သားဖွားခန်းက ရင်ခုန်သံ(သားဖြာ...

By SakuraRain2000

2.3M 186K 27.1K

👨🏻‍⚕️ Main Chapter 10 parts + After Falling In Love 15 parts🌸 More

Chapter-1(Unicode)
Chapter-2(Unicode)
Chapter-3(Unicode)
Chapter-4(Unicode)
Chapter-5(Unicode)
Chapter-6(Unicode)
Chapter-7(Unicode)
Chapter-8(Unicode)
Chapter-9(Unicode)
Chapter-10 (Unicode)
After Falling In Love-1(Unicode)
After Falling In Love-2(Unicode)
After Falling In Love-3(Unicode)
After Falling In Love-4(Unicode)
After Falling In Love-5(Unicode)
After Falling In Love-6(Unicode)
After Falling In Love-7(Unicode)
After Falling In Love-8(Unicode)
After Falling In Love-9(Unicode)
After Falling In Love-10(Unicode)
After Falling In Love-12(Unicode)
After Falling In Love-12-2(Unicode)
After Falling In Love-13(Unicode)
After Falling In Love-14(Unicode)
After Falling In Love-15(Unicode)
Final(Unicode)
After Marriage(Unicode)
After Marriage 2(Unicode)
Chapter-1(Zawgyi)
Chapter-2(Zawgyi)
Chapter-3(Zawgyi)
Chapter-4(Zawgyi)
Chapter-5(Zawgyi)
Chapter-6(Zawgyi)
Chapter-7(Zawgyi)
Chapter-8(Zawgyi)
Chapter-9(Zawgyi)
Chapter-10(Zawgyi)
After Falling In Love-1(Zawgyi)
After Falling In Love-2(Zawgyi)
After Falling In Love-3(Zawgyi)
After Falling In Love-4(Zawgyi)
After Falling In Love-5(Zawgyi)
After Falling In Love-6(Zawgyi)
After Falling In love-7(Zawgyi)
After Falling In Love-8(Zawgyi)
After Falling In Love-9(Zawgyi)
After Falling In Love-10(Zawgyi)
After Falling In Love-11(Zawgyi)
After Falling In Love-12(Zawgyi)
After Falling In Love-12-2(Zawgyi)
After Falling In Love-13(Zawgyi)
After Falling In Love-14(Zawgyi)
After Falling In Love-15(Zawgyi)
Final(Zawgyi)
ကျေးဇူးတင်လွှာ&Book
About Physical Book
Book Cover
🌸Preorder Now🌸
After Marriage(Zawgyi)
Happy Birthday U Phyo
After Marriage 2(Zawgyi)

After Falling In Love-11(Unicode)

57.4K 4.5K 769
By SakuraRain2000

"မငိုနဲ့လေ လင်းထက်လေးရာ၊ လင်းထက်လေးငိုတော့ မမက ဘယ်လိုလုပ်ရမလဲလို့"

ခေါင်းကိုငုံ့၍ အံကြိတ်ရှိုက်နေသည့်မောင်ဖြစ်သူကိုကြည့်ရင်း လင်းသစ္စာနွယ်မှာ ခြေမကိုင်မိလက်မကိုင်မိ။

"ကဲ့ အငယ်ကောင်၊ ကလေးလည်းမဟုတ်တော့ဘဲ မမကို စိတ်ညစ်အောင်မလုပ်နဲ့လေ၊ ပွဲထဲဝင်ခါနီးမှ ကကျိုးကကြောင်တွေလုပ်နေတယ်နော် မေ့သား"

မိခင်ဖြစ်သူ ဒေါ်လင်းလက်နွယ်က လင်းသစ္စာနွယ်၏ အဖြူရောင် ဂါဝန်ရှည်အား ပုံကျအောင် ပြင်ပေးနေရင်း သားငယ်အားချစ်စနိုးလှမ်းဆူသည်။

"အေးလေ ညီလေးရာ၊ ဆေးရုံထဲ တာဝန်ကျနေတဲ့ ဆရာဝန်ကြီးတောင်ဖြစ်နေပြီကို ကလေးလို ငိုနေတုန်းပဲလား"

လင်းသက်မောင်ကလည်း ညီဖြစ်သူ၏ ဆံပင်များကို ချစ်စနိုးဖွရင်း ဆိုသည်။

မမ၏မင်္ဂလာပွဲအတွက် ထိုင်းမှ မိသားစုလိုက်အလည်ပြန်လာရှာသော ကိုကို။

ဘေးတွင်မူ သမီးဖြစ်သူနှင့်သားတွေအား ပြုံးကြည့်နေသော ဖေဖေ။

အားလုံးဟာ သည်ပွဲအတွက်ပျော်ရွှင်နေကြသည့်အချိန် နှမျောစိတ်ဖြင့် မပျော်ရွှင်နိုင်တာ လင်းထက်တစ်ယောက်တည်းသာ။ ခေါင်းကိုမော့ထိန်းလည်းမရ ငုံ့ထိန်းလည်းမရနဲ့ သတိုးသမီးဝတ်စုံနှင့် ရှုမငြီးနေသော မမက ကြည့်ရင်းကြည့်ရင်းဖြင့်ပင် သူ့ကို ဝမ်းနည်းလာစေတာ။

ကိုကိုထက်စာလျှင် မမက သူနှင့်ပို၍ရင်းနှီးခဲ့ရသည်မို့ ပို၍တွယ်တာရသည်မှာအမှန်။ တစ်အိမ်လုံး၏အလိုလိုက်ခံ အငယ်ဆုံးဘဝမှာ ငါးနှစ်ခြားသော မမ၏အလိုလိုက်မှုတွေ မေတ္တာတွေက သူ့အတွက် အနွေးထွေးခဲ့ဆုံးဆိုလည်းမမှား။

မည်မျှပင် မတည့်အတူနေလို တွေ့တိုင်း စနောက်တတ်သည်ဆိုပေမဲ့ လင်းထက်၏ခံစားချက်တို့ကို အနားလည်နိုင်ဆုံးသူဆိုလည်း ဟုတ်သည်။

ထိုသို့သောမမကို တခြားလူတစ်ယောက်လက်ထဲ အပြီးတိုင်ပေးလိုက်ရတော့မည်ဆိုသည်က အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်ဖြစ်နေပါစေ မျက်ရည်ကျမိအောင်ထိတော့ ခံစားရတာပါပဲ။

အချိန်ဆွဲလို့ရလိုရငြား စေ့စပ်ပွဲနှင့်လက်ထပ်ပွဲကို တစ်နှစ်ခြားဖို့ တိုက်တွန်းခဲ့ပေမဲ့ ထိုတစ်နှစ်ကျော်အချိန်တို့ကလည်း လျင်မြန်စွာပဲ ကုန်ဆုံးလာခဲ့တော့တာ။

"ကဲ့ မမစိတ်မကောင်းအောင် ခေါင်းမာမနေနဲ့တော့၊ ရော့ အင်္ကျီထပ်ဝတ်၊ ဧည့်သည်တွေကလာတော့မှာ၊ မေမေတို့က ဧည့်ကြိုဖို့ အပြင်ထွက်ရတော့မှာ"

သတို့သားအရံလုပ်ရမည့်သူ့အတွက် အပေါ်ကုတ်အဖြူကို မေမေက ဆိုးခနဲဆတ်ခနဲ ဆွဲဝတ်ပေးကာ နက်ခတိုင်ကိုပါ သေချာစည်းပေးလာသည်။ ငိုမလိုလိုပြိုမလိုလိုမျက်နှာနှင့် မိသားစုရဲ့အငယ်ဆုံးလေးကတော့ ပြင်ဆင်ထားမှုတွေနှင့်ဆန့်ကျင်စွာ ဆူပုပ်ပုပ်ပါပဲ။

"ငိုမနေနဲ့တော့၊ မေမေတို့ ငိုဖို့လည်းချန်ဦး၊ ပထမ မင်းကိုကို၊ အခု မင်းမမ၊ နောက်ဆို မင်းလည်း လာဦးမှာမဟုတ်လား"

အဆုံးမှာ မေမေ့မျက်နှာဟာအနည်းငယ် ညိုးလျော်သွားသလိုရှိပေမဲ့ ချက်ချင်းပြန်ထိန်းလိုက်သည်။ လင်းထက်ရင်ထဲလည်း အမည်မဖော်နိုင်သောခံစားချက်များဖြင့် လှပ်ခနဲဖြစ်သွားရသည်။

လင်းထက်အလှည့်ကျရင် မေမေက မမနဲ့ကိုကိုတုန်းကလို ဝမ်းသာအားရခွင့်ပြုပါ့မလား။ အစ်ကို့ကို လင်းထက်၏စီနီယာတစ်ယောက်အနေနဲ့လေးစားသောမေမေက လင်းထက်၏ကြင်ဖက်တစ်ယောက်အနေနဲ့တော့ လက်ခံနိုင်ပါ့မလား။

နှစ်နှစ်ကျော်လာပြီဖြစ်သော ချစ်သူသက်တမ်းမှာ ထိုလူကြီး၏မိခင်ထံ လင်းထက်က ပွင့်လင်းစွာဝင်ထွက်ခွင့်ရနေပြီဖြစ်သော်လည်း လင်းထက်အိမ်ကိုတော့ ထိုလူကြီးက စီနီယာတစ်ယောက်အနေနှင့်သာ ဝင်ထွက်ခွင့်ရနေသေးသည့်အတွက် မျက်နှာပူရသည်။ ဖြည်းဖြည်းချင်းသွားတာပေါ့ဟု ထိုလူကြီးက ကြည်ဖြူနေပေမဲ့ အားနာစိတ်တို့ကတော့ အမေ့ရင်ခွင်မှာ ခေါင်းတိုးဝှေ့ခွင့်ရတိုင်း ပေါက်ဖွားရတာပါပဲ။

"ကဲ့ မေမေတို့အပြင်ထွက်တော့မယ်နော်၊ ဟိုကောင်လေး ထပ်ဂျီမနေနဲ့နော်၊ ဒါနဲ့ ကိုသက်တစ်ယောက်ကော ပြီးပြီလား"

"ဟုတ် ကျွန်တော်ပြီးပြီ အမေ"

ဝတ်စုံပြည့်ဖြင့် မမ၏ခင်ပွန်းလောင်း ကိုသက်ပိုင်က အခန်းထဲဝင်လာရင်း မေမေ့ကို နှုတ်ဆက်​ပြီး သူ့ဇနီးလောင်းကို တယုတယ ပြုံးကြည့်သည်။ ကြည်နူးစရာမြင်ကွင်းဖြစ်ပါသော်ငြား ခေါင်းငုံ့ရင်း မျက်နှာလွှဲမိတော့ ကိုကိုက ရယ်မောကာ ပခုံးကိုပုတ်ရင်း မေမေတို့နှင့်အတူ အပြင်သို့ လိုက်ထွက်သွားသည်။

"ဟေး...လင်း...အမလေး လှလိုက်တာ၊ ငါ့သူငယ်ချင်းလေး"

ဆူဆူညံညံအသံများနှင့်အတူ မမကိုပြေးဖက်လာသော အစ်မမေသဇင်ကြောင့် လင်းထက်ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။ အစ်မမေသဇင်လာပြီဆိုတော့ တစ်စုံတစ်ယောက်လည်း လာပြီပေါ့။

ထင်သည့်အတိုင်း တံခါးရှိရာသို့လှည့်ကြည့်တော့ ဝင်လာသည့်မမ၏ သူငယ်ချင်းအုပ်စုများအကြား လူတစ်ယောက်တည်းက သူ့မြင်လွှာရုံထဲ ထင်းလင်းစွာဝင်ရောက်သည်။ အပြန်အလှန်သဘော၏နိယာမအဖြစ် ထိုလူ၏မျက်ဝန်းအဆုံကလည်း သံလိုက်ဓာတ်လို့ သူ့ထံသို့သာ လာရောက်တွယ်ငြိသည်။

အချစ်ကိုမြင်ချိန် အချိန်တွေဟာ မျက်တောင်အဖွင့်အပိတ်ကအစ ​အသေးစိတ်ကျသွားတတ်သလို ပတ်ဝန်းကျင်ဟာလည်း အဖြူအမည်းမသဲကွဲနိုင်အောင် ဝေဝါးသွားတတ်သည်။

အချစ်ဆိုတာ မမြင်ရတဲ့အချိန်မှာ လွမ်းရသလို မြင်နေရတော့လည်း ရှုမဝနိုင်တာမျိုးလေလား။

အနီးသို့ရောက်လာကာ လက်ဖျားတို့အား ဖျစ်ညှစ်လိုက်သူသည် မြတ်နိုးခြင်းအတိပြီး​ေသာမျက်ဝန်းတို့ကို အဖုံးအကွယ်မရှိ လှစ်ဟစေသည်။

သပ်ရပ်စွာဖြီးသင်ထားသော ဆံနွယ်တွေကစ၍ သွေးကြောစိမ်းများယှက်ဖြာသည့် ခြေဖမိုးဖွေးဖွေးတို့အဆုံး နှစ်တွေကြာလည်း ေငးမဝအောင် မြတ်နိုးရပါသည်။

"ဟဲ့ ဟဲ့ ငါ့လည်း လာနှုတ်ဆက်ပါဦး"

သတို့သမီး၏ လှမ်းအော်သံကြောင့် လက်ဖျားတို့အား ထွေးဆုပ်ထားသူသည် ဖျတ်ခနဲလွှတ်ချသွားသလို လင်းထက်မှာလည်း ဂုတ်ပိုးကိုပွတ်ရင်း ​မျက်နှာလွှဲရတော့သည်။

"ငါ့မောင် အရမ်းချောနေမှန်းတော့ သိပါတယ်ဟယ်၊ ဒါပေမဲ့ ငါ့ကိုလည်း နှုတ်ဆတ်ပါဦးဟဲ့"

"ပထမဦးစားပေးက ဦးစားပေးပဲဟ၊ နင်က ဒုတိယမို့ ခဏစောင့်ဦးတဲ့"

အစ်မမေသဇင်က ဝင်စလေတော့ အခန်းငယ်လေးထဲ ရယ်သံတို့က သောသောညံသွားသည်။

လေပြေတို့ဟာ လူတချို့ရဲ့ နေ့ထူးနေ့မြတ်အတွက် ညှင်းသွဲ့သွဲ့ ယိမ်းကလို့နေသည်။

**********************

"ဟဲ့ လင်းထက်နောင်နဲ့ဖြိုးစည်လင်းသူ၊ ဓာတ်ပုံရိုက်ပါမယ်ဆို အဲ့နားမှာပဲ ထိုင်ပြီးတွတ်ထိုးနေကြတယ်၊ လာပါဟဲ့ လူစုံအောင်"

ပွဲတစ်လျှောက်လုံး သတိုးသားအရံလုပ်ရလို့ စိတ်အိုက်ရသည်မှမဆုံးသေး ပွဲပြီးတော့လည်း ဟိုလူနှင့်ရိုက်လိုက် သည်လူနှင့်ရိုက်လိုက်နှင့် မပြီးနိုင်တော့သည့် ဓာတ်ပုံရိုက်ပွဲကို ကျင်းပရသေးသည်။

"ဟဲ့ မြန်မြန်လုပ် သည်မှာ ပစ္စည်းတွေက သိမ်းရတော့မှာ"

ခန်းမလိုက်ငှားထားခဲ့ခြင်းဖြစ်ပြီး ပွဲပြီးတော့ ဧည့်သည်တွေပြန်သွားပြီးနောက် တချို့သိမ်းလို့ရသည့်ပစ္စည်းတွေကို ဖြည်းဖြည်းချင်းစသိမ်းနေကြပြီဖြစ်သည်။

"ဒါပြီးရင် အောက်ဒိုးသွားရိုက်ဦးမှာနော်"

"​အေး နင်တို့လင်မယားပဲ သွားရိုက်တော့၊ ငါတော့ မလိုက်နိုင်တော့ဘူး"

လင်းထက်ကပြောရင်း စင်၏ဘေးတွင် ထိုင်ချလိုက်သည့်အခါ လင်မယားဟုအသုံးခံလိုက်ရသော လင်းသစ္စာနွယ်က မျက်စောင်းထိုးလာပြီး ကျန်သူများကတော့ ဝိုင်းရယ်ကြသည်။

နောက်ဆုံး လင်းထက်ကို ဘယ်လိုခေါ်ခေါ်မရတော့မှ သူ့သူငယ်ချင်းတွေနှင့် ဓာတ်ပုံရိုက်သည့်ဘက် ပြန်လှည့်သွားတော့သည်။ ဓာတ်ပုံရိုက်ရသည်ကို ဝါသနာမရှိသော ထိုလူကြီးကလည်း တစ်သတ်မှတစ်ခါသောသူငယ်ချင်းမလေး၏ ဆန္ဒကိုတော့ မညည်းမညူဖြည့်ဆည်းပေးရင်း လင်းထက်ကိုလည်း စိတ်မချစွာ ခဏခဏလှည့်ကြည့်ရှာသည်။

ထိုအချိန်တွင် စင်ပေါ်မှ စက်ပစ္စည်းကိရိယာများကို လာသိမ်းသည့်သူတွေကလည်း သိမ်း​ေနကြချေပြီ။ မင်္ဂလာမှတ်တမ်း ဗီဒီယိုလည်းရိုက်ခဲ့သည်မို့ ပတ်ပတ်လည် တပ်ဆင်ထားသည့် ကင်မရာများကို လိုက်သိမ်းနေကြသည်။ ထိုလူများကိုတလှည့် တစ်ယောက်တစ်ပေါက်နှင့် ဓာတ်ဖမ်းနေကြသူများကိုတလှည့်ကြည့်ရင်း ပြုံးနေမိစဥ်

"ဟေး...အောက်မှာထိုင်နေတဲ့ ကောင်လေး၊ အပေါ်မှာ ကင်မရာ..."

ဘယ်ကမှန်းမသိ စူးခနဲအော်လိုက်သည့်အသံကြောင့် သူ့ကိုရည်ညွှန်းသည်ဟုခံစားမိစွာ အပေါ်ကိုမော့ကြည့်လိုက်တော့...
မျက်နှာတည့်တည့်အရှိုန်နှင့်ပြုတ်ကျလာသည့်အရာတစ်ခုကြောင့် မျက်လုံးများပြာခနဲ ဖြစ်သွားရသည်။

"လင်းထက်နောင်!!!"

ထိုလူကြီး၏ အလန့်တကြားခေါ်သံကို ကြားလိုက်ရပြီးနောက် ရုတ်တရတ် ဘာလုပ်ရမှန်မသိကြောင်အနေရင်းမှ ကြောက်လန့်စွာ မျက်လုံးများကိုမှိတ်၍ ခန္ဓာကိုယ်ကို ကျုံ့လိုက်မိသည်။

သို့သော်....

ထိုအချိန် စက္ကန့်ပိုင်းအတွင်းမှာပင် လင်းထက်၏ထိုင်နေသော ခန္ဓာကိုယ်အား တစ်စုံတစ်ဦးက ပွေ့ဖက်ကာ ဆွဲလိမ့်လိုက်သည်။

"ဝုန်း..."

နီးနီးကပ်ကပ်လေးမှာတင် ကြားလိုက်ရသည့် တစ်စုံတစ်ခုပြုတ်ကျသံနှင့်အတူ လင်းထက်ခန္ဓာကို အုပ်မိုးကာ တင်းကြပ်စွာ ဖက်ထားသည့်လူ။ မျက်လုံးဖွင့်မကြည့်ရသေးခင်မှာပင် ထိုလူဟာမည်သူလဲဆိုတာ သူ သေချာသိလိုက်ပါသည်။

"အစ်ကို"

ခပ်တိုးတိုးခေါ်လိုက်မိခြင်းမှာ လင်းထက်အားပွေ့ဖက်ထားသူ၏ ရင်ဘက်မှ နှလုံးခုန်သံတို့က တဒိန်းဒိန်းဖြင့် ကစဉ့်ကလျား။

"လင်းထက်လေး...ဖြိုးစည်"

မမတို့ကအနားသို့ အပြေးရောက်လာကာ နှစ်ယောက်လုံးကို ဆွဲထူချိန် ထိုလူကြီးက လင်းထက်အား တင်းတင်းကြပ်ကြပ်ဖက်ထားဆဲ။

"ဖြိုးစည် ရရဲ့လား၊ အဆင်ပြေရဲ့လား"

"လင်းထက်လေးရော ထနိုင်ကြရဲ့လား"

"အမလေး မေ့သားငယ်"

တစ်ယောက်တစ်ပေါက် အသံများ ကြားမှ သတိဝင်လာသူလို သူ့လက်တွေက ပြေလျော့သည်။ နှစ်ယောက်လုံး လူးလဲထထိုင်ရင်း ဘေးကိုကြည့်မိတော့ အပေါ်စီးမှရိုက်သည့် ကင်မရာတစ်လုံးဟာ လင်းထက်တို့ဘေး ကပ်လျက်လေးမှာ တစ်စစီကျိုးပဲ့နေသည်။

ထိုလူကြီးထံကြည့်မိတော့ လင်းထက်အားခပ်ငေးငေးကြည့်လာသည့်မျက်ဝန်းတွေကြောင့် ရင်ထဲ နင့်ခနဲလှိုက်ဖိုသွားရသည်။

"သားငယ် ရရဲ့လား"

မေမေက လင်းထက်အား သားဇောဖြင့် ဆွဲယူပွေ့သည်။

"ရတယ် မေမေ သားဘာမှမဖြစ်ဘူး၊ အစ်ကိုသာ"

"ဟယ် ဖြိုးစည် လက်မောင်းထိသွားတယ်"

အစ်မမေသဇင်၏ အထိတ်တလန့်အော်သံကြောင့် အားလုံး၏အာရုံက ထိုလူကြီး၏လက်မောင်းသို့ရောက်သွားသည်။ အဖြူရောင်ကုတ်အင်္ကျီ၌ စွန်းနေသော သွေးစအချို့ကြောင့် လင်းထက် မျက်လုံးများ ပြာသွားရသည်။

"အစ်ကို"

သူ လက်မောင်းအား စိုးရိမ်တကြီး ဆွဲယူကြည့်တော့ ထိုလူကြီးက ရုန်းဖယ်ပြီး

"ရတယ် မှန်နဲ့ရှမိသွားတာနေမှာ၊ ဘာမှမဖြစ်ဘူး"

"ဟယ် ဘယ်ရမလဲ၊ ဆေးထည့်ရမှာပေါ့၊ ဟဲ့ တစ်ယောက်ယောက် အနားက ဆေးဆိုင်မှာ ဘီတာဒင်းရယ်ဂွမ်းရယ်ပတ်တီးရယ် သွားဝယ်ပေးစမ်းပါ"

အစ်မမေသဇင်ကပြောတော့ ကိုထိုက်စံက ချက်ချင်းပဲ ပြေးထွက်သွားသည်။

"လာ...လာ ထကြ၊ သည်မှာထိုင်ကြဦး၊ ကလေးတွေလန့်သွားကြမှာ"

ပြောရင်း မေမေက ရေနှစ်ခွက်ကိုငှဲ့ကာ နှစ်ယောက်လုံးကိုတိုက်သည်။ လင်းထက်က လန့်စိတ်ဖြင့် သောက်ဖို့အားယူနေရတုန်း ထိုလူကြီးကတော့ အကုန်မော့သောက်ပစ်သည်။ နွမ်းလျခြင်းတို့အပြင် ရှုပ်ထွေးနေခြင်းနှင့် ထိခိုက်ခြင်းတို့ကို နှစ်နှစ်ကျော်သော ချစ်သူသက်တမ်းတို့အရ ထိုလူကြီး၏မျက်နှာ၌ ဖတ်မိရသည်။

ထိုလူကြီး အရမ်းလန့်သွားမှာ။ ဂရုဏာဒေါသောနှင့် မဆူနိုင်အောင်ကို ခပ်တင်းတင်းဆုပ်ထားသော လက်သီးများက တစ်ခုခုကို ထိန်းချုပ်ထားရဟန်။

ကိုထိုက်စံပြန်လာတော့ ထိုလူကြီး၏ လက်မှဒဏ်ရာကို အစ်မမေသဇင်က ဆေးထည့်ပေးသည်။ လင်းထက် ကိုယ်တိုင်ထည့်ပေးချင်ပေမဲ့ လန့်စိတ်ကြောင့် တုန်နေသော လက်တွေကအဆင်မပြေ။ နောက်ပြီး ထိုလူကြီးကို ငေးကြည့်ရင်းပင် ရင်ထဲမှာ တင်းကြပ်နေပြီး နာကျင်လာရသလို။

ထိုလူကြီးသာ လင်းထက်ကို တွန်းဖယ်ပေးပြီးနောက် အုပ်မိုးပြီးသာ ထပ်ဖက်မထားခဲ့လျှင် ထိုမှန်ကွဲစတွေက လင်းထက်ကိုထိမှာအသေအချာ။

အကြောင်းစုံသိသွားသော အမေက အစ်ကို့ကိုကျေးဇူးတင်ကြောင်း တဖွဖွပြောချိန် သူကတော့ ခေါင်းငုံ့ရင်းသာ တိတ်ဆိတ်နေမိသည်။

"ငါ စောစောပြန်တော့မယ် လင်း"

အားလုံး ငြိမ်ငြိမ်ဆိတ်ဆိတ်ဖြစ်သွားတော့မှ ထိုလူကြီးက စကားစသည်။

"​အေး...အေး၊ ဒါပေမဲ့ နင်ကားမောင်းနိုင်လို့လား ဖြိုးစည်၊ ထိုက်စံကို လိုက်ပို့ခိုင်းရမလား"

"ရတယ် မောင်းနိုင်တယ်"

ပြောပြီး ထိုလူကြီးက ထရပ်ချိန် လင်းထက်လည်း လိုက်ရပ်လိုက်မိသည်။

"ကျွန်တော်လိုက်ပို့မယ် အစ်ကို"

ထိုလူကြီးက တွေခနဲတစ်ချက်ဖြစ်သွားသည်။ မေမေက

"သားကရော ကားမောင်းဖို့ အဆင်ပြေလို့လားကွယ်"

"ပြေပါတယ် မေမေ၊ အပြန်ကျရင် ကားငှားပြန်လာလိုက်ပါမယ်"

မေမေက စိတ်မချဟန်သဘောရှိသော်လည်း လင်းထက်၏ပယောဂကြောင့် ထိုလူကြီးဒဏ်ရာရထားတာမို့ တားရလည်းခက်နေဟန်။

"ဘာမှမဖြစ်ပါဘူး ေမမေရဲ့ စိတ်မပူနဲ့၊ နောက်ပြီး အစ်ကို့ဆီမှာ ကျွန်တော် ယူစရာစာတမ်းတွေရှိသေးတယ်လေ၊ တစ်ခါတည်းယူရတာပေါ့"

ထိုလူကြီးက ဘာမှဝင်မစွက်ဖက်ပါ။ အဆင်ပြေနေဟန်မရှိသည့် သူ့ပုံစံကြောင့် လင်းထက်တို့နှစ်ယောက်တည်း စကားပြောမှဖြစ်မှာ။

"အေး...အေး၊ အာ့ဆိုလည်း လိုက်သွားပေါ့၊ ဉာဉ့်တော့မနက်စေနဲ့ဦး၊ သားဖြိုးစည်လည်း ဒဏ်ရာကို ဂရုစိုက်ဦးနော်၊ သေးသေးလေးဆိုပြီးမပေါ့နဲ့၊ ထပ်ပြီးတော့လည်း ကျေးဇူးတင်ပါတယ်ကွယ်"

"ရပါတယ် အန်တီ၊ ကျွန်တော် သွားလိုက်ပါဦးမယ်"

"အေးကွယ်"

ထိုလူကြီးက မမတို့ကို နှုတ်ဆက်သလိုကြည့်ပြီးနောက် လင်းထက်ကိုတစ်ချက်ကြည့်ကာ လှည့်ထွက်သွားလေတော့ အနောက်မှအပြေးလိုက်ရသည်။

"အစ်ကို"

တစ်လမ်းလုံး လင်းထက်အား တစ်ချက်မှလှည့်မကြည့်ဘဲ ခြေလှမ်းကျဲများနှင့်ထွက်သွားသူဟာ လူရှင်းသည့် ကားပါကင်ကိုရောက်တော့မှ ခြေလှမ်းတွေအား ရုတ်ချည်း ရပ်တန့်လိုက်ပြီး အနောက်မှအပြေးလိုက်လာရသည့် လင်းထက်အား အနားရောက်သည်နှင့် ဆွဲယူကာ တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။ ထို့နောက် နှုတ်မှလည်း တုန်ရီစွာ ရေရွတ်သည်။

"တော်သေးတာပေါ့...တကယ်ကိုတော်သေးတာပေါ့"တဲ့။

"အစ်ကိုရယ်"

ကျောပြင်ကျယ်အား လှက်လှမ်းမှီသမျှအလုံးစုံ ပြန်လည်ထွေးပွေ့ရင်း ခပ်ဖွဖွပွတ်သပ် နှစ်သိမ့်ရသည်။

"ကျွန်တော် ဘာမှဖြစ်မသွားဘူးလေ အစ်ကိုရယ်၊ ကျွန်တော် ဘာမှဖြစ်မသွားဘူး​ေနာ်၊ အစ်ကို စိတ်ကို လျှော့လိုက်ပါ"

ခပ်တင်းတင်းဖက်ထားသည့် ထိုလူကြီးထံမှ တုန်ရီမှုကို ခံစားရသည်။

"တကယ်လို့ ကိုယ်မရှိတဲ့အချိန်၊ ကိုယ်မမြင်နိုင်တဲ့တစ်နေရာရာမှာ မင်းအခုလို ထပ်ဖြစ်မယ်ဆိုရင် ကိုယ်ဘယ်လိုလုပ်ရမလဲ ဟမ်၊ မင်းကို စိတ်ပူရလွန်းလို့ ကိုယ်ဘယ်လိုလုပ်ရမလဲလို့"

"အစ်ကိုရယ်...၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးပါ့မယ်"

"မင်း ဂရုစိုက်တော့ရော...ဂရုမစိုက်တဲ့လူတွေကြားမှာ မင်းဘယ်လောက်ထိ အန္တရာယ်ကင်းနိုင်မှာလဲ ဟမ်"

မည်သူ့ကိုထွက်ရမှန်းမသိသော ဒေါသတွေဖြင့် ထိုလူကြီးက အံကိုတင်းတင်းကြိတ်ထားသည်။
လင်းထက် သက်ပြင်းချရင်း ဘေးဘီသို့တစ်ချက်ကြည့်လိုက်ပြီး

"အရင်ဆုံး ကားထဲသွားရအောင်နော် အစ်ကို"

လူရှင်းနေပေမဲ့ အထဲမှ မတော်တဆ မေမေတို့ထဲက တစ်ယောက်ယောက်ထွက်လာရင် တွေ့သွားမည်စိုးရသည်။

နာခံသူကြောင့် ကားထဲကို နှစ်​ယောက်အတူဝင်ထိုင်ချိန် မောင်းသူနေရာကို လင်းထက်က ယူလိုက်သည်။

ကားထဲထိုင်ပြီးတော့လည်း ခါးပတ်ပင်မပတ်ရသေးခင်မှ ထိုလူကြီးက လင်းထက်ကို တင်းကြပ်စွာပွေ့ဖက်ထားပြန်သည်။

"အစ်ကိုရယ်"

သူလွှတ်လိုက်သည်နှင့် ပျောက်ကွယ်သွားမှာ စိုးနေသည့်နှယ်။

"ကိုယ်စိတ်မချဘူး၊ ကိုယ် မင်းကို ဘယ်လိုမှ စိတ်မချဘူး သိလား၊ ကျေးဇူးပြုပြီး ကိုယ်စိုးရိမ်ရအောင် မင်းနည်းနည်းလေးမှ မထိခိုက်ပါစေနဲ့လား...ဟမ်၊ မင်းတစ်ခုခုဖြစ်သွားရင် ကိုယ်ရူးရလိမ့်မယ်"

အစ်ကို့ရဲ့ ပူပန်မှုတို့ကိုကြည့်ပြီး လင်းထက်လည်း နာကျင်ရတာပါပဲ။ ကြိုမမြင်နိုင်တဲ့ ကံကြမ္မာမှာ လင်းထက်ကများ စောစီးစွာထွက်ခွာတဲ့သူဖြစ်ခဲ့လျှင် အစ်ကိုဘယ်လိုနေရှာမလဲ။

"အင်းပါ၊ ကျွန်တော် ဘာမှမဖြစ်စေရဘူးနော်၊ ဘာမှမဖြစ်စေရဘူး"

နားသယ်ဖျားတို့အား ဖိကပ်နမ်းရှိုက်ရင်းမှ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီအား တယုတယနမ်းရှိုက်လာသူဟာ သည်ဘဝအတွက်တော့ ချစ်ခြင်းမေတ္တာဆိုတဲ့သဘောကို လုံလောက်အောင် ပြသပေးခဲ့ပြီးပြီပဲလေ။

**************************

"ဘယ်လိုဖြစ်လာတာလဲ သားကြီး"

အမေက အစ်ကို့၏လက်မောင်းမှ ပတ်တီးကို မြင်မြင်ချင်း ထိတ်ထိတ်ပြာပြာ။

"မှန်နဲ့ရှမိတာပါ အမေ၊ အကြီးကြီးမဟုတ်ပါဘူး"

"ဘယ်လိုဖြစ်ပြီးလဲကွယ်"

"ကင်မရာပြုတ်ကျတာ၊ ရှပ်ထိလေးပဲ အမေ၊ ဘာမှမဖြစ်ဘူး"

ထိုလူကြီးက အမေ့ကို ထိုမျှသာပေးသိတော့ လင်းထက်လည်း နှုတ်ဆိတ်နေလိုက်ရသည်။

"သားငယ်က အစ်ကို့ကို လိုက်ပို့တာလား"

"ဟုတ် အမေ၊ အစ်ကို့ဆီက စာတမ်းလည်း ယူစရာရှိတာနဲ့"

"ဪ"

အမေနဲ့အတူ ဧည့်ခန်းကို လျှောက်လိုက်လာရင်း လင်းထက်တို့နှစ်ယောက်လုံးက တိတ်တိတ်ဆိတ်ဆိတ်။

"ဒါနဲ့ မမကရော မန္တလေးလိုက်သွားမှာတဲ့လား"

"သည်မှာခွင့်ပြည့်တဲ့အထိ သံုးရက်လောက်တော့ နေဦးမယ်တဲ့ အမေ"

"ဪ...မေ့သားငယ်တော့ မမကို နှမြောလို့ ဝမ်းနည်းနေတော့မှာပဲ၊ ဟုတ်လား"

အမေက ချစ်စနိုးစသည့်အခါ အဆင်မပြေသည့်စိတ်အား သက်သာစေရန်အလို့ငှာ အမေ့ပခုံးထက် ခေါင်းဝှေ့မိရသည်။

"အဝတ် သွားလဲလိုက်ဦးမယ်၊ တစ်ခါတည်းလိုက်မှာလား"

အပေါ်မှကုတ်အင်္ကျီကို ချွတ်ရင်း ထိုလူကြီးက မေးလာတော့ ခေါင်းခါပြလိုက်ရင်း

"ဟင့်အင်း အမေနဲ့စကားပြောဦးမယ်"

"အင်း အမေနဲ့ ဧည့်ခန်းမှာပဲ နေနော်"

ပြောရင်း မသွားခင် သူ့အိမ်ဧည့်ခန်း၏ မျက်နှာကြက်များအား ပတ်ပတ်လည်မော့ကြည့်သွားသူကြောင့် သက်ပြင်းချမိရပြန်သည်။

ကျောပြင်ဖြူဖြူအားပျောက်ကွယ်သွားသည်အထိ ခပ်ငေးငေးလိုက်ကြည့်ပြီးမှ ခုံပေါ်မှဆင်း၍ အမေ့အရှေ့ကြမ်းပြင်တွင်ထိုင်လိုက်ရင်း ပေါင်ပေါ်သို့မှေးမှီလိုက်တော့ အမေကအလိုက်သင့်ပဲ ခေါင်းထက်ပွတ်သပ်ပေးလာသည်။

"သားတို့တစ်ခုခုဖြစ်လာကြသလား"

အစ်ကို့ရှေ့မှာတော့ မသိဟန်ဆောင်ခဲ့သောအမေဟာ သူ့ဝမ်းမှလွယ်မွေးခဲ့ရသော သားတစ်ယောက်ရဲ့မျက်နှာကိုတော့ ကောင်းကောင်းဖတ်တတ်ခဲ့ပါသည်။

"အမေ"

မော့ကြည့်ပြီးခေါ်တော့ အမေကမေးဆတ်လို့ထူးသည်။ ထိုအပြုအမူက အစ်ကိုနှင့်အလွန်တူလှသည်။

"ကျွန်တော် တစ်ခုခုဖြစ်သွားရင် အစ်ကိုဘယ်လိုဖြစ်သွားမယ်ထင်လဲဟင်"

ေခါင်းထက်ပွတ်သပ်ဆဲ အမေ့လက်တွေဟာ ခေတ္တ ရပ်တန့်သွားသည်။

"ဘာလို့ မဖြစ်လာသေးတာကို ကြိုတွေးနေကြတာလဲ သားတို့ရယ်"

"အစ်ကိုက ကျွန်တော့်ကို စိတ်မချဘူးတဲ့ အမေ၊ ဒါပေမဲ့ ကျွန်တော်က အစ်ကို့ကို ပိုပြီးစိတ်မချဖြစ်ရတယ်၊ တကယ်လို့ ကျွန်တော်တစ်ခုခုဖြစ်သွားရင်တောင် အစ်ကို့ကိုစိတ်မချတာနဲ့ ကျွန်တော်ဖြောင့်ဖြောင့်သွားနိုင်မှာမဟုတ်ဘူးထင်တယ် အမေရယ်"

"အိုကွယ် သားငယ်ရယ်၊ နိမိတ်မရှိနမာမရှိတွေ"

အမေက လင်းထက်ကို အသာထွေးပွေ့၍ သူ့နဘေးမျက်နှာချင်းဆိုင် ပြန်ထိုင်စေသည်။

"လောကနိယာမအရခွဲခွာခြင်းတွေက အမေတို့ အနှေးနဲ့အမြန် ကျိန်းသေပေါက်တွေ့ရမဲ့အရာတွေပဲပေါ့ သားရယ်၊ ဒါပေမဲ့ ကြိုမမြင်နိုင်တဲ့ အဲခွဲခွာခြင်းအတွက် ကြိုပြီးဝမ်းနည်းနေလို့တော့ ဘယ်ဖြစ်မလဲကွဲ့၊ အဲလိုဆို လက်ရှိပစ္စုပ္ပန်ရဲ့ ပျော်ရွှင်စရာအချိန်တွေကို အမေတို့ဆုံးရှုံးသွားမှာပေါ့၊ ဘာဖြစ်ခဲ့လျှင် ညာဖြစ်ခဲ့လျှင်ဆိုတဲ့ လျှင်တွေကို တွေးပူနေမဲ့အစား အခုလက်ရှိမှာ သားတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ဖေးဖေးမမနဲ့ ပျော်ပျော်ရွှင်ရွှင် နေရမယ်လေကွယ်၊ အင်း...ဒါက သားငယ်ကိုတင်မဟုတ်ပါဘူး၊ သားကြီးကိုပါပြောရမှာ၊ သားငယ်ကို အခုလိုတွေ တွေးပူမိအောင် သူလုပ်နေတာမဟုတ်လား"

"အစ်ကို အဲလိုစိုးရိမ်ရအောင်လည်း ကျွန်တော်ကလုပ်နေမိတာအမေရဲ့၊ အခု အစ်ကို့လက်က ဒဏ်ရာက ကျွန်တော့်ကြောင့်ဖြစ်ရတာ"

ယူကြုံးမရစွာဆိုတော့ အမေက သူ့လက်တို့ကို ခပ်ဖွဖွထွေးဆုပ်သည်။ အမေ့၏လက်မှ အနွေးဓာတ်တို့က အစ်ကို သူ့လက်ကိုဆုပ်ကိုင်တိုင်း ရရှိတတ်သောအနွေးဓာတ်တို့နှင့် ဆင်တူသည်။

"လူတစ်ယောက်ကို ချစ်ခင်တဲ့အခါ အဲချစ်ခြင်းမေတ္တာနဲ့ ညီမျှတဲ့အချိုးအတိုင်း အဲလူအတွက် စိုးရိမ်ရတာပူပန်ရတာကလည်း သဘာဝပါပဲ သားငယ်ရယ်၊ ဒါပေမဲ့ သူ့ကိုစိုးရိမ်လို့ အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ချင်တယ်ဆိုပေမဲ့လည်း သူ့မှာပါလာပြီးသား ကံတရားရဲ့အကျိုးကိုတော့ အမေတို့ဘယ်လိုများပြောင်းလဲပေးနိုင်မှာလဲ၊ အမေတို့ တတ်နိုင်သလောက်ပဲပေါ့၊ အမေတို့မတတ်နိုင်တဲ့အရာတွေအတွက်တော့ တွေးပူဝမ်းနည်းနေလို့လည်း အပိုပဲလေကွယ်၊ သားကြီးက သူတတ်စွမ်းသလောက် သားငယ်ကို စောင့်ရှောက်လိမ့်မယ်၊ ဒါပေမဲ့ သူမတတ်နိုင်တဲ့ကိစ္စတွေအတွက်တော့ သူလည်းသူ့စဥ်းစားဉာဏ်နဲ့သူ သူ့စိတ်ကိုသူထိန်းချုပ်နိုင်လာမှာပါကွယ်၊ သားတို့တစ်ယောက်နဲ့တစ်ယောက် အမြဲပွင့်လင်းရိုးသားနေဖို့ပဲလိုတယ်"

ဖြည်းလေးစွာပင့်သက်ရှိုက်ရင်း အမေ့ရင်ခွင်ထဲ ခေါင်းတိုးဝှေ့မိတဲ့အခါ အလိုက်သင့်ထွေးပွေ့မှုတို့ဖြင့် အမေဟာ သူ့ကို ဒုတိယအိမ်လိုနွေးထွေးစေပါသည်။

*****************

သူစုထားသည့် စာတမ်းမိတ္ထူတွေအား သေချာထုပ်ပိုးနေသူကို ခုတင်ပေါ်တွင်ထိုင်ရင်း ခပ်ငေးငေးကြည့်​ေနမိသည်။ အတိုးရောအရင်းရောပေါင်းလျှင် ချစ်ခြင်းမေတ္တာအပြင် ကျေးဇူးကြွေးတွေဟာ ဘယ်လောက်များရှိနေလောက်ပြီလဲ။

"ရပြီ"

ထုပ်ပိုးပြီးသွားသော စာအုပ်ထုပ်အား စားပွဲပေါ်တင်ပြီးနောက် လှည့်ကြည့်လာသည့်အခါ အပြုံးတစ်ပွင့်ကို အမောပြေ​စေရန် အလို့ငှာဆင်မြန်းပေးမိသည်။

"ပြန်တော့မှာလား"

ဘေးတွင်ဝင်ထိုင်ရင်းမေးတော့ ခေါင်းကိုချက်ချင်းခါယမ်းလိုက်သည်။

"အစောကြီးရှိသေးတာကို၊ မေမေက ဉာဉ့်မနက်စေနဲ့လို့ပဲမှာလိုက်တာ၊ နေလို့ရသေးတယ်"

ပြောရင်း သူ့လက်တို့ကို ဆွဲယူ၍ လက်ချောင်းများအား တို့ထိဆော့ကစားတော့ ပြုံးလျက် ငေးရီသည်။

လက်မောင်းမှ ပတ်တီးဖြူဖြူအပေါ် ခပ်ဖွဖွပွတ်သပ်ရန်ရည်ရွယ်မိသည့်အခါ လက်တွေက လိုရာသို့မရောက်ခင်မှာပင် ကြာဖြတ်ယူကာ ဆုပ်ထွေးနမ်းရှိုက်ခြင်းကို ခံရသည်။

"မပြန်သေးဘူးဆိုလည်း ဟိုနေ့က ကိုယ့်ကိုယ်ဝိုင်းကူထားတဲ့ စာတမ်းကို ဆက်ပြီးဝိုင်းကူမလား"

ချက်ချင်းနှာခေါင်းရှုံ့လိုက်မိသည်။

"ဟင့်အင်း ကျွန်တော် သည်အချိန်မှာ စာမလုပ်ချင်ပါဘူးနော်"

"စာမလုပ်ချင် ဘာလုပ်မလဲ"

ခပ်စစပြုံးကာ မေးဆတ်လာသူကြောင့် ပခုံးစွန်းအား အသည်းယားစွာခပ်ဖွဖွဖိကိုက်လိုက်ပြီး ရင်ခွင်အတွင်းသို့ ​မှေးမှီလိုက်သည့်အခါ စန္ဒကူးနံ့မွှေးမွှေးကို ရှိုက်မိသည်။

အလိုက်သင့် ခပ်ဖွဖွပြန်လည်လည်ပွေ့ဖက်လာသူ၏ ရင်ခွင်ကျယ်တွင် ပါးအပ်ရင်း နှလုံးခုန်သံတိုးတိတ်တိတ်အား ရေတွက်မိသည်။

"အစ်ကို လူလိမ်"

"ဟင် ဘာကိုလဲ"

"ပြောတော့ လပ်ဘ်ဒပ်ဘ်မဟုတ်ဘဲ လင်းထက်ဖြစ်နေပြီဆို၊ အခု နားကြပ်တောင်မလိုဘူး၊ သည်တိုင်းနားထောင်လည်း လပ်ဘ်ဒပ်ဘ်ပဲကို"

"ဟား...ဟား"

ခပ်သော့သော့ ရယ်မောသံနောက် ဆံနွယ်တွေအကြားဖိကပ်လာသော နွေးထွေးမှုတို့။

"အဲတုန်းက ကိုယ်အပိုတွေပြောတာလေ၊ တကယ်မဟုတ်မှန်း ကလေးကအစ မင်းကအဆုံး အကုန်သိတာပဲ မဟုတ်လား"

မိမိအားခွေးလို့ပြောလိုက်သလားဟု စကားလုံးတို့အား သေချာအထအနကောက်ပြီးနောက် မကြည်သာစွာ မော့ကြည့်တော့ ငုံ့မိုးကြည့်နေသူ၏နှုတ်ခမ်းဖျားတွေက အပြုံးတို့ပြန်လည်ဖြစ်ထွန်းစေရန်အလို့ငှာ နဖူးပြင်ထက် တံဆိပ်ခတ်ပါသည်။

အသည်းယားစွာ နီးကပ်ရာရင်ဘက်အား ဖိကိုက်လိုက်မိပြန်တော့

"အား ဘယ်ကိုကိုက်တာလဲ ခွေးလေးရ"

တရွေ့ရွေ့တိုးလာသော ချစ်သူသက်တမ်းတို့နှင့်အညီ ပူးတွဲတိုးလာသည့်အရာက ထိုလူကြီး၏ ခန္ဓာမှ လင်းထက်၏သွားရာများပင်ဖြစ်မည်။ အသည်းယားတိုင်း နီးရာနေရာကို ဖိကိုက်မိတတ်လာခြင်းက မထုံတက်တေးထိုလူကြီးက မွေးပေးလိုက်သည့်အကျင့်တစ်ခု။

"မင်းကတော့လေ၊ တကယ်ကို အကြောက်အလန့်မရှိတာပဲ ေဘဘီ"

စကားသံအဆုံး လင်းထက် မျက်နှာတစ်ခုလုံးက ပြုံးရွှင်သွားကာ လည်တိုင်တို့ထက် မြူးထူးစွာ တွဲခိုလိုက်မိသည်။

"ဘယ်လိုခေါ်လိုက်တာ၊ ပြန်ခေါ်ပါဦး"

ထိုလူကြီးက မသိချင်ယောင်ဆောင်ကာ မျက်နှာလွှဲသည်။

"အစ်ကိုနော် ပြန်ခေါ်လို့"

တစ်ခါ လင်းထက်ထိုသို့ခေါ်ဖို့ ပူဆာတုန်းက ထိုလူကြီးက ကလေးဆန်သည်ဟုဆိုကာမခေါ်ခဲ့။ နောက်ပိုင်း လင်းထက်စိတ်ကောက်သည့်အချိန်တို့စာမကျက်ချင်သည့်အချိန်တို့မှသာ သူစိတ်ပါရင်ပါသလို ခေါ်တတ်ခဲ့တာ။

"အစ်ကို့ ပြန်ခေါ်ပါလို့"

တစ်ခွန်းကနှစ်ခွန်းတောင်းဆိုလာရသည့်အခါ မျက်နှာက အနည်းငယ်ဆူပုပ်ချင်လာချေပြီ။

"မခေါ်ရင် ကျွန်တော်ပြန်တော့မယ်"

သည်လိုဆိုတော့လည်း လူကိုပေါင်ပေါ်က အထမခံဘဲ ခါးထက် လက်တို့က မြဲမြံစွာ။

"မင်းဆိုးပြန်ပြီ ဘေဘီရာ"

"အား...ကျွန်တော် ကိုကို့ကိုချစ်တယ်"

မဖုံးနိုင်မဖိနိုင် ပြုံးသွားသူ၏ နှုတ်ခမ်းတွေထက် အကြင်နာဆုတံဆိပ်တို့ကို အပ်နှင်းတော့ ပိုမိုပီပြင်သွားသော အပြုံးတွေအား နှုတ်ခမ်းများမှ ခံစားမိသည်။

တဖြည်းဖြည်းနိမ့်ဆင်းလာသော နေမင်း၏ ရောင်နီအချို့က ပြတင်းမှတဆင့် အခန်းအတွင်းသို့ ဖြာကျလာသည်။

ချစ်ရသူ၏ ရင်ခွင်ထဲ ​မှေးမှီလျက် ဖြတ်သန်းရသော ညနေခင်းတစ်ခုက အချိန်နာရီတို့ကို မေ့ပစ်ဖို့ လုံလောက်သောအကြောင်းပြချက်တစ်ခုဖြစ်နိုင်ပါသည်။

"အစ်ကို့"

"အင်း"

"သည်အချိန်မှာ ကျွန်တော် ဘာလုပ်ချင်လဲ သိလား"

"ဘာလုပ်ချင်လဲ"

"အင်း...အစ်ကို့ကို သီချင်းဆိုပြချင်တာ"

ပင့်တက်သွားသော မျက်ခုံးတွေက မယုံဟန်။

"တကယ်ပြောတာ၊ အခုအချိန်မှာ ကျွန်တော်ဆိုချင်နေတဲ့ သီချင်းရှိတယ်၊ ဂစ်တာလေးသာရှိရင် ကျွန်တော်ဆိုပြတယ်"

"တကယ်လား၊ ဂစ်တာရှိရင် တကယ်ဆိုပြမှာလား"

"အင်း"

"အာ့ဆို ခဏထ"

ရင်ခွင်အတွင်း မှီတွယ်ထားရာမှ လူးလဲထထိုင်လိုက်ပြီး

"အစ်ကို့မှာ ဂစ်တာရှိလို့လား"

မျက်ခုံးပင့်ပြသူဟာ နှုတ်မှမဖြေခင် ဗီဒို၏အနောက်မှ အိတ်မည်းတစ်လုံးကို ဆွဲယူထုတ်လာလေသည်။

"ဝါး တကယ်ကြီး အစ်ကို့မှာ ဂစ်တာရှိတာပဲ၊ အစ်ကိုတီးတာလား"

"အင်း ကျောင်းတက်တုန်းက သင်ဖြစ်တာပါ၊ နောက်ပိုင်းစိတ်မပါတော့လို့ မတီးဖြစ်တာကြာပြီ၊ ရော့ အခုတော့ မင်းအတွက်"

အိတ်ထဲမှ ထုတ်ကာလှမ်းပေးလာသည့် ဂစ်တာက ကျွန်းညိုရောင်တောက်နေသည်။ လင်းထက် ကြိုးများကို ဟိုညှိသည်ညှိ တဒေါင်ဒေါင်လုပ်ရင်း ဟီးခနဲ သွားဖြီးပြလိုက်မိသည်။

အစက စိတ်ထဲမှာရှိသည့်အရာကို အာချောင်လိုက်တာ အခုတော့ တကယ်ဆိုပြရတော့မည်။

"တီးတော့တီးတတ်တယ်မဟုတ်လား"

နဖူးကို ခပ်ဖွဖွတောက်ရင်း ရယ်ကျဲကျဲမေးလာသူအား မကြည်ကြည့်တစ်ချက်ကြည့်မိရင်း

"ကျွန်တော်တို့အဖွဲ့ထဲမှာ တစ်ခုခုဆို ဂစ်တာတီးရတာ ကျွန်တော်ပါနော်၊ ကျောင်းတုန်းက သေချာကိုသင်ထားတာ"

"မမတွေကိုပိုးဖို့ သေချာသင်ထားတယ် ဆိုပါတော့"

အမှန်တရားမို့ နည်းနည်းတော့ နင်သွားရသည်။

"ဟုတ်တာပေါ့၊ အဲတုန်းကတော့ မမတွေကိုပိုးဖို့ပေါ့၊ အခုကတော့ ကိုကို့ကိုပိုးဖို့ တီးမှာ"

"ဟား...ဟား မင်းကတော့ကွာ"

သဘောတကျ ရယ်မောနေသူအား ခပ်ငေးငေးကြည့်ရင်း လင်းထက်လည်းပြုံးမိရသည်။ နေ့လည်ကအဖြစ်အပျက်ကို ထိုလူကြီးအား မေ့သွားစေချင်သည့်ဆန္ဒပြည့်ပါသည်​ေလ။

ထိုလူကြီးက လင်းထက်နှင့်မျက်နှာချင်းဆိုင်တွင် ထိုင်ရင်း နားထောင်ဖို့အသင့်ဖြစ်နေသည့်ဟန်။

လင်းထက် ဂစ်တာကြိုးကို သေချာညှိလိုက်ပြီးနောက် ဆိုမည့်သီချင်း၏ ကောဒ့်ကို လိုင်းပေါ်မှရှာလိုက်သည်။ သီချင်းက ဂစ်တာတစ်ခုတည်းနှင့် သိပ်မမြူးနိုင်သည်မို့ နောက်ခံအဖြစ်သုံးရန် တီးလုံးသက်သက်ကိုပါ ရှာလိုက်သည်။

"အစ်ကို့ပေါင်ပေါ်မှာ ထိုင်မယ်"

"ဟောဗျာ၊ ဒါဆို ကိုယ်က ဘေဘီ့မျက်နှာ ဘယ်မြင်ရတော့မလဲ"

"အစ်ကိုက သည်ဘက်လှည့်ထိုင်လိုက်၊ ဟိုမှန်ထဲမှာ မြင်ရမယ်"

ခုတင်ခြေရင်းရှိ မှန်ကိုထိုးပြတော့ ထိုလူကြီးက သဘောရှိဆိုသည့်သဘော ပခုံးတွန့်သည်။

ထိုလူကြီးရင်ခွင်ထဲ နေရာယူပြီးနောက် မှန်ထဲမှတဆင့်ပြုံးပြတော့ ဆံပင်တွေကို တမြတ်တနိုးနမ်းရှိုက်သည်။

လင်းထက် တီးလုံးအဝင်အားစတီးသည့်အခါ ဘာသီချင်းမှန်း သိသွားသည့်ထိုလူကြီးက ဟက်ဟက်ပက်ပက်ရယ်သည်။

ပြန်လည်ရန်မတွေ့နိုင်အောင် စစတီးတီးချင်း လက်ကိုအာရုံစိုက်နေရသဖြင့် ခပ်စောင်းစောင်းအကြည့်တစ်ချက်သာ ပေးဖြစ်သည်။

"အတူတူအနားမှာ မင်းလေးရှိတဲ့အချိန်...
ပီတိများနဲ့ ရင်တွေခုန်...
ပူပင်မှုတွေနဲ့ ဘဝရဲ့အမောများဝေး
ကမ္ဘာကြီးဟာ ပြည့်စုံ"

သံစဥ်ကျသည်မကျသည် အသာထား။ လူငယ်တစ်ယောက်၏ တက်ကြွမှုမျိုးဖြင့် ဖျတ်လတ်နေသည်ကို ထိုလူကြီးကတော့ ပြုံး၍ကြည့်နေတာပင်။

နောက်တစ်ပိုဒ်တွင် ထိုလူကြီးအား ဆိုမလားဟူသည့် သဘောမျက်ခုံးပင့်ပြတော့ ရယ်မောရင်း ခေါင်းခါပါသည်။ မဆိုမှန်း ကြိုတွေးထားပြီးသားမို့ ပြုံးရင်း ကိုယ့်ဘာကိုယ်ပဲဆက်ဆိုရသည်။

"ဂစ်တာလေးကို မင်းကတီးခတ်စဥ်
ကိုယ်က သီချင်းများဆိုမယ်လေ
ပုံပြင်အသစ်တွေနဲ့ မင်းကချော့သိပ်တော့
အိပ်မက်တွေလှနေ..."

ကောရဒ်ပိုဒ်တွင် မှန်ထဲမှ ထိုလူကြီးအား ကြည့်ကာဆိုတော့ အပြုံးတစ်ပွင့်နှင့် ကြည်ကြည်နူးနူး​ပြန်လည်ငေးရီသည်။

"မင်းရှိခဲ့ရင်...
ကြည်ကြည်နူးနူးဘဝမှာ ချစ်လို့မဝပါ
နှစ်ယောက်တည်းကမ္ဘာ...
မင်းရှိခဲ့ရင်
ဒါဟာ ပျော်စရာလောကနိဗ္ဗာန်
ငြိမ်းချမ်းရင်သာ
နှစ်ယောက်တည်းကမ္ဘာ..."

သံစဥ်အလိုက် လင်းထက်ကမြူးထူးစွာ လှုပ်ရှားတော့ လူအေးကြီးထံမှ လိုက်ဖက်ညီသော အားပေးမှုကို ပြန်ရသည့်အခါ ဂစ်တာတီးရင်းမှ မထိန်းနိုင်စွာ ရယ်မိရသေးသည်။ နားရွက်ဖျားတွေရဲအောင် ရှက်သွားသည့်အခါတွင်တော့ ခေါင်းကိုစောင်းငဲ့​ရင်း မေးဖျားအား လှမ်းနမ်းရှိုက်ရသည်။

"တည်ဆောက်ခြင်းတွေဟာ ခဲယဥ်းလည်းကွယ်
အကုန်ဖျက်စီးဖို့ လွယ်ကူတယ်...
ဘယ်သူကြားဝင်ဝင်အမြဲတမ်း သတိနဲ့
နှစ်ယောက်သားတို့နားလည်..."

လာမည့်အပိုဒ်၏သီချင်းစာသားတို့ကတော့ ထိုလူကြီးကို လင်းထက်အပြောချင်ဆုံး စကားတို့ဖြစ်မည်ထင်သည်။

"ဗိုလ်ခြေတစ်သောင်းမလိုပါ မင်းတစ်ယောက်တည်းနဲ့တင်
အန္တရာယ်အားလုံး လုံခြုံလို့နေ
ကိုယ်တို့ ဝေးချိန်တွေ
နည်းသထက်နည်းသွားဖို့
မကြာခဏ ဆုံပါရစေ..."

ထိုအပိုဒ်ကိုပင် နောက်တစ်ခေါက် တစ်ကျော့ပြန်သည့်အချိန်တွင်တော့ လင်းထက်အဓိကပြောချင်သည့် ဟိုက်လိုက်ဖြစ်ကြောင်း သိစေချင်သည့်အလို့ငှာ သီချင်းစာသားဆုံးလျှင်ဆုံးချင်း ကြည်နူးစွာပြုံးနေသည့် နှုတ်ခမ်းလွှာတို့အား စောင်းငဲ့၍ တစ်ချက်ဖိကပ်နမ်းရှိုက်လိုက်သည်။

သို့သော် ပြန်လည်လွှတ်မပေးတော့သည့် လူကြီးကြောင့် တီးလက်စ ဂစ်တာသံက တိုးတိတ်ပျောက်ကွယ်သွားရပြီး ထိုအစား ဖုန်းမှဖွင့်ထားသော သံစဥ်တိုးတိုးနှင့် လင်းထက်၏ သဘောတကျရယ်သံလွင်လွင်တို့ကသာ အခန်းထဲ ထွက်ပေါ်လာတော့သည်။

"မင်းရှိခဲ့ရင် ကြည်ကြည်နူးနူးဘဝမှာ
ချစ်လို့မဝပါ...
နှစ်ယောက်တည်းကမ္ဘာ..."

***************************

ဒီတစ်ခါလည်း အရှည်ကြီးပါပဲ။

အားလုံးကို ကျေးဇူးတင်လျက်
ဆာကူရာရိန်း🌸




























Continue Reading

You'll Also Like

1M 118K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
9.2K 807 17
တနင်္လာနေ့တိုင်း update ရှိပါသည်။ ကြာပန်းဖြူလေးများအဖွဲ့
915K 138K 71
▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s)...
2.9M 228K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023