အပိုင်း(၃၃)
ကျောင်းမှ ခွင့်ယူခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ဖွားကသူစိတ်ငြိမ်လာပြီဟု ထင်ပုံရသည်။ ညိမ်အိမ်သို့ပြန်နေစဉ် အတွင်း ဖွားက သူ့ကို မေးလာပါ၏။ ဒေါ်မူယာနွယ် ပီသစွာပင် သူရဲ့အရင်နှင့်မတူသော ကွဲထွက်နေသည့် အမူအယာများအား ဖမ်းမိသွားသည်။ တစ်ဖက်မှာလည်း အဆင့်အတန်းမရှိသည့် ကောင်များနှင့် ကျောင်းတွင် ပြဿနာတက်သည့် ကိစ္စဖြစ်သွားသည်။ ထိုသည်မှာလည်း သူ့အတွက်တစ်မျိုးကောင်းသွားခြင်းဖြစ်လိမ့်မည်။ ကျောင်းအုပ်ကြီးသည် ရန်ဖြစ်သည့်ကိစ္စကြောင့် သူဟာ စာမေးပွဲဖြေခါနီးမှသာ ကျောင်းလာတော့မည်ဟု ထင်နေသည်။
အမှန်တော့ ထိုကိစ္စတွေဟာ ထင်သလောက်မရိုးရှင်းပါ။ သူနဲ့ညိမ် ပတ်သက်မှုကို ဖွားကသိသွားသည့်အတွက် သူတို့နှစ်ယောက်ဆက်ဆံရေးမှာ ထင်သလောက်လွယ်ကူမှာမဟုတ်တော့ပေ။ ထို့ကြောင့် ဖွားအား ချုပ်ကိုင်နိုင်မည့် အရာကို သူရှာနေခဲ့ခြင်းဖြစ်သည်။
ပြင်ဦးလွင်သို့ရောက်နေသည့်အချိန်မှ၍ ညိမ့်အားသူဂရုပင်မစိုက်ပင် သေချာမစိုက်မိ။ ကိုယ့်ကိစ္စနဲ့ကိုယ် ရှုပ်နေသည်မှာ ဖုန်းတောင် သေချာမပြောရပါ။ သို့သော် ညိမ်က နားလည်ပေးသည့်အပြင် ငြိုငြင်တာပါမရှိခဲ့။
ပြင်ဦးလွင်မှ ပြန်လာသည့်လမ်းတလျှောက်တွင် သူ့စိတ်တွေပျော်ရွှင်နေခဲ့ပါ၏။ တစ်မိုးအောက်ရှိနေပါသော်လည်း တွေ့ချင်လျှင် ပြေးတွေ့လို့မရသည့် အခြေအနေသည် တကယ့်ကိုဆိုးရွားလှသည်။
*ဒယ်ဒီ့တုန်းကရော...အဆင်ပြေခဲ့ရဲ့လား။
သူပြန်လာမှာကို ညိမ့်အားမပြောခဲ့ပါ။ ညိမ့်အတွက် လက်ဆောင်ပစ္စည်းများပါ ယူလာကာ ညိမ်သင်တန်းကပြန်လာမည့်အချိန်ထက်စော၍ တိုက်အောက်တစ်နေရာမှ ကွယ်ကာစောင့်နေလိုက်သည်။
ဖုန်းကို ကြာကြာမပြောဖြစ်သော်လည်း ပြောခဲ့သည့် အချိန်လေးအတွင်း ညိမ်ပြောသမျှကို သူ့ရဲ့ မသိစိတ်မှ အားလုံးမှတ်ထားသည် ထင်၏။ သင်တန်း၏တည်နေရာကအစ အချိန်အစအဆုံး သူမှတ်ထား၏။
ကားမှတ်တိုင်မှ လမ်းထဲသို့ လမ်းလျှောက်လာသည့် ညိမ့်အား သူကြည့်နေလိုက်သည်။ လမ်းသွားလျှင် အခြားပတ်၀န်းကျင်ကို ဂရုမစိုက်တတ်သည့် ညိမ်က သူ့ကို ခပ်ဝေးဝေးကပင် မြင်ဟန်မတူ။
ညိမ်က သူ့အနားသို့တဖြည်းဖြည်း နီးလာသော်လည်း သူ့ကိုမမြင်သေးပဲ လှေကားဆီသို့ သာဦးတည်သွားနေတာကြောင့် သူကွယ်ရာမှ ထွက်လာလိုက်သည်။
"ဟိတ်"
ဘာတစ်ခွန်းမှ မပြောပဲ သူ့အား မျက်၀န်းများ ဝိုင်းစက်ကာ ပြူးကြည့်လာသည်။
"စကားပြောအုံးလေ အဲ့လောက်တောင် အံ့ဩသွားတာလား"
"မင်း...ဘယ်လိုရောက်လာတာလဲ "
"ဒီလိုပါပဲ ။ ညိမ်ဒီလောက် အံ့ဩပုံထောက်ရင် ကျွန်တော့်ကို လွမ်းနေတာလား "
"လွမ်းစရာလား"
"တကယ် မလွမ်းဘူးပေါ့ "
"နည်းနည်းပါးပါးပါ"
မျက်လုံးလေးကိုကစားကာ ပြောနေတဲ့ပုံလေးကို အူယားလာတာကြောင့် လွတ်နေတဲ့လက်တစ်ဖက်ဖြင့် ပူတင်းသဖွယ် အိတုန်နေသော ပါးအား ခပ်ဖွဖွဆွဲလိုက်သည်။
"မင်း...ဘာ~ဘာလုပ်တာလဲ "
"အူယားလို့ "
ရုတ်တရက် ခီရဲ့အပြူအမူကြောင့် ညိမ်ကြောင်အသွားရသည်။ အရင်တုန်းက ခီတန်ကူးဇဏ်ဟာ ဘယ်နားကိုရောက်သွားပါသလဲ။ အသားယူရင်တောင် အကြောကြီးနဲ့ ယူတတ်သူက အူးယားလို့ ဟု ပြောင်ပြောင်တင်းတင်းဆိုလျက် သူ့ပါးအားလာဆွဲသည်။
ခီတန်ကူးဇဏ် ဒီလောက်ထိ လက်ရဲလိမ့်မယ်လို့ သူမထင်ခဲ့။
"မပြောမဆိုနဲ့ ဘယ်လိုရောက်လာတာလဲ "
"ညိမ့်ကို လွမ်းတာမနေနိုင်တော့လို့လေ ။ ဒီပူတင်းလေးကို တအားလွမ်းနေတာ "
"ပူတင်း!! ငါ့ကိုပြောနေတာလား ခီ"
"အင်း။ စတွေ့တည်းက တိတ်တိတ်လေးပေးထားတဲ့ နာမည်ပေါ့ အခုတော့ခေါ်ချင်လာလို့ "
*ဘာပူတင်းလဲ ။သူကမိန်းကလေးမှ မဟုတ်တာကြီးကို။ပြီးတော့ အူယားစရာကြီးလေ။
"ငါမကြိုက်ဘူး မခေါ်နဲ့ "
"ညိမ်မကြိုက်လည်း ကျွန်တော်ကြိုက်တယ် ခေါ်မှာပဲ"
"ဘယ်တုန်းက အဲ့လောက်နှုတ်သွက်သွားရတာလဲ ကိုခီတန်ကူးဇဏ် "
သူ့အမေးကို ပြန်မဖြေပဲ ကိုယ်တော်ချောက ပုခုံးတွန့်ပြသည်။ သူမသိဘူးဆိုတဲ့သဘော။
ခီထွက်လာထဲက သူ့လက်ထဲကိုင်သွားသည့်အထုတ်တစ်ထုပ်ကို တွေ့သည်။ သို့သော်လည်း သူ့ကိုပေးတာမဟုတ်ဘူးထင်သည်။ အခုအချိန်ထိ အဲ့အထုပ်အကြောင်း ပါးစပ်ပင်မဟ။
"မင်းလက်ထဲက ဘာကြီးလဲ "
"မုန့်ထုပ်"
"ဘယ်သူ့အတွက်လဲ "
"ဒါလား ညိမ့်အတွက်လေ "
ညိမ်က အထုပ်အား မေးဆတ်ပြသည်။
"ဒါပဲလား "
"မဟုတ်ဘူး "
"မင်းလက်ထဲမှာ တစ်ထုပ်ပဲတွေ့တာပါ "
"သူက တအားတန်ဖိုးကြီးလို့ ဖွက်ပြီးယူလာခဲ့ရတာ။ အထိအခိုက်နည်းအောင် ။ အန္တရာယ်လည်းများတယ် ညိမ်ရဲ့ "
"ဟင်"
မိုးသန့်ညိမ် မေးလိုက်တာ မှားပြီထင်သည်။ ထိုကောင်လေးမှာ လူငယ်ပီပီ မူးယစ်ဆေးတွေ ဘာတွေများ ယူလာလေသလား။
ပြန်လာတာကလည်း ပြင်ဦးလွင်ကဆိုတော့!
"ညိမ်သိချင်လား"
"အင်း"
အနားသို့တိုးရန်ပြောတော့ သူခီ့နားသို့ကပ်သွားလိုက်သည်။ ခီ့နားကပ်သွားတော့ လိမ္မော်ရနံ့သင်းသင်းလေးရသည်။ သူအမြဲ ဒီအနံ့လေးကို သတိထားမိပေမဲ့ စကားပြောရင်တောင် ဒီလောက်ထိ တအားမကပ်ဖူးတာကြောင့် အနံ့ကအဝေးကသာ ခပ်ဖျောဖျော့ရသည်။
သေချာနီးနီးကပ်ကပ်ရဖူးသည်မှာ ပထမဆုံးအကြိမ် စာသွားသင်တုန်းက အကြိမ်နှင့် ဒီအကြိမ်သာဖြစ်သည်။
မိုးသန့်ညိမ်တိုးကပ်လာသည့်အလျောက် ခီတန်ကူးဇဏ်သည် ခန္ဓာကိုယ်ကို အောက်ဘက်သို့အနည်းငယ်ကပ်လိုက်ပြီး နားနားသို့ တိုးသွားလိုက်သည်။
"အရမ်းတန်ဖိုးကြီးတာဆိုလို့ ညိမ့်အတွက် ကျွန်တော့်အချစ်တွေပဲရှိတယ် ။ ယူမယ်မလား"
ခီတန်ကူးဇဏ်ပြောလိုက်သည့် စကားအပြင် လုပ်လိုက်သည့် အပြုအမူကြောင့် မိုးသန့်ညိမ် ခန္ဓာကိုယ်မှ ကြက်သီးမွှေးညင်းများအားလုံးပင် ထောင်သွားသလိုခံစားလိုက်သည်။
ပြောပြီးသည်နှင့် တစ်ပြိုင်နက် ခီသည် သူ့ပါးပြင်အား နှာတံချွန်ချွန်များ နစ်၀င်သည်အထိ ကျူးကျော်သွားပါ၏။
ထို့အပြင် သူမဟုတ်သလိုပင် ညိမ့်တိုက်ခန်းပေါ်၌ ပြေးတက်သွားသည်။
*ခီတန်ကူးဇဏ် ဝိဉာဉ်လဲသွားများလား။
ဟိုးအရင်တည်းက တိတ်တဆိတ် အသဲယားခဲ့ရပါသော ပါးပြင်ဖောင်းဖောင်းအိအိအား ကျူးကျော်ပြီးသကာလ သူလှေကားသို့ အကြောင်းအရင်းမရှိ ပြေးတက်ခဲ့သည်။ လှေကားအောက်တွင် ပါးများနီစွေးကာ အူကြောင်ကြောင် ကျန်နေခဲ့မည့် ပုံရိပ်လေးအား တွေးမိတော့ မျက်နှာ၌ အပြုံးတို့ဖြစ်ပေါ်ရသည်။
အချစ်ဟာ ပူလောင်တယ်လို့ အများစုကပြောကြသော်လည်း သူ့ကို စလိုက်ရတိုင်း ၊ ရှက်သွားအောင် လုပ်လိုက်ရတိုင်း သူ့အတွက်တော့ ရင်ထဲ၌ စမ်းချောင်းငယ် စီးဆင်းနေသည့် အလား ပျော်ရွှင်ပါရပါ၏။
ညိမ်က သူ့ရဲ့ လိုတရလေး။
ပူပင်နေရင်တောင် အပူတွေကို ငြိမ်အေးစေပြီး
အေးစက်နေတဲ့ ရာသီဥတုမှာ နွေးထွေးပေးတဲ့
အနွေးဓာတ်လေး ။
အချိန်မရွေး သူ့အားပြုံးပျော်စေသူ။
အချစ်ဦးလေးမို့ ရူးလောက်အောင်ချစ်ပါသည် ဆိုသောစကားကို မိုးသန့်ညိမ်ဟုသာ ကင်ပွန်းတပ်ရပေမည်။ သူ့နှလုံးသား၏ ပထမဆုံးနဲ့ နောက်ဆုံးပိုင်ရှင်မှာ မိုးသန့်ညိမ်သာ ဖြစ်ပေသည်။
ဒါဟာ သူ့အတွက် ဘယ်တော့မှ ပြောင်းလဲလို့မရတဲ့ နိယာမတစ်ခု။
••••••••••••
ညိမ်အိမ်ပေါ်သို့ မရောက်ခင်ပင် သူများအိမ် ဧည့်ခန်း၌ ခပ်တည်တည်၀င်ထိုင်နေသော သူ့အား ညိမ့်ဒေါ်ဒေါ်က ဖော်ရွေစွာပင် ပြောဆိုနေသည်။။
"သား မတွေ့တာတောင်ကြာပြီ "
"ဟုတ်ကဲ့ဗျ။ ကျွန်တော် ပြင်ဦးလွင်ရောက်နေလို့ ပါ ဒေါ်ဒေါ် "
"အေးကွယ် မတွေ့ရတဲ့ အတောအတွင်း အရပ်ကြီးကလည်း ရှည်လာလိုက်တာ ။ နေကောင်းရဲ့လားသား"
"ဟုတ်ကဲ့ ကောင်းပါတယ်ဗျ"
နှစ်ယောက်သား စကားပြောနေစဉ် မိုးသန့်ညိမ်က အခန်းတွင်းသို့ ၀င်လာသည်။
"လာထိုင် ဧည့်သည်ကို ဧည့်ခံလိုက်အုံး ဒေါ်ဒေါ်လုပ်စရာရှိသေးတယ် "
မုန့်ထုပ်ကို ယူကာ ဧည့်ခန့်အတွင်းမှ ထွက်သွားသော အဒေါ်ဖြစ်သူအား ညိမ်မျက်စိတဆုံး လိုက်ကြည့်နေမိသည်။
ဒေါ်ဒေါ်မှာ ပြုံးနေတာ အသေအချာပင်ဖြစ်သည်။ ညိမ်တွေးမိသည်။ ဒေါ်ဒေါ်မှာသာ နောက်သမီးတစ်ယောက်ရှိလျှင် ခီနှင့်ပင် ပေးစားလောက်မည်။ အမြဲကြုံတိုင်း ခီတန်ကူးဇဏ်၏ ရုပ်ရည်နဲ့ အရပ်အမောင်းကို ထည့်ထည့်ပြောတတ်သည်မှာ ဒေါ်ဒေါ့်အကျင့်တစ်ခုအလား။
"ညိမ် ဘာတွေတွေးနေတာလဲ "
"ဘာမှမတွေးဘူး ပြန်တော့ "
"ဘာလို့တုံးဗျ ခုနလေးတင်ဒေါ်ဒေါ်က ကျွန်တော့်ကို ဧည့်ခံခိုင်းသွားတယ်လေ "
"ဘာဒေါ်ဒေါ်လဲ ငါ့အဒေါ် မင်းအဒေါ်မဟုတ်ဘူး "
"အော် ညိမ်ရယ် သ၀န်တိုနေပြန်ပါပြီ။ ညိမ့်အဒေါ်လည်း ကျွန်တော့်အဒေါ် ညိမ့်အမေလည်း ကျွန်တော့်အမေပေါ့ "
"ခီတန်ကူးဇဏ်!!!"
"ဗျာ "
"မင်းက တစ်ခါပျောက်ပြီး တစ်ခေါက်ပြန်ပေါ်လာတိုင်း မျက်နှာပိုပြောင်လာတယ်နော် "
"ဟုတ်လား ။ ကျွန်တော်တော် သတိမထားမိဘူး ။ ညိမ်ကသတိထားမိတယ်ဆိုတော့ ကျွန်တော့်ကို သေချာကြည့်နေတယ်နဲ့တူတယ် "
"သွား သွား ပြန်တော့ "
တကယ့်ပင် စိတ်ဆိုးလာပုံရသည့် ညိမ့်ကြောင့် သူစိတ်ကိုလျှော့ရသည်။
အမှန်တော့ ညိမ်စိတ်ဆိုးလာရင် ဖြစ်တဲ့မျက်နှာလေးက တအားချစ်ဖို့ကောင်းတာမို့ သူတမင်စနေခြင်းပင်။
ကျောင်းတူသူငယ်ချင်းများသိပါက ခီတန်ကူးဇဏ်ဟာ ဘယ်တုန်းက စတတ်သွားတာပါလဲလို့ အံ့ဩကြမည်ထင်သည်။
"ညိမ် သင်တန်းတက်ရတာ အဆင်ပြေရဲ့လား "
သင်တန်းအကြောင်းပါလာသည်ကြောင့် မိုးသန့်ညိမ်ခါးတို့ မသိမသာ မတ်သွားသည်။ သင်တန်းဆိုမှ ဒီနေ့တင် သူ့ကို ကိုရတုလိုက်ပို့ပေးခဲ့သည် မဟုတ်လား။
"ပြေပါတယ် ခီရဲ့ ။ ဘာလို့လဲ "
"ကားနှစ်ဆင့်စီးရတယ်ဆို တကယ်အဆင်ပြေရဲ့လား"
ဖုန်းပြောနေစဉ် ဘာပြောရမှန်းမသိလို့ စကားရှာကာ အကုန်ပြောခဲ့သည်ကို ဒီကောင်လေးကမှတ်ထားသည်လား။ နားထောင်နေတုန်း ဘာတစ်ခွန်းမှမပြောပဲ အင်းတစ်လုံးသာဆိုခဲ့တာမို့ အမှုမှတ်အမှတ်မဲ့ ထားတယ်လို့ သူထင်နေခဲ့တာ။
"အင်း ဒါပုံမှန်ပါပဲ ခီရဲ့"
"ပင်ပန်းပါတယ် ။ ကျွန်တော် လိုက်ပို့လိုက်ကြိုပေးမယ်"
"မဟုတ်ဘူးလေ ခီရဲ့ မင်းစာမေးပွဲရှိသေးတယ်မလား ။ အဲ့တာကို အရင်အာရုံစိုက်။ ပြီးတော့ ငါကသော်မှူးနဲ့သွားတာလေ မင်းလိုက်ပို့ဖို့ ဘယ်အဆင်ပြေပါ့မလဲ "
"စာမေးပွဲက ထားပါ ။ ကျွန်တော်မပို့ရင်တောင် အိမ်ကကားတွေက ဘာလုပ်ဖို့လဲ ။ ကားနဲ့လိုက်ပို့ခိုင်းမှာပေါ့ "
"ဘယ်လို မင်းရူးနေတာလား ခီ"
"ဘာလဲ ညိမ်ရဲ့အလန့်တကြား "
"ငါ့ဘာသာသွားမယ် အဲ့လိုမှမဟုတ်ရင် မင်းအဖြေမရဘူး ဒါပဲ။ ပြန်တော့ "
စိတ်ဆိုးကာ အခန်းထဲသို့၀င်သွားသည့် ညိမ့်ကြောင့် သူစကားပြောမှားသွားမှန်း သတိထားမိလိုက်သည်။ သူကညိမ်မပင်ပန်းစေချင်လို့ ပြောလိုက်ပေမဲ့ ညိမ့်ရဲ့ မာနကို ထိသွားလို ဖြစ်သွားသည်။
သူအရင်အကျင့်တွေ အများကြီးဖျောက်ရဦးမှာပဲ။
──────────────────
ညိမ်စိတ်ဆိုးသွားသည့်ဆိုတဲ့ အသိကြောင့် သူစိတ်ထဲတွင်ပင် နေရတာအဆင်မပြေတော့။အိမ်ထဲသို့ ၀င်၀င်ချင်း ထိုင်နေကြသော သားအမိနှစ်ယောက်အား တွေ့လိုက်သည်။
"မြေးပြန်လာပြီလား "
"အင်း"
"ဘယ်လိုလဲ ပျော်ရဲ့လား မြေး ။ ဖွားကျောင်းကိုတော့ အဆင်ပြေသလိုပြောထားလိုက်တယ်"
"အင်း ကျွန်တော်သွားတော့မယ် "
"အေးပါ "
ဖွားက အရင်တည်းက မောက်မာပြီး လိုချင်တာရအောင်ယူတတ်တဲ့ သူမှန်းသိသော်လည်း ဒီလောက်ထိ အတ္တကြီးမယ်လို့ သူအမှန်ပင်မထင်ခဲ့ပါ။
ဖွားနဲ့ပြဿနာတက်တုန်းက ဖွားပြောခဲ့တစကားများအား သူပြန်ကြားယောင်မိသည်။
စိတ်ဆိုးတဲ့ဟန်မပါပဲ ပြောခဲ့ပေမဲ့ စကားလုံးများကထိရှလွန်းတာကြောင့် သူစိတ်ထင်တိုင်းကျဲ ခဲ့သည်မဟုတ်ပါလား။
"ဂေးဆိုတာရှိတယ် ၊ လက်ခံနိုင်တယ်။ဒါပေမဲ့ ငါ့ရဲ့တစ်ဦးတည်းသောမြေးကတော့ ဂေးမဖြစ်ရဘူး။ ဖြစ်ရင်တောင် ထုတ်ပြောခွင့်မရှိဘူး ။ ဘယ်ကောင်လေးနဲ့ကြိုက်ကြိုက် ငါကခွဲမှာပဲ ။"ဟုဆိုကာ စကားလုံးများစွာဖြင့် ညိမ့်ကိုလည်း စော်ကားပြောဆိုခဲ့သည်။
သို့ပေမဲ့ ဒီကိစ္စတွေဟာ သူစဉ်းစားခဲ့ဖူးပြီးသား အရာများအားဖြစ်သည်။ တစ်ချိန်မသိ ၊ တစ်ချိန်သိမှာပဲ ။ ရေဆုံးမြေဆုံးလိုက်ခွဲမှာပဲဆိုတာ သိသည့်အတွက် ထိုင်ပြီးမှိုင်နေဖို့အချိန်မရှိ။ ဒေါ်မူယာနွယ်ရဲ့ သွေးသားစစ်စစ်မြေးမို့ ဒေါ်မူယာနွယ်ထက်ပင် ခေါင်းမာသည်ကို မသိရော့သလေလား ။
ဒယ်ဒီ့ကို ထင်သလို ချုပ်ကိုင်လို့ရပေမဲ့ သူကဒယ်ဒီမှမဟုတ်တာ။ အားနာစရာ ၊ ထောက်ထားစရာလည်း သံယောဇဉ်နှောင်ကြိုးက များများစားစားမရှိတာကြောင့် ဘယ်သူ့မျက်နှာမှလည်း သူထောက်မှာမဟုတ်ဘူး။
Vibration 📳
တုန်ခါနေသည့် ဖုန်းကြောင့် သူအိတ်ထဲမှထုတ်ကြည့်လိုက်တော့ ဆူး။
ကိုင်ချင်စိတ်မရှိသည်မို့ ချပစ်လိုက်တော့ နောက်ထပ်တစ်ကြိမ်ပြန်ခေါ်မလာခဲ့ပေ။ သူလည်း ဖုန်းကိုအသံအနည်းငယ်ချဲ့ပြီးသာ ကုတင်ပေါ်သို့တင်ထားလိုက်သည်။
အိပ်ရာထက်၌ လှဲအိပ်ရင်းသာ မျက်နှာကျက်သို့ အကြောင်းမဲ့ ငေးကြည့်နေမိသည်။ စစ်သွေးဆီမှာလည်း ပြန်လာတော့မည့်အကြောင့် စာရသည်။
ဖြစ်နိုင်လျှင် သူအသက်ကြီးချင်ပြီဖြစ်သည်။ အမှန်တော့ သူ့အသက်အရွယ်နဲ့တောင် မနိုင်၀န်တွေများနေတာပဲမဟုတ်လား။ အသက်ကြီးလည်း တူတူပေမို့ ဘာမှ ကွာခြားလိမ့်မည်မဟုတ်။
ညိမ်က ခန့်မှန်းရလွယ်သော်လည်း အတွေးများကာ မထင်သလို လုပ်လုပ်တတ်တဲ့ အကျင့်ကြောင့် သူကြောက်သည်။
အငယ်ငယ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ မငြင်းလောက်ဘူးမလား။ သူမသိလိုက်ခင်မှာတင် ဖွားညိမ့်ကို တစ်ခုခုသွားပြောမှာစိုးရိမ်လှပါသည်။ ညိမ့်အတွက် အတွေးပြောင်းရန်က ငွေမလို ၊ ပစ္စည်းမလို ၊ စကားလုံးများသာ လိုသည်ကို စီးပွားရေးလုပ်နေတဲ့ ဖွားကပိုသိမည်ထင်သည်။
I belong with you, you belong with me.
You're my sweetheart 📳
ရင်းနှီးသည်ထက်ပိုသော ဖုန်းသံကြောင့် အမြန်ကောက်ကိုင်လိုက်တော့ အသံလေးက ပုံမှန် ခပ်ဆတ်ဆတ်ထွက်လာသည် ။
"မင်း ဆူးဖုန်းမကိုင်ဘူးဆို "
"ဟုတ်တယ် "
"ဘာဖြစ်လို့လဲ ငါ့ကိုဖုန်းဆက်မရဘူးလို့ ဆူးစာပို့လို့"
"မကိုင်ချင်လို့ ။ အာရုံနောက်တယ် "
"သူငယ်ချင်းအချင်းကို အဲ့လိုမလုပ်ရဘူးလေ ခီ။ အရေးတကြီးပြောစရာရှိရင် ဘယ်လိုလုပ်မလဲ "
"ညိမ်စိတ်ဆိုးနေလား "
တစ်ဖက်မှ ဘာအသံမှထွက်မလာခဲ့ပေ။
"ကျွန်တော်စကားပြောတာ အမှားပါသွားတယ်ထင်တယ် တောင်းပန်ပါတယ် ညိမ် "
"နေပါအုံး မင်းပြောတာကို ငါစဉ်းစားနေတာ။ ဘာကိုစိတ်ဆိုးရမှာလဲ မင်းပေးတဲ့မုန့်တွေတောင်စားနေပြီ"
"ဘာဆိုင်လို့လဲ ညိမ် "
"ငါစိတ်ဆိုးရင် ဘယ်သူဘာပေးပေးလှည့်တောင်မကြည့်ဘူး "
"ညိမ်က တအားချစ်စရာကောင်းတာပဲ"
"စိတ်မဆိုးပါဘူး။ ငါအကြီးလေ အဲ့လောက်သဘောထားမသေးသိမ်ပါဘူး"
နှစ်နှစ်ကို အနှစ်နှစ်ဆယ်မှတ်ကာ တအားကြီးချင်နေသူလေးမို့ လူကြီးလေးလို့ခေါ်ရင်ကောင်းမလား။
"မင်းပြောစရာမရှိရင် ချလိုက်တော့မယ် "
"အိပ်မက်လှလှ မက်ပါစေညိမ် "
"မင်းရောပဲ "
"ကျွန်တော့်အိပ်မက်က ညိမ်ပါရင်ကို အမြဲလှတယ် "
"တော်ပြီ"
"နေပါဦး"
"အများကြီးချစ်တယ် ပူတင်းရေ "
"ခီတန်ကူးဇဏ်!!"
ကုန်းအာ်ကာ ဖုန်းချသွားသူကြောင့် ခီတန်ကူးဇဏ် ပြုံးမိပြန်သည်။ ညိမ်နဲ့တွေ့ပြီးနောက်ပိုင်း သူရယ်ခဲ့သည်မှာ အရေအတွက်ပင် မမှတ်နိုင်တော့။
ဖုန်းမပြောခင်အထိ စိတ်တွေထိုင်းမှိုင်းနေခဲ့သည်မှာ အိပ်မက်အလား။
သူ့ကမ္ဘာမှာ ရာသီဥတုလေးဟာ ညိမ်ပဲ။
ပြုံးခြင်း ၊ ရယ်ခြင်း ၊ ၀မ်းနည်းခြင်းဟာ သူ့အတွက်တော့
ညိမ့်အပေါ်ပဲမူတည်တယ်။
ပွင့်ပွင့်လင်းလင်း ၀န်ခံရရင် ဒီလောက်ထိသဘောကျသွားလိမ့်မယ်လို့ အထင်ခဲ့တာ သူ့စိတ်ရင်းအမှန်ပါ။
──────────────────
𝗚𝗲𝗻𝗻𝘆ʕ•ᴥ•ʔ
ချေတဲ့ကောင် ဘယ်ရောက်သွား
ရည်စားမထားဘူးတာသိသာချက် အူမြူးနေတာနော် သခင်လေးက hahaXD
ပူတင်းလေးကို ချစ်ပေးကြလို့ ကျေးဇူးတင်ပါတယ် 🤎
အများကြီးချစ်တယ်ဗျ။ ဒီနေ့ Love Of My Lifeလေးကို Love Of My Lifeဆိုပြီး တစ်ခုတည်း RLလေးထဲထည့်ထားတာတွေ့လိုက်တယ်။ မောင့်ရဲ့ညိမ်ဆိုပြီး တစ်ခုတည်းထားပေးတဲ့စာဖတ်သူလေးတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ချစ်ပေးကြလို့လေ^^
ဘိုင့်ဘိုင် သင်တန်းတက်နေရလို့ စာလုပ်ရတာနဲ့မပျော်ဘူးကွယ် TT