သားဖွားခန်းက ရင်ခုန်သံ(သားဖြာ...

By SakuraRain2000

2.4M 188K 27.4K

👨🏻‍⚕️ Main Chapter 10 parts + After Falling In Love 15 parts🌸 More

Chapter-1(Unicode)
Chapter-2(Unicode)
Chapter-3(Unicode)
Chapter-4(Unicode)
Chapter-5(Unicode)
Chapter-6(Unicode)
Chapter-7(Unicode)
Chapter-8(Unicode)
Chapter-9(Unicode)
Chapter-10 (Unicode)
After Falling In Love-1(Unicode)
After Falling In Love-2(Unicode)
After Falling In Love-3(Unicode)
After Falling In Love-4(Unicode)
After Falling In Love-5(Unicode)
After Falling In Love-6(Unicode)
After Falling In Love-7(Unicode)
After Falling In Love-8(Unicode)
After Falling In Love-9(Unicode)
After Falling In Love-10(Unicode)
After Falling In Love-11(Unicode)
After Falling In Love-12(Unicode)
After Falling In Love-12-2(Unicode)
After Falling In Love-13(Unicode)
After Falling In Love-14(Unicode)
After Falling In Love-15(Unicode)
Final(Unicode)
After Marriage(Unicode)
After Marriage 2(Unicode)
Chapter-1(Zawgyi)
Chapter-2(Zawgyi)
Chapter-3(Zawgyi)
Chapter-4(Zawgyi)
Chapter-5(Zawgyi)
Chapter-6(Zawgyi)
Chapter-7(Zawgyi)
Chapter-8(Zawgyi)
Chapter-9(Zawgyi)
Chapter-10(Zawgyi)
After Falling In Love-1(Zawgyi)
After Falling In Love-2(Zawgyi)
After Falling In Love-3(Zawgyi)
After Falling In Love-4(Zawgyi)
After Falling In Love-5(Zawgyi)
After Falling In Love-6(Zawgyi)
After Falling In love-7(Zawgyi)
After Falling In Love-8(Zawgyi)
After Falling In Love-10(Zawgyi)
After Falling In Love-11(Zawgyi)
After Falling In Love-12(Zawgyi)
After Falling In Love-12-2(Zawgyi)
After Falling In Love-13(Zawgyi)
After Falling In Love-14(Zawgyi)
After Falling In Love-15(Zawgyi)
Final(Zawgyi)
ကျေးဇူးတင်လွှာ&Book
About Physical Book
Book Cover
🌸Preorder Now🌸
After Marriage(Zawgyi)
Happy Birthday U Phyo
After Marriage 2(Zawgyi)

After Falling In Love-9(Zawgyi)

4.8K 426 21
By SakuraRain2000

တဖြည်းဖြည်းမြင့်တက်လာသော နေလုံးနှင့်အတူ နေရောင်ရင့်ရင့်က သားဖွားဆောင်နှင့်အရိုးဆောင်ကြားရှိ ကွင်းပြင်ကျယ်ထဲသို့ ခပ်စူးစူးကျရောက်လာသည်။

လင်းထက်နောင်တစ်ယောက် ထုံးစံအတိုင်း မနက်ခင်းရီပို့ ပို့ရန်အတွက် ထွက်လာရင်း နေရောင်စူးစူး၏ရောင်ပြန်ဟပ်မှုကြောင့် ကျိန်းသွားသော မျက်လုံးများကို လက်ဖြင့်အသာကာလိုက်ရရင်း ဟိုလူကြီးထံ ဖုန်းခေါ်လိုက်သည်။

"ဟဲလို အစ်ကို၊ ကျွန်တော်ထွက်လာပြီနော်"

"အင်း ကိုယ်ဆင်းလာမယ်၊ ခဏစောင့်"

မနက်အလုပ်လာကတည်းက ရီပို့သွားပို့လျှင် သူ့ကိုပါလှမ်းပြောဖို့ ထိုလူကြီးက မှာထားခဲ့လေသောကြောင့်။ လင်းထက်တို့အရိုးဆောင်၏ CME ပြီး ယခုလက သားဖွားဆောင်၏ CME ရှိတာကြောင့် ဆေးရုံအုပ်ရုံးခန်းကို သူလည်း သွားစရာရှိသောကြောင့်တဲ့။

သိပ်မကြာ။ တစ်ခါတည်း ရီပို့စာအုပ်တွေပါ ယူလာဟန်ရှိသော ထိုလူကြီးက စာအုပ်နှစ်အုပ်နှင့်ဖိုင်တွဲအချို့ကိုကိုင်လျက် ဆင်းလာသည်။ အနားသို့မရောက်ခင်မှာပင် ခပ်မြူးမြူးပြုံးရင်းနှုတ်ဆက်မိတော့ ခပ်အေးအေးအပြုံးတစ်ပွင့်ကိုပြန်ရသည်။

နှစ်ယောက်အတူ စင်္ကြံလမ်းလေးအား ယှဉ်လျှောက်လာခဲ့တော့ လေအဝှေ့မှာ စန္ဒကူးနံ့သင်းသင်းကို တိတ်တဆိတ်ခိုးရှိုက်ရသည်။

"CMEမှာ အစ်ကို ကေ့စ် ဖတ်မှာလားဟင်"

ဘေးတိုက်မြင်နေရသော ပုဆိုးကွက်စိတ်၏အောက်မှ ခြေဖမိုးဖွေးဖွေးအား တစ်ချက်ငေးရင်း မေးလိုက်သည်။ ခုရက်ပိုင်းထဲ သည်လူကြီး ပုဆိုးတွေအဝတ်စိတ်လာသလိုပဲ။

"အင်း ဖတ်ဖြစ်မယ်"

"ဟုတ်လား၊ အဲနေ့ ကျွန်တော် အိုပီဒီ လိုက်ရမဲ့နေ့ဖြစ်နေတယ်၊ လာနားထောင်ဖို့ အချိန်ရပါ့မလားမသိဘူး"

"မအားရင်လည်း မလာနဲ့၊ အားရင်တော့ လာခဲ့"

ရှင်းလင်းလွန်းလှသည့် အကြံပေးချက်ကြောင့် မျက်စောင်းမမြည်သောအကြည့်တစ်ချက်တော့ ပို့မိပါသည်။

"ဘွဲ့လွန် အိုဂျီယူမှာဆိုရင် အခုကတည်းက အချိန်ရရင်ရသလို အခွင့်အရေးကိုရှာပြီးလေ့လာထားရမှာလေ"

ယခုထိ ပို့စတင်ပင်မဝင်ရသေးသည့်သူ့အတွက် ဘွဲ့လွန်ကိုကြိုပြောနေသည့်လူကြီးအား ပိုရန်ကောဟု မငြူဆူရဲပါ။ ယခုကတည်းက ဘွဲ့လွန်အတွက် သူလေ့လာနေသမျှအား လင်းထက်နှင့်လာလာဆွေးနွေးနေတာမို့ ခေါင်းတွေ ပူရတာလည်း ခဏခဏပင်မဟုတ်ပါလား။ တစ်ခုတော့ ကောင်းပါသည်။ လင်းထက် ဘွဲ့လွန်တက်သည့်အခါ ဆရာအထွေအထူးရှာနေစရာမလိုတော့ဘူးပေါ့။

"ဪ ဒါနဲ့ ညက ကိုယ်ပို့ပေးတဲ့ကေ့စ်ကြည့်ပြီးပြီလား၊ အဲဒါ မင်းအစ်မမေသဇင် ဖတ်မဲ့ကေ့စ်၊ ကိုယ်ဖတ်မဲ့ကေ့စ်တော့ ညကျရင်ပို့ပေးလိုက်မယ်"

"ဟုတ် ညက ကိုပြည့်စုံဖတ်ခိုင်းထားတာတွေ ဖတ်နေရလို့ မဖတ်ရသေးဘူး၊ သည်ညမှ နှစ်ခုလုံးဖတ်လိုက်မယ်လေ"

တစ်ချက်တော့စောင်းငဲ့ကြည့်လာပေမဲ့ ဘာမှမပြောပါ။ ကိုပြည့်စုံဖတ်ခိုင်းထားသည့်ကေ့စ်ရှိလို့ဟု ခေါင်းခံထားလိုက်တာမို့ ဘာမှမပြောခြင်းဆိုတာ ဗေဒင်မေးစရာပင်မလို။ ဘာစာမှမလုပ်ဘဲသာ သူပို့ပေးသည်စာကိုမကြည့်ဘဲနေကြည့်ပါ့လား။ အခုကတည်းကပျင်းနေလို့ မရဘူး၊ သင်ယူမှုဆိုတာ စဉ်ဆက်မပြတ်လုပ်နေရမဲ့အရာ ဘာညာနဲ့ တဖျစ်တောက်တောက် ဆိုဦးမွာ။

မည်မျှပင် ချစ်သူရည်းစားသဘာဝ ချစ်ကြည်နူးတစ်တီတူးမှုတွေတိုးလာ တိုးလာ စာနှင့်ပတ်သတ်လျှင်တော့ စည်းကမ်းကြီးသည့် ထိုလူကြီးကြောင့် စာလုပ်ချိန်ဆို လင်းထက်တို့က ဆရာနဲ့တပည့်လိုပါပဲ။ အဲ...လင်းထက် လုံးဝမလုပ်ချင်တော့လို့ အပျင်းတစ်ဂျီကျပြီဆိုလျှင်တော့လည်း ချစ်သူတစ်ယောက်လို ချော့မော့တတ်တာလေးတွေတော့ ရှိလာပါသည်။

စာတွေကို ကိုယ့်ဘာကိုယ် တကူးတက အများကြီးရှာဖတ်နေစရာမလိုဘဲ ရှင်းပြမည့်လူအဆင်သင့်ရှိနေတာက မည်မျှကံကောင်းကြောင်း မမကတော့ ပြောရှာပါသေးသည်။

စာရှင်းပြတိုင်း တည်ကြည်သော သူ့၏မျက်နှာချောချောကို ငေးမောကြည့်ရင်း မမကို ပြန်ပြောပြချင်သည်။ စာရှင်းပြမှ မဟုတ္ဘူး...သည်တိုင်း သည်လူကြီးကို ပိုင်ဆိုင်ရတာကိုကပင် လင်းထက် ကံကောင်းလွန်းနေပြီဆိုတာပါပဲ။

ဆေးရုံအုပ်ရုံးခန်းကိုရောက်၍ ရီပို့ထပ်ပြီးတော့ ထိုလူကြီးက ဆေးရုံအုပ်နှင့် စကားပြောနေစဉ် လင်းထက်က ရုံးခန်းရှေ့က ခုံတွင်ထိုင်စောင့်သည်။ ထိုလူကြီးက မစောင့်ဖို့ပြောပေမဲ့ စောင့်ချင်လို့ကို စောင့်သည်။

ပြောမရစွာ လင်းထက်စောင့်နေမှန်းသိတော့ ထိုလူကြီးက ခပ်မြန်မြန်သာပြောပြီး ပြန်ထွက်လာရှာသည်။

"မစောင့်နဲ့ဆိုတာကို"

ခပ်တိုးတိုးဆိုပေမဲ့ ငြူစူခြင်းတော့မပါ။ မျက်လုံးများမှိတ်သည်အထိ ရီပြလိုက်တော့ လက်ချောင်းများက သူ့ခေါင်းထက် ခပ်သော့သော့ဆွဲဖွသည်။

"ခဏ ကိုယ်ဝယ်စရာတစ်ခုရှိလို့"

ဆေးရုံထဲရှိဆေးဆိုင်ရှေ့ရောက်တော့ ထိုလူကြီးက ဆိုတာမို့ ရပ်စောင့်နေလိုက်ရသည်။

"ဟဲ့ နင်တို့ဆီမှာ ထမင်းဘူးကျန်သေးလား၊ ငါးဘူးလောက်ပေးစမ်းပါဟယ်၊ ဟိုမှာ လူနာတွေဝေတာ ငါးဘူးလိုနေလို့"

ဆေးဆိုင်မှ ဝန်ထမ်းဆေးထုတ်တာကိုစောင့်နေရင်း ခပ်လှမ်းလှမ်းမှ အမျိုးသမီးလေးနှစ်ဦး၏ အသံက လင်းထက်တို့ရှိရာသို့ လွင့်ပျံလာသည်။ ဆေးရုံထဲ ထမင်းဘူး အလှူလာလုပ်ကြသည့် အလှူရှင်များဖြစ်ဟန်တူသည်။

"မရှိတော့ဘူးလေ၊ ဒါတွေက မွေးခန်းက ဆရာဝန်တွေဖို့ဟ"

"ဟင် ဟုတ်လား၊ သည်ဘက်မှာ မလောက်တာ ဘယ်လိုလုပ်ရမလဲ၊ နင့်ဆရာဝန်တွေကများလို့လား၊ ငါးဘူးလောက်မျှပေးလို့မရဘူးလား"

"ဟယ် ဘယ်ရမလဲ၊ ဆရာဝန်တွေကိုပေးဖို့ လိုနေရင် ဘယ်ကောင်းမလဲဟ"

"ဒါဆို ဟိုဘက်မှာ ဘယ္လိုလုပ်မလဲ"

"မတတ်နိုင်ဘူးလေဟာ၊ ကုန်သွားပြီလို့ ပြောလိုက်ပေါ့"

"ဟယ် ကောင်းပါ့မလား"

"ရပါတယ်ဟယ်၊ အလှူပဲ လောက်ငတာ မလောက်ငတာတော့ ရှိဦးမှာပေါ့၊ သည်ဆေးရုံထဲမှာ လူနာတွေအများကြီးကို၊ ထားလိုက်တော့ ဒါတွေကိုပဲ ဆရာဝန်တွေနားနေခန်းဆီ ငါ့ကိုဝိုင်းသယ်ပေးပါဦး"

တစ်ဖက်မှ ကောင်မလေးက စိတ်ရှုပ်ဟန် ခေါင်းတဗြင်းဗြင်းကုတ်လေသည်။ လင်းထက်စိတ်ထဲ ဟိုကောင်မလေးကို အနည်းငယ် တစ်မျိုးဖြစ်သွားပေမဲ့ မိန်းကလေးတွေမို့ ဘာမှမပြောချင်သောကြောင့် မျက်နှာလွှဲလိုက်မိတုန်း လင်းထက်ဘေးမှ လူကြီးကတော့ ဆိုင်မှလှမ်းပေးသော ဆေးထုပ်ကို ဆွဲယူပြီးနောက် ဆတ်ခနဲခြေလှမ်းကြဲများနှင့် ထိုမိန်းကလေးနှစ်ယောက်အနားရောက်သွားသည်။

"သည်မှာ မိန်းကလေးတို့"

ရုတ်တရတ် မာဆတ်ဆတ်ထိုလူကြီးအသံကြောင့် မိန်းကလေးနှစ်ယောက်က အလန့်တကြားလှည့်ကြည့်သည်။

"သည်ဆေးရုံမှာရှိသမျှ ဆရာဝန်တိုင်း သည်ထမင်းတစ်နပ်မရလိုက်လို့ ငတ်သွားမဲ့လူတစ်ယောက်မှမရှိဘူး၊ အေး ဒါပေမဲ့ အဲထမင်းတစ်နပ်ကြောင့် အကျိုးရှိရှိ ဝမ်းပြည့်ရမဲ့ လူတွေတော့ရှိတယ်၊ ဘယ်သူက ဘယ်လို ပိုလိုအပ်တယ်ဆိုတာ မင်းတို့ကောင်းကောင်းသိပါတယ်၊ အခုလို လာလှူပေးလို့လည်း မင်းတို့ကို ကျေးဇူးတင်တယ်၊ ဒါပေမဲ့ ပိုပြီးလိုတဲ့အိုးကိုပဲ ဖြည့်ကြ၊ ပြည့်နေပြီးသားအိုးတွေကို ထပ်ဖြည့်နေလို့ လျှံကျရုံအပြင် ဘာအကျိုးမှမရှိဘူး၊ ရွေးချယ်စရာတွေရှိလာရင် ဂုဏ်တွေဒြပ်တွေကို ခဏမေ့ထားပြီး ပိုလိုအပ်တဲ့ဘက်ကိုပဲ ရွေးကြစမ်းပါ၊ သည်ထမင်းဘူးတွေကို လိုအပ်တဲ့ဆီပဲ ပို့လိုက်၊ မွေးခန်းကို တစ်ဘူးမှလာမပို့နဲ့"

ပြောပြီး ခြေလှမ်းကျဲများနှင့်ထွက်သွားသည့်ထိုလူကြီးကြောင့် လင်းထက်မှာ မျက်နှာပူထူရင်း မိန်းကလေးနှစ်ယောက်အား အားနာပါးနာ ပြုံးပြပြီး အပြေးလိုက်ရသည်။ မိန်းကလေးနှစ်ယောက်တော့ ဘယ်လိုကျန်ခဲ့မလဲမသိ။

"အစ်ကိုရာ အားနာစရာကြီး သူများကို"

"အားနာနေလို့မရဘူး လင်းထက်နောင်၊ အမြင်မတော်ရင် ပြောရမှာပဲ"

ကြည့် အကောင်းပြောသည့်ဟာကို သူ့ကိုပါ လေသံမာမာနှင့် ရောဟောက်ချင်လာသော ထိုလူကြီး။

ဝါ့ဒ်ထဲမှာလည်း ထိုသို့ အပြောတွေကြောင့် ထိုလူကြီး အပေါက်ဆိုးတယ်ဟု နာမည်ထွက်ရတာ။ မည်မျှပင် စေတနာအရင်းခံပါစေ အပြောမတတ်တော့ ဆဲသလိုတဲ့။ အင်း...လင်းထက်ရဲ့လူကြီးကတော့ အဲလောက်မဆိုးလှပါဘူး။

"ဒါပေမဲ့ ချိုချိုသာသာပြောလို့ရသားပဲ အစ်ကိုရယ်"

ထိုလူကြီးက တစ်ချက်စွေကြည့်လာပေမဲ့ ဘာမှတော့မဆိုတော့ပါ။ စိတ်မကြည်တော့သည့်အားလျော်စွာ မျက်ခုံးနက်နက်တို့ကတော့ သိသိသာသာတွန့်ချိုးနေတော့သည်။ သည်လိုဆိုတော့လည်း လင်းထက်မှာ မကြည်သာ။ လင်းထက်နှင့်အတူရှိနေချိန်မှာ သည်မျက်ခုံးတန်းတွေ တွန့်ချိုးနေဖို့ ခွင့်မပြုနိုင်ပါလေ။

"အစ်ကိုနော်...၊ အစ်ကို သူများကိုသာ လိုက်ပြောနေ၊ အစ်ကိုလည်း ပြည့်နေတဲ့အိုးတွေကို ထပ် ထပ် ဖြည့်နေပါတယ်နော်"

ထိုလူကြီး၏ခြေလှမ်းတို့က တိခနဲရပ်သွားသည်။

"ဘယ်အိုးလဲ၊ ဘယ်အိုးကို ကိုယ်ဖြည့်နေလို့လဲ"

ထို့နောက် ဗြုန်းခနဲ လှည့်မေးလာသူကြောင့် လင်းထက် ကိုယ်လေးပင် ယို့မိသွားရသည်။

ထိုအခါ ထိုလူကြီးက သတိထားမိသွားဟန်ဖြင့် အမူအရာတို့ကို ချက်ချင်းလျော့ချသည်။

"ဟင် ပြောပါဦး၊ ကိုယ် ဘယ်အိုးတွေကိုများ ထပ်ပြီး ဖြည့်နေမိလို့လဲ"

လင်းထက် ဘေးဘီသို့အနည်းငယ်ဝေ့ကြည့်လိုက်သည်။ လူက တစ်ယောက်စနှစ်ယောက်စသာရှိနေပြီး ကိုယ့်အာရုံနှင့်ကိုယ်ဖြစ်နေကြသည်ကိုတွေ့တော့ ထိုလူကြီးအနီးသို့ ပိုမိုတိုးကပ်လိုက်ရင်း ရင်ဘက်ရှိရှပ်အင်္ကျီမှ ကြယ်သီးငယ်အား အရဲကိုးစွာ လက်ဖြင့် ထိတို့ဆော့ကစားလိုက်သည်။

"ဖြည့်နေတာပေါ့၊ အစ်ကိုသတိမထားမိလို့ပါ...၊ နေ့တိုင်းကို အစ်ကိုဖြည့်နေပါတယ်"

ထိုလူကြီးက အသည်းအသန်စဉ်းစားသွားဟန် မျက်မှောက်တို့ကို တွန့်ချိုးသည်။

"အဟင်း..."

လင်းထက်ခပ်ဖွဖွရယ်မောမိသည်။

"အစ်ကိုဖြည့်နေတာ ဟောသည့် ကျွန်တော့်ရင်ဘက်ထဲက မေတ္တာအိုးလေးကိုလေ၊ အဲထဲမှာ အစ်ကို့ကိုချစ်တဲ့ ချစ်ခြင်းမေတ္တာတွေက အပြည့်ရှိနေပြီးတာတောင် အစ်ကိုက စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ ထပ် ထပ်ဖြည့်နေတာ"

ရုတ်တရတ် ထိုလူကြီးက အံ့ဩသွားဟန် ငြိမ်ကျသွားသည်။

"မင်းကွာ..."

ထို့နောက် ခပ်ရဲရဲဖြစ်သွားသော နားရွက်ဖျားများနှင့်အတူ လင်းထက်၏ လက်အား ဆတ်ခနဲဆုပ်ကိုင်လိုက်သောထိုလူကြီး။

တဖျတ်ဖျတ်လက်နေသော မျက်ဝန်းတို့က လင်းထက်ကို သည်နေရာမှာပင် မွှေ့ယမ်းလိုက်တော့မည့်ပုံစံမျိုး။

"အစ်ကိုနော်...သည်မှာ လူတွေရှိတယ်"

"ကိုယ်ဂရုစိုက်မယ်ထင်လို့လား"

လက်ထက် မျက်ခုံးတို့ကိုသာ ပင့်ပြလိုက်တော့သည်။

ထိုအခါ လင်းထက်၏ လက်ဖမိုးတို့အား ဖျတ်ခနဲ ငုံ့နမ်းလိုက်သော ထိုလူကြီး။

လင်းထက် မျက်လုံးပြူးသွားရကာ ဘေးဘီသို့ ကမန်းကတန်း ဝေ့ကြည့်မိသည်။ မည်သူမှ သတိမထားမိလိုက်ဟန်ရှိတာမို့ သက်ပြင်းတစ်ချက်ချရင်း ထိုလူကြီးကို မျက်လုံးပြူးပြီး ကြည့်လိုက်တော့ ပြုံးတုံ့တုံ့အကြည့်နွေးနွေးကိုပြန်ရသည်။

"ကိုယ့်ရင်ထဲမှာရှိတဲ့ မင်းအတွက်မေတ္တာအိုးကတော့ ဘယ်တော့မှ ပြည့်မှာမဟုတ်တော့ဘူးထင်တယ်၊ ကိုယ်ကဖြည့်လိုက် အိုးကပိုကြီးလာလိုက်နဲ့ မင်းက ကိုယ့်ရဲ့ချစ်မဝလေးဖြစ်နေတယ်"

"ဟာဗျာ"

ရီရမလို ငိုရမလိုနှင့် ရှက်သွေးဖြန်းသွားရသူက လင်းထက်သာလျှင်။

ထိုလူကြီးက လင်းထက်၏လက်ကို အသာဆုပ်ကိုင်ကာ သူ့၏ဝဲဘက်ရင်အုံတွင် ဖိကပ်စေသည်။

"မယုံရင် မင်းရဲ့ နားကြပ်နဲ့ နားထောင်ကြည့်မလား၊ ကိုယ့်ရဲ့ နှလုံးခုန်သံကတောင် လပ်ဘ်ဒပ်ဘ်(lub dub)လို့ မဖြစ်တော့ဘဲ လင်းထက်လို့ဖြစ်နေပြီဆိုတာ"

"ဟာဗျာ...အစ်ကိုကတော့ဗျာ..."

နူးညံ့သော မျက်ဝန်းများမှ ယိုဖိတ်သော ရူးလောက်ဖွယ် ချစ်ခြင်းမေတ္တာအပိုင်းအစတို့ကြောင့် သည်တစ်ခါ မျက်လွှာချအရှုံးပေးလိုက်ရသူကလည်း လင်းထက်သာလျှင်ဖြစ်ပါတော့သည်။

ပိုချစ်တဲ့သူက
ပိုပြီး အရှုံးပေးတတ်တယ်တဲ့...
ချစ်ခြင်းရယ်ပြိုင်တဲ့အခါမှာရော...
နိုင်တဲ့သူက ပိုချစ်လေသလား...
ရှုံးတဲ့သူက ပိုချစ်လေသလား...

(lub, dub = normal heart sound)

*************

မိုးလင်းမိုးချုပ် ဆေးရုံနှင့်အိမ်အား သွားလိုက်ပြန်လိုက် ကူးချည်သန်းချည် ဖြတ်သန်းခဲ့ရသော နေ့ရက်တို့က အထူးတလည် သတိမထားမိခင်မှာဘဲ တတိတိကုန်ဆုံးလာခဲ့သည်။ အဆင်ပြေခဲ့သည့်နေ့ရက်တွေလည်းများခဲ့သလို မမြင်နိုင်သည့်စိတ်ပင်ပန်းမှုဒဏ်တွေကလည်း ပြေးမလွတ်ခဲ့ပါ။

သည်ကြားထဲ တစ်လျှောက်လုံး ဘေး၌ အမြဲဖေးမကာရှိနေခဲ့သည့် ထိုလူကြီးကြောင့် သူ့၏အလုပ်သင်ဆရာဝန်ဘဝက ပို၍အဓိပ္ပါယ်ရှိခဲ့ရတာတော့အမှန်။

စိတ်ပင်ပန်းတိုင်း အမြဲမှီတွယ်ခွင့်ရခဲ့သည့် ရင်ခွင်နွေးနွေးကြောင့် လုံခြုံပြည့်ဝခဲ့ရသည်။ အခက်အခဲတိုင်းအတွက် အမြဲအသင့်ရှိနေသော အကြံဉာဏ်တို့ကြောင့် သက်တောင့်သက်ဖြစ်ခဲ့ရသည်။ ဝေဝါးတွေဝေမှုတိုင်းအတွက် အတွေ့အကြုံရှိသော သွန်သင်ဆုံးမမှုတို့ကြောင့် လမ်းဖြောင့်ခဲ့ရသည်။

ချစ်ခြင်းတရားတို့အပြင် ကျေးဇူးတရားတို့ပါ ထပ်လောင်းလို့ ထိုလူကြီးအပေါ် လင်းထက်အကြွေးတို့တင်နေတော့သည်။ ထိုအကြွေးတို့ကို ဤဘဝတွင်ပင် အကြေမဆပ်နိုင်လည်း သံသရာထိပါ မငြိုမငြင်ယူဆောင်ချင်ပါသည်။

ရောက်လာစဉ်က Welcome ဖြင့် ကြိုဆိုခဲ့သလို ပြန်သွားတော့မည်ဆိုတော့လည်း Farewell ဖြင့် နှုတ်ဆက်ကြသည့် ဓလေ့အရ လင်းထက်တို့ ဟောက်ဆာဂျင်များ၏ အလုပ်သင်ကာလပြီးဆုံးသည့်အထိမ်းအမှတ် Farewell ကို အမျိုးသမီးအရိုးဆောင်၏အပေါ်ထပ် ခွဲစိတ်ဆောင်(၂) ၏ ဘေးစာသင်ဆောင်တွင် ကျင်းပပေးသည်။ စီနီယာအစ်ကိုအစ်မများကို ကျွေးမွေးရမည်ဆိုတော့လည်း အားလုံးဝိုင်းစဉ်းစားမိသည်က မရိုးနိုင်သော မုန့်ဟင်းခါးသာလျှင်။ ချက်ပြုတ်ဖို့တော့ မည်သူမှ တာဝန်မယူနိုင်တာမို့ ဆိုင်ကိုသာ အပ်ရသည်။

သူတို့ကို နှုတ်ဆက်သည့်ပွဲဖြစ်သော်လည်း စီနီယာတွေလာတော့ ဧည်ခံရတာလည်း သူတို့တာဝန်သာဖြစ်ရသည်။ မုန့်ဟင်းခါးများကို ပန်းကန်ထဲထည့်၍ ပြင်ဆင်ပေးသည့်အလုပ်ကို လင်းထက်နှင့်ကောင်းကောင်းက ဒိုင်ခံ တာဝန်ယူဖြစ်သည်။

ခဏခဏအနည်ထိုင်နေသော မုန့်ဟင်းရည်ကို အောက်ထိရအောင် မွှေနေတုန်း မုန့်ဟင်းခါးနံ့များကြားမှ ဖျတ်ခနဲတိုးတိုက်ဝင်လာသော အနံ့သင်းသင်းတစ်ခုကြောင့် လင်းထက်ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။ ချက်ချင်းလှုံးဆော်သော စိတ်အာရုံကြောင့် မော့ကြည့်မိတော့ အခန်းထဲဝင်လာသော လူသုံးယောက်ထဲ ထင်းလင်းစွာတွေ့လိုက်ရသော ထိုလူကြီးကြောင့် လင်းထက်နှုတ်ခမ်းတွေက ပြုံးခနဲ။

ပြောတော့ မအားလို့ မလာဘူးဆိုပြီး လူကိုစိတ်မကောင်းဖြစ်အောင်တော့ လုပ်ခဲ့သေးတာ။

ထိုလူကြီးတို့က လင်းထက်တို့ ဟင်းရည်ခပ်နေသည့်ဘေးရှိ ကပ်လျက်ဝိုင်းတွင်ဝင်ထိုင်သည်။

လင်းထက် ပန်းကန်တစ်ချပ်ကို ကပျာကယာယူလိုက်သည်။ ထို့နောက် မုန့်ဖက်ထည့်လိုက်ပြီး မုန့်ဟင်းရည်ကို ေသချာသမအောင်မွှေကာ ဘဲဥအနှစ်များ များများပါအောင် ခပ်ထည့်လိုက်သည်။ ထို့နောက် ငါးဖယ်၊ ငရုပ်သီးမှုန့်နှင့် အချဉ်တို့ကို မျှတအောင်ထည့်လိုက်သည်။ နံနံပင်ကတော့ ထိုလူကြီးမစားမှန်းသိတာမို့ မထည့်။

နံနံပင်က မြေကြီးတွင် ကပ်လျက်ပေါက်သည့် အပင်မျိုးဖြစ်၍ မမြင်နိုင်သည့် ဘက်တီးရီးယားတွေအများကြီးပါသောကြောင့်မစားတာတဲ့။ လင်းထက်ကတော့ စားတာပါပဲ။ ဘက်တီးရီးယားများ... နံနံပင်တင်မဟုတ်ဘူး...နေရာတိုင်းမှာရှိတာကို သူမကြိုက်တိုင်း အပိုတွေ။

အတွေးဖြင့် အားရပါးရပြုံးမိရင်း ပြင်ဆင်ပြီးသွားသော ပန်းကန်အား အကျအနကိုင်ကာ ထိုလူကြီးအရှေ့ချပေးဖို့ ပြင်လိုက်သည်။ သို့သော် ထိုလူကြီးက မျက်မှောက်ကုတ်ကာ မသိမသာ ခေါင်းခါပြသည်။ လင်းထက် ပန်းကန်ကိုကိုင်လျက် တစ်ချက်ကြောင်သွားရသည်။

ဘာလို့လဲ...။ မုန့်ဟင်းခါးမစားချင်လို့လား။

မဟုတ်လောက်ပါဘူး...။ ထိုလူကြီးက မုန့်ဟင်းခါးကြိုက်ပါတယ်။ တစ်နှစ်နီးပါးသော အချိန်အတွင်းမှာ သူ သေချာသိတာပေါ့။

ဒါဆို ဘာဖြစ်လို့လဲ...။

လင်းထက် မျက်လုံးပြူးပြပြီးမေးတော့ ထိုလူကြီးက ဘေးသို့ မျက်စပစ်ပြသည်။ လင်းထက် ချက်ချင်းနားမလည်။

ဘာလဲ...။ လူတွေအများကြီးကြားထဲမို့လိုလား...။ လူအများကြီးဆိုလည်း ဘာဖြစ်လဲ...။ သည်တိုင်း စီနီယာကို မုန့်ထည့်ပေး...အဲ...။

ရုတ်တရတ် ဝင်လာသောအတွေးကြောင့် ပန်းကန်ကိုကိုင်လျက် သူ ခပ်တောင့်တောင့်ဖြစ်သွားရသည်။ စိတ်ထဲ ထင်မိလိုက်သော အတွေးနှင့်အတူ မသိမသာနှုတ်ခမ်းကိုက်မိရင်း ထိုလူကြီးမျက်ရိပ်ပြရာ သူ့ဘေးသို့ စောင့်ငဲ့ကြည့်လိုက်တော့...

"အာ..."

လင်းထက်အား ခပ်ပြုံးပြုံးကြည့်နေသည့် သားဖွားဆောင်၏ ပရော်ဖက်ဆာအစ်မကိုတွေ့လိုက်ရချိန် မျက်နှာတစ်ခုလုံး ပူထူသွားရသည်။ လူသုံးယောက်ဝင်လာတာသိပေမဲ့ ထိုလူကြီးကိုပဲ ကြည့်လိုက်မိသည်မို့ ကျန်သည့်နှစ်ယောက်က ဘယ်သူတွေလဲ သတိမထားလိုက်မိတာ။ နောက်ပြီး နောက်ထပ်တစ်ယောက်ကလည်း မနှင်းယမုံဖူးဖြစ်နေသည်။

ရာထူးအလိုက် ရိုသေသမှုထားရှိတတ်သော နယ်ပယ်ဖြစ်သည့်အားလျှော်စွာ ပို၍စီနီယာကျသူကိုကျော်၍ သူ့အောက်မှလူကို အရင်မုန့်ချပေးသည်ဆိုတာက နည်းနည်းတော့ ရိုင်းပြသည့် အပြုအမူပင်မဟုတ်ပါလား။

ကံကောင်းသည်က သားဖွားဆောင်၏ပရော်ဖက်ဆာအစ်မက လုပ်ငန်းခွင်အပြင်၌ အနည်းငယ်သဘောကောင်းသည်ဟု သတ်မှတ်၍ရသည့် အမျိုးသမီးဖြစ်နေသောကြောင့်။

လင်းထက် ထိုအစ်မအား မချိသွားဖြဲ ရယ်ပြလိုက်မိရင်း

"မင်္ဂလာပါ အစ်မ" ဟု နှုတ်ဆက်ကာ ပြင်ဆင်ပြီးသား ပန်းကန်လေးအား ထိုအစ်မရှေ့ချပေးလိုက်ရသည်။ အစ်မက ပြုံးရင်း

"အစ်မ စားလို့တော့ ရတယ်မဟုတ်လား"

လင်းထက် မျက်နှာတစ်ခုလုံး ဖြန်းခနဲပူသွားရသည်။ သည်ပန်းကန်ကို သူ မည်သူ့အတွက် ပြင်ဆင်နေခဲ့ပြီး မည်သူ့ကိုပေးတော့မည်လဲဆိုတာက လုံးဝသိသာနေခဲ့သည်မဟုတ်လား။ လင်းထက်တို့၏ ဆက်ဆံရေးကို တစ်စွန်းတစ်စသိထားဟန်ရှိသော ထိုအစ်မ၏အပြုံးတွေကြောင့် နေရာမှာပင် အငွေ့ပျံပျောက်ကွယ်သွားချင်သလိုလို။

ထိုကြောင့် မျက်နှာပူပူနှင့် ခေါင်းငုံ့နှုတ်ဆက်ခဲ့ပြီး နောက်ထပ် ပန်းကန်နှစ်ချပ်ကိုယူကာ မုန့်နှစ်ပွဲအား အမြန်ထည့်လိုက်ရသည်။ သည်တစ်ခါတော့ ကောင်းပေ့ဆိုတာတွေကို ရွေးမထည့်ရဲတော့ဘဲ အဆင်ပြေရာတို့ကိုသာရွေးထည့်လိုက်ပြီး ထိုလူကြီးနှင့်အစ်မနှင်းယမုံဖူးရှေ့ချပေးခဲ့ကာ အခန်းထဲမှ ခပ်သုတ်သုတ်ထွက်ခဲ့လိုက်တော့သည်။

အပြင်ရောက်ရောက်ချင်း ကိုယ့်ခေါင်းကိုယ်သာ ခပ်ဖွဖွထုကာ တီးတိုးကျိန်ဆဲမိသည်။

"လင်းထက် ဘာဖြစ်လို့လဲ"

အပြင်တွင် သူ့၏မိန်းကလေး သူငယ်ချင်းများနှင့်ရပ်၍ စကားပြောနေသော ဝေဝေက လှမ်းမေးသည်။

"အာ ဘာမှမဖြစ်ပါဘူး"

ထို့နောက် ဝေဝေတို့ ဝိုင်းနားရောယောင်ရပ်နေရင်း ဟိုလူကြီးတို့ပြန်ထွက်အလာကိုစောင့်ရသည်။ အထဲကိုတော့ မျက်နှာပူလွန်း၍ ပြန်မဝင်ရဲတော့ပါ။

ခဏကြာတော့ ထိုလူကြီးတို့ပြန်ထွက်လာသည်။ ကလေးဆောင်မှပရော်ဖက်ဆာကပါ သားဖွားဆောင်၏ပရောဖက်ဆာအစ်မနှင့် စကားပြောရင်း ပါလာလေသည်။

လင်းထက်တို့နားရောက်လာတော့ လင်းထက်မှာ မချိသွားဖြဲရင်းသာ အကုန်လုံးကို ခေါင်းငုံ့နှုတ်ဆက်ရသည်။

"သူက လင်းသစ္စာနွယ်ရဲ့မောင်လေးလား"

ကလေးဆောင်မှအစ်မက မေးလာသောေကြာင့် လင်းထက် ယောင်နနနှင့် ခေါင်းညိတ်လိုက်ရသည်။

"ဟုတ်ကဲ့"

"ဪ အေး...အေး၊ ရုပ်လေးတွေကတော့ ခပ်ဆင်ဆင်ပါပဲ၊ မင်းကတော့ ငါမသင်ဖူးတော့ မသိဘူး၊ မင်းအစ်မကတော့ ကျောင်းမှာတုန်းက အမြဲထိပ်ဆုံးပဲနော်၊ သူတို့ဖြိုးစည်တို့ဆိုတာ အမြဲရှေ့ဆင့်နောက်ဆင့်"

လင်းထက် ဟိုလူကြီးထံ မသိမသာစောင်းငဲ့ကြည့်မိတော့ လင်းထက်ကို ပြုံးကြည့်နေသည်မို့ နာရွက်ဖျားတွေ ရှိုန်းခနဲ ဖြစ်သွားရသည်။

"ကဲ့အခု အလုပ်သင်ပြီးပြီဆိုတော့ ပို့စ်စတင်ဝင်ကြမှာလား"

"ဟုတ် ဝင်မှာပါ"

"ဘွဲ့လွန်ရော တက်ဖို့စိတ်ကူးရှိလား"

"အာ ဟုတ် ရှိပါတယ်အစ်မ"

"ဘာယူမယ် စဉ်းစားတုန်း"

"ဟို"

လင်းထက်ဖြေရန် ပါးစပ်မဟခင်မှာပင် သားဖွားဆောင်၏ပရော်ဖက်ဆာအစ်မကဝင်၍

"လင်းထက်နောင်က အိုဂျီယူမယ်ဆိုတာ ငါ မြေကြီးလက်ခတ်မလွဲလောင်းရဲတယ်ဟေ့"

လင်းထက် ပူလက်စမျက်နှာနှင့် ဟီးခနဲသာ သွားဖြီးပြလိုက်ရသည်။

"ဟုတ်လား၊ အိုဂျီစိတ်ဝင်စားတယ်ပေါ့၊ ကောင်းပါတယ်၊ အိုဂျီဆိုတာ တစ်ခါတည်းမှာ လူနှစ်ယောက်ရဲ့အသက်ကိုကယ်လို့ရတဲ့အလုပ်ပဲကို"

"အံမယ် တစ်ခါတလေ သုံးယောက်၊ လေးယောက်လည်းရှိပါတယ်နော်"

သားဖွားဆောင်ကအစ်မက ဝင်ပြောပြန်သည်။
ရံဖန်ရံခါရှိတတ်သည့် အမွှာမွေးခြင်းတို့ကို ဆိုလိုခြင်းဖြစ်လေသည်။

"အေးပါဟယ်၊ အဲ ဒါနဲ့ လင်းသစ္စာနွယ်တောင် လက်ထပ်တော့မယ်လို့သတင်းတွေကြားတယ်၊ ဟုတ်လား"

ထိုမေးခွန်းကြောင့် လင်းထက် မျက်နှာလေးတစ်ချက်အိုသွားရသည်။ ထိုကိစ္စနှင့်ပတ်သတ်ပြီး သတိရတိုင်း မမကို နှမြောစိတ်ဖြင့် သူဝမ်းနည်းနေရတာ။

"ဟုတ် နောက်လထဲ စေ့စပ်ပြီး၊ လက်ထပ်ပွဲကတော့ နောက်နှစ်ထဲမှပါ အစ်မ"

"ဪ...၊ အေးလေ မစောတော့ဘူးဆိုပေမဲ့ နှမြောသေးတာပါပဲ၊ ဒါနဲ့ မမကတော့ စွံတော့မယ်၊ မောင်လေးကရော တွေ့နေပြီလား"

လင်းထက် ဗြုန်းခနဲ ဟိုလူကြီးကို လှမ်းကြည့်မိတော့မလိုဖြစ်ပြီးမှ မနည်းပြန်ထိန်းလိုက်ရသည်။ သို့ပေမဲ့ ခစ်ခနဲတစ်ချက်ရယ်လိုက်သော မနှင်းယမုံဖူးနှင့် တံတောင်ဖြင့် တွတ်လာသော ဝေဝေတို့ကြောင့် အနည်းငယ်တော့ မူပျက်ရတာပင်။

"အံမယ် ကြည့်ရတာ၊ ရှိနေပြီထင်တယ်၊ သည်ခေတ်ကလေးတွေများ သွက်ချက်တွေနော်၊ အေးလေ သည်အရွယ်ကတည်းက ရှာမှလည်း ကောင်းမှာကိုး၊ ဖြိုးစည်တို့များ အဲအရွယ်ကတည်းက မရှာခဲ့တော့ အခုတော့ ဟိုင်းနေပြီမဟုတ်လား"

"အာ...အစ်မကလည်း"

ထိုလူကြီးက ခပ်ညည်းညည်းဆိုချိန် ဝေဝေက လင်းထက်ကို ကွယ်၍ ကြိတ်ရယ်သည်။ မနှင်းယမုံဖူးကလည်း ထိုလူကြီး၏လက်မောင်းကို တစ်ချက်တွတ်ကာရယ်သည်။ လင်းထက်နှင့်ထိုလူကြီးမှာသာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ အမ်းတမ်းတမ်းမျက်နှာများဖြင့်။ နောက်ဆုံး သားဖွားဆောင်မှအစ်မက မနေနိုင်တော့ဟန် အသံထွက်ရယ်မောရင်း

"ကဲ့ လာပါ သီတာရယ်၊ သည်ခေတ်ကလေးတွေအကြောင်း နင်ဘာမှမသိသေးပါဘူးဟယ်"ဟု ပြောကာ ဆွဲခေါ်သွားလေတော့သည်။

ထို့နောက်တွင်တော့ ဝေဝေက သူ့အဖွဲ့တွေရှိရာသို့ ပြန်သွားချိန် မနှင်းယမုံဖူးကလည်း

"ကဲ့ တချို့ နေခဲ့ချင်တဲ့လူတွေရှိရင်လည်း နေခဲ့လို့ရတယ်နော်၊ တို့ကတော့ အလုပ်လေးတွေရှိလို့ ပြန်လိုက်ပါဦးမယ်"

ထိုလူကြီး ပြန်လိုက်သွားမည်ဟု ထင်မိပေမဲ့ ပြန်မလိုက်သွားဘဲ ခဏနေခဲ့ပေးသေးတာကြောင့် လင်းထက်မှာ အပြုံးနုနုတို့ ဖောသီသွားရသည်။

"အစ်ကို့...လာ၊ ဟိုနားကိုသွားရအောင်"

တစ်ဖက်လူရှင်းသည့် ခွဲစိတ်ဆောင်၏ ဝရန်တာဘေးသို့ လင်းထက် ဆွဲခေါ်တော့ ထိုလူကြီးက အသာတကြည်လိုက်လာပါသည်။

"စောနကလေ ကျွန်တော် တကယ်ထူပူသွားတာ သိလား"

"မင်းက ရှေ့မကြည့်နောက်မကြည့်လေ"

"ရှေ့မကြည့်နောက်မကြည့်တာ မဟုတ်ပါဘူးနော်၊ ကျွန်တော့မျက်လုံးတွေက အစ်ကိုတစ်ယောက်တည်းကိုပဲ အမြဲမြင်နေမိအောင် အစ်ကိုက စွဲဆောင်နေတာကို"

လင်းထက်စကားအဆုံး ထိုလူကြီးက ဖျတ်ခနဲ ပြုံးရင်း မျက်နှာလွှဲသည်။ သို့သော်လင်းထက်က ထိုအပြုံးကို မရမက လိုက်ဖမ်းသည့်အခါ နဖူးထက် လက်ဖြင့် ခပ်ဖွဖွတွန်းထိုးလာရင်း ရယ်သံလွင်လွင်ကို တိုးဖွဖွထုတ်လွှတ်သည်။

ထို့နောက်တွင်တော့ ဝရံတာဘေး အေးမြမြလေနုအေးနှင့်အတူ သားဖွားဆောင်မှ လူပျိုကြီးနှင့် အလုပ်သင်နောက်ဆုံးနေ့ဆရာဝန်လေးတို့ဟာ ကြားလေမသွေးနိုင်သည့် ညင်းသွဲ့သွဲ့ရယ်မောမှုများဖြင့် လေပြေတို့ကို ချိုနေစေခဲ့သည်။

*****************

ဖြိုးစည်လင်းသူ - December 23,1993

(Capricon) (Thurs)

လင်းထက်နောင် - May 6,1998

(Taurus)(Wed)

ဖြိုးစည်လင်းသူက ဒီဇင်ဘာလ ၂၃ ရက်, ၁၉၉၃, ကြာသပတေးသားဖြစ်ပြီး Zodiac Sign ကတော့Capricorn ဖြစ်ပါတယ်။ လွှမ်းမိုးတဲ့ ဂြိုလ်က စေတန်ဂြိုလ်ဖြစ်ပြီး Earth Sign ထဲမှာပါပါတယ်တဲ့။

Capricorn တွေက ရည်မှန်းချက်ကြီးမားပြီး ဇွဲကြီးတယ်။ Workholic သမားတွေလို့အခေါ်ခံရအောင် အလုပ်နဲ့ပတ်သတ်ပြီး တာဝန်ယူမှုရှိတယ်၊ စည်းစနစ်ကြီးပြီးတိကျတယ်။ စည်းကမ်းလိုက်နာတတ်ပြီး ပေးထားတဲ့ကတိကို တည်အောင်လုပ်တတ်ကြတယ်။ Capricorn အများစုမှာ ဒီဇင်ဘာလရဲ့ Capricorn တွေက Introvert လေးတွေများပြီး အေးတိအေးစက် နိုင်ကြပါတယ်တဲ့။ Romantic လည်းမဆန်တတ်ပါဘူးတဲ့။(တို့လူပျိုကြီးကတော့ ချွင်းချက်ပေါ့😂)

လင်းထက်နောင်လေးကတော့ မေလ ၆ ရက်,၁၉၉၈,ဗုဒ္ဓဟူးသားဖြစ်ပြီး Zodiac Sign ကတော့ Taurus ပါ။ လွှမ်းမိုးတဲ့ ဂြိုလ်ကတော့ ဗီးနပ်ဖြစ်ပြီး ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်တွေပါတဲ့။ စိတ်ခံစားမှုလွယ်ပြီး romance ဖြစ်တဲ့ ချစ်ခြင်းမေတ္တာတွေကို သဘောကျပါတယ်တဲ့။ ဂရိဒဏ္ဍာရီမှာ Goddess of Love လို့ သတ်မှတ်ခံရတဲ့ ဗီးနပ်နတ်ဘုရားမရဲ့လွှမ်းမိုးမှုအောက်မှာပေါ့။ Earth Sign ထဲမှာ ပါဝင်ပြီး သူတို့နဲ့အဆင်ပြေနိုင်တဲ့ တွဲဖက်ရာသီခွင်ကလည်း Earth Sign နဲ့ Water Sign ပါတဲ့။ Introvert နဲ့ Emotional သမားလိုဖြစ်နေနိုင်တာများပေမဲ့ မြေကြီးနဲ့မြေကြီးပေါင်းစပ်တဲ့အခါ ပိုမိုသန်မာသွားနိုင်တာမျိုးပါတဲ့။

ဒါကြောင့် Cappy လူပျိုကြီးနဲ့ ခိုင်မာတဲ့ကြိုးတွေကို တည်ဆောက်နိုင်နေတာပေါ့။

ဒီZodiac sign လေးတွေရဲ့ အဓိပ်ပါယျကို ကိုယ်facebookကနေရှာပြီးရေးထားတာပါ။ ဆိုင်ရာဆိုင်ရာတွေကို crd အပြည့်အဝပေးပါတယ်ရှင့်။

ဒါနဲ့ lub and dub ဆိုတာက ကိုယ်တို့ရဲ့ Normal heart sound ပါ။ ဒိတ်...ဒိတ်...ဒိတ်တို့ ဒုန်းဒုန်းဒုန်းတို့မဟုတ်ဘူးနော်😂။ Sound 1,2,3,4 ဆိုပြီးရှိတဲ့အထဲမှာ 1 နဲ့ 2 ရဲ့အသံပါ။ Healthy ဖြစ်တဲ့ နှလုံးတွေမှာ ရှိတဲ့အသံမျိုးပေါ့။ Heart valve ကလေးတွေ ဖွင့်ရာပိတ်ရာကနေ ထွက်လာတဲ့အသံလို့ အကြမ်းဖျင်းပြောလို့ရတယ်။ အသေးစိတ်သိချင်တယ်ဆိုရင်တော့ heart sound ဆိုပြီး google မှာ ရိုက်ရှာရင် wikipedia site ထဲမှာ ပြည့်ပြည့်စုံစုံဝင်ဖတ်လို့ရပါတယ်။ စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ ကိုယ်ရှင်းပြနေရင် လည်နေပြီး fic ကနေ lecture တွေဖြစ်ကုန်မှာစိုးလို့😂

အားလုံးကို ကျေးဇူးတင်လျက်
ဆာကူရာရိန်း🌸



Continue Reading

You'll Also Like

1.1M 117K 198
ကောင်းကျိုးမပေးသော သမီးပျို မူရင်းစာရေးဆရာ - North Night မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady ဘာသာပြန် -NEVER စာမြည်း ၂၄ရာစု...
593K 68K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
763K 33.2K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...