Episode 17: The Secret Of Adryan

481 83 3
                                    

Unicode

ကုတင်ပေါ်ဝယ် အောက်ဆီဂျင်ပိုက်ဖြင့် လဲနေသည့် အဖိုးအိုတစ်ယောက်ရှိသည်။ သေချာကြည့်မည်ဆိုလျှင် ထိုအလင်းပျပျသာရှိပြီး ခြောက်သွေ့နေသည့်အခန်းထဲ အဖိုးအိုအပြင် အခြားတစ်ယောက်ပါရှိနေသေးသည်။ ထိုလူသည် အဖိုးအို၏ ကုတင်ခြေရင်းတွင် ဝင်ထိုင်ကာ မေးခွန်းတစ်ခုမေးလာသည်။

" Portal က ဘယ်မှာလဲ..."

" မင်းသိပြီးသားပဲကို ဘာလို့ ငါ့ကိုလာမေးနေတာလဲ " အဖိုးအို၏ တုန်ရီနေသောအသံသည် အလွန်ကို ဖျော့တော့နေသည်။

" အင်း သိပြီးသားပါ...ပြောစရာ စကားမရှိလို့။ အနည်းဆုံးတော့ ခင်များရဲ့ နောက်ဆံထွက်သက်ကို အဖော်ပြုပေးမလို့ "

" မလိုဘူး ငါတို့ကတိအတိုင်း ကလေးလေးကိုသာ သေချာစောင့်ရှောက်ပေးစမ်းပါ "

" ကလေးလေး...ငါသူ့ကိုခေါ်သွားမှာ။ လူ့လောကကြီးက သူ့အတွက် ကြမ်းတမ်းလွန်းတယ်..."

" သူကလက်ခံမှာတဲ့လား...မင်းရဲ့အဖြစ်မှန်ကိုသိတာနဲ့ မင်းရဲ့အဝေးကိုထွက်ပြေးလိမ့်မယ် Sunya...ဒီအတိုင်းလေးပဲ ဆက်ပြီးဟန်ဆောင်စမ်းပါ "

အဖိုးအို၏ စကားကြောင့် Sanya ရဲ့ ပါးပြင်ပေါ် မျက်ရည်တစ်စက်သည် တိတ်တိတ်လေး စီးကျလာသည်။ သူထိုမျက်ရည်ကို အသာကလေးသုတ်လိုက်သည်။ သူက လူသားတစ်ယောက်အတွက် ငိုကြွေးနေတယ်လား...ထူးဆန်းလိုက်တာ...

" အချိန်တောင်တော်တော်နောက်ကျနေပြီပဲ။ ခင်များကိုခေါ်မယ့် သေမင်းက ပေါ်လာမယ့်ပုံမပေါ်ဘူးပဲ။  အာ...ဟုတ်သား သူတို့တွေ Portal ဖွင့်ဖို့အလုပ်ရှုပ်နေကြမှာ။ အဲ့တော့ ကိုယ့်ဘာသာပဲ မရဏလမ်းကို သွားလိုက်တော့...ကလေးလေးကိုတော့စိတ်ချပါ ငါကာကွယ်ပေးမှာမလို့..."

Sanya သည် အေးစက်စက်စကားသံတွေနဲ့အတူ အဖိုးအို၏ နဖူးကို အသာထိတွေ့လာသည့် လက်ညှိုးသွယ်သွယ်လေးသည် အေးစက်တဲ့ အထိအတွေ့ကို ဆောင်ယူလို့လာသည်။ ထိုအထိအတွေ့နဲ့အတူ မော်နီတာမှ အချက်ပေးသံသည် စီခနဲမည်အောင် ထွက်ပေါ်လာတော့သည်။ မျက်တောင်တစ်ခတ်အတွင်းက နောက်ထပ်သေဆုံးမှုတစ်ခု...

Escape: Back Of The Red Door Where stories live. Discover now