Unicode
" ကိုယ့်ဟာကို လုပ်... "
သူ့လက်ထဲက ရုန်းလိုက်တော့လည်း အတင်းအကြပ်မလုပ်ပဲ လက်ကိုလွှတ်ပေးပြီး ရယ်ကျဲကျဲနဲ့ပဲ မျက်နှာကို Tissueနဲ့ ပွတ်ပစ်နေ၏။
Cleansingလုပ်တယ်ဆိုတာလည်း Stepတွေ ရှိတယ်မလား။ သူက ပြီးပြီးရော ပွတ်ပစ်နေတာ။
" ဘယ်လိုလုပ်ပြောင်မှာလည်း... "
နောက်ထပ်tissueတရွက်ယူပြီး သေချာသန့်ရှင်းပေးလိုက်သည်။ ရင်တွေခုန်၊ လက်တွေတုန်ယင်နေတာကိုတော့ မေ့ထားလို့မရ။
" အင်္ကျီက ပြောင်ပါပြီ.. ဆူရင်လည်း ဆူချင်စရာပဲ.. တထည်လုံး ညစ်ပတ်နေပြီကို... "
" Nicknameပေးထားတာကို ဘာလို့ပြန်ဖျက်လိုက်တာလည်း... "
" ဟင်... "
မြင်နေရတဲ့မျက်နှာလေးဟာ အနည်းငယ်မကြည်မလင်နဲ့။ သူ မျက်နှာတချက်ညှိုးတာနဲ့ ဒီမှာလဲ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ရပြီ။
ဘယ်အကြောင်းကို ပြောချင်တာလည်း ချက်ချင်းသိတာမို့ အမြန်ပဲဖြေရှင်းလိုက်သည်။
" ဟို.. Nicknameပေးချင်ပေမယ့်.. နာမည်ပေါ်နေတာကိုပဲ သဘောကျလို့ပါ.. ပြန်ပြောင်းပေးရမလားဟင်.. အဲ့လိုမျိုးတွေ မကြိုက်မှာလည်း စိုးရိမ်လို့... "
" ကြိုက်တယ်.. ဒါပေမယ့် မင်းသဘောကျတဲ့အတိုင်းပဲ ထားလိုက်ပါ... "
" စိတ်ဆိုးသွားတာလား... "
" မဆိုးပါဘူး.. အကြောင်းပြချက်ကို သိချင်ယုံသက်သက်ပဲ သိလိုက်ရတော့ ရပြီ.. ကိုယ်လည်း ဖုန်းနံပါတ်တွေဘာတွေမှတ်ရင် နာမည်အပြည့်အစုံပဲ မှတ်ထားတာ... "
" အွန်း... "
Apple Pieလေးရဲ့ ရွှေမျက်နှာတော်ကြည်လင်မှပဲ အသက်ရှုဝတော့သည်။
" မင်းကိုလည်း ပြန်ပြီးမိတ်ကပ်ဖျက်ပေးရမလား... "
ပြောပုံက အဲ့လိုအမြင်ကပ်စရာကောင်းတာ။ သူသိချင်တာ သိခွင့်ရပြီဆိုရင် လေသံကပြောင်းသွားပြီ။
မျက်စောင်းထိုးပစ်လိုက်ပြီး ရူးနေလို့ Makeup remover tissueကို သယ်လာတဲ့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်မိသည်။
စိတ်ကူးကတော့ အချိန်ရရင်ရသလို မိတ်ကပ်ပြန်လိမ်းမယ် စိတ်ကူးနဲ့။ ကိုယ့်လက်ဆကိုလည်း သိနေတော့ များသွားရင် ဖျက်ရအောင် ယူလာတာ။
" ဖျက်စရာမိတ်ကပ်လည်း မရှိတော့ပါဘူး.. ဘာလို့များ ပင်ပန်းတဲ့ခရီးကို လိုက်လာခဲ့လည်း မသိဘူး... "
" လူတွေအကြောင်းသိချင်ရင် ခရီးသွားကြည့်ရတယ်... "
သူပဲ ဆရာကြီး။
ဆရာက ကင်မရာကို ပြန်သိမ်းလိုက်ပြီး တယောက်ထဲ ပြုံးရယ်နေသည်။
" သိသွားပြီလား ကျွန်မအကြောင်း... "
" ဘေဘီကပဲ ပြောကြည့်.. အခုလိုမျိုး ကိုယ်နဲ့အတူတူ နေ့ချင်းပြန်ခရီးတင်မကပဲ ရက်ရှည်ခရီးထိ သွားဖို့အဆင်ပြေနိုင်မယ်ထင်လား... "
" အဲ့လိုမခေါ်နဲ့... "
" ဘယ်လိုခေါ်စေချင်လဲ.. တခြားနာမ်စားတွေလည်း မသုံးချင်ဘူး... "
" ဘယ်လိုမှမခေါ်နဲ့... "
ခပ်တည်တည်နဲ့ ပြန်ကြည့်လာပြီး ဘေးတစောင်းလွယ်ထားတဲ့ သူမရဲ့ကျောပိုးအိတ်ကို ယူလိုက်သည်။
" ကိုယ့်ဟာကို သယ်နိုင်တယ်... "
" ဖြစ်နိုင်ရင် မင်းကိုတောင် ကုန်းပိုးပြီး တောင်ပေါ်က ဆင်းချင်တာ... "
လာFlirtနေတာကို အသည်းယားရတာကြောင့် သူ့ရှေ့ကအရင်ပဲ သွားဖို့ပြင်ဆင်လိုက်သည်။ သူက သွားခွင့်မပေးပဲ အရှေ့ကနေ ပိတ်ရပ်သည်။
" ဖြေ... "
" ဘာကိုဖြေရမှာလဲ... "
" ပြန်ပြောပေးရမှာလား.. ရတယ်.. ဘေဘီက ထပ်ပြောစေချင်ရင်လည်း... "
" စွမ်းရည်လင်း... "
" အင်း... "
" အဲ့တော့ ကျွန်မအကြောင်း သိချင်လို့ တောင်တက်ဖို့ခေါ်တာလား.. ရှင်ကပဲဖြေ.. ဘယ်လိုလည်း ကျွန်မနဲ့ ခရီးသွားရတာ အဆင်ပြေလား... "
" ကိုယ်အရင်မေးတာ... "
လမ်းဘေးနားမှာ မတ်တပ်ရပ်နေကြရင်း အခြေအတင် ပြောနေကြတာ။ စွမ်းရည်လင်းက အလျော့မပေးဘူးလို့ တွေးမိတော့ ရင်မောသွားရသည်။
ကိုယ့်စိတ်ကိုလည်း သိနေသည်။ ခေါင်းမာသူဖြစ်တာကြောင့် လွယ်လွယ်နဲ့ လိုက်လျောမှာမဟုတ်။
စွမ်းရည်လင်းက သက်ပြင်းဖွဖွချရင်း သူမ ရှေ့ရှေ့တည့်တည့်မှာ လာရပ်သည်။
" မင်းအကြောင်းသိချင်လို့ တောင်တက်ဖို့ ခေါ်တာမဟုတ်ဘူး.. မင်းနဲ့အတူတူရှိနေချင်လို့... "
ကရုဏာသံမှာ နစ်မြောပါသွားရပြီး ခေါင်းငုံ့ထားလိုက်ရင်းပဲ ပြုံးမိသွား၏။ ဒါပေမယ့် အပြုံးကို ချက်ချင်းဖုံးကွယ်လိုက်ပြီး မကျေနပ်တဲ့အကြောင်း မျက်လုံးအကြည့်နဲ့ပဲ သိစေလိုက်သည်။
" ဘာလို့အတူတူရှိချင်တာလဲ... "
သူ့မျက်လုံးကို သေချာစိုက်မကြည့်ရဲပေမယ့် ဒီအဖြေကို သိရမှဖြစ်မည်။
စွမ်းရည်လင်းက သူ့ထုံးစံအတိုင်း ဟက်ခနဲ ရယ်မောပြီး ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ သူမရဲ့လက်သီးဆုပ်လေးကို ဖြည်ကာ လက်ချောင်းချင်း ယှက်လိုက်၏။
လက်ဖဝါးကတဆင့် လူတကိုယ်လုံးဟာ လျှပ်စစ်ဓာတ် စီးဆင်းသွားသလို။ ဒါပေမယ့် နှလုံးခုန်သံက ရပ်တန့်မသွားပဲ ပိုပြီးကျယ်လောင်လာသည်။
" ဘာလို့လို့ထင်လဲ... "
မျက်နှာက ဟန်ဆောင်မရအောင် စူပုတ်သွားတာကို ကြည့်ပြီး သဘောတကျရယ်မောသည်။ စိတ်မဆိုးရက်နိုင်ပဲ ရယ်သံလေးမှာ ကျရှုံးသွားရပြန်တော့သည်။
" ကိုယ့်ရဲ့.. Sweetheart... နဲ့ အတူတူရှိနေချင်တာ ထူးဆန်းလို့လား... "
နေအပူအရှိန်ဟာ သူမတယောက်ထဲကိုပဲ သက်ရောက်မှုရှိနေသလိုလို။ သူ့မျက်နှာကိုလည်း မော့မကြည့်ရဲသလို နောက်ထပ်မေးခွန်းလည်းမထုတ်ရဲ။
သူ့ဆီက ကြားချင်တဲ့စကားရှိပေမယ့် ဖွင့်ဟပြောလာရင်လည်း ရူးသွပ်သွားမယ်ထင်ပါသည်။
" ကိုယ့်ကိုကြည့်... "
" . . . "
" ဘေဘီ... "
မော့မကြည့်တာကြောင့် သက်ပြင်းချလိုက်တယ် ထင်ပါသည်။ ခုနတုန်းကလည်း သက်ပြင်းချသေးတယ်။
ဘာလဲ စိတ်မရှည်ဘူးဆိုတဲ့ သဘောလား။
ဘယ်ကရောက်လာမှန်းမသိတဲ့ သတ္တိနဲ့ သူ့မျက်နှာကို စူးစိုက်ကြည့်ပစ်လိုက်သည်။
" ဘာလို့သက်ပြင်းချတာလဲ... "
" ဘယ်တုန်းကလဲ... "
" အခုလေ.. ခုနတုန်းကရော... "
တမင်တကာကို သက်ပြင်းအရှည်ကြီး ချလာသူရဲ့ရင်ဘက်ကို မနာကျင်ရအောင် လက်သီးနဲ့ခပ်ဖွဖွသာ ထိုးလိုက်တော့သည်။
သေချာတာတခုက သူစိတ်ခုသွားမှာ ကြောက်နေတယ်ဆိုတာပါပဲ။ အရေးမပါတာတွေကို အရာမလုပ်ဖို့သာ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်တော့သည်။
" ဟို.. ဓာတ်ပုံတွေက ဒီနေ့ပို့ပေးလို့ရမလားဟင်... "
" ဆိုင်သွားကူးရမှာ.. ပြန်ရောက်တာနဲ့ သွားလိုက်မယ်.. ရတာနဲ့ ချက်ချင်းပို့ထားမယ်... "
" ရပါတယ်.. အိမ်ပြန်ရောက်ရင် နားဦးလေနော်.. အရေးမှမကြီးပဲ... "
အဆင်းလမ်းဟာ ပြောစရာစကားတွေ အများကြီးရှိနေတော့လည်း သိပ်မကြာပါ။ တောင်ပေါ်စတက်တုန်းက ရာသီဥတုနဲ့ ပြန်ဆင်းလာရတဲ့ ရာသီဥတုဟာလည်း မတူညီတော့ပဲ နွေးထွေးနေရသည်။
သူငယ်ချင်းတွေရှေ့မှာပင် လက်ချင်းတွဲထားပြီး ဆိုင်ကယ်ပေါ်မှာ သူ့ခါးကို ခပ်တင်းတင်းဖက်တွယ်ထားကာ သူ့ကျောပြင်ကို မျက်နှာအပ်ထားတဲ့အထိ။
နှုတ်ခမ်းနီပြန်ဆိုးဖို့ လုပ်ပေမယ့် မတော်တဆ သူ့အင်္ကျီကို ပေသွားမှာ စိုးရိမ်တာကြောင့် ကုန်စင်အောင်ပင် ဖျက်ပစ်လိုက်သည်။
တောင်တက်ခရီးအစတုန်းက သူ့ရဲ့ ESSENTIALS Fear Of God Teeကို ဘုဏ်းသန့်က Authenticရော ဟုတ်ရဲ့လား မေးလိုက်လို့ ခပ်တိုးတိုးဆဲရေးလိုက်တာ ကြားလိုက်ရတာကြောင့် အပြန်ခရီးမှာ နှုတ်ခမ်းနီရာ စွန်းထင်အောင်မလုပ်ရဲ။
ဥက္ကာက စွန်ရဲအင်း ဝင်ဦးမလား မေးလာ၏။ အကုန်လုံးတက်ကြွစွာနဲ့ သဘောတူကြသည်။
စက်လှေစီးဖို့တော့ မည်သူမှ စိတ်မကူးကြ။ ဓာတ်ပုံအနည်းငယ်ရိုက်ကူးပြီး ခဏနားပြီးနောက် အိမ်ပြန်လာခဲ့ကြတော့သည်။
" အိမ်ကစက်မှုထဲမှာလား... "
" မဟုတ်ဘူး.. ဘုဏ်းသန့်က စက်မှုထဲက.. ကိုယ့်ဆိုင်ကယ်ကို နောက်ရက်မှ ပြန်လာပေးလိမ့်မယ်... "
" အိမ်ဘယ်လိုပြန်မှာလဲ.. ဘယ်နားမှာလဲ.. လိုက်ပို့ပေးရမလားဟင်... "
သူပြောလာတဲ့လိပ်စာအရ သူ့အိမ်ကမိုးမြင့်ဇော်အိမ်နဲ့ မနီးပေမယ့် လမ်းသင့်သည်။
" သူငယ်ချင်းနဲ့ပြန်လိုက်တော့နော်.. မိုးမြင့်ဇော်ကို လိုက်ပို့ပေးဖို့ ပြောထားပြီးပြီ... "
" ဘယ်တုန်းက... "
" မနေ့ကပဲ... "
ဘယ်လိုလုပ် အဆက်အသွယ်တွေ ရသွားပြီး သူငယ်ချင်းဖြစ်ကုန်ကြတာလည်းတော့ မမေးလည်း သိနိုင်ပါသည်။
" ပင်ပန်းနေပြီလား.. ဆိုင်ကယ်ဖြည်းဖြည်းမောင်းနော်... "
" ရတယ်... "
နှစ်ဆယ့်လေးနာရီဟာ မလုံလောက်ဘူးဆိုတဲ့ ပြောစကားတွေကို အပိုတွေထင်မိသည်။ တနေကုန်အတူတူရှိခဲ့ပေမယ့် အခုလို အိမ်ပြန်ချိန်ဟာ နာကျင်ရသည်။
အိမ်အပြန်လမ်းမှာ ပါးပြင်နှစ်ဖက်လုံး မျက်ရည်တွေ စိုရွဲလို့နေတာမို့ ရတီအိမ်အရောက်မှာတော့ ငိုချင်စိတ်ကို ရအောင်ထိန်းပြီး မျက်ရည်စီးကြောင်းကိုလည်း tissueနဲ့ သုတ်ရသေးသည်။
" ခရီးသွားတယ်ဆိုတာကွာ တယောက်တပေါက်ဆို မကောင်းဘူး.. ဇီဇာကြောင်တဲ့သူ ပါရင်လည်း မကောင်းဘူး.. သူတို့အဖွဲ့နဲ့ ငါနဲ့ကီးကိုက်တယ်သိလား.. ဗရုတ်လည်းမကျဘူး.. စိတ်ရင်းလည်း ဖြူစင်ကြတယ်.. ငါကလေ ခရီးသွားရင် ပါးစပ်ဆော့တဲ့လူတွေနဲ့ မသွားချင်ဘူး.. ရှေးရိုးစွဲတယ်.. အယူသီးတယ်ပဲ ပြောပြော ပါးစပ်က အတိတ်နမိတ်မကောင်းတာတွေပဲ ထွက်တက်တဲ့ လူတွေဆို... "
" အိမ်ထဲဝင်လိုက်ပါတော့ဟယ်.. ငါ့ဟာငါမှ အဆွေးမုဒ်ဝင်နေရတဲ့အထဲ.. တယောက်ထဲ လွမ်းချင်ပြီဟဲ့... "
ရတီက ပြောလိုက်မှပဲ ညကျဖုန်းဆက်မယ် ပြောလာပြီး အိမ်ထဲဝင်တော့သည်။ တက်ကြွနေတာမို့ လိုက်ဖို့ခေါ်ရသူကလည်း အားရှိရပါသည်။
အိမ်ပြန်အရောက်မှာတော့ ခဏနားပြီး၊ ရေချိုးထမင်းစားလိုက်သည်။
" ပျော်ခဲ့လား... "
" အွန်း.. ပျော်ပါတယ်... "
" ဓာတ်ပုံတွေ ဘာတွေမရိုက်ခဲ့ဘူးလား... "
ကိုကြီးက စုံစမ်းစစ်ဆေးရေး ဝင်တော့မည်ဆိုတာကို သိလိုက်သည်။ အရွယ်ရောက်ပြီမို့ ရည်းစားထားနေလည်း ဆူမှာမဟုတ်ပေမယ့် အိမ်မှာ အငယ်ဆုံးဖြစ်တာကြောင့် ကလေးလို့ သဘောထားနေကြဆဲ။
ယုံကြည်မှုရှိပေးပြီး တက်နိုင်တာထက် ပိုတဲ့ ထောက်ပံ့ပေးမှုတွေ ပေးထားတဲ့ မိဘနဲ့မောင်နှမတွေကို နာကျင်အောင်မလုပ်ရက်။
လိမ်တာမကောင်းမှန်း သိပေမယ့် လတ်တလောမှာ ဖုံးကွယ်ထားဖို့ ဆုံးဖြတ်ထားပြီးသား။
" ရိုက်ခဲ့တယ်.. ဒါပေမယ့် Film Cameraနဲ့ ရိုက်တာမို့ Scanလုပ်ရဦးမယ်ဆိုလား... "
" အော်... "
" Film Cameraလိုချင်လို့... "
" ဝယ်ပေါ့... "
" ကိုကြီး လိုက်ဝယ်ပေးလေ.. စာသင်တုန်းက ရတဲ့ပိုက်ဆံတွေ ရှ်ိသေးတယ်.. အခုလည်း Senseiက သူ့ကျောင်းမှာပဲ အလုပ်ဝင်ဖို့ ပြောနေတယ်... "
" နင် တရက်မိုင်တထောင်ပြေးနိုင်တဲ့ အာဇာနည်မြင်းအကြောင်းဖတ်ဘူးတယ်မလား.. ဘာအလုပ်နေနေ ရတာသာလုပ်.. ကိုယ့်ဘဝကို မြှင့်တင်... "
မြှင့်တင်မှ ဖြစ်မည်။
ကိုစွမ်းရည်လင်းနဲ့ ကိုက်ညီအောင်၊ သူ့ထက် မလျော့အောင် ကြိုးစားမှဖြစ်မည်။
ဒီနေ့ သူဝတ်ထားတဲ့ Teeတထည်ရဲ့ တန်ဖိုးကတင် သိန်းချီနေတာ။ Brandအကြောင်း နားမလည်သူ၊ သိန်းချီဖို့ မပြောနဲ့ တသိန်းရဲ့ တဝက်ကိုပင် ဝယ်ဝတ်ဖို့ တုံ့ဆိုင်းသူဆိုပေမယ့် အားငယ်စိတ်တော့ မဖြစ်ပါဘူး။
" Cameraက လိုအပ်လို့လား.. လိုမှမလိုအပ်သေးပဲ.. Laptopအရင်ဝယ်လိုက်... "
" အွန်း... "
ခုနကတော့ ဝယ်ပေါ့ဆိုပြီး။
မလိုအပ်ပေမယ့် ဝယ်လိုက်ရရင် စိတ်ချမ်းသာသွားမှာလေ။ ဝယ်နိုင်သွားတဲ့ အချိန်ရောက်ရင် ခံစားချက်က တူတော့မှာ မဟုတ်ဘူး။
အိမ်က စီးပွားရေးအဆင်ပြေတယ်ဆိုပေမယ့် ပိုလျှံအောင်ကြိုးစားနေရဆဲ။ အိမ်မက်တွေက ဈေးကြီးလိုက်တာများ။ သက်ပြင်းဖွဖွချရင်းသာ ညစာစားခြင်းကို လက်စသတ်လိုက်သည်။
ခြေထောက်တွေက သိသိသာသာကို တောင့်တင်းနေ၏။ ကိုယ့်ဟာကိုယ် လျှောက်လည်ပြီး ပြန်လာဆိုတော့လည်း အိမ်ကိုညည်းမပြရဲ။
ကိုယ့်အခန်းဆီ ပြန်အရောက်မှာတော့ စွမ်းရည်လင်းထည့်ပေးလိုက်တဲ့ ဆေးဘူးကို ထုတ်ပြီး ဆေးလိမ်းလိုက်သည်။
ဒီနေ့ဘာတွေတွေကြုံခဲ့လည်း ပြန်စဉ်းစားလိုက်တော့ အဖြစ်အပျက်တိုင်းဟာ စိတ်ချမ်းသာစရာကောင်းနေသည်။
ပင်ပန်းနေရပေမယ့် အိပ်ချင်စိတ်လည်း ရှိမနေပါ။ Doraemonအရုပ်လေးကို ဘေးနားမှာ ချထားရင်း ပါးပြင်နေရာလေးကို အသည်းယားစွာနဲ့ပဲ ဖျစ်ညှစ်မိတော့သည်။
တနေကုန် သူနဲ့အတူတူရှိနေခဲ့ပေမယ့် ညအိပ်ရာဝင်ကာနီးအချိန်ထိ သူ့မျက်နှာကိုပဲ မြင်ယောင်နေမိသည်။ တယောက်ထဲရှိနေရချိန်မှာ အလွမ်းဆိပ်က သိသိသာသာမို့ မနက်တုန်းက လျှပ်တပြက်ရိုက်ယူခဲ့တဲ့ သူ့ဓာတ်ပုံကိုသာ ကြည့်မိတော့သည်။
" ကိုကို... "
နှုတ်ဖျားက သူ့အလိုလို ထွက်ကျလာတဲ့ သူ့အတွက်ရည်ညွှန်းတဲ့ နာမ်စားလေးက။
အားးးးး စိတ်ရော မှန်သေးရဲ့လား မသိပါဘူး။ ရူးရင်လည်း ရူးပါစေ။ ဂရုမစိုက်နိုင်တော့ပါဘူး။
စွမ်းရည်လင်းဟာ ဘယ်လိုလူမျိုးလည်း မေးလာရင် ခရီးအတူတူသွားလို့ကောင်းတဲ့ လူမျိုး။
သူနဲ့သာဆို ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုပဲ သွားသွား ရာသီဥတုကောင်းမွန်ပြီး အရာအားလုံးက သာယာလှပနေမှာ။
-18____18
💚 Thanks For Reading 💚
01.10.2022
Saturday
(မနက်မှပဲ စာပြန်စစ်ပေးပါမယ်။ ကိုယ့်ဟာကိုမှ periodနဲ့ loopingနဲ့ တိုင်ပတ်နေပါတယ်ဆိုမှ မိုးက ရွာနေသေးတယ်။ ဖီးလ်လို့ကောင်းပြီ 🤧)
x----x
Zawgyi
" ကိုယ့္ဟာကို လုပ္... "
သူ႕လက္ထဲက ႐ုန္းလိုက္ေတာ့လည္း အတင္းအၾကပ္မလုပ္ပဲ လက္ကိုလႊတ္ေပးၿပီး ရယ္က်ဲက်ဲနဲ႕ပဲ မ်က္ႏွာကို Tissueနဲ႕ ပြတ္ပစ္ေန၏။
Cleansingလုပ္တယ္ဆိုတာလည္း Stepေတြ ရွိတယ္မလား။ သူက ၿပီးၿပီးေရာ ပြတ္ပစ္ေနတာ။
" ဘယ္လိုလုပ္ေျပာင္မွာလည္း... "
ေနာက္ထပ္tissueတ႐ြက္ယူၿပီး ေသခ်ာသန႔္ရွင္းေပးလိုက္သည္။ ရင္ေတြခုန္၊ လက္ေတြတုန္ယင္ေနတာကိုေတာ့ ေမ့ထားလို႔မရ။
" အကၤ်ီက ေျပာင္ပါၿပီ.. ဆူရင္လည္း ဆူခ်င္စရာပဲ.. တထည္လုံး ညစ္ပတ္ေနၿပီကို... "
" Nicknameေပးထားတာကို ဘာလို႔ျပန္ဖ်က္လိုက္တာလည္း... "
" ဟင္... "
ျမင္ေနရတဲ့မ်က္ႏွာေလးဟာ အနည္းငယ္မၾကည္မလင္နဲ႕။ သူ မ်က္ႏွာတခ်က္ညွိုးတာနဲ႕ ဒီမွာလဲ ေျခမကိုင္မိ၊ လက္မကိုင္မိျဖစ္ရၿပီ။
ဘယ္အေၾကာင္းကို ေျပာခ်င္တာလည္း ခ်က္ခ်င္းသိတာမို႔ အျမန္ပဲေျဖရွင္းလိုက္သည္။
" ဟို.. Nicknameေပးခ်င္ေပမယ့္.. နာမည္ေပၚေနတာကိုပဲ သေဘာက်လိဳ႕ပါ.. ျပန္ေျပာင္းေပးရမလားဟင္.. အဲ့လိုမ်ိဳးေတြ မႀကိဳက္မွာလည္း စိုးရိမ္လို႔... "
" ႀကိဳက္တယ္.. ဒါေပမယ့္ မင္းသေဘာက်တဲ့အတိုင္းပဲ ထားလိုက္ပါ... "
" စိတ္ဆိုးသြားတာလား... "
" မဆိုးပါဘူး.. အေၾကာင္းျပခ်က္ကို သိခ်င္ယုံသက္သက္ပဲ သိလိုက္ရေတာ့ ရၿပီ.. ကိုယ္လည္း ဖုန္းနံပါတ္ေတြဘာေတြမွတ္ရင္ နာမည္အျပည့္အစုံပဲ မွတ္ထားတာ... "
" အြန္း... "
Apple Pieေလးရဲ႕ ေ႐ႊမ်က္ႏွာေတာ္ၾကည္လင္မွပဲ အသက္ရႈဝေတာ့သည္။
" မင္းကိုလည္း ျပန္ၿပီးမိတ္ကပ္ဖ်က္ေပးရမလား... "
ေျပာပုံက အဲ့လိုအျမင္ကပ္စရာေကာင္းတာ။ သူသိခ်င္တာ သိခြင့္ရၿပီဆိုရင္ ေလသံကေျပာင္းသြားၿပီ။
မ်က္ေစာင္းထိုးပစ္လိုက္ၿပီး ႐ူးေနလို႔ Makeup remover tissueကို သယ္လာတဲ့ ကိုယ့္ကိုယ္ကိုယ္သာ အျပစ္တင္မိသည္။
စိတ္ကူးကေတာ့ အခ်ိန္ရရင္ရသလို မိတ္ကပ္ျပန္လိမ္းမယ္ စိတ္ကူးနဲ႕။ ကိုယ့္လက္ဆကိုလည္း သိေနေတာ့ မ်ားသြားရင္ ဖ်က္ရေအာင္ ယူလာတာ။
" ဖ်က္စရာမိတ္ကပ္လည္း မရွိေတာ့ပါဘူး.. ဘာလို႔မ်ား ပင္ပန္းတဲ့ခရီးကို လိုက္လာခဲ့လည္း မသိဘူး... "
" လူေတြအေၾကာင္းသိခ်င္ရင္ ခရီးသြားၾကည့္ရတယ္... "
သူပဲ ဆရာႀကီး။
ဆရာက ကင္မရာကို ျပန္သိမ္းလိုက္ၿပီး တေယာက္ထဲ ၿပဳံးရယ္ေနသည္။
" သိသြားၿပီလား ကြၽန္မအေၾကာင္း... "
" ေဘဘီကပဲ ေျပာၾကည့္.. အခုလိုမ်ိဳး ကိုယ္နဲ႕အတူတူ ေန႕ခ်င္းျပန္ခရီးတင္မကပဲ ရက္ရွည္ခရီးထိ သြားဖို႔အဆင္ေျပနိုင္မယ္ထင္လား... "
" အဲ့လိုမေခၚနဲ႕... "
" ဘယ္လိုေခၚေစခ်င္လဲ.. တျခားနာမ္စားေတြလည္း မသုံးခ်င္ဘူး... "
" ဘယ္လိုမွမေခၚနဲ႕... "
ခပ္တည္တည္နဲ႕ ျပန္ၾကည့္လာၿပီး ေဘးတေစာင္းလြယ္ထားတဲ့ သူမရဲ႕ေက်ာပိုးအိတ္ကို ယူလိုက္သည္။
" ကိုယ့္ဟာကို သယ္နိုင္တယ္... "
" ျဖစ္နိုင္ရင္ မင္းကိုေတာင္ ကုန္းပိုးၿပီး ေတာင္ေပၚက ဆင္းခ်င္တာ... "
လာFlirtေနတာကို အသည္းယားရတာေၾကာင့္ သူ႕ေရွ႕ကအရင္ပဲ သြားဖို႔ျပင္ဆင္လိုက္သည္။ သူက သြားခြင့္မေပးပဲ အေရွ႕ကေန ပိတ္ရပ္သည္။
" ေျဖ... "
" ဘာကိုေျဖရမွာလဲ... "
" ျပန္ေျပာေပးရမွာလား.. ရတယ္.. ေဘဘီက ထပ္ေျပာေစခ်င္ရင္လည္း... "
" စြမ္းရည္လင္း... "
" အင္း... "
" အဲ့ေတာ့ ကြၽန္မအေၾကာင္း သိခ်င္လို႔ ေတာင္တက္ဖို႔ေခၚတာလား.. ရွင္ကပဲေျဖ.. ဘယ္လိုလည္း ကြၽန္မနဲ႕ ခရီးသြားရတာ အဆင္ေျပလား... "
" ကိုယ္အရင္ေမးတာ... "
လမ္းေဘးနားမွာ မတ္တပ္ရပ္ေနၾကရင္း အေျခအတင္ ေျပာေနၾကတာ။ စြမ္းရည္လင္းက အေလ်ာ့မေပးဘူးလို႔ ေတြးမိေတာ့ ရင္ေမာသြားရသည္။
ကိုယ့္စိတ္ကိုလည္း သိေနသည္။ ေခါင္းမာသူျဖစ္တာေၾကာင့္ လြယ္လြယ္နဲ႕ လိုက္ေလ်ာမွာမဟုတ္။
စြမ္းရည္လင္းက သက္ျပင္းဖြဖြခ်ရင္း သူမ ေရွ႕ေရွ႕တည့္တည့္မွာ လာရပ္သည္။
" မင္းအေၾကာင္းသိခ်င္လို႔ ေတာင္တက္ဖို႔ ေခၚတာမဟုတ္ဘူး.. မင္းနဲ႕အတူတူရွိေနခ်င္လို႔... "
က႐ုဏာသံမွာ နစ္ေျမာပါသြားရၿပီး ေခါင္းငုံ႕ထားလိုက္ရင္းပဲ ၿပဳံးမိသြား၏။ ဒါေပမယ့္ အၿပဳံးကို ခ်က္ခ်င္းဖုံးကြယ္လိုက္ၿပီး မေက်နပ္တဲ့အေၾကာင္း မ်က္လုံးအၾကည့္နဲ႕ပဲ သိေစလိုက္သည္။
" ဘာလို႔အတူတူရွိခ်င္တာလဲ... "
သူ႕မ်က္လုံးကို ေသခ်ာစိုက္မၾကည့္ရဲေပမယ့္ ဒီအေျဖကို သိရမွျဖစ္မည္။
စြမ္းရည္လင္းက သူ႕ထုံးစံအတိုင္း ဟက္ခနဲ ရယ္ေမာၿပီး က်စ္က်စ္ပါေအာင္ဆုပ္ထားတဲ့ သူမရဲ႕လက္သီးဆုပ္ေလးကို ျဖည္ကာ လက္ေခ်ာင္းခ်င္း ယွက္လိုက္၏။
လက္ဖဝါးကတဆင့္ လူတကိုယ္လုံးဟာ လွ်ပ္စစ္ဓာတ္ စီးဆင္းသြားသလို။ ဒါေပမယ့္ ႏွလုံးခုန္သံက ရပ္တန႔္မသြားပဲ ပိုၿပီးက်ယ္ေလာင္လာသည္။
" ဘာလို႔လို႔ထင္လဲ... "
မ်က္ႏွာက ဟန္ေဆာင္မရေအာင္ စူပုတ္သြားတာကို ၾကည့္ၿပီး သေဘာတက်ရယ္ေမာသည္။ စိတ္မဆိုးရက္နိုင္ပဲ ရယ္သံေလးမွာ က်ရႈံးသြားရျပန္ေတာ့သည္။
" ကိုယ့္ရဲ႕.. Sweetheart... နဲ႕ အတူတူရွိေနခ်င္တာ ထူးဆန္းလို႔လား... "
ေနအပူအရွိန္ဟာ သူမတေယာက္ထဲကိုပဲ သက္ေရာက္မႈရွိေနသလိုလို။ သူ႕မ်က္ႏွာကိုလည္း ေမာ့မၾကည့္ရဲသလို ေနာက္ထပ္ေမးခြန္းလည္းမထုတ္ရဲ။
သူ႕ဆီက ၾကားခ်င္တဲ့စကားရွိေပမယ့္ ဖြင့္ဟေျပာလာရင္လည္း ႐ူးသြပ္သြားမယ္ထင္ပါသည္။
" ကိုယ့္ကိုၾကည့္... "
" . . . "
" ေဘဘီ... "
ေမာ့မၾကည့္တာေၾကာင့္ သက္ျပင္းခ်လိဳက္တယ္ ထင္ပါသည္။ ခုနတုန္းကလည္း သက္ျပင္းခ်ေသးတယ္။
ဘာလဲ စိတ္မရွည္ဘူးဆိုတဲ့ သေဘာလား။
ဘယ္ကေရာက္လာမွန္းမသိတဲ့ သတၱိနဲ႕ သူ႕မ်က္ႏွာကို စူးစိုက္ၾကည့္ပစ္လိုက္သည္။
" ဘာလို႔သက္ျပင္းခ်တာလဲ... "
" ဘယ္တုန္းကလဲ... "
" အခုေလ.. ခုနတုန္းကေရာ... "
တမင္တကာကို သက္ျပင္းအရွည္ႀကီး ခ်လာသူရဲ႕ရင္ဘက္ကို မနာက်င္ရေအာင္ လက္သီးနဲ႕ခပ္ဖြဖြသာ ထိုးလိုက္ေတာ့သည္။
ေသခ်ာတာတခုက သူစိတ္ခုသြားမွာ ေၾကာက္ေနတယ္ဆိုတာပါပဲ။ အေရးမပါတာေတြကို အရာမလုပ္ဖို႔သာ ကိုယ့္ကိုယ္ကိုယ္ သတိေပးလိုက္ေတာ့သည္။
" ဟို.. ဓာတ္ပုံေတြက ဒီေန႕ပို႔ေပးလို႔ရမလားဟင္... "
" ဆိုင္သြားကူးရမွာ.. ျပန္ေရာက္တာနဲ႕ သြားလိုက္မယ္.. ရတာနဲ႕ ခ်က္ခ်င္းပို႔ထားမယ္... "
" ရပါတယ္.. အိမ္ျပန္ေရာက္ရင္ နားဦးေလေနာ္.. အေရးမွမႀကီးပဲ... "
အဆင္းလမ္းဟာ ေျပာစရာစကားေတြ အမ်ားႀကီးရွိေနေတာ့လည္း သိပ္မၾကာပါ။ ေတာင္ေပၚစတက္တုန္းက ရာသီဥတုနဲ႕ ျပန္ဆင္းလာရတဲ့ ရာသီဥတုဟာလည္း မတူညီေတာ့ပဲ ႏြေးေထြးေနရသည္။
သူငယ္ခ်င္းေတြေရွ႕မွာပင္ လက္ခ်င္းတြဲထားၿပီး ဆိုင္ကယ္ေပၚမွာ သူ႕ခါးကို ခပ္တင္းတင္းဖက္တြယ္ထားကာ သူ႕ေက်ာျပင္ကို မ်က္ႏွာအပ္ထားတဲ့အထိ။
ႏႈတ္ခမ္းနီျပန္ဆိုးဖို႔ လုပ္ေပမယ့္ မေတာ္တဆ သူ႕အကၤ်ီကို ေပသြားမွာ စိုးရိမ္တာေၾကာင့္ ကုန္စင္ေအာင္ပင္ ဖ်က္ပစ္လိုက္သည္။
ေတာင္တက္ခရီးအစတုန္းက သူ႕ရဲ႕ ESSENTIALS Fear Of God Teeကို ဘုဏ္းသန႔္က Authenticေရာ ဟုတ္ရဲ႕လား ေမးလိုက္လို႔ ခပ္တိုးတိုးဆဲေရးလိုက္တာ ၾကားလိုက္ရတာေၾကာင့္ အျပန္ခရီးမွာ ႏႈတ္ခမ္းနီရာ စြန္းထင္ေအာင္မလုပ္ရဲ။
ဥကၠာက စြန္ရဲအင္း ဝင္ဦးမလား ေမးလာ၏။ အကုန္လုံးတက္ႂကြစြာနဲ႕ သေဘာတူၾကသည္။
စက္ေလွစီးဖို႔ေတာ့ မည္သူမွ စိတ္မကူးၾက။ ဓာတ္ပုံအနည္းငယ္ရိုက္ကူးၿပီး ခဏနားၿပီးေနာက္ အိမ္ျပန္လာခဲ့ၾကေတာ့သည္။
" အိမ္ကစက္မႈထဲမွာလား... "
" မဟုတ္ဘူး.. ဘုဏ္းသန့္က စက္မႈထဲက.. ကိုယ့္ဆိုင္ကယ္ကို ေနာက္ရက္မွ ျပန္လာေပးလိမ့္မယ္... "
" အိမ္ဘယ္လိုျပန္မွာလဲ.. ဘယ္နားမွာလဲ.. လိုက္ပို႔ေပးရမလားဟင္... "
သူေျပာလာတဲ့လိပ္စာအရ သူ႕အိမ္ကမိုးျမင့္ေဇာ္အိမ္နဲ႕ မနီးေပမယ့္ လမ္းသင့္သည္။
" သူငယ္ခ်င္းနဲ႕ျပန္လိုက္ေတာ့ေနာ္.. မိုးျမင့္ေဇာ္ကို လိုက္ပို႔ေပးဖို႔ ေျပာထားၿပီးၿပီ... "
" ဘယ္တုန္းက... "
" မေန႕ကပဲ... "
ဘယ္လိုလုပ္ အဆက္အသြယ္ေတြ ရသြားၿပီး သူငယ္ခ်င္းျဖစ္ကုန္ၾကတာလည္းေတာ့ မေမးလည္း သိနိုင္ပါသည္။
" ပင္ပန္းေနၿပီလား.. ဆိုင္ကယ္ျဖည္းျဖည္းေမာင္းေနာ္... "
" ရတယ္... "
ႏွစ္ဆယ့္ေလးနာရီဟာ မလုံေလာက္ဘူးဆိုတဲ့ ေျပာစကားေတြကို အပိုေတြထင္မိသည္။ တေနကုန္အတူတူရွိခဲ့ေပမယ့္ အခုလို အိမ္ျပန္ခ်ိန္ဟာ နာက်င္ရသည္။
အိမ္အျပန္လမ္းမွာ ပါးျပင္ႏွစ္ဖက္လုံး မ်က္ရည္ေတြ စို႐ြဲလို႔ေနတာမို႔ ရတီအိမ္အေရာက္မွာေတာ့ ငိုခ်င္စိတ္ကို ရေအာင္ထိန္းၿပီး မ်က္ရည္စီးေၾကာင္းကိုလည္း tissueနဲ႕ သုတ္ရေသးသည္။
" ခရီးသြားတယ္ဆိုတာကြာ တေယာက္တေပါက္ဆို မေကာင္းဘူး.. ဇီဇာေၾကာင္တဲ့သူ ပါရင္လည္း မေကာင္းဘူး.. သူတို႔အဖြဲ႕နဲ႕ ငါနဲ႕ကီးကိုက္တယ္သိလား.. ဗ႐ုတ္လည္းမက်ဘဴး.. စိတ္ရင္းလည္း ျဖဴစင္ၾကတယ္.. ငါကေလ ခရီးသြားရင္ ပါးစပ္ေဆာ့တဲ့လူေတြနဲ႕ မသြားခ်င္ဘူး.. ေရွးရိုးစြဲတယ္.. အယူသီးတယ္ပဲ ေျပာေျပာ ပါးစပ္က အတိတ္နမိတ္မေကာင္းတာေတြပဲ ထြက္တက္တဲ့ လူေတြဆို... "
" အိမ္ထဲဝင္လိုက္ပါေတာ့ဟယ္.. ငါ့ဟာငါမွ အေဆြးမုဒ္ဝင္ေနရတဲ့အထဲ.. တေယာက္ထဲ လြမ္းခ်င္ၿပီဟဲ့... "
ရတီက ေျပာလိုက္မွပဲ ညက်ဖဳန္းဆက္မယ္ ေျပာလာၿပီး အိမ္ထဲဝင္ေတာ့သည္။ တက္ႂကြေနတာမို႔ လိုက္ဖို႔ေခၚရသူကလည္း အားရွိရပါသည္။
အိမ္ျပန္အေရာက္မွာေတာ့ ခဏနားၿပီး၊ ေရခ်ိဳးထမင္းစားလိုက္သည္။
" ေပ်ာ္ခဲ့လား... "
" အြန္း.. ေပ်ာ္ပါတယ္... "
" ဓာတ္ပုံေတြ ဘာေတြမရိုက္ခဲ့ဘူးလား... "
ကိုႀကီးက စုံစမ္းစစ္ေဆးေရး ဝင္ေတာ့မည္ဆိုတာကို သိလိုက္သည္။ အ႐ြယ္ေရာက္ၿပီမို႔ ရည္းစားထားေနလည္း ဆူမွာမဟုတ္ေပမယ့္ အိမ္မွာ အငယ္ဆုံးျဖစ္တာေၾကာင့္ ကေလးလို႔ သေဘာထားေနၾကဆဲ။
ယုံၾကည္မႈရွိေပးၿပီး တက္နိုင္တာထက္ ပိုတဲ့ ေထာက္ပံ့ေပးမႈေတြ ေပးထားတဲ့ မိဘနဲ႕ေမာင္ႏွမေတြကို နာက်င္ေအာင္မလုပ္ရက္။
လိမ္တာမေကာင္းမွန္း သိေပမယ့္ လတ္တေလာမွာ ဖုံးကြယ္ထားဖို႔ ဆုံးျဖတ္ထားၿပီးသား။
" ရိုက္ခဲ့တယ္.. ဒါေပမယ့္ Film Cameraနဲ႕ ရိုက္တာမို႔ Scanလုပ္ရဦးမယ္ဆိုလား... "
" ေအာ္... "
" Film Cameraလိုခ်င္လို႔... "
" ဝယ္ေပါ့... "
" ကိုႀကီး လိုက္ဝယ္ေပးေလ.. စာသင္တုန္းက ရတဲ့ပိုက္ဆံေတြ ရွ္ိေသးတယ္.. အခုလည္း Senseiက သူ႕ေက်ာင္းမွာပဲ အလုပ္ဝင္ဖို႔ ေျပာေနတယ္... "
" နင္ တရက္မိုင္တေထာင္ေျပးနိုင္တဲ့ အာဇာနည္ျမင္းအေၾကာင္းဖတ္ဘူးတယ္မလား.. ဘာအလုပ္ေနေန ရတာသာလုပ္.. ကိုယ့္ဘဝကို ျမႇင့္တင္... "
ျမႇင့္တင္မွ ျဖစ္မည္။
ကိုစြမ္းရည္လင္းနဲ႕ ကိုက္ညီေအာင္၊ သူ႕ထက္ မေလ်ာ့ေအာင္ ႀကိဳးစားမွျဖစ္မည္။
ဒီေန႕ သူဝတ္ထားတဲ့ Teeတထည္ရဲ႕ တန္ဖိုးကတင္ သိန္းခ်ီေနတာ။ Brandအေၾကာင္း နားမလည္သူ၊ သိန္းခ်ီဖို႔ မေျပာနဲ႕ တသိန္းရဲ႕ တဝက္ကိုပင္ ဝယ္ဝတ္ဖို႔ တုံ႕ဆိုင္းသူဆိုေပမယ့္ အားငယ္စိတ္ေတာ့ မျဖစ္ပါဘူး။
" Cameraက လိုအပ္လို႔လား.. လိုမွမလိုအပ္ေသးပဲ.. Laptopအရင္ဝယ္လိုက္... "
" အြန္း... "
ခုနကေတာ့ ဝယ္ေပါ့ဆိုၿပီး။
မလိုအပ္ေပမယ့္ ဝယ္လိုက္ရရင္ စိတ္ခ်မ္းသာသြားမွာေလ။ ဝယ္နိုင္သြားတဲ့ အခ်ိန္ေရာက္ရင္ ခံစားခ်က္က တူေတာ့မွာ မဟုတ္ဘူး။
အိမ္က စီးပြားေရးအဆင္ေျပတယ္ဆိုေပမယ့္ ပိုလွ်ံေအာင္ႀကိဳးစားေနရဆဲ။ အိမ္မက္ေတြက ေဈးႀကီးလိုက္တာမ်ား။ သက္ျပင္းဖြဖြခ်ရင္းသာ ညစာစားျခင္းကို လက္စသတ္လိုက္သည္။
ေျခေထာက္ေတြက သိသိသာသာကို ေတာင့္တင္းေန၏။ ကိုယ့္ဟာကိုယ္ ေလွ်ာက္လည္ၿပီး ျပန္လာဆိုေတာ့လည္း အိမ္ကိုညည္းမျပရဲ။
ကိုယ့္အခန္းဆီ ျပန္အေရာက္မွာေတာ့ စြမ္းရည္လင္းထည့္ေပးလိုက္တဲ့ ေဆးဘူးကို ထုတ္ၿပီး ေဆးလိမ္းလိုက္သည္။
ဒီေန႕ဘာေတြေတြႀကဳံခဲ့လည္း ျပန္စဥ္းစားလိုက္ေတာ့ အျဖစ္အပ်က္တိုင္းဟာ စိတ္ခ်မ္းသာစရာေကာင္းေနသည္။
ပင္ပန္းေနရေပမယ့္ အိပ္ခ်င္စိတ္လည္း ရွိမေနပါ။ Doraemonအ႐ုပ္ေလးကို ေဘးနားမွာ ခ်ထားရင္း ပါးျပင္ေနရာေလးကို အသည္းယားစြာနဲ႕ပဲ ဖ်စ္ညွစ္မိေတာ့သည္။
တေနကုန္ သူနဲ႕အတူတူရွိေနခဲ့ေပမယ့္ ညအိပ္ရာဝင္ကာနီးအခ်ိန္ထိ သူ႕မ်က္ႏွာကိုပဲ ျမင္ေယာင္ေနမိသည္။ တေယာက္ထဲရွိေနရခ်ိန္မွာ အလြမ္းဆိပ္က သိသိသာသာမို႔ မနက္တုန္းက လွ်ပ္တျပက္ရိုက္ယူခဲ့တဲ့ သူ႕ဓာတ္ပုံကိုသာ ၾကည့္မိေတာ့သည္။
" ကိုကို... "
ႏႈတ္ဖ်ားက သူ႕အလိုလို ထြက္က်လာတဲ့ သူ႕အတြက္ရည္ၫႊန္းတဲ့ နာမ္စားေလးက။
အားးးးး စိတ္ေရာ မွန္ေသးရဲ႕လား မသိပါဘူး။ ႐ူးရင္လည္း ႐ူးပါေစ။ ဂ႐ုမစိုက္နိုင္ေတာ့ပါဘူး။
စြမ္းရည္လင္းဟာ ဘယ္လိုလူမ်ိဳးလည္း ေမးလာရင္ ခရီးအတူတူသြားလို႔ေကာင္းတဲ့ လူမ်ိဳး။
သူနဲ႕သာဆို ကမၻာႀကီးရဲ႕ ဘယ္ေနရာကိုပဲ သြားသြား ရာသီဥတုေကာင္းမြန္ၿပီး အရာအားလုံးက သာယာလွပေနမွာ။
-18____18
💚 Thanks For Reading 💚
01.10.2022
Saturday

(မနက္မွပဲ စာျပန္စစ္ေပးပါမယ္။ ကိုယ့္ဟာကိုမွ periodနဲ႕ loopingနဲ႕ တိုင္ပတ္ေနပါတယ္ဆိုမွ မိုးက ႐ြာေနေသးတယ္။ ဖီးလ္လို႔ေကာင္းၿပီ 🤧)