Part 27

337 32 1
                                    

Unicode

'' မား... ဟင်းချက်မလို့လားဟင် ''

'' ..... ''

'' သားကူပေးရမလားဟင် ဒီအရွက်တွေဆေးပေးရမှာလား ''

ရှောင်းကျန့်တစ်ယောက် မီးဖိုချောင်ကဟင်းချက်နေတဲ့သူ့မားအနားမှာယောက်ယက်ခတ်လို့နေတယ်။

သူကသာပေါက်ပေါက်ဖောက်နေတာ သူ့မားကစိတ်ဆိုးမပြေသေးဘူးထင်ပါရဲ့ ဘာမှပြန်မပြောဘူး။

'' ဟိုကောင်လေး လာပီးအလုပ်ရှုပ်မနေစမ်းနဲ့ ဧည့်ခန်းမှာသွားထိုင်စောင့်နေ ခဏနေရင်ဧည့်သည်လာလိမ့်မယ် ''

'' ဟင့် မားးးး သားကိုစကားပြောပီပေါ့နော် ''

သူ့မားရဲ့ခါးကိုနောက်ကနေသွားဖက်ကာ မျက်ရည်လည်ရွဲလေးလုပ်နေလိုက်တော့ မားကမျက်စောင်းဖွဖွထိုးလာတယ်။

'' အဲ့ကိစ္စပီးမှရှင်းမယ် ဧည့်သည်လာရင်သာတံခါးသွားဖွင့်ပေးချေ ''

'' ဟင် ဘယ်သူလာမလို့မားကဒီလောက်ဖွယ်ဖွယ်ရာရာတွေချက်နေတာလဲ? ''

'' ရှောင်းကျန့်ရေ နင်ယောက်မနဲ့ခေါက်ခံချင်နေပီလား ဟုတ်လား! ''

'' ဟီး မားကလဲ သွားပီ သွားပီဗျာ ''

'' ဘယ်လိုဟာလေးလဲမသိ မျက်နှာပိုးကိုမသေဘူး! ''

သူဧည့်ခန်းဆီကိုရောက်လာတော့ သတင်းကြည့်နေတဲ့သူ့ပါးကပြောတယ်။

'' ငါ့သားရာ မင်းအမေကိုဘာတွေသွားရှုပ်နေလဲကွ ဟိုကခုမှစိတ်ဆိုးပြေခါစကို ''

'' ပါးကလဲ သားကဘာမှမပြောပါဘူး ''

'' အေး အေး ငါကနားမကောင်းဘူးဆိုတော့ ဘာမှမကြားရဘူးလေ ''

ပါးကသူ့ကိုရွဲ့စောင်းပြောလာတော့ သူဇက်လေးပုကာ ဖုန်းလေးကိုဟိုသည်ပွတ်နေလိုက်တယ်။

ပျင်းလိုက်တာ! ရိပေါ်ရောဘာလုပ်နေမလဲမသိဘူး!

တင်း...တောင်...

ခြံတံခါးဘဲလ်တီးသံကြောင့် သူ့မားပြောတဲ့ဧည့်သည်လာပီဖြစ်ရမယ်။

'' ဟိုကောင်လေး လက်ထဲကဖုန်းကိုချပီးတံခါးသွားဖွင့်ချေ ''

'' ဟုတ် ဟုတ် ''

You've reached the end of published parts.

⏰ Last updated: Feb 12, 2023 ⏰

Add this story to your Library to get notified about new parts!

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now