ကျွန်တော့်ချစ်သူ ဆိုးပေလေး

By khingwinhtet

18K 1.4K 96

စိတ်ကူးပေါက်ရာထရေးလိုက်တာမို့ ဖတ်ချင်မှဖတ်ကြပါနော်.(as you like😉) More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 27

Part 26

367 34 0
By khingwinhtet

Unicode

xzအိမ်တွင်ရှိသည့်အချိန် ပုံမှန်ဆိုပါကဆူညံပွက်လောရိုက်လို့နေမှာအမှန်ပဲ။ ဒါပေမဲ့အခုချိန်မှာတော့သူ့တည်ရှိမှုကိုသူ့မားစိတ်အနှောက်အယှက်မဖြစ်အောင်နေနေရသည်လေ။
မီးဖိုချောင်ထဲမှာဟင်းချက်နေတဲ့သူ့ပါးဆီထသွားလိုက်တယ်။
ပီးတော့တိုးတိုးလေးပဲပြောလိုက်တယ်။

'' အိုက်ယားး ပါပါးဘာဟင်းတွေချက်နေတာလဲ မွှေးနေတာပဲ ဗိုက်တောင်ဆာလာပီ ဟီးဟီး ''

ရှောင်းပါးကအနောက်ကိုလှည့်လာပီးသူ့သားခေါင်းလေးကိုခေါက်လိုက်တယ်။

'' စပ်ဖြဲဖြဲလုပ်မနေနဲ့ မင်းမားကြားသွားရင်ပါးတို့နှစ်ယောက်လုံးမလွယ်ဘူး တိတ်တိတ်လေးနေစမ်း ''

xzကနာသွားတဲ့ခေါင်းလေးကိုအသာပွတ်လိုက်တယ်။ အခုအခြေနေကအရမ်းတင်းမာနေတယ် သူမနေ့ကပဲဘွဲ့ရခဲ့ပီးပီ။ ဘွဲ့အခမ်းအနားပီးလို့အိမ်ပြန်ရောက်တာနဲ့ သူမျက်လုံးစုံမှိတ်ပီးybနဲ့သူတို့အကြောင်းကိုဝန်ခံခဲ့တယ်။
မားကသူ့ကိုမျက်လုံးကြီးပြူးကြည့်နေပီးခဏကြာတော့ပြောတယ်။

'' ရှောင်းကျန့် စနောက်တယ်ဆိုတာတော်ရုံပဲလေ သွားသွား အဓိပ္ပါယ်မရှိတာတွေပြောမနေဘဲအပေါ်တက်တော့ ''

သူ့ပါးကတော့ဘာမှဝင်မပြောဘူး။

'' သားမနောက်ဘူးမား အဲ့တာကအတည်ပြောနေတာ သား...သားနဲ့ရိပေါ်တို့တွဲနေကြတယ် ''

ဖြန်း!

သူ့ပါးတစ်ဖက်ပူထူသွားတယ်။ ဒါပေမဲ့လဲxzကစောဒကမတက်ရဲဘူး ကျန်တဲ့တစ်ဖက်ကိုပါထိုးပေးလိုက်တယ်။

'' ထပ်ရိုက်ချင်လဲရတယ်မား မားစိတ်ဆိုးမယ်ဆိုတာသားသိတယ် ဒါပေမဲ့လဲမားတို့ကိုသားမကွယ်ဝှက်ထားချင်တော့လို့ပါ မားစိတ်ဆိုးပြေတဲ့အထိရိုက်ပါ ကျွန်တော်ခံပါ့မယ် ''

သူပြောပီးတဲ့အချိန်မှာ သူ့မားကငိုလာခဲ့တယ်။ ပီးတာနဲ့သူ့ကိုစကားတစ်ခွန်းမှမပြောတော့ဘဲအခန်းထဲဝင်သွားခဲ့တယ်။

သူ့ပါးကတော့သက်ပြင်းတွေအကြိမ်ကြိမ်ချပီးနောက်မှာ သူ့လက်မောင်းကိုကိုင်ပီး ပုခုံးလေးကိုနှစ်ချက်ပုတ်ပေးကာသူ့မိန်းမနောက်ကိုလိုက်သွားခဲ့တယ်။

အခုနောက်နေ့မနက်ရောက်တော့သူ့မားကအခန်းပြင်ထွက်မလာဘူး။ သူ့ပါးကပဲဟင်းတွေဝင်ချက်နေတယ်။
သူ့မားကသူ့ကိုအကြာကြီးစိတ်ဆိုးမှာတော့သူကြောက်မိသား။

'' အဲ့မှာရပ်ပီးဘာလုပ်နေလဲ ဒီမှာခဏလာထိုင် ''

ပါးကသူ့ကိုပြောလာတာကြောင့်သူကုပ်ကုပ်လေးဝင်ထိုင်လိုက်တယ်။
ပါးကအခုချိန်ထိဘာမှပြောမလာသေးတာမို့ သူ့တို့ကိုလက်ခံလားလက်မခံဘူးလားဆိုသေချာမသိသေးဘူး။
သူထိုင်ခုံမှာဝင်ထိုင်တော့ပါးကစကားမဆိုဘဲ သူ့မျက်နှာကိုစိုက်ကြည့်နေတာမို့ xzမှာနေရခက်လာတယ်။ ငယ်ငယ်ကတည်းကပါးကနေ့တိုင်းအလုပ်သွားပီးမိုးချုပ်မှပြန်လာတာမို့ သူ့မားနဲ့ပဲအတူနေရတာများတယ်။ ပါးရဲ့စိတ်ကိုသူမခန့်မှန်းနိုင်ဘူး။

'' ပါးကသားကိုဆူမလို့လားဟင်? ဒါမှမဟုတ်လို့ရိုက်ချင်ရင်လဲရပါတယ် သားအပြစ်ကိုသားသိတယ် ''

'' ဒီမှာငါ့သား အခုသားကသားအပြစ်ကိုသိတယ်ဆိုတော့ သားတို့ချစ်ကြိုက်မိတာကိုအပြစ်ရှိတယ် နောက်ပီးယောက်ျားလေးတစ်ယောက်ကိုသဘောကျမိလို့အပြစ်ရှိတယ် ဒါကိုဆိုလိုချင်တာလား ''

'' ဟင့်အင်း မဟုတ်ဘူးပါး သားကပါးတို့စိတ်ဆိုးစေအောင်လုပ်မိလို့သားအပြစ်ကိုသိတယ်လို့ပြောတာပါ သားက..သားသဘောကျတဲ့သူကယောက်ျားလေးတစ်ယောက်ဖြစ်နေရုံပါပဲ အဲ့တာကအပြစ်မှမဟုတ်တာကို..''

ပါးကသဘောကျသလိုခပ်ပြုံးပြုံးလုပ်ကာ ခေါင်းညိတ်ပြတယ်။

'' ပါးအတွက်လက်ခံဖို့ခက်ခဲပေမဲ့လက်မခံတာလဲမဟုတ်ဘူး ကိုယ့်သားကဒီလိုဂေးတစ်ယောက်ဖြစ်နေလို့ပါးတို့ကပြစ်ပယ်လိုက်ရင်.. ...ကလေးတစ်ယောက်အတွက်စိတ်ဒဏ်ရာပေးသလိုဖြစ်သွားလိမ့်မယ် ဒါကြောင့်ပတ်ဝန်းကျင်ကဘယ်လိုပဲပြောပြော သားတို့ကိုယ်တိုင်တောင်ဂရုမစိုက်မှတော့ ပါးတို့လဲဘယ်သူ့ဂရုစိုက်ရမှာလဲ!
မင်းမားကလဲသွေးပူနေတုန်းမို့ပါ သူမကြာခင်စိတ်ဆိုးပြေသွားလိမ့်မယ် ဘာမှစိတ်ညစ်မနေနဲ့ ငါ့သားပြုံးနေတာကိုပဲပါးကမြင်ချင်တာ ''

xzကပါးရဲ့စကားတွေကြောင့်မျက်ရည်တွေကျလာပီးရှိုက်ကြီးတငင်ငိုကာ သူ့ပါးကိုထပြေးပီးဖက်ထားလိုက်တယ်။

'' ကျေးဇူးတင်ပါတယ်ပါး ဟင့်! ''

'' ဟားဟား မင်းကကလေးလဲမဟုတ်ဘဲနဲ့ကွာ! ပြန်ထိုင်ပီးစားစရာရှိတာစား မျက်ရည်တွေလဲသုတ်တော့! ပီးရင်ပါးတစ်ခြမ်းယောင်နေတာကိုသက်သာအောင်လုပ်ကြားလား ဟားး မင်းမားကလက်သံတော့ပြောင်သား! ''

ရှောင်းမားကမီးဖိုချောင်တံခါးအကွယ်ကနေချောင်းကြည့်ကာတိတ်တဆိတ်ထပ်ငိုပြန်တယ်။

မနေ့ကသူရိုက်တာအရမ်းနာသွားမှာပဲ! သူ့သားရဲ့ပါးမှာလက်ဝါးရာကြီးကထင်းလို့!

တစ်ညစဥ်းစားပီးနောက်မှာမနေ့ကလောက်တော့သူစိတ်မဆိုးတော့ဘူး။ အကုန်လုံးကဖြစ်လာခဲ့ပီးပီလေလက်ခံနိုင်အောင်ပဲကြိုးစားရမှာပေါ့။ လောလောဆယ်တော့ဒင်းလေးကိုပစ်ထားပစ်လိုက်အုံးမယ်။

xzအခန်းထဲပြန်​ရောက်တော့ybဆီကvideo callဝင်လာတာမို့သူချပစ်လိုက်ပီးရိုးရိုးဖုန်းပဲပြန်ခေါ်လိုက်တယ်။

ybရဲ့အသံသြသြကထွက်ပေါ်လာတယ်။

'' အခန်းထဲမှာလား? video callကိုင်မရဘူးလား? ''

'' အင်း အခန်းထဲမှာ...ဖုန်းပဲပြောရအောင်ကွာ ''

ybကသူ့ခန့်မှန်းချက်အတိုင်းမေးလိုက်တယ်။

'' အရိုက်ခံရတာလား ''

xzကချွဲချွဲလေးပြောလိုက်တယ်။

'' ဟင့် ဟုတ်တယ်! မနေ့ကမားကတော်တော်စိတ်ဆိုးသွားတာလေ အခုငါ့မျက်နှာမှာလက်ဝါးရာကြီးမှအကြီးကြီးပဲ! ''

xzကတစ်ဖက်မှybရဲ့သက်ပြင်းချသံအကြီးကြီးကိုကြားလိုက်ရတယ်။

'' အိုက်ယားးး ဒါကဖြစ်သင့်တာပဲလေ ဘာမှစိတ်ပူမနေနဲ့ အခြေနေကအရမ်းအဆိုးကြီးမဟုတ်ပါဘူး ဒါပေမဲ့လတ်တလောတော့ငါတို့တွေ့လို့မရသေးဘူး မားရှေ့မှာအနေထိုင်ဆင်​ခြင်ရမှာ! ''

ybကအခုxzတို့အိမ်နားမှာရောက်နေတာ။ ပေတိုးလေးရဲ့အခန်းရှိရာဆီတစ်ချက်ကြည့်ပီးသူ့မျက်လုံးတွေကိုအောက်စိုက်လိုက်တယ်။

ဒါဆိုသူနေ့တိုင်းဒီကိုလာနေရမဲ့ပုံပဲ!

ဘွဲ့ကလဲယူပီးသွားကြပီဆိုတော့ကျောင်းသားဘဝလိုမဟုတ်တော့ဘူးလေ။အတူတူနေချင်ရင်တောင်သူတို့အတည်တကျလက်ထပ်ပီးမှပဲဖြစ်နိုင်လိမ့်မယ်။ အိမ်မှာသူ့ဆိုးပေလေးတစ်ရက်မရှိတာတောင်သူ့မှာအိပ်မရပြုမရအခြေနေတွေဆိုးနေတာ။ ဒါကိုထုတ်ဖော်မပြောချင်လို့သာနေနေရတာ။

xzမိဘတွေရဲ့ခွင့်ပြုချက်ရတာနဲ့ အတူနေနိုင်ဖို့သူလုပ်တော့မှာ။

'' အင်း ဂရုစိုက်အုံး ''

xzကတစ်ဖက်ကမမြင်နိုင်သော်လဲနှုတ်ခမ်းလေးဆူထော်လိုက်မိတယ်။

'' ပေါင်ပေ့လေးကိုလွမ်းနေရတော့မှာပဲ! မင်းလဲဂရုစိုက်နော် ငါအိမ်မှာမရှိတဲ့အချိန်ဖောက်ပြန်မယ်မစဥ်းစားနဲ့! မဟုတ်ရင်မင်းညီလေးကိုငါကနှုတ်နှုတ်စင်းပစ်မှာ သိတယ်မလား! ''

'' အင်း ''

ပီးတာနဲ့သူတို့ဖုန်းခေါ်ဆိုမှုကိုအဆုံးသတ်လိုက်ကြတယ်။
xzသိတယ်။ ybကစကားအများကြီးမပြောတော့ကတည်းကသူ့ကောင်လေးကစိတ်မကောင်းဖြစ်နေပီဆိုတာ။
သူ့ကိုပေါင်ပေ့လို့ခေါ်တာကိုတောင်စိတ်မဆိုးတော့ဘူးလေ။

#September25 9:12PM

Zawgyi

xzအိမ္တြင္ရွိသည့္အခ်ိန္ ပုံမွန္ဆိုပါကဆူညံပြက္ေလာရိုက္လို႔ေနမွာအမွန္ပဲ။ ဒါေပမဲ့အခုခ်ိန္မွာေတာ့သူ႕တည္ရွိမႈကိုသူ႕မားစိတ္အႏွောက္အယွက္မျဖစ္ေအာင္ေနေနရသည္ေလ။
မီးဖိုေခ်ာင္ထဲမွာဟင္းခ်က္ေနတဲ့သူ႕ပါးဆီထသြားလိုက္တယ္။
ပီးေတာ့တိုးတိုးေလးပဲေျပာလိုက္တယ္။

'' အိုက္ယားး ပါပါးဘာဟင္းေတြခ်က္ေနတာလဲ ေမႊးေနတာပဲ ဗိုက္ေတာင္ဆာလာပီ ဟီးဟီး ''

ေရွာင္းပါးကအေနာက္ကိုလွည့္လာပီးသူ႕သားေခါင္းေလးကိုေခါက္လိုက္တယ္။

'' စပ္ၿဖဲၿဖဲလုပ္မေနနဲ႕ မင္းမားၾကားသြားရင္ပါးတို႔ႏွစ္ေယာက္လုံးမလြယ္ဘူး တိတ္တိတ္ေလးေနစမ္း ''

xzကနာသြားတဲ့ေခါင္းေလးကိုအသာပြတ္လိုက္တယ္။ အခုအေျခေနကအရမ္းတင္းမာေနတယ္ သူမေန႕ကပဲဘြဲ႕ရခဲ့ပီးပီ။ ဘြဲ႕အခမ္းအနားပီးလို႔အိမ္ျပန္ေရာက္တာနဲ႕ သူမ်က္လုံးစုံမွိတ္ပီးybနဲ႕သူတို႔အေၾကာင္းကိုဝန္ခံခဲ့တယ္။
မားကသူ႕ကိုမ်က္လုံးႀကီးျပဴးၾကည့္ေနပီးခဏၾကာေတာ့ေျပာတယ္။

'' ေရွာင္းက်န့္ စေနာက္တယ္ဆိုတာေတာ္႐ုံပဲေလ သြားသြား အဓိပၸါယ္မရွိတာေတြေျပာမေနဘဲအေပၚတက္ေတာ့ ''

သူ႕ပါးကေတာ့ဘာမွဝင္မေျပာဘူး။

'' သားမေနာက္ဘူးမား အဲ့တာကအတည္ေျပာေနတာ သား...သားနဲ႕ရိေပၚတို႔တြဲေနၾကတယ္ ''

ျဖန္း!

သူ႕ပါးတစ္ဖက္ပူထူသြားတယ္။ ဒါေပမဲ့လဲxzကေစာဒကမတက္ရဲဘူး က်န္တဲ့တစ္ဖက္ကိုပါထိုးေပးလိုက္တယ္။

'' ထပ္ရိုက္ခ်င္လဲရတယ္မား မားစိတ္ဆိုးမယ္ဆိုတာသားသိတယ္ ဒါေပမဲ့လဲမားတို႔ကိုသားမကြယ္ဝွက္ထားခ်င္ေတာ့လို႔ပါ မားစိတ္ဆိုးေျပတဲ့အထိရိုက္ပါ ကြၽန္ေတာ္ခံပါ့မယ္ ''

သူေျပာပီးတဲ့အခ်ိန္မွာ သူ႕မားကငိုလာခဲ့တယ္။ ပီးတာနဲ႕သူ႕ကိုစကားတစ္ခြန္းမွမေျပာေတာ့ဘဲအခန္းထဲဝင္သြားခဲ့တယ္။

သူ႕ပါးကေတာ့သက္ျပင္းေတြအႀကိမ္ႀကိမ္ခ်ပီးေနာက္မွာ သူ႕လက္ေမာင္းကိုကိုင္ပီး ပုခုံးေလးကိုႏွစ္ခ်က္ပုတ္ေပးကာသူ႕မိန္းမေနာက္ကိုလိုက္သြားခဲ့တယ္။

အခုေနာက္ေန႕မနက္ေရာက္ေတာ့သူ႕မားကအခန္းျပင္ထြက္မလာဘူး။ သူ႕ပါးကပဲဟင္းေတြဝင္ခ်က္ေနတယ္။
သူ႕မားကသူ႕ကိုအၾကာႀကီးစိတ္ဆိုးမွာေတာ့သူေၾကာက္မိသား။

'' အဲ့မွာရပ္ပီးဘာလုပ္ေနလဲ ဒီမွာခဏလာထိုင္ ''

ပါးကသူ႕ကိုေျပာလာတာေၾကာင့္သူကုပ္ကုပ္ေလးဝင္ထိုင္လိုက္တယ္။
ပါးကအခုခ်ိန္ထိဘာမွေျပာမလာေသးတာမို႔ သူ႕တို႔ကိုလက္ခံလားလက္မခံဘူးလားဆိုေသခ်ာမသိေသးဘူး။
သူထိုင္ခုံမွာဝင္ထိုင္ေတာ့ပါးကစကားမဆိုဘဲ သူ႕မ်က္ႏွာကိုစိုက္ၾကည့္ေနတာမို႔ xzမွာေနရခက္လာတယ္။ ငယ္ငယ္ကတည္းကပါးကေန႕တိုင္းအလုပ္သြားပီးမိုးခ်ဳပ္မွျပန္လာတာမို႔ သူ႕မားနဲ႕ပဲအတူေနရတာမ်ားတယ္။ ပါးရဲ႕စိတ္ကိုသူမခန့္မွန္းနိုင္ဘူး။

'' ပါးကသားကိုဆူမလို႔လားဟင္? ဒါမွမဟုတ္လို႔ရိုက္ခ်င္ရင္လဲရပါတယ္ သားအျပစ္ကိုသားသိတယ္ ''

'' ဒီမွာငါ့သား အခုသားကသားအျပစ္ကိုသိတယ္ဆိုေတာ့ သားတို႔ခ်စ္ႀကိဳက္မိတာကိုအျပစ္ရွိတယ္ ေနာက္ပီးေယာက္်ားေလးတစ္ေယာက္ကိုသေဘာက်မိလို႔အျပစ္ရွိတယ္ ဒါကိုဆိုလိုခ်င္တာလား ''

'' ဟင့္အင္း မဟုတ္ဘူးပါး သားကပါးတို႔စိတ္ဆိုးေစေအာင္လုပ္မိလို႔သားအျပစ္ကိုသိတယ္လို႔ေျပာတာပါ သားက..သားသေဘာက်တဲ့သူကေယာက္်ားေလးတစ္ေယာက္ျဖစ္ေန႐ုံပါပဲ အဲ့တာကအျပစ္မွမဟုတ္တာကို..''

ပါးကသေဘာက်သလိုခပ္ၿပဳံးၿပဳံးလုပ္ကာ ေခါင္းညိတ္ျပတယ္။

'' ပါးအတြက္လက္ခံဖို႔ခက္ခဲေပမဲ့လက္မခံတာလဲမဟုတ္ဘူး ကိုယ့္သားကဒီလိုေဂးတစ္ေယာက္ျဖစ္ေနလို႔ပါးတို႔ကျပစ္ပယ္လိုက္ရင္.. ...ကေလးတစ္ေယာက္အတြက္စိတ္ဒဏ္ရာေပးသလိုျဖစ္သြားလိမ့္မယ္ ဒါေၾကာင့္ပတ္ဝန္းက်င္ကဘယ္လိုပဲေျပာေျပာ သားတို႔ကိုယ္တိုင္ေတာင္ဂ႐ုမစိုက္မွေတာ့ ပါးတို႔လဲဘယ္သူ႕ဂ႐ုစိုက္ရမွာလဲ!
မင္းမားကလဲေသြးပူေနတုန္းမို႔ပါ သူမၾကာခင္စိတ္ဆိုးေျပသြားလိမ့္မယ္ ဘာမွစိတ္ညစ္မေနနဲ႕ ငါ့သားၿပဳံးေနတာကိုပဲပါးကျမင္ခ်င္တာ ''

xzကပါးရဲ႕စကားေတြေၾကာင့္မ်က္ရည္ေတြက်လာပီးရွိုက္ႀကီးတငင္ငိုကာ သူ႕ပါးကိုထေျပးပီးဖက္ထားလိုက္တယ္။

'' ေက်းဇူးတင္ပါတယ္ပါး ဟင့္! ''

'' ဟားဟား မင္းကကေလးလဲမဟုတ္ဘဲနဲ႕ကြာ! ျပန္ထိုင္ပီးစားစရာရွိတာစား မ်က္ရည္ေတြလဲသုတ္ေတာ့! ပီးရင္ပါးတစ္ျခမ္းေယာင္ေနတာကိုသက္သာေအာင္လုပ္ၾကားလား ဟားး မင္းမားကလက္သံေတာ့ေျပာင္သား! ''

ေရွာင္းမားကမီးဖိုေခ်ာင္တံခါးအကြယ္ကေနေခ်ာင္းၾကည့္ကာတိတ္တဆိတ္ထပ္ငိုျပန္တယ္။

မေန႕ကသူရိုက္တာအရမ္းနာသြားမွာပဲ! သူ႕သားရဲ႕ပါးမွာလက္ဝါးရာႀကီးကထင္းလို႔!

တစ္ညစဥ္းစားပီးေနာက္မွာမေန႕ကေလာက္ေတာ့သူစိတ္မဆိုးေတာ့ဘူး။ အကုန္လုံးကျဖစ္လာခဲ့ပီးပီေလလက္ခံနိုင္ေအာင္ပဲႀကိဳးစားရမွာေပါ့။ ေလာေလာဆယ္ေတာ့ဒင္းေလးကိုပစ္ထားပစ္လိုက္အုံးမယ္။

xzအခန္းထဲျပန္​ေရာက္ေတာ့ybဆီကvideo callဝင္လာတာမို႔သူခ်ပစ္လိုက္ပီးရိုးရိုးဖုန္းပဲျပန္ေခၚလိုက္တယ္။

ybရဲ႕အသံၾသၾသကထြက္ေပၚလာတယ္။

'' အခန္းထဲမွာလား? video callကိုင္မရဘူးလား? ''

'' အင္း အခန္းထဲမွာ...ဖုန္းပဲေျပာရေအာင္ကြာ ''

ybကသူ႕ခန့္မွန္းခ်က္အတိုင္းေမးလိုက္တယ္။

'' အရိုက္ခံရတာလား ''

xzကခြၽဲခြၽဲေလးေျပာလိုက္တယ္။

'' ဟင့္ ဟုတ္တယ္! မေန႕ကမားကေတာ္ေတာ္စိတ္ဆိုးသြားတာေလ အခုငါ့မ်က္ႏွာမွာလက္ဝါးရာႀကီးမွအႀကီးႀကီးပဲ! ''

xzကတစ္ဖက္မွybရဲ႕သက္ျပင္းခ်သံအႀကီးႀကီးကိုၾကားလိုက္ရတယ္။

'' အိုက္ယားးး ဒါကျဖစ္သင့္တာပဲေလ ဘာမွစိတ္ပူမေနနဲ႕ အေျခေနကအရမ္းအဆိုးႀကီးမဟုတ္ပါဘူး ဒါေပမဲ့လတ္တေလာေတာ့ငါတို႔ေတြ႕လို႔မရေသးဘူး မားေရွ႕မွာအေနထိုင္ဆင္​ျခင္ရမွာ! ''

ybကအခုxzတို႔အိမ္နားမွာေရာက္ေနတာ။ ေပတိုးေလးရဲ႕အခန္းရွိရာဆီတစ္ခ်က္ၾကည့္ပီးသူ႕မ်က္လုံးေတြကိုေအာက္စိုက္လိုက္တယ္။

ဒါဆိုသူေန႕တိုင္းဒီကိုလာေနရမဲ့ပုံပဲ!

ဘြဲ႕ကလဲယူပီးသြားၾကပီဆိုေတာ့ေက်ာင္းသားဘဝလိုမဟုတ္ေတာ့ဘူးေလ။အတူတူေနခ်င္ရင္ေတာင္သူတို႔အတည္တက်လက္ထပ္ပီးမွပဲျဖစ္နိုင္လိမ့္မယ္။ အိမ္မွာသူ႕ဆိုးေပေလးတစ္ရက္မရွိတာေတာင္သူ႕မွာအိပ္မရျပဳမရအေျခေနေတြဆိုးေနတာ။ ဒါကိုထုတ္ေဖာ္မေျပာခ်င္လို႔သာေနေနရတာ။

xzမိဘေတြရဲ႕ခြင့္ျပဳခ်က္ရတာနဲ႕ အတူေနနိုင္ဖို႔သူလုပ္ေတာ့မွာ။

'' အင္း ဂ႐ုစိုက္အုံး ''

xzကတစ္ဖက္ကမျမင္နိုင္ေသာ္လဲႏႈတ္ခမ္းေလးဆူေထာ္လိုက္မိတယ္။

'' ေပါင္ေပ့ေလးကိုလြမ္းေနရေတာ့မွာပဲ! မင္းလဲဂ႐ုစိုက္ေနာ္ ငါအိမ္မွာမရွိတဲ့အခ်ိန္ေဖာက္ျပန္မယ္မစဥ္းစားနဲ႕! မဟုတ္ရင္မင္းညီေလးကိုငါကႏႈတ္ႏႈတ္စင္းပစ္မွာ သိတယ္မလား! ''

'' အင္း ''

ပီးတာနဲ႕သူတို႔ဖုန္းေခၚဆိုမႈကိုအဆုံးသတ္လိုက္ၾကတယ္။
xzသိတယ္။ ybကစကားအမ်ားႀကီးမေျပာေတာ့ကတည္းကသူ႕ေကာင္ေလးကစိတ္မေကာင္းျဖစ္ေနပီဆိုတာ။
သူ႕ကိုေပါင္ေပ့လို႔ေခၚတာကိုေတာင္စိတ္မဆိုးေတာ့ဘူးေလ။

#September25 9:12PM

Continue Reading

You'll Also Like

24K 3.1K 23
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
576K 75.1K 80
Ya Amar = My Moon or My most beautiful (Alpha & Omega)
156K 9.8K 20
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
232K 13.3K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ