"ပြောစရာရှိတာ ပြော ငါတို့ကမင်းလိုအားယားနေတာမဟုတ်ဘူး
"ဟုတ်တယ်
အဖေနဲ့ အမကို ဘယ်လိုစပြောရမလဲဆိုပြီး ခွပ်ဒေါင်း အကြိတ်အနည်စဉ်းစားနေရသည် ။
ဦးနှောက်က အလုပ်မလုပ်တာကြာပြီမလို့ ဘယ်လိုမှ စဉ်းစားလို့ကမရ နောက်ဆုံး တည့်တိုးပြောဖို့သာ ဆုံးဖြတ်လိုက်သည်။
"ကျုပ်ကို ယောင်္ကျားလိုက်တောင်းပေး
"ဖွီ အဟွတ် အဟွတ်
"ဟမ်
ခွပ်ဒေါင်းစကားကြားပြီး အဖေကတော့ ရေနွေး သည်းပြီး ချောင်းတွေဆိုးပါလေရော အမ နှင်းသွေးကြည့်လိုက်တော့လဲ လက်ဖက်ဇွန်းကြီးကိုင်ပြီး အံ့ဩနေသည်။
" နှင်းသွေး ငါနားကြားများ မှားနေလားမသိဘူး
" မမှားဘူးအဖေ သမီးလဲ အဖေကြားသလို ကြားလိုက်တယ်
" ကြားကျရင်လဲ လိုက်တောင်းပေးကြဗျာ ကျုပ်လူပျိုကြီးဘဝနဲ့ မနေနိုင်ဘူး
" ငါတို့ကမင်းအတွက် ဘယ်သူလိုက်တောင်းပေးရမှာလဲ
" ဆရာလေးကို
"ဟမ်
ဦးတိုးမာန်နှစ်ကြိမ်မြှောက်အံဩခြင်းပါ အရင်ကတည်းက ဒင်းဆရာလေးကိုစိတ်ဝင်စားနေတယ်ထင်ပေမဲ့ ခဏအပျော်လို့သာထင်ခဲ့မိတာ အခုကျတော့ လိုက်တောင်တောင်းခိုင်းနေပြီးဆိုတော့ အပျော်မဟုတ်တော့တာသေချာသည်။
" ဆရာလေးကို လိုက်တောင်းခိုင်းရအောင် နင်ကို ဆရာလေးကကြိုက်လို့လား
အမနှင်းသွေးရဲ့စကားကို အဖေကလဲ ခေါင်းညိမ့်ပြီးထောက်ခံသည်။
"အခုတော့ မကြိုက်သေးပေမဲ့ နောက်ကျပြန်ကြိုက်လာမှာပါ
"ပြန်ကြိုက်မှလာပြော အခုတော့ မင်းအလုပ်လုပ်ဖို့စဉ်းစား ယောင်္ကျားသာယူချင်တာ အလုပ်ကျမလုပ်ချင်ဘူး
"အဖေရှိနေတာဘဲ
"ငါရှာတဲ့ပိုက်ဆံ မင်း ယောင်္ကျားယူဖို့မဟုတ်ဘူး မင်းဘာသာမင်းအလုပ်လုပ်လို့ရတဲ့ပိုက်ဆံနဲ့ယူ
"ဟာအဖေရာ သားဖချင်းတောင် ကပ်စေးကုပ်တယ်နော်
" ကုပ်ကုပ်ဘဲ
"ရတယ်လေ အဲ့တာဆိုကျုပ်ကိုအမွေပေး
"ငါတောင်မသေသေးဘူး မင်းကအမွေလိုချင်နေတာပေါ့ ဟုတ်လားဟမ်
"စတာကို စတာအဖေရဲ့
ခွပ်ဒေါင်းမှာအဖေ့ရဲ့ ဝါးလုံးတုတ်ပျံကိုရှောင်ပြေးပြီး ဟိုကောင်တွေဆီကိုသာ တန်းသွားလိုက်တယ်
"လွမ်းတယ် အေးမြရေ လွမ်းတယ်
" အသံပြဲကြီးနဲ့နားညီးလိုက်တာကွာ
" ချစ်တက်တဲ့ နှလုံးသားမရှိတဲ့ မင်းလိုကောင်ကတော့အဲ့လိုပြောမှပေါ့ကွာ
ငမဲတူးစကားကိုကျော်ကြီးကတဖန်ချေပလိုက်၏
" ငါချစ်တက်လို့ ကလေးတစ်ယောက်အဖေတောင်ဖြစ်နေပြီး မင်းသာ ကြိုက်မဲ့သူမရှိလို့ အခုချိန်ထိ လေလွင့်နေတဲ့နွားကြီးဖြစ်နေတာလေ
ငမဲတူးပြောတော့ ကျော်ကြီးက မျက်နှာကြီးမဲမှောင်ပြီး ပြန်ရန်တွေ့ပါလေရော
" ငါကကြိုက်မဲ့မရှိတာမဟုတ်ဘူး ဖူးစာရှင်အစစ်ကိုစောင့်နေတာ
"မင်းဖူးစာရှင်က မင်းမမွေးခင်ကတည်းက သေသွားလောက်ပြီး မင်းဒီတစ်သက်လူပျိုဘဝနဲ့ဘဲနေရတော့မှာ
" ငါလိုးမသား မင်းမဟုတ်တာတွေမပြောနဲ့ မင်းကြည့်နေလိုက် ငါအာစိထက်အရင် မိန်းမယူပြမယ်
"ဘယ်ကောင်တုံး ငါထက်အရင် မိန်းမယူပြမှာ
" ဒီကောင် ဒီကောင် အာစိ
"ဟီးဟီး ကျုပ်ကစတာပါ
"ဟွန့်
ကျော်ကြီးအာစိအတွက် ထန်းရည်တစ်ခွက် ထည့်ပေးလိုက်ပြီး
"အာစိ အခြေအနေဘယ်လိုလဲ ကျုပ်တို့လဲပြောပါအုံး
" အခုချိန်ထိ မူကောင်းတုံးရှိသေးတယ် ငါတော့ စိတ်မရှည်လို့ ခိုးပြေးပစ်ချင်နေပြီ
" အာစိအိမ်က သဘောတူပါမလား
"အဖေက ပြန်ကြိုက်ရင်လိုက်တောင်းပေးမယ်တဲ့
"တကယ်ပေါ့
"တကယ်ကြီးလား
နှစ်ကောင်သားမျက်လုံးပြုံး မျက်ဆံပြုံးပြီးအတင်းလူနားကပ်ပြီးမေးနေတော့ ခွပ်ဒေါင်းတောင်လန့်သည်။
" ငါကမင်းတို့ကို ဘာလို့လိမ်ရမှာလဲ
"အာစိအဖေက အရင်တုံးကကျတော့ နံ့သာနဲ့ဆို ဘာလို့အခုမှ စိတ်ပြောင်းသွားရတာလဲ
" ငါစောက်ရမ်းချောနေလို့လေ
"ဘာမဆိုင်ဘူး
"အဲ့တာတွေထားလိုက်စမ်းပါကွာ အခုငါကိုထန်းရည် ချိုချိုခါခါးမွှေးမွှေးလုပ်စမ်းပါ
"ရစေရမယ်ဗျာ
နေ့လည်နေပူပူအချိန်မှာ အရိပ်ရတဲ့ မန်ကျည်းပင်လေးအောက်ထိုင်ပြီး ထန်းရည်လေးသောက်လိုက် ကြက်ကြော်လေးစားလိုက်နဲ့ တကယ်ကိုနတ်ဘုံအတိုင်းဘဲ
__&&___&&___&&&
" ကာရန်ထည့်စားလေ မကြိုက်ဘူးလား
"ကြိုက်ပါတယ် နေကပူတွေ စားချင်စိတ်မရှိတာ
"နည်းနည်းတော့စား မဟုတ်ရင်ဗိုက်နာလိမ့်မယ် ပြီးတော့ စာလဲသင်ရအုံးမှာ
နွေဦးနေပူတာနဲ့ အိမ်မပြန်ဘဲ ကိုဟန်စီမှာဘဲဝင်ပြီး ထမင်းစားလိုက်တော့တာဖြစ်သည်။ နေကပူတော့ ထမင်းကလဲသိပ်မစားမဝင်ပါ
"ကိုယ် ကာရန်ကိုပြောမလို့
"ပြောလေ
" သီတင်းကျွတ်ပိတ်ရက်ကျ အိမ်ပြန်မလို့ ကာရန်လဲလိုက်မယ်မလား
ကိုဟန်စကားကြားပြီးနွေဦးမျက်နှာပျတ်သွားပေမဲ့ ချက်ချင်းပြန်ထိန်းလိုက်ပြီး
"မလိုက်တော့ပါဘူး နွေဦး လုပ်စရာလေးရှိသေးတယ်
" အိမ်ကလူတွေက ပြန်မလာရင် ကာရန်ကိုမျှော်နေမှာပေါ့
အဟက် ကိုဟန်အဖေနဲ့အမေလား နွေဦးကိုမျှော်မှာ မလာလေကောင်လေဆိုတာကိုဟန်မသိဘူးလာဆိုပြီးနွေဦးမေးလိုက်ချင်ပေမဲ့ ပြောမထွက်ပါ
" နွေဦး လုပ်စရာလေးရှိလို့ပါ ကိုဟန်ပြန်ရင်သာ နွေဦးကသတိရတယ်လို့ပြောပေးနော်
"အင်းပါ ကိုယ်ပြောပြလိုက်ပါမယ်
မလိုက်ချင်တဲ့သူကို ဟန်လဲဇွတ်မခေါ်နေတော့ဘူး ကာရန်မလိုက်ချင်တဲ့ အကြောင်းကိုလဲ ဟန်ကောင်းကောင်းသိတယ်
"အဲ့တာဆို နွေဦးသွားတော့မယ်နော် ကျောင်းသားစာရင်းလေး လုပ်စရာရှိလို့
"အင်းအင်း ကိုယ်လိုက်မပို့တော့ဘူးနော်
နွေဦးခေါင်းငြိမ့်ပြလိုက်ပြီး စာသင်ကျောင်းဘက် ထွက်လာခဲ့လိုက်၏ ကိုဟန်ရဲ့ ဆေးပေးခန်းနဲ့ နွေဦးတို့စာသင်တဲ့ကျောင်းနဲ့ကနီးနီလေးမလို့ ရွာထဲထမင်းပြန်မစားချင်တဲ့နေကျ ကိုဟန်ဆီဝင်စားလိုက်တာ
" ဘယ်ကပြန်လာတာလဲ
အခန်းထဲဝင်ကာရှိသေးတယ် အသံဩဩကြီးနဲ့ အော်ချလိုက်တာလူတောင်လန့်သွား၏
" ကိုဟန်စီက
"ဘာသွားလုပ်တာလဲ
"ဘာလုပ်လုပ်ပေါ့မင်းအပူပါလား
နေတရာအကုန်သိချင်နေတာ
" ပါလိုပြောနေတာပေါ့ ကိုယ်အိမ်ကိုယ်တောင် ထမင်းပြန်မစားနိုင်ဘူးလား
" ဒီလောက်နေပူနေရတာ ပြန်ရမှာပျင်းတယ်
" ကျုပ်လာပို့မယ်
"ဘာကိုလဲ
နွေဦးသူဘေးနားကခုံကိုယူထိုင်ပြီး သူကိုမေးလိုက်သည်
"နေလည်စာကို ဖိုးသာလာကြိုရင်းနဲ့ ယူလာခဲ့မယ် သူဆီသွားမစားနဲ့ ကျုပ်မကြိုက်ဘူး
နွေဦးငြင်းရင် ခင်ဗျားက ကျုပ်ဟာမလို့မစားတာ ဘာဖြစ်တယ်ညာဖြစ်တယ်ပြောမှသိတာကြောင့် နွေဦးကိုယ်အိမ်ကိုပြန်စားဖို့တွေးလိုက်တော့သည်။
"အိမ်ဘဲ ပြန်စားမှာမလို့ ယူမလာနဲ့တော့ မင်းဟာမစားချင်လို့မဟုတ်ဘူး ဒီတိုင်းအားနာလို့ရယ် ပြီးတော့ သူများတွေက တမျိုးပြောတာမှာလဲဆိုးလို့ မင်းကသူတို့ပြောတာဂရုမစိုက်တာသိပေမဲ့ ငါကတော့ ဂရုစိုက်ကမယ်လေ အဲ့တာကြောင့်
ကိုယ်နားလည်အောင်ပါတစ်ခါထဲ ပြောပြလိုက်၏မဟုတ်ရင် ရစ်နေအုံးမှာ
ကျုပ်ရှေ့တည့်တည့်မှာထိုင်ပြီး ကျုပ်အထင်လွဲမှာဆိုးလို့ရှင်းပြနေတဲ့ သူကိုကြည့်ပြီး အသဲတွေယားတာတအားဘဲ ကိုက်ဆွဲပစ်ချင်တာလဲ အရမ်း ကျုပ်သာကိုက်လိုက်ရင် နောက်နေ့ကျ သေချာပေါက် လိုက်ချော့ရမှာ ဒီလူက သူတစ်ခုခုပြောလိုက်တာနဲ့ တန်းကောက်တော့တာဘဲ နာမည်တောင်ပြောင်းပေးရအုံးမှာ မောင်ကောက်တေးလို့
ခွပ်ဒေါင်းကိုယ်အတွေးနဲ့ကိုယ်ပြုံးနေမိ၏
" ဘာရီတာလဲ
" ဘာမရီဘူး
"ဒါနဲ့ဒီကိုဘာလာလုပ်တာလဲ ဖိုးသာကပြန်သွားပြီး
"သိတယ် ခင်ဗျားစီလာတာ
ပြောပြီမျက်စိရှေ့ရောက်လာတဲ့ ဖရဲသီး
"ကြည့်မနေနဲ့ ခင်ဗျားအတွက်
"ဘယ်ကဝယ်လာတာလဲ
"ထန်းတောဘေးက လယ်ကွက်ထဲမှ စိုက်ထားတာ ပိုင်ရှင်မရှိတုံးခိုးလာတာ
"ဟမ်
"ဟမ်မနေနဲ့ အဲ့လိုခိုးစားတဲ့ဟာကမှ ပိုပြီးတော့အရသာရှိတာ စား
"မစားချင်ပါဘူးတော်ကြာ ငါပါဖရဲသီးခိုတဲ့ထဲ အလိုတူအလိုပါဖြစ်နေအုံးမယ် မင်းဘဲစား ငါတော့မစားဘူး
တကယ်မစားဘူးလုပ်နေတဲ့သူကြောင့်ခွပ်ဒေါင်းမှာအကြပ်ရိုက်သွားသည်။ ကိုယ်မှတော့သူစားဖို့ တကူးတကနဲ့ သွားခိုးပေးထားရတာကို မတက်နိုင်တဲ့အဆုံး
"ကျုပ်ဖရဲသီးဖိုးပြန်ပေးလိုက်မယ် အခုစားတော့
"တကယ်လား
"မလိမ်ဘူး ရော့ စား ခဏနေဆိုကလေးတွေလာတော့မယ်
"အင်းအင်း
စားချင်နေတာကိုသက်သက်မူနေသေးတယ် ပြောပြန်ရင်လဲ မစားတော့ဘူး လုပ်အုံးမှာ
ခွပ်ဒေါင်းမှာတော့ ဖရဲသီးအားရပါးရစားနေရတဲ့သူကိုကြည့်ပြီး ချစ်မဝဖြစ်နေသည်။ သူဘက်ကအဖြေပြန်မပေးသေးတာတော့ခက်တော့ခက်သားဗျာ
Zaw
"ေျပာစရာရွိတာ ေျပာ ငါတို႔ကမင္းလိုအားယားေနတာမဟုတ္ဘူး
"ဟုတ္တယ္
အေဖနဲ႔ အမကို ဘယ္လိုစေျပာရမလဲဆိုၿပီး ခြပ္ေဒါင္း အႀကိတ္အနည္စဉ္းစားေနရသည္ ။
ဦးေႏွာက္က အလုပ္မလုပ္တာၾကာၿပီမလို႔ ဘယ္လိုမွ စဉ္းစားလို႔ကမရ ေနာက္ဆုံး တည့္တိုးေျပာဖို႔သာ ဆုံးျဖတ္လိုက္သည္။
"က်ဳပ္ကို ေယာကၤ်ားလိုက္ေတာင္းေပး
"ဖြီ အဟြတ္ အဟြတ္
"ဟမ္
ခြပ္ေဒါင္းစကားၾကားၿပီး အေဖကေတာ့ ေရေႏြး သည္းၿပီး ေခ်ာင္းေတြဆိုးပါေလေရာ အမ ႏွင္းေသြးၾကည့္လိုက္ေတာ့လဲ လက္ဖက္ဇြန္းႀကီးကိုင္ၿပီး အံ့ဩေနသည္။
" ႏွင္းေသြး ငါနားၾကားမ်ား မွားေနလားမသိဘူး
" မမွားဘူးအေဖ သမီးလဲ အေဖၾကားသလို ၾကားလိုက္တယ္
" ၾကားက်ရင္လဲ လိုက္ေတာင္းေပးၾကဗ်ာ က်ဳပ္လူပ်ိဳႀကီးဘဝနဲ႔ မေနႏိုင္ဘူး
" ငါတို႔ကမင္းအတြက္ ဘယ္သူလိုက္ေတာင္းေပးရမွာလဲ
" ဆရာေလးကို
"ဟမ္
ဦးတိုးမာန္ႏွစ္ႀကိမ္ေျမႇာက္အံဩျခင္းပါ အရင္ကတည္းက ဒင္းဆရာေလးကိုစိတ္ဝင္စားေနတယ္ထင္ေပမဲ့ ခဏအေပ်ာ္လို႔သာထင္ခဲ့မိတာ အခုက်ေတာ့ လိုက္ေတာင္ေတာင္းခိုင္းေနၿပီးဆိုေတာ့ အေပ်ာ္မဟုတ္ေတာ့တာေသခ်ာသည္။
" ဆရာေလးကို လိုက္ေတာင္းခိုင္းရေအာင္ နင္ကို ဆရာေလးကႀကိဳက္လို႔လား
အမႏွင္းေသြးရဲ႕စကားကို အေဖကလဲ ေခါင္းညိမ့္ၿပီးေထာက္ခံသည္။
"အခုေတာ့ မႀကိဳက္ေသးေပမဲ့ ေနာက္က်ျပန္ႀကိဳက္လာမွာပါ
"ျပန္ႀကိဳက္မွလာေျပာ အခုေတာ့ မင္းအလုပ္လုပ္ဖို႔စဉ္းစား ေယာကၤ်ားသာယူခ်င္တာ အလုပ္က်မလုပ္ခ်င္ဘူး
"အေဖရွိေနတာဘဲ
"ငါရွာတဲ့ပိုက္ဆံ မင္း ေယာကၤ်ားယူဖို႔မဟုတ္ဘူး မင္းဘာသာမင္းအလုပ္လုပ္လို႔ရတဲ့ပိုက္ဆံနဲ႔ယူ
"ဟာအေဖရာ သားဖခ်င္းေတာင္ ကပ္ေစးကုပ္တယ္ေနာ္
" ကုပ္ကုပ္ဘဲ
"ရတယ္ေလ အဲ့တာဆိုက်ဳပ္ကိုအေမြေပး
"ငါေတာင္မေသေသးဘူး မင္းကအေမြလိုခ်င္ေနတာေပါ႔ ဟုတ္လားဟမ္
"စတာကို စတာအေဖရဲ႕
ခြပ္ေဒါင္းမွာအေဖ့ရဲ႕ ဝါးလုံးတုတ္ပ်ံကိုေရွာင္ေျပးၿပီး ဟိုေကာင္ေတြဆီကိုသာ တန္းသြားလိုက္တယ္
"လြမ္းတယ္ ေအးျမေရ လြမ္းတယ္
" အသံၿပဲႀကီးနဲ႔နားညီးလိုက္တာကြာ
" ခ်စ္တက္တဲ့ ႏွလုံးသားမရွိတဲ့ မင္းလိုေကာင္ကေတာ့အဲ့လိုေျပာမွေပါ႔ကြာ
ငမဲတူးစကားကိုေက်ာ္ႀကီးကတဖန္ေခ်ပလိုက္၏
" ငါခ်စ္တက္လို႔ ကေလးတစ္ေယာက္အေဖေတာင္ျဖစ္ေနၿပီး မင္းသာ ႀကိဳက္မဲ့သူမရွိလို႔ အခုခ်ိန္ထိ ေလလြင့္ေနတဲ့ႏြားႀကီးျဖစ္ေနတာေလ
ငမဲတူးေျပာေတာ့ ေက်ာ္ႀကီးက မ်က္ႏွာႀကီးမဲေမွာင္ၿပီး ျပန္ရန္ေတြ႕ပါေလေရာ
" ငါကႀကိဳက္မဲ့မရွိတာမဟုတ္ဘူး ဖူးစာရွင္အစစ္ကိုေစာင့္ေနတာ
"မင္းဖူးစာရွင္က မင္းမေမြးခင္ကတည္းက ေသသြားေလာက္ၿပီး မင္းဒီတစ္သက္လူပ်ိဳဘဝနဲ႔ဘဲေနရေတာ့မွာ
" ငါလိုးမသား မင္းမဟုတ္တာေတြမေျပာနဲ႔ မင္းၾကည့္ေနလိုက္ ငါအာစိထက္အရင္ မိန္းမယူျပမယ္
"ဘယ္ေကာင္တုံး ငါထက္အရင္ မိန္းမယူျပမွာ
" ဒီေကာင္ ဒီေကာင္ အာစိ
"ဟီးဟီး က်ဳပ္ကစတာပါ
"ဟြန္႔
ေက်ာ္ႀကီးအာစိအတြက္ ထန္းရည္တစ္ခြက္ ထည့္ေပးလိုက္ၿပီး
"အာစိ အေျခအေနဘယ္လိုလဲ က်ဳပ္တို႔လဲေျပာပါအုံး
" အခုခ်ိန္ထိ မူေကာင္းတုံးရွိေသးတယ္ ငါေတာ့ စိတ္မရွည္လို႔ ခိုးေျပးပစ္ခ်င္ေနၿပီ
" အာစိအိမ္က သေဘာတူပါမလား
"အေဖက ျပန္ႀကိဳက္ရင္လိုက္ေတာင္းေပးမယ္တဲ့
"တကယ္ေပါ႔
"တကယ္ႀကီးလား
ႏွစ္ေကာင္သားမ်က္လုံးၿပဳံး မ်က္ဆံၿပဳံးၿပီးအတင္းလူနားကပ္ၿပီးေမးေနေတာ့ ခြပ္ေဒါင္းေတာင္လန္႔သည္။
" ငါကမင္းတို႔ကို ဘာလို႔လိမ္ရမွာလဲ
"အာစိအေဖက အရင္တုံးကက်ေတာ့ နံ႔သာနဲ႔ဆို ဘာလို႔အခုမွ စိတ္ေျပာင္းသြားရတာလဲ
" ငါေစာက္ရမ္းေခ်ာေနလို႔ေလ
"ဘာမဆိုင္ဘူး
"အဲ့တာေတြထားလိုက္စမ္းပါကြာ အခုငါကိုထန္းရည္ ခ်ိဳခ်ိဳခါခါးေမႊးေမႊးလုပ္စမ္းပါ
"ရေစရမယ္ဗ်ာ
ေန႔လည္ေနပူပူအခ်ိန္မွာ အရိပ္ရတဲ့ မန္က်ည္းပင္ေလးေအာက္ထိုင္ၿပီး ထန္းရည္ေလးေသာက္လိုက္ ၾကက္ေၾကာ္ေလးစားလိုက္နဲ႔ တကယ္ကိုနတ္ဘုံအတိုင္းဘဲ
__&&___&&___&&&
" ကာရန္ထည့္စားေလ မႀကိဳက္ဘူးလား
"ႀကိဳက္ပါတယ္ ေနကပူေတြ စားခ်င္စိတ္မရွိတာ
"နည္းနည္းေတာ့စား မဟုတ္ရင္ဗိုက္နာလိမ့္မယ္ ၿပီးေတာ့ စာလဲသင္ရအုံးမွာ
ေႏြဦးေနပူတာနဲ႔ အိမ္မျပန္ဘဲ ကိုဟန္စီမွာဘဲဝင္ၿပီး ထမင္းစားလိုက္ေတာ့တာျဖစ္သည္။ ေနကပူေတာ့ ထမင္းကလဲသိပ္မစားမဝင္ပါ
"ကိုယ္ ကာရန္ကိုေျပာမလို႔
"ေျပာေလ
" သီတင္းကြၽတ္ပိတ္ရက္က် အိမ္ျပန္မလို႔ ကာရန္လဲလိုက္မယ္မလား
ကိုဟန္စကားၾကားၿပီးေႏြဦးမ်က္ႏွာပ်တ္သြားေပမဲ့ ခ်က္ခ်င္းျပန္ထိန္းလိုက္ၿပီး
"မလိုက္ေတာ့ပါဘူး ေႏြဦး လုပ္စရာေလးရွိေသးတယ္
" အိမ္ကလူေတြက ျပန္မလာရင္ ကာရန္ကိုေမွ်ာ္ေနမွာေပါ႔
အဟက္ ကိုဟန္အေဖနဲ႔အေမလား ေႏြဦးကိုေမွ်ာ္မွာ မလာေလေကာင္ေလဆိုတာကိုဟန္မသိဘူးလာဆိုၿပီးေႏြဦးေမးလိုက္ခ်င္ေပမဲ့ ေျပာမထြက္ပါ
" ေႏြဦး လုပ္စရာေလးရွိလို႔ပါ ကိုဟန္ျပန္ရင္သာ ေႏြဦးကသတိရတယ္လို႔ေျပာေပးေနာ္
"အင္းပါ ကိုယ္ေျပာျပလိုက္ပါမယ္
မလိုက္ခ်င္တဲ့သူကို ဟန္လဲဇြတ္မေခၚေနေတာ့ဘူး ကာရန္မလိုက္ခ်င္တဲ့ အေၾကာင္းကိုလဲ ဟန္ေကာင္းေကာင္းသိတယ္
"အဲ့တာဆို ေႏြဦးသြားေတာ့မယ္ေနာ္ ေက်ာင္းသားစာရင္းေလး လုပ္စရာရွိလို႔
"အင္းအင္း ကိုယ္လိုက္မပို႔ေတာ့ဘူးေနာ္
ေႏြဦးေခါင္းၿငိမ့္ျပလိုက္ၿပီး စာသင္ေက်ာင္းဘက္ ထြက္လာခဲ့လိုက္၏ ကိုဟန္ရဲ႕ ေဆးေပးခန္းနဲ႔ ေႏြဦးတို႔စာသင္တဲ့ေက်ာင္းနဲ႔ကနီးနီေလးမလို႔ ရြာထဲထမင္းျပန္မစားခ်င္တဲ့ေနက် ကိုဟန္ဆီဝင္စားလိုက္တာ
" ဘယ္ကျပန္လာတာလဲ
အခန္းထဲဝင္ကာရွိေသးတယ္ အသံဩဩႀကီးနဲ႔ ေအာ္ခ်လိုက္တာလူေတာင္လန္႔သြား၏
" ကိုဟန္စီက
"ဘာသြားလုပ္တာလဲ
"ဘာလုပ္လုပ္ေပါ႔မင္းအပူပါလား
ေနတရာအကုန္သိခ်င္ေနတာ
" ပါလိုေျပာေနတာေပါ႔ ကိုယ္အိမ္ကိုယ္ေတာင္ ထမင္းျပန္မစားႏိုင္ဘူးလား
" ဒီေလာက္ေနပူေနရတာ ျပန္ရမွာပ်င္းတယ္
" က်ဳပ္လာပို႔မယ္
"ဘာကိုလဲ
ေႏြဦးသူေဘးနားကခုံကိုယူထိုင္ၿပီး သူကိုေမးလိုက္သည္
"ေနလည္စာကို ဖိုးသာလာႀကိဳရင္းနဲ႔ ယူလာခဲ့မယ္ သူဆီသြားမစားနဲ႔ က်ဳပ္မႀကိဳက္ဘူး
ေႏြဦးျငင္းရင္ ခင္ဗ်ားက က်ဳပ္ဟာမလို႔မစားတာ ဘာျဖစ္တယ္ညာျဖစ္တယ္ေျပာမွသိတာေၾကာင့္ ေႏြဦးကိုယ္အိမ္ကိုျပန္စားဖို႔ေတြးလိုက္ေတာ့သည္။
"အိမ္ဘဲ ျပန္စားမွာမလို႔ ယူမလာနဲ႔ေတာ့ မင္းဟာမစားခ်င္လို႔မဟုတ္ဘူး ဒီတိုင္းအားနာလို႔ရယ္ ၿပီးေတာ့ သူမ်ားေတြက တမ်ိဳးေျပာတာမွာလဲဆိုးလို႔ မင္းကသူတို႔ေျပာတာဂ႐ုမစိုက္တာသိေပမဲ့ ငါကေတာ့ ဂ႐ုစိုက္ကမယ္ေလ အဲ့တာေၾကာင့္
ကိုယ္နားလည္ေအာင္ပါတစ္ခါထဲ ေျပာျပလိုက္၏မဟုတ္ရင္ ရစ္ေနအုံးမွာ
က်ဳပ္ေရွ႕တည့္တည့္မွာထိုင္ၿပီး က်ဳပ္အထင္လြဲမွာဆိုးလို႔ရွင္းျပေနတဲ့ သူကိုၾကည့္ၿပီး အသဲေတြယားတာတအားဘဲ ကိုက္ဆြဲပစ္ခ်င္တာလဲ အရမ္း က်ဳပ္သာကိုက္လိုက္ရင္ ေနာက္ေန႔က် ေသခ်ာေပါက္ လိုက္ေခ်ာ့ရမွာ ဒီလူက သူတစ္ခုခုေျပာလိုက္တာနဲ႔ တန္းေကာက္ေတာ့တာဘဲ နာမည္ေတာင္ေျပာင္းေပးရအုံးမွာ ေမာင္ေကာက္ေတးလို႔
ခြပ္ေဒါင္းကိုယ္အေတြးနဲ႔ကိုယ္ၿပဳံးေနမိ၏
" ဘာရီတာလဲ
" ဘာမရီဘူး
"ဒါနဲ႔ဒီကိုဘာလာလုပ္တာလဲ ဖိုးသာကျပန္သြားၿပီး
"သိတယ္ ခင္ဗ်ားစီလာတာ
ေျပာၿပီမ်က္စိေရွ႕ေရာက္လာတဲ့ ဖရဲသီး
"ၾကည့္မေနနဲ႔ ခင္ဗ်ားအတြက္
"ဘယ္ကဝယ္လာတာလဲ
"ထန္းေတာေဘးက လယ္ကြက္ထဲမွ စိုက္ထားတာ ပိုင္ရွင္မရွိတုံးခိုးလာတာ
"ဟမ္
"ဟမ္မေနနဲ႔ အဲ့လိုခိုးစားတဲ့ဟာကမွ ပိုၿပီးေတာ့အရသာရွိတာ စား
"မစားခ်င္ပါဘူးေတာ္ၾကာ ငါပါဖရဲသီးခိုတဲ့ထဲ အလိုတူအလိုပါျဖစ္ေနအုံးမယ္ မင္းဘဲစား ငါေတာ့မစားဘူး
တကယ္မစားဘူးလုပ္ေနတဲ့သူေၾကာင့္ခြပ္ေဒါင္းမွာအၾကပ္႐ိုက္သြားသည္။ ကိုယ္မွေတာ့သူစားဖို႔ တကူးတကနဲ႔ သြားခိုးေပးထားရတာကို မတက္ႏိုင္တဲ့အဆုံး
"က်ဳပ္ဖရဲသီးဖိုးျပန္ေပးလိုက္မယ္ အခုစားေတာ့
"တကယ္လား
"မလိမ္ဘူး ေရာ့ စား ခဏေနဆိုကေလးေတြလာေတာ့မယ္
"အင္းအင္း
စားခ်င္ေနတာကိုသက္သက္မူေနေသးတယ္ ေျပာျပန္ရင္လဲ မစားေတာ့ဘူး လုပ္အုံးမွာ
ခြပ္ေဒါင္းမွာေတာ့ ဖရဲသီးအားရပါးရစားေနရတဲ့သူကိုၾကည့္ၿပီး ခ်စ္မဝျဖစ္ေနသည္။ သူဘက္ကအေျဖျပန္မေပးေသးတာေတာ့ခက္ေတာ့ခက္သားဗ်ာ