𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥...

By SuuNanChal

658K 32.3K 2.5K

စိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သ... More

အမှာစာ / အမွာစာ
1
2
3
4
5
6
7
8
9
10
11
12
13
14
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
စာပြင်ဖို့/စာျပင္ဖို႔
39
40
41
42
43
Hello
44
45
46
47
48
ဖတ်ပေးကြပါ
49
50

15

13K 794 53
By SuuNanChal

Unicode





မီတစ်ယောက်နားထဲ ဂွင်းစို့ထားရသည် ။ ဆေးခန်းမှာကတည်းက ဆေးထိုးလို့တဲ့ ဆေးထိုးအပ်ကြောက်တယ်ဆိုပြီး အော်ငိုနေတာပင် ပါးရောင်တာလောက်က ထိုးစရာမလိုပေမဲ့ ဆေးခန်းရောက်မှ အဖျားရှိနေတာပါသိရ၏ ဒီကောင်လေး အဲ့သလောက်ကိုနုလွန်းသည် ။

ငိုရင်းအော်နေတာကလည်း ဆေးခန်းကိုခေါ်မယ်မှန်းသိရင် မလိုက်ပါဘူးတဲ့ ။ ကားထဲရောက်တဲ့အထိ အထိုးခံရတဲ့နေရာလေးကိုပွတ်ပြီး ငိုနေတာပင် ။

"မတော်သေးဘူးလားဟာ.....ငါနားတွေညီးလှပြီ ဆေးလေးထိုးတာကို ငိုစရာလား ''

"အီး! ဟီး! အီး! သားကဆေးကြောက်တယ်ဆိုနေ အတင်းဆေးထိုးခိုင်းနေတယ် မမက မကောင်းဘူး အနိုင့်ကျင့်တယ်''

"ကဲပါ.....ဒီလိုလုပ် ရေခဲမုန့်ဝယ်ကျွေးမယ်လေ မငိုနဲ့တော့နော်''

"တကယ်လား.....''

မီတကယ်လို့ပြောမိမလိုဖြစ်ခါမှ သူဖျားနေတာကိုသတိပြန်ရ၏ ။ ကောင်လေးကြည့်တော့လည်း တကယ်မျှော်လင့်နေပုံပေ ဒါပေမဲ့ မတတ်နိုင်ပါ ။

"မရဘူး တခြားဟာစား''

"အဟင့်! အီး! ပြောတော့ဝယ်ကျွေးမှာဆို''

"မင်းကဖျားနေတာလေ ဘာလဲဆေးထပ်ထိုးချင်သေးလို့လား''

"..........''

ချက်ချင်းတိတ်ကျသွားတဲ့ကောင်လေး ဆေးထိုးအပ်တော့ အတော်ကြောက်ပုံရသည် ။ မီတို့ကလဲခြောက်လို့ရရင်ပိုလို့ ဖြဲခြောက်ချင်တာမျိုးပင် ။ ဒါပေမဲ့ သနားလို့အလွတ်ပေးလိုက်ပါ့မယ် ။

"တစ်ခြားတည့်တဲ့ဟာစား ဘာစားမလဲ''

"မုန့်ဟင်းခါးစားချင်တယ် အဒေါ်ကြီးတုံဆိုင်က မုန့်ဟင်းခါးက အရမ်းကောင်းတယ် မစားရတာကြာလို့ဝယ်ကျွေးပါလားဟင်''

"ရတယ်လေ ဝယ်ကျွေးမယ် ဘယ်နားကဆိုင်လဲပြော''

ကောင်လေးပြောတဲ့လမ်းအတိုင်း ကားမောင်းပို့တော့ လမ်းဘေးကမုန့်ဟင်းခါးဆိုင်လေးမို့ မီနှခေါင်းရှုံ့မိသည် ။ မီကဒီလိုမျိုးတွေ မစားတတ်ပါ လမ်းဘေးဆိုင်ဆိုတော့ သန့်ရှင်းမှုနည်းတယ်ထင်မိတာကြောင့်ဖြစ်သလို ဆိုင်ကောင်းကြီးထဲမှာဘဲ စားခဲ့ဖူးတာကြောင့်လည်း ဖြစ်သည် ။

"ဒီဆိုင်က သန့်ရောသန့်ရဲ့လား''

"သန့်ပါတယ် မမရယ် သားဒီမှာအလုပ်လုပ်ဖူးတယ် ဒေါ်ကြီးတုံက သဘောလဲ ကောင်းတယ် သိလား ''

"ဟမ်! အလုပ်လုပ်တယ် ဟုတ်လား ''

"ဟုတ်.....''

"ဟယ်....မြူလေးပါလား မလာတာတောင်ကြာပြီကွယ် ဟိုတစ်ခါသားတို့သားအမိ ဟိုအကောင်နဲ့ရန်ဖြစ်ပြီး ဆင်းသွားဆိုကတည်းက ကျုပ်ကစိတ်တွေပူနေတာ''

"မေမေတို့က ကွာရှင်းလိုက်ပြီ ဒေါ်တုံရယ် ၊ ဖေဖေရောဟင် အရက်တွေသောက်တုန်းဘဲလား''

"သောက်တာပေါ့အေ မင်းတို့အိမ်တော့ ရှိသမျှအကုန်ပြောင်နေပြီသိလား''

"ဖေဖေကို ဒေါ်တုံကြည့်ထားပေးပါအုံးနော်''

"အမလေး ကြည့်ချင်ပါဘူးတော် ဒင်းလိုကောင်မျိုးက လူစိတ်ရှိတာ မဟုတ်ဘူး ''

"အင်းပါ ဒေါ်တုံရယ် သားက စိုးရိမ်လို့ပါ''

"ဒင်းအကြောင်း ခေါင်းထဲကိုထည့်မနေစမ်းပါနဲ့ သားရယ် မင်းတို့သားအမိအဆင်ပြေရဲ့လားသာ ပြောစမ်းပါအေ''

"ပြေပါတယ် ဒေါ်ကြီးရ ''

"အေးပါ အေးပါ နင်တို့ပြေရင်ငါကျေနပ်ပါပြီ အခုရောဘာလာလုပ်တာလဲ ကျုပ်ဆိုင်ကို မုန့်လာစားတာလား''

"ဟုတ် မုန့်ဟင်းခါးနှစ်ပွဲပေး ဒေါ်ကြီး ကောင်းကောင်းလေးနော်''

"ဟုတ်ပြီ ဟုတ်ပြီ''

စကားပြောပွဲပြီးသွားတော့ ဒေါ်ကြီးတုံက မုန့်ဟင်းခါး နှစ်ပွဲပြင်လာပေးသည် ။ မမက မစားချင်ပုံရပေမဲ့ တစ်ဇွန်းမြည်းကြည့်တော့ကြိုက်ပုံရသည် ။ မြူဒေါင်းလည်း မုန့်ဟင်းခါး ကြိုက်သည်မို့ ကောင်းကောင်းကြီး စားဖြစ်ခဲ့ပါ၏ ။

စားပြီးသွားကြတော့ ပိုက်ဆံ ရှင်းပြီး ဆိုင်မှထွက်ခဲ့ရသည် ။ ဒါတောင် ဆိုင်ရှင်အဒေါ်ကြီးက ပိုက်ဆံမယူဘူးလုပ်နေလို့ အတင်ထိုးပေးခဲ့ရသေးသည် ။ မီက အိမ်တန်းမပြန်ဘဲ စျေးဝယ်ထွက်နေပြန်တာကြောင့် မြူဒေါင်းပါလာရပြန်သည် ။

ဝယ်သမျှ ပစ္စည်းတွေကလည်း သူမထက်မြူဒေါင်းဖို့က ပိုများလို့နေ၏ ။ ငြင်းပေမဲ့လည်း ဇွတ်ကို ဝယ်ပေးနေတာပင် ။ မြူဒေါင်းလက်ထဲမှာလည်း အထုပ်တွေနဲ့ ပြည့်နေပြီဖြစ်၏ ။ မမက လက်ကိုင်အိတ်ဝယ်ဖို့ဆိုကာ အိတ်ဆိုင်ထဲ ဝင်ခဲ့ပြန်တော့ ထိုဆိုင်ထဲမှ ထွက်လာသော ကိုကို ။ သူ့ဘေးမှာလဲ ဆေးရောင်စုံမျက်နှာမှာ လှအောင်ခြယ်ထားသည့် အမျိုးသမီးတစ်ဦးပါ ရှိနေသည် ။ ထိုအမျိုးသမီးက ကိုကို၏လက်ကိုဆုပ်ကိုင်ထားပြီး ပုခုံးပေါ်ကို ခေါင်းမှီထားတာပင် ။

မြူဒေါင်းရင်ထဲမှာ ဒိန်းကနဲ ကိုကိုမှာ ချစ်သူရှိနေခဲ့တာလား မြူဒေါင်းက ကိုကိုနဲ့ဘာမှပတ်သတ်မှုမရှိပေမဲ့ မမနဲ့တော့ မိဘချင်းသဘောတူထားကြတာလေ ။ တွေးရင်း ရင်ဘတ်ထဲက ဆစ်ကနဲနာကျင်သွား၏ ။

ကိုကိုက သူတို့ကိုမြင်တော့ မျက်မှောင်တွေကျုံ့လာသည် ။ အထူးသဖြင့် မြူဒေါင်းကိုကြည့်ပြီး အလိုကျပုံမရပေ ။ မြူဒေါင်းတွေးလိုက်မိသည် ။ ကိုကိုက သူ့ကိုမမအနားမကပ်ခိုင်းတာ မမကို သဝန်တိုလို့များလားလို့ပေ ။ စိတ်ချပါကိုကို ကျွန်တော်က ကိုကို့ရဲ့ချစ်သူကို စိတ်နဲ့တောင်မပစ်မှားဖူးခဲ့ပါဘူး ကိုကို့ကိုတော့ ခွင့်လွှတ်ပေးပါ ကိုကို ။

"မင်းတို့က ဒီကိုဘာလာလုပ်ကြတာလဲ''

"စျေးဝယ်လာတာလေ ကိုကိုမမြင်ဘူးလား''

မမ၏ပြန်ခနဲ့သံအား ကိုကို၏မျက်မှောင်တွေကပိုလို့ကျုံ့သွားစေသည် ။ သို့သော်ကိုကိုက သူ့ပါးကိုဘဲ သေချာစိုက်ကြည့်နေတာပင် ။ မြူဒေါင်းမှာ ကိုယ်လေး မသိမသာကျုံ့မိပြန်သည် ။ ကိုကိုက မမနားကပ်လို့ သူ့ကိုထပ်ရိုက်ချင်နေတာများလား ။

ကိုကိုက မပြောမဆိုနဲ့ ရှေ့တိုးလာကာ သူ့အနားကပ်လာနေပြီမို့ မြူဒေါင်းပိုကြောက်ကာ ဒူးတွေတုန်ချင်လာသည် ။ ဘောင်းဘီ အိတ်ကပ်ထဲက လက်ကိုပြန်ထုတ်လိုက်တဲ့ ကိုကိုကြောင့် မြူဒေါင်းထအော်မိတော့၏ ။

"အား.....ကိုကို သားကြောက်ပါပြီ သားနောက်ထပ်မလုပ်တော့ပါဘူး!''

စိုင်းသူ့ရှေ့မှာ မျက်စိမှိတ်ပြီး ကုန်းအော်နေတဲ့ ကောင်လေးကြောင့် ရီရခက်၊ငိုရခက်နဲ့ပေ ။ အဟက်! လုပ်ချင်တာလုပ်ပြီးမှ ကြောက်ပြနေလိုက်တာကွာ ။ ထပ်ရိုက်ပစ်ချင်စရာလေး ။ အပြစ်တော့ထပ်ပေးထားမှပါဘဲ ။

ရိုက်ခံရတော့မယ်ထင်လို့ မျက်လုံးကို လက်တွေနဲ့အတင်းအုပ်ပြီး အော်နေပေမဲ့ ရိုက်ချက်ကရောက်မလာခဲ့ ။ အုပ်ထားတဲ့လက်ကလေးတွေကို ဖယ်ကြည့်တော့ မျက်ခုံးပင့်ပြီး စိုက်ကြည့်နေတဲ့ သူ့ရဲ့ကိုကို ။ ဘာလို့မရိုက်တာပါလိမ့် စိတ်ပြောင်းသွားတာ များလား ။ အတွေးတွေရှုပ်နေတုန်း လက်ကောက်ဝတ်ကို လာဆွဲတဲ့ကိုကို ။ ဆွဲပြီးခေါ်လာတာကြောင့် နောက်ကရုန်းကန်ပါလာရပြန်ပါသည် ။

ကျန်ခဲ့တဲ့ ခေးမီမီသွင်နဲ့ ထိပ်ထားပျိုတို့ကတော့ အကြည့်ချင်း စစ်တိုက်လျက် ။ တစ်ယောက်က မနာလိုသည့်အကြည့် တစ်ယောက်ကတော့ အထင်သေးတဲ့အကြည့် ။ ထိပ်ထားပျိုက လှောင်ပြုံးတစ်ချက် နှုတ်ခမ်းထက်ချီလိုက်ပြီး မီအား အဓိပ္ပာယ်တစ်ချို့နှင့် မေးခွန်းထုတ်လာသည် ။

"မင်းက ခေးမီမီသွင်မလား ကိုယ်က တို့ကိုပြောပြထားလို့လေ''

"အဟင်း! ကိုကို့လိုလူက သူနဲ့ပတ်သတ်တာမှန်သမျှ သူ့အဖေကိုတောင် ပြန်သံတော်ဦးတင်တတ်တဲ့သူမှ မဟုတ်တာ လိမ်မယ်ဆိုရင်လဲ ငါ့ကိုယုံအောင်ပြောစမ်းပါ''

"ဟွန်း! ထားပါတော့ ဒါပေမဲ့ တို့အတတ်သိတာကတော့ ကိုယ်ကမင်းလို မိန်းကလေးမျိုးကို မကြိုက်ဘူးဆိုတာဘဲ''

"ငါက သူကြိုက်ဖို့လဲ မလိုပါဘူး ၊ မင်းကဘာလဲတော့ မသိဘူးနော် ငါ့ကို လာတိုက်ခိုက်နေပုံထောက်ရင် ကိုကို့ရဲ့ အပျော်တွဲထက်ပိုချင်နေပုံဘဲ''

"မင်းပိုချင်လဲ သူ့ရဲ့ အပျော်မယားဘဲ ဖြစ်မှာ ၊ ငါ့မယားလာလုပ်ရင်တော့ တစ်မျိုးပေါ့!''

မီက ပျိုရှေ့ကို တိုးသွားလိုက်ပြီး ပျိုလိုမျိုးဘဲ လှောင်ပြုံးကိုချိတ်လို့ ပြောသည့်စကားက ပျိုကို ဒေါသထွက်စေသည် ။ နားနားကပ်ခါ ပြောနေတာကြောင့် မီ၏အသက်ရှူသံလေငွေ့တွေက ပျိုကို ကြက်သည်းထစေတာကြောင့် တွန်းဖယ်ပစ်လိုက်၏ ။

"နင်! နင်! အရှက်မရှိတဲ့ မိန်းမ! "

"အဟက်! အရှက်မရှိ ယောကျာ်းတိုင်းမှာကပ်နေတာ မင်းလေ ငါကလဲစလိုက်တာပါ ငါ့မှာမင်းကြိုက်တဲ့ ပိုက်ဆံတွေ ရှိတယ်ဆိုပေမဲ့ မင်းအထဲကိုဝင်လို့ရမဲ့ပစ္စည်းတော့ မရှိဘူးလေ ၊ ဘာလဲမင်းက တကယ် လုပ်ရမယ်ထင်နေတာလား မင်းလိုချင်လဲရတယ်နော် ပိုက်ဆံရှိရင် အဲ့ပစ္စည်းကို စျေးပေးဝယ်လို့ရတယ် မင်းလိုချင်လား''

"နင်! နင်!''

ထိပ်ထားပျိုက ဒေါသထွက်ရလွန်းလို့ အသားတွေပင် တစက်စက်တုန်နေပြီဖြစ်သည် ။ ပါးရိုက်ဖို့ မြှောက်လိုက်တဲ့လက်အား လမ်းတစ်ဝက်မှာတက် ဆွဲဆောင့်ခံလိုက်ရပြီး သူ(ပျို)ကိုယ်လုံးကလည်း ခေးမီမီသွင်ရဲ့ရင်ခွင်ထဲ ရောက်သွားရ၏ ။

"အဟင်း! မလိုချင်ဘူးသာငြင်းနေတာ မင်းကိုယ်က ငါ့ရင်ခွင်ထဲတောင် ရောက်နေပြီနော် ''

"ငါ့ကို လွှတ်စမ်း!''

"နောက်ဆို သတိထားနေလိုက် ငါ့ရှေ့မှာ အာရုံနောက်စရာတွေ လာမလုပ်နဲ့ စိုင်းတခေတ်မှိုင်းက မင်းအဆင့်လောက်နဲ့ မတန်ဘူး မင်းလိုမိန်းမကလဲ တန်ရာတန်ရာဘဲမှန်း!''

ပြောပြီး ဆောင့်လွှတ်ပေးလိုက်တော့ လဲကျသွားတဲ့ ထိပ်ထားပျို ။ မီလည်း အောက်ကျနေတဲ့ ပစ္စည်းထုပ်တွေကို ကောက်ယူလိုက်ပြီး လဲကျနေတဲ့သူမကိုတစ်ချက်ကြည့်ကာ ထွက်လာခဲ့သည် ။

စိုင်း၏ဆွဲခေါ်ရာနောက် ပါလာတဲ့ မြူမှာတော့ လက်ကောက်ဝတ်လေးနီကာ နာနေချေပြီ ။ ရုန်းကန်ပေမဲ့လည်း သူ့လိုကိုယ်သေးသေးလေးက လူကောင်ထွားထွားလက်ကတော့ ဘယ်လွတ်နိုင်ပါ့မလည်း ။ နောက်ဆုံး စိုင်းက သူ့ကားနားရောက်မှ ကားဘက်သို့ မြူဒေါင်းကို ဆောင့်တွန်းပစ်လိုက်၏ ကောင်လေးမှာ နာလွန်းလို့ မျက်နှာလေးမကောင်းပေ ။

"မင်းငါ့စကားတွေကို စောက်ရေးမလုပ်တာလား! မြူဒေါင်းငယ်!''

"သားဘာလုပ်မိလို့လဲ ကိုကိုရယ်''

"မင်းကို မီနဲ့မပတ်သတ်ဖို့ ငါမပြောထားဘူးလား ဟမ်!''

အအော်ခံလိုက်ရတော့ ဒီရင်မှာ မကောင်းဘူး ကိုကိုရယ် ။ ကိုကိုက မမကိုအဲ့လောက်တောင် သဝန်တိုတာဘဲလားဟင် ။ ခုနကိုကိုဘေးက မိန်းကလေးကရော ကိုကိုနဲ့ ချစ်သူတွေဘဲလားဟင် ကိုကိုရယ် ။ မြူဒေါင်းပြိုင်တာ မဟုတ်ပေမဲ့ ပြိုင်သူတွေက များလှပါတယ် ရှုံးပြီးသားလူက ပိုရှုံးနေရပြီလားကိုကို ။

ကိုကိုဘေးက သူတို့တွေနဲ့ယှဥ်ရင် ကျွန်တော်က မပြိုင်ရသေးဘဲနဲ့တောင် ရှုံးရမဲ့သူပါ ။ ဒါပေမဲ့ဆိုပြီးတောင် မျှော်လင့်ချက်က မရှိဘူးကိုကိုရ ။ တစ်ဆစ်ဆစ်နဲ့ သေလောက်အောင် နာကျင်ရတယ် နာကျင်ရရင်တောင် အနာခံပြီးချစ်မဲ့ ကျွန်တော်ကိုယ် ကျွန်တော်လဲ မုန်းပစ်လိုက်ချင်ပြီ ကိုကို ။

"ဖြေလေ ဘာလို့ ဒီပါးစပ်က ပိတ်နေတာလဲ!''

"မမက ခေါ်လို့ သားလိုက်လာရတာပါကိုကို သားလိုက်ချင်လို့ မဟုတ်ပါဘူး ''

"မင်းကိုငါ ထပ်သတိပေးလိုက်မယ် ဒီနေ့ဒီအချိန်ကစပြီး မင်းနာခံရမှာ ငါ့အမိန့်တွေကိုဘဲ မြူဒေါင်းငယ်!''

ဟင့်အင်း မနာခံပါရစေနဲ့ကိုကိုရယ် ကိုကိုမခြွေခင်ကတည်းက ကြွေကျနေတဲ့ ကျွန်တော့်ကို ကိုကို့ရဲ့အပိုင်လိုမျိုး ထပ်ပြီးမချုပ်နှောင်ထားပါနဲ့တော့ ကျွန်တော် မလွတ်မြောက်နိူင်ဘဲနေလိမ့်မယ် ကိုကို ။

"မင်း နှုတ်ခမ်းနီဆိုးထားတာလား''

"ဟင့်အင်း.....သား မဆိုးတတ်ပါဘူး ကိုကို''

"မင်းနှုတ်ခမ်းတွေက ဘာလို့ရဲနေရတာလဲ စိုစွိတ်ပြီး လှတယ်!''

မဆိုးထားဘူးပြောတဲ့စကားကို မယုံတဲ့စိုင်းက မြူဒေါင်း၏နှုတ်ခမ်းကို လက်မနဲ့ ဖိပွတ်ကြည့်သည် ။ တကယ်ဘဲ ဘာအရောင် ဘာဆိုးဆေးမှ ရှိမနေပေ ။ သာမန်မိန်းကလေးတွေတောင် နှုတ်ခမ်းဆိုးဆေးမပါရင် ခြောက်သွေ့နေတတ်ကြသည် ။ သို့သော် မြူဒေါင်း၏ နှုတ်ခမ်းတွေက စိုစွတ်ကာအရောင်ရင့်နေ၏ ။ စိုင်း ရေဆာလာချေပြီ ။

နှင်းဆီနီလို နီရဲစိုစွတ်နေတဲ့ နှုတ်ခမ်းဖူးတွေကြောင့် စိုင်းအာတွေ ခြောက်လာရသည် ။ ထိုနှုတ်ခမ်းတွေက ကျိန်စာတွေပါလာတာဘဲ ဖြစ်ရမည် ။ စိုင်းထိတွေ့လာချင်မိတဲ့အထိ ပြုစားခံနေရပြီ ။

"အွတ်! ကို ကို ''

ချိုလိုက်တာ ။ မနေနိုင်မထိုင်နိုင် ထိတွေ့လိုက်တဲ့ နှုတ်ခမ်းတွေက ပန်းသီးလိုချိုတယ် ။ ပင်လယ်ရေလိုဘဲ သောက်လေငတ်လေဖြစ်ကာ ပိုလို့စုပ်ယူငုံထွေးမိနေသည် ။

ဘာလို့ စိတ်ရှုပ်စရာကောင်းလောက်အောင် ချိုမြနေရတာလဲ မြူဒေါင်းငယ်!

#TBC

ဆူးနန်းတစ်ယောက် ဂေါက်နေပီထင်တယ် ဗီလိန်တွေကိုပါ ပေးစားမိနေပီ ငါတကယ်ဂေါက်သွားတာများလား ။
ကိုက လက်တန်းချရေးတော့ စိတ်ကူးထဲရရင်ရသလိုကို လျှောက်ထည့်တာပါ စိုင်းကလဲမကြိုက်လို့သာဘဲ အချိုတေထရေးလို့ရေးနဲ့ ငါ့နှယ်နော် သူများတေက လက်တန်းချရေးရင် တစ်ဝက်တစ်ပျက်နဲ့ဇာတ်လမ်းပျောက်တတ်တယ်သာ ပြောကြတာ ငါ့ကျမှ ဘယ်ကနေဘယ်လိုတေ ပေါက်ကရတေစိတ်ကူးမိနေမှန်းမသိပါဘူး ရေးချင်တိုင်းကို ရေးနေတာ ကောင်းပါတယ် အရူးရေးတာဖတ်ပီး စာဖတ်သူတေပါ ရူးကြရတာပေါ့နော့: )

မန့်လေးတွေ ဖတ်ရရင်ပျော်တယ်ယို့


Zawgyi




မီတစ္ေယာက္နားထဲ ဂြင္းစို႔ထားရသည္ ။ ေဆးခန္းမွာကတည္းက ေဆးထိုးလို႔တဲ့ ေဆးထိုးအပ္ေၾကာက္တယ္ဆိုၿပီး ေအာ္ငိုေနတာပင္ ပါးေရာင္တာေလာက္က ထိုးစရာမလိုေပမဲ့ ေဆးခန္းေရာက္မွ အဖ်ားရွိေနတာပါသိရ၏ ဒီေကာင္ေလး အဲ့သေလာက္ကိုႏုလြန္းသည္ ။

ငိုရင္းေအာ္ေနတာကလည္း ေဆးခန္းကိုေခၚမယ္မွန္းသိရင္ မလိုက္ပါဘူးတဲ့ ။ ကားထဲေရာက္တဲ့အထိ အထိုးခံရတဲ့ေနရာေလးကိုပြတ္ၿပီး ငိုေနတာပင္ ။

"မေတာ္ေသးဘူးလားဟာ.....ငါနားေတြညီးလွၿပီ ေဆးေလးထိုးတာကို ငိုစရာလား ''

"အီး! ဟီး! အီး! သားကေဆးေၾကာက္တယ္ဆိုေန အတင္းေဆးထိုးခိုင္းေနတယ္ မမက မေကာင္းဘူး အနိုင့္က်င့္တယ္''

"ကဲပါ.....ဒီလိုလုပ္ ေရခဲမုန့္ဝယ္ေကြၽးမယ္ေလ မငိုနဲ႕ေတာ့ေနာ္''

"တကယ္လား.....''

မီတကယ္လို႔ေျပာမိမလိုျဖစ္ခါမွ သူဖ်ားေနတာကိုသတိျပန္ရ၏ ။ ေကာင္ေလးၾကည့္ေတာ့လည္း တကယ္ေမွ်ာ္လင့္ေနပုံေပ ဒါေပမဲ့ မတတ္နိုင္ပါ ။

"မရဘူး တျခားဟာစား''

"အဟင့္! အီး! ေျပာေတာ့ဝယ္ေကြၽးမွာဆို''

"မင္းကဖ်ားေနတာေလ ဘာလဲေဆးထပ္ထိုးခ်င္ေသးလို႔လား''

"..........''

ခ်က္ခ်င္းတိတ္က်သြားတဲ့ေကာင္ေလး ေဆးထိုးအပ္ေတာ့ အေတာ္ေၾကာက္ပုံရသည္ ။ မီတို႔ကလဲေျခာက္လို႔ရရင္ပိုလို႔ ၿဖဲေျခာက္ခ်င္တာမ်ိဳးပင္ ။ ဒါေပမဲ့ သနားလို႔အလြတ္ေပးလိုက္ပါ့မယ္ ။

"တစ္ျခားတည့္တဲ့ဟာစား ဘာစားမလဲ''

"မုန့္ဟင္းခါးစားခ်င္တယ္ အေဒၚႀကီးတုံဆိုင္က မုန့္ဟင္းခါးက အရမ္းေကာင္းတယ္ မစားရတာၾကာလို႔ဝယ္ေကြၽးပါလားဟင္''

"ရတယ္ေလ ဝယ္ေကြၽးမယ္ ဘယ္နားကဆိုင္လဲေျပာ''

ေကာင္ေလးေျပာတဲ့လမ္းအတိုင္း ကားေမာင္းပို႔ေတာ့ လမ္းေဘးကမုန့္ဟင္းခါးဆိုင္ေလးမို႔ မီႏွေခါင္းရႈံ႕မိသည္ ။ မီကဒီလိုမ်ိဳးေတြ မစားတတ္ပါ လမ္းေဘးဆိုင္ဆိုေတာ့ သန့္ရွင္းမႈနည္းတယ္ထင္မိတာေၾကာင့္ျဖစ္သလို ဆိုင္ေကာင္းႀကီးထဲမွာဘဲ စားခဲ့ဖူးတာေၾကာင့္လည္း ျဖစ္သည္ ။

"ဒီဆိုင္က သန့္ေရာသန့္ရဲ႕လား''

"သန့္ပါတယ္ မမရယ္ သားဒီမွာအလုပ္လုပ္ဖူးတယ္ ေဒၚႀကီးတုံက သေဘာလဲ ေကာင္းတယ္ သိလား ''

"ဟမ္! အလုပ္လုပ္တယ္ ဟုတ္လား ''

"ဟုတ္.....''

"ဟယ္....ျမဴေလးပါလား မလာတာေတာင္ၾကာၿပီကြယ္ ဟိုတစ္ခါသားတို႔သားအမိ ဟိုအေကာင္နဲ႕ရန္ျဖစ္ၿပီး ဆင္းသြားဆိုကတည္းက က်ဳပ္ကစိတ္ေတြပူေနတာ''

"ေမေမတို႔က ကြာရွင္းလိုက္ၿပီ ေဒၚတုံရယ္ ၊ ေဖေဖေရာဟင္ အရက္ေတြေသာက္တုန္းဘဲလား''

"ေသာက္တာေပါ့ေအ မင္းတို႔အိမ္ေတာ့ ရွိသမွ်အကုန္ေျပာင္ေနၿပီသိလား''

"ေဖေဖကို ေဒၚတုံၾကည့္ထားေပးပါအုံးေနာ္''

"အမေလး ၾကည့္ခ်င္ပါဘူးေတာ္ ဒင္းလိုေကာင္မ်ိဳးက လူစိတ္ရွိတာ မဟုတ္ဘူး ''

"အင္းပါ ေဒၚတုံရယ္ သားက စိုးရိမ္လို႔ပါ''

"ဒင္းအေၾကာင္း ေခါင္းထဲကိုထည့္မေနစမ္းပါနဲ႕ သားရယ္ မင္းတို႔သားအမိအဆင္ေျပရဲ႕လားသာ ေျပာစမ္းပါေအ''

"ေျပပါတယ္ ေဒၚႀကီးရ ''

"ေအးပါ ေအးပါ နင္တို႔ေျပရင္ငါေက်နပ္ပါၿပီ အခုေရာဘာလာလုပ္တာလဲ က်ဳပ္ဆိုင္ကို မုန့္လာစားတာလား''

"ဟုတ္ မုန့္ဟင္းခါးႏွစ္ပြဲေပး ေဒၚႀကီး ေကာင္းေကာင္းေလးေနာ္''

"ဟုတ္ၿပီ ဟုတ္ၿပီ''

စကားေျပာပြဲၿပီးသြားေတာ့ ေဒၚႀကီးတုံက မုန့္ဟင္းခါး ႏွစ္ပြဲျပင္လာေပးသည္ ။ မမက မစားခ်င္ပုံရေပမဲ့ တစ္ဇြန္းျမည္းၾကည့္ေတာ့ႀကိဳက္ပုံရသည္ ။ ျမဴေဒါင္းလည္း မုန့္ဟင္းခါး ႀကိဳက္သည္မို႔ ေကာင္းေကာင္းႀကီး စားျဖစ္ခဲ့ပါ၏ ။

စားၿပီးသြားၾကေတာ့ ပိုက္ဆံ ရွင္းၿပီး ဆိုင္မွထြက္ခဲ့ရသည္ ။ ဒါေတာင္ ဆိုင္ရွင္အေဒၚႀကီးက ပိုက္ဆံမယူဘူးလုပ္ေနလို႔ အတင္ထိုးေပးခဲ့ရေသးသည္ ။ မီက အိမ္တန္းမျပန္ဘဲ ေစ်းဝယ္ထြက္ေနျပန္တာေၾကာင့္ ျမဴေဒါင္းပါလာရျပန္သည္ ။

ဝယ္သမွ် ပစၥည္းေတြကလည္း သူမထက္ျမဴေဒါင္းဖို႔က ပိုမ်ားလို႔ေန၏ ။ ျငင္းေပမဲ့လည္း ဇြတ္ကို ဝယ္ေပးေနတာပင္ ။ ျမဴေဒါင္းလက္ထဲမွာလည္း အထုပ္ေတြနဲ႕ ျပည့္ေနၿပီျဖစ္၏ ။ မမက လက္ကိုင္အိတ္ဝယ္ဖို႔ဆိုကာ အိတ္ဆိုင္ထဲ ဝင္ခဲ့ျပန္ေတာ့ ထိုဆိုင္ထဲမွ ထြက္လာေသာ ကိုကို ။ သူ႕ေဘးမွာလဲ ေဆးေရာင္စုံမ်က္ႏွာမွာ လွေအာင္ျခယ္ထားသည့္ အမ်ိဳးသမီးတစ္ဦးပါ ရွိေနသည္ ။ ထိုအမ်ိဳးသမီးက ကိုကို၏လက္ကိုဆုပ္ကိုင္ထားၿပီး ပုခုံးေပၚကို ေခါင္းမွီထားတာပင္ ။

ျမဴေဒါင္းရင္ထဲမွာ ဒိန္းကနဲ ကိုကိုမွာ ခ်စ္သူရွိေနခဲ့တာလား ျမဴေဒါင္းက ကိုကိုနဲ႕ဘာမွပတ္သတ္မႈမရွိေပမဲ့ မမနဲ႕ေတာ့ မိဘခ်င္းသေဘာတူထားၾကတာေလ ။ ေတြးရင္း ရင္ဘတ္ထဲက ဆစ္ကနဲနာက်င္သြား၏ ။

ကိုကိုက သူတို႔ကိုျမင္ေတာ့ မ်က္ေမွာင္ေတြက်ဳံ႕လာသည္ ။ အထူးသျဖင့္ ျမဴေဒါင္းကိုၾကည့္ၿပီး အလိုက်ပဳံမရေပ ။ ျမဴေဒါင္းေတြးလိုက္မိသည္ ။ ကိုကိုက သူ႕ကိုမမအနားမကပ္ခိုင္းတာ မမကို သဝန္တိုလို႔မ်ားလားလို႔ေပ ။ စိတ္ခ်ပါကိုကို ကြၽန္ေတာ္က ကိုကို႔ရဲ႕ခ်စ္သူကို စိတ္နဲ႕ေတာင္မပစ္မွားဖူးခဲ့ပါဘူး ကိုကို႔ကိုေတာ့ ခြင့္လႊတ္ေပးပါ ကိုကို ။

"မင္းတို႔က ဒီကိုဘာလာလုပ္ၾကတာလဲ''

"ေစ်းဝယ္လာတာေလ ကိုကိုမျမင္ဘူးလား''

မမ၏ျပန္ခနဲ႕သံအား ကိုကို၏မ်က္ေမွာင္ေတြကပိုလို႔က်ဳံ႕သြားေစသည္ ။ သို႔ေသာ္ကိုကိုက သူ႕ပါးကိုဘဲ ေသခ်ာစိုက္ၾကည့္ေနတာပင္ ။ ျမဴေဒါင္းမွာ ကိုယ္ေလး မသိမသာက်ဳံ႕မိျပန္သည္ ။ ကိုကိုက မမနားကပ္လို႔ သူ႕ကိုထပ္ရိုက္ခ်င္ေနတာမ်ားလား ။

ကိုကိုက မေျပာမဆိုနဲ႕ ေရွ႕တိုးလာကာ သူ႕အနားကပ္လာေနၿပီမို႔ ျမဴေဒါင္းပိုေၾကာက္ကာ ဒူးေတြတုန္ခ်င္လာသည္ ။ ေဘာင္းဘီ အိတ္ကပ္ထဲက လက္ကိုျပန္ထုတ္လိုက္တဲ့ ကိုကိုေၾကာင့္ ျမဴေဒါင္းထေအာ္မိေတာ့၏ ။

"အား.....ကိုကို သားေၾကာက္ပါၿပီ သားေနာက္ထပ္မလုပ္ေတာ့ပါဘူး!''

စိုင္းသူ႕ေရွ႕မွာ မ်က္စိမွိတ္ၿပီး ကုန္းေအာ္ေနတဲ့ ေကာင္ေလးေၾကာင့္ ရီရခက္၊ငိုရခက္နဲ႕ေပ ။ အဟက္! လုပ္ခ်င္တာလုပ္ၿပီးမွ ေၾကာက္ျပေနလိုက္တာကြာ ။ ထပ္ရိုက္ပစ္ခ်င္စရာေလး ။ အျပစ္ေတာ့ထပ္ေပးထားမွပါဘဲ ။

ရိုက္ခံရေတာ့မယ္ထင္လို႔ မ်က္လုံးကို လက္ေတြနဲ႕အတင္းအုပ္ၿပီး ေအာ္ေနေပမဲ့ ရိုက္ခ်က္ကေရာက္မလာခဲ့ ။ အုပ္ထားတဲ့လက္ကေလးေတြကို ဖယ္ၾကည့္ေတာ့ မ်က္ခုံးပင့္ၿပီး စိုက္ၾကည့္ေနတဲ့ သူ႕ရဲ႕ကိုကို ။ ဘာလို႔မရိုက္တာပါလိမ့္ စိတ္ေျပာင္းသြားတာ မ်ားလား ။ အေတြးေတြရႈပ္ေနတုန္း လက္ေကာက္ဝတ္ကို လာဆြဲတဲ့ကိုကို ။ ဆြဲၿပီးေခၚလာတာေၾကာင့္ ေနာက္က႐ုန္းကန္ပါလာရျပန္ပါသည္ ။

က်န္ခဲ့တဲ့ ေခးမီမီသြင္နဲ႕ ထိပ္ထားပ်ိဳတို႔ကေတာ့ အၾကည့္ခ်င္း စစ္တိုက္လ်က္ ။ တစ္ေယာက္က မနာလိုသည့္အၾကည့္ တစ္ေယာက္ကေတာ့ အထင္ေသးတဲ့အၾကည့္ ။ ထိပ္ထားပ်ိဳက ေလွာင္ၿပဳံးတစ္ခ်က္ ႏႈတ္ခမ္းထက္ခ်ီလိုက္ၿပီး မီအား အဓိပၸာယ္တစ္ခ်ိဳ႕ႏွင့္ ေမးခြန္းထုတ္လာသည္ ။

"မင္းက ေခးမီမီသြင္မလား ကိုယ္က တို႔ကိုေျပာျပထားလို႔ေလ''

"အဟင္း! ကိုကို႔လိုလူက သူနဲ႕ပတ္သတ္တာမွန္သမွ် သူ႕အေဖကိုေတာင္ ျပန္သံေတာ္ဦးတင္တတ္တဲ့သူမွ မဟုတ္တာ လိမ္မယ္ဆိုရင္လဲ ငါ့ကိုယုံေအာင္ေျပာစမ္းပါ''

"ဟြန္း! ထားပါေတာ့ ဒါေပမဲ့ တို႔အတတ္သိတာကေတာ့ ကိုယ္ကမင္းလို မိန္းကေလးမ်ိဳးကို မႀကိဳက္ဘူးဆိုတာဘဲ''

"ငါက သူႀကိဳက္ဖို႔လဲ မလိုပါဘူး ၊ မင္းကဘာလဲေတာ့ မသိဘူးေနာ္ ငါ့ကို လာတိုက္ခိုက္ေနပုံေထာက္ရင္ ကိုကို႔ရဲ႕ အေပ်ာ္တြဲထက္ပိုခ်င္ေနပုံဘဲ''

"မင္းပိုခ်င္လဲ သူ႕ရဲ႕ အေပ်ာ္မယားဘဲ ျဖစ္မွာ ၊ ငါ့မယားလာလုပ္ရင္ေတာ့ တစ္မ်ိဳးေပါ့!''

မီက ပ်ိဳေရွ႕ကို တိုးသြားလိုက္ၿပီး ပ်ိဳလိုမ်ိဳးဘဲ ေလွာင္ၿပဳံးကိုခ်ိတ္လို႔ ေျပာသည့္စကားက ပ်ိဳကို ေဒါသထြက္ေစသည္ ။ နားနားကပ္ခါ ေျပာေနတာေၾကာင့္ မီ၏အသက္ရႉသံေလေငြ႕ေတြက ပ်ိဳကို ၾကက္သည္းထေစတာေၾကာင့္ တြန္းဖယ္ပစ္လိုက္၏ ။

"နင္! နင္! အရွက္မရွိတဲ့ မိန္းမ! "

"အဟက္! အရွက္မရွိ ေယာက်ာ္းတိုင္းမွာကပ္ေနတာ မင္းေလ ငါကလဲစလိုက္တာပါ ငါ့မွာမင္းႀကိဳက္တဲ့ ပိုက္ဆံေတြ ရွိတယ္ဆိုေပမဲ့ မင္းအထဲကိုဝင္လို႔ရမဲ့ပစၥည္းေတာ့ မရွိဘူးေလ ၊ ဘာလဲမင္းက တကယ္ လုပ္ရမယ္ထင္ေနတာလား မင္းလိုခ်င္လဲရတယ္ေနာ္ ပိုက္ဆံရွိရင္ အဲ့ပစၥည္းကို ေစ်းေပးဝယ္လို႔ရတယ္ မင္းလိုခ်င္လား''

"နင္! နင္!''

ထိပ္ထားပ်ိဳက ေဒါသထြက္ရလြန္းလို႔ အသားေတြပင္ တစက္စက္တုန္ေနၿပီျဖစ္သည္ ။ ပါးရိုက္ဖို႔ ျမႇောက္လိုက္တဲ့လက္အား လမ္းတစ္ဝက္မွာတက္ ဆြဲေဆာင့္ခံလိုက္ရၿပီး သူ(ပ်ိဳ)ကိုယ္လုံးကလည္း ေခးမီမီသြင္ရဲ႕ရင္ခြင္ထဲ ေရာက္သြားရ၏ ။

"အဟင္း! မလိုခ်င္ဘူးသာျငင္းေနတာ မင္းကိုယ္က ငါ့ရင္ခြင္ထဲေတာင္ ေရာက္ေနၿပီေနာ္ ''

"ငါ့ကို လႊတ္စမ္း!''

"ေနာက္ဆို သတိထားေနလိုက္ ငါ့ေရွ႕မွာ အာ႐ုံေနာက္စရာေတြ လာမလုပ္နဲ႕ စိုင္းတေခတ္မွိုင္းက မင္းအဆင့္ေလာက္နဲ႕ မတန္ဘူး မင္းလိုမိန္းမကလဲ တန္ရာတန္ရာဘဲမွန္း!''

ေျပာၿပီး ေဆာင့္လႊတ္ေပးလိုက္ေတာ့ လဲက်သြားတဲ့ ထိပ္ထားပ်ိဳ ။ မီလည္း ေအာက္က်ေနတဲ့ ပစၥည္းထုပ္ေတြကို ေကာက္ယူလိုက္ၿပီး လဲက်ေနတဲ့သူမကိုတစ္ခ်က္ၾကည့္ကာ ထြက္လာခဲ့သည္ ။

စိုင္း၏ဆြဲေခၚရာေနာက္ ပါလာတဲ့ ျမဴမွာေတာ့ လက္ေကာက္ဝတ္ေလးနီကာ နာေနေခ်ၿပီ ။ ႐ုန္းကန္ေပမဲ့လည္း သူ႕လိုကိုယ္ေသးေသးေလးက လူေကာင္ထြားထြားလက္ကေတာ့ ဘယ္လြတ္နိုင္ပါ့မလည္း ။ ေနာက္ဆုံး စိုင္းက သူ႕ကားနားေရာက္မွ ကားဘက္သို႔ ျမဴေဒါင္းကို ေဆာင့္တြန္းပစ္လိုက္၏ ေကာင္ေလးမွာ နာလြန္းလို႔ မ်က္ႏွာေလးမေကာင္းေပ ။

"မင္းငါ့စကားေတြကို ေစာက္ေရးမလုပ္တာလား! ျမဴေဒါင္းငယ္!''

"သားဘာလုပ္မိလို႔လဲ ကိုကိုရယ္''

"မင္းကို မီနဲ႕မပတ္သတ္ဖို႔ ငါမေျပာထားဘူးလား ဟမ္!''

အေအာ္ခံလိုက္ရေတာ့ ဒီရင္မွာ မေကာင္းဘူး ကိုကိုရယ္ ။ ကိုကိုက မမကိုအဲ့ေလာက္ေတာင္ သဝန္တိုတာဘဲလားဟင္ ။ ခုနကိုကိုေဘးက မိန္းကေလးကေရာ ကိုကိုနဲ႕ ခ်စ္သူေတြဘဲလားဟင္ ကိုကိုရယ္ ။ ျမဴေဒါင္းၿပိဳင္တာ မဟုတ္ေပမဲ့ ၿပိဳင္သူေတြက မ်ားလွပါတယ္ ရႈံးၿပီးသားလူက ပိုရႈံးေနရၿပီလားကိုကို ။

ကိုကိုေဘးက သူတို႔ေတြနဲ႕ယွဥ္ရင္ ကြၽန္ေတာ္က မၿပိဳင္ရေသးဘဲနဲ႕ေတာင္ ရႈံးရမဲ့သူပါ ။ ဒါေပမဲ့ဆိုၿပီးေတာင္ ေမွ်ာ္လင့္ခ်က္က မရွိဘူးကိုကိုရ ။ တစ္ဆစ္ဆစ္နဲ႕ ေသေလာက္ေအာင္ နာက်င္ရတယ္ နာက်င္ရရင္ေတာင္ အနာခံၿပီးခ်စ္မဲ့ ကြၽန္ေတာ္ကိုယ္ ကြၽန္ေတာ္လဲ မုန္းပစ္လိုက္ခ်င္ၿပီ ကိုကို ။

"ေျဖေလ ဘာလို႔ ဒီပါးစပ္က ပိတ္ေနတာလဲ!''

"မမက ေခၚလို႔ သားလိုက္လာရတာပါကိုကို သားလိုက္ခ်င္လို႔ မဟုတ္ပါဘူး ''

"မင္းကိုငါ ထပ္သတိေပးလိုက္မယ္ ဒီေန႕ဒီအခ်ိန္ကစၿပီး မင္းနာခံရမွာ ငါ့အမိန့္ေတြကိုဘဲ ျမဴေဒါင္းငယ္!''

ဟင့္အင္း မနာခံပါရေစနဲ႕ကိုကိုရယ္ ကိုကိုမေႁခြခင္ကတည္းက ေႂကြက်ေနတဲ့ ကြၽန္ေတာ့္ကို ကိုကို႔ရဲ႕အပိုင္လိုမ်ိဳး ထပ္ၿပီးမခ်ဳပ္ႏွောင္ထားပါနဲ႕ေတာ့ ကြၽန္ေတာ္ မလြတ္ေျမာက္နိူင္ဘဲေနလိမ့္မယ္ ကိုကို ။

"မင္း ႏႈတ္ခမ္းနီဆိုးထားတာလား''

"ဟင့္အင္း.....သား မဆိုးတတ္ပါဘူး ကိုကို''

"မင္းႏႈတ္ခမ္းေတြက ဘာလို႔ရဲေနရတာလဲ စိုစြိတ္ၿပီး လွတယ္!''

မဆိုးထားဘူးေျပာတဲ့စကားကို မယုံတဲ့စိုင္းက ျမဴေဒါင္း၏ႏႈတ္ခမ္းကို လက္မနဲ႕ ဖိပြတ္ၾကည့္သည္ ။ တကယ္ဘဲ ဘာအေရာင္ ဘာဆိုးေဆးမွ ရွိမေနေပ ။ သာမန္မိန္းကေလးေတြေတာင္ ႏႈတ္ခမ္းဆိုးေဆးမပါရင္ ေျခာက္ေသြ႕ေနတတ္ၾကသည္ ။ သို႔ေသာ္ ျမဴေဒါင္း၏ ႏႈတ္ခမ္းေတြက စိုစြတ္ကာအေရာင္ရင့္ေန၏ ။ စိုင္း ေရဆာလာေခ်ၿပီ ။

ႏွင္းဆီနီလို နီရဲစိုစြတ္ေနတဲ့ ႏႈတ္ခမ္းဖူးေတြေၾကာင့္ စိုင္းအာေတြ ေျခာက္လာရသည္ ။ ထိုႏႈတ္ခမ္းေတြက က်ိန္စာေတြပါလာတာဘဲ ျဖစ္ရမည္ ။ စိုင္းထိေတြ႕လာခ်င္မိတဲ့အထိ ျပဳစားခံေနရၿပီ ။

"အြတ္! ကို ကို ''

ခ်ိဳလိုက္တာ ။ မေနနိုင္မထိုင္နိုင္ ထိေတြ႕လိုက္တဲ့ ႏႈတ္ခမ္းေတြက ပန္းသီးလိုခ်ိဳတယ္ ။ ပင္လယ္ေရလိုဘဲ ေသာက္ေလငတ္ေလျဖစ္ကာ ပိုလို႔စုပ္ယူငုံေထြးမိေနသည္ ။

ဘာလို႔ စိတ္ရႈပ္စရာေကာင္းေလာက္ေအာင္ ခ်ိဳျမေနရတာလဲ ျမဴေဒါင္းငယ္!

#TBC

ဆူးနန္းတစ္ေယာက္ ေဂါက္ေနပီထင္တယ္ ဗီလိန္ေတြကိုပါ ေပးစားမိေနပီ ငါတကယ္ေဂါက္သြားတာမ်ားလား ။
ကိုက လက္တန္းခ်ေရးေတာ့ စိတ္ကူးထဲရရင္ရသလိုကို ေလွ်ာက္ထည့္တာပါ စိုင္းကလဲမႀကိဳက္လို႔သာဘဲ အခ်ိဳေတထေရးလို႔ေရးနဲ႕ ငါ့ႏွယ္ေနာ္ သူမ်ားေတက လက္တန္းခ်ေရးရင္ တစ္ဝက္တစ္ပ်က္နဲ႕ဇာတ္လမ္းေပ်ာက္တတ္တယ္သာ ေျပာၾကတာ ငါ့က်မွ ဘယ္ကေနဘယ္လိုေတ ေပါက္ကရေတစိတ္ကူးမိေနမွန္းမသိပါဘူး ေရးခ်င္တိုင္းကို ေရးေနတာ ေကာင္းပါတယ္ အ႐ူးေရးတာဖတ္ပီး စာဖတ္သူေတပါ ႐ူးၾကရတာေပါ့ေနာ့: )

မန့္ေလးေတြ ဖတ္ရရင္ေပ်ာ္တယ္ယို႔








Continue Reading

You'll Also Like

671K 7.1K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
395K 9.9K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
938K 49.7K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...