๐™ฑ๐šŽ๐š๐š˜๐š›๐šŽ ๐š†๐šŽ ๐™ต๐šŠ๐š•๐š• ๐™ธ...

Daydream-fah เคฆเฅเคตเคพเคฐเคพ

12.5K 978 193

๐š‚๐šŽ๐šŠ๐šœ๐š˜๐š— 2 ๐š˜๐š ๐šƒ๐š‘๐šŽ ๐™ผ๐š˜๐šœ๐š ๐™ฑ๐šŽ๐šŠ๐šž๐š๐š’๐š๐šž๐š• ๐™ฒ๐š˜๐šž๐š™๐š•๐šŽ เค…เคงเคฟเค•

Chapter One
Chapter Three
Chapter Four
Chapter Five
Chapter Six
Final

Chapter Two

1.4K 132 9
Daydream-fah เคฆเฅเคตเคพเคฐเคพ

Unicode

ဒီနေ့က အတန်းစတက်ရမယ့်နေ့ဖြစ်တာမို့ ရိပေါ်နဲ့ကျင်းရီက မနက်ထဲကအစောကြီးထပြီး အတန်းတက်ဖို့ ပြင်ဆင်နေကြလေသည်။ ညစာထွက်စားရင်း ကျောင်းဝင်းထဲနဲ့ ကျောင်းအပြင်အနီးတစ်ဝိုက်ကို လျှောက်ကြည့်ခဲ့ကြပြီးပြီမို့ မနေ့ကလိုလမ်းပျောက်စရာအကြောင်းတော့မရှိပေ။

အချိန်ဇယားကိုကြည့်လိုက်တော့ ပထမဆုံးအချိန်မှာတင်မေဂျာletureအချိန်ပါနေတာမို့ မနက်စာကိုခပ်သွက်သွက်စားရင်း နှစ်ယောက်သားအဆောင်ကနေထွက်လာခဲ့လိုက်သည်။ သူတို့က အခုမှတက္ကသိုလ်စတက်တဲ့ ပထမနှစ်လေးတွေမို့ ဆရာတွေအားလုံးက မိတ်ဆက်စကားလောက်ပဲပြောပြီး အတန်းကိုစောစောဆင်းပေးလေသည်။

"တက္ကသိုလ်တက်ရင် ကျောင်းတွင်းကလပ်လေးတွေဝင်ရတယ်ကြားတယ်။ မင်းရော ဘယ်ကလပ်ကိုဝင်ချင်လဲရိပေါ် "

နောက်အချိန်အတွက် ဆရာမလာသေးတာမို့ စောင့်နေကြရင်း အားတက်သရောစကားစလာတဲ့ကျင်းရီကြောင့် ရိပေါ်မျက်ဆံလေးကိုထောင့်ကပ်လို့ အတန်ကြာစဥ်းစားလိုက်ရင်း

"ဘတ်စ်ကတ်ဘောကလပ်ထဲဝင်ရင်ကောင်းမလားလို့... သိပ်တော့မသေချာသေးဘူး။ မင်းရော.."

"ငါက ပြဇာတ်ကလပ်ထဲဝင်ချင်တယ်။ အဲ့မှာက ကောင်မလေးချောချောလေးတွေအများကြီးရှိတယ်တဲ့ ဟီးဟီး"

သွားအ​ဖြဲသားဖြင့်ပြောလာတဲ့ကျင်းရီရဲ့စကားကြောင့် ရိပေါ်ခေါင်းအသာခါပြလိုက်မိသည်။ ထို့နောက် အတန်းထဲကိုဆရာနဲ့အတူ အနောက်ကနေလိုက်ပြီးဝင်လာတဲ့သူကြောင့် ရိပေါ်မျက်လုံးပြူးသွားမိသည်။ ဒီလူက ဘယ်လိုဖြစ်ပြီးပါလာရပြန်တာလဲ။

သူကြည့်နေရင်းနှင့်ပင် ထိုလူကသူ့ကိုမြင်သွားပြီး ပြီတီတီမျက်နှာဖြင့် မျက်လုံးတစ်ဖက်မှိတ်ပြလာတာမို့ ခေါင်းကိုအမြန်ငုံ့ချလိုက်မိသည်။

"အားလုံးသိပြီးလောက်ပြီးဖြစ်ပေမယ့် အချို့မသိသေးတဲ့သူတွေလည်း ရှိဦးမှာမို့ ထပ်ပြီးမိတ်ဆက်ပေးပါမယ်။ အကိုကတော့ အနုပညာမေဂျာနောက်ဆုံးနှစ်ကရှောင်းကျန့်ပါ... ရုပ်အရမ်းချောလို့ဆိုပြီး မခေါ်ရဲမပြောရဲနဲ့ ရှိန်မနေကြပါနဲ့။ ဒီကစီနီယာအကိုကြီးက ရုပ်ချောသလို သဘောလည်းအရမ်းကောင်းတာမို့ အခြားမစဥ်းစားပဲ အကိုတို့ရဲ့ပြဇာတ်ကလပ်ထဲကို ဝင်ဖို့အကြံပေးချင်ပါတယ်"

"ဟိုလေ... ညီမတို့က ပြဇာတ်ကလပ်ထဲဝင်ရင် ကောကောကဘာပြန်ပေးမှာလဲဟင်"

ရိပေါ်ထိုင်နေတဲ့အနောက်တန်းဖက်က ခပ်သွက်သွက်ကောင်မလေးတစ်ယောက်ရဲ့မေးသံကြောင့် ခေါင်းငုံ့ထားတဲ့ကြားက ရိပေါ်ရဲ့နားရွက်လေးတွေက အလိုလိုထောင်မတ်သွားတော့သည်။ ကိုယ်ကြိုက်တဲ့ကလပ်ထဲ ဝင်ခွင့်ရှိတာပဲကို အဲ့လိုပြန်မေးနေဖို့လိုလို့လားနော်။ ဝင်ချင်ရင် ဝင်ချင်တယ်။ မဝင်ချင်ရင် မဝင်ဘူးပေါ့..။

ထိုလူဘယ်လိုပြန်ဖြေမလဲဆိုတာ သိချင်တာမို့ ခေါင်းငုံ့ထားရာကနေ မျက်လုံးလေးဝင့်လို့ လှမ်းကြည့်မိတော့ ထိုလူကပါးစပ်ကနားရွက်ကိုတက်ပြီးချိတ်တော့မတတ်ရယ်ရင်း ရိပေါ်ဖက်ကိုလှမ်းကြည့်နေတာမို့ အကြည့်ချက်ချင်းပြန်လွှဲလိုက်မိသည်။

ကောကောလို့အခေါ်ခံရတာလေးကို အဲ့လောက်တောင်ပျော်နေတာလား။ သူကလည်း ဘာလို့ဒီခုံကိုမှရွေးပြီးထိုင်မိသလဲမသိဘူး။ အခုတော့ ကျီစယ်နေကြတဲ့အချစ်ငှက်နှစ်ကောင်ကြား သူကကြားခံနယ်လိုဖြစ်နေပြီ။

"ရိပေါ် မင်းလည်းငါနဲ့အတူ ပြဇာတ်ကလပ်ထဲအတူလိုက်ဝင်ပါလား။ အဖော်ရတာပေါ့"

ဘေးနားကကျင်းရီရဲ့စကားကြောင့် ကောင်မလေးတွေပတ်လည်ဝိုင်းနေတဲ့ကြားက ယုန်သွားနှစ်ချောင်းကို ဖြဲလို့ရယ်နေတဲ့လူကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးမှ ဟွန့်ခနဲနှာမှုတ်လိုက်ရင်း

"မဝင်ချင်ပါဘူး... ရှုပ်ရှုပ်ယှက်ယှက်တွေ။ ငါသွားပြီ"

ဘာမပြောညာမပြောနဲ့ ရုတ်တရက်ကြီးထထွက်သွားတဲ့ရိပေါ်​ကြောင့် ကျင်းရီဘာလုပ်ရမှန်းမသိဖြစ်နေရင်းမှ ရိပေါ်နောက်ကိုပဲပြေးလိုက်သွားလိုက်တော့သည်။ ကလပ်မှာစာရင်းသွင်းဖို့ကိစ္စကိုတော့ နောက်မှပဲလုပ်ရမည်။

ရိပေါ်အခန်းထဲကထွက်လာတာနဲ့ တိုက်တိုက်ဆိုင်ဆိုင်မားတို့ဆီက ဖုန်းဝင်လာတာမို့ ဝမ်းသာအားရဖြင့် ကိုင်လိုက်ရင်း အနားကခုံတန်းလေးမှာဝင်ထိုင်လိုက်မိသည်။

"ပထမဆုံးကျောင်းတက်ရတဲ့နေ့ဆိုတော့ ဘယ်လိုနေလဲသားလေး။ အဆင်ရောပြေရဲ့လား"

"ဟုတ်.. ပြေပါတယ်မားရဲ့"

"စာသေချာလိုက်လုပ်နော်သားလေး။ သူငယ်ချင်းတွေနဲ့လည်း အဆင်ပြေအောင်နေကြားလား။ အစားကိုလည်း အချိန်မှန်စားနော် အဆာမလွန်စေနဲ့။ တော်ကြာ ဗိုက်ပြန်အောင့်လာရင် ဂရုစိုက်ပေးမယ့်မားတို့ကဘေးမှာရှိတာမဟုတ်ဘူး"

ထုံးစံအတိုင်း မမောမပန်းမှာကြားနေပြန်တဲ့မားကြောင့် ရိပေါ်မျက်နှာလေးက တဖြည်းဖြည်း မအီမသာဖြစ်လာရင်း

"မားကလည်း သားက ကလေးမဟုတ်တော့ပါဘူးဆို။ ဒါတွေပဲ ထပ်တလဲလဲပြောနေတော့တာပဲ"

"အော် ဒီကလေးနဲ့တော့..။ မားတို့က ဖြစ်နိူင်ရင် သားကိုလော့ရန်မှာပဲ ကျောင်းဆက်တက်စေချင်တာ။ သားကပူဆာလွန်းလို့သာ ရှန်ဟိုင်းကိုပို့လိုက်ရတာ။ မားတို့ကနည်းနည်းလေးမှတောင် စိတ်ချတာမဟုတ်ဘူး။

ဒါနဲ့ သားရဲ့ပါးပြောတာ.... အဲ့ဒီမှာ သားတို့မေဂျာကပဲ အတော်လေးဖော်ရွေတဲ့လူငယ်လေးတစ်ယောက်နဲ့တွေ့ခဲ့တယ်ဆို။ သားရဲ့ပါးက တက္ကသိုလ်ဝင်းထဲမှာတစ်ယောက်ထဲ ယောင်လည်လည်ဖြစ်နေတော့ အဲ့ဒီလူငယ်လေးက အဖော်လုပ်ပြီးသားပြန်အလာကိုကူစောင့်ပေးတာတဲ့။

ဒီခေတ်ကြီးထဲမှာ အဲ့လိုစိတ်စေတနာကောင်းပြီး ယဥ်ကျေးပျူငှာတဲ့လူငယ်မျိုးက အရမ်းရှားသွားပြီကွဲ့"

မားရဲ့စကားတွေကို နားထောင်နေရင်း ရိပေါ်စိတ်ထဲကနေ ရှောင်းကျန့်ဆိုသူကို ကြိတ်ပြီးကျိန်ဆဲနေမိသည်။ ဒါကြောင့်မနေ့က အဲ့ဒီလူကိုပါးနဲ့အတူတွေ့လိုက်ရတာကိုး။ တော်တော်လည်း တတ်နိူင်တဲ့လူ။ ပါးလို တော်ရုံရင်းနှီးမလွယ်တဲ့သူကိုတောင် အချိန်တိုအတွင်းစည်းရုံးလိုက်နိူင်တာ။

မားနဲ့ပါးကသာ လွှတ်ပြီးအမွှန်းတင်နေကြတာ။ ဟိုကဖြင့် အနားမှာ ကောင်မလေးတွေဒီလောက်ပတ်လည်ဝိုင်းနေတာတောင် သူ့ကိုလာပြီးရိသဲ့သဲ့လုပ်နေနိူင်သေးတယ်။ အခြားကောင်မလေးတွေကိုလည်း သူ့လိုပဲ တွေ့တိုင်းမျက်လုံးမှိတ်ပြလိုက် ရယ်ပြလိုက်လုပ်နေလို့ ကောင်မလေးတွေက ခုနကလိုမျိုးရဲတင်းနေကြတာလားမှမသိတာ။

တကယ်ပဲ ဘယ်လောက်တောင်မှစိတ်ပျက်စရာကောင်းလိုက်သလဲ။

"ဟဲ့သား ဘာတွေငြိမ်နေတာလဲ။ မားပြောတာကြားလား"

"အတန်းတက်ရတော့မှာမို့ ဖုန်းချလိုက်တော့မယ်နော်မား။ ညကျမှ ဖုန်းထပ်ဆက်လိုက်တော့မယ်"

သူမဘက်ကဘာမှပြန်မပြောသေးခင်မှာတင် တီခနဲကျသွားတဲ့ဖုန်းကြောင့် ခေါင်းအသာခါလိုက်မိသည်။ ဒီကလေးက လူကြည့်တော့သာလည်မယောင်နဲ့။ တကယ်တမ်းက အူတိအူကြောင်လေးရယ်မို့ အစစအရာရာအဆင်ပြေဖို့သာ ဆုတောင်းရတော့မည်။

☃☃☃

ကျင်းရီနဲ့အတူ ကန်တင်းမှာနေ့လည်စာစားနေရင်းက ဆူဆူညံညံအသံတွေကြားလိုက်ရတာမို့ ဆိုင်အပြင်ဖက်ကိုလှမ်းကြည့်မိတော့ ခပ်ပြုံးပြုံးမျက်နှာဖြင့် သူငယ်ချင်းတွေနဲ့အတူ ဆိုင်ထဲကိုဝင်လာတဲ့လူကြောင့် ရိပေါ်မျက်နှာကိုအမြန်လွှဲလိုက်မိသည်။ တကယ်ပါပဲ ဘာလို့ဒီလူနဲ့ပဲ ခဏခဏတွေ့နေရတာလဲ။

ထုံးစံအတိုင်း ထိုလူရောက်လာတာနဲ့ ခုနကအထိလူရှင်းနေတဲ့ကန်တင်းတစ်ခုလုံးက မိန်းကလေးတွေနဲ့ ပြည့်နှက်သွားပြီး ​ကျွပ်ကျွပ်ညံနေတာမို့ ရိပေါ်မျက်နှာကိုမဲ့ယွဲ့လိုက်မိသည်။ သာမန်ကြည့်ကောင်းရုံလောက်ပဲကို။ ဘာတွေများအဲ့လောက်တောင် ထူးခြားပြီးစိတ်ဝင်စားစရာကောင်းနေလို့လဲ။

"ကျင်းရီ မင်းစားလို့ပြီးပြီမလား။ သွားရအောင်"

"နေပါဦးကွ.. စီနီယာရှောင်းကျန့်နဲ့ တွေ့တုန်းတွေ့ခိုက်လေး ပြဇာတ်ကလပ်မှာပါဖို့ ငါ့နာမည်စာရင်းသွားပေးချင်လို့။ မင်းပါလိုက်ခဲ့ပေးနော် .... ငါထင်ထားတဲ့အတိုင်းပဲ ပြဇာတ်ကလပ်ထဲမှာ ကောင်မလေးတွေအများကြီးပဲကွ။ ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်ခံလိုက်ရင် ငါရူးနေတာပဲဖြစ်မှာ။ စီနီယာရှောင်းကျန့်ကိုတော့ အားကျပါဘိကွာ"

ထိုလူထိုင်နေတဲ့ဝိုင်းဘက်ကို ကြည့်ပြီးအားကျသယောင်ပြောလာတဲ့ကျင်းရီရဲ့စကားကြောင့် ရိပေါ်မျက်နှာကို မဲ့ယွဲ့ပစ်လိုက်မိသည်။ မိန်းကလေးတွေဘေးနားမှာပတ်လည်ဝိုင်းနေတာ ဘာများပျော်စရာကောင်းပြီး အားကျစရာကောင်းနေလို့လဲ။

"မလိုက်ပါဘူး။ မင်းကိစ္စမင်းဖာသာသွားလုပ်ပေါ့။ ငါအပြင်ကနေစောင့်နေမယ်"

ပြောပြီးတာနဲ့ ထရပ်ဖို့ပြင်လိုက်တော့ ကျင်းရီကအထမခံပဲ ရိပေါ်လက်တစ်ဖက်ကိုလှမ်းဆွဲထားတာကြောင့် လွတ်နေတဲ့လက်တစ်ဖက်ဖြင့် ကျင်းရီရဲ့လက်ကိုရိုက်ထုတ်လိုက်တော့ ကျင်းရီကနာသွားတဲ့သူ့လက်ကိုပွတ်နေရင်းက

"အတန်းထဲမှာတုန်းက တစ်ခါထဲစာရင်းပေးခဲ့ဖို့ကို မင်းထွက်သွားတာနဲ့ ငါပါလိုက်လာရတာ။ စာရင်းကမပေးခဲ့လိုက်ရဘူး။ လုပ်ပါ ရိပေါ်ရာ... ခဏလေးပဲကို"

ကျင်းရီကဘယ်လိုမှပြောလို့ရမယ့်ပုံလည်း မပေါ်တာမို့ ရိပေါ်မျက်နှာလေးကဆူပုတ်လို့နေတော့သည်။ အဲ့ဒီလူနဲ့မပတ်သတ်ချင်ပါဘူးဆိုနေမှ။ ရိပေါ်နဲ့ကျင်းရီတို့နှစ်ယောက် ထိုလူထိုင်နေတဲ့အနားကိုလျှောက်သွားလိုက်တော့ ထိုလူကသူငယ်ချင်းတွေနဲ့စကားပြောနေရာကနေ လှမ်းကြည့်ပြီး ရိပေါ်ကိုမြင်တော့ အံ့သြသွားပုံပင်။

ရိပေါ်လည်း ကျင်းရီကိုလုပ်စရာရှိတာမြန်မြန်လုပ်ဆိုတဲ့သဘောဖြင့် မျက်စပစ်ပြလိုက်ရင်း မျက်နှာကိုတော့တစ်ဖက်ကိုလွှဲထားလိုက်သည်။ ထိုလူနဲ့စကား​ပြောဖို့နေနေသာသာ အနားမှာရပ်နေရုံနဲ့တင်ကို ဘေးပတ်လည်ကမိန်းကလေးတွေက သူတို့နှစ်ယောက်ကိုအထူးတဆန်းလို လိုက်ကြည့်နေတော့တာ။ ရိပေါ်ကအရင်ထဲက တစ်ယောက်ထဲတစ်သီးတစ်သန့်နေတတ်တဲ့သူမို့ အခုလိုမျိုးအာရုံစိုက်ခံနေရတာနဲ့တင် တော်တော်လေးရှက်နေလေပြီ။

ကလပ်ထဲစာရင်းသွင်းတဲ့ကိစ္စတွေနဲ့ ရှုပ်ယှက်ခတ်သွားတဲ့တစ်ခဏ လူရှင်းသွားတဲ့အခါ သတိဝင်လာလို့ အတန်းထဲကိုဝေ့ဝဲရှာမိတော့ သူတွေ့ချင်တဲ့အရိပ်အယောင်လေးကမရှိတော့တာမို့ သက်ပြင်းခပ်ကြိတ်ကြိတ်ချလိုက်မိသည်။ သူဘာလို့ အဲ့ဒီအကောင်ပေါက်လေးကိုပဲ လိုက်ရှာနေမိတာလဲ။

တစ်ခါမှမဖြစ်ဖူးတဲ့ ခံစားချက်ကြောင့်လည်း ရှောင်းကျန့်ခေါင်းကိုအသာခါထုတ်လိုက်မိသည်။ တွေ့တာမှတစ်ရက်နှစ်ရက်ပဲရှိသေးတဲ့ကောင်လေးတစ်ယောက်ကို ရင်ခုန်တယ်ဆိုတာကဘယ်လိုလုပ်ပြီးဖြစ်နိူင်မှာလဲ။ အရူးမထစမ်းပါနဲ့ ရှောင်းကျန့်ရာ..။

ကိုယ့်စိတ်ကိုယ်သတိပြန်ပေးလိုက်ရင်း စိတ်ပြေလက်ပျောက်ဖြစ်အောင် ကျိုးချန်တို့နဲ့အတူကန်တင်းကိုရောက်သွားတဲ့အခါမှာလည်း တွေ့လိုက်ရပြန်တဲ့မျက်နှာလေးကြောင့် သူ့ရင်ဘတ်ထဲကတဒုန်းဒုန်းတဒိုင်းဒိုင်းဖြင့် သံစုံမြည်နေတော့သည်။

ဆူပုတ်ပုတ်မျက်နှာလေးနဲ့ သူရှိရာကိုလျှောက်လာတဲ့အကောင်ပေါက်လေးက သူနဲ့အကြည့်ချင်းမဆုံအောင်အတင်းရှောင်နေကာ မျက်နှာကိုတစ်ဖက်လွှဲထားတာမို့ ဘေးတစ်စောင်းမြင်နေရတဲ့ နှုတ်ခမ်းစူစူလေး နှာခေါင်းလုံးလေးတွေကိုကြည့်ရင်း သူ့မှာရေငတ်ချင်သလိုလို လက်တုန်ချင်သလိုလိုပင်ဖြစ်လာသည်။

"ကျွန်တော်က စီနီယာရဲ့ပြဇာတ်ကလပ်ထဲကို ဝင်ချင်လို့ပါဗျ"

"နာမည်ဘယ်လိုခေါ်လဲ"

"ကျင်းရီပါခင်ဗျ..."

"မင်းမဟုတ်ဘူး ဘေးကဆူပုတ်ပုတ်နဲ့ဝက်ပေါက်လေးကိုမေးတာ"

"ခင်ဗျား ဘာစကားပြောတာလဲ"

တစ်ချိန်လုံး မျက်နှာလွှဲထားတဲ့အကောင်ပေါက်လေးက သူ့စကားကြားတော့မှ အကြည့်ချင်းဆုံလာတာမို့ သဘောတကျပြုံးလိုက်မိသည်။ ဒါကိုပဲ ပိုလို့စိတ်ဆိုးသွားပုံရတဲ့ ဒေါသအိုးလေးကမျက်နှာတစ်ပြင်လုံးနီရဲလာကာ နှုတ်ခမ်းဖူးလေးတွေကလည်း ပိုလို့ထော်လာတာမို့ ရှောင်းကျန့်ရယ်ချင်စိတ်ကိုမနည်းထိန်းနေရသည်။

"မင်းကလည်း စီနီယာကသက်သက်စနေတာဖြစ်မှာပါကွာ။ အဟမ်း.. ကျွန်တော့်သူငယ်ချင်းနာမည်က..."

"ကျင်းရီ.."

စီနီယာရှောင်းကျန့်ကို မျက်နှာလိုမျက်နှာရလုပ်လိုရငြား ပြောဖို့ပြင်နေတဲ့ကျင်းရီခမျာ ဘေးနားကရိပေါ်ရဲ့ဆောင့်ဆောင့်အောင့်အောင့်အော်သံကြောင့် ဆတ်ခနဲပင်တုန်သွားရသည်။ ထို့နောက် ရိပေါ်ကသူ့ကိုအံကြိတ်လို့ မျက်လုံးပြူးပြရင်း ဒေါသတကြီးဖြင့်ထွက်သွားတာမို့ စီနီယာရှောင်းကျန့်ဘက်လှည့်လို့ သွားဖြဲပြရင်း ရိပေါ်နောက်ပြေးလိုက်ရတော့သည်။

တစ်ဖက်ကရှောင်းကျန့်မှာတော့ သူ့ကိုပေစောင်းစောင်းလေးကြည့်ပြီး ခြေဆောင့်လို့ထွက်သွားတဲ့ဝက်ပေါက်လေးတစ်ကောင်ကြောင့် သဘောကျလွန်းလို့ တဟားဟားပင်အော်ရယ်လိုက်မိတော့သည်။ ဒီအကောင်ပေါက်လေးက ဘာလို့ဒီလောက်တောင်စလို့ကောင်းနေရတာလဲ။

"ဘာလို့ကလေးတွေကို သွားစနေတာလဲရှောင်းကျန့်။ ဟိုကတော်တော်ဒေါကန်သွားပုံရတယ်... မင်းကိုကြည့်သွားတဲ့ပုံများ ငါတောင်ကြက်သီးထတယ်"

ဘေးနားကကျိုးချန်ရဲ့စကားကြောင့် ရှောင်းကျန့်ရယ်နေရာကနေ ခေါင်းကိုအသာခါရမ်းလိုက်ရင်း

"ဒါတွေ မင်းနားမလည်ပါဘူးကွာ"

☃☃☃

"အချစ်... အချစ် ဘာလို့ဒီလောက်တောင် မြန်မြန်လျှောက်နေရတာလဲ။ ကိုယ့်ကိုစောင့်ပါဦး"

အဆောင်ကထွက်လာကတည်းက လမ်းတစ်လျှောက်လုံး အနောက်ကနေတောက်လျှောက်လိုက်လို့ အရှက်မရှိအော်ခေါ်နေတဲ့လူကြောင့် ရိပေါ်ခြေလှမ်းတွေကို ပိုသွက်လိုက်မိသည်။ မနေ့က ကျင်းရီတစ်ယောက်အစားစုံလျှောက်စားပြီး ဗိုက်မကောင်းတာမို့ ရိပေါ်တစ်ယောက်ထဲ လာရတဲ့နေ့ကျမှ ဒီလူနဲ့ဆုံရတယ်လို့။

လမ်းသွားလမ်းလာတွေကလည်း ရိပေါ်တို့ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေကြတာမို့ ရိပေါ်အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ရင်း အနောက်ကိုလှည့်လိုက်တော့ ပြောင်ချော်ချော်မျက်နှာနဲ့ထိုလူက ယုန်သွားနှစ်ချောင်းကိုထုတ်ကြွားနေပြန်သည်။ ရိပေါ်ဘယ်လိုမှ သည်းမခံနိူင်တော့တာမို့ မျက်ခုံးတွေကို တွန့်ချိုးပစ်လိုက်ရင်း

"ဘာလို့ကျွန်တော့်ကို လိုက်နှောင့်ယှက်နေတာလဲ။ ပြီးတော့ ဘာလို့အဲ့လိုလိုက်ခေါ်နေတာလဲ.... သူများတွေကြားလို့တစ်မျိုးထင်ကုန်ရင် ဘယ်လိုလုပ်မလဲ"

"လိုက်နှောင့်ယှက်တာမဟုတ်ပါဘူး.. ကိုယ်ကမင်းနဲ့ရင်းနှီးချင်လို့။ ပြီးတော့ မင်းကနာမည်မှမပြောတာ အဲ့တော့ကိုယ်ခေါ်တတ်သလိုပဲ ခေါ်ရတော့တာပေါ့"

ပခုံးနှစ်ဖက်ကိုတွန့်လို့ အေးအေးလူလူပြောလာတဲ့လူကြောင့် ရိပေါ်ဒေါသအရှိန်တွေကတဖြည်းဖြည်းနဲ့ မြင့်တက်လာလေသည်။ ခေါ်တတ်သလို ခေါ်တယ်ဆိုပဲ။ တွေ့သမျှ ကောင်မလေးတိုင်းကို အဲ့လိုလိုက်ခေါ်နေကြမို့ နှုတ်ကျိုးနေတာဖြစ်မှာပေါ့။

"ကျွန်တော်ကတော့ ခင်ဗျားနဲ့မရင်းနှီးချင်ဘူး"

ပြောပြီးတာနဲ့ ပြန်လှည့်ထွက်လာဖို့ပြင်လိုက်ပေမယ့် ထိုလူက သူ့ရှေ့ထပ်ပြီးပိတ်ရပ်လိုက်ပြန်တာမို့ ခြေတစ်လှမ်းလောက်အနောက်ကိုဆုတ်လိုက်မိသည်။

"ဘာလို့လဲ... ပါးပါးနဲ့မားမားက ဆူမှာကြောက်လို့လား။ မကြောက်ပါနဲ့ အဲ့အခါကျ ကိုယ်ကကိုယ့်ရဲ့အချစ်ကို ကာကွယ်ပေးမှာပေါ့"

မျက်လုံးတစ်ဖက်ကိုအသာမှိတ်ပြရင်း စပ်ဖြဲဖြဲမျက်နှာဖြင့်​ပြောလာတဲ့လူကြောင့် ရိပေါ်ထိုလူ့ရဲ့ရင်ဘတ်ကို တွန်းထုတ်လိုက်ကာ

"ဘာအချစ်လဲ ... ခင်ဗျားအရမ်းတရားလွန်နေပြီနော်။ ပြောမရရင် ကျွန်တော်ကျောင်းသားရေးရာမှာ သွားတိုင်တော့မှာ"

"အချစ်ကလည်းကွာ ဘာလို့လွယ်တာကို ခက်အောင်လုပ်နေရတာလဲ။ ကိုယ်က အချစ်နာမည်ကို မသိလို့ အချစ်ကို အချစ်လို့ခေါ်မိတာကို။ အချစ်ကသာ အချစ်နာမည်ကိုပြောပြလိုက်မယ်ဆို အချစ်ကို အချစ်လို့ထပ်ပြီး ခေါ်စရာမလို..."

မကြိုက်ပါဘူးဆိုမှ အချစ်ချင်းထပ်အောင်ခေါ်နေပြန်တဲ့မျက်နှာရူးကြောင့် ရိပေါ်မျက်လုံးတွေစုံမှိတ်လို့ ကုန်းအော်လိုက်မိတော့သည်။

"ဝမ်ရိပေါ် ရပြီလား။ ကျွန်တော့်နာမည်က ဝမ် ရိ ပေါ်။ နောက်တစ်ခါထပ်ပြီး အချစ်လို့ထပ်ခေါ်မယ်ဆို ခင်ဗျားရဲ့အဲ့ဒီရှည်ထွက်နေတဲ့သွားနှစ်ချောင်းကို ဆွဲနှုတ်ပစ်မယ်... မလုပ်ရဲဘူးမထင်နဲ့"

"အချစ်.. အဲလေ.... ရိပေါ်ကလည်း ဒေါသကြီးလိုက်တာကွာ။ ကိုယ်က စီနီယာဆိုတော့ ကိုယ့်ရဲ့ဂျူနီယာလေးတွေကို သေချာဂရုစိုက်ပေးချင်တဲ့စေတနာပဲရှိတာပါ"

လူတကာတိုင်းအပေါ်ထားနိူင်လွန်းတဲ့အဲ့ဒီစေတနာကို အခြားကောင်မလေးတွေအပေါ်သွားထားပါလား။ ပြောပြောဆိုဆိုနဲ့ သူ့နောက်ကိုထပ်ပြီးလိုက်လာဖို့ ပြင်နေပြန်တာမို့ အနောက်ကိုဆတ်ခနဲလှည့်ကြည့်လိုက်ရင်း

"ဆက်လိုက်မလာနဲ့.... မဟုတ်လို့ကတော့ ခင်ဗျားကိုတကယ်ကျောင်းသားရေးရာမှာသွားတိုင်တော့မှာ"

သူ့ကိုမကျေမချမ်းကြည့်ပြီး ထွက်သွားတဲ့ဒေါသအိုးလေးရဲ့ကျောပြင်ကိုကြည့်ပြီး ​ရှောင်းကျန့်မှာပခုံးတွေတလှုပ်လှုပ်ဖြင့် ရယ်နေမိသည်။ ဒီအကောင်ပေါက်လေးကို စတွေ့တဲ့နေ့ထဲက သူစုံစမ်းထားတာမို့ နာမည် မေဂျာ အတန်းစတာတွေကို သိနှင့်ပြီးသားဖြစ်သည်။ ဒါပေမယ့် ဒေါသအိုးဝက်ပေါက်လေးကို စချင်တာမို့ တမင်မသိချင်ယောင်ဆောင်ပြီး မေးမိတော့ ဒေါသထွက်နေတဲ့ပုံလေးက တကယ်ကိုအူယားစရာပင်။

သူဒီနေ့ကစပြီး ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီဖြစ်သည်။ ရှက်တတ်လွန်းတဲ့ ဆတ်ဆတ်ထိမခံဒေါသအိုးလေးကို ဒီနေ့ကစပြီး သူတရားဝင်ပိုးပန်းတော့မှာမို့ အကောင်ပေါက်လေးက ရှက်ရမ်းရမ်းပြီး သူ့ကိုအရမ်းကြီးစိမ်းကားမနေဖို့သာ ဆုတောင်းမိသည်။


လူအချို့ကပြောတယ်... ကြယ်လေးတွေက ညကောင်းကင်ယံမှာမှ ထွက်ပေါ်လာနိူင်တာတဲ့။ ဒီလိုစကားကြားတိုင်း ညီမကတော့ ခေါင်းခါမိတော့တာပဲ။ ဘာလို့ဆို ညီမသိတဲ့အလှဆုံးကြယ်လေးတွေက ဘယ်အချိန်မဆို အကို့ရဲ့မျက်ဝန်းလေးတွေထဲကိုကြည့်လိုက်တဲ့အခါတိုင်း မြင်နေရတာမို့လေ....

ညီမတို့ရဲ့နေ့ရက်တိုင်းအတွက် ပျော်ရွှင်ခြင်းလေးအဖြစ်ရှိနေပေးလို့ ကျေးဇူးပါလို့...




Zawgyi

ဒီေန႕က အတန္းစတက္ရမယ့္ေန႕ျဖစ္တာမို႔ ရိေပၚနဲ႕က်င္းရီက မနက္ထဲကအေစာႀကီးထၿပီး အတန္းတက္ဖို႔ ျပင္ဆင္ေနၾကေလသည္။ ညစာထြက္စားရင္း ေက်ာင္းဝင္းထဲနဲ႕ ေက်ာင္းအျပင္အနီးတစ္ဝိုက္ကို ေလွ်ာက္ၾကည့္ခဲ့ၾကၿပီးၿပီမို႔ မေန႕ကလိုလမ္းေပ်ာက္စရာအေၾကာင္းေတာ့မရွိေပ။

အခ်ိန္ဇယားကိုၾကည့္လိုက္ေတာ့ ပထမဆုံးအခ်ိန္မွာတင္ေမဂ်ာletureအခ်ိန္ပါေနတာမို႔ မနက္စာကိုခပ္သြက္သြက္စားရင္း ႏွစ္ေယာက္သားအေဆာင္ကေနထြက္လာခဲ့လိုက္သည္။ သူတို႔က အခုမွတကၠသိုလ္စတက္တဲ့ ပထမႏွစ္ေလးေတြမို႔ ဆရာေတြအားလုံးက မိတ္ဆက္စကားေလာက္ပဲေျပာၿပီး အတန္းကိုေစာေစာဆင္းေပးေလသည္။

"တကၠသိုလ္တက္ရင္ ေက်ာင္းတြင္းကလပ္ေလးေတြဝင္ရတယ္ၾကားတယ္။ မင္းေရာ ဘယ္ကလပ္ကိုဝင္ခ်င္လဲရိေပၚ "

ေနာက္အခ်ိန္အတြက္ ဆရာမလာေသးတာမို႔ ေစာင့္ေနၾကရင္း အားတက္သေရာစကားစလာတဲ့က်င္းရီေၾကာင့္ ရိေပၚမ်က္ဆံေလးကိုေထာင့္ကပ္လို႔ အတန္ၾကာစဥ္းစားလိုက္ရင္း

"ဘတ္စ္ကတ္ေဘာကလပ္ထဲဝင္ရင္ေကာင္းမလားလို႔... သိပ္ေတာ့မေသခ်ာေသးဘူး။ မင္းေရာ.."

"ငါက ျပဇာတ္ကလပ္ထဲဝင္ခ်င္တယ္။ အဲ့မွာက ေကာင္မေလးေခ်ာေခ်ာေလးေတြအမ်ားႀကီးရွိတယ္တဲ့ ဟီးဟီး"

သြားအ​ၿဖဲသားျဖင့္ေျပာလာတဲ့က်င္းရီရဲ႕စကားေၾကာင့္ ရိေပၚေခါင္းအသာခါျပလိုက္မိသည္။ ထို႔ေနာက္ အတန္းထဲကိုဆရာနဲ႕အတူ အေနာက္ကေနလိုက္ၿပီးဝင္လာတဲ့သူေၾကာင့္ ရိေပၚမ်က္လုံးျပဴးသြားမိသည္။ ဒီလူက ဘယ္လိုျဖစ္ၿပီးပါလာရျပန္တာလဲ။

သူၾကည့္ေနရင္းႏွင့္ပင္ ထိုလူကသူ႕ကိုျမင္သြားၿပီး ၿပီတီတီမ်က္ႏွာျဖင့္ မ်က္လုံးတစ္ဖက္မွိတ္ျပလာတာမို႔ ေခါင္းကိုအျမန္ငုံ႕ခ်လိဳက္မိသည္။

"အားလုံးသိၿပီးေလာက္ၿပီးျဖစ္ေပမယ့္ အခ်ိဳ႕မသိေသးတဲ့သူေတြလည္း ရွိဦးမွာမို႔ ထပ္ၿပီးမိတ္ဆက္ေပးပါမယ္။ အကိုကေတာ့ အႏုပညာေမဂ်ာေနာက္ဆုံးႏွစ္ကေရွာင္းက်န့္ပါ... ႐ုပ္အရမ္းေခ်ာလို႔ဆိုၿပီး မေခၚရဲမေျပာရဲနဲ႕ ရွိန္မေနၾကပါနဲ႕။ ဒီကစီနီယာအကိုႀကီးက ႐ုပ္ေခ်ာသလို သေဘာလည္းအရမ္းေကာင္းတာမို႔ အျခားမစဥ္းစားပဲ အကိုတို႔ရဲ႕ျပဇာတ္ကလပ္ထဲကို ဝင္ဖို႔အႀကံေပးခ်င္ပါတယ္"

"ဟိုေလ... ညီမတို႔က ျပဇာတ္ကလပ္ထဲဝင္ရင္ ေကာေကာကဘာျပန္ေပးမွာလဲဟင္"

ရိေပၚထိုင္ေနတဲ့အေနာက္တန္းဖက္က ခပ္သြက္သြက္ေကာင္မေလးတစ္ေယာက္ရဲ႕ေမးသံေၾကာင့္ ေခါင္းငုံ႕ထားတဲ့ၾကားက ရိေပၚရဲ႕နား႐ြက္ေလးေတြက အလိုလိုေထာင္မတ္သြားေတာ့သည္။ ကိုယ္ႀကိဳက္တဲ့ကလပ္ထဲ ဝင္ခြင့္ရွိတာပဲကို အဲ့လိုျပန္ေမးေနဖို႔လိုလို႔လားေနာ္။ ဝင္ခ်င္ရင္ ဝင္ခ်င္တယ္။ မဝင္ခ်င္ရင္ မဝင္ဘူးေပါ့..။

ထိုလူဘယ္လိုျပန္ေျဖမလဲဆိုတာ သိခ်င္တာမို႔ ေခါင္းငုံ႕ထားရာကေန မ်က္လုံးေလးဝင့္လို႔ လွမ္းၾကည့္မိေတာ့ ထိုလူကပါးစပ္ကနား႐ြက္ကိုတက္ၿပီးခ်ိတ္ေတာ့မတတ္ရယ္ရင္း ရိေပၚဖက္ကိုလွမ္းၾကည့္ေနတာမို႔ အၾကည့္ခ်က္ခ်င္းျပန္လႊဲလိုက္မိသည္။

ေကာေကာလို႔အေခၚခံရတာေလးကို အဲ့ေလာက္ေတာင္ေပ်ာ္ေနတာလား။ သူကလည္း ဘာလို႔ဒီခုံကိုမွေ႐ြးၿပီးထိုင္မိသလဲမသိဘူး။ အခုေတာ့ က်ီစယ္ေနၾကတဲ့အခ်စ္ငွက္ႏွစ္ေကာင္ၾကား သူကၾကားခံနယ္လိုျဖစ္ေနၿပီ။

"ရိေပၚ မင္းလည္းငါနဲ႕အတူ ျပဇာတ္ကလပ္ထဲအတူလိုက္ဝင္ပါလား။ အေဖာ္ရတာေပါ့"

ေဘးနားကက်င္းရီရဲ႕စကားေၾကာင့္ ေကာင္မေလးေတြပတ္လည္ဝိုင္းေနတဲ့ၾကားက ယုန္သြားႏွစ္ေခ်ာင္းကို ၿဖဲလို႔ရယ္ေနတဲ့လူကိုတစ္ခ်က္လွမ္းၾကည့္လိုက္ၿပီးမွ ဟြန့္ခနဲႏွာမႈတ္လိုက္ရင္း

"မဝင္ခ်င္ပါဘူး... ရႈပ္ရႈပ္ယွက္ယွက္ေတြ။ ငါသြားၿပီ"

ဘာမေျပာညာမေျပာနဲ႕ ႐ုတ္တရက္ႀကီးထထြက္သြားတဲ့ရိေပၚ​ေၾကာင့္ က်င္းရီဘာလုပ္ရမွန္းမသိျဖစ္ေနရင္းမွ ရိေပၚေနာက္ကိုပဲေျပးလိုက္သြားလိုက္ေတာ့သည္။ ကလပ္မွာစာရင္းသြင္းဖို႔ကိစၥကိုေတာ့ ေနာက္မွပဲလုပ္ရမည္။

ရိေပၚအခန္းထဲကထြက္လာတာနဲ႕ တိုက္တိုက္ဆိုင္ဆိုင္မားတို႔ဆီက ဖုန္းဝင္လာတာမို႔ ဝမ္းသာအားရျဖင့္ ကိုင္လိုက္ရင္း အနားကခုံတန္းေလးမွာဝင္ထိုင္လိုက္မိသည္။

"ပထမဆုံးေက်ာင္းတက္ရတဲ့ေန႕ဆိုေတာ့ ဘယ္လိုေနလဲသားေလး။ အဆင္ေရာေျပရဲ႕လား"

"ဟုတ္.. ေျပပါတယ္မားရဲ႕"

"စာေသခ်ာလိုက္လုပ္ေနာ္သားေလး။ သူငယ္ခ်င္းေတြနဲ႕လည္း အဆင္ေျပေအာင္ေနၾကားလား။ အစားကိုလည္း အခ်ိန္မွန္စားေနာ္ အဆာမလြန္ေစနဲ႕။ ေတာ္ၾကာ ဗိုက္ျပန္ေအာင့္လာရင္ ဂ႐ုစိုက္ေပးမယ့္မားတို႔ကေဘးမွာရွိတာမဟုတ္ဘူး"

ထုံးစံအတိုင္း မေမာမပန္းမွာၾကားေနျပန္တဲ့မားေၾကာင့္ ရိေပၚမ်က္ႏွာေလးက တျဖည္းျဖည္း မအီမသာျဖစ္လာရင္း

"မားကလည္း သားက ကေလးမဟုတ္ေတာ့ပါဘူးဆို။ ဒါေတြပဲ ထပ္တလဲလဲေျပာေနေတာ့တာပဲ"

"ေအာ္ ဒီကေလးနဲ႕ေတာ့..။ မားတို႔က ျဖစ္နိူင္ရင္ သားကိုေလာ့ရန္မွာပဲ ေက်ာင္းဆက္တက္ေစခ်င္တာ။ သားကပူဆာလြန္းလို႔သာ ရွန္ဟိုင္းကိုပို႔လိုက္ရတာ။ မားတို႔ကနည္းနည္းေလးမွေတာင္ စိတ္ခ်တာမဟုတ္ဘူး။

ဒါနဲ႕ သားရဲ႕ပါးေျပာတာ.... အဲ့ဒီမွာ သားတို႔ေမဂ်ာကပဲ အေတာ္ေလးေဖာ္ေ႐ြတဲ့လူငယ္ေလးတစ္ေယာက္နဲ႕ေတြ႕ခဲ့တယ္ဆို။ သားရဲ႕ပါးက တကၠသိုလ္ဝင္းထဲမွာတစ္ေယာက္ထဲ ေယာင္လည္လည္ျဖစ္ေနေတာ့ အဲ့ဒီလူငယ္ေလးက အေဖာ္လုပ္ၿပီးသားျပန္အလာကိုကူေစာင့္ေပးတာတဲ့။

ဒီေခတ္ႀကီးထဲမွာ အဲ့လိုစိတ္ေစတနာေကာင္းၿပီး ယဥ္ေက်းပ်ဴငွာတဲ့လူငယ္မ်ိဳးက အရမ္းရွားသြားၿပီကြဲ႕"

မားရဲ႕စကားေတြကို နားေထာင္ေနရင္း ရိေပၚစိတ္ထဲကေန ေရွာင္းက်န့္ဆိုသူကို ႀကိတ္ၿပီးက်ိန္ဆဲေနမိသည္။ ဒါေၾကာင့္မေန႕က အဲ့ဒီလူကိုပါးနဲ႕အတူေတြ႕လိုက္ရတာကိုး။ ေတာ္ေတာ္လည္း တတ္နိူင္တဲ့လူ။ ပါးလို ေတာ္႐ုံရင္းႏွီးမလြယ္တဲ့သူကိုေတာင္ အခ်ိန္တိုအတြင္းစည္း႐ုံးလိုက္နိူင္တာ။

မားနဲ႕ပါးကသာ လႊတ္ၿပီးအမႊန္းတင္ေနၾကတာ။ ဟိုကျဖင့္ အနားမွာ ေကာင္မေလးေတြဒီေလာက္ပတ္လည္ဝိုင္းေနတာေတာင္ သူ႕ကိုလာၿပီးရိသဲ့သဲ့လုပ္ေနနိူင္ေသးတယ္။ အျခားေကာင္မေလးေတြကိုလည္း သူ႕လိုပဲ ေတြ႕တိုင္းမ်က္လုံးမွိတ္ျပလိုက္ ရယ္ျပလိုက္လုပ္ေနလို႔ ေကာင္မေလးေတြက ခုနကလိုမ်ိဳးရဲတင္းေနၾကတာလားမွမသိတာ။

တကယ္ပဲ ဘယ္ေလာက္ေတာင္မွစိတ္ပ်က္စရာေကာင္းလိုက္သလဲ။

"ဟဲ့သား ဘာေတြၿငိမ္ေနတာလဲ။ မားေျပာတာၾကားလား"

"အတန္းတက္ရေတာ့မွာမို႔ ဖုန္းခ်လိဳက္ေတာ့မယ္ေနာ္မား။ ညက်မွ ဖုန္းထပ္ဆက္လိုက္ေတာ့မယ္"

သူမဘက္ကဘာမွျပန္မေျပာေသးခင္မွာတင္ တီခနဲက်သြားတဲ့ဖုန္းေၾကာင့္ ေခါင္းအသာခါလိုက္မိသည္။ ဒီကေလးက လူၾကည့္ေတာ့သာလည္မေယာင္နဲ႕။ တကယ္တမ္းက အူတိအူေၾကာင္ေလးရယ္မို႔ အစစအရာရာအဆင္ေျပဖို႔သာ ဆုေတာင္းရေတာ့မည္။

☃☃☃

က်င္းရီနဲ႕အတူ ကန္တင္းမွာေန႕လည္စာစားေနရင္းက ဆူဆူညံညံအသံေတြၾကားလိုက္ရတာမို႔ ဆိုင္အျပင္ဖက္ကိုလွမ္းၾကည့္မိေတာ့ ခပ္ၿပဳံးၿပဳံးမ်က္ႏွာျဖင့္ သူငယ္ခ်င္းေတြနဲ႕အတူ ဆိုင္ထဲကိုဝင္လာတဲ့လူေၾကာင့္ ရိေပၚမ်က္ႏွာကိုအျမန္လႊဲလိုက္မိသည္။ တကယ္ပါပဲ ဘာလို႔ဒီလူနဲ႕ပဲ ခဏခဏေတြ႕ေနရတာလဲ။

ထုံးစံအတိုင္း ထိုလူေရာက္လာတာနဲ႕ ခုနကအထိလူရွင္းေနတဲ့ကန္တင္းတစ္ခုလုံးက မိန္းကေလးေတြနဲ႕ ျပည့္ႏွက္သြားၿပီး ​ကြၽပ္ကြၽပ္ညံေနတာမို႔ ရိေပၚမ်က္ႏွာကိုမဲ့ယြဲ႕လိုက္မိသည္။ သာမန္ၾကည့္ေကာင္း႐ုံေလာက္ပဲကို။ ဘာေတြမ်ားအဲ့ေလာက္ေတာင္ ထူးျခားၿပီးစိတ္ဝင္စားစရာေကာင္းေနလို႔လဲ။

"က်င္းရီ မင္းစားလို႔ၿပီးၿပီမလား။ သြားရေအာင္"

"ေနပါဦးကြ.. စီနီယာေရွာင္းက်န့္နဲ႕ ေတြ႕တုန္းေတြ႕ခိုက္ေလး ျပဇာတ္ကလပ္မွာပါဖို႔ ငါ့နာမည္စာရင္းသြားေပးခ်င္လို႔။ မင္းပါလိုက္ခဲ့ေပးေနာ္ .... ငါထင္ထားတဲ့အတိုင္းပဲ ျပဇာတ္ကလပ္ထဲမွာ ေကာင္မေလးေတြအမ်ားႀကီးပဲကြ။ ဒီလိုအခြင့္အေရးမ်ိဳးကို လက္လႊတ္ခံလိုက္ရင္ ငါ႐ူးေနတာပဲျဖစ္မွာ။ စီနီယာေရွာင္းက်န့္ကိုေတာ့ အားက်ပါဘိကြာ"

ထိုလူထိုင္ေနတဲ့ဝိုင္းဘက္ကို ၾကည့္ၿပီးအားက်သေယာင္ေျပာလာတဲ့က်င္းရီရဲ႕စကားေၾကာင့္ ရိေပၚမ်က္ႏွာကို မဲ့ယြဲ႕ပစ္လိုက္မိသည္။ မိန္းကေလးေတြေဘးနားမွာပတ္လည္ဝိုင္းေနတာ ဘာမ်ားေပ်ာ္စရာေကာင္းၿပီး အားက်စရာေကာင္းေနလို႔လဲ။

"မလိုက္ပါဘူး။ မင္းကိစၥမင္းဖာသာသြားလုပ္ေပါ့။ ငါအျပင္ကေနေစာင့္ေနမယ္"

ေျပာၿပီးတာနဲ႕ ထရပ္ဖို႔ျပင္လိုက္ေတာ့ က်င္းရီကအထမခံပဲ ရိေပၚလက္တစ္ဖက္ကိုလွမ္းဆြဲထားတာေၾကာင့္ လြတ္ေနတဲ့လက္တစ္ဖက္ျဖင့္ က်င္းရီရဲ႕လက္ကိုရိုက္ထုတ္လိုက္ေတာ့ က်င္းရီကနာသြားတဲ့သူ႕လက္ကိုပြတ္ေနရင္းက

"အတန္းထဲမွာတုန္းက တစ္ခါထဲစာရင္းေပးခဲ့ဖို႔ကို မင္းထြက္သြားတာနဲ႕ ငါပါလိုက္လာရတာ။ စာရင္းကမေပးခဲ့လိုက္ရဘူး။ လုပ္ပါ ရိေပၚရာ... ခဏေလးပဲကို"

က်င္းရီကဘယ္လိုမွေျပာလို႔ရမယ့္ပုံလည္း မေပၚတာမို႔ ရိေပၚမ်က္ႏွာေလးကဆူပုတ္လို႔ေနေတာ့သည္။ အဲ့ဒီလူနဲ႕မပတ္သတ္ခ်င္ပါဘူးဆိုေနမွ။ ရိေပၚနဲ႕က်င္းရီတို႔ႏွစ္ေယာက္ ထိုလူထိုင္ေနတဲ့အနားကိုေလွ်ာက္သြားလိုက္ေတာ့ ထိုလူကသူငယ္ခ်င္းေတြနဲ႕စကားေျပာေနရာကေန လွမ္းၾကည့္ၿပီး ရိေပၚကိုျမင္ေတာ့ အံ့ၾသသြားပုံပင္။

ရိေပၚလည္း က်င္းရီကိုလုပ္စရာရွိတာျမန္ျမန္လုပ္ဆိုတဲ့သေဘာျဖင့္ မ်က္စပစ္ျပလိုက္ရင္း မ်က္ႏွာကိုေတာ့တစ္ဖက္ကိုလႊဲထားလိုက္သည္။ ထိုလူနဲ႕စကား​ေျပာဖို႔ေနေနသာသာ အနားမွာရပ္ေန႐ုံနဲ႕တင္ကို ေဘးပတ္လည္ကမိန္းကေလးေတြက သူတို႔ႏွစ္ေယာက္ကိုအထူးတဆန္းလို လိုက္ၾကည့္ေနေတာ့တာ။ ရိေပၚကအရင္ထဲက တစ္ေယာက္ထဲတစ္သီးတစ္သန့္ေနတတ္တဲ့သူမို႔ အခုလိုမ်ိဳးအာ႐ုံစိုက္ခံေနရတာနဲ႕တင္ ေတာ္ေတာ္ေလးရွက္ေနေလၿပီ။

ကလပ္ထဲစာရင္းသြင္းတဲ့ကိစၥေတြနဲ႕ ရႈပ္ယွက္ခတ္သြားတဲ့တစ္ခဏ လူရွင္းသြားတဲ့အခါ သတိဝင္လာလို႔ အတန္းထဲကိုေဝ့ဝဲရွာမိေတာ့ သူေတြ႕ခ်င္တဲ့အရိပ္အေယာင္ေလးကမရွိေတာ့တာမို႔ သက္ျပင္းခပ္ႀကိတ္ႀကိတ္ခ်လိဳက္မိသည္။ သူဘာလို႔ အဲ့ဒီအေကာင္ေပါက္ေလးကိုပဲ လိုက္ရွာေနမိတာလဲ။

တစ္ခါမွမျဖစ္ဖူးတဲ့ ခံစားခ်က္ေၾကာင့္လည္း ေရွာင္းက်န့္ေခါင္းကိုအသာခါထုတ္လိုက္မိသည္။ ေတြ႕တာမွတစ္ရက္ႏွစ္ရက္ပဲရွိေသးတဲ့ေကာင္ေလးတစ္ေယာက္ကို ရင္ခုန္တယ္ဆိုတာကဘယ္လိုလုပ္ၿပီးျဖစ္နိူင္မွာလဲ။ အ႐ူးမထစမ္းပါနဲ႕ ေရွာင္းက်န့္ရာ..။

ကိုယ့္စိတ္ကိုယ္သတိျပန္ေပးလိုက္ရင္း စိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ က်ိဳးခ်န္တို႔နဲ႕အတူကန္တင္းကိုေရာက္သြားတဲ့အခါမွာလည္း ေတြ႕လိုက္ရျပန္တဲ့မ်က္ႏွာေလးေၾကာင့္ သူ႕ရင္ဘတ္ထဲကတဒုန္းဒုန္းတဒိုင္းဒိုင္းျဖင့္ သံစုံျမည္ေနေတာ့သည္။

ဆူပုတ္ပုတ္မ်က္ႏွာေလးနဲ႕ သူရွိရာကိုေလွ်ာက္လာတဲ့အေကာင္ေပါက္ေလးက သူနဲ႕အၾကည့္ခ်င္းမဆုံေအာင္အတင္းေရွာင္ေနကာ မ်က္ႏွာကိုတစ္ဖက္လႊဲထားတာမို႔ ေဘးတစ္ေစာင္းျမင္ေနရတဲ့ ႏႈတ္ခမ္းစူစူေလး ႏွာေခါင္းလုံးေလးေတြကိုၾကည့္ရင္း သူ႕မွာေရငတ္ခ်င္သလိုလို လက္တုန္ခ်င္သလိုလိုပင္ျဖစ္လာသည္။

"ကြၽန္ေတာ္က စီနီယာရဲ႕ျပဇာတ္ကလပ္ထဲကို ဝင္ခ်င္လို႔ပါဗ်"

"နာမည္ဘယ္လိုေခၚလဲ"

"က်င္းရီပါခင္ဗ်..."

"မင္းမဟုတ္ဘူး ေဘးကဆူပုတ္ပုတ္နဲ႕ဝက္ေပါက္ေလးကိုေမးတာ"

"ခင္ဗ်ား ဘာစကားေျပာတာလဲ"

တစ္ခ်ိန္လုံး မ်က္ႏွာလႊဲထားတဲ့အေကာင္ေပါက္ေလးက သူ႕စကားၾကားေတာ့မွ အၾကည့္ခ်င္းဆုံလာတာမို႔ သေဘာတက်ၿပဳံးလိုက္မိသည္။ ဒါကိုပဲ ပိုလို႔စိတ္ဆိုးသြားပုံရတဲ့ ေဒါသအိုးေလးကမ်က္ႏွာတစ္ျပင္လုံးနီရဲလာကာ ႏႈတ္ခမ္းဖူးေလးေတြကလည္း ပိုလို႔ေထာ္လာတာမို႔ ေရွာင္းက်န့္ရယ္ခ်င္စိတ္ကိုမနည္းထိန္းေနရသည္။

"မင္းကလည္း စီနီယာကသက္သက္စေနတာျဖစ္မွာပါကြာ။ အဟမ္း.. ကြၽန္ေတာ့္သူငယ္ခ်င္းနာမည္က..."

"က်င္းရီ.."

စီနီယာေရွာင္းက်န့္ကို မ်က္ႏွာလိုမ်က္ႏွာရလုပ္လိုရျငား ေျပာဖို႔ျပင္ေနတဲ့က်င္းရီခမ်ာ ေဘးနားကရိေပၚရဲ႕ေဆာင့္ေဆာင့္ေအာင့္ေအာင့္ေအာ္သံေၾကာင့္ ဆတ္ခနဲပင္တုန္သြားရသည္။ ထို႔ေနာက္ ရိေပၚကသူ႕ကိုအံႀကိတ္လို႔ မ်က္လုံးျပဴးျပရင္း ေဒါသတႀကီးျဖင့္ထြက္သြားတာမို႔ စီနီယာေရွာင္းက်န့္ဘက္လွည့္လို႔ သြားၿဖဲျပရင္း ရိေပၚေနာက္ေျပးလိုက္ရေတာ့သည္။

တစ္ဖက္ကေရွာင္းက်န့္မွာေတာ့ သူ႕ကိုေပေစာင္းေစာင္းေလးၾကည့္ၿပီး ေျခေဆာင့္လို႔ထြက္သြားတဲ့ဝက္ေပါက္ေလးတစ္ေကာင္ေၾကာင့္ သေဘာက်လြန္းလို႔ တဟားဟားပင္ေအာ္ရယ္လိုက္မိေတာ့သည္။ ဒီအေကာင္ေပါက္ေလးက ဘာလို႔ဒီေလာက္ေတာင္စလို႔ေကာင္းေနရတာလဲ။

"ဘာလို႔ကေလးေတြကို သြားစေနတာလဲေရွာင္းက်န့္။ ဟိုကေတာ္ေတာ္ေဒါကန္သြားပုံရတယ္... မင္းကိုၾကည့္သြားတဲ့ပုံမ်ား ငါေတာင္ၾကက္သီးထတယ္"

ေဘးနားကက်ိဳးခ်န္ရဲ႕စကားေၾကာင့္ ေရွာင္းက်န့္ရယ္ေနရာကေန ေခါင္းကိုအသာခါရမ္းလိုက္ရင္း

"ဒါေတြ မင္းနားမလည္ပါဘူးကြာ"

☃☃☃

"အခ်စ္... အခ်စ္ ဘာလို႔ဒီေလာက္ေတာင္ ျမန္ျမန္ေလွ်ာက္ေနရတာလဲ။ ကိုယ့္ကိုေစာင့္ပါဦး"

အေဆာင္ကထြက္လာကတည္းက လမ္းတစ္ေလွ်ာက္လုံး အေနာက္ကေနေတာက္ေလွ်ာက္လိုက္လို႔ အရွက္မရွိေအာ္ေခၚေနတဲ့လူေၾကာင့္ ရိေပၚေျခလွမ္းေတြကို ပိုသြက္လိုက္မိသည္။ မေန႕က က်င္းရီတစ္ေယာက္အစားစုံေလွ်ာက္စားၿပီး ဗိုက္မေကာင္းတာမို႔ ရိေပၚတစ္ေယာက္ထဲ လာရတဲ့ေန႕က်မွ ဒီလူနဲ႕ဆုံရတယ္လို႔။

လမ္းသြားလမ္းလာေတြကလည္း ရိေပၚတို႔ကို ကြက္ၾကည့္ကြက္ၾကည့္လုပ္ေနၾကတာမို႔ ရိေပၚအသက္ကိုျပင္းျပင္းရႉသြင္းလိုက္ရင္း အေနာက္ကိုလွည့္လိုက္ေတာ့ ေျပာင္ေခ်ာ္ေခ်ာ္မ်က္ႏွာနဲ႕ထိုလူက ယုန္သြားႏွစ္ေခ်ာင္းကိုထုတ္ႂကြားေနျပန္သည္။ ရိေပၚဘယ္လိုမွ သည္းမခံနိူင္ေတာ့တာမို႔ မ်က္ခုံးေတြကို တြန့္ခ်ိဳးပစ္လိုက္ရင္း

"ဘာလို႔ကြၽန္ေတာ့္ကို လိုက္ေႏွာင့္ယွက္ေနတာလဲ။ ၿပီးေတာ့ ဘာလို႔အဲ့လိုလိုက္ေခၚေနတာလဲ.... သူမ်ားေတြၾကားလို႔တစ္မ်ိဳးထင္ကုန္ရင္ ဘယ္လိုလုပ္မလဲ"

"လိုက္ေႏွာင့္ယွက္တာမဟုတ္ပါဘူး.. ကိုယ္ကမင္းနဲ႕ရင္းႏွီးခ်င္လို႔။ ၿပီးေတာ့ မင္းကနာမည္မွမေျပာတာ အဲ့ေတာ့ကိုယ္ေခၚတတ္သလိုပဲ ေခၚရေတာ့တာေပါ့"

ပခုံးႏွစ္ဖက္ကိုတြန့္လို႔ ေအးေအးလူလူေျပာလာတဲ့လူေၾကာင့္ ရိေပၚေဒါသအရွိန္ေတြကတျဖည္းျဖည္းနဲ႕ ျမင့္တက္လာေလသည္။ ေခၚတတ္သလို ေခၚတယ္ဆိုပဲ။ ေတြ႕သမွ် ေကာင္မေလးတိုင္းကို အဲ့လိုလိုက္ေခၚေနၾကမို႔ ႏႈတ္က်ိဳးေနတာျဖစ္မွာေပါ့။

"ကြၽန္ေတာ္ကေတာ့ ခင္ဗ်ားနဲ႕မရင္းႏွီးခ်င္ဘူး"

ေျပာၿပီးတာနဲ႕ ျပန္လွည့္ထြက္လာဖို႔ျပင္လိုက္ေပမယ့္ ထိုလူက သူ႕ေရွ႕ထပ္ၿပီးပိတ္ရပ္လိုက္ျပန္တာမို႔ ေျခတစ္လွမ္းေလာက္အေနာက္ကိုဆုတ္လိုက္မိသည္။

"ဘာလို႔လဲ... ပါးပါးနဲ႕မားမားက ဆူမွာေၾကာက္လို႔လား။ မေၾကာက္ပါနဲ႕ အဲ့အခါက် ကိုယ္ကကိုယ့္ရဲ႕အခ်စ္ကို ကာကြယ္ေပးမွာေပါ့"

မ်က္လုံးတစ္ဖက္ကိုအသာမွိတ္ျပရင္း စပ္ၿဖဲၿဖဲမ်က္ႏွာျဖင့္​ေျပာလာတဲ့လူေၾကာင့္ ရိေပၚထိုလူ႕ရဲ႕ရင္ဘတ္ကို တြန္းထုတ္လိုက္ကာ

"ဘာအခ်စ္လဲ ... ခင္ဗ်ားအရမ္းတရားလြန္ေနၿပီေနာ္။ ေျပာမရရင္ ကြၽန္ေတာ္ေက်ာင္းသားေရးရာမွာ သြားတိုင္ေတာ့မွာ"

"အခ်စ္ကလည္းကြာ ဘာလို႔လြယ္တာကို ခက္ေအာင္လုပ္ေနရတာလဲ။ ကိုယ္က အခ်စ္နာမည္ကို မသိလို႔ အခ်စ္ကို အခ်စ္လို႔ေခၚမိတာကို။ အခ်စ္ကသာ အခ်စ္နာမည္ကိုေျပာျပလိုက္မယ္ဆို အခ်စ္ကို အခ်စ္လို႔ထပ္ၿပီး ေခၚစရာမလို..."

မႀကိဳက္ပါဘူးဆိုမွ အခ်စ္ခ်င္းထပ္ေအာင္ေခၚေနျပန္တဲ့မ်က္ႏွာ႐ူးေၾကာင့္ ရိေပၚမ်က္လုံးေတြစုံမွိတ္လို႔ ကုန္းေအာ္လိုက္မိေတာ့သည္။

"ဝမ္ရိေပၚ ရၿပီလား။ ကြၽန္ေတာ့္နာမည္က ဝမ္ ရိ ေပၚ။ ေနာက္တစ္ခါထပ္ၿပီး အခ်စ္လို႔ထပ္ေခၚမယ္ဆို ခင္ဗ်ားရဲ႕အဲ့ဒီရွည္ထြက္ေနတဲ့သြားႏွစ္ေခ်ာင္းကို ဆြဲႏႈတ္ပစ္မယ္... မလုပ္ရဲဘူးမထင္နဲ႕"

"အခ်စ္.. အဲေလ.... ရိေပၚကလည္း ေဒါသႀကီးလိုက္တာကြာ။ ကိုယ္က စီနီယာဆိုေတာ့ ကိုယ့္ရဲ႕ဂ်ဴနီယာေလးေတြကို ေသခ်ာဂ႐ုစိုက္ေပးခ်င္တဲ့ေစတနာပဲရွိတာပါ"

လူတကာတိုင္းအေပၚထားနိူင္လြန္းတဲ့အဲ့ဒီေစတနာကို အျခားေကာင္မေလးေတြအေပၚသြားထားပါလား။ ေျပာေျပာဆိုဆိုနဲ႕ သူ႕ေနာက္ကိုထပ္ၿပီးလိုက္လာဖို႔ ျပင္ေနျပန္တာမို႔ အေနာက္ကိုဆတ္ခနဲလွည့္ၾကည့္လိုက္ရင္း

"ဆက္လိုက္မလာနဲ႕.... မဟုတ္လို႔ကေတာ့ ခင္ဗ်ားကိုတကယ္ေက်ာင္းသားေရးရာမွာသြားတိုင္ေတာ့မွာ"

သူ႕ကိုမေက်မခ်မ္းၾကည့္ၿပီး ထြက္သြားတဲ့ေဒါသအိုးေလးရဲ႕ေက်ာျပင္ကိုၾကည့္ၿပီး ​ေရွာင္းက်န့္မွာပခုံးေတြတလႈပ္လႈပ္ျဖင့္ ရယ္ေနမိသည္။ ဒီအေကာင္ေပါက္ေလးကို စေတြ႕တဲ့ေန႕ထဲက သူစုံစမ္းထားတာမို႔ နာမည္ ေမဂ်ာ အတန္းစတာေတြကို သိႏွင့္ၿပီးသားျဖစ္သည္။ ဒါေပမယ့္ ေဒါသအိုးဝက္ေပါက္ေလးကို စခ်င္တာမို႔ တမင္မသိခ်င္ေယာင္ေဆာင္ၿပီး ေမးမိေတာ့ ေဒါသထြက္ေနတဲ့ပုံေလးက တကယ္ကိုအူယားစရာပင္။

သူဒီေန႕ကစၿပီး ဆုံးျဖတ္ခ်က္တစ္ခုခ်လိဳက္ၿပီျဖစ္သည္။ ရွက္တတ္လြန္းတဲ့ ဆတ္ဆတ္ထိမခံေဒါသအိုးေလးကို ဒီေန႕ကစၿပီး သူတရားဝင္ပိုးပန္းေတာ့မွာမို႔ အေကာင္ေပါက္ေလးက ရွက္ရမ္းရမ္းၿပီး သူ႕ကိုအရမ္းႀကီးစိမ္းကားမေနဖို႔သာ ဆုေတာင္းမိသည္။


လူအခ်ိဳ႕ကေျပာတယ္... ၾကယ္ေလးေတြက ညေကာင္းကင္ယံမွာမွ ထြက္ေပၚလာနိူင္တာတဲ့။ ဒီလိုစကားၾကားတိုင္း ညီမကေတာ့ ေခါင္းခါမိေတာ့တာပဲ။ ဘာလို႔ဆို ညီမသိတဲ့အလွဆုံးၾကယ္ေလးေတြက ဘယ္အခ်ိန္မဆို အကို႔ရဲ႕မ်က္ဝန္းေလးေတြထဲကိုၾကည့္လိုက္တဲ့အခါတိုင္း ျမင္ေနရတာမို႔ေလ....

ညီမတို႔ရဲ႕ေန႕ရက္တိုင္းအတြက္ ေပ်ာ္႐ႊင္ျခင္းေလးအျဖစ္ရွိေနေပးလို႔ ေက်းဇူးပါလို႔...

เคชเคขเคผเคจเคพ เคœเคพเคฐเฅ€ เคฐเค–เฅ‡เค‚

เค†เคชเค•เฅ‹ เคฏเฅ‡ เคญเฅ€ เคชเคธเค‚เคฆเฅ‡ เค†เคเคเค—เฅ€

1.1M 58.4K 58
๐’๐œ๐ž๐ง๐ญ ๐จ๐Ÿ ๐‹๐จ๐ฏ๐žใ€ข๐๐ฒ ๐ฅ๐จ๐ฏ๐ž ๐ญ๐ก๐ž ๐ฌ๐ž๐ซ๐ข๐ž๐ฌ ใ€ˆ๐›๐จ๐จ๐ค 1ใ€‰ ๐‘ถ๐’‘๐’‘๐’๐’”๐’Š๐’•๐’†๐’” ๐’‚๐’“๐’† ๐’‡๐’‚๐’•๐’†๐’… ๐’•๐’ ๐’‚๐’•๐’•๐’“๐’‚๐’„๐’• โœฐ|| ๐‘บ๐’•๐’†๐’๐’๐’‚ ๐‘ด๏ฟฝ...
175K 11.5K 29
Seme -Xiao Zhan Uke-Wang Yi Bo Zhanyi Fanfiction Written by -Lay Pyi Thway Nge Credit to the photo. แ€…แ€ฌแ€›แ€ฑแ€ธแ€žแ€ฐแ€›แ€ฒแ€ทแ€กแ€ฌแ€ธแ€”แ€Šแ€บแ€ธแ€แ€ปแ€€แ€บแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ท ficแ€›แ€ฒแ€ทแ€™แ€•แ€ผแ€Šแ€บแ€ทแ€…แ€ฏแ€ถแ€™แ€พแ€ฏแ€™...
1.3M 114K 42
โœซ ๐๐จ๐จ๐ค ๐Ž๐ง๐ž ๐ˆ๐ง ๐‘๐š๐ญ๐ก๐จ๐ซ๐ž ๐†๐ž๐ง'๐ฌ ๐‹๐จ๐ฏ๐ž ๐’๐š๐ ๐š ๐’๐ž๐ซ๐ข๐ž๐ฌ โŽโŽโŽโŽโŽโŽโŽโŽโŽโŽโŽ She is shy He is outspoken She is clumsy He is graceful...