Escape: Back Of The Red Door

By rkivexella24

17K 2.4K 180

The red door means protection. What is it protected from? They forbid to open the red door. Why do they for... More

Synopsis
Episode 1. Started In July
Episode 2. Strawberries
Episode 3. Candy
Episode 4: Let Him Burn
Episode 5. Behind Those Angel Eyes
Episode 6. Liar
Episode 7: Wake-Up !
Episode 8: Evil Spirit
Episode 9: Memories Bring Back
Episode 10: Killer & Little Lane
Episode 11: Red Door
Episope 12: Adryan City
Episode 13: Something Between Two Red Head
Episode 14: Someone Who Have Green Eyes
Episode 15: It's Comming
Episode 17: The Secret Of Adryan
Episode 18: Dead To Live
Episode 19. Accident
Episode 20: Run!
Episode 21: He told me that he was loved me
Episode 22: Nightmare
Episode 23: Ending
A/N
Vol.2 Escape: Beyond The Death

Episode 16: Sunya

517 89 6
By rkivexella24

Unicode

" ငါ...ငါတို့နှစ်ယောက်တည်း သီးသန့်ပြောချင်တယ် " လိန်းသည် ထယ်ယောင်းဘေးမှ ရော်ဘက်ခ်အား တစ်ချက်ကြည့်လိုက်ပြီးနောက် မဝံ့မရဲဆိုသည်။

" အင်း....ရတယ်လေ တစ်နေရာသွားရအောင် "

" မရပါဘူး "

ထယ်ယောင်းသည် ကုတင်ပေါ်မှ ဆင်းရန်ပြင်နေသည့်အခါ ဂျောင်ကု၏ကန့်ကွက်သံနှင့်အတူ သန်မာတဲ့လက်တစ်စုံသည် သူ၏ ပုခုံးကို လာဖိချလေသည်။ တစ်ပြိုင်ထဲမှာပဲ နောက်ထပ်လက်တစ်စုံသည် ထိုလက်အား ပြန်လည်ဆုပ်ကိုင်လာ၍ " ကျေးဇူးပြုပြီး လက်ကိုဆင်ခြင်ပေးပါ" ဟုပြောလာသည်။

ထယ်ယောင်း သူရှေ့မှ လူနှစ်ယောက်ကို အသာချောင်းကြည့်သည်။ နှစ်ယောက်လုံးသည့် အကြည့်ချင်းစစ်တိုက်နေကြသည်။ ဂျောင်ကုသည် သူ၏ ပုခုံးကို ကိုင်ထား၍ ရော်ဘက်ခ်သည် ဂျောင်ကုလက်ကောက်ဝတ်အား ပြန်လည်ဆုပ်ကိုင်ထားသည်။ အခြေအနေမှာ ကသိကအောက်ဖြစ်ချင်စရာပင်။

" ဖယ်ကြစမ်းပါ xီးဖြစ်နေကြတာလား ကလေးကလားနဲ့ " ထယ်ယောင်းသည် စိတ်တိုတိုနှင့် ထဆဲကာ ရုန်းလိုက်သည်။ ရုန်းလိုက်သည့်အချိန်များသွားကာ ထယ်ယောင်း၏ တံတောင်နှင့် ကုတင်ပေါ်က မနက်စာစားပွဲတို့ တိုက်မိသည့်အခါ ပူပူနွေးနွေးမနက်စာဝိုင်းလေးသည် ပလုံသွားတော့သည်။ အစားအစာညီမျှခြင်း ပျော်ရွှင်မှုဖြစ်သည့် ထယ်ယောင်းအတွက်တော့ ကမ္ဘာပျက်သွားသလိုပင်။

ထယ်ယောင်းသည် သူရှေ့မှ ကိုက်နေကြသည့်လူနှစ်ယောက်အား ခပ်စိမ်းစိမ်းစိုက်ကြည့်လိုက်သည်။ ထိုအခါမှ ရော်ဘက်ခ်နှင့် ဂျောင်ကုသည် လူချင်းချဲသွားကြတော့သည်။

ထို့နောက် ဂျောင်ကုသည် မကျေမနပ်လေသံဖြင့် နှာမှုတ်ကာစကားပြောလာသည်။

" မင်းတို့ဘာအကြောင်းပဲ ပြောပြောငါ့ကို လစ်လျူရှုလို့ရတာသေချာလို့လား ဒီမြို့မှာ ငါက အင်အားရော အာဏာရော အကြီးဆုံးနော် "

" အဲ့တော့xီးလုပ်ရမှာလား ဟမ် " သူရဲ့ မနက်စာလေးဖျတ်ဆီးခံရလိုက်သည့်အတွက် ထယ်ယောင်းသည် ဒေါသအကြီးအကျယ်ကို ထွက်နေလျက်ရှိသည်။ အား!!!!ငါ ဒီကောင့်ကို ရိုက်မှရမယ်။ သူဘာသာ အကောင်ပဲကြီးကြီး ဘာပဲကြီးကြီး သောက်ဂရုမစိုက်ဘူးဟာ!!!

စိတ်ထဲတွင် အော်ဟစ်သောင်းချန်းနေသလောက် လက်ကလည်း အနားရှိ ပန်းကန်လုံးတစ်လုံးကိုယူကာ ကောက်ပေါက်ရန် လက်ရွယ်လိုက်သည်။

" Vante တော်ပြီ...တော်ပြီနော် ဟုတ်ပြီလား...ငါတို့တွေ အေးဆေးပြောကြမယ် အေးဆေးပေါ့ " ထယ်ယောင်း၏ ပုံမှန်မဟုတ်သော စိတ်အခြေအနေကိုသိသည့် လိန်းသည့် ထယ်ယောင်းလက်ထဲမှ ပန်းကန်လုံးအား ဆွဲလုရင်း ဖြောင်းဖျလာသည်။ ထိုအခါမှ ထယ်ယောင်း၏ ဒေါသတို့သည် ပိုမိုတောက်လောင်လာသည်။

အကြောင်းအရင်းကြီးကြီးမားမားမရှိပါလဲ သူ့ရှေ့က လိန်းကို တစ်စစီ ဆုတ်ဖြဲမိချင်သည်။ ဝုန်းဒိုင်းကြဲကာ သောင်းကျန်ပစ်ချင်မိသည်။ သို့သော်လည်း အဆုံးမှာတော့ လည်ချောင်းတစ်ခုလုံးအောင့်လာသည်အထိ ဒေါသကို မြိုသိပ်ထားလိုက်သည်။ လက်သီးကို ကျစ်ကျစ်ဆုပ်ထားသည်မှာ အကြောများပင် ထောင်လို့ တုန်ရီနေသည်။

ဂျောင်ကုသည် မူမမှန်သည့် ထယ်ယောင်းကို တစ်ချက်ကြည့်ပြီးနောက် အပြင်သို့ ခနထွက်သွားသည်။ ထို့နောက် အတွင်းရေးမှူးနဲ့ ဖုန်းခနပြောပြီး အထဲသို့ ပြန်ဝင်လာသည်။ ဂျောင်ကုပြန်ဝင်လာသည့်အခါ အခန်းထဲရှိ လူတိုင်းသည် သူ့ကို ဝိုင်းကြည့်လာသည်။ သူ့ကိုစောင့်ဆိုင်းနေသလိုပင်။

" နင်တို့ ဟောကိန်းအကြောင်းပဲ ပြောမှာမလား...ရော်ဘက်ခ်ကိုလည်း နားထောင်ခိုင်းလိုက်။ အဲ့မေဘေးလည်း သိသင့်တယ်။ ဒါမှ သူ့လုပ်ရပ်တွေကို ရပ်တန်းကရပ်မှာ..."

ထယ်ယောင်းထံမှ ရုတ်တရတ်ကြီး အဆဲခံလိုက်ရသည့်အတွက် ရော်ဘက်ခ်သည် နာကျင်စွာနဲ့ ပြုံးလာသည်။ ဘာလို့မြားဦးကငါ့ဘက်ပဲလဲ ဟမ်!

" ဒါပေမယ့် သူက..." လိန်းသည် တစ်ခုခုပြောရန် ပြင်နေသောလည်း ထယ်ယောင်းသည် ဂရုမစိုက်တော့ဘဲ စာအုပ်မည်းမည်းကြီး တစ်ခုကို ထုတ်ပေးလာသည်။

" နင် Witches' alphabetတွေ နားလည်တယ်မလား " ထယ်ယောင်းသည် စာမျက်နှာ တစ်ခုကို လှန်ရင်းဆက်ပြောလာ၏။

" ဒီမှာ ရေးထားတာ ငါနည်းနည်းတော့နားလည်တယ် ဒါပေမယ့် အကုန်လုံးကျတော့ ရှုတ်သွားလို့...ဒီမှာကြည့် ဒီစာလုံးတွေက ဟောကိန်းမလား..." ထယ်ယောင်းသည် တစ်နေရာသို့ လက်ထောက်ပြလိုက်သည့်အခါ အားလုံးသည် ဝိုင်းအုံကြည့်လာသည်။

" B R I D E . . . "

တစ်လုံးချင်းစီ လက်ထောက်ကာ ဖတ်ပြသွားသည့် လိန်း၏ အသံအဆုံးမှာ ထယ်ယောင်းထအော်မိသည်။

" ဘာလို့လဲ မဖြစ်နိုင်တာ....သတို့သမီး ဆက်သရမှာတော့မဟုတ်ဘူးမလား "

" မဟုတ်ဘူး ဒီမှာ ရေးထားတဲ့အရဆို သူကိုယ်တိုင်ရွေးချယ်မှာ "

" သူကဘယ်သူလဲ " ရော်ဘက်ခ် မေးလိုက်သည်။

" မသိဘူး " ပြိုင်တူထွက်လာသည့် ထယ်ယောင်းနှင့် လိန်း၏ အသံနောက်မှာ ဂျောင်ကု၏ အဖြေစကားလုံးသည် ကပ်ပါလာသည်။

" sunya. . . ငါသိသလောက်ကတော့ အဲ့အရာက Sunyaလို့ခေါ်တယ်။ ရှင်းလင်းသူ ဒါမှမဟုတ် အမှောင်ထုလို့သိကြတယ် "

" ဟောကိန်းထဲမှာက ဘယ်လိုပြောထားတာမလို့လဲ " ရော်ဘက်ခ်သည် ထပ်မံမေးခွန်းထုတ်လာသည်။

" ကမ္ဘာကြီး အော်ငိုလို့၊ သေသူများ ရှင်သည့်ခါ၊ ရှင်သူများ သေသည့်ခါ၊ ကယ်တင်ရှင် အသူ့နတ်ဘုရားက၊ တံခါးနီနီ ဓားနီနီ၊ ပျိုစင်ကညာ ပန်းနီနီဆတ်သလို့၊ ငြိမ်းချမ်းစေသတည်း" လိန်းသည် ထိုစာစုကို အလွတ်ပင်ရနေပြီဖြစ်သည်။ အကြောင်းမှာ Ozzy ရှိစဉ်က ထိုအကြောင်းကို ခနခနပြောတတ်သောကြောင့်ပင်။ ထို့နောက် လိန်းသည် ထယ်ယောင်းကို ဆက်ပြောသည်။

" ငါရဲ့ Book of Shadow ရော နင်ငှားသွားတယ်မလား "

" အင်း " ထယ်ယောင်း အင်းဟုသာ အသံပြု၍ တောရှာ တောင်ရှာ လိုက်ရှာတော့သည်။

" ဘာစာအုပ်လဲ မနက်က မင်းကိုင်ပေါက်လိုက်တဲ့စာအုပ်လား "

ရော်ဘက်ခ်ကမေးလာသည့်အခါ ထယ်ယောင်းသည် ခေါင်းတဆတ်ဆတ်ငြိမ့်လာသည်။

" ဟိုမှာလေ...မင်းပြန်ကောက်သိမ်းလို့လား " ရော်ဘက်ခ်ညွှန်ပြလိုက်သည့် ထောင့်နေရာ၌ စာအုပ်လေးသည် နေရာမရွေ့ရှိနေသည်။ တစ်ချိန်တည်းမှာပဲ လိန်းရဲ့ စကားသံတို့က သူ့နားထဲကြားယောင်လာမိသည်။

'ငါက ငါ့စာအုပ်လေးကို ပိုးမွေးသလိုဥထားတာနော်။ မရိုမသေလုပ်ကြည့် နင်နဲ့ငါနဲ့ သေခန်းပြတ်ပဲ Vante'

ထယ်ယောင်းသည် လိန်းကို သွားအဖြဲသားလေးနှင့် ဟဲဟဲဆိုပြီး ရယ်ပြလိုက်၏။ မျက်လုံးလေးကလည်း ကလည်ကလည်နှင့် နောက်တစ်ခါမဖြစ်စေရပါဘူးဟု ဝန်ခံနေသယောင်။

" ထားတော့ အခု ငါတို့ဘာဆတ်လုပ်ကြမှာလဲ " လိန်းသည် စိတ်ပျက်အားငယ်စွာ မေးလာသည်။

" ကာကွယ်ရမယ်မလား အဲ့အရာမလာနိုင်အောင် "

" မဟုတ်ဘူး Jordan ဒါက အဲ့လောက်မရိုးရှင်းဘူး။ ဒီမှာတွေ့လား ငါ့ Research တွေအရ သူရောက်လာတာနဲ့ ကပ်ဆိုးလေးဖော်ပါ ပါလာတော့မှာ။ ပြီးတော့ ဟောကိန်းထဲကလိုဆို သေတဲ့လူတွေက ပြန်ရှင်လာပြီး ရှင်သန်နေတဲ့လူတွေက သေဆုံးပေးရမယ့်ပုံ။ နင်ပဲ စဉ်းစားကြည့် သေတဲ့လူတွေအသက်ရှင်တယ်ဆိုတာက အကောင်းတော့မဟုတ်နိုင်ဘူးလေ။ ပြီးတော့ သူ့အတိုင်း အပျိုစင်ကညာဆတ်သလိုက်ရင်တောင်မှ ယဇ်ပူဇော်ပွဲလိုမျိုးက ရှိဦးမယ်ထင်တယ်။ တံခါးနီနီ ဓားနီနီဆိုတဲ့ စာပိုဒ်ကလည်း ကျန်နေသေးတယ်။ ငါတကယ် ရူးချင်လိုက်တာ "

" သူက ဘယ်လိုရောက်လာမှာလည်း အနည်းဆုံးတော့ Portal တစ်ခုလိုတယ်မလား...အဲ့ Portal မပွင့်အောင် လုပ်ထားရင်ရော " ရော်ဘက်ခ်သည် အရေးကြီးဆုံး အချက်ကို ထောက်ပြပေးလာသည်။

ရော်ဘက်ခ်၏ စကားကြောင့် ထယ်ယောင်းငည် ရော်ဘက်ခ်ကို ထူးဆန်းသလိုကြည့်သည်။ သူသိသားပဲ ဒီငနာကောင်က ဒီလိုကိစ္စတွေနဲ့ ပတ်သတ်နေမယ်ဆိုတာ။

" Portal. . . portal. . . လိန်း! "

" Jordan! "

လိန်းနှင့် ဂျောင်ကုသည် အဖြေကို သိသွားဟန် တစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်နေကြသည်။

" ဘာဖြစ်လို့လဲ...တစ်ခုခုသိလို့လား "

" အင်း...ကိုယ်ငယ်ငယ်တုန်းက လိန်းရဲ့ဖိုးက ပုံပြင်တစ်ခုတည်းကိုပဲ ထပ်ကာထပ်ကာ ပြောတတ်တယ်။ ငါးပြည်ထောင်တိုင်းပြည်ကြီးအကြောင်း..." ဂျောင်ကုသည် အတော်ကလေးအံအားသင့်နေပုံရသည်။

" Adryan တိုင်းပြည်မှာရှိတဲ့ ကောင်မလေးတစ်ယောက်က လောကကြီးကို မုန်းစပြုပြီး မတောင်းသင့်တဲ့ ဆုတစ်ခုကို တောင်းဆိုမိခဲ့တယ်။ သူ့ကို ဒီနေရာကနေ ပျောက်ကွယ်သွားခွင့်ပေးပါဆိုပြီးတော့လေ။ နောက်ရက်ကျတော့ အနီရောင်တံခါးတစ်ချပ်ပေါ်လာပြီး ဓားနီနီတစ်ချောင်းကို လက်တစ်ဖတ်ကကိုင်ဆွဲကာ ပန်းနီနီတစ်ပွင့်ကို အခြားလက်တစ်ဖတ်က ကိုင်ဆွဲထားတဲ့ သူရဲကောင်းတစ်ယောက်ကို တွေ့လိုက်တယ်။ "

ဂျောင်ကုသည် ပုံပြင်ကို ခနရပ်ကာ လိန်းကို ပြန်ကြည့်လိုက်သည်။ ထိုအခါ လိန်းက ဆက်ပြောသည်။

" သူရဲကောင်းက လက်ထဲက ပန်းနီနီကို ကောင်မလေးရဲ့ ခေါင်းမှာ ပန်ပေးလိုက်ပြီးနောက် ကောင်မလေးကို သူ့တိုင်းပြည်ဆီခေါ်သွားတော့တယ်။ Happy ending လေးပေါ့...ဒါပေမယ့် ဖိုးဖိုးက ခနခနပြောဖူးတယ် နတ်သမီးပုံပြင်တွေကို မယုံကြည်ပါနဲ့တဲ့။ ကြည့်ရတာ ဖိုးဖိုးကို သွားတွေ့ဖို့ လိုနေပြီထင်တယ်..."

ထယ်ယောင်းသည် အချက်အလက်တွေကို နားထောင်ပြီးသလောက် တစ်ခုခုမှားယွင်းနေသလို ခံစားရသည်။ ဘာလို့လမ်းစတွေက ဒီလောက်လွယ်ကူနေရတာလဲ။ သဲလွန်စအတုတွေနဲ့ တရားခံရဲ့အဝေးကို ခေါ်ထုတ်နေသလိုမျိုး သူခံစားနေရသည်။ ဘာလို့ လမ်းစတွေက တစ်ဖြေးဖြေးနဲ့ ဝေးကွာသွားသလို ခံစားနေရတာလဲ သူနားမလည်နိုင်တော့ပေ။

" ငါတို့တွေ တစ်ခုခုကျန်ခဲ့သလိုပဲ လမ်းစတွေလွဲနေတယ်လို့ ငါထင်တယ်..."

ထိုစဉ် ဝုန်းခနဲ မြည်သံပေးကာ ပွင့်သွားတဲ့ တံခါးနှင့်အတူ အရိက်လို ပုံရိပ်များဝင်ရောက်လာသည်။

" မတွေ့ရတာကြာပြီနော် ရော်ဘက်ခ်။ အိုး....ငါ့ရဲ့ရည်းစားဟောင်းလေးလိန်းနဲ့ Mr. Jordan တို့လည်း ရှိနေပါလား..."

အသံပိုင်ရှင်သည် ဂုတ်ထောက်နေသည့် ငွေမင်ရောင် ဆံနွယ်တို့နှင့် ပတ္တမြားလိုနီဆွေးဆွေးမျက်ဝန်းတို့ကို ပိုင်ဆိုင်ထားသည့် Vincent Rovia ပင်ဖြစ်သည်။

" ဟာ...ဟား...လူအိုကြီး ရှင်ဒီကို ဘာလာလုပ်တာလဲ " လိန်းသည် ဟန်ဆောင်ကာ ခြောက်ကပ်ကပ်ရယ်လိုက်သည်။ လူအိုကြီးဟူ၍ သူမခေါ်လိုက်သော်လည်း စင်စစ် Vincent သည် အဲ့လောက်အသက်ကြီးပုံမပေါက်ပေ။ အသက်လေးဆယ်အရွယ်ဝန်းကျင်သာ ထင်ရသည်။ သွေးမရှိသည့် အသားအရည်သည် နီဆွေးဆွေးမျက်ဝန်းတို့နှင့် ပနံသင့်လှသည်။ ရှင်းရှင်းပြောရလျှင် ဘယ်အချိန်ပဲကြည့်ကြည့် ပစ်ကြွေပစ်ချင်စရာကောင်းလှသည်။

" စိတ်ချပါ မင်းကို လာတွေ့တာမဟုတ်ဘူး...ဒီကမိတ်ဆွေဟောင်းလေးနဲ့ စကားနည်းနည်းပြောချင်ရုံပါ " Vincentသည် သူမထံမှ အကြည့်လွှဲသွားသည့်အတွက် လိန်း၏ နှလုံးသားလေးသည် နာကျင်လာသည်။ တကယ်ပါပဲ Exတွေ ကောင်းကျိုးမပေးလိုက်တာ။

" ငါ့မှာ မင်းနဲ့ ဘာအကြောင်းမှ ပြောစရာမရှိဘူး " ရော်ဘက်ခ်သည် ခပ်တန်းတန်းပြောလာသည်။

" ငါကတော့ ပြောစရာရှိတယ်...ဒီဆွဲကြိုး..ဒီဆွဲကြိုးက ဘာလို့ မင်းအိမ်မှာရှိနေရတာလဲ "

" မင်းငါ့ကိုအိမ်ကိုဝင်မွှေထားတာလား...ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ!!! "

Vincent သည် လခြမ်းပုံသဏ္ဌန်ဆွဲကြိုးလေးအား ပြလိုက်သည့်အခါ ရော်ဘက်ခ်တစ်ယောက် ဒေါသအကြီးအကျယ်ထွက်သွားသည်။

" ပြန်ပေး...အဲ့တာမင်းနဲ့မဆိုင်ဘူး "

" သေသွားတဲ့ ငါ့သမီးဆွဲကြိုးက ဘာလို့ မင်းဆီရောက်နေတာလဲ ပြောစမ်းပါ "

" အဲ့တာ ပျောက်သွားတဲ့ ငါ့ညီမဟာ...မင်းရဲ့ သမီးတစ်ယောက်တည်းမှာပဲ ရှိတယ်ထင်နေလား။ အဲ့တုန်းက မိသားစုခေါင်းဆောင်က ငါ့အမေကိုလည်း အရိုက်အရာဆက်ခံခွင့်ပေးခဲ့တာကွ "

Vincent နှင့် ရော်ဘက်ခ်တို့၏ ရန်ပွဲကြားမှာ လိန်းသည် လည်ပင်းက ဆွဲကြိုးလေးကို အသာဆုပ်ကိုင်ရင်း တုန်လှုပ်နေမိသည်။ အတိတ်က ပုံရိပ်တို့ရဲ့ နှိပ်စက်မှုကြောင့် သူမရင်ထဲ အရမ်း မွန်းကြပ်လို့လာသည်။ ကျေးဇူးပြုပြီး...တစ်ယောက်ယောက် ဒီနေရာနဲ့ အဝေးကို ခေါ်သွားပေးကြပါ...

_________

Zawkyi

" ငါ...ငါတို႔ႏွစ္ေယာက္တည္း သီးသန့္ေျပာခ်င္တယ္ " လိန္းသည္ ထယ္ေယာင္းေဘးမွ ေရာ္ဘက္ခ္အား တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ မဝံ့မရဲဆိုသည္။

" အင္း....ရတယ္ေလ တစ္ေနရာသြားရေအာင္ "

" မရပါဘူး "

ထယ္ေယာင္းသည္ ကုတင္ေပၚမွ ဆင္းရန္ျပင္ေနသည့္အခါ ေဂ်ာင္ကု၏ကန့္ကြက္သံႏွင့္အတူ သန္မာတဲ့လက္တစ္စုံသည္ သူ၏ ပုခုံးကို လာဖိခ်ေလသည္။ တစ္ၿပိဳင္ထဲမွာပဲ ေနာက္ထပ္လက္တစ္စုံသည္ ထိုလက္အား ျပန္လည္ဆုပ္ကိုင္လာ၍ " ေက်းဇူးျပဳၿပီး လက္ကိုဆင္ျခင္ေပးပါ" ဟုေျပာလာသည္။

ထယ္ေယာင္း သူေရွ႕မွ လူႏွစ္ေယာက္ကို အသာေခ်ာင္းၾကည့္သည္။ ႏွစ္ေယာက္လုံးသည့္ အၾကည့္ခ်င္းစစ္တိုက္ေနၾကသည္။ ေဂ်ာင္ကုသည္ သူ၏ ပုခုံးကို ကိုင္ထား၍ ေရာ္ဘက္ခ္သည္ ေဂ်ာင္ကုလက္ေကာက္ဝတ္အား ျပန္လည္ဆုပ္ကိုင္ထားသည္။ အေျခအေနမွာ ကသိကေအာက္ျဖစ္ခ်င္စရာပင္။

" ဖယ္ၾကစမ္းပါ xီးျဖစ္ေနၾကတာလား ကေလးကလားနဲ႕ " ထယ္ေယာင္းသည္ စိတ္တိုတိုႏွင့္ ထဆဲကာ ႐ုန္းလိုက္သည္။ ႐ုန္းလိုက္သည့္အခ်ိန္မ်ားသြားကာ ထယ္ေယာင္း၏ တံေတာင္ႏွင့္ ကုတင္ေပၚက မနက္စာစားပြဲတို႔ တိုက္မိသည့္အခါ ပူပူေႏြးေႏြးမနက္စာဝိုင္းေလးသည္ ပလုံသြားေတာ့သည္။ အစားအစာညီမွ်ျခင္း ေပ်ာ္႐ႊင္မႈျဖစ္သည့္ ထယ္ေယာင္းအတြက္ေတာ့ ကမာၻပ်က္သြားသလိုပင္။

ထယ္ေယာင္းသည္ သူေရွ႕မွ ကိုက္ေနၾကသည့္လူႏွစ္ေယာက္အား ခပ္စိမ္းစိမ္းစိုက္ၾကည့္လိုက္သည္။ ထိုအခါမွ ေရာ္ဘက္ခ္ႏွင့္ ေဂ်ာင္ကုသည္ လူခ်င္းခ်ဲသြားၾကေတာ့သည္။

ထို႔ေနာက္ ေဂ်ာင္ကုသည္ မေက်မနပ္ေလသံျဖင့္ ႏွာမႈတ္ကာစကားေျပာလာသည္။

" မင္းတို႔ဘာအေၾကာင္းပဲ ေျပာေျပာငါ့ကို လစ္လ်ဴရႈလို႔ရတာေသခ်ာလို႔လား ဒီၿမိဳ႕မွာ ငါက အင္အားေရာ အာဏာေရာ အႀကီးဆုံးေနာ္ "

" အဲ့ေတာ့xီးလုပ္ရမွာလား ဟမ္ " သူရဲ႕ မနက္စာေလးဖ်တ္ဆီးခံရလိုက္သည့္အတြက္ ထယ္ေယာင္းသည္ ေဒါသအႀကီးအက်ယ္ကို ထြက္ေနလ်က္ရွိသည္။ အား!!!!ငါ ဒီေကာင့္ကို ရိုက္မွရမယ္။ သူဘာသာ အေကာင္ပဲႀကီးႀကီး ဘာပဲႀကီးႀကီး ေသာက္ဂ႐ုမစိုက္ဘူးဟာ!!!

စိတ္ထဲတြင္ ေအာ္ဟစ္ေသာင္းခ်န္းေနသေလာက္ လက္ကလည္း အနားရွိ ပန္းကန္လုံးတစ္လုံးကိုယူကာ ေကာက္ေပါက္ရန္ လက္႐ြယ္လိုက္သည္။

" Vante ေတာ္ၿပီ...ေတာ္ၿပီေနာ္ ဟုတ္ၿပီလား...ငါတို႔ေတြ ေအးေဆးေျပာၾကမယ္ ေအးေဆးေပါ့ " ထယ္ေယာင္း၏ ပုံမွန္မဟုတ္ေသာ စိတ္အေျခအေနကိုသိသည့္ လိန္းသည့္ ထယ္ေယာင္းလက္ထဲမွ ပန္းကန္လုံးအား ဆြဲလုရင္း ေျဖာင္းဖ်လာသည္။ ထိုအခါမွ ထယ္ေယာင္း၏ ေဒါသတို႔သည္ ပိုမိုေတာက္ေလာင္လာသည္။

အေၾကာင္းအရင္းႀကီးႀကီးမားမားမရွိပါလဲ သူ႕ေရွ႕က လိန္းကို တစ္စစီ ဆုတ္ၿဖဲမိခ်င္သည္။ ဝုန္းဒိုင္းႀကဲကာ ေသာင္းက်န္ပစ္ခ်င္မိသည္။ သို႔ေသာ္လည္း အဆုံးမွာေတာ့ လည္ေခ်ာင္းတစ္ခုလုံးေအာင့္လာသည္အထိ ေဒါသကို ၿမိဳသိပ္ထားလိုက္သည္။ လက္သီးကို က်စ္က်စ္ဆုပ္ထားသည္မွာ အေၾကာမ်ားပင္ ေထာင္လို႔ တုန္ရီေနသည္။

ေဂ်ာင္ကုသည္ မူမမွန္သည့္ ထယ္ေယာင္းကို တစ္ခ်က္ၾကည့္ၿပီးေနာက္ အျပင္သို႔ ခနထြက္သြားသည္။ ထို႔ေနာက္ အတြင္းေရးမႉးနဲ႕ ဖုန္းခနေျပာၿပီး အထဲသို႔ ျပန္ဝင္လာသည္။ ေဂ်ာင္ကုျပန္ဝင္လာသည့္အခါ အခန္းထဲရွိ လူတိုင္းသည္ သူ႕ကို ဝိုင္းၾကည့္လာသည္။ သူ႕ကိုေစာင့္ဆိုင္းေနသလိုပင္။

" နင္တို႔ ေဟာကိန္းအေၾကာင္းပဲ ေျပာမွာမလား...ေရာ္ဘက္ခ္ကိုလည္း နားေထာင္ခိုင္းလိုက္။ အဲ့ေမေဘးလည္း သိသင့္တယ္။ ဒါမွ သူ႕လုပ္ရပ္ေတြကို ရပ္တန္းကရပ္မွာ..."

ထယ္ေယာင္းထံမွ ႐ုတ္တရတ္ႀကီး အဆဲခံလိုက္ရသည့္အတြက္ ေရာ္ဘက္ခ္သည္ နာက်င္စြာနဲ႕ ၿပဳံးလာသည္။ ဘာလို႔ျမားဦးကငါ့ဘက္ပဲလဲ ဟမ္!

" ဒါေပမယ့္ သူက..." လိန္းသည္ တစ္ခုခုေျပာရန္ ျပင္ေနေသာလည္း ထယ္ေယာင္းသည္ ဂ႐ုမစိုက္ေတာ့ဘဲ စာအုပ္မည္းမည္းႀကီး တစ္ခုကို ထုတ္ေပးလာသည္။

" နင္ Witches' alphabetေတြ နားလည္တယ္မလား " ထယ္ေယာင္းသည္ စာမ်က္ႏွာ တစ္ခုကို လွန္ရင္းဆက္ေျပာလာ၏။

" ဒီမွာ ေရးထားတာ ငါနည္းနည္းေတာ့နားလည္တယ္ ဒါေပမယ့္ အကုန္လုံးက်ေတာ့ ရႈတ္သြားလို႔...ဒီမွာၾကည့္ ဒီစာလုံးေတြက ေဟာကိန္းမလား..." ထယ္ေယာင္းသည္ တစ္ေနရာသို႔ လက္ေထာက္ျပလိုက္သည့္အခါ အားလုံးသည္ ဝိုင္းအုံၾကည့္လာသည္။

" B R I D E . . . "

တစ္လုံးခ်င္းစီ လက္ေထာက္ကာ ဖတ္ျပသြားသည့္ လိန္း၏ အသံအဆုံးမွာ ထယ္ေယာင္းထေအာ္မိသည္။

" ဘာလို႔လဲ မျဖစ္နိုင္တာ....သတို႔သမီး ဆက္သရမွာေတာ့မဟုတ္ဘူးမလား "

" မဟုတ္ဘူး ဒီမွာ ေရးထားတဲ့အရဆို သူကိုယ္တိုင္ေ႐ြးခ်ယ္မွာ "

" သူကဘယ္သူလဲ " ေရာ္ဘက္ခ္ ေမးလိုက္သည္။

" မသိဘူး " ၿပိဳင္တူထြက္လာသည့္ ထယ္ေယာင္းႏွင့္ လိန္း၏ အသံေနာက္မွာ ေဂ်ာင္ကု၏ အေျဖစကားလုံးသည္ ကပ္ပါလာသည္။

" sunya. . . ငါသိသေလာက္ကေတာ့ အဲ့အရာက Sunyaလို႔ေခၚတယ္။ ရွင္းလင္းသူ ဒါမွမဟုတ္ အေမွာင္ထုလို႔သိၾကတယ္ "

" ေဟာကိန္းထဲမွာက ဘယ္လိုေျပာထားတာမလို႔လဲ " ေရာ္ဘက္ခ္သည္ ထပ္မံေမးခြန္းထုတ္လာသည္။

" ကမာၻႀကီး ေအာ္ငိုလို႔၊ ေသသူမ်ား ရွင္သည့္ခါ၊ ရွင္သူမ်ား ေသသည့္ခါ၊ ကယ္တင္ရွင္ အသူ႕နတ္ဘုရားက၊ တံခါးနီနီ ဓားနီနီ၊ ပ်ိဳစင္ကညာ ပန္းနီနီဆတ္သလို႔၊ ၿငိမ္းခ်မ္းေစသတည္း" လိန္းသည္ ထိုစာစုကို အလြတ္ပင္ရေနၿပီျဖစ္သည္။ အေၾကာင္းမွာ Ozzy ရွိစဥ္က ထိုအေၾကာင္းကို ခနခနေျပာတတ္ေသာေၾကာင့္ပင္။ ထို႔ေနာက္ လိန္းသည္ ထယ္ေယာင္းကို ဆက္ေျပာသည္။

" ငါရဲ႕ Book of Shadow ေရာ နင္ငွားသြားတယ္မလား "

" အင္း " ထယ္ေယာင္း အင္းဟုသာ အသံျပဳ၍ ေတာရွာ ေတာင္ရွာ လိုက္ရွာေတာ့သည္။

" ဘာစာအုပ္လဲ မနက္က မင္းကိုင္ေပါက္လိုက္တဲ့စာအုပ္လား "

ေရာ္ဘက္ခ္ကေမးလာသည့္အခါ ထယ္ေယာင္းသည္ ေခါင္းတဆတ္ဆတ္ၿငိမ့္လာသည္။

" ဟိုမွာေလ...မင္းျပန္ေကာက္သိမ္းလို႔လား " ေရာ္ဘက္ခ္ၫႊန္ျပလိုက္သည့္ ေထာင့္ေနရာ၌ စာအုပ္ေလးသည္ ေနရာမေ႐ြ႕ရွိေနသည္။ တစ္ခ်ိန္တည္းမွာပဲ လိန္းရဲ႕ စကားသံတို႔က သူ႕နားထဲၾကားေယာင္လာမိသည္။

'ငါက ငါ့စာအုပ္ေလးကို ပိုးေမြးသလိုဥထားတာေနာ္။ မရိုမေသလုပ္ၾကည့္ နင္နဲ႕ငါနဲ႕ ေသခန္းျပတ္ပဲ Vante'

ထယ္ေယာင္းသည္ လိန္းကို သြားအၿဖဲသားေလးႏွင့္ ဟဲဟဲဆိုၿပီး ရယ္ျပလိုက္၏။ မ်က္လုံးေလးကလည္း ကလည္ကလည္ႏွင့္ ေနာက္တစ္ခါမျဖစ္ေစရပါဘူးဟု ဝန္ခံေနသေယာင္။

" ထားေတာ့ အခု ငါတို႔ဘာဆတ္လုပ္ၾကမွာလဲ " လိန္းသည္ စိတ္ပ်က္အားငယ္စြာ ေမးလာသည္။

" ကာကြယ္ရမယ္မလား အဲ့အရာမလာနိုင္ေအာင္ "

" မဟုတ္ဘူး Jordan ဒါက အဲ့ေလာက္မရိုးရွင္းဘူး။ ဒီမွာေတြ႕လား ငါ့ Research ေတြအရ သူေရာက္လာတာနဲ႕ ကပ္ဆိုးေလးေဖာ္ပါ ပါလာေတာ့မွာ။ ၿပီးေတာ့ ေဟာကိန္းထဲကလိုဆို ေသတဲ့လူေတြက ျပန္ရွင္လာၿပီး ရွင္သန္ေနတဲ့လူေတြက ေသဆုံးေပးရမယ့္ပုံ။ နင္ပဲ စဥ္းစားၾကည့္ ေသတဲ့လူေတြအသက္ရွင္တယ္ဆိုတာက အေကာင္းေတာ့မဟုတ္နိုင္ဘူးေလ။ ၿပီးေတာ့ သူ႕အတိုင္း အပ်ိဳစင္ကညာဆတ္သလိုက္ရင္ေတာင္မွ ယဇ္ပူေဇာ္ပြဲလိုမ်ိဳးက ရွိဦးမယ္ထင္တယ္။ တံခါးနီနီ ဓားနီနီဆိုတဲ့ စာပိုဒ္ကလည္း က်န္ေနေသးတယ္။ ငါတကယ္ ႐ူးခ်င္လိုက္တာ "

" သူက ဘယ္လိုေရာက္လာမွာလည္း အနည္းဆုံးေတာ့ Portal တစ္ခုလိုတယ္မလား...အဲ့ Portal မပြင့္ေအာင္ လုပ္ထားရင္ေရာ " ေရာ္ဘက္ခ္သည္ အေရးႀကီးဆုံး အခ်က္ကို ေထာက္ျပေပးလာသည္။

ေရာ္ဘက္ခ္၏ စကားေၾကာင့္ ထယ္ေယာင္းငည္ ေရာ္ဘက္ခ္ကို ထူးဆန္းသလိုၾကည့္သည္။ သူသိသားပဲ ဒီငနာေကာင္က ဒီလိုကိစၥေတြနဲ႕ ပတ္သတ္ေနမယ္ဆိုတာ။

" Portal. . . portal. . . လိန္း! "

" Jordan! "

လိန္းႏွင့္ ေဂ်ာင္ကုသည္ အေျဖကို သိသြားဟန္ တစ္ေယာက္နဲ႕တစ္ေယာက္စိုက္ၾကည့္ေနၾကသည္။

" ဘာျဖစ္လို႔လဲ...တစ္ခုခုသိလို႔လား "

" အင္း...ကိုယ္ငယ္ငယ္တုန္းက လိန္းရဲ႕ဖိုးက ပုံျပင္တစ္ခုတည္းကိုပဲ ထပ္ကာထပ္ကာ ေျပာတတ္တယ္။ ငါးျပည္ေထာင္တိုင္းျပည္ႀကီးအေၾကာင္း..." ေဂ်ာင္ကုသည္ အေတာ္ကေလးအံအားသင့္ေနပုံရသည္။

" Adryan တိုင္းျပည္မွာရွိတဲ့ ေကာင္မေလးတစ္ေယာက္က ေလာကႀကီးကို မုန္းစျပဳၿပီး မေတာင္းသင့္တဲ့ ဆုတစ္ခုကို ေတာင္းဆိုမိခဲ့တယ္။ သူ႕ကို ဒီေနရာကေန ေပ်ာက္ကြယ္သြားခြင့္ေပးပါဆိုၿပီးေတာ့ေလ။ ေနာက္ရက္က်ေတာ့ အနီေရာင္တံခါးတစ္ခ်ပ္ေပၚလာၿပီး ဓားနီနီတစ္ေခ်ာင္းကို လက္တစ္ဖတ္ကကိုင္ဆြဲကာ ပန္းနီနီတစ္ပြင့္ကို အျခားလက္တစ္ဖတ္က ကိုင္ဆြဲထားတဲ့ သူရဲေကာင္းတစ္ေယာက္ကို ေတြ႕လိုက္တယ္။ "

ေဂ်ာင္ကုသည္ ပုံျပင္ကို ခနရပ္ကာ လိန္းကို ျပန္ၾကည့္လိုက္သည္။ ထိုအခါ လိန္းက ဆက္ေျပာသည္။

" သူရဲေကာင္းက လက္ထဲက ပန္းနီနီကို ေကာင္မေလးရဲ႕ ေခါင္းမွာ ပန္ေပးလိုက္ၿပီးေနာက္ ေကာင္မေလးကို သူ႕တိုင္းျပည္ဆီေခၚသြားေတာ့တယ္။ Happy ending ေလးေပါ့...ဒါေပမယ့္ ဖိုးဖိုးက ခနခနေျပာဖူးတယ္ နတ္သမီးပုံျပင္ေတြကို မယုံၾကည္ပါနဲ႕တဲ့။ ၾကည့္ရတာ ဖိုးဖိုးကို သြားေတြ႕ဖို႔ လိုေနၿပီထင္တယ္..."

ထယ္ေယာင္းသည္ အခ်က္အလက္ေတြကို နားေထာင္ၿပီးသေလာက္ တစ္ခုခုမွားယြင္းေနသလို ခံစားရသည္။ ဘာလို႔လမ္းစေတြက ဒီေလာက္လြယ္ကူေနရတာလဲ။ သဲလြန္စအတုေတြနဲ႕ တရားခံရဲ႕အေဝးကို ေခၚထုတ္ေနသလိုမ်ိဳး သူခံစားေနရသည္။ ဘာလို႔ လမ္းစေတြက တစ္ေျဖးေျဖးနဲ႕ ေဝးကြာသြားသလို ခံစားေနရတာလဲ သူနားမလည္နိုင္ေတာ့ေပ။

" ငါတို႔ေတြ တစ္ခုခုက်န္ခဲ့သလိုပဲ လမ္းစေတြလြဲေနတယ္လို႔ ငါထင္တယ္..."

ထိုစဥ္ ဝုန္းခနဲ ျမည္သံေပးကာ ပြင့္သြားတဲ့ တံခါးႏွင့္အတူ အရိက္လို ပုံရိပ္မ်ားဝင္ေရာက္လာသည္။

" မေတြ႕ရတာၾကာၿပီေနာ္ ေရာ္ဘက္ခ္။ အိုး....ငါ့ရဲ႕ရည္းစားေဟာင္းေလးလိန္းနဲ႕ Mr. Jordan တို႔လည္း ရွိေနပါလား..."

အသံပိုင္ရွင္သည္ ဂုတ္ေထာက္ေနသည့္ ေငြမင္ေရာင္ ဆံႏြယ္တို႔ႏွင့္ ပတၱျမားလိုနီေဆြးေဆြးမ်က္ဝန္းတို႔ကို ပိုင္ဆိုင္ထားသည့္ Vincent Rovia ပင္ျဖစ္သည္။

" ဟာ...ဟား...လူအိုႀကီး ရွင္ဒီကို ဘာလာလုပ္တာလဲ " လိန္းသည္ ဟန္ေဆာင္ကာ ေျခာက္ကပ္ကပ္ရယ္လိုက္သည္။ လူအိုႀကီးဟူ၍ သူမေခၚလိုက္ေသာ္လည္း စင္စစ္ Vincent သည္ အဲ့ေလာက္အသက္ႀကီးပုံမေပါက္ေပ။ အသက္ေလးဆယ္အ႐ြယ္ဝန္းက်င္သာ ထင္ရသည္။ ေသြးမရွိသည့္ အသားအရည္သည္ နီေဆြးေဆြးမ်က္ဝန္းတို႔ႏွင့္ ပနံသင့္လွသည္။ ရွင္းရွင္းေျပာရလွ်င္ ဘယ္အခ်ိန္ပဲၾကည့္ၾကည့္ ပစ္ေႂကြပစ္ခ်င္စရာေကာင္းလွသည္။

" စိတ္ခ်ပါ မင္းကို လာေတြ႕တာမဟုတ္ဘူး...ဒီကမိတ္ေဆြေဟာင္းေလးနဲ႕ စကားနည္းနည္းေျပာခ်င္႐ုံပါ " Vincentသည္ သူမထံမွ အၾကည့္လႊဲသြားသည့္အတြက္ လိန္း၏ ႏွလုံးသားေလးသည္ နာက်င္လာသည္။ တကယ္ပါပဲ Exေတြ ေကာင္းက်ိဳးမေပးလိုက္တာ။

" ငါ့မွာ မင္းနဲ႕ ဘာအေၾကာင္းမွ ေျပာစရာမရွိဘူး " ေရာ္ဘက္ခ္သည္ ခပ္တန္းတန္းေျပာလာသည္။

" ငါကေတာ့ ေျပာစရာရွိတယ္...ဒီဆြဲႀကိဳး..ဒီဆြဲႀကိဳးက ဘာလို႔ မင္းအိမ္မွာရွိေနရတာလဲ "

" မင္းငါ့ကိုအိမ္ကိုဝင္ေမႊထားတာလား...ဘယ္သူ႕ခြင့္ျပဳခ်က္နဲ႕လဲ!!! "

Vincent သည္ လျခမ္းပုံသဏၭန္ဆြဲႀကိဳးေလးအား ျပလိုက္သည့္အခါ ေရာ္ဘက္ခ္တစ္ေယာက္ ေဒါသအႀကီးအက်ယ္ထြက္သြားသည္။

" ျပန္ေပး...အဲ့တာမင္းနဲ႕မဆိုင္ဘူး "

" ေသသြားတဲ့ ငါ့သမီးဆြဲႀကိဳးက ဘာလို႔ မင္းဆီေရာက္ေနတာလဲ ေျပာစမ္းပါ "

" အဲ့တာ ေပ်ာက္သြားတဲ့ ငါ့ညီမဟာ...မင္းရဲ႕ သမီးတစ္ေယာက္တည္းမွာပဲ ရွိတယ္ထင္ေနလား။ အဲ့တုန္းက မိသားစုေခါင္းေဆာင္က ငါ့အေမကိုလည္း အရိုက္အရာဆက္ခံခြင့္ေပးခဲ့တာကြ "

Vincent ႏွင့္ ေရာ္ဘက္ခ္တို႔၏ ရန္ပြဲၾကားမွာ လိန္းသည္ လည္ပင္းက ဆြဲႀကိဳးေလးကို အသာဆုပ္ကိုင္ရင္း တုန္လႈပ္ေနမိသည္။ အတိတ္က ပုံရိပ္တို႔ရဲ႕ ႏွိပ္စက္မႈေၾကာင့္ သူမရင္ထဲ အရမ္း မြန္းၾကပ္လို႔လာသည္။ ေက်းဇူးျပဳၿပီး...တစ္ေယာက္ေယာက္ ဒီေနရာနဲ႕ အေဝးကို ေခၚသြားေပးၾကပါ...

_________

Continue Reading

You'll Also Like

6.8K 514 20
"What do you want from me?" whispered Virat to the person who stood in the mirror. "You" said the person, wickedly. Rohit Sharma x Virat Kohli. highe...
29.1K 1.5K 11
𝑢𝒏𝒆 𝑺𝒉𝒐𝒓𝒕 Taekook Start Date - 19.4.2021 Written by Victory _ Jeon
7.1M 367K 92
If dish soap, rutabagas, and firecrackers aren't an essential part of your zombie apocalypse kit, you better grab them now! Season 1 of The Virus Wit...
21.8K 264 20
here's some pics I stole from Four when he wasn't looking, quickly look at them before he com-