Love Of My Life [Completed]

By GennyCloud

735K 45.5K 1.6K

Genre// BL , Romance Writer// Genny Start Date//30.10.2021 End Date// 10.12. 2022 Pic full crd (from... More

အမှာစာ🤎(Uni + Zawgyi)
Character Introducing
Epi(1) Unicode
Epi(1) Zawgyi
Epi(2) Unicode
Epi(2) Zawgyi
Epi(3) Unicode
Epi(3) Zawgyi
Epi(4) Unicode
Epi(4) Zawgyi
Epi(5) Unicode
Epi(5)Zawgyi
Epi(6) Unicode
Epi(6) Zawgyi
Epi(7) Unicode
Epi(7) Zawgyi
Epi(8) Unicode
Epi(8) Zawgyi
Epi(9) Unicode
Epi(9) Zawgyi
Epi(10) Unicode
Epi(10) Zawgyi
Epi(11) Unicode
Epi(11) Zawgyi
Epi(12) Unicode
Epi(12) Zawgyi
Epi(13) Unicode
Epi(13) Zawgyi
Epi(14) Unicode
Epi(14) Zawgyi
Epi(15) Unicode
Epi(15) Zawgyi
Epi(16)Unicode
Epi(16) Zawgyi
Epi(17) Unicode
Epi(17) Zawgyi
Epi(18) Unicode
Epi(18) Zawgyi
Epi19(Unicode)
Epi19 (Zawgyi)
Epi20(Unicode)
Epi(20) Zawgyi
Epi(21) Unicode
Epi (21) Zawgyi
Epi(22) Unicode
Epi(22)Zawgyi
Epi(23) Unicode
Epi(23) Zawgyi
Epi(24) Unicode
Epi(24)Zawgyi
Epi(25) Unicode
Epi(25) Zawgyi
🤎
Epi(26) Unicode
Epi(26) Zawgyi
Epi(27)Unicode
Epi(27)(Zawgyi)
Epi28(Unicode)
Epi29(Unicode)
Epi28(Zawgyi)
Epi29(Zawgyi)
Epi30(Unicode)
Epi30(Zawgyi)
Epi31(Unicode)
Epi31(Zawgyi)
Epi32(Unicode)
Epi32(Zawgyi)
Epi(33)(Unicode)
Epi(33)(Zawgyi)
Epi(34)(Unicode)
Epi(34)(Zawgyi)
Epi(35) Unicode
Epi(35) Zawgyi
Epi (36) Unicode
Epi(37) Unicode
Epi(37) Zawgyi
Epi(38) Unicode
Epi(38) Zawgyi
Epi(39) Unicode
Epi(39) Zawgyi
Epi(40) Unicode
Epi(40) Zawgyi
Epi(41) Unicode
Epi(41) Zawgyi
Epi(42) Unicode
Epi(42) Zawgyi
Epi(43) Unicode
Epi(43) Zawgyi
Epi(44) Unicode
Epi(44) Zawgyi
Epi(45) Unicode
Epi(45) Zawgyi
Epi(46) Unicode
Epi(46) Zawgyi
Epi(47) Unicode
Epi(47) Zawgyi
Epi(48) Unicode
Epi(48) Zawgyi
Epi(49)Unicode
Epi(49) Zawgyi
Final Episode (Uni)
Final Episode (Zawgyi)
My Dear , Readers (U+ZG)
Happy New Year❤️
Genny has something to say!! U/Z
Extra (Unicode)
Extra ( Zawgyi)
Thidingkyut Extra
❤️Genny Cloud's Love Letter☁️U*Z
Happy Thingyan with KheNyeim (U+Z)
Extra Part 2 (U+Z)

Epi(36) Zawgyi

1.9K 74 4
By GennyCloud

အပိုင်း(၃၆)

ဒေါ်မူယာနွယ်တစ်ယောက် ညဘက်အိပ်မပျော်သဖြင့် ခြံထဲသို့ လမ်းခဏဆင်းလျှောက်ရာ မျက်စိရှေ့သို့ ၀င်‌ ရောက်လာတဲ့ ကားမီးအလင်းရောင်ကြောင့် မျက်ခုံးတန်းတို့ တွန့်ကွေးသွားသည်။

မောင်းလာသူကို ကြည့်မိတော့ ‌မြေးဇဏ်ရဲ့
ပင်တိုင်ဒရိုင်ဘာဖြစ်နေသည်။

"သခင်မကြီး"

"ဒါက ဘယ်လိုဖြစ်လာတာလဲ "

"ဟို ကလေးတွေ စုပြီး သွားကြတယ်ထင်ပါတယ် "

နောက်ခန်းမှာ လှဲနေတဲ့ မြေးဖြစ်သူကြောင့် သူ့အသံကခပ်ဆတ်ဆတ်ဖြစ်နေမှာ မလွဲ။

"ဒီလောက်ထိတောင်ဖြစ်လာတာလား"

"သခင်‌လေး ပုံစံက စိတ်ညစ်စရာ ရှိပုံပဲ "

"အိမ်မှာနေနေတဲ့ သူကဘာတွေများ စိတ်ညစ်စရာရှိနေရတာလဲ "

"ဒါတော့ ကျွန်တော်လည်း မသိပါဘူးခင်ဗျ "

သခင်လေးက ကောင်လေးတစ်ယောက်အိမ်ရှေ့ထိသွားကာ နှစ်ယောက်ပွေ့ဖက်နေကြသည့် မြင်ကွင်းကို ပြောမပြလိုက်ပါ။ အလုပ်သမားတစ်ယောက်ပေမို့ မိသားစု အရှုပ်အရှင်းကြားထဲ သူမ၀င်လိုပေ။

"ဒါဆို သွားတော့ ။ ငါ့မြေးကို ငါပဲခေါ်ခဲ့လိုက်မယ် "

"ဖြစ်ပါ့မလား "

"ဖြစ်တယ် ။ ကားက ဂိုဒေါင်ထဲထည့်မနေနဲ့တော့ ။ ဒီမှာပဲရပ်ထားလိုက် "

"ဟုတ်ကဲ့ "

ထို့နောက်တွင်တော့ ဒရိုင်ဘာမှာ သူနေထိုင်ရာ အလုပ်သမားတန်းလျားသို့သာ ပြန်သွားသည်။
ဆင်ဝင်အောက်မှ ကျန်ခဲ့သူက သူနဲ့မြေးနှစ်ယာက်သာ။

ဒေါ်မူယာနွယ်လည်း ကားတံခါးကိုဖွင့်လိုက်ပြီး မြေးကို လှုပ်နိုးလိုက်သည်။

"မြေး။ထ တော့ ။ အိမ်ရောက်ပြီလေ "

အင်းအဲ အသံပြုကာ မျက်လုံးတို့ကို ဖွင့်လာသည်။သူ့ကိုမြင်တော့ အဖွားမှန်းတော့ သိသေးပုံရသည်။

"ဖွား"

"လာ ဖွား။ မြေးအခန်းထိ လိုက်ပို့မယ်"

ဟိုတစ်ခါ ဖြစ်ကြတဲ့ ပြဿနာမှာ သူမလွန်သွားမှန်း သိပေမဲ့ အလျှော့မပေးခဲ့။
မြေးက ယိုင်တိုင်တိုင်ဖြင့်ထလာကာ အိမ်ထဲသို့ဝင်သွားသည်။ အခန်းဆီသို့ မသွားဘဲ ဆိုဖာထက်ပစ်လှဲချကာ…

"ကျွန်တော် ဒီည ဒီမှာပဲအိပ်မယ် "

မြေးဖြစ်သူစကားကြောင့် ပြုံးမိသည်။ သူမအသက်ကြီးနေမှန်းတော့ သိသေးသည်ထင်၏။ တမင်အပေါ်ထပ်သို့လိုက်မပို့စေချင်တာမို့ ဒီလိုပြောနေမှန်း သူမရိပ်စားမိပါသည်။

"ဖြစ်မလား မြေးရယ် "

"ဖြစ်ပါတယ် ။ ဖွားပဲပြောဖူးတယ်လေ ကျွန်တော်လိုချင်ရင် မဖြစ်နိုင်တာမရှိပါဘူးဆို "

"မတူဘူးလေ မြေးဇဏ်"

"ဘာလို့ မတူရမှာလဲ ။ လူတွေအားလုံး ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့လူတွေပဲလေ ။ ပိုက်ဆံလေးနည်းနည်းရှိရုံနဲ့ အများကြီး ကွာခြားသွားတာ မရှိပါဘူး "

ချေပစရာ စကားလုံးတို့ မရှိသည်မို့ အခန်းထဲသို့ပြန်ရန်သာ ကြံရွယ်လိုက်သည်။ ထိုစဉ်ထွက်လာတဲ့ စကားသံကြောင့် ခြေလှမ်းတို့က ရှေ့သို့မရွေ့။

"ဖွား လုပ်ရက်တယ် "

ဘာဆက်ပြောမလဲ သိချင်တာမို့ သူမဆက်နားထောင်နေလိုက်သည်။

"ထင်မထားဘူး ။ ငယ်ငယ်ထဲက ဒယ်ဒီထက် ဖွားကိုပိုချစ်ခဲ့တာ ။ ဖွားက ရက်စက်တယ်။ ဘာလို့များ ချစ်ခြင်းတွေကို ခွဲရတာလဲ။ အဲ့လိုချစ်တဲ့သူတွေ ဝေးသွားတော့ရော ပျော်ရဲ့လား ။ အခုလည်း ဖွားကျွန်တော့်ကို လုပ်ဖို့ကြံစည်နေပြန်ပြီ "

မြေးရဲ့ ရောက်တတ်ရာရာ စကားများကြောင့် သူမတုန်လှုပ်သွားသည်။
မြေးက ဘာတွေကို ဦးတည်ပြီး ပြောနေတာလဲ။

"ဘာကိုလဲ မြေးဇဏ်။ မြေးဘာတွေပြောနေတာလဲ "

"ကျွန်တော် သူ့ကိုချစ်တယ်။ သူ့ကိုသဘောကျပြီး  ကျွန်တော့်ကို ပြုံးရယ်နိုင်လုပ်ပေးတာ သူကလွဲလို့ဘယ်သူရှိမှာလဲ ။ ဖွားရော ဒယ်ဒီရော လုပ်ပေးခဲ့လား။ ပိုက်ဆံရှိရင် ပြုံးရယ်နိုင်မှာပဲလို့ တွေးခဲ့ကြတာမလား။

ကျွန်တော်လည်း ငယ်ငယ်ကအဲ့လိုထင်ခဲ့တာ ။ ဒါပေမဲ့ စစ်သွေးအမှုပြီးနောက်ပိုင်း သိလာတယ် ။ တကယ်တော့ ပိုက်ဆံတွေက ပြုံးပျော်စေနိုင်တာမဟုတ်ဘူး ။ ချစ်ခြင်း‌မေတ္တာတွေကသာ ပျော်ရွှင်စေတာဖွားရဲ့ ။ ပိုက်ဆံဆိုတာ သေချာပေါက်လိုအပ်ပေမဲ့ ဘ၀တစ်ခုလုံးအတွက်တော့ မဟုတ်ဘူးလေ။ ဖွားရဲ့သားကို ကြည့်လိုက်ပါဦး ။ ဒယ်ဒီပျော်နေရဲ့လား "

"သူကောင်းကောင်း နေနေတာပဲလေ ။ ဒါထက် ဘာအရေးကြီးဦးမှာလဲ "

"ဖွားက မသိတာမဟုတ်ဘူး ။ မသိချင်ယောင်တောင်နေတာ ။ ဒါပေမဲ့ ဖွားသိထားဖို့က ကျွန်တော်က်ဒီမဟုတ်ဘူးနော် "

"ဆိုတော့ ဖွားစကားတွေကို ကန့်လန့်တိုက်မယ်ပေါ့ ဇဏ် "

"မပူပါနဲ့ ဖွား‌လောင်းရိပ်အောက်က မထွက်နိုင်မချင်း ကျွန်တော် ဘာမှမတတ်နိုင်ပါဘူး။ ဒါပေမဲ့  ကျွန်တော်က သူမှဖြစ်မှာမို့ အကြာကြီးတော့ အာမမခံနိုင်ပါဘူး "

"ခီတန်ကူးဇဏ်!!"

"ဖွားကြားဖူးတယ်မလား ။ လူတွေကအချစ်အတွက် အသက်တောင် ပေးနိုင်တယ်တဲ့ ။ ကျွန်တော်လည်း အဲ့လိုစကားတွေကို ပထမကမယုံခဲ့ဘူး ။
အခုတော့ တဖြည်းဖြည်းယုံလာတယ် "

"မင်းက ငယ်သေးလို့ပါ မြေးရယ် ။ တကယ်က အချစ်ဆိုတဲ့ အရာထက် အရေးကြီးတဲ့အရာတွေ ကမ္ဘာပေါ်မှာရှိသေးတယ် "

"ဟက်!"

မြေးကရယ်သည်။ အခုလို အရွဲ့တိုက်သလို ရယ်ခြင်းမျိုး သူမတစ်ခါမှ မတွေ့ဖူးဘူး။

"အရေးကြီးတဲ့အရာတွေ !
ဘာတွေလဲ ။ ဂုဏ်သိက္ခာတွေလား ။ အတ္တတွေလား ဒါမှမဟုတ် မာနတွေလား  "

"တော်တော့ အိပ်လိုက်တော့ မြေး "

"ဖွားသိထားဖို့က ကျွန်တော်က သူ့ကိုပဲယူမှာ ။ ဒါဟာ ငယ်လို့ စိတ်ကစားတာမျိုး မဟုတ်ဘူးဆိုတာ မှတ်ထားပေး "

သူ ဒီစကားတွေကို အယ်လ်ကိုဟောကို အားကိုးပြီး ပြောခြင်းမဟုတ်။ ပြောချင်လို့သာ ပြောခြင်းဖြစ်သည်။
ဒီည မိုးသန့်ညိမ်ကို တွေ့လိုက်မှ ပို၍ပင် သေချာသွားသည်။
မိုးသန့်ညိမ်ကို ဘယ်သူ့ကိုမှ မပေးလိုက်နိုင်တော့ ။
မိုးသန့်ညိမ်ကို ရဖို့ မိသားစုကို စွန့်ဆိုလျှင်လည်း သူစွန့်လွှတ်ဖို့သာ ရည်ရွယ်ထားသည်။

နဂိုတည်းက သူက ဒီမိသားစုမှာ ဘာအရေးမှပါမနေခဲ့ဘဲလေ။

••••••••••

ထိုနေ့ညပြီးနောက်ပိုင်း သူတို့ အတန်းတင်စာမေးပွဲကို ခြောက်ရက်တိုင်တိုင် ဖြေကြရသည်။
ကိုယ်ကသာ လွမ်းလို့ သွားတွေ့ချင်ပေမဲ့ စာမေးပွဲအတွင်း လာရင်စိတ်ဆိုးမှာဆိုသော အမိန့်ကြောင့် သူမသွားရဲ။
ဘယ်တော့မှ လူတစ်ယောက်ရဲ့ အမိန့်ကို အကြောင်းအရင်းမရှိဘဲ မနာခံဖူးတဲ့ သူ့အတွက် မိုးသန့်ညိမ်ရဲ့ စကားကို လိုက်လျောမိတာဟာ ဘယ်လိုအကြောင်းအရင်းကြောင့် ဖြစ်ပါသလဲလို့ သူတွေးမိသည်။
သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ အရင်းခံသည် ချစ်ခြင်းမေတ္တာကြောင့်သာ ဖြစ်ပေလိမ့်မည်။

ချစ်ခြင်းမေတ္တာတွေဟာ လူတစ်ယောက်ကို ပြုံးပျော်စေနိုင်သလို အမိန့်တွေကိုရော အလိုအလျောက် နာခံစေနိုင်ပါသလား။

ထိုစဉ် ဆူးတစ်ယောက် သူ့အနားသို့ရောက်လာသည်။ ပါးစပ်မှာလည်း ပီကေကို တဖောက်ဖောက်။

"ဟဲ့ ဖြေနိုင်လား ။ အေးပါ နင်လိုလူတော့ ဖြေနိုင်မှာပါ"

သူဘာသာမေး သူ့ဘာသာဖြေကာ မျက်နှာကိုလည်း ရှုံ့တွထားသည်။

"ဘာလို့ထီးမယူလာတာလဲ ဆူး"

"ပျင်းလို့ "

" ဪ ။ အဲ့တာဆိုလည်း အပူခံပေါ့ "

"ဟဲ့နင်ကလည်း အဲ့လိုမလုပ်ပါနဲ့ ။ ငါ့ကိုလည်းတောင်းပေးလေ "

ထီးမယူလာပါဘဲ သူ့ထီးနဲ့ကပ်ဆောင်း‌ချင်နေသော ဆူးက သူ့ထီးကို အရှေ့မှ အတင်းဆွဲလုသည်။ သူဆွဲကိုယ်ဆွဲနှင့် ကျောင်းထိပ်က သစ်ပင်အနားတွင် နှစ်ယောက်သား ပြဿနာတက်နေကြသည်။

"ဆူးဒေဝီ!!"

ထိုစဉ်…

"ဇဏ် ထီးမပါဘူးလား "

ကျောင်းဆင်းတာတောင် တာရီလင်းက မပြန်သေးဘဲ သူတို့နှစ်ယောက်အနားသို့ရောက်လာသည်။

"ပါတယ် "

ပြန်‌ဖြေတဲ့ စကားသံကြောင့် တစ်ဖက်လူက ပျော်သွားပုံရသည်။

"ဇဏ် ဖြေနိုင်ရဲ့လား ။ တို့ကတော့ မကြာခင်စာမေးပွဲဖြေပြီး ကျောင်းကြီးကိုတောင် ခွဲရတော့မှာ ။ဇဏ်တို့က တစ်နှစ်ကျန်သေးတယ်နော် "

"အင်း "

ဒီနေ့ကျမှ စိတ်ရှည်လက်ရှည်ပြန်ဖြေနေသော
ခီတန်ကူးဇဏ်ကြောင့် ဆူးစိတ်တိုချင်လာသည်။
အရင်တုန်းက စကားပြန်ပြောဖို့ဆိုဝေးလာဝေး ။ ထိုအစ်မကြီးအနားရောက်ရင်ကို မျက်မှောင်တွေကျုံ့ထားတတ်တာ။

စကားပြန်ပြော‌တာကို ဟိုအစ်မကြီးက သူ့ကိုပြန်ကြိုက်တယ်ထင်ပုံနေရသည်။ စကားတွေကို အကြောင်းအရင်းမရှိ ဆက်ပြောနေသည်။
ဘာတဲ့။ ကျောင်းကြီးကို ခွဲရတော့မယ်တဲ့ ။ သူဆယ်တန်းနှစ်မှ ဒီကျောင်းရောက်လာပြီး မသိလျှင် မူကြိုတည်းက တက်ခဲ့တဲ့ ပုံစံအတိုင်း ပြောနေသည်။
မနေနိုင်စွာ ခွီးခနဲ ရယ်မိတော့ ထိုအစ်မကြီးက သူ့အားလှမ်းကြည့်သည်။

"ရတုကလည်း မလာနိုင်သေးဘူး ။ စိတ်တိုလိုက်တာ တအားစကားများတာဘဲ "

မျက်စိရှေ့မှ ကောင်မလေး၏ အဆက်အစပ်မရှိသော စကားများကြောင့် တာရီလင်းဒေါသထောင်းခနဲထွက်သွားသည်။

"ဒီမှာ ဘာပြောတာလဲ ဆူးဒေဝီ "

"ဘာပြောလို့လဲ "

"မင်းကိုယ်မင်း ဇဏ်နားမှာ နေတယ်ဆိုပြီး ရောင့်တက်မနေနဲ့ "
တာရီလင်းက ဆူးကိုပြောပြီးပြီးချင်း ခီတန်ကူးဇဏ်ဘက်သို့လှည့်ကာ…

"တို့ပြန်တော့မယ် ဇဏ် "

ဒီတစ်ခါမှတော့ ခီတန်ကူးဇဏ်လည်း ဘာမှ‌မပြောဖြစ်တော့။ သူသာဒီတစ်ခါပြန်ပြောလိုက်ရင် ဆူးနဲ့ပြဿနာတက်မှာ မလွဲပေ။

"သောက်ဘွားတော်ကြီး "
တာရီလင်း ခပ်လှမ်းလှမ်းရောက်ခါမှ ဆူးဆီက အသံထွက်လာသည်။

"ဆူး! "

"ပြောတော့ ဘာဖြစ်လဲ ။ နင်ကရော ဘာလို့အလိုက်သင့်ပြန်ပြောပေးနေတာလဲ ဟမ်
ခီတန်ကူးဇဏ် နင်ရုတ်ရုတ်ရုတ်ရုတ် မလုပ်နဲ့နော် "

ဆူးကြိမ်းသလိုပြောလိုက်မှ ခီတန်ကူးဇဏ်က တည်ငြိမ်နေသောမျက်နှာထားဖြင့်…
"ညိမ်ကမှာထားတယ် ။ လူတိုင်းကို လိုက်လျောညီထွေစွာနေတတ်ရမယ်တဲ့ ။ မဟုတ်ရင် ငါသူ့ကိုပြန်မပြောဘူး"

"Wtf!!!"

ခီတန်ကူးဇဏ်ရဲ့ အဖြေကြောင့် ဆူးဘာမှပြန်မပြောနိုင်တော့။ အခုတလော လူတိုင်းကို အလိုက်သင့် ဆက်ဆံနေပါတယ်လို့ ကိုကြီးမိုးသန့်လက်ချက်ကိုး။
အရင်ကဆို ငါ့ကိုစာအုပ်ငှားပါလားလို့ အတန်းထဲကောင်မလေးတွေ လာပြောရင်တောင် အဖက်မလုပ်။ ခပ်တည်တည်သာ ထိုင်နေတာဖြစ်သည်။
တစ်ခါတလေ သူကပင် ကြားထဲကအားနာရပါသေးသည်။
ဘာလို့ ပြန်မပြောလဲမေးလျှင်လည်း "မပြောချင်လို့"။ "သူတို့လာပြောတိုင်း ပြန်ပြောရမှာလား"…ဘာညာနဲ့
ခီတန်ကူးဇဏ်သည် ကြာလေလေ တဖြည်းဖြည်းအချိုး ပြောင်းလာသည်။

သူက မှာထားလို့ အလိုက်သင့်ဆက်ဆံပေမဲ့ တဖက်လူက မျှော်လင့်ချင်ပေးသလို ထင်သွားမှာကိုလည်း ဆူးစိုးရိမ်မိပါသည်။
အခုတောင် တာရီလင်းမျက်နှာက မှိုရသလို ပုံမျိုးနှင့် ဖြစ်နေတာဖြစ်သည်။

•••••••••••••••

ခီတန်ကူးဇဏ်က အပျော့သားနက်ပြာရောင်ဝမ်းဆတ် ၀တ်ဆင်ထားပြီး အညိုရောင်လက်ပတ်နာရီလေးတစ်လုံးကိုလည်း ပတ်ထားသည်။

ဒါဟိုတစ်ခါ သူ့ဆီမှအတင်းတောင်းသွားသော ဒိုင်ခွက်လေးထောင့်နှင့်နာရီလေးဖြစ်သည်။

"ညိမ် ဘယ်သွားမလို့လဲ "

"ငါအပြင်သွားစရာရှိလို့ "

သူ့အဖြေကြောင့် ထိုကလေးက မျက်မှောင်ကုတ်သွားသည်။ ရုတ်တရက် သူ့လက်ကို လှမ်းဆွဲကာ နဖူးပေါ်၌ တင်ထားသည်။

သူလက်ကိုအမြန်ပြန်ရုတ်လိုက်ပြီး…
"ဒါဘာလုပ်တာလဲ ခီ "

"ချွေးတွေလေ ညိမ်မမြင်ဘူးလား "

"အဲ့တော့ "

"ညိမ့်ဆီကို ကျွန်တော် ကျောင်းကပြန်လာတာနဲ့ အ၀တ်လဲပြီး ပြေးလာတာ ။ ဒီနေ့က စာမေးပွဲနောက်ဆုံး နေ့လေ ညိမ် "

ထိုကလေးက သူ့ကို စာမေးပွဲအခြေအနေကို မေးစေချင်ပုံရသည်။

" ဪ ဖြေနိုင်တယ်မလား "

"ဖြေနိုင်ပါတယ် ။ ဒါပဲလား"

"ဟင် ဘာကိုဒါပဲလားလဲ "

သင်တန်းပိတ်ရက်မို့ နေ့ခင်းဘက် ဆိုင်ကိုကူပါမယ်လို့ ပြောထားတာကြောင့် မိုးသန့်ညိမ် ထွက်လာခြင်းပင်။
ဆိုင်သို့သွားမည်အပြု ခီတန်ကူးဇဏ်နှင့်
တိုက်အောက်တွင်တွေ့ခြင်း။ သူ့ကိုလွယ်လွယ် သွားခွင့်မပေးဘဲ လာရစ်နေတာကြောင့် သူစိတ်ဆိုးချင်နေပြီဖြစ်သည်။

"ပြောရင်လည်း နောက်မှပြောတော့နော် ။ ဆိုင်ကိုသွားစရာရှိသေးတယ် ။ လိမ္မာပါတယ် ခီက "

"ကျွန်တော့်ကို ကလေးလို မဆက်ဆံနဲ့ ။ ကျွန်တော်မကြိုက်ဘူး ။ ပြီးတော့ အသက်ကအရမ်းလည်း မကွာဘဲနဲ့ "

"အေးပါ အေးပါ "

ခီတန်ကူးဇဏ်တစ်ယောက် စိတ်မရှည်တော့ပါ။ သူ့စကားတွေပိုညအဖက်မလုပ်ပါဘဲ လမ်းထိပ်သို့ ထွက်သွားသူကြောင့် ရင်ထဲ၌ တစ်မျိုးတစ်မည်ခံစားလာရသည်။ ထိုခံစားချက်ကို ခေါင်းစဉ်တပ်ရပါမည်ဆိုလျှင် စိတ်မကောင်းခြင်းသာဖြစ်ပါလိမ့်မည်။

ဒါဟာ သက်သက် အနိုင်ကျင့်ခြင်းပေလား။
ချစ်နေပါပြီဆိုကာမှ လျစ်လျူရှုသည်။ အခြားသူတွေအတွက်မသိပေမဲ့ သူ့အတွက်တော့ အတော်ခံရခက်ပါသည်။

မိုးသန့်ညိမ်က ဆိုးလိုက်တာ ။

သူလည်း လမ်းမထက်တစ်ယောက်တည်း ရပ်မနေချင်တော့တာကြောင့် ဆိုင်ကယ်စက်နှိုးရင်း  ရတုတို့အိမ်ဘက်သို့သာ ဦးတည်လိုက်သည်။
သူရတုတို့ဆီ မရောက်တာ အတော်ကြာခဲ့ပြီ။

ရတုတို့အိမ်သည် ရတုအတိုင်းပင် အေးဆေးဆိတ်ငြိမ်လှသည်။ မိသားစုလေးယောက်သာရှိပြီး သ
ားယောင်္ကျားလေးနှစ်ယောက်သာ ရှိသည့် အိမ်မို့ တိတ်ဆိတ်နေတာလည်း အဆန်းတော့မဟုတ်။

ခြံထဲသို့ လှမ်းကြည့်မိတော့ စာအုပ်တစ်အုပ်နှင့် ဒန်းပေါ်တွင် ထိုင်နေသော ရတုကို တွေ့လိုက်ရသည်။ ခြံတံခါးဘက်ကို နောက်ကျောပေးထားတာကြောင့် သူလာတာလည်း သိမည်မထင်။

"ရတု !"

"ဩော် ဇဏ် ။ လာလည်တာလား "

"အင်း "

ခီတန်ကူးဇဏ် အိမ်ကိုလှည့်ပတ်ကြည့်လိုက်တော့ ဘယ်သူမှ မတွေ့တာကြောင့်
"အိမ်မှာဘယ်သူ့မှ မရှိဘူးလား "

"မရှိဘူး "

"မင်းခြံတံခါးကို အဲ့လိုမဖွင့်ထားနဲ့လေ အန္တရာယ်များတယ် ရတု "

"ငါမေ့သွားတာလား။ ငါ့အစ်ကိုပဲမေ့သွားတာလား မသိဘူး "

"နောက်ဆို ဂရုစိုက် "

"အင်းပါ ။ မင်းရော ဘာလာလုပ်တာလဲ  "

"ငါ လမ်းကြုံလို့ ဒီဘက်မရောက်လာလည်း ကြာလို့ ၀င်ခဲ့တာ "

"အိမ်ထဲဝင်မလား "

"ရတယ် ။ ဒီမှာအေးတယ် "

"ဇဏ် မင်းနောက်နှစ်အတွက်ရော ဘယ်လိုစဉ်းစားထားလဲ "

"ငါ့ကို ဒီကျောင်းမှာဆက်တက်ခိုင်းတော့မယ် မထင်ဘူး "

ရတုက ဘာမှမပြော။

"မင်းရော "

"ငါလား ။ ငါကဒီအတိုင်းပါပဲ သူများတွေလို သာမန်အတိုင်းပဲ ဘ၀ကိုဖြတ်သန်းရမှာပေါ့ "

"ဘယ်လိုမျိုးလဲ ။ ကျောင်းတက်မယ်…ဘွဲ့ယူမယ် …အိမ်ထောင်ပြုမယ် ဒါမျိုးလား "

နောက်ကျောမှ ထွက်ပေါ်လာသော အသံကြောင့် နှစ်ယောက်လုံး ပြိုင်တူမော့ကြည့်မိကြသည်။

"စစ်သွေး!"

ရတုက ကိုင်ထားတဲ့ စာအုပ်ကို ပိတ်ကာ လေသံအေးအေးလေးဖြင့် ပြောသည်။
"အင်း မင်းပြောသလိုပေါ့ ။ ကျောင်းတက် ၊ ဘွဲ့ယူ ၊ အမ်ထောင်ပြု ၊ ကလေးမွေးရမှာပေါ့ "

ရတုစကားကို ခီတန်ကူးဇဏ်က တစ်ချက်ရယ်သည်။ ဘာမှတော့မပြော။ ထိုစဉ် စစ်သွေးက သွားတန်းဖွေးဖွေးများပေါ်အောင် ရယ်ချလိုက်ပြီးမှ…
"ကလေးမွေးမယ်"

"အင်း ။ မင်းတို့သိတဲ့အတိုင်း ငါ့အစ်ကိုက ဂေးလို့ ဟိုတလောတင် come outလုပ်ထားတာမို့ ။ ဒီအိမ်ရဲ့မျိုးဆက်ကို ငါကပဲမွေးရမှာပေါ့ "

"မင်းအစ်ကိုက ဂေးလား ။ ရတုမင်းဉာဏ်ကလေ ။ ဟမ် အဲ့ကောင်က ဂေးလား ။ငါမေးနေတယ်လေ ပြောလေ ရတု "

"မင်းမရိုင်းနဲ့ စစ်သွေး ။ ဘာရတုမင်းဉာဏ်လဲ ငါတို့ထက် အသက်အများကြီး ကြီးတယ် "

"မင်းက သူ့ကိုထိလို့နာတာလား "

လေသံအေးအေးနဲ့ ပြောနေရာမှ ရုတ်တရက် ပူနွေးလာတဲ့ လေထုကြောင့် ခီတန်ကူးဇဏ် အခြေအနေကို သဘောပေါက်လိုက်သည်။

"ဘာလို့ စိတ်တိုနေကြတာလဲ "

"ငါဘာလုပ်လို့လဲ ဇဏ် ။ သူင့ါကိုစိတ်တိုအောင်လုပ်နေတာလေ မင်းမမြင်ဘူးလား "

စစ်သွေးက ရတုဘက်ကို လက်ညှိုးထိုးကာ တိုင်သလိုပုံနဲ့ ခီတန်ကူးဇစ်ကို ပြောသည်။

"ငါ့အမြင်တော့ သူမင်းကို စိတ်တိုအောင်ဘာမှမပြောပါဘူး ။ သူ့အစ်ကိုဂေးမို့ သူတို့အိမ်ရဲ့မျိုးဆက်ကို သူမွေးရမယ်ပြောတာ မင်းကိုတစ်ခုခုစိတ်တိုသွားစေလို့လား ရှားညို"

"ငါပြန်တော့မယ် "

အကြောင်းအရင်းမရှိ ဒေါသတွေထွက်ကာ ခြံထဲမှ ထွက်သွားတဲ့ စစ်သွေးရှားညိုကြောင့် ခီတန်ကူးဇဏ် သက်ပြင်းသာချမိသည်။
စစ်သွေးက အရင်အတိုင်းပဲ မပြောင်းလဲသေးဘူး။
ဒေါသထွက်လွယ်တယ် ။ သွေးဆူလွယ်တယ် ။ သူ့ဘေးမှာ ထိန်းပေးမဲ့ သူ့အစ်ကိုလို လူမျိုးတွေသာမရှိရင် ထောင်ထဲမှာ နေနေရမဲ့ လူစားမျိုး။

"ထားလိုက်ပါ ရတု။ သူက ဒေါသထွက်လွယ်လို့ပါ "

"ငါသိတယ် ။ ငါအဲ့အကျင့်တွေကို မကြိုက်ဘူး ။ ရိုင်းတယ် "

"သူက အရင်လိုပဲမပြောင်းလဲဘူး ။ ဒီအတိုင်းလွှတ်ထားလိုက်ပါ "

"ခီတန်ကူးဇဏ် ။ မင်းလည်း အရင်လိုပါပဲ သူ့ဘက်လိုက်တုန်းပဲ "

"ငါဘယ်သူ့ဘက်မှမလိုက်ပါဘူး။ အကျင့်နဲ့ဗီဇဆိုတာ လွယ်လွယ်ပြင်ယူလို့မရလို့ စိတ်လျှော့ဖို့ပြောတာ"

"ဒါနဲ့ မင်း ကိုမိုးသန့်နဲ့ရော အဆင်ပြေရဲ့လား "

ရတုအမေးကြောင့် ခီတန်ကူးဇဏ်မျက်နှာ ပျက်သွားသည်။

"အင်း ။ ပြေသလိုလိုပါပဲ ။ ငါကသူ့အပေါ် လျှို့ဝှက်ချက်တွေ တအားများမှာ စိုးရိမ်နေတာ ။ သူကငါ့ထက်ပိုပြီး လျှို့ဝှက်ချက်များပုံပဲ "

ရတုက ရယ်နေသည်။ပြီးမှ…

"မင်းထက်တောင် လျှို့ဝှက်ချက်များတယ်ဆိုတာ အံ့ဩစရာပဲ ဇဏ် ။ မင်းတော့ ချေခဲ့သမျှ ၀ဋ်လည်ပြီထင်တယ် "

"၀ဋ်ဆိုတာကို ငါမယုံဘူး ။ ဒါပေမဲ့ ၀ဋ်ဆိုတာ တကယ်ရှိရင်လည်း မိုးသန့်ညိမ်ဖြစ်နေလို့ တော်ပါသေးတယ် "

"မင်း သူ့ကိုတကယ်ကိုချစ်သွားတာပဲ ဇဏ်"

"ငါ့ဘာသာတောင် မသိလိုက်ဘူး။ ဒါပေမဲ့ သူ့လက်ကိုဘယ်တော့မှ လွှတ်မှာမဟုတ်ဘူး ဘာကိစ္စပဲရှိရှိ "

"အင်း။ ချစ်တဲ့သူကို ချစ်တယ်လို့ ဖွင့်ပြောလို့ရတာလည်း ကံကောင်းခြင်းပဲ ။ ဘာပဲဖြစ်ဖြစ် မင်းကံကောင်းပါတယ် တန်ကူး "

ရတုပြောပြီး စာအုပ်ကိုဖွင့်ကာ ပြန်ဖတ်နေသည်။

"ရတု မင်းလည်း ကံကောင်းမှာပါ"

ရတုကို ပြောပြီးပြီးချင်း ၀င်လာတဲ့ စာတိုကြောင့် သူ့ခါးတို့ မတ်ခနဲဖြစ်သွားသည်။

"ငါသွားတော့မယ် ရတု လုပ်စရာကိစ္စတွေရှိသေးတယ် "
"ဖြည်းဖြည်းသွား "

"အေးပါ။ ခြံတံခါးလာပိတ်ဦး ရတု။ တော်ကြာ စစ်သွေးရှားညို စိတ်ဆိုးနေဦးမယ် "

"……"

ရတုဘာမှပြန်မပြောသေးခင်ပင် သူဦးအောင်ထွက်လာလိုက်သည်။
သူရှေ့လျှောက် ဒီ့ထက်ပိုပြီး အလုပ်များတော့မည်မှာ အသေအချာဖြစ်သည်။

──────────────────

𝗚𝗲𝗻𝗻𝘆ʕ•ᴥ•ʔ

ဘဲထိပ်ထားစံလေး ခီတန်ကူးဇဏ် ⊙﹏⊙
အဖြေတောင်မရသေးဘူး စကား‌နားထောင်နေပြီ။

ဖတ်ပေးတဲ့သူတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်နော် အိုင်လပ်ပြူအော ( ˘ ³˘)♥

Continue Reading

You'll Also Like

802K 51.5K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 1950 BL (Time travel) Unicode an...
239K 12.1K 56
သံသရာတစ်ကွေ့ ဒီဘဝဝယ် ချစ်ခဲ့ဖူးသည် သူ့အပါးတွင် ခိုဖူးချင်သည် နောက်နောင်ဘဝ လွမ်းချင်းရပ်မည် ချစ်ခြင်းအတ္တ ဤဘဝ...။ 𝐒𝐭𝐚𝐫𝐭 𝐃𝐚𝐭𝐞-20.4.202...
1M 89.8K 58
တစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်....
576K 52.2K 24
Commission Novel! Two Actors, take part in BL Series and their life entangle because of that. Romance, comedy genre. Story by : Sky & AnnaLynn