြားပွဲတော်တွေကိုသိပ်ပြီး ဂရုစိုက်လေ့မရှိပေမဲ့ တစ်စုံတစ် ယောက်နဲ့ အတူ ပွဲတော်ရက်အား မကုန်ဆုံးနိုင်တာမို့ အနည်းငယ်စိတ်ဓာတ်ကျသွားမိတယ်။

"အင်းပါ, ဒါဆိုလည်း နောက်ကျတဲ့မနေနဲ့,
ကျန်းမာရေးကိုလည်းဂရုစိုက်, မင်းအသက်ကဆယ်ကျော်သက်အရွယ်နှစ်ဆယ်ကျော်
မဟုတ်တော့ဘူးဆိုတာကိုလည်း သတိရဦး,
အခုဆို အသက်လေးဆယ်ကျော်နေပြီ,ပြီးတော့ ကျန်းမာရေးက အရေးကြီးလာပြီ"

ဟယ်ကျစ်ရှု ဖုန်းရဲ့ အခြားတဖက်မှရယ်သံသဲ့သဲ့လေးကကြားလိုက်ရပြီးနောက်ချက်ခြင်း ရပ်တန့်သွားတယ်။

ဟယ်ကျစ်ရှု ဖုန်းကိုတချက်ကြည့်လိုက်တဲ့အခါတဖက်လူက ဖုန်းချသွားတယ်၊၊ခဏ
အကြာ ကျန်းဝမ်ရွီ ထံမှ video callလေး
ဝင်လာတယ်။

ဒါက ကျန်းဝမ်ရွီရဲ့ အကျင့်တစ်ခုပင်၊ဖုန်းခေါ်နေရင်း ဟယ်ကျစ်ရှုကို အရမ်းသတိရလာပြီဆို ဘာမပြောညာမပြောနဲ့ ဖုန်းချပြီး video callခေါ် လိမ့်မယ်။

အစပထမတော့ ဟယ်ကျစ်ရှု ဖုန်းချလိုက်ဖို့
တွေးတယ်၊ပြီးတော့ သူ့အိတ်ကပ်ထဲထည့်
ရန် ပြင်တယ်၊ တဖက်လူက ဗီဒီယိုခေါ်ဆို
မှု လုပ်လာတာမို့ အမြဲတမ်းအကျင့်ဖြစ်နေလျက် အံ့သြစရာတော့မရှိဘူး။

ဟယ်ကျစ်ရှု ဗီဒီယို ချိတ်ဆက်လိုက်တဲ့အခါ
ကျန်းဝမ်ရွီရဲ့ မျက်နှာက ချက်ခြင်း ဖုန်းမျက်နှာပြင်တွင်ပေါ်လာတယ်၊ဟယ်ကျစ်ရှု
လည်းမျက်နှာမြင်မြင်ချင်း ပြုံးပြလိုက်တယ်၊

ထိုနောက် ကျန်းဝမ်ရွီက ကင်မရာကို ထောင့်ဖက်သို့ လှည့်ပြီး သူ့ရဲ့ ချောမောတဲ့ ရုပ်ရည်ကို ပြကာ ဟယ်ကျစ်ရှုအားပြောလာတယ်,

" ဆယ်နှစ်ကျော်သွားပေမဲ့ ခုထိချောတုန်းပဲ"

" ဘယ်နားမှာလဲ, အသက်ကဖြင့်ကြီးနေပြီ,
ခုထိချောချင်နေတုန်းပဲ"

ဟယ်ကျစ်ရှု ပြောရင်းပြုံးလိုက်မိတယ်။

ကျန်းဝမ်ရွီ ဟယ်ကျစ်ရှုရဲ့ ပြုံးယောင်သမ်းနေတဲ့ မျက်လုံးတွေကို မြင်လိုက်ရတဲ့အခါ
နွေးထွေးသွားသလို ခံစားမိနေတယ်။

"အသက်ကြီးလာတယ်ဆိုတော့ မင်းက
ဘာကို ပြောချင်တာလဲ, ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို အထင်သေးတာလား?"

နှစ်ပေါင်းများစွာအတူရှိနေခဲ့တာ
တောင် ကျန်းဝမ်ရွီ ရဲ့ နောက်ပြောင်မှုကို
ဟယ်ကျစ်ရှူ ခုထိရှက်နေတုန်းပဲ၊ချက်ခြင်း မျက်နှာလွဲ ကာပြောလိုက်တယ်,

" မင်းရဲ့ စွမ်းဆောင်ရည်ကအကောင်းဆုံးပါ...ဟုတ်ပြီလား"

ကျန်းဝမ်ရွီ ပြုံးနေမိရင်း ဟယ်ကျစ်ရှုရဲ့
နီရဲနေတဲ့ မျက်နှာလေးကို သူတကယ်ကြီး
မခံစားနိုင်တော့ဘူး၊ဟယ်ကျစ်ရှုက ဒီနှစ်
တွေအတွင်း ဟိုတုန်းကလူငယ်လေးလို
စနောက်လို့မရတော့ဘူး။

ကျန်းဝမ်ရွီက ဖုန်းမျက်နှာပြင်ကို ငေးကြည့်ရင်း ပြောလာတယ်,

"ဒီဘက်လှည့်ပါဦး, ကိုယ်မျက်နှာလေး
ကြည့်ချင်လို့, ကိုယ်ခဏနေအစည်းအဝေး
သွားရဦးမယ်"

ဟယ်ကျစ်ရှု က ကျန်းဝမ်ရွီ ပြောတဲ့အတိုင်း
မျက်နှာလေးလှည့်လာတယ်, မျှော်လင့်ထားသည့်အတိုင်း ရှက်သွေးဖြန်းနေတဲ့မျက်နှာလေးကိုတွေ့ရတယ်။

"ကြည့်ဦး..ရှက်နေပြန်ပြီ, ဒါကဖြားယောင်းနေတာပဲနော်, ကိုယ်တကယ်ကြီးအလုပ်တောင်ဆက်မလုပ်ချင်တော့ဘူး"

ထိုအချိန် ကျန်းဝမ်ရွီအား အလုပ်ကိစ္စအတွက် တစ်ယောက်ယောက်က လှမ်းခေါ်လာသံကို ဟယ်ကျစ်ရှုကြားလိုက်ရတယ်။

ဟယ်ကျစ်ရှု မျက်လုံးတွေကိုရွေ့လျားလိုက်ပြီး,

" မင်းသာအခုအမြန်အလုပ်သွားလုပ်စမ်းပါ"

"ဟင့်အင်း, ကိုယ်မင်းကို ကြည့်နေချင်သေးတယ်, ခွဲနေရတာရက်တောင်ကြာနေပြီ"

သူတို့အတူ ရယ်လိုက်မိကြရင်း ဟယ်ကျစ်ရှု
က ဗီဒီယိုခေါ်ဆိုမှုကို ရပ်တန့်လိုက်တယ်။

ယခု မနက်ရှစ်နာရီသာရှိနေသေးပြီး
ကျန်းဝမ်ရွီကလည်း အမေရိကန်မှာ
ရောက်နေတယ်၊အမေရိကန်တွင်ခုချိန်
ဆိုညရောက်နေပြီဖြစ်ကာအလုပ်လုပ်
နေဆဲမို့အချိန်နောက်ကျနေပြီ၊

ကျန်းဝမ်ရွီက မနက်ပိုင်းအချိန်လေးတွေမှာ
ဟယ်ကျစ်ရှုဆီဖုန်းခေါ်တယ်၊ဒီလိုမှမဟုတ်ရင်, သူတို့ အလုပ်ရှုပ်နေချိန် သို့မဟုတ်
ဟယ်ကျစ်ရှုအလုပ်သွားချိန်နဲ့ တိုက်နေတယ်။
ဟယ်ကျစ်ရှု အလုပ်သွားချိန် ကျန်းဝမ်ရွီဘက်မှာ ညဥ့်နက်နေပြီ၊အချိန်ကွာခြားမှုက
အတော်လေးပြသနာရှိတယ်။

ကျန်းဝမ်ရွီနဲ့ ဖုန်းခေါ်ပြီးနောက် ဟယ်ကျစ်ရှု တစ်ယောက် တနေ့တာအတွက်ခွန်အားတွေ
ပြည့်ဝနေပြီး အားအင်အပြည့်ဖြင့်ရှိနေတယ်၊
သူအမြန်ထကာ ,ရေချိုး, မနက်စာစားပြီး
အလုပ်သွားတယ်။

ကျန်းဝမ်ရွီကဟယ်ကျစ်ရှု ကိုကောင်းကောင်း ကာကွယ်ပေးနိုင်ခဲ့တယ်၊၊ဆယ်နှစ်ကျော်ကြာပြီးသည့်တိုင်အောင်ကောင်လေးရဲ့နောက် တွင် အရိပ်လို သာရှိနေခဲ့ပြီး သူ့ရဲ့ငယ်ရွယ်နုပျိုနေဆဲ စိတ်ဝိညာဥ်ကိုလည်း ခံစားမိနိုင်တယ်။

လက်တွဲဖော်ကောင်းတစ်ယောက်ဘေး
တွင်ရှိနေခြင်းက သင့်အား ငယ်ရွယ်နုပျိုစေပြီးကလေးတစ်ယောက်လို ဖြစ်နေစေလိမ့်မယ်၊ဟယ်ကျစ်ရှုနဲ့ ကျန်းဝမ်ရွီတို့ကိုယ်တိုင်ပင်ကလေးတွေလိုဖြစ်နေသည်မို့ ကလေးထပ်ယူနေဖို့ မလိုအပ်ဘူး၊သူတို့နှစ်ယောက်တည်းနေထိုင်ရတာအလွန်အဆင်ပြေတယ်၊နေ့ရက်တိုင်းလိုလို အမြဲ လန်းဆန်းတက်ကြွနေကြပြီး နေ့ရက်တိုင်းလည်းအချစ်တို့ဖြင့် ထုံမွှမ်းနေတယ်၊နေ့ရက်တိုင်းအသစ်အသစ်သောခံစားချက်တို့မွေးဖွားသလိုလည်းဖြစ်
နေစေတယ်။

သူတို့ ဒီလိုလေးဘဲ နေထိုင်လာခဲ့ကြသည်
ကဆယ်နှစ်ပင်ကျော်ခဲ့ပြီ။

ဒီနေ့က ခရစ္စမတ်အကြိုနေ့ , ဟယ်ကျစ်ရှု ဆေးရုံကိုရောက်လာပြီးပုံမှန်အတိုင်းအလုပ်လာခဲ့တယ်။သူ ရုံးခန်းသို့ ရောက်တဲ့အခါ,
လှပစွာထုပ်ပိုးထားတဲ့ ပန်းသီးတွေကို
သူ့စားပွဲ ပေါ်တွင်တွေ့ရတယ်။

ဒီနှစ် ရဲ့ အလုပ်သင်လေးတွေဆီမှပေးတာဖြစ်လောက်တယ်၊ဟယ်ကျစ်ရှု ပြုံးမိရင်း
ဘေးဘက်တွင် ထားလိုက်တယ်။

ဤကဲ့သို့သောပွဲတော်တွေကိုသူသိပ်ပြီး ဂရုစိုက်လေ့မရှိပေမဲ့ အခြားသူတွေထံမှ လက်ဆောင်တွေရတဲ့အခါသူ့နှလုံးသား
အား နွေးထွေးစေတယ်။

ဒါက အနည်းဆုံးတော့ သူ့ရဲ့ ပင်ကိုယ်ဆွဲဆောင်မှုလျော့နည်းမသွားဘူးဆိုတာကို
သက်သေပြနေတာပဲလေ။နှစ်စဥ်နှစ်တိုင်း
လက်ဆောင် ပစ္စည်းမျိုးစုံကိုသူလက်ခံရရှိ
လေ့ရှိတယ်၊အချို့သော အလုပ်သင်ကောင်လေးတွေနဲ့ ကောင်မလေးတွေကသူတို့ရဲ့ဒါရိုက်တာဟယ်ကြောင့် အလုပ်သင်လာ
ဆင်းကြခြင်းလည်း ဖြစ်တယ်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းနှစ်စဥ်
နှစ်တိုင်းအချစ်စာလွှာများစွာလက်ခံရရှိခဲ့တယ် ၊နောက်ပိုင်းစာရေးတဲ့ခေတ်မရှိတော့
တဲ့အခါ ကောင်မလေးတွေက WeChat ကနေတိုက်ရိုက်စကားပြောဆိုလာကြပြီးသူနဲ့
တွဲရန်ဝန်ခံဖွင့်ပြောလာကြတယ်။

အစပထမတွင်မူ ဟယ်ကျစ်ရှုက ရှက်ရွံ့မှုနှင့်အတူ ငြင်းပယ်ခဲ့ပေမဲ့ ထို မိန်းကလေးတွေ
ကဟယ်ကျစ်ရှု အားနာတတ်သည်ကို အခွင့်ကောင်းယူကာပိုပို အတင့်ရဲလာကြပြီးအပိုင်ဖမ်းဖို့ထိ ကြိုးစားလာကြတယ်။

ထိုအခါ,ဟယ်ကျစ်ရှုကယောကျ်ားများကိုသာနှစ်သက်ကြောင်းပွင့်လင်းစွာပြောပြီး
သူ့တွင်လည်း သဘောကျနှစ်သက်သူ
ရှိနှင့်ပြီး ဖြစ်ကြောင်းပြောလိုက်တယ်။

အဲ့ဒီနောက်ပိုင်းတွင် မိန်းကလေးတွေက
ခဏတာမျှဝမ်းနည်းစွာငိုကြွေးကြပြီးနောက်
ဆေးရုံရှိ ယောကျ်ားလေးတွေရဲ့လိုက်လံ
ချဥ်းကပ်ခြင်းကို ဟယ်ကျစ်ရှု ထပ်မံကြုံ
တွေ့ ရပြန်တယ်။

ကျန်းဝမ်ရွီ ထိုအကြောင်းကို သိတဲ့အခါ
ဆေးရုံသို့ လာပြီး ဟယ်ကျစ်ရှုအားပိုင်ဆိုင်သူမှာသူဖြစ်ကြောင်း သိသာထင်ရှားအောင်ပြလာတယ်၊ဟယ်ကျစ်ရှုအားဖွင့်ပြောနေတဲ့
ကောင်လေးရှေ့မှ ဟယ်ကျစ်ရှုအားဆွဲခေါ်
လာခဲ့တယ်။ကျန်းဝမ်ရွီက ဟယ်ကျစ်ရှုကို 
သူ့ အပိုင်ဖြစ်ကြောင်းပြကာဟယ်ကျစ်ရှု
အား နမ်းချင်ပေမဲ့ လူမြင်ကွင်းတွင် ဖြစ်နေတာမို့ဟယ်ကျစ်ရှု ကလည်းဆန္ဒမရှိလောက်ဟုတွေးကာ သူစိတ်လျော့လိုက်တယ်။

ထို့နောက်တွင်ကျန်းဝမ်ရွီ ဟယ်ကျစ်ရှု၏
ဌာနမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးအားညစာဖိတ်ကျွေးကာ သူတို့ရဲ့ပတ်သက်မှုအားဖွင့်
ဟခဲ့ပြီး ဟယ်ကျစ်ရှု အားချဥ်းကပ်ခြင်းကို
ခွင့်မပြုကြောင်းပြောခဲ့တယ်၊ထိုညစာက
တကယ်တော့လာဒ်ထိုးခြင်း ဖြစ်တယ်။

ကျန်းဝမ်ရွီ ပြောတဲ့စကားတွေကိုဟယ်ကျစ်ရှုပြန်တွေးမိတိုင်းအလိုအလျောက်ပြုံးမိရင်း
ကျန်းဝမ်ရွီ ရဲ့ ထိုကဲ့သို့သောကလေးဆန်မှု
ကအရမ်းချစ်စရာကောင်းတယ်။

ဟယ်ကျစ်ရှု ပန်းသီးတွေကို တချက်ကြည့်ပြီး
အံဆွဲကို ဆွဲထုတ်ကာ မနေ့က သူရရှိခဲ့တဲ့စာကို ထုတ်ယူလိုက်တယ်, အထဲ၌ သော့လေး တစ်ချောင်းနဲ့ အတူ ထူးဆန်းတဲ့ မြေပုံလေးတစ်ခုရှိနေတာမို့ သူထုတ်ယူလိုက်တယ်။

ဤသည်က မနေ့ညက ကျန်းဝမ်ရွီ သူ့ဆီ
ဖုန်းခေါ်ပြီး အောက်ထပ်သို့ဆင်းကာလက်
ခံယူထားဖို့ပြောလာခဲ့တဲ့ပစ္စည်းလေးဖြစ်တယ်၊ကျန်းဝမ်ရွီ က အိမ်သို့ပို့ပေးရမယ့်အစားဆေး ရုံ သို့ ပို့ပေးလိုက်တာမို့
သူအံ့အားသင့်ခဲ့ရပေမဲ့ မေးခွန်းတွေ
အများကြီးသူထပ်မမေးဖြစ်ခဲ့ဘူး။

ကျန်းဝမ်ရွီကခရစ္စမတ်ချိန်တွင် မြေပုံလေးအတိုင်းသွားပြီးရည်ညွန်းနေရာသို့ရောက်ပါက ပေးလိုက်တဲ့ သော့လေးဖြင့် တံခါးကိုဖွင့်
ဖို့ ပြောခဲ့တယ်၊၊ဒါက ကျန်းဝမ်ရွီ သူ့အတွက်
ပေးတဲ့ ခရစ္စမတ်လက်ဆောင်ဖြစ်တယ်။

ထိုအခိုက်အတန့် ဟယ်ကျစ်ရှုကနုံအတယ်
လို့ခံစားမိတယ်၊ကျန်းဝမ်ရွီက အချစ်ဒရမ်မာဇာတ်ကားတစ်ကားမှအမျိုးသားဇာတ်ဆောင်
က အမျိုးသမီးဇာတ်ဆောင်အား လမ်းတလျှောက်လက်ဆောင်ပေးကာ အံ့အားသင့်
စေတဲ့ ပုံစံနဲ့ တူတယ်လို့ သူတွေးမိတယ်။

ဟယ်ကျစ်ရှုကတော့ လုပ်ရိုးလုပ်စဥ်မဟုတ်တောင် ပြသနာမရှိဘူး, ဘာပဲဖြစ်ဖြစ်,ဘဝတွင်မှတ်မှတ်ရရတစ်ခုဖြစ်ဖို့တော့လိုတယ်,
ယခင် ဒါဇင်ကျော်မျှသောခရစ္စမတ်တွေမှ
ကျန်းဝမ်ရွီရဲ့ ရှေးရိုးဆန်တဲ့ အတွေးတွေကိုချိုးဖျက်ပြီး ဒီတကြိမ်ကတကယ်ကြီးဆန်းသစ်တာမို့ သူအတော်လေး သဘောကျ
နေမိတယ်...ဒါပေမဲ့...

ဟယ်ကျစ်ရှု လမ်းကြောင်းပြမြေပုံကိုကောက် ယူကာအချိန်အတော်ကြသည်အထိကြည့်နေမိတယ်၊ရေးဆွဲထားတဲ့ ပုံပျက်ပန်းပျက် ထူး ဆန်းတဲ့ ပုံစံ တွေကို သူနားမလည်ဘူး။ကျန်းဝမ်ရွီက အထက်တန်းကျောင်းတွင်လည်း အချိန်တစ်ခုထိ အနုပညာကိုသင်ယူခဲ့တာမို့
ဒီလမ်းညွန်ကို ရေးဆွဲတဲ့လက်ရာကတကယ့်ကို ညံ့ဖျင်းလွန်းတယ်။

ဒါပေမဲ့ ကျန်းဝမ်ရွီ က ကျောင်းစာတွေနဲ့
နှစ်ပေါင်းများစွာဝေးကွာခဲ့ပြီမို့ အခြေခံ အနေအထားကိုတောင် ပြန်သင်ဖို့လိုနေပြီ။

ဒါတွေက ခဏဘေးဖယ်ထားဦး,အဓိက
တစ်ခု သော့ဖွင့်ဖို့နေရာ ကဘယ်မှာလဲ?

ဟယ်ကျစ်ရှု ဒီနေ့ အလုပ်စောစောပြီးတာမို့
အလုပ်စောစောဆင်းဖို့ ပြင်တယ်။

အိမ်ပြန်ရောက်တဲ့အခါ လမ်းညွန်မြေပုံကို
ထုတ်ပြီး အသေအချာကြည့်တယ်, ဒါပေမဲ့
သူခုထိနားမလည်ဘူး။

နောက်တနေ့ ဆို ခရစ္စမတ်ရောက်ပြီ။

မနက်ရှစ်နာရီတွင်,ကျန်းဝမ်ရွီအချိန်မှန်
Video callခေါ်လာတယ်၊Merry Christmasဟုပြောလာပြီးလမ်းညွန်ကို
အမှန်မြင်နိုင်ရန်မှန်ဖြင့်ကြည့်ရမည်ဟု
ပြောလာတယ်။ထိုအခါမှလက်ဆောင်
ပစ္စည်းလေးကိုရှာတွေ့နိုင်လိမ့်မယ်၊
သူရှာနိုင်မယ်လို့ဟယ်ကျစ်ရှုယုံတယ်။

ဟယ်ကျစ်ရှု က သူ့ဖုန်းမှမှန်ဖြင့် မြေပုံကို
ကြည့်လိုက်ရာ ကျန်းဝမ်ရွီ ရေးဆွဲပေးထား
တဲ့လမ်းကြောင်းကို နားလည်သွားတယ်။

ယေဘုယျအားဖြင့်, ကျန်းဝမ်ရွီက သူ့ကို
အိပ်ရာမထမီ ခဏမျှအိပ်ရာထဲ၌ ဆွဲခေါ်
ထားလေ့ရှိတယ်၊ဒီနှစ်တွေအတွင်းကျန်း
ဝမ်ရွီ လုပ်ပေးထားတဲ့ အလေ့အကျင့်ကို
ဟယ်ကျစ်ရှု အရိုးစွဲနေပြီ။

ဟယ်ကျစ်ရှု အိပ်ရာမှထပြီးအပြင်ထွက် တယ်၊ကျန်းဝမ်ရွီကမြေပုံပေါ်ကလမ်း ကြောင်း အတိုင်း မလိုက်ဘဲလေဆိပ်ကို
တန်းသွားဖို့ပြောတယ်, မြို့တော် စီကို
သွားဖို့လေယာဥ်လက်မှတ်လည်းကြို
တင်မှာပြီး ဖြစ်တယ်။

မြို့တော်စီက ဟယ်ကျစ်ရှု ရဲ့ မိဘများနေထိုင်ရာမြို့ဖြစ်ပြီး ဟယ်ကျစ်ရှုမွေးဖွား
ကြီး ပြင်းရာဇာတိမြို့ဖြစ်တယ်။

နောက်ရက်အနည်းငယ်ဆို နှစ်သစ်ကူးအ
ကြိုရောက်ပြီ၊ကျန်းဝမ်ရွီ က ဟယ်ကျစ်ရှုကို ရုတ်တရက် ပြန်စေချင်တာမို့လက်မှတ်ပင်
ကြိုမှာပေးထားတယ်၊ဒါကဘယ်လိုလဲ?
ခုလိုအစပထမပိုင်းမှာတင်အံ့သြစရာဖြစ်
နေပြီ။

ဟယ်ကျစ်ရှု ကျန်းဝမ်ရွီ ကို ဘာတွေဖြစ်နေလဲဆိုတာကို သိဖို့ ဖုန်းခေါ်တယ်၊နှစ်သစ်ကူး
အကြိုရက်မှာ သူအိမ်ပြန်ပြီးဘာလုပ်ရမှာလဲ,
လက်ဆောင်က ဒီလောက်ထိ အဝေးကြီးမှာ
ရှိနေတာလား? ဒါပေမဲ့ ကျန်းဝမ်ရွီကတဖက်က ပြောလာတယ်,

" ကလေး, မြန်မြန်လုပ်...ကိုယ်ညနေကျ
ဆုချမယ်"

ဟယ်ကျစ်ရှုတွင် ရွေးချယ်စရာမရှိခဲ့၊လက်မှတ်တွေလည်းဝယ်ပြီးဖြစ်နေပြီ၊
သွားရမှာပဲ..နှစ်နာရီခရီးလေးပဲလေ...
အဝေးကြီးမဟုတ်ဘူး။

လေယာဥ်ဆင်းသက်ပြီး လေဆိပ်အထွက်
တွင်ဟယ်ကျစ်ရှု အိုက်ကျိယွီကို တွေ့လိုက်
ရတယ်။

W2735
6.10.2022❤❤❤

.....................................................................

[ Z ]

ဖုန္းျမည္သံေလး ထြက္ေပၚလာတယ္။

'က်န္းေကာ"ဟူေသာနာမည္ေလးေပၚလာတာမို႔
ဟယ္က်စ္ရႈဖုန္းလက္ခံသည့္ခလုတ္ကို ႏွိပ္လိုက္
တယ္၊ ဟယ္က်စ္ရႈ ဖုန္းကိုင္ရင္းအဝင္ေခၚဆိုမႈ
အား တခ်က္ၾကည့္လိုက္တယ္။

"က်န္းေကာ, ေကာအခု ျပန္လာေနၿပီလား?"

က်န္းေကာလို႔ ေခၚျခင္းကလည္းႏွစ္ေပါင္းမ်ားစြာတိုင္မေျပာင္းလဲခဲ့ဘူး၊ ေလာင္ကုန္းနဲ႕ ေလာင္ေဖာ္လို႔ ေခၚတာနဲ႕ ႏွိုင္းယွဥ္ပါကခုလို ေခၚရတာကပိုအဆင္ေျပတယ္,
အခုဆို သူတို႔အတူရွိေနခဲ့ၾကသည္က ဆယ္ႏွစ္ႏွစ္
တာရွိၿပီ ျဖစ္ေသာ္လည္း ဆယ္ေက်ာ္သက္ေလးေတြ
လို႔ မွတ္ထင္မိေနဆဲပဲ။

ဖုန္းရဲ႕ အျခားတဖက္မွ က်န္းဝမ္႐ြီက တုံ႕ဆိုင္းေနၿပီ
ခဏအၾကာေျပာလာတယ္,

"ေရွာင္ရႈ , အဲ့ဒါက..ကိုယ္ဒီေန႕ ျပန္မလာနိုင္ေလာက္ဘူး, ဒီမွာ မၿပီးျပတ္ေသးတဲ့ ကိစၥေလးေတြရွိေနလို႔"

"ဒါဆို မနက္ျဖန္ ခရစၥမတ္ကိုေရာ
ျပန္လာမွာလား?"

"ျပန္မလာျဖစ္ေလာက္ဘူး"

တကယ္ေတာ့ ဟယ္က်စ္ရႈ ခရစၥမတ္ကို
သိပ္ေတာ့ ဂ႐ုမစိုက္ဘူး၊ငယ္႐ြယ္စဥ္က
ေတာ့ ပြဲေတာ္ေတြကို အေလးထားခဲ့တယ္
၊ယခုတြင္မူ ထုံးတမ္းစဥ္လာ တစ္ခုအျဖစ္
သာ ခံစားမိတယ္။လြန္ခဲ့ေသာ ဆယ္ႏွစ္,
ခရစၥမတ္ပြဲေတာ္ေတြနဲ႕ ပြဲေတာ္ႀကီးေတြတိုင္း
သူတို႔အတူ အခ်ိန္ကုန္ဆုံးခဲ့ၾကၿပီးမိုး႐ြာ႐ြာေနပူပူ
အခက္အခဲေတြကိုလည္း အတူျဖတ္ေက်ာ္ခဲ့ၾကတယ္။

ဒါေပမဲ့ဒီႏွစ္ထဲမွာ အေျပာင္းအလဲ တခ်ိဳ႕ရွိလာ
တယ္၊က်န္းဝမ္႐ြီရဲ႕ကုမၸဏီကကိစၥတခ်ိဳ႕ရွိတာေၾကာင့္
အစည္းအေဝးတက္ရန္နိုင္ငံျခားသို႔သြားရတာမို႔ ျပန္
မလာနိုင္ဘူး။

ဟယ္က်စ္ရႈက ယခင္ဘြဲ႕ရၿပီးအလုပ္သင္အျဖစ္
စဝင္ခါစတုန္းကလို အလုပ္မရႈပ္ေတာ့ဘူး၊ ဆယ္ႏွစ္ႏွစ္တာကာလအတြင္းအျခားသို႔လည္း ေျပာင္းေ႐ြ႕ၿပီး မလုပ္ခဲ့၊ အခုဆိုသူက ေဆး႐ုံအုပ္ႀကီး ျဖစ္ေနၿပီမို႔ အားလပ္ရက္
ေတြတိုင္း အနားယူလို႔ရေနၿပီ။

ခရစၥမတ္ကာလတြင္, ခြင့္ရက္ရွည္ရၿပီး ေဘဂ်င္းအနီးအနားရွိၿမိဳ႕ေတြထိသြားေရာက္လည္ပတ္နိုင္လ်က္ ခ်ိဳၿမိန္တဲ့အားလပ္ရက္ေလးကိုလည္းဖန္တီးနိုင္တယ္။

ႏွစ္တိုင္းလည္းခုလိုမ်ိဳး ျဖတ္သန္းခဲ့တယ္,
ဒါေပမဲ့ ,ဒီႏွစ္ေတာ့,ဟယ္က်စ္ရႈလည္း
ခြင့္မယူသလိုက်န္းဝမ္႐ြီလည္းအခ်ိန္
မရခဲ့ဘူး။

ဟယ္က်စ္ရႈက နိုင္ငံျခားပြဲေတာ္ေတြကိုသိပ္ၿပီး
ဂ႐ုစိုက္ေလ့မရွိေပမဲ့ တစ္စုံတစ္ ေယာက္နဲ႕ အတူ
ပြဲေတာ္ရက္အား မကုန္ဆုံးနိုင္တာမို႔ အနည္းငယ္
စိတ္ဓာတ္က်သြားမိတယ္။

"အင္းပါ, ဒါဆိုလည္း ေနာက္က်တဲ့မေနနဲ႕,
က်န္းမာေရးကိုလည္းဂ႐ုစိုက္, မင္းအသက္
ကဆယ္ေက်ာ္သက္အ႐ြယ္ႏွစ္ဆယ္ေက်ာ္
မဟုတ္ေတာ့ဘူးဆိုတာကိုလည္း သတိရဦး,
အခုဆို အသက္ေလးဆယ္ေက်ာ္ေနၿပီ,ၿပီးေတာ့
က်န္းမာေရးက အေရးႀကီးလာၿပီ"

ဟယ္က်စ္ရႈ ဖုန္းရဲ႕ အျခားတဖက္မွရယ္သံသဲ့သဲ့ေလးကၾကားလိုက္ရၿပီးေနာက္ခ်က္ျခင္း ရပ္တန့္သြားတယ္။

ဟယ္က်စ္ရႈ ဖုန္းကိုတခ်က္ၾကည့္လိုက္တဲ့
အခါတဖက္လူက ဖုန္းခ်သြားတယ္၊၊ခဏ
အၾကာ က်န္းဝမ္႐ြီ ထံမွ video callေလး
ဝင္လာတယ္။

ဒါက က်န္းဝမ္႐ြီရဲ႕ အက်င့္တစ္ခုပင္၊ဖုန္းေခၚေနရင္း
ဟယ္က်စ္ရႈကို အရမ္းသတိရလာၿပီဆို ဘာမေျပာညာမေျပာနဲ႕ ဖုန္းခ်ၿပီး video callေခၚ လိမ့္မယ္။

အစပထမေတာ့ ဟယ္က်စ္ရႈ ဖုန္းခ်လိဳက္ဖို႔
ေတြးတယ္၊ၿပီးေတာ့ သူ႕အိတ္ကပ္ထဲထည့္
ရန္ ျပင္တယ္၊ တဖက္လူက ဗီဒီယိုေခၚဆို
မႈ လုပ္လာတာမို႔ အၿမဲတမ္းအက်င့္ျဖစ္ေန
လ်က္ အံ့ၾသစရာေတာ့မရွိဘူး။

ဟယ္က်စ္ရႈ ဗီဒီယို ခ်ိတ္ဆက္လိုက္တဲ့အခါ
က်န္းဝမ္႐ြီရဲ႕ မ်က္ႏွာက ခ်က္ျခင္း ဖုန္းမ်က္
ႏွာျပင္တြင္ေပၚလာတယ္၊ဟယ္က်စ္ရႈ
လည္းမ်က္ႏွာျမင္ျမင္ခ်င္း ၿပဳံးျပလိုက္တယ္၊

ထိုေနာက္ က်န္းဝမ္႐ြီက ကင္မရာကို ေထာင့္ဖက္သို႔
လွည့္ၿပီး သူ႕ရဲ႕ ေခ်ာေမာတဲ့ ႐ုပ္ရည္ကို ျပကာ
ဟယ္က်စ္ရႈအားေျပာလာတယ္,

" ဆယ္ႏွစ္ေက်ာ္သြားေပမဲ့ ခုထိေခ်ာတုန္းပဲ"

" ဘယ္နားမွာလဲ, အသက္ကျဖင့္ႀကီးေနၿပီ,
ခုထိေခ်ာခ်င္ေနတုန္းပဲ"

ဟယ္က်စ္ရႈ ေျပာရင္းၿပဳံးလိုက္မိတယ္။

က်န္းဝမ္႐ြီ ဟယ္က်စ္ရႈရဲ႕ ၿပဳံးေယာင္သမ္းေန
တဲ့ မ်က္လုံးေတြကို ျမင္လိုက္ရတဲ့အခါ
ႏြေးေထြးသြားသလို ခံစားမိေနတယ္။

"အသက္ႀကီးလာတယ္ဆိုေတာ့ မင္းက
ဘာကို ေျပာခ်င္တာလဲ, ကိုယ့္ရဲ႕စြမ္းေဆာင္ရည္
ကို အထင္ေသးတာလား?"

ႏွစ္ေပါင္းမ်ားစြာအတူရွိေနခဲ့တာ
ေတာင္ က်န္းဝမ္႐ြီ ရဲ႕ ေနာက္ေျပာင္မႈကို
ဟယ္က်စ္ရႉ ခုထိရွက္ေနတုန္းပဲ၊ခ်က္ျခင္း
မ်က္ႏွာလြဲ ကာေျပာလိုက္တယ္,

" မင္းရဲ႕ စြမ္းေဆာင္ရည္ကအေကာင္းဆုံးပါ...
ဟုတ္ၿပီလား"

က်န္းဝမ္႐ြီ ၿပဳံးေနမိရင္း ဟယ္က်စ္ရႈရဲ႕
နီရဲေနတဲ့ မ်က္ႏွာေလးကို သူတကယ္ႀကီး
မခံစားနိုင္ေတာ့ဘူး၊ဟယ္က်စ္ရႈက ဒီႏွစ္
ေတြအတြင္း ဟိုတုန္းကလူငယ္ေလးလို
စေနာက္လို႔မရေတာ့ဘူး။

က်န္းဝမ္႐ြီက ဖုန္းမ်က္ႏွာျပင္ကို ေငးၾကည့္ရင္း ေျပာလာတယ္,

"ဒီဘက္လွည့္ပါဦး, ကိုယ္မ်က္ႏွာေလး
ၾကည့္ခ်င္လို႔, ကိုယ္ခဏေနအစည္းအေဝး
သြားရဦးမယ္"

ဟယ္က်စ္ရႈ က က်န္းဝမ္႐ြီ ေျပာတဲ့အတိုင္း
မ်က္ႏွာေလးလွည့္လာတယ္, ေမွ်ာ္လင့္ထားသည့္အတိုင္း ရွက္ေသြးျဖန္းေနတဲ့မ်က္ႏွာေလးကိုေတြ႕ရတယ္။

"ၾကည့္ဦး..ရွက္ေနျပန္ၿပီ, ဒါကျဖားေယာင္းေနတာ
ပဲေနာ္, ကိုယ္တကယ္ႀကီးအလုပ္ေတာင္ဆက္
မလုပ္ခ်င္ေတာ့ဘူး"

ထိုအခ်ိန္ က်န္းဝမ္႐ြီအား အလုပ္ကိစၥအတြက္
တစ္ေယာက္ေယာက္က လွမ္းေခၚလာသံကို
ဟယ္က်စ္ရႈၾကားလိုက္ရတယ္။

ဟယ္က်စ္ရႈ မ်က္လုံးေတြကိုေ႐ြ႕လ်ားလိုက္ၿပီး,

" မင္းသာအခုအျမန္အလုပ္သြားလုပ္စမ္းပါ"

"ဟင့္အင္း, ကိုယ္မင္းကို ၾကည့္ေနခ်င္ေသး
တယ္, ခြဲေနရတာရက္ေတာင္ၾကာေနၿပီ"

သူတို႔အတူ ရယ္လိုက္မိၾကရင္း ဟယ္က်စ္ရႈ
က ဗီဒီယိုေခၚဆိုမႈကို ရပ္တန့္လိုက္တယ္။

ယခု မနက္ရွစ္နာရီသာရွိေနေသးၿပီး
က်န္းဝမ္႐ြီကလည္း အေမရိကန္မွာ
ေရာက္ေနတယ္၊အေမရိကန္တြင္ခုခ်ိန္
ဆိုညေရာက္ေနၿပီျဖစ္ကာအလုပ္လုပ္
ေနဆဲမို႔အခ်ိန္ေနာက္က်ေနၿပီ၊

က်န္းဝမ္႐ြီက မနက္ပိုင္းအခ်ိန္ေလးေတြမွာ
ဟယ္က်စ္ရႈဆီဖုန္းေခၚတယ္၊ဒီလိုမွမဟုတ္
ရင္, သူတို႔ အလုပ္ရႈပ္ေနခ်ိန္ သို႔မဟုတ္
ဟယ္က်စ္ရႈအလုပ္သြားခ်ိန္နဲ႕ တိုက္ေန
တယ္။ဟယ္က်စ္ရႈ အလုပ္သြားခ်ိန္
က်န္းဝမ္႐ြီဘက္မွာ ညဥ့္နက္ေနၿပီ၊အခ်ိန္
ကြာျခားမႈက အေတာ္ေလးျပသနာရွိတယ္။

က်န္းဝမ္႐ြီနဲ႕ ဖုန္းေခၚၿပီးေနာက္ ဟယ္က်စ္ရႈ
တစ္ေယာက္ တေန႕တာအတြက္ခြန္အားေတြ
ျပည့္ဝေနၿပီး အားအင္အျပည့္ျဖင့္ရွိေနတယ္၊
သူအျမန္ထကာ ,ေရခ်ိဳး, မနက္စာစားၿပီး
အလုပ္သြားတယ္။

က်န္းဝမ္႐ြီကဟယ္က်စ္ရႈ ကိုေကာင္းေကာင္း
ကာကြယ္ေပးနိုင္ခဲ့တယ္၊၊ဆယ္ႏွစ္ေက်ာ္ၾကာၿပီး
သည့္တိုင္ေအာင္ေကာင္ေလးရဲ႕ေနာက္ တြင္
အရိပ္လို သာရွိေနခဲ့ၿပီး သူ႕ရဲ႕ငယ္႐ြယ္ႏုပ်ိဳေန
ဆဲ စိတ္ဝိညာဥ္ကိုလည္း ခံစားမိနိုင္တယ္။

လက္တြဲေဖာ္ေကာင္းတစ္ေယာက္ေဘး
တြင္ရွိေနျခင္းက သင့္အား ငယ္႐ြယ္ႏုပ်ိဳေစၿပီး
ကေလးတစ္ေယာက္လို ျဖစ္ေနေစလိမ့္မယ္၊ဟယ္က်စ္ရႈနဲ႕ က်န္းဝမ္႐ြီတို႔ကိုယ္တိုင္ပင္ကေလးေတြလိုျဖစ္ေနသည္မို႔ ကေလးထပ္ယူေနဖို႔ မလိုအပ္ဘူး၊သူတို႔ႏွစ္ေယာက္တည္းေနထိုင္ရတာအလြန္အဆင္ေျပတယ္၊ေန႕ရက္တိုင္းလိုလို အၿမဲ လန္းဆန္းတက္ႂကြေနၾကၿပီး ေန႕ရက္တိုင္း
လည္းအခ်စ္တို႔ျဖင့္ ထုံမႊမ္းေနတယ္၊ေန႕ရက္တိုင္းအသစ္အသစ္ေသာခံစားခ်က္တို႔ေမြးဖြားသလိုလည္းျဖစ္
ေနေစတယ္။

သူတို႔ ဒီလိုေလးဘဲ ေနထိုင္လာခဲ့ၾကသည္
ကဆယ္ႏွစ္ပင္ေက်ာ္ခဲ့ၿပီ။

ဒီေန႕က ခရစၥမတ္အႀကိဳေန႕ , ဟယ္က်စ္ရႈ ေဆး႐ုံ
ကိုေရာက္လာၿပီးပုံမွန္အတိုင္းအလုပ္လာခဲ့တယ္။
သူ ႐ုံးခန္းသို႔ ေရာက္တဲ့အခါ, လွပစြာထုပ္ပိုးထား
တဲ့ ပန္းသီးေတြကိုသူ႕စားပြဲ ေပၚတြင္ေတြ႕ရတယ္။

ဒီႏွစ္ ရဲ႕ အလုပ္သင္ေလးေတြဆီမွေပး
တာျဖစ္ေလာက္တယ္၊ဟယ္က်စ္ရႈ ၿပဳံးမိရင္း
ေဘးဘက္တြင္ ထားလိုက္တယ္။

ဤကဲ့သို႔ေသာပြဲေတာ္ေတြကိုသူသိပ္ၿပီး
ဂ႐ုစိုက္ေလ့မရွိေပမဲ့ အျခားသူေတြထံမွ
လက္ေဆာင္ေတြရတဲ့အခါသူ႕ႏွလုံးသား
အား ႏြေးေထြးေစတယ္။

ဒါက အနည္းဆုံးေတာ့ သူ႕ရဲ႕ ပင္ကိုယ္ဆြဲ
​ေဆာင္မႈေလ်ာ့နည္းမသြားဘူးဆိုတာကို
သက္ေသျပေနတာပဲေလ။ႏွစ္စဥ္ႏွစ္တိုင္း
လက္ေဆာင္ ပစၥည္းမ်ိဳးစုံကိုသူလက္ခံရရွိ
ေလ့ရွိတယ္၊အခ်ိဳ႕ေသာ အလုပ္သင္ေကာင္
​ေလးေတြနဲ႕ ေကာင္မေလးေတြကသူတို႔ရဲ႕
ဒါရိုက္တာဟယ္ေၾကာင့္ အလုပ္သင္လာ
ဆင္းၾကျခင္းလည္း ျဖစ္တယ္။

လြန္ခဲ့သည့္ ႏွစ္အနည္းငယ္အတြင္းႏွစ္စဥ္
ႏွစ္တိုင္းအခ်စ္စာလႊာမ်ားစြာလက္ခံရရွိခဲ့
တယ္ ၊ေနာက္ပိုင္းစာေရးတဲ့ေခတ္မရွိေတာ့
တဲ့အခါ ေကာင္မေလးေတြက WeChat
ကေနတိုက္ရိုက္စကားေျပာဆိုလာၾကၿပီးသူနဲ႕
တြဲရန္ဝန္ခံဖြင့္ေျပာလာၾကတယ္။

အစပထမတြင္မူ ဟယ္က်စ္ရႈက ရွက္႐ြံ႕မႈႏွင့္
အတူ ျငင္းပယ္ခဲ့ေပမဲ့ ထို မိန္းကေလးေတြ
ကဟယ္က်စ္ရႈ အားနာတတ္သည္ကို အခြင့္
​ေကာင္းယူကာပိုပို အတင့္ရဲလာၾကၿပီးအပိုင္
ဖမ္းဖို႔ထိ ႀကိဳးစားလာၾကတယ္။

ထိုအခါ,ဟယ္က်စ္ရႈကေယာက်္ားမ်ား
ကိုသာႏွစ္သက္ေၾကာင္းပြင့္လင္းစြာေျပာၿပီး
သူ႕တြင္လည္း သေဘာက်ႏွစ္သက္သူ
ရွိႏွင့္ၿပီး ျဖစ္ေၾကာင္းေျပာလိုက္တယ္။

အဲ့ဒီေနာက္ပိုင္းတြင္ မိန္းကေလးေတြက
ခဏတာမွ်ဝမ္းနည္းစြာငိုေႂကြးၾကၿပီးေနာက္
ေဆး႐ုံရွိ ေယာက်္ားေလးေတြရဲ႕လိုက္လံ
ခ်ဥ္းကပ္ျခင္းကို ဟယ္က်စ္ရႈ ထပ္မံႀကဳံ
ေတြ႕ ရျပန္တယ္။

က်န္းဝမ္႐ြီ ထိုအေၾကာင္းကို သိတဲ့အခါ
ေဆး႐ုံသို႔ လာၿပီး ဟယ္က်စ္ရႈအားပိုင္ဆိုင္
သူမွာသူျဖစ္ေၾကာင္း သိသာထင္ရွားေအာင္
ျပလာတယ္၊ဟယ္က်စ္ရႈအားဖြင့္ေျပာေနတဲ့
ေကာင္ေလးေရွ႕မွ ဟယ္က်စ္ရႈအားဆြဲေခၚ
လာခဲ့တယ္။က်န္းဝမ္႐ြီက ဟယ္က်စ္ရႈကို
သူ႕ အပိုင္ျဖစ္ေၾကာင္းျပကာဟယ္က်စ္ရႈ
အား နမ္းခ်င္ေပမဲ့ လူျမင္ကြင္းတြင္ ျဖစ္ေနတာ
မို႔ဟယ္က်စ္ရႈ ကလည္းဆႏၵမရွိေလာက္ဟု
​ေတြးကာ သူစိတ္ေလ်ာ့လိုက္တယ္။

ထို႔ေနာက္တြင္က်န္းဝမ္႐ြီ ဟယ္က်စ္ရႈ၏
ဌာနမွ လုပ္ေဖာ္ကိုင္ဖက္တစ္ဦးအားညစာ
ဖိတ္ေကြၽးကာ သူတို႔ရဲ႕ပတ္သက္မႈအားဖြင့္
ဟခဲ့ၿပီး ဟယ္က်စ္ရႈ အားခ်ဥ္းကပ္ျခင္းကို
ခြင့္မျပဳေၾကာင္းေျပာခဲ့တယ္၊ထိုညစာက
တကယ္ေတာ့လာဒ္ထိုးျခင္း ျဖစ္တယ္။

က်န္းဝမ္႐ြီ ေျပာတဲ့စကားေတြကိုဟယ္က်စ္ရႈ
ျပန္ေတြးမိတိုင္းအလိုအေလ်ာက္ၿပဳံးမိရင္း
က်န္းဝမ္႐ြီ ရဲ႕ ထိုကဲ့သို႔ေသာကေလးဆန္မႈ
ကအရမ္းခ်စ္စရာေကာင္းတယ္။

ဟယ္က်စ္ရႈ ပန္းသီးေတြကို တခ်က္ၾကည့္ၿပီး
အံဆြဲကို ဆြဲထုတ္ကာ မေန႕က သူရရွိခဲ့တဲ့စာကို
ထုတ္ယူလိုက္တယ္, အထဲ၌ ေသာ့ေလး
တစ္ေခ်ာင္းနဲ႕ အတူ ထူးဆန္းတဲ့ ေျမပုံေလး
တစ္ခုရွိေနတာမို႔ သူထုတ္ယူလိုက္တယ္။

ဤသည္က မေန႕ညက က်န္းဝမ္႐ြီ သူ႕ဆီ
ဖုန္းေခၚၿပီး ေအာက္ထပ္သို႔ဆင္းကာလက္
ခံယူထားဖို႔ေျပာလာခဲ့တဲ့ပစၥည္းေလးျဖစ္တယ္
၊က်န္းဝမ္႐ြီ က အိမ္သို႔ပို႔ေပးရမယ့္အစားေဆး႐ုံ
သို႔ ပို႔ေပးလိုက္တာမို႔သူအံ့အားသင့္ခဲ့ရေပမဲ့
​ေမးခြန္းေတြအမ်ားႀကီးသူထပ္မေမးျဖစ္ခဲ့ဘူး။

က်န္းဝမ္႐ြီကခရစၥမတ္ခ်ိန္တြင္ ေျမပုံေလးအ
တိုင္းသြားၿပီးရည္ၫြန္းေနရာသို႔ေရာက္ပါက
​ေပးလိုက္တဲ့ ေသာ့ေလးျဖင့္ တံခါးကိုဖြင့္
ဖို႔ ေျပာခဲ့တယ္၊၊ဒါက က်န္းဝမ္႐ြီ သူ႕အတြက္
ေပးတဲ့ ခရစၥမတ္လက္ေဆာင္ျဖစ္တယ္။

ထိုအခိုက္အတန့္ ဟယ္က်စ္ရႈကႏုံအတယ္
လို႔ခံစားမိတယ္၊က်န္းဝမ္႐ြီက အခ်စ္ဒရမ္မာ
ဇာတ္ကားတစ္ကားမွအမ်ိဳးသားဇာတ္ေဆာင္
က အမ်ိဳးသမီးဇာတ္ေဆာင္အား လမ္းတေလွ်ာက္
လက္ေဆာင္ေပးကာ အံ့အားသင့္ေစတဲ့ ပုံစံနဲ႕
တူတယ္လို႔ သူေတြးမိတယ္။

ဟယ္က်စ္ရႈကေတာ့ လုပ္ရိုးလုပ္စဥ္မဟုတ္ေတာင္ ျပသနာမရွိဘူး, ဘာပဲျဖစ္ျဖစ္,ဘဝတြင္မွတ္မွတ္ရရတစ္ခုျဖစ္ဖို႔ေတာ့လိုတယ္,ယခင္ ဒါဇင္ေက်ာ္မွ်ေသာခရစၥမတ္ေတြမွ
က်န္းဝမ္႐ြီရဲ႕ ေရွးရိုးဆန္တဲ့ အေတြးေတြကိုခ်ိဳးဖ်က္ၿပီး ဒီတႀကိမ္ကတကယ္ႀကီးဆန္းသစ္တာမို႔ သူအေတာ္ေလး သေဘာက်ေနမိတယ္...ဒါေပမဲ့...

ဟယ္က်စ္ရႈ လမ္းေၾကာင္းျပေျမပုံကိုေကာက္
ယူကာအခ်ိန္အေတာ္ၾကသည္အထိၾကည့္ေနမိ
တယ္၊ေရးဆြဲထားတဲ့ ပုံပ်က္ပန္းပ်က္ ထူး ဆန္းတဲ့
ပုံစံ ေတြကို သူနားမလည္ဘူး။က်န္းဝမ္႐ြီက အထက္
တန္းေက်ာင္းတြင္လည္း အခ်ိန္တစ္ခုထိ အႏုပညာကို
သင္ယူခဲ့တာမို႔ ဒီလမ္းၫြန္ကို ေရးဆြဲတဲ့လက္ရာက
တကယ့္ကို ညံ့ဖ်င္းလြန္းတယ္။

ဒါေပမဲ့ က်န္းဝမ္႐ြီ က ေက်ာင္းစာေတြနဲ႕
ႏွစ္ေပါင္းမ်ားစြာေဝးကြာခဲ့ၿပီမို႔ အေျခခံ
အေနအထားကိုေတာင္ ျပန္သင္ဖို႔လိုေနၿပီ။

ဒါေတြက ခဏေဘးဖယ္ထားဦး,အဓိက
တစ္ခု ေသာ့ဖြင့္ဖို႔ေနရာ ကဘယ္မွာလဲ?

ဟယ္က်စ္ရႈ ဒီေန႕ အလုပ္ေစာေစာၿပီးတာမို႔
အလုပ္ေစာေစာဆင္းဖို႔ ျပင္တယ္။

အိမ္ျပန္ေရာက္တဲ့အခါ လမ္းၫြန္ေျမပုံကို
ထုတ္ၿပီး အေသအခ်ာၾကည့္တယ္, ဒါေပမဲ့
သူခုထိနားမလည္ဘူး။

ေနာက္တေန႕ ဆို ခရစၥမတ္ေရာက္ၿပီ။

မနက္ရွစ္နာရီတြင္,က်န္းဝမ္႐ြီအခ်ိန္မွန္
Video callေခၚလာတယ္၊Merry Christmasဟုေျပာလာၿပီးလမ္းၫြန္ကို
အမွန္ျမင္နိုင္ရန္မွန္ျဖင့္ၾကည့္ရမည္ဟု
ေျပာလာတယ္။ထိုအခါမွလက္ေဆာင္
ပစၥည္းေလးကိုရွာေတြ႕နိုင္လိမ့္မယ္၊
သူရွာနိုင္မယ္လို႔ဟယ္က်စ္ရႈယုံတယ္။

ဟယ္က်စ္ရႈ က သူ႕ဖုန္းမွမွန္ျဖင့္ ေျမပုံကို
ၾကည့္လိုက္ရာ က်န္းဝမ္႐ြီ ေရးဆြဲေပးထား
တဲ့လမ္းေၾကာင္းကို နားလည္သြားတယ္။

ေယဘုယ်အားျဖင့္, က်န္းဝမ္႐ြီက သူ႕ကို
အိပ္ရာမထမီ ခဏမွ်အိပ္ရာထဲ၌ ဆြဲေခၚ
ထားေလ့ရွိတယ္၊ဒီႏွစ္ေတြအတြင္းက်န္း
ဝမ္႐ြီ လုပ္ေပးထားတဲ့ အေလ့အက်င့္ကို
ဟယ္က်စ္ရႈ အရိုးစြဲေနၿပီ။

ဟယ္က်စ္ရႈ အိပ္ရာမွထၿပီးအျပင္ထြက္
တယ္၊က်န္းဝမ္႐ြီကေျမပုံေပၚကလမ္း
ေၾကာင္း အတိုင္း မလိုက္ဘဲေလဆိပ္ကို
တန္းသြားဖို႔ေျပာတယ္, ၿမိဳ႕ေတာ္ စီကို
သြားဖို႔ေလယာဥ္လက္မွတ္လည္းႀကိဳ
တင္မွာၿပီး ျဖစ္တယ္။

ၿမိဳ႕ေတာ္စီက ဟယ္က်စ္ရႈ ရဲ႕ မိဘမ်ား
​ေနထိုင္ရာၿမိဳ႕ျဖစ္ၿပီး ဟယ္က်စ္ရႈေမြးဖြား
ႀကီး ျပင္းရာဇာတိၿမိဳ႕ျဖစ္တယ္။

ေနာက္ရက္အနည္းငယ္ဆို ႏွစ္သစ္ကူးအ
ႀကိဳေရာက္ၿပီ၊က်န္းဝမ္႐ြီ က ဟယ္က်စ္ရႈကို
႐ုတ္တရက္ ျပန္ေစခ်င္တာမို႔လက္မွတ္ပင္
ႀကိဳမွာေပးထားတယ္၊ဒါကဘယ္လိုလဲ?
ခုလိုအစပထမပိုင္းမွာတင္အံ့ၾသစရာျဖစ္
ေနၿပီ။

ဟယ္က်စ္ရႈ က်န္းဝမ္႐ြီ ကို ဘာေတြျဖစ္ေန
လဲဆိုတာကို သိဖို႔ ဖုန္းေခၚတယ္၊ႏွစ္သစ္ကူး
အႀကိဳရက္မွာ သူအိမ္ျပန္ၿပီးဘာလုပ္ရမွာလဲ,
လက္ေဆာင္က ဒီေလာက္ထိ အေဝးႀကီးမွာ
ရွိေနတာလား? ဒါေပမဲ့ က်န္းဝမ္႐ြီကတဖက္
က ေျပာလာတယ္,

" ကေလး, ျမန္ျမန္လုပ္...ကိုယ္ညေနက်
ဆုခ်မယ္"

ဟယ္က်စ္ရႈတြင္ ေ႐ြးခ်ယ္စရာမရွိခဲ့၊
လက္မွတ္ေတြလည္းဝယ္ၿပီးျဖစ္ေနၿပီ၊
သြားရမွာပဲ..ႏွစ္နာရီခရီးေလးပဲေလ...
အေဝးႀကီးမဟုတ္ဘူး။

ေလယာဥ္ဆင္းသက္ၿပီး ေလဆိပ္အထြက္
တြင္ဟယ္က်စ္ရႈ အိုက္က်ိယြီကို ေတြ႕လိုက္
ရတယ္။

W2735
6.10.2022❤❤❤❤

.....................................................................





































































































Continue Reading

You'll Also Like

231K 34.9K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
6.5K 311 12
Original name - 没钱离婚 English name - No money to divorce Type - Webnovel Author(s) - Shou Chu首初 Genre - Drama Romance Sci-fi Yaoi Start date - 18.3.20...
3.5M 360K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
553K 89.1K 186
Title : Modu/Slient Reading Author: Priest MC: Luo Wenzhou × Feidu myanmar translation Chapters 180+5 extras