EP42(U+Z)

1.2K 157 0
                                    

[ U ]

" ကျွန်တော်ယောကျ်ားတွေကိုပဲကြိုက်တယ်,
ဘာကြောင့်လဲတော့ မသိဘူး,ကျွန်တော်မွေးဖွားလာတယ်,ကျွန်တော့်ကိုယ်ကျွန်တော်မပြောင်းလဲနိုင်ဘူး, ပါးတို့လက်မခံနိုင်ဘူးဆိုတာကိုကျွန်တော်သိတယ်,ဒါပေမဲ့ကျွန်တော် ထပ်ပြီး မဖုံးကွယ်ချင်တော့ဘူး,နောက်ရက်အနည်းငယ်ဆို ကျွန်တော်ဘေဂျင်းကိုအလုပ်သွားလုပ်ရတော့မယ်, ဒါကြောင့်မို့ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ပါးတို့ လက်ခံပေးနိုင်ဖို့
မျှော်လင့်မိတယ်,ကျွန်တော်ကကွဲပြားတယ်...ကျွန်တော်က..."

ဟယ်ကျစ်ရှုက ပါပါးဟယ်နှင့် မာမားဟယ်တို့၏ခုတင်ဘေးတွင်ထိုင်နေဆဲဖြင့်ရှိနေ လျက် စကားတခွန်းမှ ပြန်မပြောနိုင်ဖြစ်နေ
တဲ့ မိဘတွေကို ကြည့်ကာ သူ့ရဲ့ ဖွင့်ဟပြော
ဖို့ခက်တဲ့ လျှို့ဝှက်ချက်တွေကို အေးအေး ဆေးဆေးပြောပြနေမိတယ်။

" ကျွန်တော် ပါးတို့မားတို့ကိုတောင်းပန်ရမယ်ဆိုတာကိုသိတယ်, နောင်အနာဂတ်မှာ ကျွန်တော်လက်ထပ်ဖို့ဆိုတာကမဖြစ်နိုင်ဘူး,
ပြီးတော့ ပါးတို့ မားတို့အတွက်မြေးလေးတွေရအောင်လည်း လုပ်မပေးနိုင်လောက်ဘူး, ဒါပေမဲ့ ကျွန်တော်လည်းတကယ်အဆင်
မပြေနိုင်လို့ပါ, ကျွန်တော်ကိုယ်တိုင်ကလည်း
လက်မခံနိုင်ဘူး, ကျွန်တော့်ကိုယ် ကျွန်တော်
ဘာတွေမှားယွင်းနေပြီလဲ ဆိုတာကိုလည်း
မသိဘူး, ကျွန်တော်တကယ်..တကယ်ကြီး
မသိတော့ဘူး"

ဟယ်ကျစ်ရှု အသံတိတ်ရှိုက်ငိုနေမိတယ်၊
သူ့ မျက်လုံးတွေနီရဲနေပြီး ခံစားချက်တို့က ဆို့နင့်စွာရှိနေတယ်၊ သူ့ကိုယ်သူချုပ်တည်း
နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေရတယ်။
သူ့မိဘတွေရှေ့မှာ အရှက်မရချင်ဘူး၊ သူ့ကိုယ်သူ ရပ်တည်နိုင်စွမ်းရှိတယ်ဆိုတာကို
ယုံကြည်မှု ရှိစေချင်ပြီးသူ့ကိုလည်းစိတ်မပူ စေချင်ဘူး။

ပါပါးဟယ်ကလည်းစကားမပြောဘူး,ဆံပင်ကို တချက်သပ်တင်ကာ လေးလံစွာသက်ပြင်း ချပြီးခုတင်ဘေးရှိမီးအိမ်ကိုပိတ်ကာ ဟယ်ကျစ်ရှုကိုလျစ်လျူ ရှုပြီးခုတင်တွင်လဲလျောင်းလိုက်တယ်။

အိပ်ရာဘေးမှမီးအိမ်လေးမှိတ်သွားချိန်
ဟယ်ကျစ်ရှု ရဲ့ နှလုံးသားတို့ဆို့နင့်စွာရှိနေလျက် လုံးဝ မှောင်အတိကျသွားတယ်။

အသစ်တဖန်မွေးဖွားလာမည့်ထာဝရအတွက်ချစ်​​​မေတ္တာ(MM Translation)Complete✔✔✔Où les histoires vivent. Découvrez maintenant