The Man's Perfect Wife Myanma...

By yourelf2u

106K 5.2K 365

တောင်ကိုရီးယားနိုင်ငံ အထက်တန်းလွှာမိသားစုတွေရဲ့ အင်အားဟာ ငွေ ၊ အာဏာ နဲ့ လက်ထပ်ခြင်း ။ သူ့ အိမ်ထောင်ရေးဟာလည်း... More

Categories
ဒါကိုဖတ်ကြည့်ပေးပါ
prologue
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃

အပိုင်း ၄

3.5K 167 11
By yourelf2u


“ သူ ဘာတွေဖြစ်နေတာလဲ ? ”

ယွန် က စင်္ကြံလမ်းမှာ ဆက်တိုက်လမ်းလျှောက် နေရာကနေ ရပ်လိုက်တယ် ...

သူမ ဒေါသထွက်ရလွန်းလို့ အနားမှာရှိတဲ့ပစ္စည်းတွေကို ဆွဲယူလွှင့်ပစ်ချင်နေပြီ ၊ ဒါပေမယ့် အဲဒီလို မလုပ်မိဘူး ။ ခုချိန်မှာ သူမရဲ့တည်ငြိမ်ကျက်သရေရှိတဲ့ အထက်တန်းစားအမျိုးသမီးတစ်ယောက်ရဲ့ဟန်ဆောင်မျက်နှာဖုံးက ကွဲအက်လာတော့မလိုပဲ။

ကောင်းကင်တစ်ခုလုံးမိုးခြိမ်းသံတွေကြောင့် တုန်ခါနေပြီး အခန်းထဲကအလင်းရောင်တွေနဲ့ ပြတင်းမှန်မှာ ပုံရိပ်ထင်နေတယ် ၊ မိုးရေစက်တွေစီးကျ‌ နေပုံက ပိုးကောင်ငယ်လေးတွေလိုပဲ။ ယွန်က မျက်နှာကျက်ကို မော့ကြည့်လိုက်တယ် ၊ သေချာတပ်ဆင်ထားတဲ့လျှို့ဝှက်ကင်မရာတွေ နေရာတိုင်းလိုလိုပဲ... ဒီလို မရေမတွက်နိုင်တဲ့ကင်မရာ‌‌ ပေါင်းများစွာနဲ့ သူမရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ခံရတဲ့နေရာက သူမအတွက် “ အိမ် ” လို့ ခေါ်တဲ့ နေရာပါတဲ့လေ။

အဲဒီနေရာကနေဆက်လျှောက်လာတော့ ကြမ်းပြင် နဲ့ သူမ ဒေါက်ဖိနပ်ထိမိတဲ့ တဒေါက်‌ဒေါက် အသံတွေပြန်လည်ထွက်ပေါ်လာတယ်... အဲဒီခဏမှာ သူမရဲ့ တည်ငြိမ်ပြီး အေးစက်တဲ့ အမူအယာတွေ ပြန်ပေါ် လာတယ် ၊ ဒီလိုစောင့်ကြည့်ခံရတဲ့ဘ၀မှာ နေသား ကျနေလွန်းလို့ သူမအရိုးထဲထိတောင် ပျော်၀င်နေခဲ့ပြီ။ ပုံမှန်ခြေလှမ်းတွေနဲ့ပဲ သူမအဆောင်ရှိရာကို ပြန်လာခဲ့တယ် ...

အဆောင် ဆိုတဲ့စကားလုံးက ဒီနေရာအတွက်တော့ အသင့်တော်ဆုံးပဲ။ ဒီအဆောက်အဦမှာ မြေညီထပ် အပါအ၀င် အထပ်ပေါင်း ၅ ထပ်ရှိတယ် ၊ မြေညီထပ်မှာတော့ ကားဂိုထောင်ရှိပြီး ဒုတိယထပ်မှာ ဧည့်ခန်း ၊ တတိယထပ်မှာ ထမင်းစားခန်း နဲ့ စာကြည့်ခန်း ၊ လေးထပ်မြောက်မှာတော့ ရေကူးကန် နဲ့ ကိုယ်ပိုင်အားကစားခန်းတွေ အသီးသီးရှိတယ်။ အပေါ်ဆုံးထပ်ကတော့ သူမတို့နှစ်ယောက်အတွက် သီးသန့်အသုံးပြုနိုင်တဲ့ ကိုယ်ပိုင်အခန်းတွေ ရှိတဲ့နေရာ ...

အရှေ့ခြမ်းကတော့ ဆောဂျွန်ဟွန် အပိုင်ဖြစ်ပြီး အနောက်ခြမ်းကတော့ ယွန် ရဲ့ နေရာ... သူမရဲ့ ကိုယ်ပိုင်အဆောင်မှာ ဧည့်ခန်း၊ ပန်းချီဆွဲတဲ့ studio နဲ့ အိပ်ခန်းတို့ရှိတယ် ...

အိမ်က ကြီးလွန်းလို့ သူမတို့နှစ်ယောက်သာ ဆန္ဒရှိမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် မတွေ့ဘဲတောင် နေလို့ရတယ် ၊ ပြီးတော့ သူမရဲ့ ကိုယ်ပိုင်အဆောင်မှာ ကင်မရာပေါင်းများစွာကလည်းရှိနေသေးတယ် ၊ ဒီကင်မရာတွေက သူမရဲ့လုံခြုံရေးအတွက်လား စောင့်ကြည့်ခံရဖို့လားဆိုတာတောင် မသဲကွဲဘူး... တစ်စုံတစ်ယောက်ရဲ့စောင့်ကြည့်ခြင်းခံနေရပါပြီ ဆိုကတည်းက သူမမှာ ဘယ်လိုများ သက်တောင့်သက်သာနဲ့ အေးချမ်းနိုင်ပါတော့မလဲ။

ယွန်က သူမရဲ့ ‌ဧည့်ခန်းထဲကို၀င်လာပြီး သက်ပြင်းဖွဖွ တစ်ချက်ချမိ‌‌တယ်။ ဒါပေမယ့်လည်း ဧည့်ခန်းထဲမှာစောင့်နေတဲ့ အမျိုးသမီးကို မြင်တဲ့အခါမှာတော့ သူမ မျက်နှာ ချက်ခြင်းပဲတင်းမာလာတယ်။ အဲ့ဒီအမျိုးသမီးက အတွင်းရေးမှူးယွန်းပဲ ... မဟုတ်သေးဘူး ... ပိုပြီးတိတိကျကျပြောရရင် သူမခင်ပွန်းရဲ့ကောင်မလေး လို့ ပြောရမှာပေါ့။

“ ဒါရိုက်တာနဲ့ သေချာစကားပြောပြီးခဲ့ပြီလား ”

အာ... အတွင်းရေးမှူးယွန်းက ဒီမေးခွန်းရဲ့အဖြေကို သိချင်လို့ ဒီနေရာမှာ တစ်ချိန်လုံးစောင့်နေခဲ့တာလား ? သူမ လောနေတာပဲ ၊ ယွန်တို့ နှစ်ယောက်ကွာရှင်းတဲ့သတင်းကို တခြားဘယ်သူ့ကိုမှ မကြေညာသေးခင် သူမက အရင်ဆုံးသိချင်နေတာလား ? အိုး... မိန်းကလေးရယ် ဘယ်လိုလုပ်မလဲ ? မင်းရဲ့ချစ်သူကတော့ သူ့ဇနီးကို ကွာရှင်းချင်တဲ့ပုံ မပေါ်ဘူးနော်.....

ယွန်က စကားတစ်ခွန်းမှ မဆိုဘဲ ထိုင်လိုက်ပြီး လက်ဖက်ရည်တစ်ခွက် ငှဲ့ လိုက်တယ်။

သူမ အမျိုးသားမှာ ချစ်သူ ရှိရှိ မရှိရှိ ၊ အဲ့ဒီချစ်သူက သူမ အမျိုးသားအနားမှာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဒါတွေက သူမ အာရုံစိုက်ရမဲ့ကိစ္စမဟုတ်ဘူး။

သူမတို့နှစ်ယောက်ရဲ့ လက်ထပ်ခြင်းက စာချုပ်တစ်ခုပါပဲလေ ၊ ဘယ်လိုပဲ မတူညီတဲ့ရှုထောင့်ကနေကြည့်တယ်ဆိုဦးတော့ ဒီလက်ထပ်ခြင်းက အလိမ်အညာတွေနဲ့စတင်ခဲ့တဲ့ ပူးပေါင်းကြံစည်မှုသက်သက်ပဲ ၊ ပိုပြီးအရေးကြီးတာက ဘာအကြောင်းတွေပဲရှိရှိ သူမ ‌ဆောဂျွန်ဟွန်နဲ့ကွာရှင်းဖို့ စီစဉ်ထားခဲ့ပြီးသား။

လက်ဖက်ခြောက်ကိုရေထဲမှာ အချိန်တွေကြာအောင် နှပ်ထားမိတော့ လက်ဖက်ရည်က နွေးနေတုန်းဆိုပေမဲ့ အရသာက ခါးသက်သက် ဖြစ်နေတယ် ၊အတွင်းရေးမှူးယွန်းကတော့ ဘေးမှာမတ်တပ်ရပ်အတိုင်း ယွန့်ဆီကပြန်ဖြေလာမယ့် စကားသံကို စောင့်ဆိုင်းနေတယ်။

“ ကိုယ်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဒီလိုကိစ္စလေးတွေကြောင့်နဲ့ တုန်လှုပ်မယ်လို့ မင်းထင်‌လား ”

ယွန်က သူမခင်ပွန်းရဲ့မျက်နှာနဲ့ သူပြောလိုက်တဲ့ စကားတွေကို ပြန်စဉ်းစားမိတဲ့အခါ လက်ဖက်ရည် ခွက်ကိုကိုင်ထားတဲ့ သူမလက်တွေ တုန်ယင်လာတယ် ၊ သူမရဲ့လက်ချောင်းတွေကို ဘယ်လောက်တောင် အားထည့်ပြီးဆုပ်ကိုင်ထားမိသလဲဆို အင်္ဂလန်ကလာတဲ့ ဈေးကြီးပေးဝယ်ထားရတဲ့ လက်ဖက်ရည်ခွက်တွေကို ခွဲမိတော့မတတ်ပဲ။

“ ကိုယ် မင်းနဲ့ ကွာရှင်းဖို့ အစီအစဉ်မရှိဘူး ”

ယွန် သူ့စကားတွေမှာ သူမ တစ်ကိုယ်လုံးက သွေးတွေ အေးခဲသွားတော့မလိုပဲ ...

ဆောဂျွန်ဟွန် ရှင်ဘာတွေ ကြံစည်နေတာလဲ ?

အတွင်းရေးမှူးယွန်းကိုတော့ အားနာပေမဲ့ ယွန့်မှာသူမကို ပြောစရာ ဘာစကားမှ မရှိဘူး။ ကိစ္စတွေသာ စီစဉ်ထားတဲ့အတိုင်းဖြစ်လာပြီး‌ အခုချက်ချင်းသာ သူမခင်ပွန်းဆီက ‘ကွာရှင်းကြမယ်’ ဆိုတဲ့စကား ကြားရမယ်ဆိုရင် မနက်ဖြန်ပဲ သူမ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုထုပ်ပိုးပြီး သူမအတွက် နေစရာစီစဉ်‌ပေးဖို့ အတွင်းရေးမှူးယွန်းကို အကူအညီတောင်းမိမှာ ၊ ဒါပေမဲ့ ....

ငါ ဘာများတတ်နိုင်မှာလဲ ? မင်းရဲ့ချစ်သူက ငါ့ကို ကွာရှင်းမပေးချင်ဘူးလို့ ပြောတယ်။ မင်း ငါ့အစား သူ့ဆီသွားပြီး ဘာလို့ဒီလိုပြောရတာလဲဆိုတဲ့ အကြောင်းပြချက်ကို သွားမေးပေးနိုင်မလား ?

သူမ အတွေးထဲကစကားတွေကို ခါးသက်တဲ့လက်ဖက်ရည်တစ်ငုံနဲ့အတူ ပြန်မျိုချလိုက်တယ်။

အတွင်းရေးမှူးယွန်းဟီဆူ ရဲ့အသက်က(၃၃)နှစ်မို့လို့ သူမ ခင်ပွန်းနဲ့အသက်အတူတူပဲ ၊ အတွင်းရေးမှူးယွန်းက လှတယ် ထက်မြတ်ပြီး မှီခိုအားထားလို့ရတဲ့ အမျိုးသမီးတစ်ဦးပဲ။ သူမလို အတွင်းရေးမှူးမျိုး အလွယ်တကူမရနိုင်ဘူး ...

ဂျွန်ဟွန်က မိတ်ဆွေကို အနီးမှာထား ရန်သူကို အနီးဆုံးမှာထား ဆိုတဲ့ စကားပုံရဲ့ အကြံပေးချက်ကို လိုက်နာနေတာများလား ?

အတွင်းရေးမှူးယွန်းရဲ့ ကဏ္ဌက ယွန်နဲ့ သူမခင်ပွန်းကြားမှာနေပြီး သူတို့နှစ်ဦးရဲ့ နေ့စဉ်ဘ၀မှာ ဖြစ်ပေါ်လာတဲ့ အသေးအဖွဲကိစ္စတွေမှာ ကူညီဖြေရှင်းပေးဖို့ ဆိုပေမယ့် ... တကယ့်အကြောင်းအရင်းက ယွန်ရဲ့လှုပ်ရှားမှုတိုင်းကို ဂျွန်ဟွန်နဲ့ ဟျွန်ဂျင်းလုပ်ငန်းစုက ယောက္ခမတွေဆီကို တင်ပြရမယ့်အလုပ်လေ ။ တခြားနည်းနဲ့ပြောရရင်အတွင်းရေးမှူးယွန်းက ယွန့်ကို လျှို့ဝှက်စောင့်ကြည့်ရတဲ့သူ ။

သူမနဲ့ ယွန်းဟီဆူက ဘယ်နေရာမှာမှ မတူနိုင်ဘူး ၊ ဘာလို့ဆို အတွင်းရေးမှူးယွန်းက ဆင်းရဲတဲ့အသိုင်းအဝိုင်းကနေလာခဲ့ရတာဖြစ်ပြီး နွမ်းပါးတဲ့အခြေအနေကနေရုန်းထွက်နိုင်ဖို့နဲ့ သူမရဲ့ပညာရေးအတွက် အမျိုးသားပညာသင်ဆုရကျောင်းသူအဖြစ် ကိုယ့်အရည်အချင်းနဲ့ကိုယ် ထိန်းကျောင်းရပ်တည်ခဲ့ရတဲ့သူ ၊ သူမက ဟျွန်ဂျင်းလုပ်ငန်းစုရဲ့၀င်ခွင့်ကိုလည်း အမြင့်ဆုံးရမှတ်နဲ့ အောင်မြင်ခဲ့‌သေးတယ်။ သူမက ဒီလုပ်ငန်းစုအတွက်ဆို အသက်တောင်ပေးမယ့်သူမျိုး ...

အဓိကအချက်ကတော့ သူမခင်ပွန်းရဲ့အထက်တန်းတုန်းက ကျောင်းနေဖက်လည်း ဖြစ်နေသေးတယ်။ သူမခင်ပွန်းနဲ့ အတွင်းရေးမှူးယွန်းက ကျောင်းသားအတိုင်ပင်ခံအဖွဲ့မှာ ဥက္ကဌ နဲ့ ဒုတိယဥက္ကဌ အဖြစ် အသီးသီး တာ၀န်ယူခဲ့ကြတဲ့သူတွေလေ ၊ သူတို့ နှစ်ယောက်ကစိတ်၀င်စားတဲ့ အရာတွေတူပြီးတော့ သူတို့ရဲ့ သူငယ်ချင်းတွေ အတွေးတွေ နဲ့ အကြိုက်တွေက အစ အတူတူပဲ။

ဒါကြောင့် အတွင်းရေးမှူးယွန်းကသာ ဂျွန်ဟွန်ရဲ့ လက်တွဲဖော်အစစ် ဖြစ်သင့်တယ်လို့ တွေးမိတယ်။ ဒီအထိအခိုက်များလွန်းတဲ့ အကျိုးအမြတ် စာချုပ်နဲ့ စစ်ပွဲမှာ ဂျွန်ဟွန်အတွက်တော့ အတွင်းရေးမှူးယွန်း တစ်ဦးတည်း‌သာ မဟာမိတ်အစစ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ဘယ်လိုပဲ  သူမက စာချုပ်ပေါ်ကဇနီးသာသာလောက်ပဲ ဆိုရင်တောင် သူမထက်ပိုပြီးတော့ သူမခင်ပွန်းနဲ့ နီးကပ်အောင်မနေသင့်ဘူး ။

လွန်ခဲ့တဲ့ နှစ် နှစ်က အတွင်းရေးမှူးယွန်းရဲ့ အကြည့်တွေမှာ အထင်အမြင်သေးမှုတွေနဲ့ ရန်လိုမှုတွေကို ရိပ်ခနဲ ဖြတ်ခနဲ စပြီး သတိထားမိခဲ့တယ် ၊ ပထမတော့ ဘာကြောင့်လဲဆိုတာ ယွန် မှာ နားမလည်ခဲ့ဘူး။ နောက်ကျတော့မှ အတွင်းရေးမှူးယွန်းရဲ့ ဂျွန်ဟွန်ကိုကြည့်တဲ့ လျှို့ဝှက်အကြည့်တွေကိုမြင်မှပဲ အကြောင်းရင်းကို သူမ နားလည်နိုင်တော့တာ။

သူတို့နှစ်ယောက်က သာမာန်ဆက်ဆံရေးမဖြစ်နိုင်ဘူး ၊ ဟိုးအရင်ကတည်းက သူတို့မှာ နက်ရှိုင်းတဲ့ ဆက်ဆံရေး ရှိကြလိမ့်မယ်လို့ပေါ့ ...

ဒါပေမဲ့ အတွင်းရေးမှူးယွန်းက ဘာများတတ်နိုင်မှာလဲ ? သူမနဲ့ ဂျွန်ဟွန်ကို ဟျွန်ဂျင်း မိသားစုက သဘောတူခွင့်ပြုပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ ...

ဒီကြီးမြတ်လှပါတယ်ဆိုတဲ့ စီးပွားရေးကော်ပိုရေးရှင်းကြီးကို ပိုင်ဆိုင်တဲ့ မိသားစုကြီးကတော့ လက်ထပ်တယ်ဆိုတာ အကျိုးအမြတ်တစ်ခု မဟုတ်ဘူးဆိုတာကို ဘယ်တော့မှ နားလည်လက်ခံလာမှာ မဟုတ်ဘူး။

“ မဒမ်ဂျောင်းအင်ဟျော့အတွက် နေ့လည်စာစားပွဲစီစဉ်ထားတာကို ကျွန်မတို့ ဘယ်လိုလုပ်သင့်လဲ ? ”

“ ဒါက မနက်ဖြန်အတွက် အချိန်ဇယားပါ ”

သူမတို့ ကွာရှင်းမယ့်ကိစ္စနဲ့ပတ်သက်ပြီး ယွန်နဲ့ ဘာမှဆက်ပြောစရာမရှိတော့ဘူး ဆိုတဲ့သဘောနဲ့  အတွင်းရေးမှူးယွန်းက ပြောနေတဲ့ ခေါင်းစဉ်ကို ပညာသားပါပါပြောင်းပစ်လိုက်တယ် ...

“ ဒီပွဲက ရှင့် အတွက် တက်ရောက်ဖို့ အဆင်မပြေဘူး မို့လား ? ကျွန်မ သူတို့ကို မိသားစု အရေးကိစ္စတွေကြောင့် မတက်ရောက်နိုင်တဲ့အကြောင်း ဖုန်းဆက်ပြီးပြောလိုက်ပါ့မယ် ”

မိသားစုအရေးကိစ္စတဲ့လား ကောင်းပြီလေ လူတိုင်းနားလည်နိုင်လောက်တဲ့ မိသားစုအရေးကိစ္စဆိုတာမျိုးနဲ့ပဲ အကြောင်းပြချက်ပေးရမှာပေါ့ ...

“ ကျေးဇူးတင်ပါတယ် ”

သူမရဲ့ နှုတ်ခမ်းတွေ တဆတ်ဆတ်လှုပ်လာသလို ယွန် ခံစားလိုက်ရပေမဲ့ အတတ်နိုင်ဆုံးတော့ အေးအေးဆေးဆေး ပြန်ဖြေလိုက်နိုင်တယ်။ဘယ်လိုပဲဖြစ်နေပါစေ ဂျွန်ဟွန် နဲ့ သူမ ဖြေရှင်းရမယ့်ပြဿနာတွေက သူမတို့ နှစ်ဦးကြားမှာ အစပျိုးနေခဲ့ပြီ ။ ဆောဂျွန်ဟွန်က လမ်းခွဲဖို့ဘာကြောင့် ငြင်းရတာလဲ သူမ တကယ် နားမလည်ဘူး။

ယွန်းဟီဆူလည်း သူမတို့နှစ်ယောက်ကွာရှင်းတဲ့သတင်းကို ဘယ်လောက်တောင်အသည်းအသန်ကြားချင်နေလိုက်မလဲ ။

“ ဒါဆို အနားယူလိုက်ပါ ”

စက္ကန့်အနည်းငယ်ကြာအောင် တွေဝေနေပြီးတဲ့နောက်မှာ အတွင်းရေးမှူးယွန်းက သူမကို ခေါင်းငုံ့အရိုအသေပေးလိုက်တယ် ။

“ ဒီနေ့လည်း အလုပ်တွေ ပင်ပန်းခဲ့ပါပြီ ”

ယွန်က အဲဒီအမျိုးသမီးကို ပြန်မော့ကြည့်လိုက်ပြီး ဖျော့တော့စွာပြုံးပြလိုက်တယ် ၊ အခန်းတံခါးက ငြင်သာတဲ့ အသံတစ်ချက်မြည်ပြီး ပိတ်သွားခဲ့တယ် ၊  မိုးရေကျသံခပ်တိုးတိုးကလွဲပြီး အခန်းထဲမှာ တိတ်ဆိတ်သွားတယ် ...

လက်ဖက်ရည်ခွက်ကို ချွင်ခနဲမြည်အောင် ချလိုက်တယ်။

မင်ယွန် နင် ဘာတွေလုပ်နေတာလဲ ?

နင်တကယ်ပဲ ဆောဂျွန်ဟွန်နဲ့ တကယ်ချစ်နေကြသလို ဆက်ပြီးသရုပ်ဆောင်နေဦးမှာလား ?

နင် အခု စိတ်ကူးယဉ်၀တ္ထုဆန်ဆန်ဇာတ်လမ်းတွဲပါ ရိုက်တော့မလို့လား ?

တစ်ကယ်တမ်း ဆောဂျွန်ဟွန်နဲ့ ယွန်းဟီဆူတို့ နှစ်ယောက်လုံး အ၀တ်မပါဘဲ သူမအရှေ့မှာ လူးလိမ့်နေခဲ့ရင်တောင် သူမနဲ့ ဘာမှမဆိုင်ဘူးလေ ၊ ဟိုးအစဦးကတည်းက သူမ ဆောဂျွန်ဟွန်နဲ့ သာမန်စုံတွဲတွေလို တစ်သက်လုံးအတူနေသွားဖို့ စိတ်ကူးမရှိခဲ့ဘူး။ သူမလိုချင်တာက လက်ထပ်ပွဲအောင်မြင်သွားဖို့လေးပါပဲ။

သူမ မတ်တပ်ရပ်လိုက်ပြီး အ၀တ်လဲခန်းထဲကို ဝင်လာခဲ့တယ်။ မှန်ထဲမှာ မီးခိုးရောင်အင်္ကျီ၊ စကတ်တစ်ထည်နဲ့အတူ ဒေါက်ဖိနပ်တစ်ရံကို စီးထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ပုံရိပ်ကို မြင်ရတယ် ၊ ဒေါက်ဖိနပ်ကို မချွတ်သေးခင် မှန်ရှေ့မှာ လှည့်ပတ်ကြည့်‌လိုက်သေးတယ်။

ခြေအိတ်၀တ်ထားတဲ့ခြေဖဝါးရဲ့အောက်ကအမွှေးပွကော်ဇောကို ခံစားလို့ရနေတယ် ။ သူမ အင်္ကျီ ကြယ်သီးတွေဖြုတ်ပြီး စကတ်ကိုလဲချွတ်လိုက်တယ် ၊ သူမရဲ့ အင်္ကျီတွေကို ချိတ်မှာ ချိတ်လိုက်ပြီးတော့ မှန်ရှေ့ကိုသွားပြီး မတ်တပ်ရပ်လိုက်တယ်။ မီးခိုးရောင်အတွင်း၀တ် တစ်ထည်ပဲကျန်တော့တဲ့ မှန်ထဲက သူမရဲ့ပုံရိပ်ကို ကြည့်နေခဲ့တယ် ၊ မိတ်ကပ်တွေ နဲ့ သူမရဲ့မျက်နှာက ရင်းနှီးတယ်လို့ မခံစားရဘဲ စိမ်းသက်နေတယ် ။

ဘာကြောင့်လဲ ငါသိချင်တယ် ၊ အဲဒါ ဘာအဓိပ္ပါယ်လဲ ?

သူမ မျက်နှာ‌ပေါ်က မိတ်ကပ်တွေကိုဖျက်နေရင်းနဲ့တောင် ဂျွန်ဟွန်ပြောလိုက်တဲ့ စကားရဲ့အဓိပ္ပါယ်ကို ‌စဉ်းစားနေမိတယ်။

ည‌ချမ်းပိုင်း ပုံမှန်လုပ်ရိုးလုပ်စဉ်တွေကို လုပ်ကိုင်နေရင်း သူမက အတွေးတွေထဲမှာ နစ်မြုပ်နေသလိုမျိုး ဆက်ပြီးဟန်ဆောင်နေခဲ့တယ် ၊ ဆံပင်တွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဖြီးသင်ပြီးနောက် ခါးညွှတ်ပြီး အံဆွဲထဲမှာထည့်ထားတဲ့ ည၀တ်အင်္ကျီကို ထုတ်လိုက်တယ်။ သူမရဲ့တစ်နေ့တာ လှုပ်ရှားမှုတွေက ဇာတ်ညွှန်းထဲမှာ ရေးထားတဲ့ သရုပ်ဆောင်ချက်တွေလိုမျိုးပဲ နေ့တိုင်းကို အချိန်အတိအကျ ၊ တူညီတဲ့ ပုံစံတွေနဲ့ပဲ လည်ပတ်တယ်။ ယွန်ရဲ့ဒီဇာတ်ညွှန်းထဲမှာကတော့ လျှို့ဝှက်ချက်တွေများစွာနဲ့ပေါ့ ...

ပုံမှန်လူတွေအတွက်တော့ ဒါတွေကို မြင်ရင် ရယ်စရာကောင်းနေမလားမသိပေမယ့် ယွန်ရဲ့ နေ့စဉ်ဘ၀မှာ ဟန်ဆောင်မှုက အဓိကပဲ။

ရေချိုးခန်းက ရေငွေ့တွေကြောင့် နွေးနေတယ်။ ယွန် က ‌ရေချိုးခန်းတံခါးကို lock ချလိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်တယ် ၊ မှန်တွေမှာ ရေငွေ့တွေနဲ့ လုံး၀မှုံဝါးသွားပြီဆိုမှ ယွန်က သူမရဲ့လက်ကို ဖြည်းဖြည်းချင်း နှိမ့်လိုက်ပြီး မျက်နှာသစ်ကန်ရဲ့ အောက်ခြေမှာ ဖွက်ထားတဲ့ ခလုတ်သေးသေးလေး တစ်ခုကို နှိပ်လိုက်တယ်။ ဗီရိုထဲမှာရှိနေတဲ့ တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းတွေကို‌ ဘေးကိုတွန်းလိုက်ပြီး ဆီပုလင်းတစ်လုံးကို ရွေးယူလိုက်တယ် ၊ ပုလင်းထဲက သူမဖွက်ထားခဲ့တဲ့ သေးငယ်တဲ့ USB လေးကို ထုတ်ကြည့်ပြီး ရာဘာအဖုံးကိုဖွင့်လိုက်တယ် ...

အရာရာအားလုံးက အစီအစဉ်အတိုင်းဖြစ်နေပြီး ဒီလောက်ထိဖြစ်လာဖို့လည်း မလွယ်ကူခဲ့သလို သူမ အမှားတစ်ခုမှ မလုပ်ခဲ့မိတာ သေချာပါတယ်။ သူမရဲ့ အစီအစဉ်တွေပြီးဆုံးဖို့ နီးကပ်လာတာနဲ့အမျှ ပိုပြီး စိတ်အေးလာတာမလို့ သူမ အမှားလုပ်မိသွားခဲ့သေးလား ?

ဆောဂျွန်ဟွန်ရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကြောင့် သူမမှာ ဒီရက်ပိုင်း ကောင်းကောင်းအနားမယူနိုင်ဘူး ၊ ခြေလှမ်းတစ်လှမ်းပဲလိုတော့တယ် ၊ တကယ့်ကို တစ်လှမ်းတည်း...

“ ကိုယ်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဒီလိုကိစ္စတွေကြောင့် တုန်လှုပ်မယ်လို့ မင်းထင်လား ”

Bang!

သူမ က လက်သီးဆုပ်ကို အားပြင်းပြင်းနဲ့ ထုချလိုက်တယ်။သူမကို ရိပ်မိသွားပြီလားဆိုတာကို စိုးရိမ်ရလွန်းလို့  အသက်ရှူတောင်မဝတော့ဘူး ။ သူမက ဒီနေရာကနေမြန်နိုင်သမျှ မြန်မြန် ထွက်သွားချင်နေပြီ ၊ ဖြစ်နိုင်မယ်ဆိုရင် အခုချက်ချင်းပဲ ...

သူမ ဆောဂျွန်ဟွန်ကို ဒီထက်ပိုပြီး မမြင်ချင်တော့ဘူး။

သူမ ခေါင်းကိုမော့လိုက်ပြီး ရေငွေ့တွေကြောင့် မှုံဝါးနေတဲ့မှန်ကို ကြည့်လိုက်တယ် ပြီးတော့ မှန်မှာရှိနေတဲ့ ရေငွေ့တွေကို သုတ်လိုက်တဲ့အခါ သူမ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လာရတယ် ။ ရေစိုနေတဲ့ဆံပင်တွေ၊ မျက်ရစ်မပါတဲ့ မျက်၀န်းတွေမှာ သေချာပေါက် ဖုံးကွယ်ထားတဲ့အတွေးတွေနဲ့ ခံစားချက်တွေ ရှိနေတယ် ၊ ဒီမျက်၀န်းတွေက မေးခွန်းမေးနေသလိုမျိုး သူမကို ပြန်စိုက်ကြည့်နေတယ်။

အရာရာတိုင်းက နင်စီစဉ်ထားသလိုမျိုး ဖြစ်လာမယ်လို့ တကယ်ပဲ ထင်နေတာလား ?

“ ယွန် သူ့ကို တကယ်ပဲ လက်ထပ်မလို့လား ”

လွန်ခဲ့တဲ့ နှစ် နှစ် ၊ သူမ ဂျွန်ဟွန်နဲ့ လက်မထပ်ခင် မိတ်ဆက်တွေ့ဆုံပွဲကနေ ပြန်လာတော့ ထယ်ဂယောင်း က သူမကို မေးခဲ့တယ်။

“ တွေ့ဆုံပွဲမှာတော့ အဆင်ပြေခဲ့ပါတယ် ”

ယွန်က ထယ်ဂယောင်းကို ပြန်ဖြေပြီး တစ်ဆက် တည်းမှာပဲ ...

“ ဒါကမှ တစ်ချက်တည်းနဲ့ အားလုံးကိုဖျက်ဆီးစေနိုင်မဲ့ နျူကလိယားဗုံးပဲ‌လေ ”

ထယ်ဂယောင်းက ယွန်ရဲ့ စကားတွေကိုကြားတော့ မျက်မှောင်ကုပ်တယ်။

“ ငါ မင်းကိုပါ မထိခိုက်စေချင်ဘူး ယွန် ”

“ ဒါဆို အစ်ကို့ကိုယ်အစ်ကို ထိခိုက်စေတာကရော အဆင်ပြေတာလား ”

“ မင်ယွန် ! ”

“ ကျွန်မ ကလေးမဟုတ်ဘူး အစ်ကိုထယ်ဂယောင်း ”

ဒီလက်ထပ်ပွဲက ဘာတွေဖြစ်လာစေနိုင်လဲ သူမ သိတယ်။ ဒီစာချုပ်လက်ထပ်ပွဲကို ဆောဂျွန်ဟွန်က အကြွင်းမဲ့ယုံကြည်စေချင်ရင် သူနဲ့ တစ်အိပ်ရာတည်း အိပ်ဖို့ သူမကိုယ်သူမ သတ္တိမွေးရမှာလည်း သိတယ်။

ဒီတော့ဘာဖြစ်လဲ ? သူနဲ့ အတူတူနေရမယ်ပေါ့ ၊ ဒါ ဘာမှ ကိစ္စကြီး မဟုတ်ပါဘူး။

“ ဒါကို ကိုယ့်ဘာသာ အာရုံစိုက်လိုက်ပါ့မယ် ယွန် ”

“ ဘယ်လိုမျိုးလဲ ? နှစ်ပေါင်းထောင်ချီ အချိန်ယူပြီး‌တော့လား ? ”

“ ယွန် ! ”

ထယ်ဂယောင်းက ဖြူဖျော့သွားခဲ့တယ်။ ယွန်က ပြန်လှည့်လာပြီး သူ့ကိုကြည့်တယ်။

“ အစ်ကို .. ကျွန်မလို အရည်အချင်းရှိတဲ့သူတစ်ယောက်က အကြိမ်ကြိမ်ကြိုးစားတာတောင် မလုပ်နိုင်ဘူးဆိုရင် တခြားဘယ်သူမှလည်းမလုပ်နိုင်ဘူး  ”

ဟျွန်းဂျင်လုပ်ငန်းစုက သူတို့ရဲ့ data server တွေကို internet ကနေ လုံး၀ခွဲထုတ်ထားတာ ၊ အဲ့ဒီစနစ်ထဲကို ဖောက်၀င်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ ၊ ပြီးတော့ ဖောက်၀င်ဖို့ စီစဉ်ထားခဲ့ရင်တောင် ကျွန်မကို ချက်ချင်း မိသွားမှာ။ အလုံခြုံဆုံးနည်းလမ်းကတော့ အတွင်းလူအနေနဲ့ သူတို့မိသားစု တစ်စိတ်တစ်ပိုင်းဖြစ်လာဖို့ပဲ ၊ ဆောဂျွန်ဟွန်က အရံ server ကို သူ့အိမ် ရဲ့ မြေအောက်ခန်းမှာသိမ်းထားတယ်။

“ ဒီနည်းလမ်းနဲ့ ကျွန်မတို့ ဟျွန်းဂျင်လုပ်ငန်းစုရဲ့ အတွင်းရေးသတင်းအချက်အလက်တွေ အရယူနိုင်တယ်ဆိုရင်တောင် အစ်ကိုက ကျွန်မ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ဖို့ပဲ ပြောနေဦးမှာလား ? ”

ထယ်ဂယောင်းက ဒီသတင်းအချက်အလက်တွေကိုရဖို့ မရေမတွက်နိုင်တဲ့အရာတွေကို လုပ်ခဲ့ပြီးပြီ။ သူမ အတွက်တော့ ဘယ်အရာကမှ ဒီလောက်ရှုပ်ထွေးပြီး စိတ်ပျက်ဖို့မကောင်းဘူး။ အနည်းဆုံး သူမ ယောကျာ်းတစ်ယောက်ကို ယူလိုက်ရရုံပေါ့။ စာချုပ်အရ လက်ထပ်တာပဲ ဘယ်လောက်များခက်ခဲနိုင်မှာမလို့လဲ ?

“ ကျွန်မ မကြောက်ပါဘူး ၊ ဒါကြောင့်မို့လို့ စိတ်မပူပါနဲ့ ၊ ကျွန်မတို့ရဲ့အစီအစဉ်တွေအတိုင်း အားလုံးဖြစ်လာရင် ကျွန်မ သူ့ကို နှစ် နှစ်အတွင်း ကွာရှင်းလို့ရနိုင်မှာပါ ”

ယွန်က ဖျော့တော့စွာပြုံးလိုက်ပြီး ထယ်ဂယောင်း ရဲ့လက်ကို ဆွဲယူလိုက်တယ်။

“ ကျွန်မ သူ့ကို ချစ်မိသွားမှာကို အစ်ကို စိုးရိမ်နေတာလား ၊ ကျွန်မ အရူးမဟုတ်ဘူး.. ဘယ်လိုပဲဖြစ်ဖြစ် သူနဲ့ ကျွန်မက အများဆုံး နှစ် နှစ်ပဲ လက်ထပ်မှာလေ ၊ ဒါတွေအားလုံးပြီးဆုံးသွားပြီဆိုတာနဲ့ ကိုရီးယားကနေ အတူတူထွက်သွားကြရအောင်။ ရှုပ်ထွေးလွန်းတဲ့ ဒီနေရာကနေ ကျွန်မတို့  လွတ်လပ်ခွင့်ပေးလိုက်ကြမယ် ”

ယွန်က ဒီစကားတွေကိုပြောနေစဉ်မှာပဲ သူမရဲ့လက်ထဲမှာရှိတဲ့ tablet PC မှာ ပေါ်နေတဲ့ အမျိုးသားရဲ့ မျက်နှာကို ငုံကြည့်လိုက်တယ်။

ဓါတ်ပုံထဲမှာရှိနေတဲ့ အမျိုးသားက သွေးအေးရက်စက်မဲ့ပုံပဲ ၊ သူ့အရေပြားကို ဓါးနဲ့ ထိုးရင်တောင် သွေးတစ်စက်မှ ထွက်မဲ့ပုံမပေါ်ဘူး ၊ မဟုတ်သေးဘူး... သူက သိပ်ကိုအေးစက်လွန်းလို့ သူ့ခန္ဓာကိုယ်ထဲမှာစီးဆင်းနေတဲ့ သွေးဆိုတာတောင် မရှိတဲ့ပုံမျိုး။ သပ်ရပ်ပြီးနက်မှောင်တဲ့ သူရဲ့ဆံပင်ပုံစံ၊ ခန့်မှန်းလို့မရတဲ့ အနက်ရောင်မျက်၀န်းတွေ ခေါင်းအစ ခြေအဆုံး အရာရာမှာအကောင်းဆုံးတွေကိုပဲ ပိုင်ဆိုင်ပြီး ကြီးပြင်းလာတဲ့အမျိုးသားတစ်ဦး ။

ဆောဂျွန်ဟွန် ဆိုတဲ့ အမျိုးသားက ရွှေဇွန်းကိုက်ပြီး... မဟုတ်ဘူး စိန်ဇွန်းကိုက်ပြီး မွေးလာတဲ့သူ။

ဆောဂျွန်ဟွန်က ကိုရီးယားမှာ မွေးပေမယ့် ထင်ရှားကျော်ကြားတဲ့အမေရိကန်တက္ကသိုလ်ကနေ Master ဘွဲ့မယူခင် အင်္ဂလန်မှာလည်း စာလေ့လာခဲ့‌သေးတယ်။ သူက ဩဇာတိက္ကမကြီးမားလွန်းတဲ့ ဥက္ကဌဆော ရဲ့ အကြီးဆုံးသား ဖြစ်ပြီးတော့ ဟျွန်ဂျင်း လုပ်ငန်းစုကို အမွေဆက်ခံမဲ့သူတစ်ယောက် ... လုပ်ငန်းကျင့်၀တ်ရှိတဲ့သူဖြစ်လို့ လုပ်ငန်းတူ ၊ အဆင့်အတန်းတူသူတွေရဲ့ လေးစားမှုကိုခံရပြီး မယုံနိုင်လောက်တဲ့ အရည်အချင်းတွေ သူ့မှာရှိတယ်။ သူရဲ့ ကိုယ်ရေးအကျဉ်းနဲ့ အောင်မြင်မှု စာရင်းတွေကြောင့် သူက ထိပ်တန်းစာရင်းဝင် 0.1%ရဲ့ ထိပ်ဆုံး မှာရှိတယ်။

အဲ့တာတွေကြောင့်ပဲသူက ရှုံးနိမ့်ရတာကိုမုန်းတဲ့အပြင် ကောင်းကင်ကိုဖောက်ထွက်သွားလောက်အောင်ထိ အတ္တကြီးတယ် ၊ အမှားကျူးလွန်တဲ့သူကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး ၊ တစ်ခုခုကို စတင်လိုက်ပြီဆိုတာနဲ့ အချက်အလက်သေးသေးလေးကအစ အလွဲအမှားမရှိဘဲ ပြီးဆုံးသွားမှသာ ကျေနပ်တဲ့သူမျိုး ...

အခုချိန်ထိ သူတွဲခဲ့သမျှ သူ့ရဲ့ချစ်သူတွေ အားလုံး က ချောမောပြီး ထက်မြက်တဲ့ သူတွေချည်းပဲ ... သူ့ရဲ့ချစ်သူဆိုတာထက် sex partners သဘောမျိုးလောက်ပဲ၊သူက မိန်းမတွေအပေါ်မှာ အထူးတလည် စိတ်၀င်စားတာမျိုးမရှိဘဲ သူ့နှလုံးသားကို အလုပ်မှာပဲ မြုပ်နှံထားပြီး တစ်ယောက်ယောက်နဲ့ date လုပ်ရတာမျိုးအတွက်နဲ့ သူ့ရဲ့ အချိန်တွေကို ဖြုန်းတီးချင်တဲ့သူမဟုတ်ဘူး။

အေးလေ သူ့မှာ အရည်အချင်းတွေ ၊ ကြော်ကြားမှုတွေ ဒီလောက်ပြည့်ဝ‌နေတာ နောက်ထပ်ဘာတွေကို ထပ်တောင်းဆိုနေရဦးမှာလဲ ?

စွမ်းဆောင်ရည်၊ ကိုယ့်ကိုယ်ကိုယုံကြည်မှု၊ တစ်ဦး နဲ့ တစ်ဦး ဆက်ဆံရေးကြားက အေးစက်မှု၊ ဒါတွေက ယောက်ျားတစ်ယောက်နဲ့ပတ်သက်ပြီး သူမ စံထားရတဲ့ အချက်အလက်တွေပဲ။

လွန်ခဲ့တဲ့ နှစ် နှစ်တုန်းကတော့ ဂျွန်ဟွန်နဲ့ တစ်ချိန်မှာ ကွာရှင်းလိုက်မယ့်အကြောင်းကို သူမ ယုံကြည်မှုရှိရှိနဲ့ ထယ်ဂယောင်းကို ပြောခဲ့တယ်။

ဒါပေမဲ့လည်း...

မှုံဝါးနေတဲ့မှန်ထဲက ယွန်ကတော့ လွန်ခဲ့တဲ့ နှစ်နှစ်က အမျိုးသမီးယွန်ကို လှောင်ပြောင်နေခဲ့တယ်။ ပြီးခဲ့တဲ့ဆောင်းရာသီ တစ်ညမှာ ယွန်းဟီဆူက ဂျွန်ဟွန့် အခန်းထဲကနေထွက်လာတာကို မြင်ပြီးတော့ သူမရဲ့သွေးတွေ ပွက်ပွက်ဆူလာခဲ့တယ် ၊ သူမကိုယ်သူမ ပုန်းကွယ်နေရတယ်ဆိုတာကို မေ့သွားပြီးတော့ ပြေးထွက်သွားပြီး ယွန်းဟီဆူရဲ့ဆံပင်ကို ဆောင့်ဆွဲလိုက်မိတော့မလို့ ၊ သူမမျက်လုံးတွေပြာဝေသွားတဲ့အထိ ပြင်းထန်တဲ့ ဒေါသတွေကို ချိုးနှိမ်ခဲ့ရတယ်။ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ဒေါသထွက်ရတာလဲဆိုတာ ယွန် နားမလည်နိုင်ခဲ့ဘူး ၊ ဘာကြောင့်လဲ ?

ဆောဂျွန်ဟွန်က တခြားအမျိုးသမီးတွေနဲ့အိပ်လည်း သူမ ဂရုမစိုက်ဘူးလို့ ကိုယ့်ကိုယ်ကိုယုံကြည်ခဲ့တာလေ ၊ ဘာကြောင့်များ ဒီလောက်တောင် ဒေါသတွေ ထွက်နေရတာတဲ့လဲ ? ချက်ချင်းပဲ ဆောဂျွန်ဟွန်ကို  သွားသတ်ချင်တဲ့စိတ်တွေ ဘာကြောင့်များ ဖြစ်လာရတာတဲ့လဲ ?

သူမကများ ....

မဟုတ်ဘူး ၊ ဒါ လုံး၀အဓိပွါယ်မရှိဘူး ၊ ယွန်က သူမရဲ့ ခေါင်းကို ခါလိုက်တယ်။

သူပေးတဲ့ ရုပ်ပိုင်းဆိုင်ရာ သာယာမှုတွေကြောင့်များလား ? ။ ဒါက ဘယ်လိုလုပ်ပြီး အချစ် ဖြစ်နိုင်မှာလဲ ? တစ်ခါတစ်လေမှာ သူမကို နှလုံးခုန်နှုန်းမြန်စေတဲ့ သူရဲ့အပြုအမူတွေကြောင့်လား ? ဒါ အချစ် လား ? သူတို့ နှစ်ယောက်က တစ်ယောက်အကြောင်း တစ်ယောက်တောင် ကောင်းကောင်းမသိကြဘူးလေ ၊ သူတို့က ခင်ပွန်းနဲ့ ဇနီးဆိုတဲ့ ကောင်းမွန်တဲ့ပုံရိပ်ကို ထိန်းထားရုံလေးပဲ။ တစ်ယောက်စိတ်ထဲတစ်ယောက် ဘာတွေရှိနေလဲ တစ်ခါမှ မြင်အောင် မကြည့်ဖူးကြဘူး။

မဟုတ်သေးဘူး ... သူမ သိချင်မိတယ် ... ဒါသာ အချစ် ဖြစ်နေမယ်ဆိုရင်ရော ?

သူတို့နှစ်ယောက်ရဲ့ 1 year anni ပြည့်သွားတဲ့ နွေဦး ကိုပြန်စဥ်းစားမိတော့ သူမ ခေါင်းကို ခါလိုက်တယ် ၊ အဲ့ဒီတုန်းက နှစ်ပတ်လည် အထိမ်းအမှတ်ခရီးထွက်ခဲ့တဲ့အချိန် ... အဲ့ဒီအချိန်လောက်က‌ စပြီးတော့ ဂျွန်ဟွန်ရဲ့  ညင်သာနွေးထွေးတဲ့ပုံစံကို သူမ စပြီးမြင်ခဲ့ရတာ ...

ဒါပေမဲ့ စိတ်ခံစားမှုသက်သက်က ဘာမှ အရေးမပါဘူး ၊ လူတိုင်းမှာ ချို့ယွင်းချက်တွေရှိသလို ဆွဲဆောင်မှုလည်း ရှိတတ်ကြတာပဲ။ လူနှစ်ယောက်အတူတူနေတယ်ဆိုရင် တစ်ယောက်အကြောင်း တစ်ယောက်ပိုသိလာပြီး အချင်းချင်း နားလည်လာကြတယ်ဆိုတာ သဘာ၀ပဲလေ။ ဒါပေမယ့် နှစ် နှစ် မက လို့ အနှစ်နှစ်ဆယ် ဖြတ်သန်းရစေဦးတော့ သူမကတော့ သူမ နှလုံးသားတံခါးကို ဆောဂျွန်ဟွန်ကို ဘယ်တော့မှ ဖွင့်ပေးမှာမဟုတ်ဘူး။

သူမ အံကိုကြိတ်ထားရင်း .. ဘယ်တော့မှ မဖြစ်နိုင်ဘူး ...

သူမဘဝမှာ ဆောဂျွန်ဟွန်ကို ရွေးချယ်ခဲ့ရပြီးတော့ သူနဲ့ လက်ထပ်မယ် ကွာရှင်းမယ် ဆိုတာတွေက သတ်မှတ်ထားပြီးသား ၊ ဒီကံတရားကိုလည်း ဘယ်သူကမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။

ထပ်ပြောရရင် ဟျွန်ဂျင်းနဲ့ R&K လုပ်ငန်းစု နှစ်ခုကြားမှာ အစပျိုးနေတဲ့ စစ်ပွဲကနေ တစ်ယောက်မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ၊ စစ်ပွဲကို စတင်လိုက်ပြီဆိုတာနဲ့ တစ်ဖက်နဲ့တစ်ဖက် အားနည်းချက်ကို ဆုပ်ကိုင်နိုင်ဖို့ ၊ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ဖို့ အပြင်းအထန်ကြိုးစားကြမှာပဲ။

အဲ့ဒီ့အချိန်ရောက်လာတဲ့အခါ သူမက ရှုပ်ထွေးတဲ့ ဒီအခြေအနေတွေကနေ သဘာ၀ကျကျ ပျောက်ကွယ်သွားလိုက်မယ်လေ ။

တစ်ကယ်တော့ သူမ ဘာမှ စိုးရိမ်နေစရာမလိုဘူး ၊ အဆုံးသတ်မှာတော့ ဒီလိုအခြေအနေတွေကြားမှာ ဆောဂျွန်ဟွန်က သူမကို ကွာရှင်းပေးဖို့ ရွေးချယ်ရမှာပဲ ... သူ ငြင်းဆန်ချင်ရင်တောင် ငြင်းဆန်နိုင်တာမှ မဟုတ်တာ။

ယွန် သူမရဲ့ စိတ်ကို ငြိမ်အောင်ကြိုးစားပြီးတော့ USB ကို သူ့နေရာမှန်မှာ ပြန်ထားလိုက်တယ် ...
.
.
.

E.v.e.r.g.r.e.e n🍀🌵🌲🍃🌿

5773 Words

++++++++++++++++++++++++++

Zawgyi

“ သူ ဘာေတြျဖစ္ေနတာလဲ ? ”

ယြန္ က စႀကႍလမ္းမွာ ဆက္တိုက္လမ္းေလွ်ာက္ ေနရာကေန ရပ္လိုက္တယ္ ...

သူမ ေဒါသထြက္ရလြန္းလို႔ အနားမွာရွိတဲ့ပစၥည္းေတြကို ဆြဲယူလႊင့္ပစ္ခ်င္ေနၿပီ ၊ ဒါေပမယ့္ အဲဒီလို မလုပ္မိဘူး ။ ခုခ်ိန္မွာ သူမရဲ႕တည္ၿငိမ္က်က္သေရရွိတဲ့ အထက္တန္းစားအမ်ိဳးသမီးတစ္ေယာက္ရဲ႕ဟန္ေဆာင္မ်က္ႏွာဖုံးက ကြဲအက္လာေတာ့မလိုပဲ။

ေကာင္းကင္တစ္ခုလုံးမိုးၿခိမ္းသံေတြေၾကာင့္ တုန္ခါေနၿပီး အခန္းထဲကအလင္းေရာင္ေတြနဲ႔ ျပတင္းမွန္မွာ ပုံရိပ္ထင္ေနတယ္ ၊ မိုးေရစက္ေတြစီးက်‌ေနပုံက ပိုးေကာင္ငယ္ေလးေတြလိုပဲ။ ယြန္က မ်က္ႏွာက်က္ကို ေမာ့ၾကည့္လိုက္တယ္ ၊ ေသခ်ာတပ္ဆင္ထားတဲ့လွ်ိဳ႕ဝွက္ကင္မရာေတြ ေနရာတိုင္းလိုလိုပဲ... ဒီလို မေရမတြက္ႏိုင္တဲ့ကင္မရာ‌‌ေပါင္းမ်ားစြာနဲ႔ သူမရဲ႕လႈပ္ရွားမႈတိုင္းကို ေစာင့္ၾကည့္ခံရတဲ့ေနရာက သူမအတြက္ “ အိမ္ ” လို႔ ေခၚတဲ့ ေနရာပါတဲ့ေလ။

အဲဒီေနရာကေနဆက္ေလွ်ာက္လာေတာ့ ၾကမ္းျပင္နဲ႔ သူမ ေဒါက္ဖိနပ္ ထိမိတဲ့ တေဒါက္‌ေဒါက္ အသံေတြျပန္လည္ထြက္ေပၚလာတယ္... အဲဒီခဏမွာ သူမရဲ႕ တည္ၿငိမ္ၿပီး ေအးစက္တဲ့ အမူအယာေတြ ျပန္ေပၚ လာတယ္ ၊ ဒီလိုေစာင့္ၾကည့္ခံရတဲ့ဘ၀မွာ ေနသား က်ေနလြန္းလို႔ သူမအ႐ိုးထဲထိေတာင္ ေပ်ာ္၀င္ေနခဲ့ၿပီ။ ပုံမွန္ေျခလွမ္းေတြနဲ႔ပဲ သူမအေဆာင္ရွိရာကို ျပန္လာခဲ့တယ္ ...

အေဆာင္ ဆိုတဲ့စကားလုံးက ဒီေနရာအတြက္ေတာ့ အသင့္ေတာ္ဆုံးပဲ။ ဒီအေဆာက္အဦမွာ ေျမညီထပ္ အပါအ၀င္ အထပ္ေပါင္း ၅ ထပ္ရွိတယ္ ၊ ေျမညီထပ္မွာေတာ့ ကားဂိုေထာင္ရွိၿပီး ဒုတိယထပ္မွာ ဧည့္ခန္း ၊ တတိယထပ္မွာ ထမင္းစားခန္း နဲ႔ စာၾကည့္ခန္း ၊ ေလးထပ္ေျမာက္မွာေတာ့ ေရကူးကန္ နဲ႔ ကိုယ္ပိုင္အားကစားခန္းေတြ အသီးသီးရွိတယ္။ အေပၚဆုံးထပ္ကေတာ့ သူမတို႔ႏွစ္ေယာက္အတြက္ သီးသန႔္အသုံးျပဳႏိုင္တဲ့ ကိုယ္ပိုင္အခန္းေတြ ရွိတဲ့ေနရာ ...

အေရွ႕ျခမ္းကေတာ့ ေဆာဂြၽန္ဟြန္ အပိုင္ျဖစ္ၿပီး အေနာက္ျခမ္းကေတာ့ ယြန္ ရဲ႕ ေနရာ... သူမရဲ႕ ကိုယ္ပိုင္အေဆာင္မွာ ဧည့္ခန္း၊ ပန္းခ်ီဆြဲတဲ့ studio နဲ႔ အိပ္ခန္းတို႔ရွိတယ္ ...

အိမ္က ႀကီးလြန္းလို႔ သူမတို႔ႏွစ္ေယာက္သာ ဆႏၵရွိမယ္ဆိုရင္ တစ္ေယာက္နဲ႔တစ္ေယာက္ မေတြ႕ဘဲေတာင္ ေနလို႔ရတယ္ ၊ ၿပီးေတာ့ သူမရဲ႕ ကိုယ္ပိုင္အေဆာင္မွာ ကင္မရာေပါင္းမ်ားစြာကလည္းရွိေနေသးတယ္ ၊ ဒီကင္မရာေတြက သူမရဲ႕လုံၿခဳံေရးအတြက္လား ေစာင့္ၾကည့္ခံရဖို႔လားဆိုတာေတာင္ မသဲကြဲဘူး... တစ္စုံတစ္ေယာက္ရဲ႕ေစာင့္ၾကည့္ျခင္းခံေနရပါၿပီ ဆိုကတည္းက သူမမွာ ဘယ္လိုမ်ား သက္ေတာင့္သက္သာနဲ႔ ေအးခ်မ္းႏိုင္ပါေတာ့မလဲ။

ယြန္က သူမရဲ႕ ‌ဧည့္ခန္းထဲကို၀င္လာၿပီး သက္ျပင္းဖြဖြ တစ္ခ်က္ခ်မိ‌‌တယ္။ ဒါေပမယ့္လည္း ဧည့္ခန္းထဲမွာေစာင့္ေနတဲ့ အမ်ိဳးသမီးကို ျမင္တဲ့အခါမွာေတာ့ သူမ မ်က္ႏွာ ခ်က္ျခင္းပဲတင္းမာလာတယ္။ အဲ့ဒီအမ်ိဳးသမီးက အတြင္းေရးမႉးယြန္းပဲ ... မဟုတ္ေသးဘူး ... ပိုၿပီးတိတိက်က်ေျပာရရင္ သူမခင္ပြန္းရဲ႕ေကာင္မေလး လို႔ ေျပာရမွာေပါ့။

“ ဒါ႐ိုက္တာနဲ႔ ေသခ်ာစကားေျပာၿပီးခဲ့ၿပီလား ”

အာ... အတြင္းေရးမႉးယြန္းက ဒီေမးခြန္းရဲ႕အေျဖကို သိခ်င္လို႔ ဒီေနရာမွာ တစ္ခ်ိန္လုံးေစာင့္ေနခဲ့တာလား ? သူမ ေလာေနတာပဲ ၊ ယြန္တို႔ ႏွစ္ေယာက္ကြာရွင္းတဲ့သတင္းကို တျခားဘယ္သူ႔ကိုမွ မေၾကညာေသးခင္ သူမက အရင္ဆုံးသိခ်င္ေနတာလား ? အိုး... မိန္းကေလးရယ္ ဘယ္လိုလုပ္မလဲ ? မင္းရဲ႕ခ်စ္သူကေတာ့ သူ႔ဇနီးကို ကြာရွင္းခ်င္တဲ့ပုံ မေပၚဘူးေနာ္.....

ယြန္က စကားတစ္ခြန္းမွ မဆိုဘဲ ထိုင္လိုက္ၿပီး လက္ဖက္ရည္တစ္ခြက္ ငွဲ႔ လိုက္တယ္။

သူမ အမ်ိဳးသားမွာ ခ်စ္သူ ရွိရွိ မရွိရွိ ၊ အဲ့ဒီခ်စ္သူက သူမ အမ်ိဳးသားအနားမွာ ရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ ဒါေတြက သူမ အာ႐ုံစိုက္ရမဲ့ကိစၥမဟုတ္ဘူး။

သူမတို႔ႏွစ္ေယာက္ရဲ႕ လက္ထပ္ျခင္းက စာခ်ဳပ္တစ္ခုပါပဲေလ ၊ ဘယ္လိုပဲ မတူညီတဲ့ရႈေထာင့္ကေနၾကည့္တယ္ဆိုဦးေတာ့ ဒီလက္ထပ္ျခင္းက အလိမ္အညာေတြနဲ႔စတင္ခဲ့တဲ့ ပူးေပါင္းႀကံစည္မႈသက္သက္ပဲ ၊ ပိုၿပီးအေရးႀကီးတာက ဘာအေၾကာင္းေတြပဲရွိရွိ သူမ ‌ေဆာဂြၽန္ဟြန္နဲ႔ကြာရွင္းဖို႔ စီစဥ္ထားခဲ့ၿပီးသား။

လက္ဖက္ေျခာက္ကိုေရထဲမွာ အခ်ိန္ေတြၾကာေအာင္ ႏွပ္ထားမိေတာ့ လက္ဖက္ရည္က ေႏြးေနတုန္းဆိုေပမဲ့ အရသာက ခါးသက္သက္ ျဖစ္ေနတယ္ ၊အတြင္းေရးမႉးယြန္းကေတာ့ ေဘးမွာမတ္တပ္ရပ္အတိုင္း ယြန႔္ဆီကျပန္ေျဖလာမယ့္ စကားသံကို ေစာင့္ဆိုင္းေနတယ္။

“ ကိုယ္တို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးက ဒီလိုကိစၥေလးေတြေၾကာင့္နဲ႔ တုန္လႈပ္မယ္လို႔ မင္းထင္‌လား ”

ယြန္က သူမခင္ပြန္းရဲ႕မ်က္ႏွာနဲ႔ သူေျပာလိုက္တဲ့ စကားေတြကို ျပန္စဥ္းစားမိတဲ့အခါ လက္ဖက္ရည္ ခြက္ကိုကိုင္ထားတဲ့ သူမလက္ေတြ တုန္ယင္လာတယ္ ၊ သူမရဲ႕လက္ေခ်ာင္းေတြကို ဘယ္ေလာက္ေတာင္ အားထည့္ၿပီးဆုပ္ကိုင္ထားမိသလဲဆို အဂၤလန္ကလာတဲ့ ေဈးႀကီးေပးဝယ္ထားရတဲ့ လက္ဖက္ရည္ခြက္ေတြကို ခြဲမိေတာ့မတတ္ပဲ။

“ ကိုယ္ မင္းနဲ႔ ကြာရွင္းဖို႔ အစီအစဥ္မရွိဘူး ”

ယြန္ သူ႔စကားေတြမွာ သူမ တစ္ကိုယ္လုံးက ေသြးေတြ ေအးခဲသြားေတာ့မလိုပဲ ...

ေဆာဂြၽန္ဟြန္ ရွင္ဘာေတြ ႀကံစည္ေနတာလဲ ?

အတြင္းေရးမႉးယြန္းကိုေတာ့ အားနာေပမဲ့ ယြန႔္မွာသူမကို ေျပာစရာ ဘာစကားမွ မရွိဘူး။ ကိစၥေတြသာ စီစဥ္ထားတဲ့အတိုင္းျဖစ္လာၿပီး‌ အခုခ်က္ခ်င္းသာ သူမခင္ပြန္းဆီက ‘ကြာရွင္းၾကမယ္’ ဆိုတဲ့စကား ၾကားရမယ္ဆိုရင္ မနက္ျဖန္ပဲ သူမ ပိုင္ဆိုင္တဲ့ပစၥည္းေတြကိုထုပ္ပိုးၿပီး သူမအတြက္ ေနစရာစီစဥ္‌ေပးဖို႔ အတြင္းေရးမႉးယြန္းကို အကူအညီေတာင္းမိမွာ ၊ ဒါေပမဲ့ ....

ငါ ဘာမ်ားတတ္ႏိုင္မွာလဲ ? မင္းရဲ႕ခ်စ္သူက ငါ့ကို ကြာရွင္းမေပးခ်င္ဘူးလို႔ ေျပာတယ္။ မင္း ငါ့အစား သူ႔ဆီသြားၿပီး ဘာလို႔ဒီလိုေျပာရတာလဲဆိုတဲ့ အေၾကာင္းျပခ်က္ကို သြားေမးေပးႏိုင္မလား ?

သူမ အေတြးထဲကစကားေတြကို ခါးသက္တဲ့လက္ဖက္ရည္တစ္ငုံနဲ႔အတူ ျပန္မ်ိဳခ်လိုက္တယ္။

အတြင္းေရးမႉးယြန္းဟီဆူ ရဲ႕အသက္က(၃၃)ႏွစ္မို႔လို႔ သူမ ခင္ပြန္းနဲ႔အသက္အတူတူပဲ ၊ အတြင္းေရးမႉးယြန္းက လွတယ္ ထက္ျမတ္ၿပီး မွီခိုအားထားလို႔ရတဲ့ အမ်ိဳးသမီးတစ္ဦးပဲ။ သူမလို အတြင္းေရးမႉးမ်ိဳး အလြယ္တကူမရႏိုင္ဘူး ...

ဂြၽန္ဟြန္က မိတ္ေဆြကို အနီးမွာထား ရန္သူကို အနီးဆုံးမွာထား ဆိုတဲ့ စကားပုံရဲ႕ အႀကံေပးခ်က္ကို လိုက္နာေနတာမ်ားလား ?

အတြင္းေရးမႉးယြန္းရဲ႕ ကဏၭက ယြန္နဲ႔ သူမခင္ပြန္းၾကားမွာေနၿပီး သူတို႔ႏွစ္ဦးရဲ႕ ေန႔စဥ္ဘ၀မွာ ျဖစ္ေပၚလာတဲ့ အေသးအဖြဲကိစၥေတြမွာ ကူညီေျဖရွင္းေပးဖို႔ ဆိုေပမယ့္ ... တကယ့္အေၾကာင္းအရင္းက ယြန္ရဲ႕လႈပ္ရွားမႈတိုင္းကို ဂြၽန္ဟြန္နဲ႔ ဟြၽန္ဂ်င္းလုပ္ငန္းစုက ေယာကၡမေတြဆီကို တင္ျပရမယ့္အလုပ္ေလ ။ တျခားနည္းနဲ႔ေျပာရရင္အတြင္းေရးမႉးယြန္းက ယြန္႔ကို လွ်ိဳ႕ဝွက္ေစာင့္ၾကည့္ရတဲ့သူ ။

သူမနဲ႔ ယြန္းဟီဆူက ဘယ္ေနရာမွာမွ မတူႏိုင္ဘူး ၊ ဘာလို႔ဆို အတြင္းေရးမႉးယြန္းက ဆင္းရဲတဲ့အသိုင္းအဝိုင္းကေနလာခဲ့ရတာျဖစ္ၿပီး ႏြမ္းပါးတဲ့အေျခအေနကေန႐ုန္းထြက္ႏိုင္ဖို႔နဲ႔ သူမရဲ႕ပညာေရးအတြက္ အမ်ိဳးသားပညာသင္ဆုရေက်ာင္းသူအျဖစ္ ကိုယ့္အရည္အခ်င္းနဲ႔ကိုယ္ ထိန္းေက်ာင္းရပ္တည္ခဲ့ရတဲ့သူ ၊ သူမက ဟြၽန္ဂ်င္းလုပ္ငန္းစုရဲ႕၀င္ခြင့္ကိုလည္း အျမင့္ဆုံးရမွတ္နဲ႔ ေအာင္ျမင္ခဲ့‌ေသးတယ္။ သူမက ဒီလုပ္ငန္းစုအတြက္ဆို အသက္ေတာင္ေပးမယ့္သူမ်ိဳး ...

အဓိကအခ်က္ကေတာ့ သူမခင္ပြန္းရဲ႕အထက္တန္းတုန္းက ေက်ာင္းေနဖက္လည္း ျဖစ္ေနေသးတယ္။ သူမခင္ပြန္းနဲ႔ အတြင္းေရးမႉးယြန္းက ေက်ာင္းသားအတိုင္ပင္ခံအဖြဲ႕မွာ ဥကၠဌ နဲ႔ ဒုတိယဥကၠဌ အျဖစ္ အသီးသီး တာ၀န္ယူခဲ့ၾကတဲ့သူေတြေလ ၊ သူတို႔ ႏွစ္ေယာက္ကစိတ္၀င္စားတဲ့ အရာေတြတူၿပီးေတာ့ သူတို႔ရဲ႕ သူငယ္ခ်င္းေတြ အေတြးေတြ နဲ႔ အႀကိဳက္ေတြက အစ အတူတူပဲ။

ဒါေၾကာင့္ အတြင္းေရးမႉးယြန္းကသာ ဂြၽန္ဟြန္ရဲ႕ လက္တြဲေဖာ္အစစ္ ျဖစ္သင့္တယ္လို႔ ေတြးမိတယ္။ ဒီအထိအခိုက္မ်ားလြန္းတဲ့ အက်ိဳးအျမတ္စာခ်ဳပ္နဲ႔ စစ္ပြဲမွာ ဂြၽန္ဟြန္အတြက္ေတာ့ အတြင္းေရးမႉးယြန္း တစ္ဦးတည္း‌သာ မဟာမိတ္အစစ္ ဆိုတဲ့ အဓိပၸါယ္ပဲ။ ဘယ္လိုပဲ  သူမက စာခ်ဳပ္ေပၚကဇနီးသာသာေလာက္ပဲ ဆိုရင္ေတာင္ သူမထက္ပိုၿပီးေတာ့ သူမခင္ပြန္းနဲ႔ နီးကပ္ေအာင္မေနသင့္ဘူး ။

လြန္ခဲ့တဲ့ ႏွစ္ ႏွစ္က အတြင္းေရးမႉးယြန္းရဲ႕ အၾကည့္ေတြမွာ အထင္အျမင္ေသးမႈေတြနဲ႔ ရန္လိုမႈေတြကို ရိပ္ခနဲ ျဖတ္ခနဲ စၿပီး သတိထားမိခဲ့တယ္ ၊ ပထမေတာ့ ဘာေၾကာင့္လဲဆိုတာ ယြန္ မွာ နားမလည္ခဲ့ဘူး။ ေနာက္က်ေတာ့မွ အတြင္းေရးမႉးယြန္းရဲ႕ ဂြၽန္ဟြန္ကိုၾကည့္တဲ့ လွ်ိဳ႕ဝွက္အၾကည့္ေတြကိုျမင္မွပဲ အေၾကာင္းရင္းကို သူမ နားလည္ႏိုင္ေတာ့တာ။

သူတို႔ႏွစ္ေယာက္က သာမာန္ဆက္ဆံေရးမျဖစ္ႏိုင္ဘူး ၊ ဟိုးအရင္ကတည္းက သူတို႔မွာ နက္ရႈိင္းတဲ့ ဆက္ဆံေရး ရွိၾကလိမ့္မယ္လို႔ေပါ့ ...

ဒါေပမဲ့ အတြင္းေရးမႉးယြန္းက ဘာမ်ားတတ္ႏိုင္မွာလဲ ? သူမနဲ႔ ဂြၽန္ဟြန္ကို ဟြၽန္ဂ်င္း မိသားစုက သေဘာတူခြင့္ျပဳေပးဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးေလ ...

ဒီႀကီးျမတ္လွပါတယ္ဆိုတဲ့ စီးပြားေရးေကာ္ပိုေရးရွင္းႀကီးကို ပိုင္ဆိုင္တဲ့ မိသားစုႀကီးကေတာ့ လက္ထပ္တယ္ဆိုတာ အက်ိဳးအျမတ္တစ္ခု မဟုတ္ဘူးဆိုတာကို ဘယ္ေတာ့မွ နားလည္လက္ခံလာမွာ မဟုတ္ဘူး။

“ မဒမ္ေဂ်ာင္းအင္ေဟ်ာ့အတြက္ ေန႔လည္စာစားပြဲစီစဥ္ထားတာကို ကြၽန္မတို႔ ဘယ္လိုလုပ္သင့္လဲ ? ”

“ ဒါက မနက္ျဖန္အတြက္ အခ်ိန္ဇယားပါ ”

သူမတို႔ ကြာရွင္းမယ့္ကိစၥနဲ႔ပတ္သက္ၿပီး ယြန္နဲ႔ ဘာမွဆက္ေျပာစရာမရွိေတာ့ဘူး ဆိုတဲ့သေဘာနဲ႔  အတြင္းေရးမႉးယြန္းက ေျပာေနတဲ့ ေခါင္းစဥ္ကို ပညာသားပါပါေျပာင္းပစ္လိုက္တယ္ ...

“ ဒီပြဲက ရွင့္ အတြက္ တက္ေရာက္ဖို႔ အဆင္မေျပဘူး မို႔လား ? ကြၽန္မ သူတို႔ကို မိသားစု အေရးကိစၥေတြေၾကာင့္ မတက္ေရာက္ႏိုင္တဲ့အေၾကာင္း ဖုန္းဆက္ၿပီးေျပာလိုက္ပါ့မယ္ ”

မိသားစုအေရးကိစၥတဲ့လား ေကာင္းၿပီေလ လူတိုင္းနားလည္ႏိုင္ေလာက္တဲ့ မိသားစုအေရးကိစၥဆိုတာမ်ိဳးနဲ႔ပဲ အေၾကာင္းျပခ်က္ေပးရမွာေပါ့ ...

“ ေက်းဇူးတင္ပါတယ္ ”

သူမရဲ႕ ႏႈတ္ခမ္းေတြ တဆတ္ဆတ္လႈပ္လာသလို ယြန္ ခံစားလိုက္ရေပမဲ့ အတတ္ႏိုင္ဆုံးေတာ့ ေအးေအးေဆးေဆး ျပန္ေျဖလိုက္ႏိုင္တယ္။ဘယ္လိုပဲျဖစ္ေနပါေစ ဂြၽန္ဟြန္ နဲ႔ သူမ ေျဖရွင္းရမယ့္ျပႆနာေတြက သူမတို႔ ႏွစ္ဦးၾကားမွာ အစပ်ိဳးေနခဲ့ၿပီ ။ ေဆာဂြၽန္ဟြန္က လမ္းခြဲဖို႔ဘာေၾကာင့္ ျငင္းရတာလဲ သူမ တကယ္ နားမလည္ဘူး။

ယြန္းဟီဆူလည္း သူမတို႔ႏွစ္ေယာက္ကြာရွင္းတဲ့သတင္းကို ဘယ္ေလာက္ေတာင္အသည္းအသန္ၾကားခ်င္ေနလိုက္မလဲ ။

“ ဒါဆို အနားယူလိုက္ပါ ”

စကၠန႔္အနည္းငယ္ၾကာေအာင္ ေတြေဝေနၿပီးတဲ့ေနာက္မွာ အတြင္းေရးမႉးယြန္းက သူမကို ေခါင္းငုံ႔အ႐ိုအေသေပးလိုက္တယ္ ။

“ ဒီေန႔လည္း အလုပ္ေတြ ပင္ပန္းခဲ့ပါၿပီ ”

ယြန္က အဲဒီအမ်ိဳးသမီးကို ျပန္ေမာ့ၾကည့္လိုက္ၿပီး ေဖ်ာ့ေတာ့စြာၿပဳံးျပလိုက္တယ္ ၊ အခန္းတံခါးက ျငင္သာတဲ့ အသံတစ္ခ်က္ျမည္ၿပီး ပိတ္သြားခဲ့တယ္ ၊  မိုးေရက်သံခပ္တိုးတိုးကလြဲၿပီး အခန္းထဲမွာ တိတ္ဆိတ္သြားတယ္ ...

လက္ဖက္ရည္ခြက္ကို ခြၽင္ခနဲျမည္ေအာင္ ခ်လိုက္တယ္။

မင္ယြန္ နင္ ဘာေတြလုပ္ေနတာလဲ ?

နင္တကယ္ပဲ ေဆာဂြၽန္ဟြန္နဲ႔ တကယ္ခ်စ္ေနၾကသလို ဆက္ၿပီးသ႐ုပ္ေဆာင္ေနဦးမွာလား ?

နင္ အခု စိတ္ကူးယဥ္၀တၳဳဆန္ဆန္ဇာတ္လမ္းတြဲပါ ႐ိုက္ေတာ့မလို႔လား ?

တစ္ကယ္တမ္း ေဆာဂြၽန္ဟြန္နဲ႔ ယြန္းဟီဆူတို႔ ႏွစ္ေယာက္လုံး အ၀တ္မပါဘဲ သူမအေရွ႕မွာ လူးလိမ့္ေနခဲ့ရင္ေတာင္ သူမနဲ႔ ဘာမွမဆိုင္ဘူးေလ ၊ ဟိုးအစဦးကတည္းက သူမ ေဆာဂြၽန္ဟြန္နဲ႔ သာမန္စုံတြဲေတြလို တစ္သက္လုံးအတူေနသြားဖို႔ စိတ္ကူးမရွိခဲ့ဘူး။ သူမလိုခ်င္တာက လက္ထပ္ပြဲေအာင္ျမင္သြားဖို႔ေလးပါပဲ။

သူမ မတ္တပ္ရပ္လိုက္ၿပီး အ၀တ္လဲခန္းထဲကို ဝင္လာခဲ့တယ္။ မွန္ထဲမွာ မီးခိုးေရာင္အက်ႌ၊ စကတ္တစ္ထည္နဲ႔အတူ ေဒါက္ဖိနပ္တစ္ရံကို စီးထားတဲ့ အမ်ိဳးသမီးတစ္ဦးရဲ႕ပုံရိပ္ကို ျမင္ရတယ္ ၊ ေဒါက္ဖိနပ္ကို မခြၽတ္ေသးခင္ မွန္ေရွ႕မွာ လွည့္ပတ္ၾကည့္‌လိုက္ေသးတယ္။

ေျခအိတ္၀တ္ထားတဲ့ေျခဖဝါးရဲ႕ေအာက္ကအေမႊးပြေကာ္ေဇာကို ခံစားလို႔ရေနတယ္ ။ သူမ အက်ႌ ၾကယ္သီးေတြျဖဳတ္ၿပီး စကတ္ကိုလဲခြၽတ္လိုက္တယ္ ၊ သူမရဲ႕ အက်ႌေတြကို ခ်ိတ္မွာ ခ်ိတ္လိုက္ၿပီးေတာ့ မွန္ေရွ႕ကိုသြားၿပီး မတ္တပ္ရပ္လိုက္တယ္။ မီးခိုးေရာင္အတြင္း၀တ္ တစ္ထည္ပဲက်န္ေတာ့တဲ့ မွန္ထဲက သူမရဲ႕ပုံရိပ္ကို ၾကည့္ေနခဲ့တယ္ ၊ မိတ္ကပ္ေတြ နဲ႔ သူမရဲ႕မ်က္ႏွာက ရင္းႏွီးတယ္လို႔ မခံစားရဘဲ စိမ္းသက္ေနတယ္ ။

ဘာေၾကာင့္လဲ ငါသိခ်င္တယ္ ၊ အဲဒါ ဘာအဓိပၸါယ္လဲ ?

သူမ မ်က္ႏွာ‌ေပၚက မိတ္ကပ္ေတြကိုဖ်က္ေနရင္းနဲ႔ေတာင္ ဂြၽန္ဟြန္ေျပာလိုက္တဲ့ စကားရဲ႕အဓိပၸါယ္ကို ‌စဥ္းစားေနမိတယ္။

ည‌ခ်မ္းပိုင္း ပုံမွန္လုပ္႐ိုးလုပ္စဥ္ေတြကို လုပ္ကိုင္ေနရင္း သူမက အေတြးေတြထဲမွာ နစ္ျမဳပ္ေနသလိုမ်ိဳး ဆက္ၿပီးဟန္ေဆာင္ေနခဲ့တယ္ ၊ ဆံပင္ေတြကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ၿဖီးသင္ၿပီးေနာက္ ခါးၫႊတ္ၿပီး အံဆြဲထဲမွာထည့္ထားတဲ့ ည၀တ္အက်ႌကို ထုတ္လိုက္တယ္။ သူမရဲ႕တစ္ေန႔တာ လႈပ္ရွားမႈေတြက ဇာတ္ၫႊန္းထဲမွာ ေရးထားတဲ့ သ႐ုပ္ေဆာင္ခ်က္ေတြလိုမ်ိဳးပဲ ေန႔တိုင္းကို အခ်ိန္အတိအက် ၊ တူညီတဲ့ ပုံစံေတြနဲ႔ပဲ လည္ပတ္တယ္။ ယြန္ရဲ႕ဒီဇာတ္ၫႊန္းထဲမွာကေတာ့ လွ်ိဳ႕ဝွက္ခ်က္ေတြမ်ားစြာနဲ႔ေပါ့ ...

ပုံမွန္လူေတြအတြက္ေတာ့ ဒါေတြကို ျမင္ရင္ ရယ္စရာေကာင္းေနမလားမသိေပမယ့္ ယြန္ရဲ႕ ေန႔စဥ္ဘ၀မွာ ဟန္ေဆာင္မႈက အဓိကပဲ။

ေရခ်ိဳးခန္းက ေရေငြ႕ေတြေၾကာင့္ ေႏြးေနတယ္။ ယြန္ က ‌ေရခ်ိဳးခန္းတံခါးကို lock ခ်လိုက္ၿပီးေနာက္ သက္ျပင္းတစ္ခ်က္ခ်လိုက္တယ္ ၊ မွန္ေတြမွာ ေရေငြ႕ေတြနဲ႔ လုံး၀မႈံဝါးသြားၿပီဆိုမွ ယြန္က သူမရဲ႕လက္ကို ျဖည္းျဖည္းခ်င္း ႏွိမ့္လိုက္ၿပီး မ်က္ႏွာသစ္ကန္ရဲ႕ ေအာက္ေျခမွာ ဖြက္ထားတဲ့ ခလုတ္ေသးေသးေလး တစ္ခုကို ႏွိပ္လိုက္တယ္။ ဗီ႐ိုထဲမွာရွိေနတဲ့ တစ္ကိုယ္ေရသုံး သန္႔ရွင္းေရးပစၥည္းေတြကို‌ ေဘးကိုတြန္းလိုက္ၿပီး ဆီပုလင္းတစ္လုံးကို ေ႐ြးယူလိုက္တယ္ ၊ ပုလင္းထဲက သူမဖြက္ထားခဲ့တဲ့ ေသးငယ္တဲ့ USB ေလးကို ထုတ္ၾကည့္ၿပီး ရာဘာအဖုံးကိုဖြင့္လိုက္တယ္ ...

အရာရာအားလုံးက အစီအစဥ္အတိုင္းျဖစ္ေနၿပီး ဒီေလာက္ထိျဖစ္လာဖို႔လည္း မလြယ္ကူခဲ့သလို သူမ အမွားတစ္ခုမွ မလုပ္ခဲ့မိတာ ေသခ်ာပါတယ္။ သူမရဲ႕ အစီအစဥ္ေတြၿပီးဆုံးဖို႔ နီးကပ္လာတာနဲ႔အမွ် ပိုၿပီး စိတ္ေအးလာတာမလို႔ သူမ အမွားလုပ္မိသြားခဲ့ေသးလား ?

ေဆာဂြၽန္ဟြန္ရဲ႕ ထူးဆန္းတဲ့ အျပဳအမူေတြေၾကာင့္ သူမမွာ ဒီရက္ပိုင္း ေကာင္းေကာင္းအနားမယူႏိုင္ဘူး ၊ ေျခလွမ္းတစ္လွမ္းပဲလိုေတာ့တယ္ ၊ တကယ့္ကို တစ္လွမ္းတည္း...

“ ကိုယ္တို႔ ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးက ဒီလိုကိစၥေတြေၾကာင့္ တုန္လႈပ္မယ္လို႔ မင္းထင္လား ”

Bang!

သူမ က လက္သီးဆုပ္ကို အားျပင္းျပင္းနဲ႔ ထုခ်လိုက္တယ္။သူမကို ရိပ္မိသြားၿပီလားဆိုတာကို စိုးရိမ္ရလြန္းလို႔  အသက္ရွဴေတာင္မဝေတာ့ဘူး ။ သူမက ဒီေနရာကေနျမန္ႏိုင္သမွ် ျမန္ျမန္ ထြက္သြားခ်င္ေနၿပီ ၊ ျဖစ္ႏိုင္မယ္ဆိုရင္ အခုခ်က္ခ်င္းပဲ ...

သူမ ေဆာဂြၽန္ဟြန္ကို ဒီထက္ပိုၿပီး မျမင္ခ်င္ေတာ့ဘူး။

သူမ ေခါင္းကိုေမာ့လိုက္ၿပီး ေရေငြ႕ေတြေၾကာင့္ မႈံဝါးေနတဲ့မွန္ကို ၾကည့္လိုက္တယ္ ၿပီးေတာ့ မွန္မွာရွိေနတဲ့ ေရေငြ႕ေတြကို သုတ္လိုက္တဲ့အခါ သူမ မ်က္ႏွာကို ရွင္းရွင္းလင္းလင္း ျမင္လာရတယ္ ။ ေရစိုေနတဲ့ဆံပင္ေတြ၊ မ်က္ရစ္မပါတဲ့ မ်က္၀န္းေတြမွာ ေသခ်ာေပါက္ ဖုံးကြယ္ထားတဲ့အေတြးေတြနဲ႔ ခံစားခ်က္ေတြ ရွိေနတယ္ ၊ ဒီမ်က္၀န္းေတြက ေမးခြန္းေမးေနသလိုမ်ိဳး သူမကို ျပန္စိုက္ၾကည့္ေနတယ္။

အရာရာတိုင္းက နင္စီစဥ္ထားသလိုမ်ိဳး ျဖစ္လာမယ္လို႔ တကယ္ပဲ ထင္ေနတာလား ?

“ ယြန္ သူ႔ကို တကယ္ပဲ လက္ထပ္မလို႔လား ”

လြန္ခဲ့တဲ့ ႏွစ္ ႏွစ္ ၊ သူမ ဂြၽန္ဟြန္နဲ႔ လက္မထပ္ခင္ မိတ္ဆက္ေတြ႕ဆုံပြဲကေန ျပန္လာေတာ့ ထယ္ဂေယာင္း က သူမကို ေမးခဲ့တယ္။

“ ေတြ႕ဆုံပြဲမွာေတာ့ အဆင္ေျပခဲ့ပါတယ္ ”

ယြန္က ထယ္ဂေယာင္းကို ျပန္ေျဖၿပီး တစ္ဆက္ တည္းမွာပဲ ...

“ ဒါကမွ တစ္ခ်က္တည္းနဲ႔ အားလုံးကိုဖ်က္ဆီးေစႏိုင္မဲ့ န်ဴကလိယားဗုံးပဲ‌ေလ ”

ထယ္ဂေယာင္းက ယြန္ရဲ႕ စကားေတြကိုၾကားေတာ့ မ်က္ေမွာင္ကုပ္တယ္။

“ ငါ မင္းကိုပါ မထိခိုက္ေစခ်င္ဘူး ယြန္ ”

“ ဒါဆို အစ္ကို႔ကိုယ္အစ္ကို ထိခိုက္ေစတာကေရာ အဆင္ေျပတာလား ”

“ မင္ယြန္ ! ”

“ ကြၽန္မ ကေလးမဟုတ္ဘူး အစ္ကိုထယ္ဂေယာင္း ”

ဒီလက္ထပ္ပြဲက ဘာေတြျဖစ္လာေစႏိုင္လဲ သူမ သိတယ္။ ဒီစာခ်ဳပ္လက္ထပ္ပြဲကို ေဆာဂြၽန္ဟြန္က အႂကြင္းမဲ့ယုံၾကည္ေစခ်င္ရင္ သူနဲ႔ တစ္အိပ္ရာတည္း အိပ္ဖို႔ သူမကိုယ္သူမ သတၱိေမြးရမွာလည္း သိတယ္။

ဒီေတာ့ဘာျဖစ္လဲ ? သူနဲ႔ အတူတူေနရမယ္ေပါ့ ၊ ဒါ ဘာမွ ကိစၥႀကီး မဟုတ္ပါဘူး။

“ ဒါကို ကိုယ့္ဘာသာ အာ႐ုံစိုက္လိုက္ပါ့မယ္ ယြန္ ”

“ ဘယ္လိုမ်ိဳးလဲ ? ႏွစ္ေပါင္းေထာင္ခ်ီ အခ်ိန္ယူၿပီး‌ေတာ့လား ? ”

“ ယြန္ ! ”

ထယ္ဂေယာင္းက ျဖဴေဖ်ာ့သြားခဲ့တယ္။ ယြန္က ျပန္လွည့္လာၿပီး သူ႔ကိုၾကည့္တယ္။

“ အစ္ကို .. ကြၽန္မလို အရည္အခ်င္းရွိတဲ့သူတစ္ေယာက္က အႀကိမ္ႀကိမ္ႀကိဳးစားတာေတာင္ မလုပ္ႏိုင္ဘူးဆိုရင္ တျခားဘယ္သူမွလည္းမလုပ္ႏိုင္ဘူး  ”

ဟြၽန္းဂ်င္လုပ္ငန္းစုက သူတို႔ရဲ႕ data server ေတြကို internet ကေန လုံး၀ခြဲထုတ္ထားတာ ၊ အဲ့ဒီစနစ္ထဲကို ေဖာက္၀င္ဖို႔ဆိုတာ မျဖစ္ႏိုင္သေလာက္ပဲ ၊ ၿပီးေတာ့ ေဖာက္၀င္ဖို႔ စီစဥ္ထားခဲ့ရင္ေတာင္ ကြၽန္မကို ခ်က္ခ်င္း မိသြားမွာ။ အလုံၿခဳံဆုံးနည္းလမ္းကေတာ့ အတြင္းလူအေနနဲ႔ သူတို႔မိသားစု တစ္စိတ္တစ္ပိုင္းျဖစ္လာဖို႔ပဲ ၊ ေဆာဂြၽန္ဟြန္က အရံ server ကို သူ႔အိမ္ ရဲ႕ ေျမေအာက္ခန္းမွာသိမ္းထားတယ္။

“ ဒီနည္းလမ္းနဲ႔ ကြၽန္မတို႔ ဟြၽန္းဂ်င္လုပ္ငန္းစုရဲ႕ အတြင္းေရးသတင္းအခ်က္အလက္ေတြ အရယူႏိုင္တယ္ဆိုရင္ေတာင္ အစ္ကိုက ကြၽန္မ ဒီအခြင့္အေရးကို လက္လႊတ္လိုက္ဖို႔ပဲ ေျပာေနဦးမွာလား ? ”

ထယ္ဂေယာင္းက ဒီသတင္းအခ်က္အလက္ေတြကိုရဖို႔ မေရမတြက္ႏိုင္တဲ့အရာေတြကို လုပ္ခဲ့ၿပီးၿပီ။ သူမ အတြက္ေတာ့ ဘယ္အရာကမွ ဒီေလာက္ရႈပ္ေထြးၿပီး စိတ္ပ်က္ဖို႔မေကာင္းဘူး။ အနည္းဆုံး သူမ ေယာက်ာ္းတစ္ေယာက္ကို ယူလိုက္ရ႐ုံေပါ့။ စာခ်ဳပ္အရ လက္ထပ္တာပဲ ဘယ္ေလာက္မ်ားခက္ခဲႏိုင္မွာမလို႔လဲ ?

“ ကြၽန္မ မေၾကာက္ပါဘူး ၊ ဒါေၾကာင့္မို႔လို႔ စိတ္မပူပါနဲ႔ ၊ ကြၽန္မတို႔ရဲ႕အစီအစဥ္ေတြအတိုင္း အားလုံးျဖစ္လာရင္ ကြၽန္မ သူ႔ကို ႏွစ္ ႏွစ္အတြင္း ကြာရွင္းလို႔ရႏိုင္မွာပါ ”

ယြန္က ေဖ်ာ့ေတာ့စြာၿပဳံးလိုက္ၿပီး ထယ္ဂေယာင္း ရဲ႕လက္ကို ဆြဲယူလိုက္တယ္။

“ ကြၽန္မ သူ႔ကို ခ်စ္မိသြားမွာကို အစ္ကို စိုးရိမ္ေနတာလား ၊ ကြၽန္မ အ႐ူးမဟုတ္ဘူး.. ဘယ္လိုပဲျဖစ္ျဖစ္ သူနဲ႔ ကြၽန္မက အမ်ားဆုံး ႏွစ္ ႏွစ္ပဲ လက္ထပ္မွာေလ ၊ ဒါေတြအားလုံးၿပီးဆုံးသြားၿပီဆိုတာနဲ႔ ကိုရီးယားကေန အတူတူထြက္သြားၾကရေအာင္။ ရႈပ္ေထြးလြန္းတဲ့ ဒီေနရာကေန ကြၽန္မတို႔  လြတ္လပ္ခြင့္ေပးလိုက္ၾကမယ္ ”

ယြန္က ဒီစကားေတြကိုေျပာေနစဥ္မွာပဲ သူမရဲ႕လက္ထဲမွာရွိတဲ့ tablet PC မွာ ေပၚေနတဲ့ အမ်ိဳးသားရဲ႕ မ်က္ႏွာကို ငုံၾကည့္လိုက္တယ္။

ဓါတ္ပုံထဲမွာရွိေနတဲ့ အမ်ိဳးသားက ေသြးေအးရက္စက္မဲ့ပုံပဲ ၊ သူ႔အေရျပားကို ဓါးနဲ႔ ထိုးရင္ေတာင္ ေသြးတစ္စက္မွ ထြက္မဲ့ပုံမေပၚဘူး ၊ မဟုတ္ေသးဘူး... သူက သိပ္ကိုေအးစက္လြန္းလို႔ သူ႔ခႏၶာကိုယ္ထဲမွာစီးဆင္းေနတဲ့ ေသြးဆိုတာေတာင္ မရွိတဲ့ပုံမ်ိဳး။ သပ္ရပ္ၿပီးနက္ေမွာင္တဲ့ သူရဲ႕ဆံပင္ပုံစံ၊ ခန႔္မွန္းလို႔မရတဲ့ အနက္ေရာင္မ်က္၀န္းေတြ ေခါင္းအစ ေျခအဆုံး အရာရာမွာအေကာင္းဆုံးေတြကိုပဲ ပိုင္ဆိုင္ၿပီး ႀကီးျပင္းလာတဲ့အမ်ိဳးသားတစ္ဦး ။

ေဆာဂြၽန္ဟြန္ ဆိုတဲ့ အမ်ိဳးသားက ေ႐ႊဇြန္းကိုက္ၿပီး... မဟုတ္ဘူး စိန္ဇြန္းကိုက္ၿပီး ေမြးလာတဲ့သူ။

ေဆာဂြၽန္ဟြန္က ကိုရီးယားမွာ ေမြးေပမယ့္ ထင္ရွားေက်ာ္ၾကားတဲ့အေမရိကန္တကၠသိုလ္ကေန Master ဘြဲ႕မယူခင္ အဂၤလန္မွာလည္း စာေလ့လာခဲ့‌ေသးတယ္။ သူက ဩဇာတိကၠမႀကီးမားလြန္းတဲ့ ဥကၠဌေဆာ ရဲ႕ အႀကီးဆုံးသား ျဖစ္ၿပီးေတာ့ ဟြၽန္ဂ်င္း လုပ္ငန္းစုကို အေမြဆက္ခံမဲ့သူတစ္ေယာက္ ... လုပ္ငန္းက်င့္၀တ္ရွိတဲ့သူျဖစ္လို႔ လုပ္ငန္းတူ ၊ အဆင့္အတန္းတူသူေတြရဲ႕ ေလးစားမႈကိုခံရၿပီး မယုံႏိုင္ေလာက္တဲ့ အရည္အခ်င္းေတြ သူ႔မွာရွိတယ္။ သူရဲ႕ ကိုယ္ေရးအက်ဥ္းနဲ႔ ေအာင္ျမင္မႈ စာရင္းေတြေၾကာင့္ သူက ထိပ္တန္းစာရင္းဝင္ 0.1%ရဲ႕ ထိပ္ဆုံး မွာရွိတယ္။

အဲ့တာေတြေၾကာင့္ပဲသူက ရႈံးနိမ့္ရတာကိုမုန္းတဲ့အျပင္ ေကာင္းကင္ကိုေဖာက္ထြက္သြားေလာက္ေအာင္ထိ အတၱႀကီးတယ္ ၊ အမွားက်ဴးလြန္တဲ့သူကို ဘယ္ေတာ့မွ ခြင့္မလႊတ္ဘူး ၊ တစ္ခုခုကို စတင္လိုက္ၿပီဆိုတာနဲ႔ အခ်က္အလက္ေသးေသးေလးကအစ အလြဲအမွားမရွိဘဲ ၿပီးဆုံးသြားမွသာ ေက်နပ္တဲ့သူမ်ိဳး ...

အခုခ်ိန္ထိ သူတြဲခဲ့သမွ် သူ႔ရဲ႕ခ်စ္သူေတြ အားလုံး က ေခ်ာေမာၿပီး ထက္ျမက္တဲ့ သူေတြခ်ည္းပဲ ... သူ႔ရဲ႕ခ်စ္သူဆိုတာထက္ sex partners သေဘာမ်ိဳးေလာက္ပဲ၊သူက မိန္းမေတြအေပၚမွာ အထူးတလည္ စိတ္၀င္စားတာမ်ိဳးမရွိဘဲ သူ႔ႏွလုံးသားကို အလုပ္မွာပဲ ျမဳပ္ႏွံထားၿပီး တစ္ေယာက္ေယာက္နဲ႔ date လုပ္ရတာမ်ိဳးအတြက္နဲ႔ သူ႔ရဲ႕ အခ်ိန္ေတြကို ျဖဳန္းတီးခ်င္တဲ့သူမဟုတ္ဘူး။

ေအးေလ သူ႔မွာ အရည္အခ်င္းေတြ ၊ ေၾကာ္ၾကားမႈေတြ ဒီေလာက္ျပည့္ဝ‌ေနတာ ေနာက္ထပ္ဘာေတြကို ထပ္ေတာင္းဆိုေနရဦးမွာလဲ ?

စြမ္းေဆာင္ရည္၊ ကိုယ့္ကိုယ္ကိုယုံၾကည္မႈ၊ တစ္ဦး နဲ႔ တစ္ဦး ဆက္ဆံေရးၾကားက ေအးစက္မႈ၊ ဒါေတြက ေယာက္်ားတစ္ေယာက္နဲ႔ပတ္သက္ၿပီး သူမ စံထားရတဲ့ အခ်က္အလက္ေတြပဲ။

လြန္ခဲ့တဲ့ ႏွစ္ ႏွစ္တုန္းကေတာ့ ဂြၽန္ဟြန္နဲ႔ တစ္ခ်ိန္မွာ ကြာရွင္းလိုက္မယ့္အေၾကာင္းကို သူမ ယုံၾကည္မႈရွိရွိနဲ႔ ထယ္ဂေယာင္းကို ေျပာခဲ့တယ္။

ဒါေပမဲ့လည္း...

မႈံဝါးေနတဲ့မွန္ထဲက ယြန္ကေတာ့ လြန္ခဲ့တဲ့ ႏွစ္ႏွစ္က အမ်ိဳးသမီးယြန္ကို ေလွာင္ေျပာင္ေနခဲ့တယ္။ ၿပီးခဲ့တဲ့ေဆာင္းရာသီ တစ္ညမွာ ယြန္းဟီဆူက ဂြၽန္ဟြန႔္ အခန္းထဲကေနထြက္လာတာကို ျမင္ၿပီးေတာ့ သူမရဲ႕ေသြးေတြ ပြက္ပြက္ဆူလာခဲ့တယ္ ၊ သူမကိုယ္သူမ ပုန္းကြယ္ေနရတယ္ဆိုတာကို ေမ့သြားၿပီးေတာ့ ေျပးထြက္သြားၿပီး ယြန္းဟီဆူရဲ႕ဆံပင္ကို ေဆာင့္ဆြဲလိုက္မိေတာ့မလို႔ ၊ သူမမ်က္လုံးေတြျပာေဝသြားတဲ့အထိ ျပင္းထန္တဲ့ ေဒါသေတြကို ခ်ိဳးႏွိမ္ခဲ့ရတယ္။ ဘယ္လိုလုပ္ၿပီး ဒီေလာက္ေတာင္ ေဒါသထြက္ရတာလဲဆိုတာ ယြန္ နားမလည္ႏိုင္ခဲ့ဘူး ၊ ဘာေၾကာင့္လဲ ?

ေဆာဂြၽန္ဟြန္က တျခားအမ်ိဳးသမီးေတြနဲ႔အိပ္လည္း သူမ ဂ႐ုမစိုက္ဘူးလို႔ ကိုယ့္ကိုယ္ကိုယုံၾကည္ခဲ့တာေလ ၊ ဘာေၾကာင့္မ်ား ဒီေလာက္ေတာင္ ေဒါသေတြ ထြက္ေနရတာတဲ့လဲ ? ခ်က္ခ်င္းပဲ ေဆာဂြၽန္ဟြန္ကို  သြားသတ္ခ်င္တဲ့စိတ္ေတြ ဘာေၾကာင့္မ်ား ျဖစ္လာရတာတဲ့လဲ ?

သူမကမ်ား ....

မဟုတ္ဘူး ၊ ဒါ လုံး၀အဓိပြါယ္မရွိဘူး ၊ ယြန္က သူမရဲ႕ ေခါင္းကို ခါလိုက္တယ္။

သူေပးတဲ့ ႐ုပ္ပိုင္းဆိုင္ရာ သာယာမႈေတြေၾကာင့္မ်ားလား ? ။ ဒါက ဘယ္လိုလုပ္ၿပီး အခ်စ္ ျဖစ္ႏိုင္မွာလဲ ? တစ္ခါတစ္ေလမွာ သူမကို ႏွလုံးခုန္ႏႈန္းျမန္ေစတဲ့ သူရဲ႕အျပဳအမူေတြေၾကာင့္လား ? ဒါ အခ်စ္ လား ? သူတို႔ ႏွစ္ေယာက္က တစ္ေယာက္အေၾကာင္း တစ္ေယာက္ေတာင္ ေကာင္းေကာင္းမသိၾကဘူးေလ ၊ သူတို႔က ခင္ပြန္းနဲ႔ ဇနီးဆိုတဲ့ ေကာင္းမြန္တဲ့ပုံရိပ္ကို ထိန္းထား႐ုံေလးပဲ။ တစ္ေယာက္စိတ္ထဲတစ္ေယာက္ ဘာေတြရွိေနလဲ တစ္ခါမွ ျမင္ေအာင္ မၾကည့္ဖူးၾကဘူး။

မဟုတ္ေသးဘူး ... သူမ သိခ်င္မိတယ္ ... ဒါသာ အခ်စ္ ျဖစ္ေနမယ္ဆိုရင္ေရာ ?

သူတို႔ႏွစ္ေယာက္ရဲ႕ 1 year anni ျပည့္သြားတဲ့ ေႏြဦး ကိုျပန္စဥ္းစားမိေတာ့ သူမ ေခါင္းကို ခါလိုက္တယ္ ၊ အဲ့ဒီတုန္းက ႏွစ္ပတ္လည္ အထိမ္းအမွတ္ခရီးထြက္ခဲ့တဲ့အခ်ိန္ ... အဲ့ဒီအခ်ိန္ေလာက္က‌ စၿပီးေတာ့ ဂြၽန္ဟြန္ရဲ႕  ညင္သာေႏြးေထြးတဲ့ပုံစံကို သူမ စၿပီးျမင္ခဲ့ရတာ ...

ဒါေပမဲ့ စိတ္ခံစားမႈသက္သက္က ဘာမွ အေရးမပါဘူး ၊ လူတိုင္းမွာ ခ်ိဳ႕ယြင္းခ်က္ေတြရွိသလို ဆြဲေဆာင္မႈလည္း ရွိတတ္ၾကတာပဲ။ လူႏွစ္ေယာက္အတူတူေနတယ္ဆိုရင္ တစ္ေယာက္အေၾကာင္း တစ္ေယာက္ပိုသိလာၿပီး အခ်င္းခ်င္း နားလည္လာၾကတယ္ဆိုတာ သဘာ၀ပဲေလ။ ဒါေပမယ့္ ႏွစ္ ႏွစ္ မက လို႔ အႏွစ္ႏွစ္ဆယ္ ျဖတ္သန္းရေစဦးေတာ့ သူမကေတာ့ သူမ ႏွလုံးသားတံခါးကို ေဆာဂြၽန္ဟြန္ကို ဘယ္ေတာ့မွ ဖြင့္ေပးမွာမဟုတ္ဘူး။

သူမ အံကိုႀကိတ္ထားရင္း .. ဘယ္ေတာ့မွ မျဖစ္ႏိုင္ဘူး ...

သူမဘဝမွာ ေဆာဂြၽန္ဟြန္ကို ေ႐ြးခ်ယ္ခဲ့ရၿပီးေတာ့ သူနဲ႔ လက္ထပ္မယ္ ကြာရွင္းမယ္ ဆိုတာေတြက သတ္မွတ္ထားၿပီးသား ၊ ဒီကံတရားကိုလည္း ဘယ္သူကမွ ေျပာင္းလဲႏိုင္မွာ မဟုတ္ဘူး။

ထပ္ေျပာရရင္ ဟြၽန္ဂ်င္းနဲ႔ R&K လုပ္ငန္းစု ႏွစ္ခုၾကားမွာ အစပ်ိဳးေနတဲ့ စစ္ပြဲကေန တစ္ေယာက္မွ လြတ္ေျမာက္ႏိုင္မွာ မဟုတ္ဘူး ၊ စစ္ပြဲကို စတင္လိုက္ၿပီဆိုတာနဲ႔ တစ္ဖက္နဲ႔တစ္ဖက္ အားနည္းခ်က္ကို ဆုပ္ကိုင္ႏိုင္ဖို႔ ၊ လွ်ိဳ႕ဝွက္ခ်က္ေတြကို ထုတ္ေဖာ္ဖို႔ အျပင္းအထန္ႀကိဳးစားၾကမွာပဲ။

အဲ့ဒီ့အခ်ိန္ေရာက္လာတဲ့အခါ သူမက ရႈပ္ေထြးတဲ့ ဒီအေျခအေနေတြကေန သဘာ၀က်က် ေပ်ာက္ကြယ္သြားလိုက္မယ္ေလ ။

တစ္ကယ္ေတာ့ သူမ ဘာမွ စိုးရိမ္ေနစရာမလိုဘူး ၊ အဆုံးသတ္မွာေတာ့ ဒီလိုအေျခအေနေတြၾကားမွာ ေဆာဂြၽန္ဟြန္က သူမကို ကြာရွင္းေပးဖို႔ ေ႐ြးခ်ယ္ရမွာပဲ ... သူ ျငင္းဆန္ခ်င္ရင္ေတာင္ ျငင္းဆန္ႏိုင္တာမွ မဟုတ္တာ။

ယြန္ သူမရဲ႕ စိတ္ကို ၿငိမ္ေအာင္ႀကိဳးစားၿပီးေတာ့ USB ကို သူ႔ေနရာမွန္မွာ ျပန္ထားလိုက္တယ္ ...
.
.
.

E.v.e.r.g.r.e.e n🍀🌵🌲🍃🌿

5773 Words

Continue Reading

You'll Also Like

4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
3.1K 179 18
Density To love you season2 if you want to read this i recommand you to read density of love you first . Arlin found the one who makes him always u...
231K 37.9K 100
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
5.6K 164 30
Wuxia သိုင်းစာစဉ် Female lead