Uni
Mနိုင်ငံအဝေးပြေးလမ်းမပေါ်၌ပြိုင်ကားအပြာရောင်လေးတစ်စီးသည်လေဟုန်ခွင်းလျှက်အရှိန်အဟုန်ဖြင့်ပြေးလွှားနေလေ၏...။
လီဗာကုန်မောင်းနေသည့်အရှိန်ကြောင့်လမ်းဘေးမှသစ်ပင်တို့သည်လည်းတရိပ်ရိပ်ဖြင့်သာကျန်ရစ်ခဲ့ကြလေသည်...။
ရှိသမျှအလုပ်ကိုပစ်ထားခဲ့ပြီးတလောကလပိုင်းအတွင်းမှာပဲလမ်းခွဲလိုက်ရသည့်၃ယောက်မြောက်ရည်းစားဟောင်းဖြစ်သူမင်္ဂလာဆောင်ကိုတက်ရောက်ဖို့ ဂုဏ်ထွက်လာခဲ့ခြင်းပင်...။
ညို့သောဂုဏ်သျှင်ဆိုသောသူကအချစ်ဆိုတာကိုသိပ်အလေးထားတက်သူမဟုတ်...။
လက်ရှိမှာစေ့စပ်ထားသူရှိနေပေမယ့် မိမိနှင့်ထိုလူကငယ်ပေါင်းသူငယ်ချင်းတွေဟုသောထိုလူ့အပြောကြောင့် သူလည်းသူ့လမ်းသူလျှောက်ကိုယ်လည်းကိုယ့်လမ်းကိုလျှောက်ကြဖို့ညှိယူထားကြသည့်အတွက်နောက်ကြောင်းပြန်ကြည့်စရာမလိုချေ...။
အတိတ်မမေ့ခင်ကလည်းသည်လိုရှုပ်ရှုပ်ပွေပွေနေတက်သလားမပြောတက်...။
ရည်းစားလိုတွဲချင်ပေမယ့်အမှတ်အသားပေးပြီးချည်နှောင်ချင်လောက်သည်အထိမည်သည့်
0megaကိုမှသူမလိုချင်ခဲ့ပေ...။
ဒါကြောင့်စေ့စပ်ထားပေမယ့်လည်းနားလည်မှုယူကာရည်းစားထည်လဲတွဲပြီးဘ၀ကိုပျော်ပျော်ကြီးဖြတ်သန်းနေသည်...။
လက်ခံထားသည့်စေ့စပ်ပွဲဆိုသည်မှာလည်းမိမိအားကော်လိုကပ်နေသည့်ခန့်တီထူးဆိုသောomegaအားပထုတ်ဖို့အပြင်ပါးပါးကိုမာမ၀င်ခင်ကတည်းကပါးပါးအနေဖြင့်အထူးတလည်ဆန္ဒရှိသောကိစ္စဖြစ်ကြောင်းလေးလေးမျိုးထံမှသိရ၍ဖြည့်ဆည်းပေးခဲ့ခြင်းပင်...။
လွန်ခဲ့သည့်၇နှစ်အတွင်းဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကိုမမှတ်မိသည်မို့ယခုအချိန်မှာဂုဏ့်အုပ်ထိန်းသူလူကြီးတစ်ဦးဖြစ်သည့်ယောက္ခမလောင်းဖြစ်သောလေးလေးမျိုးအပြောကိုသာနာခံခဲ့၏...။
တီလန်မြို့သို့
Mနိုင်ငံ၏အနောက်အစွန်ဘက်တွင်ရှိသောတောင်တန်းတို့ခြံရံထားသည့်မြို့..။
Mနိုင်ငံMမြို့မှတီလန်မြို့ဆီသို့ကားဖြင့်၄နာရီကြာသည့်အထိမောင်းရလေသည်..။တောင်တန်းတို့အကြားတည်ထားသည့်မြို့ဖြစ်တာကြောင့်တောင်တန်းတို့အားကွေ့ကာ၀ိုက်ကာဖြတ်သန်းရပြီးလမ်းတစ်လျှောက်စိမ်းလန်းသည့်ရှုခင်းတို့ကမျက်စိအေးစရာအတိ...။
တီလန်မြို့မှကြိုဆိုပါ၏ဟူသောဆိုင်းဘုတ်ကိုမြင်သည်နှင့်မေးနှစ်ခွကြားထဲမှမှဲ့နက်ကလေးပေါ်လာသည်အထိပြုံးလိုက်ပြီးဆိုင်းဘုတ်နှင့်ကပ်လျှက်ရှိသောလမ်းကြားဆီသို့ကွေ့၀င်ချလိုက်သည်...။
ဒီမြို့ကိုဂုဏ်တစ်ခါမှမရောက်ဖူးပေမယ့်ရည်းစားဟောင်းဖြစ်သည့် မခြယ် ကဆိုင်းဘုတ်နှင့်ကပ်လျှက်လမ်းကြားကနေ၀င်လာလျှင်ပထမဆုံးတွေ့ရသည့်အိမ်ဟာသူမအိမ်ဟုပြောထားဖူးသည်မို့မတွန့်မဆုတ်ယုံကြည်မှုရှိနေခြင်းသာ...။
မခြယ်ပြောသလိုပါပဲ..ထိုလမ်းကြားထဲ၀င်လိုသည်နှင့်လမ်းထိပ်တည့်တည့်ကအိမ်၌
မင်္ဂလာဆောင်ဓာတ်ပုံတို့အစီအရီချိတ်ဆွဲထားသည်ကိုတွေ့လိုက်ရသည်..။
မောင်ခန့်ရဲသော်ထက်နှင့်မခြယ်ဇလပ်၀ါတို့၏မင်္ဂလာပွဲ
မခြယ်နဲ့ကရည်းစားဟောင်းဆိုပေမယ့်လုပ်ငန်းအတွက်တွေ့ဆုံကြရာမှလုပ်ငန်းဖော်အဖြစ်သာပိုရင်းနှီးကြလေသည်..။
မခြယ်ကဂုဏ်ထက်၅နှစ်ခန့်ကြီးသည့်
OGဆရာ၀န်မတစ်ယောက်..။ဒါကြောင့်ဂုဏ်အနေဖြင့်သူမအပေါ်ချစ်သူလိုချစ်သလိုအစ်မတစ်ယောက်လိုလည်းရင်ဖွင့်ဆက်ဆံလို့ရသည်..။တွဲခဲ့သည့်ရက်တွေအတွင်းမှာလည်းမလေးမစားပြောဆိုတာမျိုးမရှိခဲ့...။
အိမ်၀ိုင်းကအကျယ်ကြီးမို့ကားတွေစီတန်းကာထိုးထားသည့်နေရာအထိမောင်း၀င်သွားလိုက်ပြီးကားပါကင်ထိုးပြီးနောက်လက်ယမ်းပြနေသည့်မခြယ်ဆီတစ်လှမ်းချင်းလျှောက်၀င်လာခဲ့သည်...။
"အိုက်ယား...လမ်းပျောက်နေမယ်ထင်နေတာဂုဏ်ရယ်..လာပေးလို့မခြယ်ကအများကြီးကျေးဇူးတင်ပါတယ်နော်..."
သူ့အားမောင်လေးတစ်ယောက်သဖွယ်ပွေ့ဖက်နှုတ်ဆက်ရင်းပြောလာသည့်ပန်းရောင်သတို့သမီးလေးကဆန်းဆန်းပြားပြားလှပနေ၏..။
"လာ..မခြယ်တို့အိမ်ထဲသွားရအောင်အပြင်မှာကလူရှုပ်တော့ဂုဏ်အနေကျပ်နေမယ်အိမ်ထဲသွားစားရအောင်..."
လက်ဆွဲခေါ်လာတော့အိမ်ထဲလိုက်၀င်ရင်း၀ယ်လာသည့်စိန်တဆင်စာဗူးလေးအားလက်ထဲထည့်ပေးရင်းပြုံးစစဖြင့်ခပ်နောက်နောက်စလိုက်သည်..။
"လက်ထပ်ပွဲအတွက်Congratulations မခြယ်...မခြယ်မွေးတဲ့ကလေးပဲစောင့်ယူတော့မယ်ဗျာ.."
"ကောင်စုတ်လေး...အလေလိုက်မနေနဲ့တော့...တည်တည်တံ့တံ့ရှာ...မဟုတ်ရင်လည်းစေ့စပ်ထားတဲ့သူကိုယူတော့..ဒါလေးအတွက်တော့သင့်ခ်ယူ..သင့်ခ်ယူ..လာလာ.."
ဂုဏ်၏ခပ်နောက်နောက်စကားကိုကျောပြင်အားလက်သွယ်သွယ်ဖြင့်ရိုက်ပုတ်ရင်းလေးလေးနက်နက်စကားဆိုလာလေသည်..။ထို့နောက်လက်ထဲကဗူးလေးအားမြှောက်ပြရင်းကျေးဇူးစကားဆိုကာမီးဖိုချောင်ခန်းဆီခေါ်သွားလေသည်...။
"မခြယ်တို့ဆေးရုံကဧည့်သည်တွေရောက်လာပြီတဲ့.."
မီးဖိုချောင်အ၀င်၀ရောက်ခိုက်လူတစ်ယောက်အော်ပြောသံကြောင့်မခြယ်ဆီမှသက်ပြင်းသဲ့သဲ့ချသံကြားလိုက်ရသည်...။
"သွားပါ ဒီအခန်းထဲမှာပဲနေနေမယ်...စားဖို့လည်းဒီသာပို့ခိုင်းလိုက် အမဲသားSteakနော်..."
ထိုအခါမှပြုံးသွားကာခေါင်းငြိမ့်ပြရင်းလုံး၀ပြန်မသွားဖို့အတန်တန်မှာပြီးနောက်ပွဲဆီအပြေးတပိုင်းထွက်သွားသည်ကိုကြည့်ကာဂုဏ်ခပ်တိုးတိုးရယ်လိုက်မိသည်..။
ထို့နောက်မီးဖိုခန်းထဲရှိစားပွဲထိပ်တည့်တည့်ဆီသွားကာထိုင်ခုံတစ်လုံးကိုဆွဲ၀င်ထိုင်ပြီးဖုန်းကိုထုတ်ကာအလုပ်ကိစ္စအ၀င်E mailတို့အားစစ်နေလိုက်သည်...။
"ခစ် ခစ်.."
ကလေးရယ်သံလိုလိုကြားလိုက်ရသည်မို့အာရုံစိုက်နားထောင်ကြည့်တော့ဘာသံမှမကြားရတော့ပြန်...။နားမလည်သလိုခေါင်းကိုတစ်ချက်မျှစောင်းလိုက်ပြီးE mailပြန်စစ်နေလိုက်ပြီးစာပြန်စရာရှိတာပြန်နေလိုက်သည်...။
"ခစ်..ခစ်.."
"အီ..အီ.."
ထပ်ထွက်လာသည့်အသံကတစ်ခုတည်းမဟုတ်တော့..။ခွေးပေါက်စအော်သည့်တအီအီသံပါကြားလာနေရသည်...။ထို့ကြောင့်ထိုင်နေရာမှထရပ်ကာစားပွဲအစအဆုံးမြင်နိုင်သည့်အရပ်မို့ခြေလှမ်းမရွေ့ပဲမျက်လုံးကိုသာကစားရင်းဝှေ့ကြည့်လိုက်ပေမယ့်အရိပ်အယောင်မျှပင်မတွေ့..။
ဘာလဲဟ သရဲခြောက်ခံနေရတာလား...။
မဖြစ်နိုင်သည့်အတွေးကိုတွေးမိသည့်မိမိအတွေးအားရယ်ချင်သွားရသည်...။
စိတ်ရှင်းအောင်စားပွဲကိုတပတ်လည်လိုက်ကြည့်ပေမယ့်အစောကခွေးအီသံရောလူရယ်သံရောထပ်မကြားရတော့ချေ...။
ဘယ်သောက်ကလေးကသူ့ကိုလာစနောက်နေတာလဲ..တွေ့ရင်တော့လား...မေးမေးပြီးကိုရိုက်ပစ်အုံးမယ်..။
"ခစ်..ခစ်..တိုးတိုးချား..ပါးပါးတိရင်ဖောင်းအနမ်းခံနေရမယ်.."
အသံတိတ်ကြုံး၀ါးလိုက်ပြီးအစောကထိုင်ခုံပေါ်ပြန်ထိုင်ဖို့ပြင်လိုက်စဥ်ရယ်သံတိုးတိုးနဲ့အတူလေသံမျှသာကျယ်သောစကားသံမပီမသကိုပါရောနှောကြားလိုက်ရသည်...။
အသံလာရာကိုလည်းသိလိုက်ပြီမို့စားပွဲဘေးနှစ်ခုံမြောက်ထိုင်ခုံအားဖယ်ကာကြမ်းပြင်ပေါ်ဒူးတစ်ဖက်ထောက်ချလိုက်ပြီးနောက်ကြမ်းပြင်နှင့်ပါးပြင်မိတ်ဆက်ကာစားပွဲအောက်ကိုငုံ့ကြည့်လိုက်သည်...။
"အမယေး..တရဲ.. ဒုန်း...အာ့"
သူ့ကိုမြင်သည်နှင့်အမဲသားSteakကိုလက်နဲ့ကိုင်ကာကိုက်ဖဲ့၀ါးစားနေရာမှလန့်အော်ကာကြောက်ကြောက်လန့်လန့်ထရပ်တော့စားပွဲနဲ့ခေါင်းထိပ်မိတ်ဆက်သွားလေသည်...။
"အာ..နာသွားလား..ထွက်ခဲ့..လာ..ထရပ်တော့ဆောင့်မိမှာပေါ့..."
ခေါင်းလေးကိုဖိကိုင်ကာငိုမဲ့မဲ့ဖြစ်နေသည်မို့ဂုဏ်လက်ကမ်းပေးပြီးထွက်လာဖို့လောဆော်ရသည်...။
"ဖောင်းထွေးယေးကိုအရင်ထော်ပေး.."
လူကိုလက်ကမ်းပေးပါတယ်ဆိုမှအဖြူစွတ်စွတ်ခွေးလေးကိုလက်ထဲထိုးထည့်ပေးနေသူကြောင့်ဂုဏ်ခွေးကိုပွေ့ခေါ်ကာအရင်ထုတ်ပေးလိုက်ရသည်...။
ထို့နောက် ငုတ်တုတ်ထိုင်လျှက်သားဖြင့်ဘဲလမ်းလျှောက်သလိုခြေထောက်အားလိမ်ဖယ်လိမ်ဖယ်လုပ်ကာတရွေ့ရွေ့ထွက်လာသည့်ထိုကလေးခေါင်းကိုလက်ဖြင့်အုပ်ကိုင်ပေးရင်းဆွဲထုတ်လိုက်၏...။
အဖြူရောင်အနောက်တိုင်း၀တ်စုံလေးကို၀တ်ထားသည်မို့မင်္ဂလာဆောင်လာသည့်ဧည့်သည်တစ်ယောက်ကလေးဖြစ်လိမ့်မည်ထင်သည်...။
ပခုံးထိရှည်သည့်ကောက်ကောက်ကွေးကွေးထူထဲလှသည့်ဆံပင်တို့အားနဖူးပြောင်သိမ်းကာတ၀က်စည်းထားသည်မို့မျက်နှာပြည့်ပြည့်ဖောင်းဖောင်းလေးကဖိကိုက်ချင်စဖွယ်ပင်...။
ညိုသည်လည်းမဟုတ် ၀ါ၀င်း၀င်းရှိသည့်အသားရောင်ကဂုဏ်အသားရောင်နှင့်ခပ်ဆင်ဆင်တူနေသည်မို့မသိရင် သားအဖပြောရင်ယုံကြလိမ့်မည်...။
သေချာကြည့်မှမြင်ရသည့်မေးနှစ်ခွလေးကြောင့်ရောထိုမေးနှစ်ခွအလည်မှာရှိသည့်မှဲ့လေးကြောင့်ပါတကယ်ကိုဂုဏ့်ကိုယ်ပွားလေးအလား...။
"ခုံအောက်ဘာ၀င်လုပ်နေတာလဲ.."
ဂုဏ်ထိုင်နေသည့်ဘေးကထိုင်ခုံပေါ်ပွေ့တင်ပေးလိုက်ပြီးနောက်ခပ်တည်တည်ဖြင့်မေးတော့နှုတ်ခမ်းမှာပေနေသည့်အမဲသားSteakဆီတို့အားလျှာသပ်သိမ်းလိုက်ပြီးထိုင်ခုံပေါ်ကနေစားပွဲပေါ်ဆီကုတ်တွယ်တက်ကာတစ်ရှူးဆွဲထုတ်ရင်းပါးစပ်အားတို့ထိရုံဟန်ကျကျသုတ်နေလေသည်...။
"ဖောင်းကအမဲတားချတိတ်ကိုချားတာလေးပွဲချိပြီယေ..ပါးပါးကထပ်ချားတာတိရင်ရိုက်မှာချိူးလို့ပုန်းချားနေတာ..ခစ်..ခစ်.."
ဟ လေးပွဲတောင်စားတယ်...ဂုဏ်လက်တစ်၀ါးစာမျှရှိသည့်steakကိုလေးပွဲလောက်ကုန်သည်ဆိုတော့ဒီကလေးလူမှဟုတ်ရဲ့လား...။
"အူးလေးကြီးကရောဒီထဲဘာလာရုပ်တာလဲ..တီခြယ်တူနယ်ချင်းတွေချိုအပြင်သွားနေယေ.."
"ငါကလူရှုပ်တာမကြိုက်လို့ဒီထဲလာထိုင်နေတာ.."
ပါးစပ်မှာမပြောင်သေးသည့်ဆီတို့အားတစ်ရှူးဖြင့်အသာအယာသုတ်ပေးလိုက်တော့ခေါင်းလေးမော့ပေးလာပြီးရယ်ပြလာသည်မို့မြင်လိုက်ရသည့်အရာကြောင့်ခွီးကနဲရယ်လိုက်မိသည်...။
သွားပိုးစားထားလို့ရှေ့သွားတစ်ချောင်းမှမရှိပဲသွားစွယ်လေးနှစ်ချောင်းကသာထီးထီးမားမားရှိနေသည်မို့ရယ်ပြတိုင်းသွားစွယ်ကိုသာမြင်နေရသည်...။
"လူရှုပ်တာမကြိုက်ရင်မလာနဲ့ယေ...ဖောင်းကတော့စားရရင်လူများလည်းသွားချင်ရယ်..."
"ဖောင်းဖောင်းရေ...သားငယ်ရေ.."
ထိုစဥ်အပြင်ကခေါ်သံကြောင့်ဖင်တရွတ်တွန်းကာစားပွဲပေါ်မှဆင်းသွားပြီးသူ့ခွေးလေးအားပွေ့ချီရင်းပြေးထွက်သွားသည်...။
ဂုဏ်ကြောင်အအဖြင့်ကြည့်နေစဥ်တံခါးပေါက်ကနေပြန်လှည့်ကြည့်လာပြီးရယ်ပြကာအော်ပြောလာသည်...။
"ဖောင်းနာမည် လေကြေတောင်းတန့် တီခြယ်တို့အိမ်အတည့်ကအိမ်မှာနေဒယ် လာလည်နော်..လူမရှုပ်ဘူး..လေးယောက်ပဲချိတာ..တာ့တာ.."
ပြောပြောဆိုဆိုပြေးထွက်သွားသည့်ထိုကလေးအားဆံပင်မီးခိုးရောင်နှင့်လူတစ်ယောက်ကပွေ့ချီခေါ်သွားသည်ကိုတံခါးပေါက်ကြားထဲမှတဆင့်မြင်လိုက်ရသည်...။
ကျောပေးထားသည်မို့မျက်နှာကိုသေချာမမြင်ရ..။တရွေ့ရွေ့ထွက်သွားသည့်ထိုလူ၏ကျောပြင်အားလွမ်းဆွတ်သလိုငေးကြည့်နေမိစဥ်နှာ၀ဆီသင်းပျံ့လာသည့်စကား၀ါပန်းpheromonesနံ့ကြောင့်Heatဖြစ်နေသည်အထင်ဖြင့်သတိပေးဖို့ပြေးထွက်ခဲ့ပေမယ့်အရိပ်အယောင်မျှမတွေ့ရတော့ချေ...။
ဘယ်omegaကိုမှစိတ်မပူဖူးသည့် ညို့သောဂုဏ်သျှင်က ထိုကလေးအဖေomegaလေးကိုသတိပေးဖို့ပြေးထွက်သွားတာရုပ်ပျက်ဆင်းပျက်ကိုဖြစ်လို့...။
"ဘာရှာနေတာလဲ ဂုဏ်.."
ပခုံးအားပုတ်လာသည့်အထိအတွေ့နှင့်အတူမေးလာသည့်မခြယ်ကသူ့အကြည့်တို့ဝှေ့ရာဆီလိုက်ကြည့်နေ၏..။
"အာ ဘာမှမဟုတ်ပါဘူး...ဧည့်သည်တွေပြန်သွားပြီလား..."
မယုံသင်္ကာသည့်ပြုံးစစအကြည့်ကိုရှောင်ဖယ်ရင်းဖြေတော့ခေါင်းငြိမ့်ပြလာပြီးသတို့သားနှင့်မိတ်ဆက်ပေးဖို့ခေါ်သွားလေသည်...။
အချင်းချင်းမိတ်ဆက်ပြီးနောက်အပြင်မှာပဲsteakကိုစားဖို့ပြင်လိုက်စဥ်လေးပွဲတောင်ကုန်သည်ဆိုသည့်ပုစိလေးအားဘာရယ်မဟုတ်သတိရမိသွားသည်...။
ထို့နောက်မီးခိုးရောင်ခေါင်းလုံးလုံးလေးနှင့်အနက်ရောင်ရှပ်လက်ရှည်၀တ်ထားသည့်ကျောပြင်သေးသေးအားလည်းပြန်လည်မြင်ယောင်မိသလိုနှာခေါင်းဆီသို့ခဏတဖြုတ်သင်းပျံ့လာသည့်စကား၀ါပန်းရနံ့လေးအားလည်းထပ်မံရှူရှိုက်လိုသည့်စိတ်တို့ကသွေးကြောထိအပြည့်...။
"တီခြယ်...ကောင်းကောင်းတို့ပြန်တော့မယ်"
"ချွင်..."
မခြယ်အားလာနှုတ်ဆက်သည့်ကလေးသံကြောင့်လှည့်ကြည့်မိတော့ လက်ထဲကဓားနှင့်ခရင်းတို့ပြုတ်ကျသွားရသည်...။
ရုပ်ချင်းဆင်တူဖြင့်အစောကပုစိထက်အနည်းငယ်မျှထွားပြီးအသားပိုဖြူသည်..။ထို့အပြင်အနက်ရောင်အနောက်တိုင်း၀တ်စုံကိုစမက်ကျကျ၀တ်ထားပြီးဆံပင်ကောက်ကောက်ကွေးကွေးတို့အားပခုံးပေါ်၌ကပိုကယိုချထားသည့်နောက်ထပ်ကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်...။
"အာ...မင်း..ဟိုပုစိလား.."
"ဟမ်..ဘယ်ပုစိလဲ.."
ကြောင်တောင်တောင်ကြည့်ရင်းမေးလိုက်သည့်ဂုဏ်အသံကြောင့် မခြယ်ကလှည့်ကြည့်ရင်းမေးဆတ်ကာမေးလာသည်...။
"အာ...အစောက သူ့လိုတစ်ယောက်တွေ့ခဲ့တယ်..မီးဖိုချောင်ထဲမှာ.."
ထိုအခါမှာမခြယ်ကဟက်ဟက်ပက်ပက်အော်ရယ်ကာထိုကလေးအားပွေ့ချီခေါ်ရင်းပြောလာသည်...။
"ဖောင်းဖောင်းနဲ့တွေ့ခဲ့တာထင်တယ်...အဲ့ကလေးတစ်ခုခုခိုးစားနေတာမှဟုတ်ပါလေစ..."
အတွင်းသိအဆင်းသိသဘောမျိုးပေါ့ပေါ့ပါးပါးပြောနေသည်မို့ ဒီကလေးတွေကမခြယ်အသိတစ်ယောက်ကလေးတွေဖြစ်ဟန်တူသည်...။
"မခြယ်အသိရဲ့ကလေးတွေလား.."
သူ့အမေးကိုမဖြေပဲကလေးကိုပြန်ချပေးကာတာ့တာပြန်ပြရင်းတရွေ့ရွေ့ထွက်သွားသည့်သူအားငေးကြည့်နေလေသည်...။
"ဖောင်းဖောင်းနဲ့ကောင်းကောင်းကိုမခြယ်မွေးပေးခဲ့တာလေ....မခြယ်သားလေးတွေဆိုလည်းမမှားဘူး...သူ့တို့ပါးပါးအသော်လေးကလည်းသိပ်ချစ်ဖို့ကောင်းတာ..."
"အမြွှာလေးလား..."
သူ့အမေးကိုခေါင်းလေးငြိမ့်ပြရင်းသက်ပြင်းသဲ့သဲ့ချသံကြားလိုက်ရသည်မို့ဂုဏ်ခရင်းကိုချကာစားလက်စကိုရပ်လိုက်သည်...။
"ဖောင်းဖောင်းလေးနာမည်က လေပြေကောင်းသန့် အငယ်လေးသူက...ကောင်းကောင်းလေးနာမည်က သက်ပြေကောင်းအံ့..သူကအကြီးလေး..နှစ်ယောက်လုံးငလည်လေးတွေရယ်.."
"အင်း....ဖောင်းဖောင်းက တော်တော်လည်တာပါ..ကျွန်တော်ကိုယ်တွေ့ပဲ.."
သူကထပ်ဆင့်ထောက်ခံတော့မခြယ်ကသဘောတကျပြုံးသည်...။စားသောက်ပြီးလို့ပြန်ဖို့ပြင်တော့ကားနားအထိမခြယ်ရောသူ့အမျိုးသားရောလိုက်ပို့ကြသည်...။
နှုတ်ဆက်ပြီးလို့ကားမှန်တင်ပြီးမှတစ်စုံတစ်ခုကိုသတိရလိုက်သည်မို့ကားမှန်ပြန်ချကာမခြယ်ကိုလှမ်းအော်ခေါ်လိုက်သည်...။
"မခြယ်..ခဏ.."
မခြယ်ကပန်းရောင်မင်္ဂလာ၀တ်စုံကြီးကိုမနိုင့်တနိုင်ပွေ့မကာကားနားကပ်လာပြီးဘာလဲဆိုသည့်သဘောဖြင့်မေးဆတ်ပြသည်...။
"ဖောင်းဖောင်းလေးပါးပါး Heat ၀င်နေတယ်ထင်တယ်...pheromonesနံ့တွေထွက်နေလို့ကျွန်တော်တောင်အနံ့ရလိုက်သေးတယ် အဲ့ဒါသတိပေးလိုက်ပါအုံး...သတိမထားမိပဲလျှောက်သွားမိနေရင်မကောင်းတဲ့လူနဲ့တွေ့ရင်ဒုက္ခဖြစ်နေမယ်..အာ့လေးပြောပေး..."
ပြောပြောဆိုဆိုမိမိစကားပြန်တောင်မစောင့်ပဲကားကိုလျောကနဲမောင်းထွက်သွားသည့်ဂုဏ့်အား ခြယ်ဇလပ်၀ါကြောင်ကြည့်နေမိသည်...။
ညို့သောဂုဏ်သျှင်ကိုယ်ထဲတစ်ယောက်ယောက်များ၀င်နေသလား...။
အရင်ကဆိုသူနှင့်မပတ်သက်သည့်လူကိုစိတ်ပူဖို့မပြောနှင့်တွဲသွားတွဲလာလုပ်သည့်omegaတွေကိုတောင်သူနဲ့ချိန်းတွေ့ချိန်Heatထဖြစ်တဲ့အခါတွေ့ရာထားခဲ့တက်ပြီးသူ့သူငယ်ချင်းတွကိုသာလာရှင်းခိုင်းတက်သူကယခုတော့ထူးထူးခြားခြား...။
ညို့သောဂုဏ်သျှင်ထူးထူးခြားခြားပြုမူရင် ခြယ် လန့်သည်..။ဘယ်အရာကိုမဆိုမဖြစ်ဖြစ်အောင် လုပ်တက်ပြီးလိုချင်ရာကိုလည်းမရရအောင်ယူတက်သူမို့ ကလေးလေးတို့ပါးပါးလေးရှောင်နိုင်ဖို့သတိပေးထားရအုံးမည်...။
သို့ပေမယ့် Dominant Omegaနဲ့သာမာန်AlphaစုံတွဲကDominant Omegaနဲ့Dominant Alphaအမြွှာမွေးဖွားနိုင်ချေအရမ်းနည်းသည်မို့ ဖောင်းဖောင်းလေးတို့ဒယ်ဒီကို ခြယ် သိပ်မသင်္ကာ..။
သွေးရင်းလို့ပြောလို့မရလောက်အောင်ပင် ဖောင်းနဲ့ကောင်းက ထိုAlphaနှင့်နည်းနည်းလေးတောင်တူညီနေတာမရှိ..။
ထပ်ပြီးတော့ခပ်သဲ့သဲ့ကြားထားသည့်သတင်းက အသော်လေးသည်အတိတ်မေ့နေသူဟူ၍..။
ဒါကြောင့် အသော်လေးသည်တမင်ဖျားယောင်းခေါ်ဆောင်ခံထားရသလားဆိုတာခြယ်စုံစမ်းနေဆဲအခြေအနေမို့အတိအကျသိရသည်နှင့်လုပ်သင့်လုပ်ထိုက်တာလုပ်ပေးဖို့ကြံစည်ထားသည်..။
......
တကိုယ်လုံးဆီတွေပေပွနေသည့်သားငယ်ဖောင်းဖောင်းကိုရေချိုးပေးနေရင်း အစောကအီကနဲနှာ၀ဆီတိုးဝှေ့လာသည့်ညမွေးပန်းpheromones
နံ့ကိုတွေးနေမိသည်...။
ညမွေးပန်းpheromonesဆိုတာ အသော့်မိတ်ဖြစ်သည့်ဦးသာpheromonesနံ့မဟုတ်လား...။
ဦးသာကသူဆေးကုမ္ပဏီမှာပြဿနာတက်လို့မနေ့ကတည်းကယခုအချိန်ပြန်မလာနိုင်သေး..။ဒါကြောင့်ညမွေးပန်းPheromonesနံ့ကဒီမင်္ဂလာပွဲမှာရှိနေတာမဖြစ်နိုင်ပေ..။
သို့ပေမယ့်တိတိကျကျကိုရရှိလိုက်ထိုအနံ့ကHeatနားနီးနေလို့မကြည်မလင်ဖြစ်နေသည့်အသော့်စိတ်အားမြူမှုံမျှမကျန်အောင်ကြည်လင်လန်းဆန်းသွားစေသည်...။
ဒါတွေဟာတစ်သက်တာအမှတ်အသားပေးထားသည့်မိတ်ဖက်omega၏အနားရောက်နေသည့်အတွက်တန်ပြန်စိမ့်ထွက်လာသည့်ညမွေးပန်းpheromonesတို့ကြောင့် စကား၀ါပန်းရနံ့pheromonesတို့ကတွန်းကန်ထွက်လာကာသူ့Alphaအားအသိအမှတ်ပြုခြင်းဖြစ်ကြောင်းကိုတော့ထိုလူသားနှစ်ယောက်မသိခဲ့ကြချေ...။
လူချင်းဝေးပေမယ့်ပေါင်းစည်းထားသည့်အနံ့တို့ကတော့အချင်းချင်းထိတွေ့မိတ်ဆက်ကာပြန်လည်ဆုံဆည်းနေကြလေပြီ...။
အသျှင်နဲ့အသော်လေးတို့ကရောဘယ်အချိန်မှာများပြန်ဆုံတွေ့လေမလဲ...ဘယ်နှစ်ခါလောက်လွဲနေကြအုံးမည်လဲ...။
မည်သူမှကြိုမပြောနိုင်သည့်ဒီကံကြမ္မာတွေ...။
......
ကြွေပု
4.10.22
Zaw
Mႏိုင္ငံအေဝးေျပးလမ္းမေပၚ၌ၿပိဳင္ကားအျပာေရာင္ေလးတစ္စီးသည္ေလဟုန္ခြင္းလ်ွက္အရိွန္အဟုန္ျဖင့္ေျပးလႊားေနေလ၏...။
လီဗာကုန္ေမာင္းေနသည့္အရိွန္ေၾကာင့္လမ္းေဘးမွသစ္ပင္တို႔သည္လည္းတရိပ္ရိပ္ျဖင့္သာက်န္ရစ္ခဲ့ၾကေလသည္...။
ရိွသမ်ွအလုပ္ကိုပစ္ထားခဲ့ၿပီးတေလာကလပိုင္းအတြင္းမွာပဲလမ္းခြဲလိုက္ရသည့္၃ေယာက္ေျမာက္ရည္းစားေဟာင္းျဖစ္သူမဂၤလာေဆာင္ကိုတက္ေရာက္ဖို႔ ဂုဏ္ထြက္လာခဲ့ျခင္းပင္...။
ညို႔ေသာဂုဏ္သ်ွင္ဆိုေသာသူကအခ်စ္ဆိုတာကိုသိပ္အေလးထားတက္သူမဟုတ္...။
လက္ရိွမွာေစ့စပ္ထားသူရိွေနေပမယ့္ မိမိႏွင့္ထိုလူကငယ္ေပါင္းသူငယ္ခ်င္းေတြဟုေသာထိုလူ႔အေျပာေၾကာင့္ သူလည္းသူ႔လမ္းသူေလ်ွာက္ကိုယ္လည္းကိုယ့္လမ္းကိုေလ်ွာက္ၾကဖို႔ၫွိယူထားၾကသည့္အတြက္ေနာက္ေၾကာင္းျပန္ၾကည့္စရာမလိုေခ်...။
အတိတ္မေမ့ခင္ကလည္းသည္လိုရႈပ္ရႈပ္ေပြေပြေနတက္သလားမေျပာတက္...။
ရည္းစားလိုတြဲခ်င္ေပမယ့္အမွတ္အသားေပးၿပီးခ်ည္ေနွာင္ခ်င္ေလာက္သည္အထိမည္သည့္
0megaကိုမွသူမလိုခ်င္ခဲ့ေပ...။
ဒါေၾကာင့္ေစ့စပ္ထားေပမယ့္လည္းနားလည္မႈယူကာရည္းစားထည္လဲတြဲၿပီးဘ၀ကိုေပ်ာ္ေပ်ာ္ႀကီးျဖတ္သန္းေနသည္...။
လက္ခံထားသည့္ေစ့စပ္ပြဲဆိုသည္မွာလည္းမိမိအားေကာ္လိုကပ္ေနသည့္ခန္႔တီထူးဆိုေသာomegaအားပထုတ္ဖို႔အျပင္ပါးပါးကိုမာမ၀င္ခင္ကတည္းကပါးပါးအေနျဖင့္အထူးတလည္ဆႏၵရိွေသာကိစၥျဖစ္ေၾကာင္းေလးေလးမ်ိဳးထံမွသိရ၍ျဖည့္ဆည္းေပးခဲ့ျခင္းပင္...။
လြန္ခဲ့သည့္၇ႏွစ္အတြင္းဘာေတျြဖစ္ပ်က္ခဲ့လဲဆိုတာကိုမမွတ္မိသည္မို႔ယခုအခ်ိန္မွာဂုဏ့္အုပ္ထိန္းသူလူႀကီးတစ္ၪီးျဖစ္သည့္ေယာကၡမေလာင္းျဖစ္ေသာေလးေလးမ်ိဳးအေျပာကိုသာနာခံခဲ့၏...။
တီလန္ၿမိဳ႔သို႔
Mႏိုင္ငံ၏အေနာက္အစြန္ဘက္တြင္ရိွေသာေတာင္တန္းတို႔ၿခံရံထားသည့္ၿမိဳ႔..။
Mႏိုင္ငံMၿမိဳ႔မွတီလန္ၿမိဳ႔ဆီသို႔ကားျဖင့္၄နာရီၾကာသည့္အထိေမာင္းရေလသည္..။ေတာင္တန္းတို႔အၾကားတည္ထားသည့္ၿမိဳ႔ျဖစ္တာေၾကာင့္ေတာင္တန္းတို႔အားေကြ့ကာဝိုက္ကာျဖတ္သန္းရၿပီးလမ္းတစ္ေလ်ွာက္စိမ္းလန္းသည့္ရႈခင္းတို႔ကမ်က္စိေအးစရာအတိ...။
တီလန္ၿမိဳ႔မွႀကိဳဆိုပါ၏ဟူေသာဆိုင္းဘုတ္ကိုျမင္သည္ႏွင့္ေမးႏွစ္ခြၾကားထဲမွမွဲ႔နက္ကေလးေပၚလာသည္အထိၿပံဳးလိုက္ၿပီးဆိုင္းဘုတ္ႏွင့္ကပ္လ်ွက္ရိွေသာလမ္းၾကားဆီသို႔ေကြ့၀င္ခ်လိုက္သည္...။
ဒီၿမိဳ႔ကိုဂုဏ္တစ္ခါမွမေရာက္ဖူးေပမယ့္ရည္းစားေဟာင္းျဖစ္သည့္ မျခယ္ ကဆိုင္းဘုတ္ႏွင့္ကပ္လ်ွက္လမ္းၾကားကေန၀င္လာလ်ွင္ပထမဆံုးေတြ့ရသည့္အိမ္ဟာသူမအိမ္ဟုေျပာထားဖူးသည္မို႔မတြန္႔မဆုတ္ယံုၾကည္မႈရိွေနျခင္းသာ...။
မျခယ္ေျပာသလိုပါပဲ..ထိုလမ္းၾကားထဲ၀င္လိုသည္ႏွင့္လမ္းထိပ္တည့္တည့္ကအိမ္၌
မဂၤလာေဆာင္ဓာတ္ပံုတို႔အစီအရီခ်ိတ္ဆြဲထားသည္ကိုေတြ့လိုက္ရသည္..။
ေမာင္ခန္႔ရဲေသာ္ထက္ႏွင့္မျခယ္ဇလပ္ဝါတို႔၏မဂၤလာပြဲ
မျခယ္နဲ႔ကရည္းစားေဟာင္းဆိုေပမယ့္လုပ္ငန္းအတြက္ေတြ့ဆံုၾကရာမွလုပ္ငန္းေဖာ္အျဖစ္သာပိုရင္းႏွီးၾကေလသည္..။
မျခယ္ကဂုဏ္ထက္၅ႏွစ္ခန္႔ႀကီးသည့္
OGဆရာ၀န္မတစ္ေယာက္..။ဒါေၾကာင့္ဂုဏ္အေနျဖင့္သူမအေပၚခ်စ္သူလိုခ်စ္သလိုအစ္မတစ္ေယာက္လိုလည္းရင္ဖြင့္ဆက္ဆံလို႔ရသည္..။တြဲခဲ့သည့္ရက္ေတြအတြင္းမွာလည္းမေလးမစားေျပာဆိုတာမ်ိဳးမရိွခဲ့...။
အိမ္ဝိုင္းကအက်ယ္ႀကီးမို႔ကားေတြစီတန္းကာထိုးထားသည့္ေနရာအထိေမာင္း၀င္သြားလိုက္ၿပီးကားပါကင္ထိုးၿပီးေနာက္လက္ယမ္းျပေနသည့္မျခယ္ဆီတစ္လွမ္းခ်င္းေလ်ွာက္၀င္လာခဲ့သည္...။
"အိုက္ယား...လမ္းေပ်ာက္ေနမယ္ထင္ေနတာဂုဏ္ရယ္..လာေပးလို႔မျခယ္ကအမ်ားႀကီးေက်းဇူးတင္ပါတယ္ေနာ္..."
သူ႔အားေမာင္ေလးတစ္ေယာက္သဖြယ္ေပြ့ဖက္ႏႈတ္ဆက္ရင္းေျပာလာသည့္ပန္းေရာင္သတို႔သမီးေလးကဆန္းဆန္းျပားျပားလွပေန၏..။
"လာ..မျခယ္တို႔အိမ္ထဲသြားရေအာင္အျပင္မွာကလူရႈပ္ေတာ့ဂုဏ္အေနက်ပ္ေနမယ္အိမ္ထဲသြားစားရေအာင္..."
လက္ဆြဲေခၚလာေတာ့အိမ္ထဲလိုက္၀င္ရင္း၀ယ္လာသည့္စိန္တဆင္စာဗူးေလးအားလက္ထဲထည့္ေပးရင္းၿပံဳးစစျဖင့္ခပ္ေနာက္ေနာက္စလိုက္သည္..။
"လက္ထပ္ပြဲအတြက္Congratulations မျခယ္...မျခယ္ေမြးတဲ့ကေလးပဲေစာင့္ယူေတာ့မယ္ဗ်ာ.."
"ေကာင္စုတ္ေလး...အေလလိုက္မေနနဲ႔ေတာ့...တည္တည္တံ့တံ့ရွာ...မဟုတ္ရင္လည္းေစ့စပ္ထားတဲ့သူကိုယူေတာ့..ဒါေလးအတြက္ေတာ့သင့္ခ္ယူ..သင့္ခ္ယူ..လာလာ.."
ဂုဏ္၏ခပ္ေနာက္ေနာက္စကားကိုေက်ာျပင္အားလက္သြယ္သြယ္ျဖင့္ရိုက္ပုတ္ရင္းေလးေလးနက္နက္စကားဆိုလာေလသည္..။ထို႔ေနာက္လက္ထဲကဗူးေလးအားေျမႇာက္ျပရင္းေက်းဇူးစကားဆိုကာမီးဖိုေခ်ာင္ခန္းဆီေခၚသြားေလသည္...။
"မျခယ္တို႔ေဆးရံုကဧည့္သည္ေတြေရာက္လာၿပီတဲ့.."
မီးဖိုေခ်ာင္အ၀င္၀ေရာက္ခိုက္လူတစ္ေယာက္ေအာ္ေျပာသံေၾကာင့္မျခယ္ဆီမွသက္ျပင္းသဲ့သဲ့ခ်သံၾကားလိုက္ရသည္...။
"သြားပါ ဒီအခန္းထဲမွာပဲေနေနမယ္...စားဖို႔လည္းဒီသာပို႔ခိုင္းလိုက္ အမဲသားSteakေနာ္..."
ထိုအခါမွၿပံဳးသြားကာေခါင္းၿငိမ့္ျပရင္းလံုး၀ျပန္မသြားဖို႔အတန္တန္မွာၿပီးေနာက္ပြဲဆီအေျပးတပိုင္းထြက္သြားသည္ကိုၾကည့္ကာဂုဏ္ခပ္တိုးတိုးရယ္လိုက္မိသည္..။
ထို႔ေနာက္မီးဖိုခန္းထဲရိွစားပြဲထိပ္တည့္တည့္ဆီသြားကာထိုင္ခံုတစ္လံုးကိုဆြဲ၀င္ထိုင္ၿပီးဖုန္းကိုထုတ္ကာအလုပ္ကိစၥအ၀င္E mailတို႔အားစစ္ေနလိုက္သည္...။
"ခစ္ ခစ္.."
ကေလးရယ္သံလိုလိုၾကားလိုက္ရသည္မို႔အာရံုစိုက္နားေထာင္ၾကည့္ေတာ့ဘာသံမွမၾကားရေတာ့ျပန္...။နားမလည္သလိုေခါင္းကိုတစ္ခ်က္မ်ွေစာင္းလိုက္ၿပီးE mailျပန္စစ္ေနလိုက္ၿပီးစာျပန္စရာရိွတာျပန္ေနလိုက္သည္...။
"ခစ္..ခစ္.."
"အီ..အီ.."
ထပ္ထြက္လာသည့္အသံကတစ္ခုတည္းမဟုတ္ေတာ့..။ေခြးေပါက္စေအာ္သည့္တအီအီသံပါၾကားလာေနရသည္...။ထို႔ေၾကာင့္ထိုင္ေနရာမွထရပ္ကာစားပြဲအစအဆံုးျမင္ႏိုင္သည့္အရပ္မို႔ေျခလွမ္းမေရြ့ပဲမ်က္လံုးကိုသာကစားရင္းေဝ႔ွၾကည့္လိုက္ေပမယ့္အရိပ္အေယာင္မ်ွပင္မေတြ့..။
ဘာလဲဟ သရဲေျခာက္ခံေနရတာလား...။
မျဖစ္ႏိုင္သည့္အေတြးကိုေတြးမိသည့္မိမိအေတြးအားရယ္ခ်င္သြားရသည္...။
စိတ္ရွင္းေအာင္စားပြဲကိုတပတ္လည္လိုက္ၾကည့္ေပမယ့္အေစာကေခြးအီသံေရာလူရယ္သံေရာထပ္မၾကားရေတာ့ေခ်...။
ဘယ္ေသာက္ကေလးကသူ႔ကိုလာစေနာက္ေနတာလဲ..ေတြ့ရင္ေတာ့လား...ေမးေမးၿပီးကိုရိုက္ပစ္အံုးမယ္..။
"ခစ္..ခစ္..တိုးတိုးခ်ား..ပါးပါးတိရင္ေဖာင္းအနမ္းခံေနရမယ္.."
အသံတိတ္ႀကံဳးဝါးလိုက္ၿပီးအေစာကထိုင္ခံုေပၚျပန္ထိုင္ဖို႔ျပင္လိုက္စဥ္ရယ္သံတိုးတိုးနဲ႔အတူေလသံမ်ွသာက်ယ္ေသာစကားသံမပီမသကိုပါေရာေနွာၾကားလိုက္ရသည္...။
အသံလာရာကိုလည္းသိလိုက္ၿပီမို႔စားပြဲေဘးႏွစ္ခံုေျမာက္ထိုင္ခံုအားဖယ္ကာၾကမ္းျပင္ေပၚဒူးတစ္ဖက္ေထာက္ခ်လိုက္ၿပီးေနာက္ၾကမ္းျပင္ႏွင့္ပါးျပင္မိတ္ဆက္ကာစားပြဲေအာက္ကိုငံု႔ၾကည့္လိုက္သည္...။
"အမေယး..တရဲ.. ဒုန္း...အာ့"
သူ႔ကိုျမင္သည္ႏွင့္အမဲသားSteakကိုလက္နဲ႔ကိုင္ကာကိုက္ဖဲ့ဝါးစားေနရာမွလန္႔ေအာ္ကာေၾကာက္ေၾကာက္လန္႔လန္႔ထရပ္ေတာ့စားပြဲနဲ႔ေခါင္းထိပ္မိတ္ဆက္သြားေလသည္...။
"အာ..နာသြားလား..ထြက္ခဲ့..လာ..ထရပ္ေတာ့ေဆာင့္မိမွာေပါ့..."
ေခါင္းေလးကိုဖိကိုင္ကာငိုမဲ့မဲ့ျဖစ္ေနသည္မို႔ဂုဏ္လက္ကမ္းေပးၿပီးထြက္လာဖို႔ေလာေဆာ္ရသည္...။
"ေဖာင္းေထြးေယးကိုအရင္ေထာ္ေပး.."
လူကိုလက္ကမ္းေပးပါတယ္ဆိုမွအျဖဴစြတ္စြတ္ေခြးေလးကိုလက္ထဲထိုးထည့္ေပးေနသူေၾကာင့္ဂုဏ္ေခြးကိုေပြ့ေခၚကာအရင္ထုတ္ေပးလိုက္ရသည္...။
ထို႔ေနာက္ ငုတ္တုတ္ထိုင္လ်ွက္သားျဖင့္ဘဲလမ္းေလ်ွာက္သလိုေျခေထာက္အားလိမ္ဖယ္လိမ္ဖယ္လုပ္ကာတေရြ့ေရြ့ထြက္လာသည့္ထိုကေလးေခါင္းကိုလက္ျဖင့္အုပ္ကိုင္ေပးရင္းဆြဲထုတ္လိုက္၏...။
အျဖဴေရာင္အေနာက္တိုင္း၀တ္စံုေလးကို၀တ္ထားသည္မို႔မဂၤလာေဆာင္လာသည့္ဧည့္သည္တစ္ေယာက္ကေလးျဖစ္လိမ့္မည္ထင္သည္...။
ပခံုးထိရွည္သည့္ေကာက္ေကာက္ေကြးေကြးထူထဲလွသည့္ဆံပင္တို႔အားနဖူးေျပာင္သိမ္းကာတ၀က္စည္းထားသည္မို႔မ်က္ႏွာျပည့္ျပည့္ေဖာင္းေဖာင္းေလးကဖိကိုက္ခ်င္စဖြယ္ပင္...။
ညိုသည္လည္းမဟုတ္ ဝါ၀င္း၀င္းရိွသည့္အသားေရာင္ကဂုဏ္အသားေရာင္ႏွင့္ခပ္ဆင္ဆင္တူေနသည္မို႔မသိရင္ သားအဖေျပာရင္ယံုၾကလိမ့္မည္...။
ေသခ်ာၾကည့္မျွမင္ရသည့္ေမးႏွစ္ခြေလးေၾကာင့္ေရာထိုေမးႏွစ္ခြအလည္မွာရိွသည့္မွဲ႔ေလးေၾကာင့္ပါတကယ္ကိုဂုဏ့္ကိုယ္ပြားေလးအလား...။
"ခံုေအာက္ဘာ၀င္လုပ္ေနတာလဲ.."
ဂုဏ္ထိုင္ေနသည့္ေဘးကထိုင္ခံုေပၚေပြ့တင္ေပးလိုက္ၿပီးေနာက္ခပ္တည္တည္ျဖင့္ေမးေတာ့ႏႈတ္ခမ္းမွာေပေနသည့္အမဲသားSteakဆီတို႔အားလ်ွာသပ္သိမ္းလိုက္ၿပီးထိုင္ခံုေပၚကေနစားပြဲေပၚဆီကုတ္တြယ္တက္ကာတစ္ရႉးဆြဲထုတ္ရင္းပါးစပ္အားတို႔ထိရံုဟန္က်က်သုတ္ေနေလသည္...။
"ေဖာင္းကအမဲတားခ်တိတ္ကိုခ်ားတာေလးပြဲခ်ိၿပီေယ..ပါးပါးကထပ္ခ်ားတာတိရင္ရိုက္မွာခ်ိူးလို႔ပုန္းခ်ားေနတာ..ခစ္..ခစ္.."
ဟ ေလးပြဲေတာင္စားတယ္...ဂုဏ္လက္တစ္ဝါးစာမ်ွရိွသည့္steakကိုေလးပြဲေလာက္ကုန္သည္ဆိုေတာ့ဒီကေလးလူမွဟုတ္ရဲ့လား...။
"အူးေလးႀကီးကေရာဒီထဲဘာလာရုပ္တာလဲ..တီျခယ္တူနယ္ခ်င္းေတြခ်ိဳအျပင္သြားေနေယ.."
"ငါကလူရႈပ္တာမႀကိဳက္လို႔ဒီထဲလာထိုင္ေနတာ.."
ပါးစပ္မွာမေျပာင္ေသးသည့္ဆီတို႔အားတစ္ရႉးျဖင့္အသာအယာသုတ္ေပးလိုက္ေတာ့ေခါင္းေလးေမာ့ေပးလာၿပီးရယ္ျပလာသည္မို႔ျမင္လိုက္ရသည့္အရာေၾကာင့္ခြီးကနဲရယ္လိုက္မိသည္...။
သြားပိုးစားထားလို႔ေရ႔ွသြားတစ္ေခ်ာင္းမွမရိွပဲသြားစြယ္ေလးႏွစ္ေခ်ာင္းကသာထီးထီးမားမားရိွေနသည္မို႔ရယ္ျပတိုင္းသြားစြယ္ကိုသာျမင္ေနရသည္...။
"လူရႈပ္တာမႀကိဳက္ရင္မလာနဲ႔ေယ...ေဖာင္းကေတာ့စားရရင္လူမ်ားလည္းသြားခ်င္ရယ္..."
"ေဖာင္းေဖာင္းေရ...သားငယ္ေရ.."
ထိုစဥ္အျပင္ကေခၚသံေၾကာင့္ဖင္တရြတ္တြန္းကာစားပြဲေပၚမွဆင္းသြားၿပီးသူ႔ေခြးေလးအားေပြ့ခ်ီရင္းေျပးထြက္သြားသည္...။
ဂုဏ္ေၾကာင္အအျဖင့္ၾကည့္ေနစဥ္တံခါးေပါက္ကေနျပန္လွည့္ၾကည့္လာၿပီးရယ္ျပကာေအာ္ေျပာလာသည္...။
"ေဖာင္းနာမည္ ေလေၾကေတာင္းတန္႔ တီျခယ္တို႔အိမ္အတည့္ကအိမ္မွာေနဒယ္ လာလည္ေနာ္..လူမရႈပ္ဘူး..ေလးေယာက္ပဲခ်ိတာ..တာ့တာ.."
ေျပာေျပာဆိုဆိုေျပးထြက္သြားသည့္ထိုကေလးအားဆံပင္မီးခိုးေရာင္ႏွင့္လူတစ္ေယာက္ကေပြ့ခ်ီေခၚသြားသည္ကိုတံခါးေပါက္ၾကားထဲမွတဆင့္ျမင္လိုက္ရသည္...။
ေက်ာေပးထားသည္မို႔မ်က္ႏွာကိုေသခ်ာမျမင္ရ..။တေရြ့ေရြ့ထြက္သြားသည့္ထိုလူ၏ေက်ာျပင္အားလြမ္းဆြတ္သလိုေငးၾကည့္ေနမိစဥ္ႏွာ၀ဆီသင္းပ်ံ့လာသည့္စကားဝါပန္းpheromonesနံ႔ေၾကာင့္Heatျဖစ္ေနသည္အထင္ျဖင့္သတိေပးဖို႔ေျပးထြက္ခဲ့ေပမယ့္အရိပ္အေယာင္မ်ွမေတြ့ရေတာ့ေခ်...။
ဘယ္omegaကိုမွစိတ္မပူဖူးသည့္ ညို႔ေသာဂုဏ္သ်ွင္က ထိုကေလးအေဖomegaေလးကိုသတိေပးဖို႔ေျပးထြက္သြားတာရုပ္ပ်က္ဆင္းပ်က္ကိုျဖစ္လို႔...။
"ဘာရွာေနတာလဲ ဂုဏ္.."
ပခံုးအားပုတ္လာသည့္အထိအေတြ့ႏွင့္အတူေမးလာသည့္မျခယ္ကသူ႔အၾကည့္တို႔ေဝ႔ွရာဆီလိုက္ၾကည့္ေန၏..။
"အာ ဘာမွမဟုတ္ပါဘူး...ဧည့္သည္ေတျြပန္သြားၿပီလား..."
မယံုသကၤာသည့္ၿပံဳးစစအၾကည့္ကိုေရွာင္ဖယ္ရင္းေျဖေတာ့ေခါင္းၿငိမ့္ျပလာၿပီးသတို႔သားႏွင့္မိတ္ဆက္ေပးဖို႔ေခၚသြားေလသည္...။
အခ်င္းခ်င္းမိတ္ဆက္ၿပီးေနာက္အျပင္မွာပဲsteakကိုစားဖို႔ျပင္လိုက္စဥ္ေလးပြဲေတာင္ကုန္သည္ဆိုသည့္ပုစိေလးအားဘာရယ္မဟုတ္သတိရမိသြားသည္...။
ထို႔ေနာက္မီးခိုးေရာင္ေခါင္းလံုးလံုးေလးႏွင့္အနက္ေရာင္ရွပ္လက္ရွည္၀တ္ထားသည့္ေက်ာျပင္ေသးေသးအားလည္းျပန္လည္ျမင္ေယာင္မိသလိုႏွာေခါင္းဆီသို႔ခဏတျဖဳတ္သင္းပ်ံ့လာသည့္စကားဝါပန္းရနံ႔ေလးအားလည္းထပ္မံရႉရိႈက္လိုသည့္စိတ္တို႔ကေသြးေၾကာထိအျပည့္...။
"တီျခယ္...ေကာင္းေကာင္းတို႔ျပန္ေတာ့မယ္"
"ခြၽင္..."
မျခယ္အားလာႏႈတ္ဆက္သည့္ကေလးသံေၾကာင့္လွည့္ၾကည့္မိေတာ့ လက္ထဲကဓားႏွင့္ခရင္းတို႔ျပဳတ္က်သြားရသည္...။
ရုပ္ခ်င္းဆင္တူျဖင့္အေစာကပုစိထက္အနည္းငယ္မ်ွထြားၿပီးအသားပိုျဖဴသည္..။ထို႔အျပင္အနက္ေရာင္အေနာက္တိုင္း၀တ္စံုကိုစမက္က်က်၀တ္ထားၿပီးဆံပင္ေကာက္ေကာက္ေကြးေကြးတို႔အားပခံုးေပၚ၌ကပိုကယိုခ်ထားသည့္ေနာက္ထပ္ကေလးတစ္ေယာက္ကိုေတြ့လိုက္ရသည္...။
"အာ...မင္း..ဟိုပုစိလား.."
"ဟမ္..ဘယ္ပုစိလဲ.."
ေၾကာင္ေတာင္ေတာင္ၾကည့္ရင္းေမးလိုက္သည့္ဂုဏ္အသံေၾကာင့္ မျခယ္ကလွည့္ၾကည့္ရင္းေမးဆတ္ကာေမးလာသည္...။
"အာ...အေစာက သူ႔လိုတစ္ေယာက္ေတြ့ခဲ့တယ္..မီးဖိုေခ်ာင္ထဲမွာ.."
ထိုအခါမွာမျခယ္ကဟက္ဟက္ပက္ပက္ေအာ္ရယ္ကာထိုကေလးအားေပြ့ခ်ီေခၚရင္းေျပာလာသည္...။
"ေဖာင္းေဖာင္းနဲ႔ေတြ့ခဲ့တာထင္တယ္...အဲ့ကေလးတစ္ခုခုခိုးစားေနတာမွဟုတ္ပါေလစ..."
အတြင္းသိအဆင္းသိသေဘာမ်ိဳးေပါ့ေပါ့ပါးပါးေျပာေနသည္မို႔ ဒီကေလးေတြကမျခယ္အသိတစ္ေယာက္ကေလးေတျြဖစ္ဟန္တူသည္...။
"မျခယ္အသိရဲ့ကေလးေတြလား.."
သူ႔အေမးကိုမေျဖပဲကေလးကိုျပန္ခ်ေပးကာတာ့တာျပန္ျပရင္းတေရြ့ေရြ့ထြက္သြားသည့္သူအားေငးၾကည့္ေနေလသည္...။
"ေဖာင္းေဖာင္းနဲ႔ေကာင္းေကာင္းကိုမျခယ္ေမြးေပးခဲ့တာေလ....မျခယ္သားေလးေတြဆိုလည္းမမွားဘူး...သူ႔တို႔ပါးပါးအေသာ္ေလးကလည္းသိပ္ခ်စ္ဖို႔ေကာင္းတာ..."
"အႁမြွာေလးလား..."
သူ႔အေမးကိုေခါင္းေလးၿငိမ့္ျပရင္းသက္ျပင္းသဲ့သဲ့ခ်သံၾကားလိုက္ရသည္မို႔ဂုဏ္ခရင္းကိုခ်ကာစားလက္စကိုရပ္လိုက္သည္...။
"ေဖာင္းေဖာင္းေလးနာမည္က ေလေျပေကာင္းသန္႔ အငယ္ေလးသူက...ေကာင္းေကာင္းေလးနာမည္က သက္ေျပေကာင္းအံ့..သူကအႀကီးေလး..ႏွစ္ေယာက္လံုးငလည္ေလးေတြရယ္.."
"အင္း....ေဖာင္းေဖာင္းက ေတာ္ေတာ္လည္တာပါ..ကြၽန္ေတာ္ကိုယ္ေတြ့ပဲ.."
သူကထပ္ဆင့္ေထာက္ခံေတာ့မျခယ္ကသေဘာတက်ၿပံဳးသည္...။စားေသာက္ၿပီးလို႔ျပန္ဖို႔ျပင္ေတာ့ကားနားအထိမျခယ္ေရာသူ႔အမ်ိဳးသားေရာလိုက္ပို႔ၾကသည္...။
ႏႈတ္ဆက္ၿပီးလို႔ကားမွန္တင္ၿပီးမွတစ္စံုတစ္ခုကိုသတိရလိုက္သည္မို႔ကားမွန္ျပန္ခ်ကာမျခယ္ကိုလွမ္းေအာ္ေခၚလိုက္သည္...။
"မျခယ္..ခဏ.."
မျခယ္ကပန္းေရာင္မဂၤလာ၀တ္စံုႀကီးကိုမႏိုင့္တႏိုင္ေပြ့မကာကားနားကပ္လာၿပီးဘာလဲဆိုသည့္သေဘာျဖင့္ေမးဆတ္ျပသည္...။
"ေဖာင္းေဖာင္းေလးပါးပါး Heat ၀င္ေနတယ္ထင္တယ္...pheromonesနံ႔ေတြထြက္ေနလို႔ကြၽန္ေတာ္ေတာင္အနံ႔ရလိုက္ေသးတယ္ အဲ့ဒါသတိေပးလိုက္ပါအံုး...သတိမထားမိပဲေလ်ွာက္သြားမိေနရင္မေကာင္းတဲ့လူနဲ႔ေတြ့ရင္ဒုကၡျဖစ္ေနမယ္..အာ့ေလးေျပာေပး..."
ေျပာေျပာဆိုဆိုမိမိစကားျပန္ေတာင္မေစာင့္ပဲကားကိုေလ်ာကနဲေမာင္းထြက္သြားသည့္ဂုဏ့္အား ျခယ္ဇလပ္ဝါေၾကာင္ၾကည့္ေနမိသည္...။
ညို႔ေသာဂုဏ္သ်ွင္ကိုယ္ထဲတစ္ေယာက္ေယာက္မ်ား၀င္ေနသလား...။
အရင္ကဆိုသူႏွင့္မပတ္သက္သည့္လူကိုစိတ္ပူဖို႔မေျပာႏွင့္တြဲသြားတြဲလာလုပ္သည့္omegaေတြကိုေတာင္သူနဲ႔ခ်ိန္းေတြ့ခ်ိန္Heatထျဖစ္တဲ့အခါေတြ့ရာထားခဲ့တက္ၿပီးသူ႔သူငယ္ခ်င္းတြကိုသာလာရွင္းခိုင္းတက္သူကယခုေတာ့ထူးထူးျခားျခား...။
ညို႔ေသာဂုဏ္သ်ွင္ထူးထူးျခားျခားျပဳမူရင္ ျခယ္ လန္႔သည္..။ဘယ္အရာကိုမဆိုမျဖစ္ျဖစ္ေအာင္ လုပ္တက္ၿပီးလိုခ်င္ရာကိုလည္းမရရေအာင္ယူတက္သူမို႔ ကေလးေလးတို႔ပါးပါးေလးေရွာင္ႏိုင္ဖို႔သတိေပးထားရအံုးမည္...။
သို႔ေပမယ့္ Dominant Omegaနဲ႔သာမာန္AlphaစံုတြဲကDominant Omegaနဲ႔Dominant Alphaအႁမြွာေမြးဖြားႏိုင္ေခ်အရမ္းနည္းသည္မို႔ ေဖာင္းေဖာင္းေလးတို႔ဒယ္ဒီကို ျခယ္ သိပ္မသကၤာ..။
ေသြးရင္းလို႔ေျပာလို႔မရေလာက္ေအာင္ပင္ ေဖာင္းနဲ႔ေကာင္းက ထိုAlphaႏွင့္နည္းနည္းေလးေတာင္တူညီေနတာမရိွ..။
ထပ္ၿပီးေတာ့ခပ္သဲ့သဲ့ၾကားထားသည့္သတင္းက အေသာ္ေလးသည္အတိတ္ေမ့ေနသူဟူ၍..။
ဒါေၾကာင့္ အေသာ္ေလးသည္တမင္ဖ်ားေယာင္းေခၚေဆာင္ခံထားရသလားဆိုတာျခယ္စံုစမ္းေနဆဲအေျခအေနမို႔အတိအက်သိရသည္ႏွင့္လုပ္သင့္လုပ္ထိုက္တာလုပ္ေပးဖို႔ႀကံစည္ထားသည္..။
......
တကိုယ္လံုးဆီေတြေပပြေနသည့္သားငယ္ေဖာင္းေဖာင္းကိုေရခ်ိဳးေပးေနရင္း အေစာကအီကနဲႏွာ၀ဆီတိုးေဝ႔ွလာသည့္ညေမြးပန္းpheromones
နံ႔ကိုေတြးေနမိသည္...။
ညေမြးပန္းpheromonesဆိုတာ အေသာ့္မိတ္ျဖစ္သည့္ၪီးသာpheromonesနံ႔မဟုတ္လား...။
ၪီးသာကသူေဆးကုမၸဏီမွာျပႆနာတက္လို႔မေန့ကတည္းကယခုအခ်ိန္ျပန္မလာႏိုင္ေသး..။ဒါေၾကာင့္ညေမြးပန္းPheromonesနံ႔ကဒီမဂၤလာပြဲမွာရိွေနတာမျဖစ္ႏိုင္ေပ..။
သို႔ေပမယ့္တိတိက်က်ကိုရရိွလိုက္ထိုအနံ႔ကHeatနားနီးေနလို႔မၾကည္မလင္ျဖစ္ေနသည့္အေသာ့္စိတ္အားျမဴမႈံမ်ွမက်န္ေအာင္ၾကည္လင္လန္းဆန္းသြားေစသည္...။
ဒါေတြဟာတစ္သက္တာအမွတ္အသားေပးထားသည့္မိတ္ဖက္omega၏အနားေရာက္ေနသည့္အတြက္တန္ျပန္စိမ့္ထြက္လာသည့္ညေမြးပန္းpheromonesတို႔ေၾကာင့္ စကားဝါပန္းရနံ႔pheromonesတို႔ကတြန္းကန္ထြက္လာကာသူ႔Alphaအားအသိအမွတ္ျပဳျခင္းျဖစ္ေၾကာင္းကိုေတာ့ထိုလူသားႏွစ္ေယာက္မသိခဲ့ၾကေခ်...။
လူခ်င္းေဝးေပမယ့္ေပါင္းစည္းထားသည့္အနံ႔တို႔ကေတာ့အခ်င္းခ်င္းထိေတြ့မိတ္ဆက္ကာျပန္လည္ဆံုဆည္းေနၾကေလၿပီ...။
အသ်ွင္နဲ႔အေသာ္ေလးတို႔ကေရာဘယ္အခ်ိန္မွာမ်ားျပန္ဆံုေတြ့ေလမလဲ...ဘယ္ႏွစ္ခါေလာက္လြဲေနၾကအံုးမည္လဲ...။
မည္သူမွႀကိဳမေျပာႏိုင္သည့္ဒီကံၾကမၼာေတြ...။
......
ေႂကြပု
4.10.22