Chapter Four

1.4K 142 27
                                    

Unicode

မနက်တိုင်း ရိပေါ်တို့အခန်းတံခါးလက်ကိုင်မှာချိတ်ပေးထားတတ်တဲ့ မနက်စာကဘယ်သူ့လက်ချက်လဲဆိုတာမေးစရာပင်မလို။ မနက်ပိုင်းတွေပဲလားဆိုတော့လည်း မဟုတ်။ ရိပေါ်အတွက်ဆိုပြီး အစာပြေမုန့်ကစလို့ နေ့လည်စာ ညစာတွေအထိပါ တိတ်တဆိတ်လာလာပို့ပေးတတ်တဲ့ထိုလူက ကြည့်ရတာပိုက်ဆံတွ...

Deze afbeelding leeft onze inhoudsrichtlijnen niet na. Verwijder de afbeelding of upload een andere om verder te gaan met publiceren.

မနက်တိုင်း ရိပေါ်တို့အခန်းတံခါးလက်ကိုင်မှာချိတ်ပေးထားတတ်တဲ့ မနက်စာကဘယ်သူ့လက်ချက်လဲဆိုတာမေးစရာပင်မလို။ မနက်ပိုင်းတွေပဲလားဆိုတော့လည်း မဟုတ်။ ရိပေါ်အတွက်ဆိုပြီး အစာပြေမုန့်ကစလို့ နေ့လည်စာ ညစာတွေအထိပါ တိတ်တဆိတ်လာလာပို့ပေးတတ်တဲ့ထိုလူက ကြည့်ရတာပိုက်ဆံတွေသိပ်ပြီးပေါနေပုံပင်။

လူချင်းကျတော့ မျက်နှာချင်းဆိုင်လာမတွေ့ပဲ တိတ်တဆိတ်နဲ့ပုန်းရှိုးကွယ်ရှိုးလုပ်နေတာမို့ ရိပေါ်မှာငြင်းလို့လည်းမရပဲ မျက်နှာပူပူဖြင့်သာ ထိုလူဝယ်ပေးသမျှတွေကို လက်ခံထားရသည်။ ရိပေါ်အဖြစ်က တက္ကသိုလ်တက်ခါစနှစ်မှာတင် အပိုးပန်းခံနေရတဲ့ဆယ်ကျော်သက်လေးမို့ ရင်ခုန်တာကရင်ခုန်တာပေမယ့် ရှက်ကိုးရှက်ကန်းတော့ဖြစ်နေသည်။

ဘယ်လိုလူက မရှက်ပဲနေနိူင်မှာလဲနော်။ ရှောင်းကျန့်ဆိုတဲ့လူကြီးက သူ့ကိုမြင်တိုင်းတစ်ခါတစ်ရံကျပြုံးပြုံးကြီးငေးနေတတ်ပြီး တစ်ခါတစ်ရံကျတော့လည်း အတန်းကနေအဆောင်ကိုပြန်တဲ့အခါ သူ့အနောက်ကနေ မသိမသာကပ်ပြီးလိုက်လာတတ်သေးတာကို။ အဆောင်မှာရှိတဲ့အချို့လူတွေဆို သူတို့အကြောင်းကိုရိပ်မိနေကာ သူဖြတ်သွားတဲ့အခါတိုင်း ​ရှောင်းကျန့်ဆိုတဲ့နာမည်ကိုမကြားတကြားခေါ်ရင်း စနောက်တတ်သေးသည်။

ခက်တာက ကာယကံရှင်ဖြစ်တဲ့ ​ရှောင်းကျန့်သာဖြစ်သည်။ အခြားနေရာတွေမှာဆို ဖြတ်ဖြတ်လူးနေသမျှ သူ့ကိုဖွင့်ပြောဖို့အရေးမှာတော့ ဘယ်အရာတွေကိုတွန့်ဆုတ်နေမှန်းမသိ။ တစ်ယောက်ထဲမကျေမနပ်ဖြင့် ဆူပုတ်ကာထိုင်နေရင်း ကျင်းရီကအခန်းထဲဝင်လာတာမို့ ဘောပင်ကိုကောက်ကိုင်ကာ စာလုပ်ချင်ယောင်ဆောင်နေလိုက်မိသည်။

𝙱𝚎𝚏𝚘𝚛𝚎 𝚆𝚎 𝙵𝚊𝚕𝚕 𝙸𝚗 𝙻𝚘𝚟𝚎[Completed]Waar verhalen tot leven komen. Ontdek het nu