အခန်း (၉ ) အပိုင်း ၂
အမေချန်က မျက်ရည်တွေကျလာပြီး စိတ်ထဲမှာ နူးညံသွားတယ်။ ဆယ်နှစ်လောက် စကားများကြပေမဲ့ သားကသူ့ကို အမေအဖြစ် စဥ်းစားပေးသေးတယ်လို့ ခံစားရတယ်။ လောကမှာ ဘာကမှ သားအရင်းလောက် မကောင်းဘူး။ ဘာမောင်လေးတွေတူတွေ ဘေးဖယ်လိုက်။ သူမအရင်က တကယ့်ကို စိတ်ရှုပ်ထွေးနေတာပဲ။ သူမက တုံအိမ်သားအဖ အတွက်နဲ့ ထပ်ပြီးသားရဲ့ စိတ်ကို နာကျင်အောင်လုပ်လို့ မဖြစ်တော့ဘူး။ တုံလုက ပါးနပ်စွာနဲ့ ခံစားမိပြီး အမြန်ကျယ်လောင်စွာ ဝင်ပြောလိုက်တယ်။
''ဂုဏ်ပြုပါတယ် ဒေါ်လေး။ ဝမ်းသာပါတယ် ဒေါ်လေး။ နောင်ဆိုရင် အဆုံးမရှိတဲ့ ပျော်ရွှင်မှုကို ခံစားရတော့မယ်´´
စားပွဲမှာ ရှိတဲ့သူတွေ အကုန်လုံး ထပြီး ဂုဏ်ပြုလိုက်တယ်။ တုံရုံးက သေချာနားမလည်သေးဘူး။ ဒါပေမဲ့ ဦးလေးတုံက အခြေအနေက ပြီးဆုံးသွားပြီမှန်း သိတယ်။ တူလေးက သူ့အမကို သူနဲ့ခွဲဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ကို ထပ်ပြီး အခွင့်ရေးယူဖို့ ခွင့်ပြုမှာ မဟုတ်တော့ဘူး။ သခင်မကယ်ကလည်း ပြုံးပြီးပြောလိုက်တယ်။
''ဘေးအိမ်ကို သွားတဲ့အကြိမ်တိုင်း ကျွန်မစိတ်ထဲမှာ အရမ်းသဘောကျခဲ့တယ်´´
'' တစ်နေ့မှာတော့ သွားနေရလိမ့်မယ်လို့ တကယ်ထင်မထားဘူး´´
ချန်ရှီက မျက်လုံးကို လှန်လိုက်ပြီး စိတ်ထဲမှာ မနှစ်သက်တဲ့ အသံနဲ့ ပြောလိုက်တယ်။
''ခယ်မက သွားစရာမလိုဘူး။ မင်းအခုနေတဲ့ အခန်းက မင်းအတွက် ကောင်းတယ်လို့ မပြောဘူးလား´´
''မင်းကောင်းကောင်းသာနေပါ။ ဘယ်သူမှလာပြီး မင်းရဲ့သားဓာတ်ကို အနှောင့်အယှက် မပေးဘူး´´
ချန်ရှောက်ရှန်းက ဗိုက်ထဲမှာ ရယ်ရလွန်းလို့ မရတော့ဘူး။ ရှင်က အခြားသူရဲ့ ယောကျာ်းကို ဝမ့်အိမ်မှာ စိတ်ကြိုက် နေရာရွေးခိုင်းပြီး မိန်းမကိုတော့ မပြောင်းခိုင်းဘူး။ ဒါဆို ကယ်အိမ်က မိန်းမက ဘယ်လိုလုပ်ပြီး သားမွေးရမှာလဲ။
သခင်မကယ် မျက်နှာက ခရမ်းရောင် ဖြစ်သွားပြီး တစ်ခဏကြာ သီးသွားတယ်။ လင်မယားနှစ်ယောက်က အခန်းမတူပဲ ဘယ်လိုလုပ်ပြီး ကလေးမွေးရမှာလဲလို့ ပြောလိုက်ချင်တယ်။ ဒါပေမဲ့ အရမ်းရှက်ပြီး ရှင်..ရှင်..ရှင် ဆိုပြီးတော့ပဲ ထစ်ထစ်အအ ထွက်လာတယ်။
တကယ်တော့ သူမက သခင်မရှောင်း ပြန်လာပြီးရင် အိမ်အုပ်ချုပ်ခွင့်နဲ့ အဓိကဆောင်ကို ပြန်တောင်းလိမ့်မယ်လို့ စဥ်းစားပြီးဖြစ်တယ်။ အရှေ့ကဟာကိုတော့ သူမ ငြင်းပယ်လို့ မရပေမဲ့ နည်းနည်းတော့ အခက်တွေ့အောင် လုပ်လို့ရတယ်။ အဓိကဆောင်ကိုတော့ သူမလုံးဝ လက်မလျှော့ဘူးလို့ ဆုံးဖြတ်ပြီး ဖြစ်တယ်။ ဖိအားပေးလာရက် သူမက ငိုယိုပြဿနာ ရှာလိုက်မယ်။
မထင်မှတ်ပဲ သခင်မရှောင်းက သူမပြန်လာကတည်းက အိမ်ဆောင် ပြောင်းချင်တဲ့ ကိစ္စကို နည်းနည်းလေးမှ မပြောဘူး။ လက်စသတ်တော့ ဒါကို စောင့်နေတာပဲ။ ကိုယ့်ဟာကို မနည်း ဒီအိမ်တော်ဟောင်းရဲ့ အစေခံတွေကို ပျိုးထောင်ထားရတာ သခင်မရှောင်းက တစ်ယောက်မှ မသုံးဘူး။ မေးတောင်မမေးဘူး။
အိမ်အသစ်မှာ သူ့ရဲ့လူယုံတွေကို တစ်ခါတည်း ဖြည့်လိုက်တယ်။ အဲ့အချိန်ကျရင် သူပြောတာ အတည်ပဲ။ သခင်မကယ်ရဲ့ ဦးနှောက်ထဲမှာ ရုတ်တရက် ရှင်းလင်းသွားတယ်။ သူမရဲ့ မရီးနဲ့ ၁၀နှစ်ကြော် သိကျွမ်းလာခဲ့တာ သူမလည်းပဲ အရင်က သခင်မရှောင်းရဲ့ နည်းလမ်းတွေကို တွေ့ကြုံခဲ့ဖူးတယ်။ သူမမှန်းတာ မမှန်းရင် အဖွားဝမ့်က ပြောင်းပြီးသွားလောက်ပြီ။ အခုချိန် အိမ်အသစ်ကို စောင့်ကြပ်နေတာက သခင်မရှောင်း ခေါ်လာတဲ့ အိမ်အစောင့်တွေ ဖြစ်လောက်တယ်။
ဒီလူတွေကို သူမဘယ်လို စည်းရုံးရမှာလဲ။ တကယ်လို့ သူမဟာသူမ အိမ်အသစ်ကို ပြောင်းခဲ့ရင် သခင်မရှောင်းက အများဆုံးအနေနဲ့ အစေခံအချို့ ခေါ်ဖို့ပဲပြောမှာ။ ဒါဆို သူမဒီ ၁၀နှစ်ကျော်မှာ သုံးထားရတဲ့ အင်အားတွေက ဘာအသုံးဝင်ဦးမှာလဲ။
သခင်မကယ် ပြန်ပြောတာကို မစောင့်ပဲ တုံရုံးက မျက်နှာမှာ မနာလိုမှုတွေနဲ့ ပြုံးပြီးပြောလိုက်တယ်။
''ဒေါ်လေး ဝမ်အိမ်ရဲ့ အဲ့ဒီ့အိမ်တော်ကို ကျွန်တော် မသွားဖူးသေးဘူး။ အဖေနဲ့အမေက ဒေါ်လေးနဲ့လိုက်ပြီး ကြည့်ဖူးတယ်။ ကျွန်တော်ရ မရ.....´´
''ဘာကိုရ ရမှာလဲ။ မရဘူး´´
အမေချန်က ငြင်းပယ်လိုက်တယ်။
''အခုလေးတင် နင်က ချန်အိမ်ကို ထပ်ပြီးလာလို့ မရဘူးလို့ ပြောပြီးပြီ။ ငါက အလကားပြောတယ်လို့ နင်ထင်နေလား´´
''နောက်ဆိုရင် ချန်အိမ်မှာ ပွဲတော်ကြီး ကျင်းပတာကလွဲလို့ မဟုတ်ရင် နင်မလာနဲ့တော့´´
သခင်မရှောင်းရဲ့ အကြည့်တွေထဲမှာ အထင်သေးမှုတွေ ရှိနေတယ်။ ဦးလေးတုံက လောဘကြီးတဲ့သူ ဖြစ်ပေမဲ့ ပါးနပ်တဲ့သူဖြစ်တယ်။ မျက်နှာ အခြေအနေကိုကြည့်ပြိီး မျက်နှာချိုသွေးတတ်တယ်။ ဒီတုံရုံးက ဘာအားသာချက်မှ မရှိဘူး။ ဒီအသက်အရွယ် ရောက်နေတာတောင် အဒေါ်ရှေ့မှာ အလိုလိုက်ခံရတဲ့ ကောင်စုတ်လေးလို လုပ်နေတုန်းပဲ။ နွားသားရေလောက်ထူတဲ့ အရေပြား (အရှက်မရှိ ) ကိုပဲ အားကိုးပြီးနေတယ်။ ပြန်သွားရင် လူရှာပြီး သူ့ရဲ့နွားသရေကို ကောင်းကောင်းဆွဲခွာခိုင်းဦးမယ်။ သူ့ကို ကောင်းကင်က ဘယ်လောက်မြင့်ပြီး မြေပြင်က ဘယ်လောက်ထူတယ်ဆိုတာ သိစေရမယ်။
သခင်မကယ်က နောက်ဆုံး ကောက်ရ်ိုးမျှင်ကိုဆွဲပြီး ပြုံးကာ ပြောလိုက်တယ်။
''ကျွန်မက လက်ထပ်ပြီးသား အမျိုးသမီးတစ်ယောက်ပါ။ အပြင်က လောကအကြောင်းတွေ နားမလည်ဘူး။ ဒါပေမဲ့ ကျွန်မတို့ အကုန်လုံးက မိသားစုတွေလေ´´
''ဦးလေးတုံနဲ့ ဝမ်းကွဲမောင်က အမှားကျုးလွန်ခဲ့ရင် အမဖြစ်တဲ့ ကျွင်းကူးက အပြစ်ပေးရင် ရပြီပဲ။ ဘာဖြစ်လို့ အဆက်အသွယ် ဖြတ်လိုက်မှာလဲ´´
ဦးလေးတုံက သူမ သခင်မရှောင်းကို ဆန့်ကျင်ဖို့ အကူအညီကောင်း တစ်ယောက်ဖြစ်တယ်။ သူလာမှ သူမမှာနိုင်ဖို့ အခွင့်အရေးရှိမယ်။ သခင်မရှောင်းက ပြုံးပြီး သူမခင်ပွန်းကို ကြည့်လိုက်တယ်။ ချန်ရှီရဲ့မျက်နှာက မှုန်ကုပ်နေတယ်။ အဖွားဟူက ပြုံးပြီး အမေချန်ကို ကြည့်လိုက်တယ်။ အကြည့်ထဲက အဓိပ္ပာယ်ကတော့ ' ကြည့်ပါဦး။ ကျွန်မပြောတာ မှန်တယ်မလား။ သူမတကယ်ပဲ အဲ့လိုပြောတယ်´ ဆိုတာပဲ ဖြစ်တယ်။
အမေချန်က စားပွဲကို ရိုက်ပြီး အော်လိုက်တယ်။
''ငါတို့တုံအိမ်ရဲ့ ကိစ္စက နင်နဲ့ ဘာဆိုင်လဲ။ ငါနဲ့ လောင်တ ပြောပြီးတဲ့ ကိစ္စကို နင်ကဝင်စွတ်ဖက်နေသေးတယ်´´
''ဒီအိမ်မှာ နင်ကဘယ်လောက်ကြီးလို့လဲ´´
''နင်အဲ့လောက် တုံအိမ်ကို မခွဲနိုင်ရင် တုံအိမ်ကို လိုက်သွားချည်။ ငါက နင်ပျော်ပျော်ရွှင်ရွှင် အသက်ရှင်တာကို မတားဘူး´´
လယ်သမား တောင်သမားတွေက တည့်တည့်ပြောတာကို ပြောရမယ်ဆိုရင် သူတို့က မာန်မဲတဲ့အခါမှာလည်း တိုက်ရိုက်ပဲဖြစ်တယ်။ ချန်ရှောက်ရှန်းက နားထောင် နေရင်း မျက်လုံးနှစ်လုံးက တောက်ပနေတယ်။
ဒီစကားထွက်လာတာနဲ့ သခင်မကယ်ရဲ့ မျက်နှာအရောင်က ဝက်အသည်းလို ဖြစ်သွားတယ်။ သူမက တောရွာမှာ ကြီးပြင်းခဲ့ရပေမဲ့ ကယ်ထိုက်ကုန်း လက်ထဲက ရတနာလေးတစ်ပါးဖြစ်တယ်။ သူမငယ်စဥ်ကတည်းက အထိန်းတော်တွေက ခစားခဲ့ကာ ဘယ်လိုလုပ်ပြီးဒီလို ကြမ်းတမ်းတဲ့ ဆူမာန်မှုကို ခံခဲ့ရဖူးမှာလဲ။ စားပွဲကို ဘေးတွန်းကာ အင်္ကျီလက်နဲ့ မျက်နှာကိုအုပ်ပြီး ထွက်ပြေးသွားတော့တယ်။
ချန်ရှောက်ရှန်းက ပျော်ပွဲကြည့်ရတာ ကိစ္စမကြီးသေးလို့ ဦးလေး ၂ကို အမြန်ခိုးကြည့်လိုက်တယ်။ မထင်မှတ်ပဲ ချန်ဦးလေး၂ရဲ့ မျက်နှာက လုံးဝမပြောင်းဘူး။ သူ့ဟာသူ သေရည်ငှဲ့ပြီး သောက်နေတယ်။ စားပွဲကလူတွေ အကုန်လုံးက တုံ့ပြန်မှု မရှိကြဘူး။ ဦးလေးတုံနဲ့ ချန်ရှီက အစောကြီးထဲက အမေချန်ရဲ့ တိုက်ပွဲစွမ်းရည်ကို သိပြီးဖြစ်တယ်။ သခင်မရှောင်းနဲ့ တုံလုကလည်း အစောကြီးထဲက ဒီနေ့ရဲ့ ပြပွဲအကြောင်းကို သိပြီးဖြစ်တယ်။
ပထမတစ်ပွဲ ပြီးသွားတဲ့အခါ ချန်ရှောက်ရှန်းက ဘေးကမျက်လုံးကြီးကြီးနဲ့ ကောင်မလေးမှာပဲ မျက်နှာနီမြန်းနေကာ လက်သီးဆုပ်ထားပြီး ရှက်ရွံ့ကာ အနေရခက်နေသည့် အမူအရာရှိတယ်။ ဒါပေမဲ့ ဘေးကဖြူဖြူဝဝ ကောင်လေးကတော့ တစ်ချိန်လုံး မနားတမ်းစားနေတယ်။ ဘာကိစ္စတွေ ဖြစ်နေလဲဆိုတာ နားထောင်လို့ နားမလည်တာ ဖြစ်လောက်တယ်။
သူမရဲ့ ချွေးမကို မာန်မဲပြီးတဲ့အခါမှာ အမေချန်က စိတ်အခြေအနေ တက်ကြွနေတယ်။ အဖွားဟူက သေရည်ငှဲ့ပေးကာ ပြုံးပြီးပြောလိုက်တယ်။
''နေ့တစ်ဝက်လောက် ပြောနေတာ။ အမြန် လည်ချောင်းကို အစိုဓာတ်ပေးလိုက်ပါဦး´´
အဲ့ဒီ့နောက်မှာ သူမက ဓားတစ်ချောင်းကို သုံးပြီး အမေချန်အတွက် ကြက်ပေါင်ကို လှီးပေးတယ်။
''ဒါကဒီနေ့ မီးဖိုဆောင်ထဲမှာ ကျွန်မကိုယ်တိုင်ချက်လာခဲ့တာ။ ကျွန်မတို့ ငယ်ငယ်တုန်းက အရသာဟုတ်လားဆိုတာ မြည်းကြည့်ပါဦး´´
အမေချန်က အလုပ်ကြီးကြီး တစ်လုပ်စားလိုက်ကာ အံ့သြသွားပြီး ချီးကျုးလိုက်တယ်။
''ဒီအရသာပဲ မွှေးလည်းမွှေးတယ်။ စေးလည်းစေးတယ်!!´´
အဖွားဟူကို ပြုံးပြီးပြောလိုက်တယ်။
''နင်က ငယ်ငယ်လေးကတည်းက အစားအစာတွေ လုပ်ရတာ သဘောကျတယ်။ နင့်ရဲ့လက်ရာကို မမြည်းရတာ နှစ်တွေ အတော်ကြာပြီ´´
ထပ်ပြီးတော့ ကြက်သေသေနေတဲ့ တုံရုံးကို ခေါင်းလှည့်ကြည့်ကာ ပြောလိုက်တယ်။
''ဘာကြည့်နေတာလဲ စားလေ !´´
အဖွားဟူက ပြုံးပြီးပြောလိုက်တယ်။
''တုံကုန်းနဲ့ သခင်လေးက မွေးလာထဲက မြင့်မြတ်ကြတယ်။ ဒီကျေးရွာ အစားအစာလေးကို သဘောမကျတာ ဖြစ်နိုင်ပါတယ်´´
ချန်ရှောက်ရှန်းက သူ့ပေါင်ကို တိတ်တိတ်လေး ရ်ိုက်လိုက်တယ်။ ဒီအမျိုးသမီးကြီးက စကားပြောတဲ့ စွမ်းရည် အရမ်းကောင်းတာပဲ။
အမေချန်က ဒီစကားက်ု နားထောင်ပြီး ချန်ရှီက အချိန်အတော်ကြာ မစားခဲ့ရသလို အရသာရှိရှိ စားနေတွေ့တော့ ဘယ်လိုလုပ်ပြီး ရှေ့တန်းစစ်မျက်နှာမှာ ကောင်းကောင်းစား ကောင်းကောင်းသောက်ရမှာလဲဆိုတာ တွေးလိုက်မိတယ်။ ရင်ထဲမှာ နာသွားပြီး အသံကျယ်ကျယ်နဲ့ပြောလိုက်တယ်။
''အဖေ အသက်ရှိစဥ်က အဖေရဲ့ စောင့်ရှောက်မှုရှိတယ်´´
''အဖေကွယ်လွန်သွားတော့ ငါ့ရဲ့ စောင့်ရှောက်မှုရှိတယ်´´
''သူတို့သားအဖက ဘယ်မှာ အခက်အခဲ ခံစားဖူးမှာလဲ။ အခက်အခဲတွေ အကုန်လုံးကို ငါ့ရဲ့ကလေးတွေ ခံစားခဲ့ရတယ်´´
ဘေးနားက ဦးလေးတုံက တူကိုချတော့လည်းမဖြစ် တူကိုကိုင်တော့လည်း မဖြစ်ဖြစ်နေတယ်။ တောင်းပန်ပြုံးပဲ ပြုံးနိုင်တယ်။
ZAWGYI
အခန္း (၉ ) အပိုင္း ၂
အေမခ်န္က မ်က္ရည္ေတြက်လာၿပီး စိတ္ထဲမွာ ႏူးညံသြားတယ္။ ဆယ္ႏွစ္ေလာက္ စကားမ်ားၾကေပမဲ့ သားကသူ႔ကို အေမအျဖစ္ စဥ္းစားေပးေသးတယ္လို႔ ခံစားရတယ္။ ေလာကမွာ ဘာကမွ သားအရင္းေလာက္ မေကာင္းဘူး။ ဘာေမာင္ေလးေတြတူေတြ ေဘးဖယ္လိုက္။ သူမအရင္က တကယ့္ကို စိတ္ရႈပ္ေထြးေနတာပဲ။ သူမက တုံအိမ္သားအဖ အတြက္နဲ႔ ထပ္ၿပီးသားရဲ႕ စိတ္ကို နာက်င္ေအာင္လုပ္လို႔ မျဖစ္ေတာ့ဘူး။ တုံလုက ပါးနပ္စြာနဲ႔ ခံစားမိၿပီး အျမန္က်ယ္ေလာင္စြာ ဝင္ေျပာလိုက္တယ္။
''ဂုဏ္ျပဳပါတယ္ ေဒၚေလး။ ဝမ္းသာပါတယ္ ေဒၚေလး။ ေနာင္ဆိုရင္ အဆုံးမရွိတဲ့ ေပ်ာ္႐ႊင္မႈကို ခံစားရေတာ့မယ္´´
စားပြဲမွာ ရွိတဲ့သူေတြ အကုန္လုံး ထၿပီး ဂုဏ္ျပဳလိုက္တယ္။ တုံ႐ုံးက ေသခ်ာနားမလည္ေသးဘူး။ ဒါေပမဲ့ ဦးေလးတုံက အေျခအေနက ၿပီးဆုံးသြားၿပီမွန္း သိတယ္။ တူေလးက သူ႔အမကို သူနဲ႔ခြဲဖို႔ ဆုံးျဖတ္လိုက္ၿပီး သူ႔ကို ထပ္ၿပီး အခြင့္ေရးယူဖို႔ ခြင့္ျပဳမွာ မဟုတ္ေတာ့ဘူး။ သခင္မကယ္ကလည္း ၿပဳံးၿပီးေျပာလိုက္တယ္။
''ေဘးအိမ္ကို သြားတဲ့အႀကိမ္တိုင္း ကြၽန္မစိတ္ထဲမွာ အရမ္းသေဘာက်ခဲ့တယ္´´
'' တစ္ေန႔မွာေတာ့ သြားေနရလိမ့္မယ္လို႔ တကယ္ထင္မထားဘူး´´
ခ်န္ရွီက မ်က္လုံးကို လွန္လိုက္ၿပီး စိတ္ထဲမွာ မႏွစ္သက္တဲ့ အသံနဲ႔ ေျပာလိုက္တယ္။
''ခယ္မက သြားစရာမလိုဘူး။ မင္းအခုေနတဲ့ အခန္းက မင္းအတြက္ ေကာင္းတယ္လို႔ မေျပာဘူးလား´´
''မင္းေကာင္းေကာင္းသာေနပါ။ ဘယ္သူမွလာၿပီး မင္းရဲ႕သားဓာတ္ကို အေႏွာင့္အယွက္ မေပးဘူး´´
ခ်န္ေရွာက္ရွန္းက ဗိုက္ထဲမွာ ရယ္ရလြန္းလို႔ မရေတာ့ဘူး။ ရွင္က အျခားသူရဲ႕ ေယာက်ာ္းကို ဝမ့္အိမ္မွာ စိတ္ႀကိဳက္ ေနရာေ႐ြးခိုင္းၿပီး မိန္းမကိုေတာ့ မေျပာင္းခိုင္းဘူး။ ဒါဆို ကယ္အိမ္က မိန္းမက ဘယ္လိုလုပ္ၿပီး သားေမြးရမွာလဲ။
သခင္မကယ္ မ်က္ႏွာက ခရမ္းေရာင္ ျဖစ္သြားၿပီး တစ္ခဏၾကာ သီးသြားတယ္။ လင္မယားႏွစ္ေယာက္က အခန္းမတူပဲ ဘယ္လိုလုပ္ၿပီး ကေလးေမြးရမွာလဲလို႔ ေျပာလိုက္ခ်င္တယ္။ ဒါေပမဲ့ အရမ္းရွက္ၿပီး ရွင္..ရွင္..ရွင္ ဆိုၿပီးေတာ့ပဲ ထစ္ထစ္အအ ထြက္လာတယ္။
တကယ္ေတာ့ သူမက သခင္မေရွာင္း ျပန္လာၿပီးရင္ အိမ္အုပ္ခ်ဳပ္ခြင့္နဲ႔ အဓိကေဆာင္ကို ျပန္ေတာင္းလိမ့္မယ္လို႔ စဥ္းစားၿပီးျဖစ္တယ္။ အေရွ႕ကဟာကိုေတာ့ သူမ ျငင္းပယ္လို႔ မရေပမဲ့ နည္းနည္းေတာ့ အခက္ေတြ႕ေအာင္ လုပ္လို႔ရတယ္။ အဓိကေဆာင္ကိုေတာ့ သူမလုံးဝ လက္မေလွ်ာ့ဘူးလို႔ ဆုံးျဖတ္ၿပီး ျဖစ္တယ္။ ဖိအားေပးလာရက္ သူမက ငိုယိုျပႆနာ ရွာလိုက္မယ္။
မထင္မွတ္ပဲ သခင္မေရွာင္းက သူမျပန္လာကတည္းက အိမ္ေဆာင္ ေျပာင္းခ်င္တဲ့ ကိစၥကို နည္းနည္းေလးမွ မေျပာဘူး။ လက္စသတ္ေတာ့ ဒါကို ေစာင့္ေနတာပဲ။ ကိုယ့္ဟာကို မနည္း ဒီအိမ္ေတာ္ေဟာင္းရဲ႕ အေစခံေတြကို ပ်ိဳးေထာင္ထားရတာ သခင္မေရွာင္းက တစ္ေယာက္မွ မသုံးဘူး။ ေမးေတာင္မေမးဘူး။
အိမ္အသစ္မွာ သူ႔ရဲ႕လူယုံေတြကို တစ္ခါတည္း ျဖည့္လိုက္တယ္။ အဲ့အခ်ိန္က်ရင္ သူေျပာတာ အတည္ပဲ။ သခင္မကယ္ရဲ႕ ဦးေႏွာက္ထဲမွာ ႐ုတ္တရက္ ရွင္းလင္းသြားတယ္။ သူမရဲ႕ မရီးနဲ႔ ၁၀ႏွစ္ေၾကာ္ သိကြၽမ္းလာခဲ့တာ သူမလည္းပဲ အရင္က သခင္မေရွာင္းရဲ႕ နည္းလမ္းေတြကို ေတြ႕ႀကဳံခဲ့ဖူးတယ္။ သူမမွန္းတာ မမွန္းရင္ အဖြားဝမ့္က ေျပာင္းၿပီးသြားေလာက္ၿပီ။ အခုခ်ိန္ အိမ္အသစ္ကို ေစာင့္ၾကပ္ေနတာက သခင္မေရွာင္း ေခၚလာတဲ့ အိမ္အေစာင့္ေတြ ျဖစ္ေလာက္တယ္။
ဒီလူေတြကို သူမဘယ္လို စည္း႐ုံးရမွာလဲ။ တကယ္လို႔ သူမဟာသူမ အိမ္အသစ္ကို ေျပာင္းခဲ့ရင္ သခင္မေရွာင္းက အမ်ားဆုံးအေနနဲ႔ အေစခံအခ်ိဳ႕ ေခၚဖို႔ပဲေျပာမွာ။ ဒါဆို သူမဒီ ၁၀ႏွစ္ေက်ာ္မွာ သုံးထားရတဲ့ အင္အားေတြက ဘာအသုံးဝင္ဦးမွာလဲ။
သခင္မကယ္ ျပန္ေျပာတာကို မေစာင့္ပဲ တုံ႐ုံးက မ်က္ႏွာမွာ မနာလိုမႈေတြနဲ႔ ၿပဳံးၿပီးေျပာလိုက္တယ္။
''ေဒၚေလး ဝမ္အိမ္ရဲ႕ အဲ့ဒီ့အိမ္ေတာ္ကို ကြၽန္ေတာ္ မသြားဖူးေသးဘူး။ အေဖနဲ႔အေမက ေဒၚေလးနဲ႔လိုက္ၿပီး ၾကည့္ဖူးတယ္။ ကြၽန္ေတာ္ရ မရ.....´´
''ဘာကိုရ ရမွာလဲ။ မရဘူး´´
အေမခ်န္က ျငင္းပယ္လိုက္တယ္။
''အခုေလးတင္ နင္က ခ်န္အိမ္ကို ထပ္ၿပီးလာလို႔ မရဘူးလို႔ ေျပာၿပီးၿပီ။ ငါက အလကားေျပာတယ္လို႔ နင္ထင္ေနလား´´
''ေနာက္ဆိုရင္ ခ်န္အိမ္မွာ ပြဲေတာ္ႀကီး က်င္းပတာကလြဲလို႔ မဟုတ္ရင္ နင္မလာနဲ႔ေတာ့´´
သခင္မေရွာင္းရဲ႕ အၾကည့္ေတြထဲမွာ အထင္ေသးမႈေတြ ရွိေနတယ္။ ဦးေလးတုံက ေလာဘႀကီးတဲ့သူ ျဖစ္ေပမဲ့ ပါးနပ္တဲ့သူျဖစ္တယ္။ မ်က္ႏွာ အေျခအေနကိုၾကည့္ၿပိီး မ်က္ႏွာခ်ိဳေသြးတတ္တယ္။ ဒီတုံ႐ုံးက ဘာအားသာခ်က္မွ မရွိဘူး။ ဒီအသက္အ႐ြယ္ ေရာက္ေနတာေတာင္ အေဒၚေရွ႕မွာ အလိုလိုက္ခံရတဲ့ ေကာင္စုတ္ေလးလို လုပ္ေနတုန္းပဲ။ ႏြားသားေရေလာက္ထူတဲ့ အေရျပား (အရွက္မရွိ ) ကိုပဲ အားကိုးၿပီးေနတယ္။ ျပန္သြားရင္ လူရွာၿပီး သူ႔ရဲ႕ႏြားသေရကို ေကာင္းေကာင္းဆြဲခြာခိုင္းဦးမယ္။ သူ႔ကို ေကာင္းကင္က ဘယ္ေလာက္ျမင့္ၿပီး ေျမျပင္က ဘယ္ေလာက္ထူတယ္ဆိုတာ သိေစရမယ္။
သခင္မကယ္က ေနာက္ဆုံး ေကာက္ရ္ိုးမွ်င္ကိုဆြဲၿပီး ၿပဳံးကာ ေျပာလိုက္တယ္။
''ကြၽန္မက လက္ထပ္ၿပီးသား အမ်ိဳးသမီးတစ္ေယာက္ပါ။ အျပင္က ေလာကအေၾကာင္းေတြ နားမလည္ဘူး။ ဒါေပမဲ့ ကြၽန္မတို႔ အကုန္လုံးက မိသားစုေတြေလ´´
''ဦးေလးတုံနဲ႔ ဝမ္းကြဲေမာင္က အမွားက်ဳးလြန္ခဲ့ရင္ အမျဖစ္တဲ့ ကြၽင္းကူးက အျပစ္ေပးရင္ ရၿပီပဲ။ ဘာျဖစ္လို႔ အဆက္အသြယ္ ျဖတ္လိုက္မွာလဲ´´
ဦးေလးတုံက သူမ သခင္မေရွာင္းကို ဆန္႔က်င္ဖို႔ အကူအညီေကာင္း တစ္ေယာက္ျဖစ္တယ္။ သူလာမွ သူမမွာႏိုင္ဖို႔ အခြင့္အေရးရွိမယ္။ သခင္မေရွာင္းက ၿပဳံးၿပီး သူမခင္ပြန္းကို ၾကည့္လိုက္တယ္။ ခ်န္ရွီရဲ႕မ်က္ႏွာက မႈန္ကုပ္ေနတယ္။ အဖြားဟူက ၿပဳံးၿပီး အေမခ်န္ကို ၾကည့္လိုက္တယ္။ အၾကည့္ထဲက အဓိပၸာယ္ကေတာ့ ' ၾကည့္ပါဦး။ ကြၽန္မေျပာတာ မွန္တယ္မလား။ သူမတကယ္ပဲ အဲ့လိုေျပာတယ္´ ဆိုတာပဲ ျဖစ္တယ္။
အေမခ်န္က စားပြဲကို ႐ိုက္ၿပီး ေအာ္လိုက္တယ္။
''ငါတို႔တုံအိမ္ရဲ႕ ကိစၥက နင္နဲ႔ ဘာဆိုင္လဲ။ ငါနဲ႔ ေလာင္တ ေျပာၿပီးတဲ့ ကိစၥကို နင္ကဝင္စြတ္ဖက္ေနေသးတယ္´´
''ဒီအိမ္မွာ နင္ကဘယ္ေလာက္ႀကီးလို႔လဲ´´
''နင္အဲ့ေလာက္ တုံအိမ္ကို မခြဲႏိုင္ရင္ တုံအိမ္ကို လိုက္သြားခ်ည္။ ငါက နင္ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ အသက္ရွင္တာကို မတားဘူး´´
လယ္သမား ေတာင္သမားေတြက တည့္တည့္ေျပာတာကို ေျပာရမယ္ဆိုရင္ သူတို႔က မာန္မဲတဲ့အခါမွာလည္း တိုက္႐ိုက္ပဲျဖစ္တယ္။ ခ်န္ေရွာက္ရွန္းက နားေထာင္ ေနရင္း မ်က္လုံးႏွစ္လုံးက ေတာက္ပေနတယ္။
ဒီစကားထြက္လာတာနဲ႔ သခင္မကယ္ရဲ႕ မ်က္ႏွာအေရာင္က ဝက္အသည္းလို ျဖစ္သြားတယ္။ သူမက ေတာ႐ြာမွာ ႀကီးျပင္းခဲ့ရေပမဲ့ ကယ္ထိုက္ကုန္း လက္ထဲက ရတနာေလးတစ္ပါးျဖစ္တယ္။ သူမငယ္စဥ္ကတည္းက အထိန္းေတာ္ေတြက ခစားခဲ့ကာ ဘယ္လိုလုပ္ၿပီးဒီလို ၾကမ္းတမ္းတဲ့ ဆူမာန္မႈကို ခံခဲ့ရဖူးမွာလဲ။ စားပြဲကို ေဘးတြန္းကာ အက်ႌလက္နဲ႔ မ်က္ႏွာကိုအုပ္ၿပီး ထြက္ေျပးသြားေတာ့တယ္။
ခ်န္ေရွာက္ရွန္းက ေပ်ာ္ပြဲၾကည့္ရတာ ကိစၥမႀကီးေသးလို႔ ဦးေလး ၂ကို အျမန္ခိုးၾကည့္လိုက္တယ္။ မထင္မွတ္ပဲ ခ်န္ဦးေလး၂ရဲ႕ မ်က္ႏွာက လုံးဝမေျပာင္းဘူး။ သူ႔ဟာသူ ေသရည္ငွဲ႔ၿပီး ေသာက္ေနတယ္။ စားပြဲကလူေတြ အကုန္လုံးက တုံ႔ျပန္မႈ မရွိၾကဘူး။ ဦးေလးတုံနဲ႔ ခ်န္ရွီက အေစာႀကီးထဲက အေမခ်န္ရဲ႕ တိုက္ပြဲစြမ္းရည္ကို သိၿပီးျဖစ္တယ္။ သခင္မေရွာင္းနဲ႔ တုံလုကလည္း အေစာႀကီးထဲက ဒီေန႔ရဲ႕ ျပပြဲအေၾကာင္းကို သိၿပီးျဖစ္တယ္။
ပထမတစ္ပြဲ ၿပီးသြားတဲ့အခါ ခ်န္ေရွာက္ရွန္းက ေဘးကမ်က္လုံးႀကီးႀကီးနဲ႔ ေကာင္မေလးမွာပဲ မ်က္ႏွာနီျမန္းေနကာ လက္သီးဆုပ္ထားၿပီး ရွက္႐ြံ႕ကာ အေနရခက္ေနသည့္ အမူအရာရွိတယ္။ ဒါေပမဲ့ ေဘးကျဖဴျဖဴဝဝ ေကာင္ေလးကေတာ့ တစ္ခ်ိန္လုံး မနားတမ္းစားေနတယ္။ ဘာကိစၥေတြ ျဖစ္ေနလဲဆိုတာ နားေထာင္လို႔ နားမလည္တာ ျဖစ္ေလာက္တယ္။
သူမရဲ႕ ေခြၽးမကို မာန္မဲၿပီးတဲ့အခါမွာ အေမခ်န္က စိတ္အေျခအေန တက္ႂကြေနတယ္။ အဖြားဟူက ေသရည္ငွဲ႔ေပးကာ ၿပဳံးၿပီးေျပာလိုက္တယ္။
''ေန႔တစ္ဝက္ေလာက္ ေျပာေနတာ။ အျမန္ လည္ေခ်ာင္းကို အစိုဓာတ္ေပးလိုက္ပါဦး´´
အဲ့ဒီ့ေနာက္မွာ သူမက ဓားတစ္ေခ်ာင္းကို သုံးၿပီး အေမခ်န္အတြက္ ၾကက္ေပါင္ကို လွီးေပးတယ္။
''ဒါကဒီေန႔ မီးဖိုေဆာင္ထဲမွာ ကြၽန္မကိုယ္တိုင္ခ်က္လာခဲ့တာ။ ကြၽန္မတို႔ ငယ္ငယ္တုန္းက အရသာဟုတ္လားဆိုတာ ျမည္းၾကည့္ပါဦး´´
အေမခ်န္က အလုပ္ႀကီးႀကီး တစ္လုပ္စားလိုက္ကာ အံ့ၾသသြားၿပီး ခ်ီးက်ဳးလိုက္တယ္။
''ဒီအရသာပဲ ေမႊးလည္းေမႊးတယ္။ ေစးလည္းေစးတယ္!!´´
အဖြားဟူကို ၿပဳံးၿပီးေျပာလိုက္တယ္။
''နင္က ငယ္ငယ္ေလးကတည္းက အစားအစာေတြ လုပ္ရတာ သေဘာက်တယ္။ နင့္ရဲ႕လက္ရာကို မျမည္းရတာ ႏွစ္ေတြ အေတာ္ၾကာၿပီ´´
ထပ္ၿပီးေတာ့ ၾကက္ေသေသေနတဲ့ တုံ႐ုံးကို ေခါင္းလွည့္ၾကည့္ကာ ေျပာလိုက္တယ္။
''ဘာၾကည့္ေနတာလဲ စားေလ !´´
အဖြားဟူက ၿပဳံးၿပီးေျပာလိုက္တယ္။
''တုံကုန္းနဲ႔ သခင္ေလးက ေမြးလာထဲက ျမင့္ျမတ္ၾကတယ္။ ဒီေက်း႐ြာ အစားအစာေလးကို သေဘာမက်တာ ျဖစ္ႏိုင္ပါတယ္´´
ခ်န္ေရွာက္ရွန္းက သူ႔ေပါင္ကို တိတ္တိတ္ေလး ရ္ိုက္လိုက္တယ္။ ဒီအမ်ိဳးသမီးႀကီးက စကားေျပာတဲ့ စြမ္းရည္ အရမ္းေကာင္းတာပဲ။
အေမခ်န္က ဒီစကားက္ု နားေထာင္ၿပီး ခ်န္ရွီက အခ်ိန္အေတာ္ၾကာ မစားခဲ့ရသလို အရသာရွိရွိ စားေနေတြ႕ေတာ့ ဘယ္လိုလုပ္ၿပီး ေရွ႕တန္းစစ္မ်က္ႏွာမွာ ေကာင္းေကာင္းစား ေကာင္းေကာင္းေသာက္ရမွာလဲဆိုတာ ေတြးလိုက္မိတယ္။ ရင္ထဲမွာ နာသြားၿပီး အသံက်ယ္က်ယ္နဲ႔ေျပာလိုက္တယ္။
''အေဖ အသက္ရွိစဥ္က အေဖရဲ႕ ေစာင့္ေရွာက္မႈရွိတယ္´´
''အေဖကြယ္လြန္သြားေတာ့ ငါ့ရဲ႕ ေစာင့္ေရွာက္မႈရွိတယ္´´
''သူတို႔သားအဖက ဘယ္မွာ အခက္အခဲ ခံစားဖူးမွာလဲ။ အခက္အခဲေတြ အကုန္လုံးကို ငါ့ရဲ႕ကေလးေတြ ခံစားခဲ့ရတယ္´´
ေဘးနားက ဦးေလးတုံက တူကိုခ်ေတာ့လည္းမျဖစ္ တူကိုကိုင္ေတာ့လည္း မျဖစ္ျဖစ္ေနတယ္။ ေတာင္းပန္ၿပဳံးပဲ ၿပဳံးႏိုင္တယ္။