Hyper's bad boy [NoRen]

By Neo-Zen

2.6K 351 32

NoRen | JeRen | NoJun Jeno Lee Renjun Huang / InJoon Hwang *Hyper Jeno's bad boy InJoon* Both Unicode & Zawgy... More

2
3
4
5
6
7
8
9
10
11

1

523 44 7
By Neo-Zen

Unicode.

"Hwang InJoon" တိတ်ဆိတ်သော စာသင်ခန်းထဲ ကျောင်းသားများကို မျက်နှာချင်းဆိုင်ရပ်နေသော ဆရာချွဲထံမှ ခေါ်ဆိုလာသောနာမည်ဖြစ်သည်။

"Nae Sam" နာမည်ပိုင်ရှင်ကောင်လေးရဲ့ ပြန်ထူးသံဟာ ပျော့ပျောင်းဟန်ရှိပေမဲ့ မျက်နှာထိ၊ မျက်နှာထားကတော့ ဆန့်ကျင်စွာရှိနေလေသည်။

"မင်း နေ့လည်စာဆင်းချိန်ကျရင် ငါ့ဆီလာခဲ့" စိတ်ဆိုးဟန်ဖြင့် ပြောဆိုပြီးနောက် တပည့်ဖြစ်သူကောင်လေးရဲ့ ပြန်ဖြေသံကိုတောင် မစောင့်ဘဲ ထွက်သွားခဲ့သည်။

ဆရာထွက်သွားပြီးနောက် InJoon သူ၏ဘေးဘက်တစ်ခုံကျော်တွင် ထိုင်နေသောသူကို မသိမသာခိုးကြည့်လိုက်ပေမဲ့ ထိုသူက သူ့ကိုစိုက်ကြည့်နေသည်မို့ ခိုးကြည့်သည့်သူ့မှာ လန့်သွားရသည်။ ဘာလုပ်ရမှန်းမသိတဲ့အနေအထားမို့ 'ဟီး"လို့ ရယ်ပြလိုက်ပေမဲ့ ထိုသူကတော့ မပြောင်းမလဲ ခပ်တည်တည်မျက်နှာနှင့် အကြည့်ကို လွှဲသွားလေသည်။

နေ့လည်ခင်းထမင်းစားချိန်ရောက်လို့ ဆရာထွက်သွားသည်နှင့် InJoon ဆရာချွဲခေါ်ထားသည့်ဆီ သွားလိုက်သည်။

"Choi Sam ကျွန်တော်ရောက်ပါပြီ" သူပြောတော့ အလုပ်လုပ်နေတဲ့ ဆရာက သူ့ကိုမော့ကြည့်လာသည်။

"မင်း ဒီနေ့မနက် ဘာပြဿနာရှာလာပြန်ပြီလဲ" လေသံမာမာနဲ့ပြောလာသော ဆရာ့အသံမှာ မည်မျှစိတ်ဆိုးနေကြောင်း InJoon ရိပ်မိပါသည်။

"အဲ့ဒါက ... အဲ့ကောင်က တစ်နေ့ညနေတုန်းက အလယ်တန်းက ကလေးမလေးတစ်ယောက်ရဲ့ ပိုက်ဆံကို လုပြီး ယူသွားတာမို့ ကျွန်တော်က ကလေးမလေး ပိုက်ဆံပြန်ရအောင် ကူညီပေးရုံပါ"

"အေး ကူညီတာမှန်တယ်။ မင်းဘာလို့ ထိုးလိုက်တာလဲ"

"သူက ကောင်းကောင်းမှပြောမရတာကို ဆရာကလဲ"

"ဆိုတော့ အခုမင်းလုပ်ခဲ့တာ မှန်တယ်ပေါ့"

"ဟဲ ၅၀-၅၀ ပေါ့ ဆရာကလဲ"

"မင်း ... တော် တော် Hwang InJoon မင်းသူတစ်ပါးကို လက်ပါတာတွေ အရမ်းများနေပြီ။ မင်းကူညီပေးတာ ငါအပြစ်မပြောလိုပေမဲ့ မင်းက သူ့အပြစ်ကနေ ကိုယ့်အပြစ်ဖြစ်အောင် သိပ်လုပ်တတ်တယ်။ ပြီးတော့ မင်းရဲ့အဆင့်ကိုလည်း ကြည့်ဦး။ အတန်းထဲ လူ၅၀ရှိတာ မင်းအဆင့်က ၄၅။"

အနောက်မှာ ၅ယောက်တောင်ကျန်သေးတယ်လေ ဆရာကလဲလို့ InJoon ပြောလိုက်ချင်ပေမဲ့ ဆရာက အလေးအနက်ထား ပြောနေသည်မို့ ပြောင်စပ်စပ်မလုပ်ရဲ။ ဆရာချွဲက သဘောကောင်းလျှင် သူများထက်ကောင်းပြီး ဒေါသထွက်လျှင်လည်း အရမ်းကြောက်ဖို့ကောင်းသည်။

"အခု အထက်တန်း ဒုတိယနှစ်ရောက်နေပြီ။ နောက်နှစ်ဆို တက္ကသိုလ်ဝင်ခွင့်အတွက် အရေးကြီးဆုံးနှစ်ရောက်ပြီ။ ပြဿနာရှာတာတွေနားပြီး စာဘက်ကို နည်းနည်းလောက် အာရုံစိုက်ဖို့ ငါပြောမယ်။ နောက်တော့ ဒီတစ်ခါ ရန်ဖြစ်တာ၊ လက်ပါတာ နောက်ဆုံးဖြစ်ပါစေ။ နောက်တစ်ခါဆို မင်းကို မိဘခေါ်ရလိမ့်မယ်"

"Nae Sam တောင်းပန်ပါတယ်။ နောက်မဖြစ်စေရပါဘူး"

"အေး အခု မင်းကို ပြစ်ဒဏ်အနေနဲ့ ငါ့ရဲ့ သချာ်ဘာသာရပ်ကို အစကနေ အခုထိသင်ထားသမျှကို ပြန်တွက်ပြီး ထပ်ရမယ်။"

ထိုစကားကြောင့် InJoon အံ့သြပြီး ဆရာ့ကိုကြည့်တော့ ဘာဖြစ်ချင်လဲဆိုသည့်မျက်နှာအနေအထားကြောင့် ဘာမှအထွန့်မတက်ရဲဘဲ ခေါင်းသာညိတ်ပြလိုက်သည်။

"အချိန်က ဒီနေ့ အဂ်ါနေ့ဆိုတော့ နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့ထပ်ရမယ်။ စာက အစကနေ နောက်အပတ် အဂ်ါနေ့အထိ သင်ထားတာတွေ။ မင်းမသိတာရှိရင် အတန်းခေါင်းဆောင်ဖြစ်ဖြစ်၊ ဒုအတန်းခေါင်းဆောင်ကိုဖြစ်ဖြစ် မေးလိုက်။ ကဲ သွားတော့။ ငါမှာထားတာတွေလည်း မမေးနဲ့။"

"Nae Sam" InJoon ဆရာ့ကို နှုတ်ဆက်ပြီး အတန်းထဲကို ပြန်လာခဲ့လိုက်သည်။ ဆရာပေးလိုက်တဲ့ အိမ်စာတွေကြောင့် နေ့လည်စာစားချင်စိတ်လေးတွေလည်း ပျောက်ကုန်ပြီမို့ အခန်းထဲပြန်ပြီး အိမ်စာထပ်ဖို့သာ လုပ်တော့မည်။

InJoon အတန်းဆီသို့ ဦးတည်လမ်းလျှောက်နေရင်း လှေကားအချို့အကွေ့တစ်ခုရောက်တော့ ရုတ်တရက် လက်လှမ်းဆွဲခံရသည်မို့ လန့်သွားသည်။ သူများအသားနာအောင် လုပ်ရသည်သာ အဆင်ပြေတာ၊ သူ့အသားနာမှာတော့ အသေကြောက်သည်။

InJoon လက်ဆွဲသူကို ကြည့်လိုက်တော့ နှစ်ယောက်မရှိသည့် အတန်းခေါင်းဆောင်။ ထိုမှသာ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းငွေ့ငွေ့လေး ချလိုက်သည်။

"လန့်လိုက်တာ အသံမပေး၊ ဘာမပေးနဲ့ မင်းကွာ"

"ဘာမှမပြောနဲ့။ ဒီတိုင်းလိုက်လာ" ထိုစကားတစ်ခွန်းကြောင့် ပြောချင်တာတွေရော၊ ပြောဖို့လုပ်ထားတဲ့စကားတွေရော အကုန်ပျောက်ရှသွားသည်။

ဤအမူအရာ၊ ထိုအသံနှင့်ပြောလာသည်ဆိုတည်းက အတန်းခေါင်းဆောင်သည်လည်း သူ့ကိုတော်တော်စိတ်ဆိုးနေသည်ဖြစ်သည်။

..................................................................................

လူရှင်းနေသည့်ခေါင်မိုးထပ်ရောက်တော့ ထိုင်ခုံတစ်ခုံစီခေါ်သွားကာ အရင်ထိုင်ခိုင်းပြီးမှ လက်လွှတ်ပေးသည်။ လက်ကို တင်းကြပ်စွာ ကိုင်လာသည်မို့ နာသွားပေမဲ့ မပြောရဲ။ သူများကိုသာ လက်ပါပြီး ရန်စွာတတ်တာ အတန်းခေါင်းဆောင်ကိုတော့ သူကြောက်ပါသည်။ အမြဲကြောက်တာမဟုတ်ပဲ အခုလို အခြေအနေမျိုးမှာသာ ကြောက်တာပါ။

ထိုသူသည် အတန်းခေါင်းဆောင်ဆိုတာလည်းမှန်သလို သူ့ရည်းစားဆိုလည်းမှန်သည်။ ရိပ်မိလောက်တဲ့သူတွေလည်း ရှိနိုင်ပေမဲ့ သူတို့ကတော့ သူများတွေလို ပေါ်ပေါ်ထင်ထင် သည်းသည်းကဲကဲ မတွဲဘဲ ဒီတိုင်းအေးဆေးလေးပဲတွဲဖြစ်သည်။

"ရော့" ပထမဦးဆုံး စိတ်ဆိုးနေသူထံမှာ ထွက်လာသောစကားက ရော့ဖြစ်ပြီး အမူအရာကတော့ သူ့လက်ထဲကို ဇွန်းနဲ့တူတစ်စုံထည့်ပေးလာဖြင်းဖြစ်သည်။ အခုမှ စားပွဲပေါ် သေချာကြည့်မိတော့ ဘယ်တုန်းက ဘယ်လိုခင်းလိုက်မှန်းမသိတဲ့ ထမင်းဘူး။ အခုအခြေအနေအရ သူ့ကို ရန်ဖြစ်ပြန်လို့ စိတ်ဆိုးနေတာလား၊ မဆိုးတာလား InJoon မသည်းကွဲ။

"ဘာငေးကြည့်နေတာလဲ။ စားလေ" ထပ်မံစကားသံက ပိုတင်းမာလာသည်မို့ အရှေ့မှာရှိနေသော အသားတစ်ဖတ်ကို မြန်မြန်ယူကာ စားလိုက်သည်။

"စိတ်ဆိုးနေတာသိတယ်မလား။" InJoon အမေးစကားကို ခေါင်းညိတ်ပြရင်း ဝါးလက်စ အသားဖတ်ကို ဝါးလိုက်သည်။

*အရသာရှိတဲ့အသားတောင် အတန်းခေါင်ဆောင်ချစ်သူစိတ်ဆိုးနေတာကြောင့် ဘာအရသာမှန်း သေချာမသိတော့ပါဘူး လူတွေရယ်*

"တစ်မနက်လေး ဆရာခိုင်းလို့ ကျောင်းအတူတူမသွားမိတာကို ပြဿနာရအောင် ရှာသေးတယ်။"

"ငါက ပြဿနာရှာတာမဟုတ်ပါဘူး။ ဖြေရှင်းပေးတာပါ" လေသံက အနည်းငယ်ပျော့ပြောင်းသွားသည်မို့ သူအနည်းငယ် အထွန့်တက်မိသည်။

"အဲ့တာဆို အဲ့မင်ဝူးမျက်နှာ ဖူးယောင်သွားတာကရော"

"ဟဲ အဲ့ဒါကတော့ သူက နည်းနည်းပြောဆိုရခက်တာနဲ့ နောက်မလုပ်ရဲအောင် ဆုံးမလိုက်တာပါ"

သူ့အပြောကို အတန်းခေါင်းဆောင်က ဆူသည့်အပြင် လက်ကလည်း ပါးကိုဆွဲညှစ်လေသည်။

"နာတယ်လို့ Lee Jeno ရဲ့" သူအော်တော့ အတန်းခေါင်းဆောင်က နည်းတောင်နည်းသေးတယ်ဆိုတဲ့အပြုံးကို ပြုံးပြလေသည်။

"ဒါနဲ့ ဆရာချွဲက ပြစ်ဒဏ်ပေးလိုက်တယ်သိလား" ဆွဲရာမှ လွှတ်ပေးထားသော နာနေတဲ့ပါးလေးကို ပွတ်ရင်း သူပြောလိုက်သည်။

"ပေးမှာပေါ့ ခဏခဏ ပြဿနာရှာပြီး ဆိုးနေတာကို။ ဘာပေးလိုက်လဲ။ ဘာလုပ်ရမယ်တဲ့လဲ"

"သူသင်ထားတဲ့ သချာ်အခန်းတစ်ကစလို့ နောက်တစ်ပတ်အဂ်ါအထိ သင်ထားတာတဲ့။ နောက် ဗုဒ္ဓဟူးနေ့ ထပ်ရမှာ"

"ကောင်းလိုက်တာ။ စာလုပ်ပါဆိုရင် အမြဲငါ့ကို လှည့်ပတ်ပြီး လစ်ထွက်နေတာ အခုတော့ ကောင်းတယ်။ တခြားဘာသာ ဆရာတွေလည်း အဲ့လိုလုပ်ခိုင်းရင်းကောင်းမယ်။ ဒါမှ မင်းက စာလုပ်မှာ"

"မင်း"

"ဘာမင်းလဲ။ ငါပြောတဲ့ထဲ အမှားပါလို့လား"

"မင်းကလေ ငါကမင်းရည်းစားမို့လို့ပဲ။ တစ်စက်ကလေးမှ ကိုယ့်ကောင်လေးကို သနားမယ်မရှိဘူး" သူပြောသည့်စကားကို Jeno က ဟက်ဟက်ပက်ပက် ရယ်ပြီး ခေါင်းကိုပုတ်ကာ ပခုံးကို ဆွဲဖက်သည်။

"ငါစာလုပ်ရင်တော့ မင်းကူပေးရမှာနော်။ ငါဘာမှသိတာ မဟုတ်ဘူး။ ဆရာကလည်း မင်းဖြစ်ဖြစ်၊ ယွန်းဟီးကိုဖြစ်ဖြစ် မေးလိုက်တဲ့။ ငါ့ဘဲ မင်းရှိတာပဲ ယွန်းဟီးလိုသေးလို့လားနော်"

"မင်းအပြောနဲ့ပဲ လာချုပ်မနေနဲ့။ စာသေချာလုပ်။ ဒီတစ်ခါစာမေးပွဲမှာ အဆင့် ၁ ကနေ ၂၀ အတွင်း ရရင် မင်းသွားချင်နေတဲ့ ဂျယ်ဂျူဒိုကို ကျောင်းပိတ်ရက်ကျ သွားလို့ရအောင် ကူပြောပေးမယ်။

"တကယ်နော်"

"ငါဘယ်တုန်းက မင်းကို ညာဖူးလို့လဲ" InJoon ပါးကို နမ်းရင်း Jeno ပြောလိုက်သည်။

Zawgyi.

"Hwang InJoon" တိတ္ဆိတ္ေသာ စာသင္ခန္းထဲ ေက်ာင္းသားမ်ားကို မ်က္ႏွာခ်င္းဆိုင္ရပ္ေနေသာ ဆရာခြၽဲထံမွ ေခၚဆိုလာေသာနာမည္ျဖစ္သည္။

"Nae Sam" နာမည္ပိုင္ရွင္ေကာင္ေလးရဲ႕ ျပန္ထူးသံဟာ ေပ်ာ့ေပ်ာင္းဟန္ရွိေပမဲ့ မ်က္ႏွာထိ၊ မ်က္ႏွာထားကေတာ့ ဆန႔္က်င္စြာရွိေနေလသည္။

"မင္း ေန႔လည္စာဆင္းခ်ိန္က်ရင္ ငါ့ဆီလာခဲ့" စိတ္ဆိုးဟန္ျဖင့္ ေျပာဆိုၿပီးေနာက္ တပည့္ျဖစ္သူေကာင္ေလးရဲ႕ ျပန္ေျဖသံကိုေတာင္ မေစာင့္ဘဲ ထြက္သြားခဲ့သည္။

ဆရာထြက္သြားၿပီးေနာက္ InJoon သူ၏ေဘးဘက္တစ္ခုံေက်ာ္တြင္ ထိုင္ေနေသာသူကို မသိမသာခိုးၾကည့္လိုက္ေပမဲ့ ထိုသူက သူ႔ကိုစိုက္ၾကည့္ေနသည္မို႔ ခိုးၾကည့္သည့္သူ႔မွာ လန႔္သြားရသည္။ ဘာလုပ္ရမွန္းမသိတဲ့အေနအထားမို႔ 'ဟီး"လို႔ ရယ္ျပလိုက္ေပမဲ့ ထိုသူကေတာ့ မေျပာင္းမလဲ ခပ္တည္တည္မ်က္ႏွာႏွင့္ အၾကည့္ကို လႊဲသြားေလသည္။

ေန႔လည္ခင္းထမင္းစားခ်ိန္ေရာက္လို႔ ဆရာထြက္သြားသည္ႏွင့္ InJoon ဆရာခြၽဲေခၚထားသည့္ဆီ သြားလိုက္သည္။

"Choi Sam ကြၽန္ေတာ္ေရာက္ပါၿပီ" သူေျပာေတာ့ အလုပ္လုပ္ေနတဲ့ ဆရာက သူ႔ကိုေမာ့ၾကည့္လာသည္။

"မင္း ဒီေန႔မနက္ ဘာျပႆနာရွာလာျပန္ၿပီလဲ" ေလသံမာမာနဲ႔ေျပာလာေသာ ဆရာ့အသံမွာ မည္မွ်စိတ္ဆိုးေနေၾကာင္း InJoon ရိပ္မိပါသည္။

"အဲ့ဒါက ... အဲ့ေကာင္က တစ္ေန႔ညေနတုန္းက အလယ္တန္းက ကေလးမေလးတစ္ေယာက္ရဲ႕ ပိုက္ဆံကို လုၿပီး ယူသြားတာမို႔ ကြၽန္ေတာ္က ကေလးမေလး ပိုက္ဆံျပန္ရေအာင္ ကူညီေပး႐ုံပါ"

"ေအး ကူညီတာမွန္တယ္။ မင္းဘာလို႔ ထိုးလိုက္တာလဲ"

"သူက ေကာင္းေကာင္းမွေျပာမရတာကို ဆရာကလဲ"

"ဆိုေတာ့ အခုမင္းလုပ္ခဲ့တာ မွန္တယ္ေပါ့"

"ဟဲ ၅၀-၅၀ ေပါ့ ဆရာကလဲ"

"မင္း ... ေတာ္ ေတာ္ Hwang InJoon မင္းသူတစ္ပါးကို လက္ပါတာေတြ အရမ္းမ်ားေနၿပီ။ မင္းကူညီေပးတာ ငါအျပစ္မေျပာလိုေပမဲ့ မင္းက သူ႔အျပစ္ကေန ကိုယ့္အျပစ္ျဖစ္ေအာင္ သိပ္လုပ္တတ္တယ္။ ၿပီးေတာ့ မင္းရဲ႕အဆင့္ကိုလည္း ၾကည့္ဦး။ အတန္းထဲ လူ၅၀ရွိတာ မင္းအဆင့္က ၄၅။"

အေနာက္မွာ ၅ေယာက္ေတာင္က်န္ေသးတယ္ေလ ဆရာကလဲလို႔ InJoon ေျပာလိုက္ခ်င္ေပမဲ့ ဆရာက အေလးအနက္ထား ေျပာေနသည္မို႔ ေျပာင္စပ္စပ္မလုပ္ရဲ။ ဆရာခြၽဲက သေဘာေကာင္းလွ်င္ သူမ်ားထက္ေကာင္းၿပီး ေဒါသထြက္လွ်င္လည္း အရမ္းေၾကာက္ဖို႔ေကာင္းသည္။

"အခု အထက္တန္း ဒုတိယႏွစ္ေရာက္ေနၿပီ။ ေနာက္ႏွစ္ဆို တကၠသိုလ္ဝင္ခြင့္အတြက္ အေရးႀကီးဆုံးႏွစ္ေရာက္ၿပီ။ ျပႆနာရွာတာေတြနားၿပီး စာဘက္ကို နည္းနည္းေလာက္ အာ႐ုံစိုက္ဖို႔ ငါေျပာမယ္။ ေနာက္ေတာ့ ဒီတစ္ခါ ရန္ျဖစ္တာ၊ လက္ပါတာ ေနာက္ဆုံးျဖစ္ပါေစ။ ေနာက္တစ္ခါဆို မင္းကို မိဘေခၚရလိမ့္မယ္"

"Nae Sam ေတာင္းပန္ပါတယ္။ ေနာက္မျဖစ္ေစရပါဘူး"

"ေအး အခု မင္းကို ျပစ္ဒဏ္အေနနဲ႔ ငါ့ရဲ႕ သခ်ာ္ဘာသာရပ္ကို အစကေန အခုထိသင္ထားသမွ်ကို ျပန္တြက္ၿပီး ထပ္ရမယ္။"

ထိုစကားေၾကာင့္ InJoon အံ့ၾသၿပီး ဆရာ့ကိုၾကည့္ေတာ့ ဘာျဖစ္ခ်င္လဲဆိုသည့္မ်က္ႏွာအေနအထားေၾကာင့္ ဘာမွအထြန႔္မတက္ရဲဘဲ ေခါင္းသာညိတ္ျပလိုက္သည္။

"အခ်ိန္က ဒီေန႔ အဂ္ါေန႔ဆိုေတာ့ ေနာက္တစ္ပတ္ ဗုဒၶဟူးေန႔ထပ္ရမယ္။ စာက အစကေန ေနာက္အပတ္ အဂ္ါေန႔အထိ သင္ထားတာေတြ။ မင္းမသိတာရွိရင္ အတန္းေခါင္းေဆာင္ျဖစ္ျဖစ္၊ ဒုအတန္းေခါင္းေဆာင္ကိုျဖစ္ျဖစ္ ေမးလိုက္။ ကဲ သြားေတာ့။ ငါမွာထားတာေတြလည္း မေမးနဲ႔။"

"Nae Sam" InJoon ဆရာ့ကို ႏႈတ္ဆက္ၿပီး အတန္းထဲကို ျပန္လာခဲ့လိုက္သည္။ ဆရာေပးလိုက္တဲ့ အိမ္စာေတြေၾကာင့္ ေန႔လည္စာစားခ်င္စိတ္ေလးေတြလည္း ေပ်ာက္ကုန္ၿပီမို႔ အခန္းထဲျပန္ၿပီး အိမ္စာထပ္ဖို႔သာ လုပ္ေတာ့မည္။

InJoon အတန္းဆီသို႔ ဦးတည္လမ္းေလွ်ာက္ေနရင္း ေလွကားအခ်ိဳ႕အေကြ႕တစ္ခုေရာက္ေတာ့ ႐ုတ္တရက္ လက္လွမ္းဆြဲခံရသည္မို႔ လန႔္သြားသည္။ သူမ်ားအသားနာေအာင္ လုပ္ရသည္သာ အဆင္ေျပတာ၊ သူ႔အသားနာမွာေတာ့ အေသေၾကာက္သည္။

InJoon လက္ဆြဲသူကို ၾကည့္လိုက္ေတာ့ ႏွစ္ေယာက္မရွိသည့္ အတန္းေခါင္းေဆာင္။ ထိုမွသာ စိတ္ေအးသြားဟန္ျဖင့္ သက္ျပင္းေငြ႕ေငြ႕ေလး ခ်လိုက္သည္။

"လန႔္လိုက္တာ အသံမေပး၊ ဘာမေပးနဲ႔ မင္းကြာ"

"ဘာမွမေျပာနဲ႔။ ဒီတိုင္းလိုက္လာ" ထိုစကားတစ္ခြန္းေၾကာင့္ ေျပာခ်င္တာေတြေရာ၊ ေျပာဖို႔လုပ္ထားတဲ့စကားေတြေရာ အကုန္ေပ်ာက္ရွသြားသည္။

ဤအမူအရာ၊ ထိုအသံႏွင့္ေျပာလာသည္ဆိုတည္းက အတန္းေခါင္းေဆာင္သည္လည္း သူ႔ကိုေတာ္ေတာ္စိတ္ဆိုးေနသည္ျဖစ္သည္။

..................................................................................

လူရွင္းေနသည့္ေခါင္မိုးထပ္ေရာက္ေတာ့ ထိုင္ခုံတစ္ခုံစီေခၚသြားကာ အရင္ထိုင္ခိုင္းၿပီးမွ လက္လႊတ္ေပးသည္။ လက္ကို တင္းၾကပ္စြာ ကိုင္လာသည္မို႔ နာသြားေပမဲ့ မေျပာရဲ။ သူမ်ားကိုသာ လက္ပါၿပီး ရန္စြာတတ္တာ အတန္းေခါင္းေဆာင္ကိုေတာ့ သူေၾကာက္ပါသည္။ အၿမဲေၾကာက္တာမဟုတ္ပဲ အခုလို အေျခအေနမ်ိဳးမွာသာ ေၾကာက္တာပါ။

ထိုသူသည္ အတန္းေခါင္းေဆာင္ဆိုတာလည္းမွန္သလို သူ႔ရည္းစားဆိုလည္းမွန္သည္။ ရိပ္မိေလာက္တဲ့သူေတြလည္း ရွိႏိုင္ေပမဲ့ သူတို႔ကေတာ့ သူမ်ားေတြလို ေပၚေပၚထင္ထင္ သည္းသည္းကဲကဲ မတြဲဘဲ ဒီတိုင္းေအးေဆးေလးပဲတြဲျဖစ္သည္။

"ေရာ့" ပထမဦးဆုံး စိတ္ဆိုးေနသူထံမွာ ထြက္လာေသာစကားက ေရာ့ျဖစ္ၿပီး အမူအရာကေတာ့ သူ႔လက္ထဲကို ဇြန္းနဲ႔တူတစ္စုံထည့္ေပးလာျဖင္းျဖစ္သည္။ အခုမွ စားပြဲေပၚ ေသခ်ာၾကည့္မိေတာ့ ဘယ္တုန္းက ဘယ္လိုခင္းလိုက္မွန္းမသိတဲ့ ထမင္းဘူး။ အခုအေျခအေနအရ သူ႔ကို ရန္ျဖစ္ျပန္လို႔ စိတ္ဆိုးေနတာလား၊ မဆိုးတာလား InJoon မသည္းကြဲ။

"ဘာေငးၾကည့္ေနတာလဲ။ စားေလ" ထပ္မံစကားသံက ပိုတင္းမာလာသည္မို႔ အေရွ႕မွာရွိေနေသာ အသားတစ္ဖတ္ကို ျမန္ျမန္ယူကာ စားလိုက္သည္။

"စိတ္ဆိုးေနတာသိတယ္မလား။" InJoon အေမးစကားကို ေခါင္းညိတ္ျပရင္း ဝါးလက္စ အသားဖတ္ကို ဝါးလိုက္သည္။

*အရသာရွိတဲ့အသားေတာင္ အတန္းေခါင္ေဆာင္ခ်စ္သူစိတ္ဆိုးေနတာေၾကာင့္ ဘာအရသာမွန္း ေသခ်ာမသိေတာ့ပါဘူး လူေတြရယ္*

"တစ္မနက္ေလး ဆရာခိုင္းလို႔ ေက်ာင္းအတူတူမသြားမိတာကို ျပႆနာရေအာင္ ရွာေသးတယ္။"

"ငါက ျပႆနာရွာတာမဟုတ္ပါဘူး။ ေျဖရွင္းေပးတာပါ" ေလသံက အနည္းငယ္ေပ်ာ့ေျပာင္းသြားသည္မို႔ သူအနည္းငယ္ အထြန႔္တက္မိသည္။

"အဲ့တာဆို အဲ့မင္ဝူးမ်က္ႏွာ ဖူးေယာင္သြားတာကေရာ"

"ဟဲ အဲ့ဒါကေတာ့ သူက နည္းနည္းေျပာဆိုရခက္တာနဲ႔ ေနာက္မလုပ္ရဲေအာင္ ဆုံးမလိုက္တာပါ"

သူ႔အေျပာကို အတန္းေခါင္းေဆာင္က ဆူသည့္အျပင္ လက္ကလည္း ပါးကိုဆြဲညႇစ္ေလသည္။

"နာတယ္လို႔ Lee Jeno ရဲ႕" သူေအာ္ေတာ့ အတန္းေခါင္းေဆာင္က နည္းေတာင္နည္းေသးတယ္ဆိုတဲ့အၿပဳံးကို ၿပဳံးျပေလသည္။

"ဒါနဲ႔ ဆရာခြၽဲက ျပစ္ဒဏ္ေပးလိုက္တယ္သိလား" ဆြဲရာမွ လႊတ္ေပးထားေသာ နာေနတဲ့ပါးေလးကို ပြတ္ရင္း သူေျပာလိုက္သည္။

"ေပးမွာေပါ့ ခဏခဏ ျပႆနာရွာၿပီး ဆိုးေနတာကို။ ဘာေပးလိုက္လဲ။ ဘာလုပ္ရမယ္တဲ့လဲ"

"သူသင္ထားတဲ့ သခ်ာ္အခန္းတစ္ကစလို႔ ေနာက္တစ္ပတ္အဂ္ါအထိ သင္ထားတာတဲ့။ ေနာက္ ဗုဒၶဟူးေန႔ ထပ္ရမွာ"

"ေကာင္းလိုက္တာ။ စာလုပ္ပါဆိုရင္ အၿမဲငါ့ကို လွည့္ပတ္ၿပီး လစ္ထြက္ေနတာ အခုေတာ့ ေကာင္းတယ္။ တျခားဘာသာ ဆရာေတြလည္း အဲ့လိုလုပ္ခိုင္းရင္းေကာင္းမယ္။ ဒါမွ မင္းက စာလုပ္မွာ"

"မင္း"

"ဘာမင္းလဲ။ ငါေျပာတဲ့ထဲ အမွားပါလို႔လား"

"မင္းကေလ ငါကမင္းရည္းစားမို႔လို႔ပဲ။ တစ္စက္ကေလးမွ ကိုယ့္ေကာင္ေလးကို သနားမယ္မရွိဘူး" သူေျပာသည့္စကားကို Jeno က ဟက္ဟက္ပက္ပက္ ရယ္ၿပီး ေခါင္းကိုပုတ္ကာ ပခုံးကို ဆြဲဖက္သည္။

"ငါစာလုပ္ရင္ေတာ့ မင္းကူေပးရမွာေနာ္။ ငါဘာမွသိတာ မဟုတ္ဘူး။ ဆရာကလည္း မင္းျဖစ္ျဖစ္၊ ယြန္းဟီးကိုျဖစ္ျဖစ္ ေမးလိုက္တဲ့။ ငါ့ဘဲ မင္းရွိတာပဲ ယြန္းဟီးလိုေသးလို႔လားေနာ္"

"မင္းအေျပာနဲ႔ပဲ လာခ်ဳပ္မေနနဲ႔။ စာေသခ်ာလုပ္။ ဒီတစ္ခါစာေမးပြဲမွာ အဆင့္ ၁ ကေန ၂၀ အတြင္း ရရင္ မင္းသြားခ်င္ေနတဲ့ ဂ်ယ္ဂ်ဴဒိုကို ေက်ာင္းပိတ္ရက္က် သြားလို႔ရေအာင္ ကူေျပာေပးမယ္။

"တကယ္ေနာ္"

"ငါဘယ္တုန္းက မင္းကို ညာဖူးလို႔လဲ" InJoon ပါးကို နမ္းရင္း Jeno ေျပာလိုက္သည္။

Continue Reading

You'll Also Like

1.3M 50.3K 54
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
1.7M 58.1K 71
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...
825K 50.6K 115
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
Fake Love By :)

Fanfiction

153K 3.6K 50
When your PR team tells you that we have to date a girl on the UCONN women basketball team and you can't say no to it... At first you don't think too...