Desharow's Merman

By Wine-Y

233K 25K 1.2K

Desharow Merman (德萨罗人鱼) Total-116 Author: 深海先生 Translators: Cheonsa_I_Bl & Jade(co). Editors: rad_pigeon I'... More

My Note
Warning
Author Note
Synopsis
【Arc 1: နက်ရှိုင်းသော ပင်လယ်ပြင်မှအတွေ့အကြုံ】အခန်း(၁)ရေသူထီးအား ဖမ်းမိခြင်း။
အခန်း(၂)လျှို့ဝှက်အစီအစဉ်
အခန္း(၂) လ်ိဳ႕ဝွက္အစီအစဥ္
အခန်း(၃) အန္တရာယ်နှင့် စပ်လျဉ်းနေသော စူးစမ်းစစ်ဆေးခြင်း
အခန္း(၃) အႏၲရာယ္ႏွင့္ စပ္လ်ဥ္းေနေသာ စူးစမ္းစစ္ေဆးျခင္း။
အခန်း(၄) ဘယ်သူက သားကောင်လဲ။
အခန္း(၄) ဘယ္သူက သားေကာင္လဲ။
အခန်း(၅) အန္တရာယ်ရှိသော ကျူးကျော်မှု
အခန်း(၆)အရေးပေါ်အခြေအနေများ
အခန်း(၇) မိုးသက်မုန်တိုင်းကြားမှ အထိတ်တလန့်ဖြစ်ဖွယ်ရာများ
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
Arc-2
Chapter(26)
Chapter(27)
Chapter(27)
Chapter(29)
Chapter (30)

အခန်း(၂၄)

4K 499 21
By Wine-Y

 အခန်း(၂၄)

ကျွန်တော့်အမြင်အာရုံက ပြည့်ပြည့်ဝဝ ကြည်လင်သွားချိန် ကျွန်တော့်ခေါင်းထက်မှာရှိတဲ့ မှန်းကြမ်းပြင်က အမြင်အာရုံထဲ၌ ထင်ပေါ်လာခဲ့သည်။ ထို့နောက်မှာ စာခါရိုရဲ့ မျက်နှာလည်း ထင်ရှားလာပြီး သူက ရွှေရောင်ကိုင်းမျက်မှန်၏ နောက်မှ စူးစမ်းမေးမြင်းနေသော အကြည့်များဖြင့် ကျွန်တော့်ကို စိုက်ကြည့်နေခဲ့သည်။

"ဟေး .... မစ္စတာ ဒက်ရှ်ရှဲရိုး .... မင်း အဆင်ပြေရဲ့လား။ "

"ကျွန် တော် ..."

ချက်ချင်းပင် ကျွန်တော်က အခုထိ ရေအောက်ဓာတ်ခွဲခန်းထဲ ရှိနေသေးတာကို အမှတ်ရသွားပြီး ထုံကျဉ်နေသော လက်ကိုအားပြု၍ပင် ကျွန်တော် ထထိုင်လိုက်သည်။ ကျွန်တော့်မျက်ဝန်းတွေက ထိန်းချုပ်နိုင်ခြင်း ကင်းမဲ့စွာပင် စာခါရို၏အနောက်ဘက်တွင် ရှိနေသော မှန်လှောင်ကန်သို့ အကြည့်ရောက်နေခဲ့သည်။ ထိုမှန်လှောင်ကန်ထဲရှိ အက်ဂ်ရေ့စ်က ကျွန်တော့်ကိုမှန်လှောင်ကန်ထဲမှတစ်ဆင့် စောင်းငဲ့ကြည့်နေပြီး ကျွန်တော်နဲ့ အကြည့်ချင်းဆုံမိတဲ့ အခိုက်အတန့်မှာ သူက ကျွန်တော့်ကို သွားတွေပေါ်သည်အထိ ပြုံးပြခဲ့သည်။

ကျွန်တော့်တစ်ကိုယ်လုံးက ထုံကျဉ်နေပြီး လှုပ်ရှားဖို့လည်း မတတ်နိုင် ဖြစ်နေသည်။ လွန်ခဲ့တဲ့နှစ်ရက်က ဖြစ်ပျက်ခဲ့သည့် သည်းမခံနိုင်ဖြစ်ရသော ပုံရိပ်များလည်း ကျွန်တော့်ဦးနှောက်ထဲ ပြည့်ကျပ်နေသည်။ ကျွန်တော့်ခေါင်းတစ်ခုလုံးက တဇီဇီမြည်ပြီး မူးနောက်နေခဲ့သည်။ ထိတ်လန့်တုန်လှုပ်သွားသော ခန္ဓာကိုယ်ကြောင့်ပင် ကျွန်တော် အိပ်ရာပေါ်သို့ ပြန်၍ လဲကျသွားခဲ့သည်။

"ဟေး ... မစ္စတာ ဒက်ရှ်ရှဲရိုး .... မင်း အဆင်ပြေရဲ့လား။ " စာခါရိုက ကျွန်တော့်လက်မောင်းကို ဖမ်းဆွဲပြီး မေးခဲ့သည်။

"ငါ မင်းအတွက် ဆရာဝန် ခေါ်ပေးရမလား။ မင်း မျက်နှာက ဖြူဆုတ်ပြီး သွေးတွင်းသကြားဓာတ်လည်း နည်းနေတယ် ထင်တယ်။ မင်း အစား မစားဘူးလား။ "

"ဟင့်အင်း .. ဆရာဝန်ကို မခေါ်နဲ့ ! ကျွန်တော့်ရဲ့ သုတေသနပြုချက်မှာပဲ အရမ်းအာရုံစိုက်မိသွားလို့ ကျွန်တော် အစားအများကြီး မစားဖြစ်တာကြောင့်ပါ " နဖူးကို လက်ဖြင့် အုပ်ကိုင်၍ ချွေးစေးတွေကို သုတ်ပြီး ပါးစပ်မှထွက်သမျှ အဓိပ္ပါယ်မရှိသော စကားကို ကျွန်တော်ပြောခဲ့သည်။ သို့ပေမယ့် ရှက်စရာကောင်းလွန်းသော အလိမ်အညာစကားကြောင့် ကျွန်တော့်ရင်ဘတ်ထဲတွင်တော့ အတော့်ကို ပူလောင်နေခဲ့သည်။

ကျွန်တော့်မျက်နှာပေါ်က ပြောင်းလဲမှုတွေက သိပ်ကို သိသာနေမည်'ဟု တွေးမိခဲ့သည်။ ဒါကြောင့် စာခါရိုကိုလည်း ကြည့်ဖို့ မဝံ့ရဲတော့ဘဲ အလောတကြီးပင် မတ်တပ်ထရပ်ဖို့ ပြင်လိုက်သည်။ သို့ပေမယ့် ထိုအချိန်၌ စာခါရို၏အော်သံကို ကြားလိုက်ရပြီး သူ၏ခေါင်းကို တစ်ဖက်သို့လှည့်၍ ကျွန်တော့်အား လက်ညှိုးထိုးကာ ပြောခဲ့သည်။

"မစ္စတာ ဒက်ရှ်ရှဲရိုး ... မင်း ... မင်း အဝတ်မဝတ်ထားဘူး။ "

"အာ ... အား ... ကျွန်တော် တောင်းပန်ပါတယ် !"

ထိုအခါမှ ကျွန်တော်ဘာမှမဝတ်ထားဘဲ ရှိနေသည်ကို အမှတ်ရပြီး ဝမ်းဗိုက်ထက်မှ လျှောကျသွားသော စောင်၏အောက်၌ အနီကွက်တို့ ထင်းနေသည့် ကျွန်တော့်ခြေထောက်မှာ အထင်းသားဖြစ်နေခဲ့သည်။

'တစ်ဖက်သို့ ခေါင်းလှည့်လိုက်သော စာခါရိုကိုပင် ကျွန်တော် ကျေးဇူးတင်သင့်တော့သည်။'

ထို့နောက် ပျာယာခတ်မှုက ကျွန်တော့်အတွေးအာရုံကြောအား ချက်ချင်းဆိုသလို လာရိုက်ခတ်တာကြောင့် လျှောကျသွားသော စောင်ကို ပြန်ဆွဲယူ၍ ရေချိုးခန်းထဲသို့ ပြေးဝင်တော့သည်။ ရေချိုးခန်းထဲ၌ ရေချိုးဝတ်စုံကို ဝတ်ပြီး ပြန်ထွက်ဖို့အလုပ် ကျွန်တော့်ခြေလှမ်းတို့ တုံ့ဆိုင်းခဲ့ပြန်သည်။

—— စာအုပ်များနှင့် ပစ္စည်းများက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး ထိုနေရာမှ ခြေလှမ်းအနည်းငယ်အကွာတွင်တော့ ရေသူထီးနှင့် လုံးထွေးခဲ့ရာမှ ကျွန်တော်ချွတ်ပစ်ခဲ့သည့် သုသေတီဝတ်စုံ ရှိနေသည်။

အခုလိုမျိုး ကျွန်တော့်မှာ 'ဒီ သက်သေတွေ'ကို ဖျက်စီးပစ်ဖို့ အချိန်မရခဲ့ဘဲ အိပ်ပျော်သွားခဲ့ချိန်မှာ စာခါရိုက ဒီလောက်ထိမြန်မြန်ဆန်ဆန် ရောက်လာလိမ့်'မယ်လို့လည်း မထင်ထားခဲ့တာကြောင့်ပင်။

ထိုအရာတွေကို အသံတိတ်ဖြင့် ကျွန်တော် စိုက်ကြည့်နေခဲ့ပေမယ့် ကျွန်တော့်နှလုံးသားထဲတွင်တော့ မုန်တိုင်းထန်နေပြီး မျက်နှာကလည်း ဖြူရော်နေခဲ့သည်။

'စာခါရို ဒီအရာတွေကို မြင်သွားခဲ့လား ကျွန်တော် မသိ။'

'သူသာ မြင်သွားခဲ့ရင်' ဟူသည့် စကားသံက ကျွန်တော့်စိတ်ထဲ ပဲ့တင်ထပ်နေပြီး လက်များပင် အနည်းငယ် တုန်ရီသွားခဲ့သည်။ ကျွန်တော့်နာမည်ကို အကြိမ်များစွာ ခေါ်နေတဲ့ စာခါရိုရဲ့ အသံကိုပင် ကျွန်တော် မကြားနိုင်ဘဲ နစ်မြောနေခဲ့သည်။

"ဘုရားရေ ... ကျွန်မထက်ပိုပြီး မစ္စတာ ဒက်ရှ်ရှဲရိုးက ပိုရှက်နေတာ ပါလား။ ကြည့်ရတာ မစ္စတာ ဒက်ရှ်ရှဲရိုးက တကယ်ပဲ ဆွဲဆောင်မှုရှိတယ်နဲ့တူတယ်။ ဒါကြောင့်လည်း ရိုင်းက မင်းကို အရမ်းအဖြစ်သည်းနေတာ မဆန်းတော့ဘူး။ " စာခါရိုက ကျွန်တော့်ပုခုံးကို ပုတ်ပြီး လှောင်ပြောင်ရယ်နေခဲ့သည်။ ကျွန်တော်လည်း ဟန်ဆောင်ပန်ဆောင်နှင့် ဘာမှမဖြစ်သလိုပင် နှစ်ကြိမ်တိတိ ပြန်၍ ရယ်ပြခဲ့သည်။ သို့ပေမယ့် အတော့်ကိုမှ စိတ်ရှုပ်ရခြင်းနှင့် အရှက်ရခြင်းကို အကြီးအကျယ်ပင် စိတ်ထဲ ခံစားနေရသည်။ စာခါရိုက အက်ဂ်ရေ့စ်ရှိရာဘက်သို့ ကြည့်လိုက်ချိန်ဆို ကျွန်တော့်တစ်ကိုယ်လုံးမှာ ပို၍ပင် တောင့်တင်းသွားခဲ့သည်။

ကျွန်တော် အံ့ဩမိသည်က စာခါရို၏မျက်နှာပေါ်ရှိ အားရကျေနပ်နေမှုကို ဖြစ်သည်။

"ဘယ်လိုဖြစ်ဖြစ် မင်းရဲ့ စကားပြောဆို ချိတ်ဆက်မှုအစွမ်းကိုတော့ ငါ ချီးကျတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ကနဲ့ယှဉ်ရင် အခု ဒီရေသူထီးက မယုံကြည်နိုင်လောက်အောင် သိမ်မွေ့ကျိုးနွံနေတယ်။ သူ့ကို အခုလိုမျိုး နာခံမှုရှိရှိ နေနေအောင် မင်း ဘယ်လို လုပ်ခဲ့တာလဲ။ မင်း လည်း သိတာပဲ လွန်ခဲ့တဲ့ နှစ်ရက်က သူက မှန်နံရံကိုပါ ဖောက်ခွဲပစ်တော့မတတ် တော်တော်လေး ကြောက်စရာကောင်းခဲ့တာကိုလေ။ "

"မဟုတ်ပါဘူး .. မဟုတ်ပါဘူး ... ခင်များ အတွေးလွန်နေပြီ ... ဒါ ကျွန်တော့်ကြောင့် ဖြစ်တာ မဟုတ်ပါဘူး။ " ကျွန်တော် ခေါင်းကိုမော့၍ လက်ကို ဝေ့ယမ်းပြကာ ငြင်းဆိုလိုက်သည်။ အရှက်တရားနှင့် နာကျည်းမှုကြောင့် ပါးပြင်ရှိ သွေးကြောတို့ ထောင်ထနေပြီး မျက်နှာက အဖျားရှိနေတဲ့ သူတစ်ယောက်လို နီနီရဲရဲကြီး ဖြစ်နေမည်ပင်။ ကျွန်တော့်တစ်ကိုယ်လုံးတွင် ရှိသည့် ချွေးပေါက်များက ပေါက်ကွဲထွက်နေသည့်နှယ် ချွေးများမှာ ရွှဲရွှဲနစ်နစ်ကို ထွက်နေတော့သည်။

သို့ပေမယ့် ကျွန်တော့်မျက်ဝန်းတွေကတော့ မကူနိုင်မကယ်နိုင်စွာဘဲ အက်ဂ်ရေ့စ်ထံသို့ ရောက်သွားခဲ့သည်။ မျက်ခွံတို့ အောက်ငိုက်စိုက်ကျနေသည်မှာ သူက တည်ငြိမ်သည့် ပုံစံဖြင့် မောက်မောက်မာမာပင် စာခါရိုကို ကြည့်နေပြီး ခေါင်းကို ဖြည်းဖြည်းသာသာညိမ့်ပြ၍ စာခါရို၏အပြောကို သိနားလည်သလို ဖော်ပြနေခဲ့သည်။ ကျွန်တော့်အား အမြဲတမ်းဖော်ပြနေခဲ့သည့် ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ဘီလူးသရဲစီးသလို ပုံစံမျိုးကိုဖြင့် သူ့မျက်နှာတွင် ကျွန်တော် မမြင်ရပေ။ သို့ပေမယ့် သူ ကျွန်တော့်ကို ဝေ့ကာကြည့်ချိန်တွင်‌တော့ သူ့နှုတ်ခမ်းစွန်းဖျားက ကွေးညွတ်တက်၍ သူ့ရဲ့ ကိုယ်ပိုင်ဖန်တီးထားသော အစီအစဉ်နှင့် လျှို့ဝှက်ကြံစည်မှုအပေါ် သံသယမရှိ ယုံယုံကြည်ကြည်နှင့် ကျေနပ်အားရနေပုံပင်။

' ကြောင်သူတော် ကြွက်သူခိုး ! ကောက်ကျစ်စဉ်းလဲတဲ့ တိရစ္ဆာန်ယုတ် ! မကောင်းတဲ့အရာတွေနဲ့ပဲ ပြည့်နေတဲ့ တိရစ္ဆာန်ကောင် !

လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်၍ စိတ်ထဲ အော်ဟစ်ပစ်ခဲ့ပြီး ဒေါသသူပုန်နှင့် အရှက်ရလွန်း၍ ဝုန်းဒိုင်းကြဲကာ ပြေးထွက်ပြီး မှန်လှောင်ကန်ကို ခွဲပစ်ကာ အက်ဂ်ရေ့စ်ကို အပိုင်းပိုင်းအစစသာ ဆုတ်ဖြဲပစ်ချင်တော့မည့် မတတ်ပင်။

"အို .... ကြမ်းပြင်ပေါ်က အရှုပ်တွေကို ကြည့်ပါဦး။ ဒီမှာ ရန်ဖြစ်ထားသလားတောင် ထင်မိတယ်။ ဘာတွေဖြစ်ခဲ့တာလဲ ပြောပြပါလား။ " စာခါရိုက ကျွန်တော့်ကို မေးလာသည်။

ဒီတစ်ကြိမ်တွင်တော့ ကျွန်တော့်ကိုယ်ကို တည်ငြိမ်အောင်နေဖို့ ဘယ်လိုမှ တွန်းအားပေး၍ မရတော့ချေ။ ချက်ချင်းကို ပြေးထွက်ပြီး သက်သေနှင့် ဆင်တူမည်ထင်ရသော အရာမှန်သမျှကို ကောက်သိမ်းဖို့ ပြင်ရတော့သည်။

"မစ္စတာ ဒက်ရှ်ရှဲရိုး .... မင်း ဘယ်သွားဖို့ တွေးနေတာလဲ။ " စာခါရိုရဲ့အသံက ပုံမှန်ထက် တိုးဝင်နေပြီး တစ်စုံတစ်ခုကို စစ်ဆေးနေသည့် အသံအနေအထားအတိုင်း ဖြစ်နေသည်။

ကျွန်တော့်နှလုံးသားထဲ ဘာမှ မခံစားမိတော့ ... ကျွန်တော့် ကျောပြင်တစ်လျှောက်လုံး၌ ချွေးများရွှဲနေပြီး စိတ်ထဲပေါ်လာသမျှ ဆင်ခြေတွေကို စုစည်းကာ လျင်လျင်မြန်မြန်ပင် ပြောလိုက်သည်။

"... ဒေါက်တာ စာခါရို ဗျ။ ကျွန်တော့် မိသားစု ပြဿနာကြောင့် မော်စကို ' ကို ချက်ချင်းပြန်မှ ဖြစ်တော့မယ်။ ကျွန်တော် လေယာဉ်လက်မှတ်ကိုလည်း လိုင်းပေါ်ကနေ ဝယ်ထားပြီးပြီး .... ဒီညပဲ ကျွန်တော် ပြန်တော့မယ်။ "

ဘာကိုမှ ဂရုမစိုက်နိုင်ဘဲ တစ်စုံတစ်ရာကိစ္စတွေကိုတော့ ကျွန်တော် ဖန်တီးခဲ့ပြီ။ အကြောင်းပြချက်က ကျွန်တော် ဒီနေရာ၌ တစ်မိနစ်လောက်ပင် မနေချင်တော့တာကြောင့် ဖြစ်သည်။ ကျွန်တော် အခုလေးတင် မက်ခဲ့တဲ့ အိမ်မက်ကို တွေးမိတဲ့အခါ ကျွန်တော့်ကိုယ်အတွင်း၌ အဒရီနလင် ကလင်းရည်တို့ဖြင့် ထိုးသွင်းခြင်း ခံလိုက်ရသလို ဦးရေပြားက စပ်ဖျဉ်းဖျဉ်းဖြစ်လာခဲ့သည်။ ကြောက်ရွံ့စိတ်က ထိုအိမ်မက်မှာ ဟာသဆန်ဆန်အိမ်မက်တစ်ခုဖြစ်ကြောင်း အတင်းအဆန် ငြင်းဆို၍ လွှမ်းမိုးထားသော်လည်း ထိုထက်ပို၍ အက်ဂ်ရေ့စ်၏ လူသားအသွင်ပြောင်းလဲလိုက်ခြင်းကိစ္စက ဇီဝဗေဒပညာ သင်ယူနေခြင်းကို များစွာ သက်ရောက်ထိခိုက်မှု ရှိနိုင်ပေသည်။

သို့ပေမယ့် ကျွန်တော် ပထမခြေလှမ်း လှမ်းလိုက်ချိန်မှာပဲ အသံကိုမြှင့်၍ ပြောလာသည့် စာခါရို၏ အသံကို နောက်ကျောမှ ကျွန်တော်ကြားလိုက်ရသည်။

"မစ္စတာ ဒက်ရှ်ရှဲရိုး ... ငါတို့ မင်းကို လိုအပ်တယ်။ ကျန်နေတဲ့ ခရီးစဉ်တစ်လျှောက်လုံးမှာ ငါတို့ရဲ့ သိပ္ပံနည်းကျ သုတေသနပြုလုပ်နေတဲ့ သဘော်နဲ့ လိုက်ပြီး ရေသူထီးကို ဆက်လက်လေ့လာနိုင်ဖို့ မျှော်လင့်တယ်။ မင်းရဲ့ ဗီဒီယိုကို youtube မှာ ပြန်ကြည့်ချင်တယ် ဆိုရင်တော့ မော်စကို 'ကို ပြန်မယ် ဆိုတဲ့ မင်းရဲ့ ရွေးချယ်မှုကို ပြုလုပ်နိုင်တယ် "

ရုတ်တရက်ဆန်စွာပင် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံလိုက်ရသလို ဖြစ်သွားပြီး ကျွန်တော့်နားက ကျယ်လောင်လွန်းသော ကြိမ်နှုန်းမြင့် အသံနှင့်အတူ တဇီဇီမြည်ဟီးနေပြီး ခေါင်းတစ်ခုလုံးလည်း ချာချာလည်သွားခဲ့သည်။ ကျွန်တော့်ကိုယ်ကို ဆက်လက်ရပ်တည်နေနိုင်ဖို့ ဘေးတွင်ရှိသည့် လှေကားလက်ယမ်းကို ဆုပ်ကိုင်ပြီး လှေကားမပြုတ်ကျသွားဖို့ ထိန်းထားလိုက်ရသည်။

လွန်ခဲ့တဲ့ မိနစ်အနည်းငယ်လောက်က ကျွန်တော် ဘယ်လိုစကားမျိုး ကြားလိုက်ရလဲပင် သေချာ မသိတော့ပေ။ စာခါရို ပြောလိုက်သည့် စကားကို ကျွန်တော့်မှာ မယုံနိုင်မကြည်နိုင် ဖြစ်ခဲ့ပြီး အရူးတစ်ယောက်လို ဖြစ်နေခဲ့သည်။

__ __ စောင့်ကြည့်ကင်မရာက အရာအားလုံးကို မှတ်တမ်းတင်ထားပြီး လွန်ခဲ့တဲ့ နှစ်ရက်က ဖြစ်ပျက်ခဲ့သမျှ ကျွန်တော့်ရဲ့ ယုတ္တိတန်ဖွယ်အဖြစ်အပျက် အားလုံးကိုလည်း စာခါရိုက record လုပ်ထားခဲ့သည်။ စာခါရိုကဲ့သို့သော ထူးချွန်ပြီး ဂုဏ်ရှိလှသော နာမည်နှင့် ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်နေသူက ကျွန်တော့်ကို ခြိမ်းခြောက်ဖို့ ဤသို့သော လုပ်ရပ်မျိုးကို အသုံးချပြီး ဈေးညှိနေပေသည်။

'မဟုတ်ဘူး ... မဟုတ်သေးပါဘူး။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ... စာခါရို ဘယ်လိုလုပ်ပြီး ဒါမျိုး လုပ်မှာလဲ ... အစိုးရက ထောက်ခံစေလွှတ်လိုက်တဲ့ သုတေသီတစ်ယောက် အပေါ်ကိုလေ။ '

'ဖြစ်နိုင်တာက ... ဒါက အကြောင်းအရာ အကုန် မဟုတ်လောက်သေးဘူး။'

ထိုအချိန်၌ ရိုင်းအရင်က သူ မထွက်သွားခင် ပြောခဲ့သည့် စကားကို ကျွန်တော် သတိရသွားခဲ့သည်။ ထိုအချိန်က ပြောခဲ့သည့် သူ့ရဲ့ သတိပေးချက်က တကယ်ကို မှန်နေခဲ့ပေမယ့် ကျွန်တော် သတိမထားဘဲ ရှိခဲ့သည်။ ဒါတွေ အားလုံးက ......

'ဒါတွေက စီစဉ်ထားခဲ့တာပင်။ အရာအားလုံးက အစကတည်းက ကြိုတင်ပြီး အစီအစဉ်ချထား ခဲ့တာချည်းပင်။ '

ကျွန်တော် သတိထားမိသင့်တဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ရှိခဲ့ပေမယ့် သိပ်ကို ရိုးရိုးရှင်းရှင်းပဲ တွေးနေခဲ့တာကြောင့် ဘာမှ မသိခဲ့ပေ။ အကြီးအကျယ် ထိတ်လန့်ရပြီးနောက် ကျွန်တော် အသိပြန်ဝင်လာခဲ့ပြီး မဲမှောင်မှေးမှိန်သွားသော အမြင်အာရုံနှင့် ကျွန်တော် စာခါရိုကို ပြန်လှည့်ကြည့်ဖို့ပင် မဝံ့ရဲခဲ့ချေ။ အကြောင်းမှာ ...

'ကျွန်တော့်စိတ်ထဲ၌ ပို၍ပို၍ ထင်ရှားလာသည့် လူသားတစ်ယောက်လို ဟန်ဆောင်ထားသော သားရိုင်းတစ်ကောင်၏ အသွင်ယူမှု' ကို ခံစားမိခဲ့တာကြောင့်သာ။ '

ကျွန်တော့်နှုတ်ခမ်းတို့ တုန်ယင်နေပြီး စကားလုံးတစ်ချို့က သွားကြားများအတွင်းမှ ပြတ်တောက်၍ ထွက်ပေါ်လာခဲ့သည်။

"ခင်များ ဘယ်သူလဲ .... ခင်များက ... ဘာလဲ .... ဘာရည်ရွယ်ချက်နဲ့လဲ။ အစီအစဉ်နဲ့ ကွဲထွက်ပြီး ခင်များတို့က ဘယ်နေရာကို သွားဖို့ ကြံနေတာလဲ။ "

"ဒါကို မင်း မကြာခင် သိလာမှာပါ မစ္စတာ ဒက်ရှ်ရှဲရိုး။ ဘာလို့လဲ ဆိုတော့ မင်းက ငါတို့ရဲ့ အလိုအပ်ဆုံး သုတေသီ ဖြစ်နေတာကြောင့်ပဲ။ "

စာခါရိုက နောက်ဆုံးစကားတွေကို လေးလေးနက်နက်ဖြင့် အသားပေးကာ ပြောခဲ့သည်။ သူ့ရဲ့လေသံက တစ်မူထူးခြားနေပြီး အလျင်မလိုပါဘဲ အသေးအဖွဲကိစ္စအလား ပြောဆိုနေသည့် အတိုင်းပင်။ သို့ပေမယ့် ထိုစကားလုံးတွေက ကျွန်တော့် အရိုးထဲထိ စိမ့်ဝင်ပြီး ကျွန်တော့်ဦးနှောက်ကို နာကျင်ကိုက်ခဲသွားရသည်အထိ တုန်လှုပ်စေခဲ့သည်။ ကျွန်တော့်ပါးနှစ်ဖက်ပင် ပေါက်ကွဲထွက်တော့မည့်အတိုင်း ပူလောင်လာသည်ကိုပင် ခံစားမိခဲ့သည်။

လှေကားလက်ရမ်းကို ကိုင်ထားသည့် ကျွန်တော့်လက်တို့က သွေးကြောတို့ ထင်းထ၍ ပေါက်ထွက်တော့မတတ် တင်းကြပ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးတို့က ဦးနှောက်ဆီသို့ ဆောင့်တက်သွားသလိုပဲ။ ကျွန်တော်ရဲ့ ကိုယ်ပိုင်အတွေးများဖြင့် ကြောက်လန့် ခြောက်ခြားလာပြီး သို့ထက် ဘာလို့များ ကျွန်တော့်ထံမှ ဒီလို လူမဆန်တဲ့ အကြံပြုမှုမျိုး ရှိလာရတာလဲ။ '

'တကယ်တော့ စိတ်အားထက်သန် တက်ကြွနေတဲ့ အချိန်မျိုးမှာ လူသားတွေက သိပ်ကို ကြောက်လန့်စရာကောင်းတဲ့ ဖြစ်တည်မှု တစ်ခုသာပင်။ '

''ဘယ်လိုပဲ အကြံပေးတယ် ဆိုဆို ... ကျွန်တော်တော့ မလုပ်နိုင်။ ကျွန်တော် ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ '

"ခင်များက စက်ဆုပ်စရာကောင်းတာပဲ .... ကျွန်တော် ဒီနေရာကနေ ထွက်သွားချင်တယ်။ ကျွန်တော် ဒီညပဲ ထွက်သွားမယ်။ ခင်များ ခြိမ်းခြောက်လည်း ကျွန်တော် ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး။"

အော်ဟစ်သံက ကျွန်တော့် လည်ချောင်းဝမှ ဟိန်းကာ ထွက်ပေါ်လာပြီး ကျွန်တော့်အနောက်၌ သရဲတစ်ကောင် လိုက်လာသကဲ့သို့ပင် တတိယထပ်မှ နေ၍ မြန်မြန်ပင် ပြေးဆင်းသွားခဲ့သည်။

"သွားပါ မစ္စတာ ဒက်ရှ်ရှဲရိုး။ မင်းလည်း လက်ခံဖို့ အချိန်လိုအပ်မှာပေါ့။ ဒါပေမယ့် မင်း ပြန်လာမယ်'ဆိုတာ ငါ သေချာ ပြောနိုင်တယ်။ မင်းက စဉ်းစားတွေးခေါ်တတ်တဲ့ သူ တစ်ယောက်ပါ။ "

_______________

နက်ရှိုင်းသော ပင်လယ်ပြင်မှ အတွေ့အကြုံများ။

End of Arc 1

Desharow's Merman
Words-3410
Sep/18/2022
Wine.

-------------

For my lovely zawgyi readers 

 အခန္း(၂၄)

ကြၽန္ေတာ့္အျမင္အာ႐ုံက ျပည့္ျပည့္ဝဝ ၾကည္လင္သြားခ်ိန္ ကြၽန္ေတာ့္ေခါင္းထက္မွာရွိတဲ့ မွန္းၾကမ္းျပင္က အျမင္အာ႐ုံထဲ၌ ထင္ေပၚလာခဲ့သည္။ ထို႔ေနာက္မွာ စာခါ႐ိုရဲ႕ မ်က္ႏွာလည္း ထင္ရွားလာၿပီး သူက ေ႐ႊေရာင္ကိုင္းမ်က္မွန္၏ ေနာက္မွ စူးစမ္းေမးျမင္းေနေသာ အၾကည့္မ်ားျဖင့္ ကြၽန္ေတာ့္ကို စိုက္ၾကည့္ေနခဲ့သည္။

"ေဟး .... မစၥတာ ဒက္ရွ္ရွဲ႐ိုး .... မင္း အဆင္ေျပရဲ႕လား။ "

"ကြၽန္ ေတာ္ ..."

ခ်က္ခ်င္းပင္ ကြၽန္ေတာ္က အခုထိ ေရေအာက္ဓာတ္ခြဲခန္းထဲ ရွိေနေသးတာကို အမွတ္ရသြားၿပီး ထုံက်ဥ္ေနေသာ လက္ကိုအားျပဳ၍ပင္ ကြၽန္ေတာ္ ထထိုင္လိုက္သည္။ ကြၽန္ေတာ့္မ်က္ဝန္းေတြက ထိန္းခ်ဳပ္ႏိုင္ျခင္း ကင္းမဲ့စြာပင္ စာခါ႐ို၏အေနာက္ဘက္တြင္ ရွိေနေသာ မွန္ေလွာင္ကန္သို႔ အၾကည့္ေရာက္ေနခဲ့သည္။ ထိုမွန္ေလွာင္ကန္ထဲရွိ အက္ဂ္ေရ႕စ္က ကြၽန္ေတာ့္ကိုမွန္ေလွာင္ကန္ထဲမွတစ္ဆင့္ ေစာင္းငဲ့ၾကည့္ေနၿပီး ကြၽန္ေတာ္နဲ႔ အၾကည့္ခ်င္းဆုံမိတဲ့ အခိုက္အတန႔္မွာ သူက ကြၽန္ေတာ့္ကို သြားေတြေပၚသည္အထိ ၿပဳံးျပခဲ့သည္။

ကြၽန္ေတာ့္တစ္ကိုယ္လုံးက ထုံက်ဥ္ေနၿပီး လႈပ္ရွားဖို႔လည္း မတတ္ႏိုင္ ျဖစ္ေနသည္။ လြန္ခဲ့တဲ့ႏွစ္ရက္က ျဖစ္ပ်က္ခဲ့သည့္ သည္းမခံႏိုင္ျဖစ္ရေသာ ပုံရိပ္မ်ားလည္း ကြၽန္ေတာ့္ဦးေႏွာက္ထဲ ျပည့္က်ပ္ေနသည္။ ကြၽန္ေတာ့္ေခါင္းတစ္ခုလုံးက တဇီဇီျမည္ၿပီး မူးေနာက္ေနခဲ့သည္။ ထိတ္လန႔္တုန္လႈပ္သြားေသာ ခႏၶာကိုယ္ေၾကာင့္ပင္ ကြၽန္ေတာ္ အိပ္ရာေပၚသို႔ ျပန္၍ လဲက်သြားခဲ့သည္။

"ေဟး ... မစၥတာ ဒက္ရွ္ရွဲ႐ိုး .... မင္း အဆင္ေျပရဲ႕လား။ " စာခါ႐ိုက ကြၽန္ေတာ့္လက္ေမာင္းကို ဖမ္းဆြဲၿပီး ေမးခဲ့သည္။

"ငါ မင္းအတြက္ ဆရာဝန္ ေခၚေပးရမလား။ မင္း မ်က္ႏွာက ျဖဴဆုတ္ၿပီး ေသြးတြင္းသၾကားဓာတ္လည္း နည္းေနတယ္ ထင္တယ္။ မင္း အစား မစားဘူးလား။ "

"ဟင့္အင္း .. ဆရာဝန္ကို မေခၚနဲ႔ ! ကြၽန္ေတာ့္ရဲ႕ သုေတသနျပဳခ်က္မွာပဲ အရမ္းအာ႐ုံစိုက္မိသြားလို႔ ကြၽန္ေတာ္ အစားအမ်ားႀကီး မစားျဖစ္တာေၾကာင့္ပါ " နဖူးကို လက္ျဖင့္ အုပ္ကိုင္၍ ေခြၽးေစးေတြကို သုတ္ၿပီး ပါးစပ္မွထြက္သမွ် အဓိပၸါယ္မရွိေသာ စကားကို ကြၽန္ေတာ္ေျပာခဲ့သည္။ သို႔ေပမယ့္ ရွက္စရာေကာင္းလြန္းေသာ အလိမ္အညာစကားေၾကာင့္ ကြၽန္ေတာ့္ရင္ဘတ္ထဲတြင္ေတာ့ အေတာ့္ကို ပူေလာင္ေနခဲ့သည္။

ကြၽန္ေတာ့္မ်က္ႏွာေပၚက ေျပာင္းလဲမႈေတြက သိပ္ကို သိသာေနမည္'ဟု ေတြးမိခဲ့သည္။ ဒါေၾကာင့္ စာခါ႐ိုကိုလည္း ၾကည့္ဖို႔ မဝံ့ရဲေတာ့ဘဲ အေလာတႀကီးပင္ မတ္တပ္ထရပ္ဖို႔ ျပင္လိုက္သည္။ သို႔ေပမယ့္ ထိုအခ်ိန္၌ စာခါ႐ို၏ေအာ္သံကို ၾကားလိုက္ရၿပီး သူ၏ေခါင္းကို တစ္ဖက္သို႔လွည့္၍ ကြၽန္ေတာ့္အား လက္ညႇိဳးထိုးကာ ေျပာခဲ့သည္။

"မစၥတာ ဒက္ရွ္ရွဲ႐ိုး ... မင္း ... မင္း အဝတ္မဝတ္ထားဘူး။ "

"အာ ... အား ... ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ !"

ထိုအခါမွ ကြၽန္ေတာ္ဘာမွမဝတ္ထားဘဲ ရွိေနသည္ကို အမွတ္ရၿပီး ဝမ္းဗိုက္ထက္မွ ေလွ်ာက်သြားေသာ ေစာင္၏ေအာက္၌ အနီကြက္တို႔ ထင္းေနသည့္ ကြၽန္ေတာ့္ေျခေထာက္မွာ အထင္းသားျဖစ္ေနခဲ့သည္။

'တစ္ဖက္သို႔ ေခါင္းလွည့္လိုက္ေသာ စာခါ႐ိုကိုပင္ ကြၽန္ေတာ္ ေက်းဇူးတင္သင့္ေတာ့သည္။'

ထို႔ေနာက္ ပ်ာယာခတ္မႈက ကြၽန္ေတာ့္အေတြးအာ႐ုံေၾကာအား ခ်က္ခ်င္းဆိုသလို လာ႐ိုက္ခတ္တာေၾကာင့္ ေလွ်ာက်သြားေသာ ေစာင္ကို ျပန္ဆြဲယူ၍ ေရခ်ိဳးခန္းထဲသို႔ ေျပးဝင္ေတာ့သည္။ ေရခ်ိဳးခန္းထဲ၌ ေရခ်ိဳးဝတ္စုံကို ဝတ္ၿပီး ျပန္ထြက္ဖို႔အလုပ္ ကြၽန္ေတာ့္ေျခလွမ္းတို႔ တုံ႔ဆိုင္းခဲ့ျပန္သည္။

—— စာအုပ္မ်ားႏွင့္ ပစၥည္းမ်ားက ၾကမ္းျပင္ေပၚတြင္ ျပန႔္က်ဲေနၿပီး ထိုေနရာမွ ေျခလွမ္းအနည္းငယ္အကြာတြင္ေတာ့ ေရသူထီးႏွင့္ လုံးေထြးခဲ့ရာမွ ကြၽန္ေတာ္ခြၽတ္ပစ္ခဲ့သည့္ သုေသတီဝတ္စုံ ရွိေနသည္။

အခုလိုမ်ိဳး ကြၽန္ေတာ့္မွာ 'ဒီ သက္ေသေတြ'ကို ဖ်က္စီးပစ္ဖို႔ အခ်ိန္မရခဲ့ဘဲ အိပ္ေပ်ာ္သြားခဲ့ခ်ိန္မွာ စာခါ႐ိုက ဒီေလာက္ထိျမန္ျမန္ဆန္ဆန္ ေရာက္လာလိမ့္'မယ္လို႔လည္း မထင္ထားခဲ့တာေၾကာင့္ပင္။

ထိုအရာေတြကို အသံတိတ္ျဖင့္ ကြၽန္ေတာ္ စိုက္ၾကည့္ေနခဲ့ေပမယ့္ ကြၽန္ေတာ့္ႏွလုံးသားထဲတြင္ေတာ့ မုန္တိုင္းထန္ေနၿပီး မ်က္ႏွာကလည္း ျဖဴေရာ္ေနခဲ့သည္။

'စာခါ႐ို ဒီအရာေတြကို ျမင္သြားခဲ့လား ကြၽန္ေတာ္ မသိ။'

'သူသာ ျမင္သြားခဲ့ရင္' ဟူသည့္ စကားသံက ကြၽန္ေတာ့္စိတ္ထဲ ပဲ့တင္ထပ္ေနၿပီး လက္မ်ားပင္ အနည္းငယ္ တုန္ရီသြားခဲ့သည္။ ကြၽန္ေတာ့္နာမည္ကို အႀကိမ္မ်ားစြာ ေခၚေနတဲ့ စာခါ႐ိုရဲ႕ အသံကိုပင္ ကြၽန္ေတာ္ မၾကားႏိုင္ဘဲ နစ္ေျမာေနခဲ့သည္။

"ဘုရားေရ ... ကြၽန္မထက္ပိုၿပီး မစၥတာ ဒက္ရွ္ရွဲ႐ိုးက ပိုရွက္ေနတာ ပါလား။ ၾကည့္ရတာ မစၥတာ ဒက္ရွ္ရွဲ႐ိုးက တကယ္ပဲ ဆြဲေဆာင္မႈရွိတယ္နဲ႔တူတယ္။ ဒါေၾကာင့္လည္း ႐ိုင္းက မင္းကို အရမ္းအျဖစ္သည္းေနတာ မဆန္းေတာ့ဘူး။ " စာခါ႐ိုက ကြၽန္ေတာ့္ပုခုံးကို ပုတ္ၿပီး ေလွာင္ေျပာင္ရယ္ေနခဲ့သည္။ ကြၽန္ေတာ္လည္း ဟန္ေဆာင္ပန္ေဆာင္ႏွင့္ ဘာမွမျဖစ္သလိုပင္ ႏွစ္ႀကိမ္တိတိ ျပန္၍ ရယ္ျပခဲ့သည္။ သို႔ေပမယ့္ အေတာ့္ကိုမွ စိတ္ရႈပ္ရျခင္းႏွင့္ အရွက္ရျခင္းကို အႀကီးအက်ယ္ပင္ စိတ္ထဲ ခံစားေနရသည္။ စာခါ႐ိုက အက္ဂ္ေရ႕စ္ရွိရာဘက္သို႔ ၾကည့္လိုက္ခ်ိန္ဆို ကြၽန္ေတာ့္တစ္ကိုယ္လုံးမွာ ပို၍ပင္ ေတာင့္တင္းသြားခဲ့သည္။

ကြၽန္ေတာ္ အံ့ဩမိသည္က စာခါ႐ို၏မ်က္ႏွာေပၚရွိ အားရေက်နပ္ေနမႈကို ျဖစ္သည္။

"ဘယ္လိုျဖစ္ျဖစ္ မင္းရဲ႕ စကားေျပာဆို ခ်ိတ္ဆက္မႈအစြမ္းကိုေတာ့ ငါ ခ်ီးက်တယ္။ လြန္ခဲ့တဲ့ ႏွစ္ရက္ကနဲ႔ယွဥ္ရင္ အခု ဒီေရသူထီးက မယုံၾကည္ႏိုင္ေလာက္ေအာင္ သိမ္ေမြ႕က်ိဳးႏြံေနတယ္။ သူ႔ကို အခုလိုမ်ိဳး နာခံမႈရွိရွိ ေနေနေအာင္ မင္း ဘယ္လို လုပ္ခဲ့တာလဲ။ မင္း လည္း သိတာပဲ လြန္ခဲ့တဲ့ ႏွစ္ရက္က သူက မွန္နံရံကိုပါ ေဖာက္ခြဲပစ္ေတာ့မတတ္ ေတာ္ေတာ္ေလး ေၾကာက္စရာေကာင္းခဲ့တာကိုေလ။ "

"မဟုတ္ပါဘူး .. မဟုတ္ပါဘူး ... ခင္မ်ား အေတြးလြန္ေနၿပီ ... ဒါ ကြၽန္ေတာ့္ေၾကာင့္ ျဖစ္တာ မဟုတ္ပါဘူး။ " ကြၽန္ေတာ္ ေခါင္းကိုေမာ့၍ လက္ကို ေဝ့ယမ္းျပကာ ျငင္းဆိုလိုက္သည္။ အရွက္တရားႏွင့္ နာက်ည္းမႈေၾကာင့္ ပါးျပင္ရွိ ေသြးေၾကာတို႔ ေထာင္ထေနၿပီး မ်က္ႏွာက အဖ်ားရွိေနတဲ့ သူတစ္ေယာက္လို နီနီရဲရဲႀကီး ျဖစ္ေနမည္ပင္။ ကြၽန္ေတာ့္တစ္ကိုယ္လုံးတြင္ ရွိသည့္ ေခြၽးေပါက္မ်ားက ေပါက္ကြဲထြက္ေနသည့္ႏွယ္ ေခြၽးမ်ားမွာ ႐ႊဲ႐ႊဲနစ္နစ္ကို ထြက္ေနေတာ့သည္။

သို႔ေပမယ့္ ကြၽန္ေတာ့္မ်က္ဝန္းေတြကေတာ့ မကူႏိုင္မကယ္ႏိုင္စြာဘဲ အက္ဂ္ေရ႕စ္ထံသို႔ ေရာက္သြားခဲ့သည္။ မ်က္ခြံတို႔ ေအာက္ငိုက္စိုက္က်ေနသည္မွာ သူက တည္ၿငိမ္သည့္ ပုံစံျဖင့္ ေမာက္ေမာက္မာမာပင္ စာခါ႐ိုကို ၾကည့္ေနၿပီး ေခါင္းကို ျဖည္းျဖည္းသာသာညိမ့္ျပ၍ စာခါ႐ို၏အေျပာကို သိနားလည္သလို ေဖာ္ျပေနခဲ့သည္။ ကြၽန္ေတာ့္အား အၿမဲတမ္းေဖာ္ျပေနခဲ့သည့္ ရက္စက္ၾကမ္းၾကဳတ္ျခင္းႏွင့္ ဘီလူးသရဲစီးသလို ပုံစံမ်ိဳးကိုျဖင့္ သူ႔မ်က္ႏွာတြင္ ကြၽန္ေတာ္ မျမင္ရေပ။ သို႔ေပမယ့္ သူ ကြၽန္ေတာ့္ကို ေဝ့ကာၾကည့္ခ်ိန္တြင္‌ေတာ့ သူ႔ႏႈတ္ခမ္းစြန္းဖ်ားက ေကြးၫြတ္တက္၍ သူ႔ရဲ႕ ကိုယ္ပိုင္ဖန္တီးထားေသာ အစီအစဥ္ႏွင့္ လွ်ိဳ႕ဝွက္ႀကံစည္မႈအေပၚ သံသယမရွိ ယုံယုံၾကည္ၾကည္ႏွင့္ ေက်နပ္အားရေနပုံပင္။

' ေၾကာင္သူေတာ္ ႂကြက္သူခိုး ! ေကာက္က်စ္စဥ္းလဲတဲ့ တိရစာၦန္ယုတ္ ! မေကာင္းတဲ့အရာေတြနဲ႔ပဲ ျပည့္ေနတဲ့ တိရစာၦန္ေကာင္ !

လက္သီးကို တင္းတင္းၾကပ္ၾကပ္ဆုပ္၍ စိတ္ထဲ ေအာ္ဟစ္ပစ္ခဲ့ၿပီး ေဒါသသူပုန္ႏွင့္ အရွက္ရလြန္း၍ ဝုန္းဒိုင္းႀကဲကာ ေျပးထြက္ၿပီး မွန္ေလွာင္ကန္ကို ခြဲပစ္ကာ အက္ဂ္ေရ႕စ္ကို အပိုင္းပိုင္းအစစသာ ဆုတ္ၿဖဲပစ္ခ်င္ေတာ့မည့္ မတတ္ပင္။

"အို .... ၾကမ္းျပင္ေပၚက အရႈပ္ေတြကို ၾကည့္ပါဦး။ ဒီမွာ ရန္ျဖစ္ထားသလားေတာင္ ထင္မိတယ္။ ဘာေတြျဖစ္ခဲ့တာလဲ ေျပာျပပါလား။ " စာခါ႐ိုက ကြၽန္ေတာ့္ကို ေမးလာသည္။

ဒီတစ္ႀကိမ္တြင္ေတာ့ ကြၽန္ေတာ့္ကိုယ္ကို တည္ၿငိမ္ေအာင္ေနဖို႔ ဘယ္လိုမွ တြန္းအားေပး၍ မရေတာ့ေခ်။ ခ်က္ခ်င္းကို ေျပးထြက္ၿပီး သက္ေသႏွင့္ ဆင္တူမည္ထင္ရေသာ အရာမွန္သမွ်ကို ေကာက္သိမ္းဖို႔ ျပင္ရေတာ့သည္။

"မစၥတာ ဒက္ရွ္ရွဲ႐ိုး .... မင္း ဘယ္သြားဖို႔ ေတြးေနတာလဲ။ " စာခါ႐ိုရဲ႕အသံက ပုံမွန္ထက္ တိုးဝင္ေနၿပီး တစ္စုံတစ္ခုကို စစ္ေဆးေနသည့္ အသံအေနအထားအတိုင္း ျဖစ္ေနသည္။

ကြၽန္ေတာ့္ႏွလုံးသားထဲ ဘာမွ မခံစားမိေတာ့ ... ကြၽန္ေတာ့္ ေက်ာျပင္တစ္ေလွ်ာက္လုံး၌ ေခြၽးမ်ား႐ႊဲေနၿပီး စိတ္ထဲေပၚလာသမွ် ဆင္ေျခေတြကို စုစည္းကာ လ်င္လ်င္ျမန္ျမန္ပင္ ေျပာလိုက္သည္။

"... ေဒါက္တာ စာခါ႐ို ဗ်။ ကြၽန္ေတာ့္ မိသားစု ျပႆနာေၾကာင့္ ေမာ္စကို ' ကို ခ်က္ခ်င္းျပန္မွ ျဖစ္ေတာ့မယ္။ ကြၽန္ေတာ္ ေလယာဥ္လက္မွတ္ကိုလည္း လိုင္းေပၚကေန ဝယ္ထားၿပီးၿပီး .... ဒီညပဲ ကြၽန္ေတာ္ ျပန္ေတာ့မယ္။ "

ဘာကိုမွ ဂ႐ုမစိုက္ႏိုင္ဘဲ တစ္စုံတစ္ရာကိစၥေတြကိုေတာ့ ကြၽန္ေတာ္ ဖန္တီးခဲ့ၿပီ။ အေၾကာင္းျပခ်က္က ကြၽန္ေတာ္ ဒီေနရာ၌ တစ္မိနစ္ေလာက္ပင္ မေနခ်င္ေတာ့တာေၾကာင့္ ျဖစ္သည္။ ကြၽန္ေတာ္ အခုေလးတင္ မက္ခဲ့တဲ့ အိမ္မက္ကို ေတြးမိတဲ့အခါ ကြၽန္ေတာ့္ကိုယ္အတြင္း၌ အဒရီနလင္ ကလင္းရည္တို႔ျဖင့္ ထိုးသြင္းျခင္း ခံလိုက္ရသလို ဦးေရျပားက စပ္ဖ်ဥ္းဖ်ဥ္းျဖစ္လာခဲ့သည္။ ေၾကာက္႐ြံ႕စိတ္က ထိုအိမ္မက္မွာ ဟာသဆန္ဆန္အိမ္မက္တစ္ခုျဖစ္ေၾကာင္း အတင္းအဆန္ ျငင္းဆို၍ လႊမ္းမိုးထားေသာ္လည္း ထိုထက္ပို၍ အက္ဂ္ေရ႕စ္၏ လူသားအသြင္ေျပာင္းလဲလိုက္ျခင္းကိစၥက ဇီဝေဗဒပညာ သင္ယူေနျခင္းကို မ်ားစြာ သက္ေရာက္ထိခိုက္မႈ ရွိႏိုင္ေပသည္။

သို႔ေပမယ့္ ကြၽန္ေတာ္ ပထမေျခလွမ္း လွမ္းလိုက္ခ်ိန္မွာပဲ အသံကိုျမႇင့္၍ ေျပာလာသည့္ စာခါ႐ို၏ အသံကို ေနာက္ေက်ာမွ ကြၽန္ေတာ္ၾကားလိုက္ရသည္။

"မစၥတာ ဒက္ရွ္ရွဲ႐ိုး ... ငါတို႔ မင္းကို လိုအပ္တယ္။ က်န္ေနတဲ့ ခရီးစဥ္တစ္ေလွ်ာက္လုံးမွာ ငါတို႔ရဲ႕ သိပၸံနည္းက် သုေတသနျပဳလုပ္ေနတဲ့ သေဘာ္နဲ႔ လိုက္ၿပီး ေရသူထီးကို ဆက္လက္ေလ့လာႏိုင္ဖို႔ ေမွ်ာ္လင့္တယ္။ မင္းရဲ႕ ဗီဒီယိုကို youtube မွာ ျပန္ၾကည့္ခ်င္တယ္ ဆိုရင္ေတာ့ ေမာ္စကို 'ကို ျပန္မယ္ ဆိုတဲ့ မင္းရဲ႕ ေ႐ြးခ်ယ္မႈကို ျပဳလုပ္ႏိုင္တယ္ "

႐ုတ္တရက္ဆန္စြာပင္ ျပင္းျပင္းထန္ထန္ ႐ိုက္ႏွက္ခံလိုက္ရသလို ျဖစ္သြားၿပီး ကြၽန္ေတာ့္နားက က်ယ္ေလာင္လြန္းေသာ ႀကိမ္ႏႈန္းျမင့္ အသံႏွင့္အတူ တဇီဇီျမည္ဟီးေနၿပီး ေခါင္းတစ္ခုလုံးလည္း ခ်ာခ်ာလည္သြားခဲ့သည္။ ကြၽန္ေတာ့္ကိုယ္ကို ဆက္လက္ရပ္တည္ေနႏိုင္ဖို႔ ေဘးတြင္ရွိသည့္ ေလွကားလက္ယမ္းကို ဆုပ္ကိုင္ၿပီး ေလွကားမျပဳတ္က်သြားဖို႔ ထိန္းထားလိုက္ရသည္။

လြန္ခဲ့တဲ့ မိနစ္အနည္းငယ္ေလာက္က ကြၽန္ေတာ္ ဘယ္လိုစကားမ်ိဳး ၾကားလိုက္ရလဲပင္ ေသခ်ာ မသိေတာ့ေပ။ စာခါ႐ို ေျပာလိုက္သည့္ စကားကို ကြၽန္ေတာ့္မွာ မယုံႏိုင္မၾကည္ႏိုင္ ျဖစ္ခဲ့ၿပီး အ႐ူးတစ္ေယာက္လို ျဖစ္ေနခဲ့သည္။

__ __ ေစာင့္ၾကည့္ကင္မရာက အရာအားလုံးကို မွတ္တမ္းတင္ထားၿပီး လြန္ခဲ့တဲ့ ႏွစ္ရက္က ျဖစ္ပ်က္ခဲ့သမွ် ကြၽန္ေတာ့္ရဲ႕ ယုတၱိတန္ဖြယ္အျဖစ္အပ်က္ အားလုံးကိုလည္း စာခါ႐ိုက record လုပ္ထားခဲ့သည္။ စာခါ႐ိုကဲ့သို႔ေသာ ထူးခြၽန္ၿပီး ဂုဏ္ရွိလွေသာ နာမည္ႏွင့္ ဗိုလ္ခ်ဳပ္ႀကီးတစ္ေယာက္ ျဖစ္ေနသူက ကြၽန္ေတာ့္ကို ၿခိမ္းေျခာက္ဖို႔ ဤသို႔ေသာ လုပ္ရပ္မ်ိဳးကို အသုံးခ်ၿပီး ေဈးညႇိေနေပသည္။

'မဟုတ္ဘူး ... မဟုတ္ေသးပါဘူး။ ဘယ္လိုလုပ္ၿပီး ျဖစ္ႏိုင္မွာလဲ ... စာခါ႐ို ဘယ္လိုလုပ္ၿပီး ဒါမ်ိဳး လုပ္မွာလဲ ... အစိုးရက ေထာက္ခံေစလႊတ္လိုက္တဲ့ သုေတသီတစ္ေယာက္ အေပၚကိုေလ။ '

'ျဖစ္ႏိုင္တာက ... ဒါက အေၾကာင္းအရာ အကုန္ မဟုတ္ေလာက္ေသးဘူး။'

ထိုအခ်ိန္၌ ႐ိုင္းအရင္က သူ မထြက္သြားခင္ ေျပာခဲ့သည့္ စကားကို ကြၽန္ေတာ္ သတိရသြားခဲ့သည္။ ထိုအခ်ိန္က ေျပာခဲ့သည့္ သူ႔ရဲ႕ သတိေပးခ်က္က တကယ္ကို မွန္ေနခဲ့ေပမယ့္ ကြၽန္ေတာ္ သတိမထားဘဲ ရွိခဲ့သည္။ ဒါေတြ အားလုံးက ......

'ဒါေတြက စီစဥ္ထားခဲ့တာပင္။ အရာအားလုံးက အစကတည္းက ႀကိဳတင္ၿပီး အစီအစဥ္ခ်ထား ခဲ့တာခ်ည္းပင္။ '

ကြၽန္ေတာ္ သတိထားမိသင့္တဲ့ ထူးဆန္းတဲ့ျဖစ္ရပ္ေတြ ရွိခဲ့ေပမယ့္ သိပ္ကို ႐ိုး႐ိုးရွင္းရွင္းပဲ ေတြးေနခဲ့တာေၾကာင့္ ဘာမွ မသိခဲ့ေပ။ အႀကီးအက်ယ္ ထိတ္လန႔္ရၿပီးေနာက္ ကြၽန္ေတာ္ အသိျပန္ဝင္လာခဲ့ၿပီး မဲေမွာင္ေမွးမွိန္သြားေသာ အျမင္အာ႐ုံႏွင့္ ကြၽန္ေတာ္ စာခါ႐ိုကို ျပန္လွည့္ၾကည့္ဖို႔ပင္ မဝံ့ရဲခဲ့ေခ်။ အေၾကာင္းမွာ ...

'ကြၽန္ေတာ့္စိတ္ထဲ၌ ပို၍ပို၍ ထင္ရွားလာသည့္ လူသားတစ္ေယာက္လို ဟန္ေဆာင္ထားေသာ သား႐ိုင္းတစ္ေကာင္၏ အသြင္ယူမႈ' ကို ခံစားမိခဲ့တာေၾကာင့္သာ။ '

ကြၽန္ေတာ့္ႏႈတ္ခမ္းတို႔ တုန္ယင္ေနၿပီး စကားလုံးတစ္ခ်ိဳ႕က သြားၾကားမ်ားအတြင္းမွ ျပတ္ေတာက္၍ ထြက္ေပၚလာခဲ့သည္။

"ခင္မ်ား ဘယ္သူလဲ .... ခင္မ်ားက ... ဘာလဲ .... ဘာရည္႐ြယ္ခ်က္နဲ႔လဲ။ အစီအစဥ္နဲ႔ ကြဲထြက္ၿပီး ခင္မ်ားတို႔က ဘယ္ေနရာကို သြားဖို႔ ႀကံေနတာလဲ။ "

"ဒါကို မင္း မၾကာခင္ သိလာမွာပါ မစၥတာ ဒက္ရွ္ရွဲ႐ိုး။ ဘာလို႔လဲ ဆိုေတာ့ မင္းက ငါတို႔ရဲ႕ အလိုအပ္ဆုံး သုေတသီ ျဖစ္ေနတာေၾကာင့္ပဲ။ "

စာခါ႐ိုက ေနာက္ဆုံးစကားေတြကို ေလးေလးနက္နက္ျဖင့္ အသားေပးကာ ေျပာခဲ့သည္။ သူ႔ရဲ႕ေလသံက တစ္မူထူးျခားေနၿပီး အလ်င္မလိုပါဘဲ အေသးအဖြဲကိစၥအလား ေျပာဆိုေနသည့္ အတိုင္းပင္။ သို႔ေပမယ့္ ထိုစကားလုံးေတြက ကြၽန္ေတာ့္ အ႐ိုးထဲထိ စိမ့္ဝင္ၿပီး ကြၽန္ေတာ့္ဦးေႏွာက္ကို နာက်င္ကိုက္ခဲသြားရသည္အထိ တုန္လႈပ္ေစခဲ့သည္။ ကြၽန္ေတာ့္ပါးႏွစ္ဖက္ပင္ ေပါက္ကြဲထြက္ေတာ့မည့္အတိုင္း ပူေလာင္လာသည္ကိုပင္ ခံစားမိခဲ့သည္။

ေလွကားလက္ရမ္းကို ကိုင္ထားသည့္ ကြၽန္ေတာ့္လက္တို႔က ေသြးေၾကာတို႔ ထင္းထ၍ ေပါက္ထြက္ေတာ့မတတ္ တင္းၾကပ္ေနၿပီး ခႏၶာကိုယ္တစ္ခုလုံးရွိ ေသြးတို႔က ဦးေႏွာက္ဆီသို႔ ေဆာင့္တက္သြားသလိုပဲ။ ကြၽန္ေတာ္ရဲ႕ ကိုယ္ပိုင္အေတြးမ်ားျဖင့္ ေၾကာက္လန႔္ ေျခာက္ျခားလာၿပီး သို႔ထက္ ဘာလို႔မ်ား ကြၽန္ေတာ့္ထံမွ ဒီလို လူမဆန္တဲ့ အႀကံျပဳမႈမ်ိဳး ရွိလာရတာလဲ။ '

'တကယ္ေတာ့ စိတ္အားထက္သန္ တက္ႂကြေနတဲ့ အခ်ိန္မ်ိဳးမွာ လူသားေတြက သိပ္ကို ေၾကာက္လန႔္စရာေကာင္းတဲ့ ျဖစ္တည္မႈ တစ္ခုသာပင္။ '

''ဘယ္လိုပဲ အႀကံေပးတယ္ ဆိုဆို ... ကြၽန္ေတာ္ေတာ့ မလုပ္ႏိုင္။ ကြၽန္ေတာ္ ဘယ္ေတာ့မွ လုပ္မွာ မဟုတ္ဘူး။ '

"ခင္မ်ားက စက္ဆုပ္စရာေကာင္းတာပဲ .... ကြၽန္ေတာ္ ဒီေနရာကေန ထြက္သြားခ်င္တယ္။ ကြၽန္ေတာ္ ဒီညပဲ ထြက္သြားမယ္။ ခင္မ်ား ၿခိမ္းေျခာက္လည္း ကြၽန္ေတာ္ ဘယ္ေတာ့မွ လက္ခံမွာ မဟုတ္ဘူး။"

ေအာ္ဟစ္သံက ကြၽန္ေတာ့္ လည္ေခ်ာင္းဝမွ ဟိန္းကာ ထြက္ေပၚလာၿပီး ကြၽန္ေတာ့္အေနာက္၌ သရဲတစ္ေကာင္ လိုက္လာသကဲ့သို႔ပင္ တတိယထပ္မွ ေန၍ ျမန္ျမန္ပင္ ေျပးဆင္းသြားခဲ့သည္။

"သြားပါ မစၥတာ ဒက္ရွ္ရွဲ႐ိုး။ မင္းလည္း လက္ခံဖို႔ အခ်ိန္လိုအပ္မွာေပါ့။ ဒါေပမယ့္ မင္း ျပန္လာမယ္'ဆိုတာ ငါ ေသခ်ာ ေျပာႏိုင္တယ္။ မင္းက စဥ္းစားေတြးေခၚတတ္တဲ့ သူ တစ္ေယာက္ပါ။ "

_______________

နက္ရႈိင္းေသာ ပင္လယ္ျပင္မွ အေတြ႕အႀကဳံမ်ား။

End of Arc 1

Continue Reading

You'll Also Like

337K 35.2K 173
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
266K 7.2K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
260K 41.4K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
214K 21.4K 81
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)