Part 24

566 44 0
                                    

Unicode

finalfinal yearကိုရောက်နေပီဖြစ်တဲ့xzကအဆောင်မှာပဲလတ်တလောနေဖို့ဆုံးဖြတ်လိုက်တယ်။ အထုပ်မျိုးစုံနဲ့သူတို့အခန်းထဲကိုပြန်ရောက်ချလာတဲ့  xzကိုအကုန်လုံးကဝိုင်းပီးဆဲဆိုကြတော့တယ်။

'' မင်းကိုငါတို့မသိဘူးနော် ထွက်စမ်း! ခုချက်ချင်းအပြင်ကိုထွက်! ''

'' အိုက်ယိုး ကျိရန်လေးကလဲကွာ...''

'' ငါယိုးလေး အခန်းထဲကိုခြေတစ်လှမ်းဝင်ကြည့်! မင်းဘောကိုကန်ထည့်ပစ်လိုက်မှာ! ''

'' ဟွိုင်ဆန်းလေးလဲစိတ်ကိုလျှော့ ဒေါသထွက်ရင်မင်းရဲ့သဲတုံးဆံပင်ကေလေးတွေပျက်စီးကုန်လိမ့်မှာပေါ့ဟ ''

ဒီလိုနဲ့ပဲအရှက်မရှိတဲ့xzကအခန်းထဲကိုဝင်ပီးသွားခဲ့တယ်။

'' ဟေ့ကောင်တွေ ငါတို့အငယ်ဆုံးလေးဘယ်ရောက်နေလဲ ''

ဟွိုင်ဆန်းကဖြေတယ်။

'' မသိဘူးလေ ''

ကျိရန်ကဟွိုင်ဆန်းရဲ့ခေါင်းနောက်ဘက်ကိုအသံမြည်အောင်ရိုက်လိုက်တယ်။

'' မင်းသိတာဘာရှိသေးလဲ အားအားနေဆံပင်ပဲသနေတဲ့ကောင်! ''

'' အဲ့တော့ အင်ဖန်နတီယီးဖြစ်လားကွ! ''

xzကသူတို့ကိုစိတ်ပျက်လက်ပျက်ပဲကြည့်လိုက်တယ်။

'' ကျစ် ကျစ်! မင်းတို့ကအရမ်းရိုင်းတယ်.. အဲ့တာကြောင့်ရိပေါ်ကပြောတာ ငါရိုင်းတာမင်းတို့နဲ့ပေါင်းလို့တဲ့ ''

အဲ့လိုနဲ့xzရဲ့အထုပ်လေးတွေကအခန်းပြင်ကိုကန်ထုတ်ခံရပြန်တယ်။
ပီးတော့ဟိုနှစ်ယောက်ကပြိုင်တူပဲအော်ဟစ်လာကြတယ်။

'' မင်းလင်ဆီသာပြန်နေလိုက်! ''

~~~~~~~~~~~~~~~

လုလုကသူ့ဆီဖုန်းဆက်လာတာမို့xzကကိုင်လိုက်တယ်။

'' ဘာလဲ ငါမအားဘူး စာလုပ်နေတယ်! ''

လုလုကမဲ့ရွဲ့လိုက်တယ်။

'' f**k you! ဒါဆိုနင်ကရှောင်းကျန့်အတုပဲ.. ငါနဲ့တစ်နေရာလိုက်ခဲ့စမ်းပါ ပီးရင်နင်စားချင်တာဝယ်ကျွေးမယ် အော်...ဟိုကောင်ကိုပါခေါ်ခဲ့လိုက် နင်ငါ့အစ်ကိုပီသဖို့အချိန်ရောက်ပီ! ''

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now