EP5(U+Z)

3.7K 520 25
                                    

[ U ]

စာသင်ခန်းထဲ ပြန်ရောက်တဲ့အခါကျန်းဝမ်ရွှီ
ရဲ့ မျက်လုံးတွေက ဟယ်ကျစ်ရှု အပေါ်၌သာရှိနေပြီး ဟယ်ကျစ်ရှုပျောက်ကွယ်သွားမှာ
ကို စိုးရိမ်နေတာမို့လုံးဝပင်အကြည့်မလွှဲနိုင်ခဲ့ဘူး။

အကျွမ်းတဝင်မရှိတဲ့ အထက်တန်း ကျောင်းသားဘဝနှင့် စာသင်ခန်းထဲသို့
ပြန်ရောက်တဲ့အခါ, ကျန်းဝမ်ရွှီ ရုတ်တရက်
ငိုချင်စိတ်ပင်ပေါက်လာတယ်။သူနဲ့ ရှောင်ရှု လေးတို့အတွက် သီးသန့်ဖြစ်တည်တဲ့ အထူးပျော်ရွှင်ဖွယ်ရာ အချိန်လေးတွေဆီ ပြန်လာခဲ့ရပြီး ပြန်မသွားနိုင်တော့ဘူးလို့ ထင်မှတ်ထားခဲ့တဲ့ ငယ်ဘဝလေးဆီတကျော့ပြန်လည် ရောက်ရှိလာခဲ့တယ်။

ကျန်းဝမ်ရွှီက အစပထမ၌ ထိုကဲ့သို့စိတ်ကူးယဥ်ဆန်သူ မဟုတ်ပေမယ့် ဤလေးနှစ်တာအတွင်း ဆိုးဝါးတဲ့ နာကျင်မှုတွေကသူ့ကို
လူသားပင် ပြန် မဖြစ်ချင်လောက်အောင်ညှင်းပန်းနှိပ်စက်နေခဲ့တယ်။

" ဒါက မင်းထိုင်ခုံမဟုတ်ဘူး,မင်းဘာလို့
ဒီမှာလာထိုင်နေတာလဲ?

ဟယ်ကျစ်ရှု ကျန်းဝမ်ရွှီကို လှည့်မကြည့်ဘဲ
အေးစက်စွာ ပြောလာတယ်။

အထက်တန်း ဒုတိယနှစ်တက်ချိန်ကသူနဲ့
ဟယ်ကျစ်ရှုတို့ စားပွဲခုံဖော်ဖြစ်တာကိုသူသတိရမိတယ်၊ ယခု သူအတိတ်ကို ပြန်ရောက်လာပြန်တော့လည်းကျစ်ရှုနဲ့အတူ
ထိုင်ရမှာပဲ မဟုတ်လား၊

ထို့ကြောင့် ကျန်းဝမ်ရွှီ ဘာမှမတွေးတော့ပဲ ကျစ်ရှု ရှိရာ အရပ်ဆီသို့သာမျက်နှာမူလျက်
ခပ်တည်တည်ပင်ကျစ်ရှူဘေးနားထိုင်နေပြီး
ကျစ်ရှု ရဲ့ အေးစက်စက်စကားသံကို ထပ်မံ၍ နားစွင့်လိုက်တယ်။

ဝါကျလေးတစ်ကြောင်း ကအဓိပ္ပာယ်အထူးအထွေ မရှိပေမယ့်မလိုလားကြောင်းသိသာနေလျက် ဒေါသတရားကိုပါ တိုးတိတ်စွာ ကြားနိုင်လျက်ကျန်းဝမ်ရွှီရဲ့နှလုံးသားကို
ဓားထက်ထက်ဖြင့်လှီးဖြတ်သကဲ့သို့ရှိနေတယ်။

" အမ်?"

ကျန်းဝမ်ရွှီ အနည်းငယ်ဇဝေဇဝါ ဖြစ်နေတယ်၊ သူစကားစပြောချင်ပေမယ့်ဘယ်
ကစပြီး ပြောရမှန်း မသိသေးတာမို့ထိုင်ခုံမှာပဲ ထိုင်နေမိတယ်။

အသစ်တဖန်မွေးဖွားလာမည့်ထာဝရအတွက်ချစ်​​​မေတ္တာ(MM Translation)Complete✔✔✔Hikayelerin yaşadığı yer. Şimdi keşfedin