[ U ]
" မင်းတို့ ငါ့ကို ရောင်းစားမှာတော့
ကြောက်စရာမလိုဘူးမလား?"
" အဲ့ဒါတော့ပြောမရဘူး"
ကျန်းဝမ်ရွီ ကားမောင်းနေရင်းနောက်ကြည့်မှန်မှတဆင့် အိုက်ကျိယွီ ကို ကြည့်ကာပြောလိုက်တယ်။
"ငါတို့ သူငယ်ချင်းလေးအိုက်ကအရမ်းခန့်တယ်လေ,တနေရာရာမှာပစ်ချလိုက်ရင်
ကောင်မလေးတွေအတွက်ဟင်းလျာဖြစ်သွားမယ်, နောက်တော့မင်းကပန်းကန်ပြားထဲ
က ငါးတစ်ကောင်လိုဖြစ်သွားပြီးသူတို့က
မင်းကို ဓားတစ်ချောင်းနဲ့ စားသွားလိမ့်မယ်"
ဟယ်ကျစ်ရှုက ကျန်းဝမ်ရွှီကို ထောက်ခံကြောင်း လက်မလေးထောင်ပြတယ်။
"......."
အိုက်ကျိယွီက နောက်ကြည့်မှန်ထဲမှ
ကျန်းဝမ်ရွီအား စေ့စေ့ပြန်ကြည့်ပြီး,
"ငါ့ကိုအရူးလာမလုပ်နဲ့!မင်းမှာအဲ့ဒီလို
မကောင်းတဲ့အတွေးတွေရှိနေလို့ ဒီနှစ်
တွေမှာတကိုယ်တည်းကုန်ဆုံးနေရတာ..
ဖြစ်သင့်တယ်"
ထို့နောက် သူက ကျစ်ရှုကိုကြည့်ပြီး,
"ရှောင်ရှု , မင်းပြောမင်းလိုဒီလောက်ရိုးသားအေးဆေးတဲ့လူက ကျန်းဝမ်ရွီလိုအကျင့်မကောင်းတဲ့ကောင်ကို ဘယ်လိုလုပ်ချစ်သွား
ရတာလဲ,အဲဒါကလေ နောက်ချေးမှာကြာပေါက်သလိုပဲ၊ငါတို့ ရဲ့ရှောင်ရှုလေးကို
အညစ်အကြေးတွေပေစေတာပဲ"
ပြောပြီးပြီးချင်း သူက ကျစ်ရှုရဲ့ မေးစေ့လေးကို လက်ဖြင့်ကိုင်လိုက်သေးတယ်။
ကျန်းဝမ်ရွီ ပြန်မပြောနိုင်အောင်
ဟယ်ကျစ်ရှုကိုသူပြောလိုက်ခြင်းပင်။
ဟယ်ကျစ်ရှု :". ......."
ထို့နောက် ဟယ်ကျစ်ရှုကလည်ချောင်းတချက်ရှင်းပြီး အလေးအနက်ပြောလာတယ်၊
" ငါဘယ်နှစ်ခါရှိပြီလဲပြောတာ,သူကငါ့ကို တဖက်သတ်ကြိုက်နေတာ,ငါကလည်းအဲ့လိုဆွဲဆောင်မှုရှိတဲ့သူလေ"
ဟယ်ကျစ်ရှု တစ်ယောက်အကြောင်းရင်း
မရှိဘဲ ဘဝင်မြင့်နေလိုက်သေးတယ်။
" ငါ့လိုးတဲ့မှ!"
ကျန်းဝမ်ရွီစတီယာရင်ကိုပုတ်လိုက်တယ်၊
သူအသံကျယ်သွားတာကိုပြန်သတိထားမိပြီး
အနည်းငယ်အံ့အားသင့်သွားတယ်၊သူက အိုက်ကျိယွီကိုပြန်လှည့်ကြည့်ပြီးနောက်
ပြောလာတယ်၊
" မင်းသိပြီးသားလား?"
အိုက်ကျိယွီ တစ်ယောက် ကျန်းဝမ်ရွီရဲ့
ရုတ်တရက်အမေးကြောင့် ရှုပ်ထွေးသွား
လျက်် မေးလိုက်တယ်။
"ငါကဘာကို သိရမှာလဲ?"
"ငါနဲ့ရှောင်ရှု ရဲ့ အကြောင်းလေ"
ကျန်းဝမ်ရွီ သူ့ရဲ့ အံ့အားသင့်မှုကိုထိန်းချုပ်ပြီးတဖက်သို့အမြန်လှည့်ရင်းပြောလာတယ်။
အိုက်ကျိယွီ တစ်ယောက်အားကိုးရာမဲ့စွာ
ဖြင့် ,
" မင်းတို့နှစ်ယောက်က အခြားသူတွေနဲ့ယှဥ်ရင်အတော်လေးကို မျက်စိမကောင်းဘူးနော်, ရှောင်ရှုက ပိုတောင်ဆိုးသေးတယ်, မင်းတို့နှစ်ယောက်ကို ငါလေးနှစ်လောက်မျက်စိရှေ့မှာထားလာခဲ့တာမဟုတ်လား?ငါ့ အိုင်ကြူ
က နိမ့်နေရင်တောင်အဲ့ဒါကိုငါမြင်နိုင်သေး
တယ်"
ကျန်းဝမ်ရွီ ကို သူခဏမျှကြည့်ပြီးတဲ့
နောက်ထိုနှစ်ယောက်အားအားမရစွာဖြင့်
ရှိနေလျက်ဆက်ပြောလိုက်တယ်။
" ငါမင်းကို မကြာခဏလည်း ပြောခဲ့ဖူးတယ်,
ချစ်ခြင်းမေတ္တာကိုဖော်ပြတာကလည်းအခွင့်အရေးတစ်ခုမလား?"
အိုက်ကျိယွီ ပြောတာကို ကြားရတဲ့အခါမှ
ကျန်းဝမ်ရွီ သဘောပေါက်သွားတယ်,
" ဒါဆို မင်းလည်းသိနေတာပဲ, အရင်က
မင်းနောက်နေတာလို့ငါထင်နေတာ"
ကျန်းဝမ်ရွီ မချင့်မရဲလေး ပြုံးရင်းရယ်လိုက်မိတယ်။
အိုက်ကျိယွီက ရယ်မောရင်း ,
" တာ့ကော, ဒါကနောက်စရာမှမဟုတ်တာ"
"သိတာလည်းကောင်းပါတယ်, ငါက
ယောကျ်ားတွေကိုကြိုက်တယ်, ဟယ်ကျစ်ရှု
တစ်ယောက်တည်းကိုပဲကြိုက်တယ်"
ကျန်းဝမ်ရွီ ကားမောင်းရင်း သူ့သဘောထားအမှန်အားလေးနက်တည်ကြည်စွာဖြင့် ပြောလာတယ်။
ဒါပေမဲ့ အိုက်ကျိယွီ အမြင်မှာတော့ ,
ကျန်းဝမ်ရွီကအရူးတစ်ယောက်ပင်,
"စကားကိုအကုန်မပြောစမ်းနဲ့,လူငယ်သဘာဝချစ်မိကြရင်သစ္စာတွေပြုပြီးစကားတွေအဆုံးထိ ပြောကြတယ်,အဲ့တော့ဘာဖြစ်လဲ? ဘာတွေများလုပ်နိုင်မှာလဲ?ကြက်စွပ်ပြုတ်ကလည်း စွပ်ပြုတ်ပဲ၊လူတွေကစကားတွေကို လွယ်လွယ်ပြောကြတယ်,ယုံတဲ့သူတွေကလည်းယုံကြတယ်,သူ့ဘာသာတော့ဟုတ်
နေတာပဲ"
ကျန်းဝမ်ရွီ အချိန်အကြာကြီး တိတ်ဆိတ်နေတယ်၊အိုက်ကျိယွီ ပြောတဲ့ စကားတွေကလုံးဝမမှားကြောင်းကို သူခံစားမိတယ်၊အတိတ်က,ဟယ်ကျစ်ရှုကို ခုလိုမျိုးစကားချိုချိုတွေ
သူအများကြီး ပြောခဲ့ပြီးကတိသစ္စာတွေလည်း ပေးခဲ့ဖူးတယ်။
အဲ့ဒီအချိန်တုန်းကတော့ ကမ္ဘာကြီးပင် ကွဲအက်မတတ်ဟာသပမာဖြစ်ခဲ့ပြီးနောက်ပိုင်းသူလုပ်ခဲ့တာတွေနဲ့သူ့စကား
တွေကအရက်သမားပါးစပ်ကထွက်တဲ့
ပေါက်ကရစကားတွေအဖြစ်သာရှိခဲ့တယ်။
ကျန်းဝမ်ရွီ နှုတ်ခမ်းထောင့်လေးတွေပင်ကွေးညွတ်သွားရင်းအလေးအနက်တည်ငြိမ်စွာပင်ဟယ်ကျစ်ရှုအားနောက်ကြည့်မှန်ထဲမှတဆင့် ချစ်မြတ်နိုးခြင်းများစွာဖြင့်ကြည့်ကာ,
"အဲ့ဒါကလူငယ်တွေမို့ပါ,ငါကတော့ကျိန်းသေအဲ့လိုမဟုတ်ဘူး၊ငါကဆုံးရှုံးခြင်းဆိုတာကိုသိတယ်,နာကျင်ခြင်းကိုလည်း
ခံစားဖူးတယ်,ခုလိုအချိန်မှာ,ငါကရှောင်ရှု
တစ်ယောက်တည်းကိုပဲလိုချင်တယ်,
ဘယ်လိုပဲဖြစ်ဖြစ်, သူ့ကို မြင်နေရတာ
လေးနဲ့လည်း အဆင်ပြေတယ်"
ထိုစကားတွေကို ပြောပြီးတဲ့နောက်ကျန်းဝမ်ရွီ
ရဲ့ မျက်လုံးတွေ ရဲတက်လာပြီးဟယ်ကျစ်ရှုကို ကြည့်နေရာမှလမ်းဘက်သို့ ပြန်လှည့်
သွားတယ်။
အိုက်ကျိယွီ: "......"
အိုက်ကျိယွီ အချိန်အတော်ကြာသည်အထိ
အံ့အားသင့်နေလျက် ဘာမှထပ်မပြောဝံ့တော့သည်မို့ ကျန်းဝမ်ရွီရဲ့ရုတ်တရက်ဖွင့်ဟ
ဝန်ခံမှုကိုသာတိတ်တဆိတ်လေးနားထောင်ပေးလိုက်တယ်၊ထိုသို့ ရုတ်ခြည်းအဆုံးသတ်သွားချိန် အိုက်ကျိယွီကလက်ခုပ်တီးကာ
"ပြောတာကောင်းတယ်!"ဟု ထောက်ခံပေးလိုက်တယ်။
ဒီလို အဓိပ္ပာယ်မရှိတာတွေဘဲပြောနေမှာလား? အိုက်ကျိယွီ အနည်းငယ်ကြေကွဲ
လာပြီ,
"မင်း အသက်အရွယ်နဲ့ တက္ကသိုလ်က ဆယ်ကျော်သက်အရွယ်အင်နိုးစန့်လေး
တွေကိုလိုက်ရတာခက်မှာပေါ့...."
ထို့နောက်နှုတ်ခမ်းစူကာဘောက်ဆတ်ဆတ်ဖြင့် ပြောလာတယ်,
"ဒီနေရာမှာလာပြီး ဟန်ဆောင်ပြမနေနဲ့,
လူငယ်လိုပဲနေစမ်းပါ, မသိရင်မင်းက အသက်80အဘိုးကြီး ကျနေတာပဲ,
မင်းဘာလို့ ဟောလိဝုဒ်ကို မသွားတာလဲ?
ဒီနေရာမှာဆိုမင်း မအောင်မြင်နိုင်ဘူး"
ကျန်းဝမ်ရွီ: " အချိန်က အရာအားလုံးကို သက်သေပြလိမ့်မယ်...."
ကျန်းဝမ်ရွီ အိုက်ကျိယွီ ကို ဘာမှထပ်မပြောချင်တော့ဘူး၊ အိုက်ျိယွီကိုပြောရင်လည်း
နားထောင်နေသူအတွက်ကြားဖူးပြီးသားတွေပဲဖြစ်လိမ့်မယ်၊ မယုံကြည်သူတွေကလည်း
ဒါကို ဟာသအဖြစ်သာမှတ်ယူကြလိမ့်မယ်။
ဟယ်ကျစ်ရှုဘက်မှထိုစကားတွေကို
ဟာသတစ်ခု အနေနဲ့ မခံယူပါက
ကျန်းဝမ်ရွီ အဆင်ပြေတယ်။
ဟယ်ကျစ်ရှုက သူတို့နှစ်ယောက်ကြားပြောဆိုမှုကိုမည်သည့်မှတ်ချက်တစ်စုံတရာမှမပေးခဲ့ပေမဲ့ ကျန်းဝမ်ရွီပြောတာကို နားထောင်ပြီး ငြိမ်သက်နေတယ်၊ကျစ်ရှု မျက်နှာက တည်ငြိမ်အေးဆေးဟန် ရှိနေပေမဲ့သူ့နှလုံး သားထဲ၌မူခဏတာမျှခါးသီးမှု၊ဝမ်းနည်းမှု တို့ ဖြစ်ပေါ်လာတယ်၊၊သို့ပေမဲ့ထိုရှုပ်ထွေးသောခံစားချက်တို့ ကျော်လွန်ခဲ့ပြီးနောက်သူ့ စိတ်ထဲ ၌ နားမလည်နိုင်သော ချိုမြိန်မှုနဲ့နွေးထွေးမှု တို့ ကို လည်းခံစားမိနေတယ်။ကျန်း
ဝမ်ရွီ ထပ်ပြောလာမယ့်စကားတွေကိုလည်း
မျှော်လင့် စောင့်စားနေမိတယ်။
ဟယ်ကျစ်ရှု ဘယ်လိုလုပ်ပြီးဂရုမစိုက်ဘဲ
နေနိုင်မှာလဲ, ဟယ်ကျစ်ရှုကကျန်းဝမ်ရွီကို
ပဲ အမြဲတမ်းချစ်ခဲ့တဲ့သူလေ,ဟိုတုန်းကဖြစ်
ဖြစ်ခုဖြစ်ဖြစ်အတူတူပဲ၊ကျန်းဝမ်ရွီကသူ့ရဲ့
အချစ်ဦးပဲ၊သူ့ဘဝကိုတောင်ပေးလိုသူက
ထိုသူတစ်ယောက်တည်း၊ ကျန်းဝမ်ရွီ တစ် ယောက်တည်းကသာဟယ်ကျစ်ရှုရဲ့ နှလုံး သားထဲနေရာအပြည့်ယူထားသူဖြစ်တယ်။
တနေ့နေ့ တချိန်ချိန် သူ့ကို မေ့နိုင်ဖို့ ကြိုးစား
ခဲ့ပေမဲ့အဆုံးသတ်မှာတော့ သူဘယ်လိုမှဖျောက်ဖျက်လို့မရဘူး။ သူ့ကိုယ်သူပင်
နားမလည်နိုင်သည်အထိ ကျန်းဝမ်ရွီကို
သူချစ်မိတယ်။
သူ့နှလုံးသားထဲ၌ ထိန်းချုပ်လို့မရနိုင်တဲ့
အချစ်တွေကမီးတောက်တစ်ခုလိုတောက်လောင်နေတယ်။
"မင်းအဲ့ဒါကို ဘယ်လိုသိသွားတာလဲ?"
ကျန်းဝမ်ရွီ ပုံမှန်အခြေအနေပြန်ဖြစ်သွားပြီးနောက် အိုက်ကျိယွီကို မေးလိုက်တယ်၊
" သူများတွေ မမြင်နိုင်အောင်ငါ့ဘက်က
ထိန်း ချုပ်နိုင်ခဲ့တယ်လို့ငါထင်ခဲ့တာ"
အိုက်ကျိယွီ ကူကယ်ရာမဲ့စွာပင် ဟယ်ကျစ်ရှုကို တောင်ပြန်ကြည့်ဖို့မေ့သွားတယ်,
" မင်းနဲ့ မင်း ခင်ပွန်းတို့ကတစ်ပုံစံတည်းပဲ
သိလား?ခုလို အရူးမေးခွန်းမျိုးမေးတာကအစလာတူနေရလား?"
ဟယ်ကျစ်ရှုက ကျန်းဝမ်ရွီ ကိစ္စတွေကို သူဘာမှမသိကြောင်း ပခုံးတွန့်ပြပြီးနောက်ကူ ကယ်ရာမဲ့စွာခေါင်းခါပြလိုက်တယ်၊ကျေး
ဇူးပြုပြီးသူ့ရဲ့ရူးနှမ်းမှုတွေကို ငါ့ရဲ့ အသိ
ညာဏ်နဲ့ မရောထွေးသင့်ဘူးလေ။
အိုက်ကျိယွီ: " ငါက တူညီမေးခွန်းကို
ဒုတိယအကြိမ် ထပ်မဖြေချင်ဘူး၊ မင်း
ကလေတ ကယ်အရှက်မရှိဒီလောက်
သိသာနေတာကို ထိန်းချုပ်ထားခဲ့
ပါတယ်လို့ပြောရဲသေးတာလား?"
ကျန်းဝမ်ရွီ က တဟားဟားရယ်ပြီး ,
" အဲ့ဒါက မင်းပဲမြင်တာမလား?"
အိုက်ကျိယွီ : "....."IO 180ပြည့်သူတိုင်း
အကုန်မြင်နိုင်နေတာကို...။
" မင်း သတိမပြုမိလောက်ဘူးလို့ပဲ ငါကထင်တာ, ယောကျ်ားလေးနှစ်ယောက်ရဲ့ ရိုးရှင်းတဲ့ ခင်မင်မှု လို့ပဲ မင်းထင်မှာပဲလို့ငါတွေးမိတာ"
" မင်းက အဲ့လိုရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလား? ဒါဆိုလည်း မင်းရဲ့ခင်မင်မှု ကြီးက
အရမ်း ဖြူစင်ပါတယ်,ငါတကယ်ကြီး
မမြင်ခဲ့မိဘူး"
"မင်းက အတော်လေးသည်းခံနိုင်စွမ်း
မြင့်မားပုံပေါ်တယ်၊မင်း မမေးဘဲလည်း
အချိန်အတော်ကြာနေနိုင်တယ်,အဲ့လိုက
အရမ်းရှားတယ်"
"အဲ့လိုဖြစ်လာတာမင်းကြောင့်လေ,
သည်းခံနိုင်စွမ်းသာမရှိခဲ့ရင်မင်းတို့ကြောင့်နှလုံးဖောက်မှာတောင် ကြောက်ရတယ်"
အိုက်ကျိယွီက ခြေဆန့်လက်ဆန့်လုပ်ပြီး
နောက်ခုံအား ပေါ့ပါးစွာပစ်မှီလိုက်တယ်၊
အိုက်ကျိယွီ ရဲ့ခုလို ပုံစံကို မြင်တဲ့အခါ
ဟယ်ကျစ်ရှု က မေးလာတယ်,
" ဆရာအိုက်ကငါတို့ကားဟောင်းလေးနဲ့
အဆင်မပြေလောက်ဘူး, မင်းကိုလေယာဥ်
မစီးခိုင်းမိတာ မှားတာပဲ"
အိုက်ကျိယွီ ဘာမှမပြောဘူး, ဒါပေမဲ့
ဟယ်ကျစ်ရှုကို တချက်ကြည့်တယ်။
ဟယ်ကျစ်ရှု : "ပင်ပန်းပြီးအိပ်ချင်နေပြီ
မလား?"
အိုက်ကျိယွီ ခေါင်းညိတ်ပြတယ်။
ဟယ်ကျစ်ရှု က အိုက်ကျိယွီကိုကြည့်ပြီး ,
"ငါမင်းကိုတစ်ခုလောက်မေးချင်တယ်"
အိုက်ကျိယွီ မျက်လုံးတွေကို မှိတ်လိုက်ပြီးနောက်"မေးလေ'ဟုပြောလာတယ်၊
" မင်းက ငါတို့ထက် တစ်နှစ်စောတာကို
ဘာလို့ ငါတို့နဲ့ မှအတူဘွဲ့ယူတာလဲ?"
အိုက်ကျိယွီ နှုတ်ခမ်းလေး တွန့်ကွေးရုံသာ
ပြုံးရင်း,
" မင်းနဲ့ အတူ ဘွဲ့ယူချင်လို့လေ"
ဟယ်ကျစ်ရှု : "......'
ကျန်းဝမ်ရွီ တစ်ယောက်တည်ငြိမ်မှု ပျောက်ဆုံးစွာပဲ,
" မင်းဘာတွေ ပေါက်ကရလျှောက်ပြောနေတာလဲ, ငါ့ရှောင်ရှုလေးကိုသွေးမဆောင်နဲ့!
ငါမင်းကို ပြောမယ်!"
ဟယ်ကျစ်ရှု သဘောတူသည်ဖြစ်စေ
မတူသည်ဖြစ်စေကျန်းဝမ်ရွီ တစ်ယောက်
သူပိုင်ဆိုင်မှုအား ဒေါသမျက်နှာဖြင့်
ကာကွယ်ပြောဆိုလာလေတယ်။
အိုက်ကျိယွီ : "မင်းသာရှောင်ရှုအပေါ်မကောင်းရင်,ငါသူ့ကိုအဝေးကြီးခေါ်ထုတ်
သွားမှာ!!"
ကျန်းဝမ်ရွီ: " မင်းစိတ်ဓာတ်ကျသွားမှာ
ကိုပဲ ငါက စိုးရိမ်တာ!"
အိုက်ကျိယွီ ဟယ်ကျစ်ရှုကိုတချက်ကြည့်လိုက်ပြီး နဖူးလေးကို အသာအယာပုတ်
လိုက်တယ်၊
" ဆားစ်ကြောင့်သာမဟုတ်ရင် ကိုယ်ဘွဲ့ယူပြီးပြီ, ဒါပေမဲ့ တစ်နှစ်လောက်ပဲနှောင့်နှေးသွား
တာပါ, ဒါပေမဲ့ အဲ့ဒါကဆိုးတော့မဆိုးဘူး,
ဂျူနီယာလေးနဲ့ ဘွဲ့အတူယူရတာကအတွေ့ အကြုံကောင်းတစ်ခုပဲလေ,မင်းလိုဂျူနီယာချောချောလေးနဲ့ဆိုတော့ပြောစရာကိုမလိုတော့ဘူး"
"စကားကို အသေအချာအလေးအနက်
ပြောစမ်းပါ,ပြီးပြီးရောမပြောနဲ့"
အိုက်ကျိယွီ မျက်လုံးတွေမှိတ်ထားပြီး
ပြုံးလိုက်မိတယ်။
ဟယ်ကျစ်ရှု: " ဒါနဲ့ ဘေဂျင်းကိုရောအလုပ်သွားလုပ်မှာလား?"
ထိုမေးခွန်းကတော့ ဟယ်ကျစ်ရှု စိုးရိမ်စိတ်
ဖြင့် မေးခြင်းဖြစ်တယ်။
W2389❤❤
26.9.2022
....................................................................
[ Z ]
" မင္းတို႔ ငါ့ကို ေရာင္းစားမွာေတာ့
ေၾကာက္စရာမလိုဘူးမလား?"
" အဲ့ဒါေတာ့ေျပာမရဘူး"
က်န္းဝမ္႐ြီ ကားေမာင္းေနရင္းေနာက္ၾကည့္မွန္မွတဆင့္ အိုက္က်ိယြီ ကို ၾကည့္ကာေျပာလိုက္တယ္။
"ငါတို႔ သူငယ္ခ်င္းေလးအိုက္ကအရမ္းခန့္
တယ္ေလ,တေနရာရာမွာပစ္ခ်လိဳက္ရင္
ေကာင္မေလးေတြအတြက္ဟင္းလ်ာျဖစ္
သြားမယ္, ေနာက္ေတာ့မင္းကပန္းကန္ျပားထဲ
က ငါးတစ္ေကာင္လိုျဖစ္သြားၿပီးသူတို႔က
မင္းကို ဓားတစ္ေခ်ာင္းနဲ႕ စားသြားလိမ့္မယ္"
ဟယ္က်စ္ရႈက က်န္းဝမ္႐ႊီကို ေထာက္ခံေၾကာင္း
လက္မေလးေထာင္ျပတယ္။
"......."
အိုက္က်ိယြီက ေနာက္ၾကည့္မွန္ထဲမွ
က်န္းဝမ္႐ြီအား ေစ့ေစ့ျပန္ၾကည့္ၿပီး,
"ငါ့ကိုအ႐ူးလာမလုပ္နဲ႕!မင္းမွာအဲ့ဒီလို
မေကာင္းတဲ့အေတြးေတြရွိေနလို႔ ဒီႏွစ္
ေတြမွာတကိုယ္တည္းကုန္ဆုံးေနရတာ..
ျဖစ္သင့္တယ္"
ထို႔ေနာက္ သူက က်စ္ရႈကိုၾကည့္ၿပီး,
"ေရွာင္ရႈ , မင္းေျပာမင္းလိုဒီေလာက္ရိုးသားေအးေဆးတဲ့လူက က်န္းဝမ္႐ြီလိုအက်င့္မေကာင္းတဲ့ေကာင္ကို ဘယ္လိုလုပ္ခ်စ္သြားရတာလဲ,အဲဒါကေလ ေနာက္ေခ်း
မွာၾကာေပါက္သလိုပဲ၊ငါတို႔ ရဲ႕ေရွာင္ရႈေလးကို
အညစ္အေၾကးေတြေပေစတာပဲ"
ေျပာၿပီးၿပီးခ်င္း သူက က်စ္ရႈရဲ႕ ေမးေစ့ေလးကို
လက္ျဖင့္ကိုင္လိုက္ေသးတယ္။
က်န္းဝမ္႐ြီ ျပန္မေျပာနိုင္ေအာင္
ဟယ္က်စ္ရႈကိုသူေျပာလိုက္ျခင္းပင္။
ဟယ္က်စ္ရႈ :". ......."
ထို႔ေနာက္ ဟယ္က်စ္ရႈကလည္ေခ်ာင္းတခ်က္
ရွင္းၿပီး အေလးအနက္ေျပာလာတယ္၊
" ငါဘယ္ႏွစ္ခါရွိၿပီလဲေျပာတာ,သူကငါ့ကို
တဖက္သတ္ႀကိဳက္ေနတာ,ငါကလည္းအဲ့လို
ဆြဲေဆာင္မႈရွိတဲ့သူေလ"
ဟယ္က်စ္ရႈ တစ္ေယာက္အေၾကာင္းရင္း
မရွိဘဲ ဘဝင္ျမင့္ေနလိုက္ေသးတယ္။
" ငါ့လိုးတဲ့မွ!"
က်န္းဝမ္႐ြီစတီယာရင္ကိုပုတ္လိုက္တယ္၊
သူအသံက်ယ္သြားတာကိုျပန္သတိထားမိၿပီး
အနည္းငယ္အံ့အားသင့္သြားတယ္၊သူက
အိုက္က်ိယြီကိုျပန္လွည့္ၾကည့္ၿပီးေနာက္
ေျပာလာတယ္၊
" မင္းသိၿပီးသားလား?"
အိုက္က်ိယြီ တစ္ေယာက္ က်န္းဝမ္႐ြီရဲ႕
႐ုတ္တရက္အေမးေၾကာင့္ ရႈပ္ေထြးသြား
လ်က္္ ေမးလိုက္တယ္။
"ငါကဘာကို သိရမွာလဲ?"
"ငါနဲ႕ေရွာင္ရႈ ရဲ႕ အေၾကာင္းေလ"
က်န္းဝမ္႐ြီ သူ႕ရဲ႕ အံ့အားသင့္မႈကိုထိန္းခ်ဳပ္ၿပီးတဖက္သို႔အျမန္လွည့္ရင္းေျပာလာတယ္။
အိုက္က်ိယြီ တစ္ေယာက္အားကိုးရာမဲ့စြာ
ျဖင့္ ,
" မင္းတို႔ႏွစ္ေယာက္က အျခားသူေတြနဲ႕ယွဥ္ရင္
အေတာ္ေလးကို မ်က္စိမေကာင္းဘူးေနာ္, ေရွာင္ရႈက
ပိုေတာင္ဆိုးေသးတယ္, မင္းတို႔ႏွစ္ေယာက္ကို ငါေလး
ႏွစ္ေလာက္မ်က္စိေရွ႕မွာထားလာခဲ့တာမဟုတ္လား?
ငါ့ အိုင္ၾကဴက နိမ့္ေနရင္ေတာင္အဲ့ဒါကိုငါျမင္နိုင္ေသး
တယ္"
က်န္းဝမ္႐ြီ ကို သူခဏမွ်ၾကည့္ၿပီးတဲ့
ေနာက္ထိုႏွစ္ေယာက္အားအားမရစြာျဖင့္
ရွိေနလ်က္ဆက္ေျပာလိုက္တယ္။
" ငါမင္းကို မၾကာခဏလည္း ေျပာခဲ့ဖူးတယ္,
ခ်စ္ျခင္းေမတၱာကိုေဖာ္ျပတာကလည္းအခြင့္
အေရးတစ္ခုမလား?"
အိုက္က်ိယြီ ေျပာတာကို ၾကားရတဲ့အခါမွ
က်န္းဝမ္႐ြီ သေဘာေပါက္သြားတယ္,
" ဒါဆို မင္းလည္းသိေနတာပဲ, အရင္က
မင္းေနာက္ေနတာလို႔ငါထင္ေနတာ"
က်န္းဝမ္႐ြီ မခ်င့္မရဲေလး ၿပဳံးရင္းရယ္လိုက္မိတယ္။
အိုက္က်ိယြီက ရယ္ေမာရင္း ,
" တာ့ေကာ, ဒါကေနာက္စရာမွမဟုတ္တာ"
"သိတာလည္းေကာင္းပါတယ္, ငါက
ေယာက်္ားေတြကိုႀကိဳက္တယ္, ဟယ္က်စ္ရႈ
တစ္ေယာက္တည္းကိုပဲႀကိဳက္တယ္"
က်န္းဝမ္႐ြီ ကားေမာင္းရင္း သူ႕သေဘာထား
အမွန္အားေလးနက္တည္ၾကည္စြာျဖင့္ ေျပာလာတယ္။
ဒါေပမဲ့ အိုက္က်ိယြီ အျမင္မွာေတာ့ ,
က်န္းဝမ္႐ြီကအ႐ူးတစ္ေယာက္ပင္,
"စကားကိုအကုန္မေျပာစမ္းနဲ႕,လူငယ္သဘာဝခ်စ္မိၾက
ရင္သစၥာေတြျပဳၿပီးစကားေတြအဆုံးထိ ေျပာၾကတယ္,
အဲ့ေတာ့ဘာျဖစ္လဲ? ဘာေတြမ်ားလုပ္နိုင္မွာလဲ?ၾကက္
စြပ္ျပဳတ္ကလည္း စြပ္ျပဳတ္ပဲ၊လူေတြကစကားေတြကို
လြယ္လြယ္ေျပာၾကတယ္,ယုံတဲ့သူေတြကလည္းယုံၾက
တယ္,သူ႕ဘာသာေတာ့ဟုတ္ေနတာပဲ"
က်န္းဝမ္႐ြီ အခ်ိန္အၾကာႀကီး တိတ္ဆိတ္ေနတယ္၊
အိုက္က်ိယြီ ေျပာတဲ့ စကားေတြကလုံးဝမမွားေၾကာင္းကို သူခံစားမိတယ္၊အတိတ္က,ဟယ္က်စ္ရႈကို ခုလိုမ်ိဳးစကားခ်ိဳခ်ိဳေတြသူအမ်ားႀကီး ေျပာခဲ့ၿပီးကတိသစၥာေတြ
လည္း ေပးခဲ့ဖူးတယ္။
အဲ့ဒီအခ်ိန္တုန္းကေတာ့ ကမၻာႀကီးပင္ ကြဲအက္မတတ္ဟာသပမာျဖစ္ခဲ့ၿပီးေနာက္ပိုင္းသူလုပ္ခဲ့တာေတြနဲ႕
သူ႕စကားေတြကအရက္သမားပါးစပ္ကထြက္တဲ့
ေပါက္ကရစကားေတြအျဖစ္သာရွိခဲ့တယ္။
က်န္းဝမ္႐ြီ ႏႈတ္ခမ္းေထာင့္ေလးေတြပင္ေကြးၫြတ္သြား
ရင္းအေလးအနက္တည္ၿငိမ္စြာပင္ဟယ္က်စ္ရႈ
အားေနာက္ၾကည့္မွန္ထဲမွတဆင့္ ခ်စ္ျမတ္နိုးျခင္း
မ်ားစြာျဖင့္ၾကည့္ကာ,
"အဲ့ဒါကလူငယ္ေတြမို႔ပါ,ငါကေတာ့က်ိန္းေသ
အဲ့လိုမဟုတ္ဘူး၊ငါကဆုံးရႈံးျခင္းဆိုတာကို
သိတယ္,နာက်င္ျခင္းကိုလည္း ခံစားဖူးတယ္,
ခုလိုအခ်ိန္မွာ,ငါကေရွာင္ရႈ တစ္ေယာက္တည္း
ကိုပဲလိုခ်င္တယ္, ဘယ္လိုပဲျဖစ္ျဖစ္, သူ႕ကို ျမင္ေနရ
တာေလးနဲ႕လည္း အဆင္ေျပတယ္"
ထိုစကားေတြကို ေျပာၿပီးတဲ့ေနာက္က်န္းဝမ္႐ြီ
ရဲ႕ မ်က္လုံးေတြ ရဲတက္လာၿပီးဟယ္က်စ္ရႈကို ၾကည့္ေနရာမွလမ္းဘက္သို႔ ျပန္လွည့္သြားတယ္။
အိုက္က်ိယြီ: "......"
အိုက္က်ိယြီ အခ်ိန္အေတာ္ၾကာသည္အထိ
အံ့အားသင့္ေနလ်က္ ဘာမွထပ္မေျပာဝံ့ေတာ့
သည္မို႔ က်န္းဝမ္႐ြီရဲ႕႐ုတ္တရက္ဖြင့္ဟဝန္ခံမႈကိုသာ
တိတ္တဆိတ္ေလးနားေထာင္ေပးလိုက္တယ္၊ထိုသို႔
႐ုတ္ျခည္းအဆုံးသတ္သြားခ်ိန္ အိုက္က်ိယြီကလက္
ခုပ္တီးကာ"ေျပာတာေကာင္းတယ္!"ဟု ေထာက္ခံေပး
လိုက္တယ္။
ဒီလို အဓိပၸာယ္မရွိတာေတြဘဲေျပာေနမွာလား?
အိုက္က်ိယြီ အနည္းငယ္ေၾကကြဲလာၿပီ,
"မင္း အသက္အ႐ြယ္နဲ႕ တကၠသိုလ္က
ဆယ္ေက်ာ္သက္အ႐ြယ္အင္နိုးစန့္ေလး
ေတြကိုလိုက္ရတာခက္မွာေပါ့...."
ထို႔ေနာက္ႏႈတ္ခမ္းစူကာေဘာက္ဆတ္ဆတ္ျဖင့္
ေျပာလာတယ္,
"ဒီေနရာမွာလာၿပီး ဟန္ေဆာင္ျပမေနနဲ႕,
လူငယ္လိုပဲေနစမ္းပါ, မသိရင္မင္းက
အသက္80အဘိုးႀကီး က်ေနတာပဲ,
မင္းဘာလို႔ ေဟာလိဝုဒ္ကို မသြားတာလဲ?
ဒီေနရာမွာဆိုမင္း မေအာင္ျမင္နိုင္ဘူး"
က်န္းဝမ္႐ြီ: " အခ်ိန္က အရာအားလုံးကို
သက္ေသျပလိမ့္မယ္...."
က်န္းဝမ္႐ြီ အိုက္က်ိယြီ ကို ဘာမွထပ္မေျပာခ်င္ေတာ့ဘူး၊ အိုက္်ိယြီကိုေျပာရင္လည္း နားေထာင္ေနသူအတြက္ၾကားဖူးၿပီးသားေတြပဲျဖစ္လိမ့္မယ္၊ မယုံၾကည္သူေတြကလည္း
ဒါကို ဟာသအျဖစ္သာမွတ္ယူၾကလိမ့္မယ္။
ဟယ္က်စ္ရႈဘက္မွထိုစကားေတြကို
ဟာသတစ္ခု အေနနဲ႕ မခံယူပါက
က်န္းဝမ္႐ြီ အဆင္ေျပတယ္။
ဟယ္က်စ္ရႈက သူတို႔ႏွစ္ေယာက္ၾကားေျပာဆိုမႈကိုမည္
သည့္မွတ္ခ်က္တစ္စုံတရာမွမေပးခဲ့ေပမဲ့ က်န္းဝမ္႐ြီေျပာတာကို နားေထာင္ၿပီး ၿငိမ္သက္ေနတယ္၊က်စ္ရႈ မ်က္ႏွာက တည္ၿငိမ္ေအးေဆးဟန္ ရွိေနေပမဲ့သူ႕ႏွလုံး သားထဲ၌မူခဏတာမွ်ခါးသီးမႈ၊ဝမ္းနည္းမႈ တို႔ ျဖစ္ေပၚလာတယ္၊၊သို
႔ေပမဲ့ထိုရႈပ္ေထြးေသာခံစားခ်က္တို႔ ေက်ာ္လြန္ခဲ့ၿပီးေနာက္သူ႕ စိတ္ထဲ ၌ နားမလည္နိုင္ေသာ ခ်ိဳၿမိန္မႈနဲ႕ေႏြွးေထြးမႈ တို႔ ကို လည္းခံစားမိေနတယ္။က်န္းဝမ္႐ြီ ထပ္ေျပာလာ
မယ့္စကားေတြကိုလည္း ေမွ်ာ္လင့္ ေစာင့္စားေနမိတယ္။
ဟယ္က်စ္ရႈ ဘယ္လိုလုပ္ၿပီးဂ႐ုမစိုက္ဘဲ
ေနနိုင္မွာလဲ, ဟယ္က်စ္ရႈကက်န္းဝမ္႐ြီကို
ပဲ အၿမဲတမ္းခ်စ္ခဲ့တဲ့သူေလ,ဟိုတုန္းကျဖစ္
ျဖစ္ခုျဖစ္ျဖစ္အတူတူပဲ၊က်န္းဝမ္႐ြီကသူ႕ရဲ႕
အခ်စ္ဦးပဲ၊သူ႕ဘဝကိုေတာင္ေပးလိုသူက
ထိုသူတစ္ေယာက္တည္း၊ က်န္းဝမ္႐ြီ တစ္
ေယာက္တည္းကသာဟယ္က်စ္ရႈရဲ႕ ႏွလုံး
သားထဲေနရာအျပည့္ယူထားသူျဖစ္တယ္။
တေန႕ေန႕ တခ်ိန္ခ်ိန္ သူ႕ကို ေမ့နိုင္ဖို႔ ႀကိဳးစား
ခဲ့ေပမဲ့အဆုံးသတ္မွာေတာ့ သူဘယ္လို
မွေဖ်ာက္ဖ်က္လို႔မရဘူး။ သူ႕ကိုယ္သူပင္
နားမလည္နိုင္သည္အထိ က်န္းဝမ္႐ြီကို
သူခ်စ္မိတယ္။
သူ႕ႏွလုံးသားထဲ၌ ထိန္းခ်ဳပ္လို႔မရနိုင္တဲ့ အခ်စ္ေတြ
ကမီးေတာက္တစ္ခုလိုေတာက္ေလာင္ေနတယ္။
"မင္းအဲ့ဒါကို ဘယ္လိုသိသြားတာလဲ?"
က်န္းဝမ္႐ြီ ပုံမွန္အေျခအေနျပန္ျဖစ္သြားၿပီးေနာက္
အိုက္က်ိယြီကို ေမးလိုက္တယ္၊
" သူမ်ားေတြ မျမင္နိုင္ေအာင္ငါ့ဘက္က
ထိန္း ခ်ဳပ္နိုင္ခဲ့တယ္လို႔ငါထင္ခဲ့တာ"
အိုက္က်ိယြီ ကူကယ္ရာမဲ့စြာပင္ ဟယ္က်စ္ရႈကို
ေတာင္ျပန္ၾကည့္ဖို႔ေမ့သြားတယ္,
" မင္းနဲ႕ မင္း ခင္ပြန္းတို႔ကတစ္ပုံစံတည္းပဲ
သိလား?ခုလို အ႐ူးေမးခြန္းမ်ိဳးေမးတာက
အစလာတူေနရလား?"
ဟယ္က်စ္ရႈက က်န္းဝမ္႐ြီ ကိစၥေတြကို သူဘာမွမသိေၾကာင္း ပခုံးတြန့္ျပၿပီးေနာက္ကူ ကယ္ရာမဲ့စြာေခါင္းခါျပလိုက္တယ္၊ေက်း ဇူးျပဳၿပီးသူ႕ရဲ႕႐ူးႏွမ္းမႈေတြကို ငါ့ရဲ႕ အသိညာဏ္နဲ႕ မေရာေထြးသင့္ဘူးေလ။
အိုက္က်ိယြီ: " ငါက တူညီေမးခြန္းကို
ဒုတိယအႀကိမ္ ထပ္မေျဖခ်င္ဘူး၊ မင္း
ကေလတ ကယ္အရွက္မရွိဒီေလာက္
သိသာေနတာကို ထိန္းခ်ဳပ္ထားခဲ့
ပါတယ္လို႔ေျပာရဲေသးတာလား?"
က်န္းဝမ္႐ြီ က တဟားဟားရယ္ၿပီး ,
" အဲ့ဒါက မင္းပဲျမင္တာမလား?"
အိုက္က်ိယြီ : "....."IO 180ျပည့္သူတိုင္း
အကုန္ျမင္နိုင္ေနတာကို...။
" မင္း သတိမျပဳမိေလာက္ဘူးလို႔ပဲ ငါကထင္တာ,
ေယာက်္ားေလးႏွစ္ေယာက္ရဲ႕ ရိုးရွင္းတဲ့ ခင္မင္မႈ
လို႔ပဲ မင္းထင္မွာပဲလို႔ငါေတြးမိတာ"
" မင္းက အဲ့လိုရည္႐ြယ္ခ်က္နဲ႕ လုပ္ခဲ့တာ
လား? ဒါဆိုလည္း မင္းရဲ႕ခင္မင္မႈ ႀကီးက
အရမ္း ျဖဴစင္ပါတယ္,ငါတကယ္ႀကီး
မျမင္ခဲ့မိဘူး"
"မင္းက အေတာ္ေလးသည္းခံနိုင္စြမ္း
ျမင့္မားပုံေပၚတယ္၊မင္း မေမးဘဲလည္း
အခ်ိန္အေတာ္ၾကာေနနိုင္တယ္,အဲ့လိုက
အရမ္းရွားတယ္"
"အဲ့လိုျဖစ္လာတာမင္းေၾကာင့္ေလ,
သည္းခံနိုင္စြမ္းသာမရွိခဲ့ရင္မင္းတို႔ေၾကာင့္
ႏွလုံးေဖာက္မွာေတာင္ ေၾကာက္ရတယ္"
အိုက္က်ိယြီက ေျခဆန့္လက္ဆန့္လုပ္ၿပီး
ေနာက္ခုံအား ေပါ့ပါးစြာပစ္မွီလိုက္တယ္၊
အိုက္က်ိယြီ ရဲ႕ခုလို ပုံစံကို ျမင္တဲ့အခါ
ဟယ္က်စ္ရႈ က ေမးလာတယ္,
" ဆရာအိုက္ကငါတို႔ကားေဟာင္းေလးနဲ႕
အဆင္မေျပေလာက္ဘူး, မင္းကိုေလယာဥ္
မစီးခိုင္းမိတာ မွားတာပဲ"
အိုက္က်ိယြီ ဘာမွမေျပာဘူး, ဒါေပမဲ့
ဟယ္က်စ္ရႈကို တခ်က္ၾကည့္တယ္။
ဟယ္က်စ္ရႈ : "ပင္ပန္းၿပီးအိပ္ခ်င္ေနၿပီ
မလား?"
အိုက္က်ိယြီ ေခါင္းညိတ္ျပတယ္။
ဟယ္က်စ္ရႈ က အိုက္က်ိယြီကိုၾကည့္ၿပီး ,
"ငါမင္းကိုတစ္ခုေလာက္ေမးခ်င္တယ္"
အိုက္က်ိယြီ မ်က္လုံးေတြကို မွိတ္လိုက္ၿပီးေနာက္
"ေမးေလ'ဟုေျပာလာတယ္၊
" မင္းက ငါတို႔ထက္ တစ္ႏွစ္ေစာတာကို
ဘာလို႔ ငါတို႔နဲ႕ မွအတူဘြဲ႕ယူတာလဲ?"
အိုက္က်ိယြီ ႏႈတ္ခမ္းေလး တြန့္ေကြး႐ုံသာ
ၿပဳံးရင္း,
" မင္းနဲ႕ အတူ ဘြဲ႕ယူခ်င္လို႔ေလ"
ဟယ္က်စ္ရႈ : "......'
က်န္းဝမ္႐ြီ တစ္ေယာက္တည္ၿငိမ္မႈ ေပ်ာက္ဆုံးစြာပဲ,
" မင္းဘာေတြ ေပါက္ကရေလွ်ာက္ေျပာေနတာလဲ,
ငါ့ေရွာင္ရႈေလးကိုေသြးမေဆာင္နဲ႕!ငါမင္းကို ေျပာမယ္!"
ဟယ္က်စ္ရႈ သေဘာတူသည္ျဖစ္ေစ
မတူသည္ျဖစ္ေစက်န္းဝမ္႐ြီ တစ္ေယာက္
သူပိုင္ဆိုင္မႈအား ေဒါသမ်က္ႏွာျဖင့္
ကာကြယ္ေျပာဆိုလာေလတယ္။
အိုက္က်ိယြီ : "မင္းသာေရွာင္ရႈအေပၚမေကာင္းရင္,
ငါသူ႕ကိုအေဝးႀကီးေခၚထုတ္သြားမွာ!!"
က်န္းဝမ္႐ြီ: " မင္းစိတ္ဓာတ္က်သြားမွာ
ကိုပဲ ငါက စိုးရိမ္တာ!"
အိုက္က်ိယြီ ဟယ္က်စ္ရႈကိုတခ်က္ၾကည့္လိုက္ၿပီး
နဖူးေလးကို အသာအယာပုတ္
လိုက္တယ္၊
" ဆားစ္ေၾကာင့္သာမဟုတ္ရင္ ကိုယ္ဘြဲ႕
ယူၿပီးၿပီ, ဒါေပမဲ့ တစ္ႏွစ္ေလာက္ပဲေႏွာင့္ေႏွးသြား
တာပါ, ဒါေပမဲ့ အဲ့ဒါကဆိုးေတာ့မဆိုးဘူး,
ဂ်ဴနီယာေလးနဲ႕ ဘြဲ႕အတူယူရတာကအေတြ႕
အႀကဳံေကာင္းတစ္ခုပဲေလ,မင္းလိုဂ်ဴနီယာ
ေခ်ာေခ်ာေလးနဲ႕ဆိုေတာ့ေျပာစရာကိုမလိုေတာ့ဘူး"
"စကားကို အေသအခ်ာအေလးအနက္
ေျပာစမ္းပါ,ၿပီးၿပီးေရာမေျပာနဲ႕"
အိုက္က်ိယြီ မ်က္လုံးေတြမွိတ္ထားၿပီး
ၿပဳံးလိုက္မိတယ္။
ဟယ္က်စ္ရႈ: " ဒါနဲ႕ ေဘဂ်င္းကိုေရာအလုပ္သြားလုပ္မွာလား?"
ထိုေမးခြန္းကေတာ့ ဟယ္က်စ္ရႈ စိုးရိမ္စိတ္
ျဖင့္ ေမးျခင္းျဖစ္တယ္။
W2389❤❤
26.9.2022
....................................................................