Episode 14: Someone Who Have Green Eyes

526 91 5
                                    

Unicode

လိန်း ပြင်ပလူနာဆောင်မှာ ရှိနေစဉ် မိန်းကလေးတစ်ယောက်သည် ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့် သူမရှေ့မှ ဖြတ်လျှောက်ကာ ဆေးရုံအတွင်းသို့ဝင်လာသည်။ လိန်း တစ်စုံတစ်ခုကို သတိရသွားတာကြောင့် အကြည့်တို့သည် အေးခဲသွားသည်။

မိန်းကလေးသည် ငွေမင်ရောင် ဆံနွယ်ရှည်တွေကို ပိုင်ဆိုင်ထားပြီး နီစွေးစွေးမျက်ဝန်းတစ်စုံရှိသည်။ အနီရောင် ချစ်စရာဂါဝန်ရှည်လေးကို ဝတ်ဆင်ထားသည်။ တစ်နည်းပြောရလျှင် လွန်ခဲ့တဲ့ညက လူသတ်သမားလက်ထဲ အသတ်ခံခဲ့ရသည့် မိန်းကလေးပုံစံနှင့် တစ်ပုံစံထဲပင်။

အတွေးတို့သည် လူသတ်သမားအကြောင်းတွေးမိတဲ့အခါ ကြောက်ရွံ့ခြင်းက သူမကို စတင်ဝါးမြိုလာသည်။ အသက်မသေရုံတမယ် လွတ်မြောက်လာပေမယ့် ငရဲခန်းထဲမှာ ပိတ်မိနေခဲ့တဲ့တစ်ရက်တာက သူမအတွက်တော့ အိမ်မက်ဆိုးကြီးပင်။ နံရံတွေပေါ်မှာ ချိတ်ထားတဲ့ လူသေတွေရဲ့ဓာတ်ပုံတွေ၊ ရေခဲသေတ္တာထဲကလူ့ခန္ဓာအစိတ်အပိုင်းတွေ၊ ဆေးတွေ၊ အက်ဆစ်တွေ၊ ဆေးစိမ်ထားတဲ့ အမည်မသိအရာတွေ၊ စိမ်းရွှင်ရွှင်အနံအသတ်တွေ....။

လိန်းတစ်ယောက် တွေးရင်း တွေးရင်းနဲ့ပင် အောဂလီဆန်ကာ ပျို့တက်လာသည်။ အလျှင်အမြန် ပါးစပ်ကို လက်နှင့်ပိတ်ကာ ပျို့တက်လာတဲ့ အစာအိမ်ထဲမှ အရည်ခါးခါးတို့ကို မနည်းထိန်းကာ ပြန်မြိုချလိုက်သည်။ မသတ်မသာခံစားနေရတာကြောင့် သူမ နဖူးပေါ်ဝယ် ချွေးစေးလေးများပင် စို့နေသည်။

" အဆင်ပြေရဲ့လား ... " ရုတ်တရတ် မေးလာတဲ့ အသံတစ်ခုကြောင့် သူမမော့ကြည့်မိသည်။ သူမလို ဆံပင်နီနီတွေကို ပိုင်ဆိုင်ထားသည့် အမျိုးသားတစ်ယောက်ပင်။

" ရော့...ဒါလေးယူထားလိုက်..." တစ်ဖတ်ကလူသည် သူမထံ စတော်ဘယ်ရီနို့ဘူးလေးပေးလာသည်။ သူမ ဘာမှမတုန့်ပြန်နိုင်ခင်မှာပဲ နို့ဘူးရဲ့တံဆိပ်ကို မြင်တဲ့အခါ မျက်လုံးအစုံပြူးကျယ်သွားသည်။

ဤသို့သော နို့ဘူးတွေသည် သူမအဖမ်းခံထားရသည့် အခန်းထဲအများအပြားရှိနေခဲ့သည်။ သို့ပေသည့် အထဲက အရည်များသည် စတော်ဘယ်ရီနို့မဟုတ်ပေ။ ညှီစို့စို့သွေးပုပ်များနှင့် လောက်ကောင်များသာ။ မျက်လုံးထဲ တစ်ဖန်ပြန်ပေါ်လာတဲ့ မြင်ကွင်းတွေကြောင့် လိန်း သူမရှေ့မှ နို့ဘူးကို ပုတ်ထုတ်လိုက်သည်။ သူမတစ်ကိုယ်လုံးလည်း ကြောက်ရွံ့မှုကြောင့် တစ်ဆတ်ဆတ်တုန်နေသည်။

Escape: Back Of The Red Door Where stories live. Discover now