ရှောင်းသခင်လေး
By nan_nan_pin_lay_85
690K 38.7K 1K
married life More
ရှောင်းသခင်လေး(Part 1)
ရှောင်းသခင်လေး Part(2)
ရှောင်းသခင်လေး(Part 3)
ရှောင်းသခင်လေး Part (4)
Yibo's Pov
ရှောင်းသခင်လေး (Part 5)
ရှောင်းသခင်လေး (Part 6)
ရှောင်းသခင်လေး (Part 7)
ရှောင်းသခင်လေး(Part 8)
ရှောင်းသခင်လေး (Part 9)
ရှောင်းသခင်လေး (Part 10)
ရှောင်းသခင်လေး (Part 11)⚠
ရှောင်းသခင်လေး (Part 12)⚠
ရှောင်းသခင်လေး (Part 13)
ရှောင်းသခင်လေး (Part 14)
ရှောင်းသခင်လေး (Part 15)
ရှောင်းသခင်လေး (Part 16)⚠
ရှောင်းသခင်လေး (Part 17)
ရှောင်းသခင်လေး (Part 18)
ရှောင်းသခင်လေး (Part 19)
ရှောင်းသခင်လေး (Part 20)
ရှောင်းသခင်လေး (Part 21)⚠
ရှောင်းသခင်လေး (Part 22)
ရှောင်းသခင်လေး(Part 23)
ရှောင်းသခင်လေး (Part 24)
ရှောင်းသခင်လေး (Part 25)
ရှောင်းသခင်လေး (Part 26)
ရှောင်းသခင်လေး (Part 27)
ရှောင်းသခင်လေး (Part 29)
ရှောင်းသခင်လေး (Part 30)
ရှောင်းသခင်လေး (Part 31)
ရှောင်းသခင်လေး (Part 32)
ရှောင်းသခင်လေး (Part 33)
ရှောင်းသခင်လေး (Part 34 )
ရှောင်းသခင်လေး (Part 35)
ရှောင်းသခင်လေး (Part 36)
ရှောင်းသခင်လေး (Part 37)
ရှောင်းသခင်လေး (Part 38)
ရှောင်းသခင်လေး (Part 39)⚠
ရှောင်းသခင်လေး (Part 40)⚠
ရှောင်းသခင်လေး (Part 41)
ရှောင်းသခင်လေး (Part 42)Final
ရှောင်းသခင်လေး (Part 28)
13K 813 16
By nan_nan_pin_lay_85
Unicode Version
"ဉီးလေး ရေခဲ့မုန့်နှစ်ခုပေးပါ "
"ဘာနှစ်ခုလည်း သုံးခု "
"အင်းပါ အင်းပါ သုံးခုတဲ့ဗျာ "
ရိပေါ်တမင် နှစ်ခုဘဲမှာလိုက်ပေမဲ့ ဘေကရေခဲမုန့်သရဲလေးက
မျက်စောင်းထိုးကာ သုံးနှစ်ဖြစ်ကြောင်းပြောလာလေသည်။
ဒီရေခဲမုန့်သုံးခုစားပြီးရင်တော့ချောင်းဆိုးတော့မှာ
သေချာသည်။ခနနေရင်ပါလာတဲ့ဆေးလေးတိုက်ဉီးမှပါလေ။
"ရပြီ ကောင်လေး ရေခဲမုန့် လေးခုပါ "
"ဟင် ကျွန်တော်မှာတာသုံးခုထဲပါ "
"ဟုတ်ပါတယ် ဒီနေ့ကpromotionအနေနဲ့
သုံးခုဝယ် တစ်ခုလက်ဆောင်ပေးတာပါ "
"ဟာ..."
"ရှဲရှဲ လော်ပန် "
ရေခဲမုန့်တစ်ခုပိုပေးလာတာမို့ရိပေါ်စိတ်ညစ်သွားသည်။
ဘေးကသူ့ဗိုက်ကလေးကတော့ ကျေးဇူးတင်စကားပြောရင်း
ရေခဲမုန့်တွေကို လက်နှစ်ဖက်နဲ့အပြည့်သည်နေလေရဲ့။
"အင်း...ချိုလိုက်တာ "
ရေခဲမုန့်ကိုအားရပါးရစားရင်း ပါးစပ်ကလည်း
ချိုလိုက်တာဟု ပြောလာသည်။ရေခဲမုန့်ကို အားရပါးရစား
နေတဲ့ရှောင်းကျန့်တော့မသိ ဘေးကရိပေါ်တောင်ချောင်းဆိုး
ချင်လာသည်။
ဒီဟာလေးကတော့ ပြောမရဆိုမရပါလားနော်။
"ရှောင်းကျန့် "
"ဟင် "
သူကြိုက်တာစားနေရလို့ထင်ပါရဲ့ ထူးတဲ့အသံလေးကတောင်
ချိုသာလာသည်။
ရေခဲမုန့်ကိုလက်နှစ်ဖက်နဲ့သေချာစားနေရင်း သူခေါ်လိုက်
တော့ မျက်လုံးအဝိုင်းသားနဲ့ ကြည့်လာလေ၏။
ဖန်ဂေါ်လီလုံးလိုကြည်လဲလဲမျက်လုံးလေးက
ပုတ်ခတ်ပုတ်ခက်လုပ်နေရင်း ဘာလဲဆိုတဲ့
သဘောမျိုးနဲ့မျက်ခုံးတစ်ချက်ပင့်ပြသည်။
ကျစ်! အလောက်ထိချစ်ဖို့ကောင်းမနေပါနဲ့ ခင်များရယ်။
ကျွန်တော်စိတ်အထိန်းနိုင်ရင် ရေခဲမုန့်ရော ရေခဲ့မုန့်စားနေတဲ့
သူကိုရော အကောင်လိုက်မြိုချမိတော့မယ်။
"ကျွန်တော့ကိုရေခဲမုန့်နည်းနည်းကျွေး "
"မကျွေးပါဘူး စားချင်ကိုယ့်ဘာသာသွားဝယ်စား "
ရေခဲမုန့်တွေအများကြီးစားရင် ချောင်းဆိုးမှာသေချာသည်မို့
ရိပေါ်ညာတာပါတေးနဲ့ ​တောင်းစားလိုက်သည်။
သို့ပေမဲ့ ရှောင်းကျန့်ကတော့ သူ့ကိုမျက်စောင်းထိုးကာ
တန်းကိုငြင်းလာလေသည်။
ရေခဲမုန့်သရဲဆီက ရေခဲမုန့်တောင်းစားရတာ လွယ်တဲ့ကိစ္စ
တော့မဟုတ် ။ဒါပေမဲ့လည်း ရသည်ရှိ မရသည်ရှိ
ကြိုးစားတော့ကြည့်ရမည်။
"ကျွေးပါဗျာ ခင်များလက်ထဲမှာလည်း အများကြီးကို "
"မကျွေးပါဘူးဆို ဘာလို့အတင်းလာတောင်းနေတာလဲ "
ဒုတိယအကြိမ်ထပ်တောင်းမိပြန်တော မျက်စောင်း
ထိုးရုံမက ယုန်သွားကိုပါထုတ်ပြကာ အပြင်းအထန်ကိုငြင်း
လေသည်။စိတ်တိုလွယ်တဲ့သူဗိုက်ကလေးကြောင့်
ရိပေါ်တတိယအကြိမ်တော့ အရဲစွန့်ပြီးထပ်မတောင်းရဲ။
ခုရှောင်းကျန့်ပုံစံက သူ့အစာကိုထိလို့ ရန်လုပ်နေတဲ့ယုန်ဆိုး
လေးနဲအရမ်းကိုတူလေသည်။ဒါပေမဲ့ သာမန်ယုန်တော့မဟုတ်
ယုန်ဗိုက်ကလေးဖြစ်သည်။
"မကျွေးချင်လည်းနေပါ ခုတော့နေပူတယ် ဟိုရှေ့က
ခုံလေးမှာသွားထိုင်ရအောင်နော် "
ရိပေါ်ညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ ထင်းရူးပင်ကြီး
အောက်မှာ ခုံတန်းအနီလေးတစ်ခု။
သစ်ပင်ရိပ်ရှိတာမို့ အေးမဲ့ပုံပေါ်ပြီး ခုံတန်းနဲ့မလှမ်းမကမ်း
တွင် ပန်းခြံသေးသေးလေးလေးရှိလေသည်။
ထင်ရူးပင်ရဲ အနောက်ဘက် လှမ်းလှမ်းတွင် မက်မွန်ပင်ကြီး
လည်းရှိနေပြီး အပွင့်တွေကလည်းဝေဝေဆာဆာပင်။
"အင်း သွားမယ်လေ "
လက်ထဲကရေခဲမုန့်တွေလည်း မကြာခင်အရည်
ပျော်တော့မှာမို့ လက်ခံလိုက်သည်။
ခုံနားကိုရောက်တော့ ရိပေါ်ကခုံကိုသေချာသုတ်ပေးပြီး
သူထိုင်ဖို့လုပ်ပေးနေသည်။အပင်ရိပ်ရှိတဲ့ပြင်
လေလေးတချက်ဝေ့လိုက်တိုင်း မက်မွန်းပန်းရနံလေးလည်း
ကပ်ပါသည်မို့ စိတ်ကြည်နူးစေတဲ့နေရာလေးပင်။
ပန်းနုရောင်မက်မွန်ပွင့်တွေက တစ်ပင်လုံးဝေဆာနေပြီး
မက်မွန်ပွင့်ကြွေများကလည်း မြေပြင်ပေါ်မှာပြန့်ကျဲလျှက်။
ပန်နုရောင်သီးသန့် အပင်ကြီးက တကယ်ကို
မျက်စိပသာဒဖြစ်စေသည်။
"ထိုင်လေ ခင်များရဲ့ ဘာတွေငေးနေတာလဲ "
ရှောင်းကျန့်မက်မွန်ပင်ကြီးကိုငေးနေတာအချိန်ဘယ်လောက်
ကြာသွားလည်းမသိ ရိပေါ်အသံကြားမှ ပြန်အသိဝင်လာသည်။
"ရိပေါ် မက်မွန်ပင်ကြီးကအရမ်းလှတာဘဲနော် "
"အင်း... လှတယ် ...ဒါပေမဲ့ခင်များကိုမမှီဘူး "
မက်မွန်ပင်ကြီးလှကြောင်း ရှောင်းကျန့်အတည်
ပြောလိုက်ပေမဲ့ ပြန်ဖြေလာတဲ့စကားကြောင့်
မျက်မှောင်ကျုံ့​ကြည့်လိုက်သည်။
ခုရိပေါ်က သူ့ကိုလာ flirt နေတာလား။
"မင်းနော် ငါအကောင်းပြောနေတာကို "
"ကျွန်တော်ကလည်း အကောင်းပြောတာဘဲကို
ကျွန်တော့မျက်လုံးထဲမှာတော့ မက်မွန်ပင်ကြီးထက်
ခင်များကပိုလှတယ် "
ရိပေါ်ရဲ့ အတည်ပေါက်ကြီးပြောလာတဲ့ပုံစံကြောင့်
ရှောင်းကျန့် မျက်နှာလေးမက်မွန်ပွင့်နှင့်အပြိုင် ​ပန်းနုရောင်
လေးသန်းသွားသည်။
အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရခါနီးမှ
ကိုယ့်ယောကျ်ားဆီကလှတယ်ဆိုတဲ့ စကားကြောင့်
ရှောင်းကျန့်ရှက်နေမိသည်။ရီးစားဆိုလို့ကျောင်းတုန်းက
ရိပေါ်တစ်ယောက်ထဲသာထားဖူးတဲ့ ရှောင်းကျန့်က
ခုမှအချစ်နဲ့ပြန်ထိတွေ့ရလို့ထင်ပါရဲ့ ဆယ်ကျော်သက်လေးလို
ရင်ခုန်နေမိပြန်သည်။
ရှောင်းကျန့်ဘဝမှာ မိန်မရော၊ယောကျ်ားရောက လှတယ်
ချောတယ် အမျိုးမျိုးပြောတာခံရဖူးပေမဲ့ ရင်လည်းမခုန်ဖူး
သလိုဘယ်လိုမှလည်းမနေ။ခုရိပေါ်ဆီက ဒီစကားကိုတော့
ရင်ခုန်ယုံမဟုတ် ရင်ပါတုန်လေသည်။
"ဒါနဲ့ ခင်များမက်မွန်ပွင့်တွေရဲ့အဓိပါယ်ကိုသိလား "
ရှောင်းကျန်ရင်ခုန်ကောင်းနေတုန်း ရိပေါ်ကမက်မွန်ပင်ကြီး
ကိုသေချာကြည့်ရင်းပြောလာသည်။
ရိပေါ်ရဲ့ခုလို လေးနက်တဲ့ပုံစံကြောင့်
ရှောင်းကျန့်တောင်ငေးကနဲဖြစ်သွားသည်။
သူ့ယောကျ်ားက ခပ်တည်တည်နေရင် အရမ်းခန့်တာဘဲ။
"ဟင့်အင် မသိဘူးလေ မင်းရောသိလို့လား "
"အင်း သိတာပေါ့.... ခင်များသိချင်ရင်ပြောပြရမလား "
"အင်း သိချင်တယ်ပြောပြ "
ရှောင်းကျန့်တကယ်ရိပေါ်ပြောပြတာကိုသိချင်ပါသည်။
ရိပေါ်လို ဂျစ်တီးဂျစ်ကန်နဲ့ကောင်လေးက ဒီလိုပန်းအဓိပါယ်
​တွေလည်း သိသေးတာလား။
"မက်မွန်ပွင့်ရဲ့အဓိပါယ်က ဂျပန်လိုဆိုရင်' I am your
captive ' တဲ့ မင်းရဲ့အကျဉ်းသားလို့ပြောရမှာပေါ့
ကဗျာဆန်ဆန်လေးပြောရမယ်ဆိုရင် 'ကိုယ်ကမင်းရဲ့
ချည်နှောင်ခြင်းကိုခံထားရတယ် ' တဲ့ ။
ကိုရီးယားလိုဆိုရင်တော့ အချစ်ရဲ့ကျေးကျွန်တဲ့ "
"ဝါး...မင်းကဒီလိုတွေလည်းသိသေးတာလား "
"ဒါပေါ့ ဒီပန်းရဲ့အဓိပါယ်လေးက ကျွန်တော်နဲ့တူလို့လေ "
" မင်းနဲ့တူတယ်?..ဘယ်လိုတူတာလဲ "
"မင်းရဲ့အကျဉ်းသား ဆိုတာလေ ကျွန်တော်လည်း
ခင်များရဲ့အကျဉ်းသားလိုဘဲ ခင်များဆီကနေ ဘယ်ကိုမှ
ထွက်ရုန်းမထွက်နိုင်ဘူး ကျွန်တော်ကိုယ်တိုင်ရုန်းမထွက်
ချင်တာပါမှာပေါ့လေ "
"...... "
"ဟောကြည့် အဲ့မျက်လုံးဝိုင်းတွေက လူကရူးအောင်ပြုစား
နေပြန်ပြီ "
မျက်လုံးဝိုင်းဝိုင်းတွေနဲ သေချာကြည့်လာတဲ့ရှောင်းကျန့်
ကြောင့် ရိပေါ်ထိုမျက်လုံးလေးတွေကိုပြန်စိုက်ကြည့်ရင်း
ပြောလိုက်သည်။
ရိပေါ်စကားကြောင့် ရှောင်းကျန့်မျက်နှာလေး ဒုတိယမိ
ပန်းနုရောင်လေးဖြတ်ပြေးသွားပြန်သည်။
ရိပေါ်ရဲ့ဒီလိုအပြောတွေအောက်မှာ ကောင်မလေးတွေ
ဘယ်လောက်တောင်မျောပါခဲ့ဖူးလည်းမသိ။
ခုဗိုက်တစ်လုံးသူပါ မျောပါချင်​​နေပြီဖြစ်သည်။
"အယ်....ရေခဲမုန့်တွေအရည်ပျော်ကုန်ပြီ "
"အာ...ဟုတ်ပါရဲ့ "
ရှောင်းကျန့်ရိပေါ်စကားတွေထဲမှာမျောနေတာနဲ့ လက်ထဲက
ရေခဲမုန့်တွေအရည်ပျော်ကျလာတာတောင်
သတိမထားလိုက်မိ။
လူကိုပြုစားနေတာက မင်းလားငါလားဝမ်ရိပေါ်။
"အမြန်စားလိုက်တော့ ကြာရင်အကုန်အရည်ပျော်ကုန်
လိမ့်မယ် "
"အင်းအင်း...အမြန်စားလိုက်မယ် "
လက်ထဲကအရည်ပျော်ချင်နေပြီဖြစ်တဲ့ရေခဲ့မုန့်တွေကို
ရှောင်းကျန့်အမြန်ဘဲစားလိုက်သည်။အစကတော့
အပင်ရိပ်လေးမှာ ရေခဲမုန့်ဇိမ်နဲ့စားမယ်မှတ်တာ
ခုတော့ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီးသာစား
နေရသည်။
တော်ပါပြီ နောက်ကျရင် ရိပေါ်စကားတွေမမျောမိအောင်
သူကြိုးစားပြီးနေရမည်။
ရေခဲမုန့်လေးခုကိုတစ်ပြိုင်ထဲအမြန်စားနေရင်းမျက်လုံး
ဝိုင်းဝိုင်းလေးကလည်းဟိုကြည့်ဒီကြည့်လုပ်နေသေးသည်။
သူ့ရှေ့ကအရမ်းချစ်ဖို့ကောင်းနေတဲ့ယုန်လေးကို
ရိပေါ် မျက်တောင်မခတ်တမ်းထိုင်ကြည့်နေမိ၏။
နှုတ်ခမ်းရဲရဲလေးက အအေးဓာတ်နဲ့ထိတွေ့ထားတာမို့
အနည်းငယ်ဖူးချင်သလိုလေးဖြစ်နေပြီး
စိုလဲ့လဲ့လေးဖြစ်နေသည်။စုလိုက်ကျုံ့လိုက်နဲ့နှုတ်ခမ်းဖူး
ဖူးလေးကိုရိပေါ်ကြည်နေရင်း တံတွေးတစ်ချက်မြိုချလိုက်မိ
သည်။
ရေခဲမုန့်မကြိုက်တဲ့ရိပေါ်ကတော့ ရှောင်းကျန့်နှုတ်ခမ်းနဲ့ထိပြီး
ပါးစပ်ထဲကိုရောက်သွားတဲ့ ရေခဲမုန့်လေးကိုတော့
အတင်းလုယူကာ မြည်းကြည့်ချင်စိတ်ပေါက်လာ
သည်။ရေခဲမုန့်ကဘဲချိုမလား ဒီနှုတ်ခမ်းလေးကဘဲ
ပိုချိုမလား ရိပေါ်သိချင်မိသည်။
သေချာတာကတော့ ရိပေါ်မျက်လုံးတွေရောက်နေတဲ့နေရာက
ရေခဲမုန့်ဟုတ်မနေခဲ့တာပင်။
"ဘယ်လိုဖြစ်လို့ လူကိုစားစရာတစ်ခုလို လာကြည့်နေတာလဲ
ကြောက်ဖို့ကောင်းအောင် "
သူ့ကိုစားစရာတစ်ခုလိုကြည့်ကာ ပါးစပ်တပြင်ပြင်ဖြစ်နေတဲ့
ရိပေါ်ကြောင့် ရှောင်းကျန့်ကျက်သီးတောင်ထလာသည်။
ဒီလောက်ရေခဲမုန့်စားချင်နေရင်လည်း သွားဝယ်စားတာမဟုတ်။သနားစရာကောင်းအောင်လာမျှော်
ပြနေသည်။အစားစားနေတဲ့သူရှေ့မှာ ဒီလိုလာလုပ်ပြနေမှ
တော့ သူကဘယ်လိုလုပ်မျိုကျပါတော့မလဲ။
မြိုမကျဘူး​ပြောနေတဲ့ရှောင်းကျန့်ရဲ့လက်ထဲမှာတော့
ရေခဲမုန့်တစ်ခုသာကျန်တော့လေသည်။.....
သူ့ရှေ့ကရေခဲမုန့်စားနေတဲ့သူကိုကြည်ပြီး ရိပေါ်နှုတ်ခမ်း
ကိုတင်းတင်းဖိကိုက်ထားရသည်။ရေခဲမုန့်စားတိုင်း
ထွက်ပေါ်လာတက်တဲ့ လျှာရဲရဲလေးက သူ့စိတ်ကိုလာ
နှိုးဆွနေသလိုပင်။
ထွက်လာလိုက်ပြန်ဝင်သွားလိုက်နဲ့အလုပ်ရှုပ်နေတဲ့လျှာလေး
ကို ရိပေါ်ဖမ်းဆွဲထားပြီး နွေးသွားအောင်ငုံထားပေးချင်သည်။
"အာ့...ဟ့...."
မျက်စိရှေ့တင်ဘဲ ရှောင်းကျန့်လျှာလေးက
ရေခဲမုန့်ကို ပင့်လျှက်လိုက်သည်မို့ ရိပေါ်တစ်ကိုယ်လုံး
တုန်တက်သွားသည်။ရေခဲမုန့်နေရာမှာ သူ့ညီလေးသာ
ဆိုရင်.....
ကျစ်! ပြောရင်းအောက်ကအကောင်က အမောက်ထောင်
လာပြန်ပြီ။
"ရိပေါ် မင်းဘာဖြစ်တာလဲ "
နေရင်းထိုင်ရင်း ရိပေါ်ဆီကညီးညူသံထွက်လာတာမို့
နားမလည်သလိုကြည့်ကာ မေးလိုက်သည်။ရိပေါ်ပုံစံက
တစ်ခုခုကိုမချီးမဆန့် ထိန်းချုပ်ထားရသလိုပင်။
ရုတ်တရက်ကြီးဘယ်လိုဖြစ်တာပါလိမ့်။
"ဟို....ကျွန်တော်Toiletခနသွားလိုက်ဉီးမယ်
ခင်များဒီမှာဘဲ စောင့်နေနော် ဘယ်မှလျှောက်သွားမနေနဲ့ "
မှာစရာရှိတာမှာပြီး တစ်ချိုးတည်းပြေးသွားတဲ့သူကိုကြည့်
ကာ....
"အိမ်သာတက်ချင်တာများ ချုပ်တီးထားနေသေးတယ်
သွားစရာရှိတာ အမြန်သွားတာမဟုတ်ဘူး "
.
.
.
.
.
ရိပေါ်Toiletထဲမှာ သူရဲ့အရမ်းတက်ကြွနေတဲ့သူ့ညီလေးကို
မနည်းချော့သိပ်ပြီးပြန်လာခဲ့ရသည်။ရှောင်းကျန့်နဲ့အတူ
မနေရတာ ကြာလို့လားမသိ ရှောင်းကျန့်ရဲ့ခုလိုsexဆန်တဲ့
ပုံလေးမြင်ရရုံနဲ့တင် သူ့အကောင်ကထိန်းမနိုင်သိမ်းမရပင်။
သူ့ဗိုက်ကလေး အမြန်မွေးမှဘဲ သူ့အလည်းအဝစားရတော့
မည်ထင်ပါရဲ့။ခုတော့လည်းမြင်သာမြင်မကျင်ရပါလားနော်။
ဟူး...ယုန်တွင်းလေးကိုလွမ်းလိုက်တာဗျာ။
ရိပေါ်ခုံနားကိုပြန်ရောက်လာတော့ ထိုင်နေတဲ့ရှောင်းကျန့်ကို
မတွေ့တော့ပေ။
ကျစ်! ဒီနားမှာဘဲနေပါဆိုဘယ်ရောက်သွားပြန်ပြီ
လဲမသိဘူး။
"ရှောင်းကျန့်! ရှောင်းကျန့်! ခင်များဘယ်မှာလဲ "
ခုံတန်းအနီးတစ်ဝိုက်ကိုရှာကြည့်ပေမဲ့ အရိပ်အယောင်တောင်
မတွေ့သည်မို့ ရိပေါ်ဇောချွေးတွေပျံလာသည်။
ရှောင်းကျန့်က ကလေးမဟုတ်ဘူးဆိုပေမဲ့ မတော်တဆခုခု
ဖြစ်မှာ သူရူးလောက်အောင်ကြောက်ပါသည်။
ပြီးတော့ရှောင်းကျန့်က အရင်လိုလိုပေါ့ပေါ့ပါးပါးမဟုတ်
သူ့ရင်သွေးလေးကိုလည်းလွယ်ထားရသေးသည်။
ယောကျ်ားလေး ကိုယ်ဝန်ဆာင်ဆိုတာ ပုံမှန်ကိုယ်ဝန်ဆောင်
တွေနဲ့မတူ အစစအရာရာပိုဂရုစိုက်ရမည်။
ကိုယ်ဝန်ကြီးနဲ့ရှောင်းကျန့်ကို တစ်ယောက်ထဲထားခဲ့မိတဲ့
သူကိုယ်ကမှားတာပါလေ။
"ရှောင်းကျန့်! ကျွန်တော်ခေါ်နေတယ်လေ ကြားရင်ပြန်ထူးပါဉီး"
မက်မွန်ပင်အောက်နဲ့ အနီးတဝိုက်နေရာတွေပါ မကျန်
ရှာကြည့်သော်လည်း မတွေ့သည်မို့ ရိပေါ်စိုးရိမ်စိတ်တွေ
ကြီးစိုးလာသည်။ခနနေလို့မှမတွေ့ရင် ကစားကွင်းက
လူကြီးတွေကိုအကူအညီတောင်းပြီးရှာကြည့်ရမည်။
ရှောင်းကျန့်ကြားအောင်လော်နဲ့အော်ပြီး ရှာသင့်ရင်လည်း
ရှာရမည်။သူ့အဓိကက သူ့ဗိုက်ကလေးကိုပြန်တွေ့ဖို့ပင်။
"အိး...ဟီး...သားအရုပ်ပြန်ပေး "
"မငိုနဲ့လေ စောက်ကလေးရဲ့ ဒါမင်းအရုပ်မဟုတ်ဘူးလို့
ဘယ်နှစ်ခါပြောရမလဲ "
ရိပေါ်သူ့ဗိုက်ကလေးကို အသဲအသန်းလိုက်ရှာနေတုန်း
အသံတစ်ခုကြားလိုက်ရသည်မို့ လှည့်ကြည့်လိုက်တော့.....
"ဟင်...ရှောင်းကျန့် "
သူရောက်နေတဲ့နေရာနဲ့မလှမ်းမကမ်းတွင် ရှောင်းကျန့်ကို
လှမ်းမြင်လိုက်ရပြီး ဘေးတွင်ကလေးတစ်ယောက်လည်း
ရှိနေသည်။အတိအကျပြောရရင် ငိုနေသောကလေး
တစ်ယောက်နှင့် အတူရှိနေလေသည်။
"ရှောင်းကျန့် ခင်များဒီမှာဘာလုပ်နေတာလဲ "
ရိပေါ်အမြန်ဘဲထိုနေရာဆီပြေးသွားလိုက်ပြီး
စူကောက်နေတဲ့သု့ဗိုက်ကလေးကိုကြည်ကာမေးလိုက်သည်။
သူ့ဗိုက်ကလေးကို ဘယ်သူကများအနိုင်ကျင့်လို့ ဒီလောက်စူကောက်နေတာပါလိမ့်။
"ရိပေါ် မင်းလာတာနဲ့အတော်ဘဲ ဒီစောက်ကလေးပေါ့
ငါကောက်ထားတဲ့အရုပ်တွေကို သူ့အရုပ်ပါဆိုပြီး
လာလုပ်နေတယ် "
လက်ထဲတွင်ရှိသောအရုပ်နှစ်ရုပ်ကိုပြရင်း ကလေးလေးတစ်
ယောက်လိုသူ့ကိုတိုင်လာလေသည်။ရှောင်းကျန့်ရဲ့
ခုလိုပုံစံလေးက အရမ်းချစ်ဖို့ကောင်းလို့ သူ့ရှေ့ကဗိုက်ပူ
ကလေးကို ဖျစ်ညှစ်ပြစ်ချင်သည်။
"အီး...ဟီး...ဟုတ်ဘူး... အဲဒါသားအရုပ် "
"မဟုတ်ပါဘူးဆို ခေါင်းပိတ်ခေါက်လိုက်ရ "
"မလုပ်နဲ့လေ ခင်များရဲ့သူများကလေးကို "
ရှေ့ကငိုနေတဲ့ကလေးကို ခေါင်းခေါက်မယ်တကဲကဲလုပ်နေတာမို့
ရိပေါ်အတင်းဆွဲကာ တားရသည်။ခြေမြန်လက်မြန်ရှိတဲ့
သူ့ဗိုက်ကလေးနဲ့တော့ ခက်ပါတယ်နော်။
တော်ကြာ ကလေးမိဘတွေရောက်လာကာမှ ပြေးပေါက်မှားနေပါဉီးမယ်။
"မင်းမသိပါဘူး ဒီကလေးကငါ့အရုပ်ကို အတင်းသူ့ဟာ
လာလုပ်နေတာ "
"အီး...ဟီး...ဟုတ်ဘူး..အဲဒါသားကောက်တွေ့တာ သာဟာ"
"နေပါဉီးခင်များရဲ့ ဘယ်ကနေဘယ်လိုဖြစ်တာလည်း
ကျွန်တော့ကိုပြောပြဉီး "
ရှေ့ကငိုနေတဲ့ကလေးကို မျက်မှောင်ကျုံ့​ကာ ရန်သူသဖွယ်
ကြည့်နေတဲ့ သူ့ဗိုက်ကလေးကိုမေးလိုက်သည်။ရှေ့ကကလေး
တော့မသိ ရှောင်းကျန့်အကြည့်တွေကြောင့် သူပါပြာကျချင်
လာသည်။စိတ်လက်တစစ်နဲ့ ဒေါသကြီးတဲ့စနေသားလေးကို
ရထားရတော့လည်း သူ့ပြသနာတွေလိုက်ရှင်းရမှာပေါ့လေ။
"ဒီမှာလေ မင်းToiletသွားနေတုန်း ပျင်းတာနဲ့အရုပ်လာ
ကောက်တာ နှစ်ခုရတယ် ။အဲဒါဒီခုံလေးမှာခနတင်ပြီး
ဆက်ကောက်နေတုန်း ဒီကလေးကသူ့ဟာပါဆိုပြီး
ယူသွားတာ "
"အဒါသားကောက်တွေ့တာကို ဒီဗိုက်ပူကိုကိုက အတင်းလု
သွားတာ အဟင့်..."
"ဘာဗိုက်ပူကိုကိုလည်း ဒီစောက်ကလေးတော့
ငါလုပ်လိုက်ရ "
"အီး...ဟီး...အမေရေ..ဗိုက်ပူကိုကိုကသားကိုအနိုင်ကျင့်
နေတယ် ဗြဲ.... "
ရှေ့ကကလေးရဲ့ငိုသံပြဲကြီးထပ်မံထွက်ပေါ်လာတော့သည်။
သူကိုဗိုက်ပူလို့ခေါ်တာမကြိုက်တဲ့
ရှောင်းကျန့်ကတော့ ထိုကလေးကို ထုမယ်ရိုက်မယ်
တပြင်ပြင်ဖြစ်နေတော့သည်။ရှောင်းကျန့်ရဲ့ ခုလိုပုံစံကြောင့်
မမွေးသေးတဲ့ သူ့ကလေးအတွက် စိတ်မကောင်းဖြစ်သွား
သည်။
ကံကောင်းပါစေ မမွေးသေးတဲ့Daddyကလေးလေးရေ။
"တစ်ရုပ်ပေးလိုက်ပါဗျာ သူ့မိဘတွေလာရင် ပြသနာတက်
နေပါဉီးမယ် "
"မပေးပါဘူး ဘာကိစ္စပေးရမှာလဲ ပေးချင်ရင်မင်းဘာသာ
ကောက်ပေးပါလား "
ပြောမရဆိုရခေါင်းကျောမာတဲ့ ရှောင်းကျန့်နဲ့ ခုထိအငို
မတိတ်သေးတဲ့ ကလေးတစ်ယောက်ကြားရိပေါ်ဗျာများ
နေရသည်။ကလေးဘက်ကပါရင်လည်း ရှောင်းကျန့်
စိတ်ကောက်တာခံရမည် ။ရှောင်းကျန့်ဘက်ကပါရင်လည်း
ရှေ့က ကလေးရဲ့ ငိုသံဗြဲကြီးကိုထပ်ကြားရဉီးမည်။
ဟင်း...ကြားထဲကငါလေးဘဲ သနားဖို့ကောင်းနေပါလား။
"ဟုတ်ပြီ မငိုနဲ့တော့ ကိုကိုကဒီလိုအရုပ်မျိုး နောက်ထပ်တစ်
ခုထပ်ကောက်ပေးမယ်နော် "
"ဟင့်အင်...သားကဟိုခွေးရုပ်ဘဲလိုချင်တာ..အီးဟီး "
"လိုချင်ရင် ကိုယ့်ဘာသာကောက်ပါလား ဘာလို့သူများ
ဟာကိုလာယူလဲ "
"မပြောနဲ့လေခင်များရဲ့ ကလေးသနားပါတယ် "
"အော်...လက်စသတ်တော့ မင်းကသူ့ဘက်ကကို "
"ဟာ...မဟုတ်ပါဘူး ခင်များရယ် ကျွန်တော်ကအမြဲ
ခင်များဘက်ကပါ "
မျက်စောင်းကရိပေါ်ဆီကိုဒိုင်းကနဲ ကျလာသည်မို့
အလျင်အမြန်ဘဲ သူ့ဘက်ကဖြစ်ကြောင်းပြန်ရှင်းပြရသည်။
တော်ကြာ စိတ်ကောက်ပြီးချော့မရဖြစ်နေပါဉီးမယ်။
"သား ဘာလို့ငိုနေတာလဲ သားကိုဘယ်သူအနိုင်ကျင့်တာလဲ
မားကိုပြောစမ် "
ကလေးအမေဖြစ်ပုံပေါ်တဲ့အမျိုးသမီးက ရောက်လာကာ
ငိုနေတဲ့သူ့သားကိုမေးနေတာမို့ ရိပေါ်သူ့ဗိုက်ကလေးကို
မျက်ခုံးပင့်ကာကြည့်လိုက်သည်။ဘေးကရှောင်ကျန့်
ကတော့ ခုနထုမယ်ရိုက်မယ်လုပ်နေတာသူအဟုတ်သလို
လိုနဲ့ သူ့နောက်ကျောကိုရောက်လာလေသည်။
ဘာဘဲဖြစ်ဖြစ် အရေးအရေးဆိုရင်တော့ သူ့ဗိုက်ကလေး
ကိုချီပြီးအမြန်ပြေးဖို့ ပြင်ထားရမည်။
"အီး...ဟီး....ဟိုဗိုက်ပူကိုကိုက သားအရုပ်ကိုလုသွားတယ်
အီးး... "
"ဘယ်ဗိုက်ပူကိုကိုလည်းသားရဲ့ သားကိုအနိုင်ကျင့်တဲ့သူကို
မားကိုပြစမ်း "
"အဟင့်...ဟိုကိုကိုနောက်က ဗိုက်ပူကိုကို "
သူ့နောက်မှာပုန်းနေတဲ့ရှောင်းကျန့်ကိုလက်ညှိုးထိုးကာပြော
လာလေသည်။ရှောင်းကျန့်ကတော့ သူ့အိင်္ကျီစကို
ခပ်တင်းတင်းဆုတ်ကိုက်ကာ သူ့နောက်ကျောကထွက်မလာပေ။
ခုနက သတ္တိခဲရှောင်းကျန့် ဘယ်ရောက်သွားတာပါလိမ့်။
"ဟဲ့ နင်ကငါ့ကလေးအရုပ်ကိုလုတယ်ဆို မကြီမငယ်နဲ့
ဘာကိစ္စကလေးကိုအနိုင်ကျင့်ရတာလဲ "
"ဒီမှာ အဒေါ်ကြီး ခင်များမသိဘဲနဲ့ လာပြောမနေနဲ့
ခင်များကလေးကသာ ကျွန်တော့အရုပ်ကိုလာလုတာကိုများ
ကပြောင်းကပြန် "
သူ့ကိုတည့်တည့်ကြီးကြီးကာပြောလာတော့ သူ့နောက်က
ရှောင်းကျန့်ကလည်းချက်ခြင်းကိုပြန်ရန်တွေ့လာလေသည်။
ဒါပေမဲ့ ခုထိတော့ရှေ့ကိုထွက်မလာသေး။
"ကလေးက နင်ယူပါတယ်လို့ပြောနေတာလေ ငါ့သားက
တစ်ခါမှလိမ်ဖူးတာမဟုတ်ဘူးဟဲ့ "
"ဟုတ်တယ် ဟုတ်တယ် ခင်များသားကလိမ်တာမဟုတ်ဘူး
ညာနေတာ အဲလိုပြောကြေးဆိုကျွန်တော်လည်း
တစ်ခါမှမလိမ်ဖူးဘူး မယုံရင်ကျွန်တော်ယောကျ်ားကို
မေးကြည့်လိုက် "
"ဟင်...ဟုတ်...ဟုတ်တယ်အဒေါ်ရဲ့ ကျွန်တော့်ကဗိုက်ကလေးက တစ်ခါမှမလိမ်ဖူးဘူး "
သူ့ကိုယောကျ်ားလို့ပြောလာတာမို့ ရိပေါ်အထစ်ထစ်
အငေါ့ငေါ့နဲ့ပြန်ဖြေလိုက်သည်။ခုရှောင်းကျန့်က
သူ့ကိုယောကျ်ားလို့သုံးနှုန်းလိုက်တာပေါ့နော်။
"အမလေး နင်တို့က​ပုလင်းတူဗူးစို့လေ ငါကယုံစရာလား "
"အယုံလည်းအဒေါ်ကြီးသဘောဘဲလေ ဘယ်သူမှအတင်း
မယုံခိုင်းဘူး "
"တကယ်ပါ အဒေါ်ရယ် ကျွန်တော့ဗိုက်ကလေးပြောတာ
အမှန်ပါ "
နောက်ဆုံးတော့လည်း ရိပေါ်မနေနိုင်ဘဲ ဝင်ပြောရတော့သည်။ဘယ်သူမှားမှားဘယ်သူမှန်မှန်
ဒီချိန်မှာတော့ သူ့ဗိုက်ကလေးဘက်က သူလိုက်ပြောရမည်။
"ဒီမှာ ငါ့သားကဒီလောက်​ငိုယိုပြီးပြောနေတာလေ
ဟိုဘက်က နင့်ဗိုက်ကြီးသည်က ယူပါတယ်တဲ့ "
"ဘာ! ဒီမှာအဒေါ်ကြီး လူကိုဘာဗိုက်ကြီးသည်လည်း "
တစ်ချိန်လုံးသူ့နောက်ကမထွက်တဲ့ ရှောင်းကျန့်ကသူ့ကို
ဗိုက်ကြီးသည်လို့ခေါ်တော့ အရှေ့ကိုထွက်ကာရန်တွေ့လာ
သည်။ရိပေါ်ကတော့ သူ့ဗိုက်ကလေးကို အတင်းပြန်ဆွဲရင်း
ရှေ့ကနေကာထားရသည်။
တော်ကြာဟိုဘက်က စိတ်မထိန်းနိုင်ဘဲတစ်ခုခုလုပ်လိုက်မှဖြင့်။
"ဟဲ့ ဗိုက်ကြီးသည်ကို ဗိုက်ကြီးသည်လို့ခေါ်တာနာစရာလား
နင့်ဗိုက်ကရောမကြီးနေလို့လား "
"ကြီးကြီးမကြီးကြီး အဒေါ်ကြီးနဲ့ဘာဆိုင်လည်း
သူများကိုဗိုက်ကြီးသည်လို့လာမခေါ်နဲ့ "
"အမလေး ကြာကြသေးရဲ့လားရှင် ဗိုက်ကြီးသည်မို့လို့
ဗိုက်ကြီးသည်လို့ခေါ်တာရန်စွာနေသေးတယ် ဒါနဲ့
သူ့ဗိုက်ကရော ဘေးကကောင်လေးနဲ့ရတာရောဟုတ်ရဲ့
မသိဘူး "
"ဘာ! ဒီမှာအဒေါ်ကြီး ကိုယ့်ဗိုက်က
ကိုယ့်ယောကျ်ားနဲ့ကိုယ်ရတာ အဒေါ်ကြီးလိုလင်မရှိဘဲ
ကလေးမွေးတာမဟုတ်ဘူး "
ရှောင်းကျန့်အတော်ဒေါသထွက်သွာတာမို့ ဟုတ်သည်ရှိ
မဟုတ်သည်ရှိ နိုင်ဖို့သာပြောလိုက်သည်။သူ့ဗိုက်များ
သူ့ယောကျ်ားနဲ့ရတာမဟုတ်ဘူးတဲ့ မွေးလာမှ DNA
စစ်တဲ့စာရွက်နဲ့ကောက်ပေါက်ပြီးတော့ကိုပြောဉီးမယ်။
"ဒီမှာအဒေါ် ကျွန်တော့ဗိုက်ကလေးက ကျွန်တော်နဲ့ရတဲ့
ကျွန်တော့ဗိုက်စစ်စစ်ပြ မယုံရင်ကလေးမွေးရင်
လာကြည့်လှည့်ကျွန်တော့ရုပ်အတိုင်းချွတ်စွတ်တူစေရမယ်"
"အမလေး လင်လင်နှစ်ယောက်ပေါင်းပြီး ဝိုင်းအနိုင်
ကျင့်နေကြတာကျန်း ငါကဘာကိစ္စလင်မရှိရမှာလဲ
ရှိတာမှသုံးယောက်တောင်ဟဲ့ သုံး​ယောက် "
ရှေ့ကအဒေါ်ကြီးကတော့ သူ့ကိုလင်မရှိဘူးလို့ပြောလို့
သူ့မှာလင်သုံးယောက်ရှိကြောင်းပြောရင်းဒေါသထွက်
နေလေရဲ့။လင်မရှိဘူးလို့ပြောတာမကြိုက်ရင်
သူများကိုလည်း အဟုတ်မဟက်တွေလာမပြောနဲ့ပေါ့
အံသြဘ။
"အဒေါ်ကြီးမှာ လင်ဘယ်လောက်လဲရှိရှိစိတ်မဝင်စားဘူး
ပြီးတော့ ကျွန်တော့ဗိုက်လည်း ကျွန်တော့ယောကျ်ား
တစ်ယောက်ထဲရဲ့ဗိုက်အစစ်ဘဲ သူများတွေလို 3 in 1
လည်းမဟုတ်ဘူး။နော်ယောကျ်ား "
"ဟင်...အင်းအင်း...ဟုတ်တာပေါ့ ကိုယ်တို့က 1in 1နော်"
"ဒါပေါ့လို့ ယောကျ်ားရဲ့ "
ရှောင်းကျန့်ကတော့နိုင်ချင်ဇောနဲ့ သူ့ကိုယောကျ်ားလို့ခေါ်
နေပေမဲ့ အခေါ်ခံရတဲ့ရိပေါ်ကတော့ နွားပြားကြီးအောက်
သွားမရှိသလို တဖြဲဖြဲဖြစ်လို့နေတော့သည်။
ယောကျ်ားတဲ့ဗျာ ချစ်ဖို့ကောင်းလိုက်တာဆိုတာ။
"ဘာ! နင် နင်တို့ "
ရှေ့ကအဒေါ်ကြီးကတော့ သူ့ကို3in1လို့ပြောလို့
ဒေါသတရူးရူးထွက်နေတော့သည်။
နိုင်အောင်လည်းပြောနိုင်တာမဟုတ်ဘဲ လာစချင်နေသေးတယ် ဟက်ဟက်။
"နင်တွေငါတွေ လုပ်မနေနဲ့အဒေါ်ကြီး အဒေါ်ကြီးလို့
အားနေတာမဟုတ်လို့သွားလိုက်ပါဉီးမယ်နော်
အော် ဒါနဲ့ အဒေါ်ကြီးရဲလင်သုံးယောက်ကိုဘဲ
စိုက်မနေနဲ့ ကလေးကိုလည်းဂရုစိုက်ဉီး လာသွားမယ်
ယောကျ်ား "
"အင်းအင်း သွားကြမယ်နော် "
ဘေးကရှောင်းကျန့်ကတော့အောင်နိုင်သူမျက်နှာပေးနဲ့
သူ့လက်ကိုဆွဲကာ ထိုနေရာမှာထွက်ခါလာခဲ့သည်။
နောက်ကအဒေါ်ကြီးရဲ့ဒေါသထွက်စွာပြောဆိုသံနဲ့
အတူ အရုပ်မရလို့ငိုကျန်ခဲ့တဲ ကလေးရဲ့ငိုသံဗြဲကြီးကိုလည်း
ကြားလိုက်ရသည်။
----------------------------------------------------------
"ရှောင်းကျန့် ကျွန်တော့်ကိုခုနကလိုလေးပြန်ခေါ်ပါဉီး "
ကားနားကိုရောက်တော့ ပြုံးပြုံးစိစိမျက်နှာပေးနဲ့
ရိပေါ်ကပြောလာသည်။ခုနကသွေးပူနေတုန်းမို့
ရှက်ရကောင်းမှန်းမသိပေမဲ့ ခုသွေးအေးသွားတဲ့ချိန်မှာတော့
ရှောင်းကျန့်မျက်နှာကထိန်းမရအောင်ကိုပူထူလာသည်။
သူရိပေါ်ကို ယောကျ်ားလို့ခေါ်ခဲ့မိတာဘဲ။အမလေးရှက်လိုက်
တာနော်။
"ခေါ်ပါဉီးလို့ ခင်များရဲ့ ကျွန်တော်ကြားချင်လို့ပါ "
"မင်း..မင်းနော် ငါကခုန နိုင်ချင်လို့ခေါ်လိုက်တာကို "
"မသိဘူးဗျာ နောက်တစ်ခေါက်လောက် ပြန်ခေါ်ပြပါလို့
နော်..နော်..နော် "
"မခေါ်ချင်ပါဘူး ရှက်ပါတယ်ဆို "
"ခေါ်ပါဗျာ ခင်းများရဲ့ယောကျ်ားဆိုတဲ့အသံလေးကြား
ချင်လို့ပါနော် "
ရှေ့ကရိပေါ်ရဲ့အတင်းတောင်ဆိုသလိုပြောလာတာမို့
ရှောင်းကျန့် အောက်နှုတ်ခမ်းလေးကိုဖိကိုက်ရင်း
ရှက်နေမိသည်။
ရှက်ပါတယ်ဆို သူကတစ်မျိုး။
"ဟို...အဟမ်း...ခုနကပွဲမှာနိုင်လာတာမို့ တစ်ခါခေါ်မယ်
ရလား "
"အင်း အင်း ရတယ် ခေါ်တော့ "
ရှောင်းကျန့်ကတစ်ခါပြန်ခေါ်မယ်ဆိုလို့ ရိပေါ်အရမ်းကိုပျော်
သွားသည်။သူ့ဗိုက်ကလေးရဲ့ ယောကျ်ားလို့ နောက်တစ်ခေါက်ခေါ်သံကိုကြားရဖို့ ရိပေါ်မစောင့်နိုင်တော့ဘူး။
"ဟို..ဟမ်း..ယောက်...ယောကျ်ား "
"ဗျာ..ဗျာ...ကျွန်တော့ဗိုက်ကလေးရဲ့ "
"မင်းနော် "
သူ့ခေါ်သံကို သံယောင်လိုက်ပြီးထူလိုက်တာမို့ ရှောင်းကျန့်
နားရွက်ဖျားလေးသိသိသာသာကိုရဲတက်သွားသည်။
ဝမ်ရိပေါ်တို့ကတော့ လူကိုချွေနေပြန်ပြီ။
"ကိုကို "
ရှောင်းကျန့်ရှက်ပြုံးလေးနဲ​မနေတက်မထိုင်တက်ဖြစ်နေ
တုန်း နောက်ကထွက်လာတဲ့အသံကြောင့် လှည့်ကြည့်လိုက်တော့....
ဆက်ရန်.......
Happy Birthday par Ko Koရေ အသက်31
နှစ်ပြည့်မွေးနေ့မှစပြီးနောက်နှစ်ပေါင်းများစွာတိုင် စိတ်
ချမ်းသာပျော်ရွှင်ပြီး ချစ်ရတဲ့ရိပေါ်နဲ့အမြန်ဆုံးပေါင်းဖက်
နိုင်ပါစေ❤
မက်ပွန်ပွင့်ရဲ့အဓိပါယ် မူရင်းပြန်ဆိုသူကို
အပြည့်အဝcrdပေးပါတယ်နော်။မက်မွန်ပွင့်ရဲ့ အဓိပါယ်
မသိသူတွေလည်း ဗဟုသုတပေါ့။
#အနု
Zawgyi Code Version
"ဘာနှစ်ခုလည်း သုံးခု "
"ဟာ..."
"ရှဲရှဲ လော်ပန် "
"အင်း...ချိုလိုက်တာ "
ချင်လာသည်။
"ရှောင်းကျန့် "
"ဟင် "
ချိုသာလာသည်။
တန်းကိုငြင်းလာလေသည်။
"အင်း သွားမယ်လေ "
မျက်စိပသာဒဖြစ်စေသည်။
ခင်များကပိုလှတယ် "
လေးသန်းသွားသည်။
ကိုယ့်ယောက်ျားဆီကလှတယ်ဆိုတဲ့ စကားကြောင့်
ရင်ခုန်နေမိပြန်သည်။
ရှောင်းကျန့်ဘဝမှာ မိန်မရော၊ယောက်ျားရောက လှတယ်
သူ့ယောက်ျားက ခပ်တည်တည်နေရင် အရမ်းခန့်တာဘဲ။
"အင်း သိချင်တယ်ပြောပြ "
တွေလည်း သိသေးတာလား။
ချင်တာပါမှာပေါ့လေ "
"...... "
နေပြန်ပြီ "
ပြောလိုက်သည်။
"အာ...ဟုတ်ပါရဲ့ "
သတိမထားလိုက်မိ။
လိမ့်မယ် "
နေရသည်။
သည်။
နှိုးဆွနေသလိုပင်။
"အာ့...ဟ့...."
ဆိုရင်.....
လာပြန်ပြီ။
ကာ....
.
.
.
.
.
မတွေ့တော့ပေ။
လဲမသိဘူး။
ယောက်ျားလေး ကိုယ်ဝန်ဆာင်ဆိုတာ ပုံမှန်ကိုယ်ဝန်ဆောင်
သူကိုယ်ကမှားတာပါလေ။
ဘယ်နှစ်ခါပြောရမလဲ "
"ဟင်...ရှောင်းကျန့် "
လာလုပ်နေတယ် "
လာလုပ်နေတာ "
တော့မသိ ရှောင်ကျန့်အကြည့်တွေကြောင့် သူပါပြာကျချင်
ယူသွားတာ "
သွားတာ အဟင့်..."
ငါလုပ်လိုက်ရ "
နေတယ် ဗြဲ.... "
သည်။
နေပါဉီးမယ် "
ကောက်ပေးပါလား "
ဟာကိုလာယူလဲ "
ခင်များဘက်ကပါ "
မားကိုပြောစမ် "
အီးး... "
မားကိုပြစမ်း "
ကပြောင်းကပြန် "
တစ်ခါမှမလိမ်ဖူးဘူး မယုံရင်ကျွန်တော်ယောက်ျားကို
မေးကြည့်လိုက် "
သူ့ကိုယောက်ျားလို့ပြောလာတာမို့ ရိပေါ်အထစ်ထစ်
သူ့ကိုယောက်ျားလို့သုံးနှုန်းလိုက်တာပေါ့နော်။
မယုံခိုင်းဘူး "
အမှန်ပါ "
ရှေ့ကနေကာထားရသည်။
မသိဘူး "
ကိုယ့်ယောက်ျားနဲ့ကိုယ်ရတာ အဒေါ်ကြီးလိုလင်မရှိဘဲ
ကလေးမွေးတာမဟုတ်ဘူး "
သူ့ယောက်ျားနဲ့ရတာမဟုတ်ဘူးတဲ့ မွေးလာမှ DNA
အံသြဘ။
ပြီးတော့ ကျွန်တော့ဗိုက်လည်း ကျွန်တော့ယောက်ျား
လည်းမဟုတ်ဘူး။နော်ယောက်ျား "
"ဒါပေါ့လို့ ယောက်ျားရဲ့ "
ရှောင်းကျန့်ကတော့နိုင်ချင်ဇောနဲ့ သူ့ကိုယောက်ျားလို့ခေါ်
ယောက်ျားတဲ့ဗျာ ချစ်ဖို့ကောင်းလိုက်တာဆိုတာ။
"ဘာ! နင် နင်တို့ "
ယောက်ျား "
ကြားလိုက်ရသည်။
----------------------------------------------------------
သူရိပေါ်ကို ယောက်ျားလို့ခေါ်ခဲ့မိတာဘဲ။အမလေးရှက်လိုက်
တာနော်။
နော်..နော်..နော် "
"ခေါ်ပါဗျာ ခင်းများရဲ့ယောက်ျားဆိုတဲ့အသံလေးကြား
ချင်လို့ပါနော် "
ရှက်နေမိသည်။
ရလား "
သွားသည်။သူ့ဗိုက်ကလေးရဲ့ ယောက်ျားလို့ နောက်တစ်ခေါက်ခေါ်သံကိုကြားရဖို့ ရိပေါ်မစောင့်နိုင်တော့ဘူး။
"ဟို..ဟမ်း..ယောက်...ယောက်ျား "
"မင်းနော် "
"ကိုကို "
ဆက်ရန်.......
နိုင်ပါစေ
#အနု
Continue Reading
You'll Also Like
121K 8.1K 19
အမုန်းနဲ့စတင်ခဲ့တဲ့ ကိုယ်တို့နှစ်ယောက်ကြားမှာ အချစ်ဆိုတဲ့အရာလေးက မမျှော်လင့်ပဲ ရှင်သန်ပေါက်ဖွားလာခဲ့တယ် #Chanbaek #yaoi
290K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
566K 33.1K 19
Zhanyi Fic ပါ (Xiao Zhan Seme) ကြိုပြောထားပါတယ်နော်။ ဖြောင့်နေတယ် Straight စစ်စစ် Play boyတစ်ယောက်ကိုကွေးအောင်လုပ်ဖို့ကထင်သလိုမလွယ်ကူပါဘူး။ မကွေးကွေ...
12.5K 1.2K 27
Uni: အချစ်ခံရသူလည်းစူး၊ချစ်ရသူလည်းရူးတဲ့မေတ္တာမျိုးကနေကွေကွင်းခွင့်ရဖို့ဆုတောင်းကြစို့။ Let Bygones Be Bygones Zawgyi+Unicode ~~~~...