အခန်း (၁၇၂၉) : ကိုယ့်ကိုပဲ ကြည့်နေစေချင်တယ်
ဂူမန်မန် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
ဂရက်ဂိုရီနှင့် နှိုင်းယှဉ်လိုက်လျှင် သူမက သုံးကြိမ် လက်ထပ်ထားသည့် အတွေ့အကြုံရှိသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။
ထို့ကြောင့် ပိုပြီးတော့ ရင့်ကျက်သည့်ပုံစံ ပြုမူသင့်သည်။
ထို့အပြင် သူမက ဝံပုလွေပေါက်လေးကောင်၏ မိခင်ဖြစ်ပြီး ဂရက်ဂိုရီက အသက်၁၆ နှစ်သာ ရှိသူ ဖြစ်ခဲ့သည်။
သူတောင် အရွယ်ရောက်လာပြီဆိုတော့ သူမလည်း ထပ်ပြီးတော့ မူမနေသင့်တော့ဘူး
သူမ၏ သေးငယ်နူးညံ့သောလက်လေးဖြင့် သူ့ပါးလေးကို ထိကာ ပြောလိုက်သည်
" ကျမက ဒီလိုတောင်းဆိုမှုမျိုးကို နှစ်ပေါင်းတစ်ထောင်တောင် စောင့်နေခဲ့တာကို ရှင်သိရဲ့လား"
ဂရက်ဂိုရီ ကြောင်အသွားကာ ရုတ်တရက် ဘယ်လိုတုံပြန်ရမည်ဆိုတာကိုပင် မသိတော့ပေ။
တကယ်တော့ သူက ဂူမန်မန် ငြင်းတာဖြစ်ဖြစ် စွန့်ပစ်တာကိုဖြစ်ဖြစ် ခံဖို့ အသင့်ပြင်ထားပြီးပြီ
အဲလိုအရာသာ ဖြစ်လာရင် သူ့အတွက်တော့ သေဆုံးခြင်းပဲ
သူမသာ သူ့ကို မလိုချင်တော့ဘူးဆိုရင် သူ ကောင်းကင်ယံအထိ ပျံသန်းသွားပြီးတော့ အမြင့်ရောက်တာနဲ့ တောင်ပံကို ရုတ်ပြီး ကိုယ့်ကိုယ်ကို ငှက်စာအဖြစ် ခံလိုက်မှာ။ ဒါမှ သူ့ဝိညာဉ်က ကောင်းကင်မှာ အမြဲတမ်းရှိနေပြီးတော့ သူမ ဘယ်နေရာမှာ ရောက်ရောက် သူ မြင်နေနိုင်မှာလေ
သူက သူမ၏ ကြင်နာမှုအပေါ်မှာ လောင်းကြေး ထပ်နေခဲ့သည်။ အရင်တုန်းက သူ တောင်ပံကျိုးပြီး မျက်လုံးကန်းခဲ့သည့်အတွက် သူမက မနေနိုင်ပဲ သဘောတူမည်ဟု သူ မှန်းဆထားခဲ့သည်။
ဒါပေမဲ့ သူမ တကယ် ပြောလာတဲ့စကားက ဒီတောင်းဆိုမှုကို နှစ်ပေါင်းတစ်ထောင်တောင် စောင့်နေခဲ့တာတဲ့လား
ဒါဆို....
သတ္တိကြောင်နေခဲ့ပြီးတော့ နှစ်ပေါင်းတစ်ထောင် အချိန်ဖြုန်းနေခဲ့မိတာလား
သူက မျက်ရည်တွေဝဲရင်း ဂူမန်မန်ကို ရင်ခွင်ထဲမှာ တင်းကြပ်စွာ ဖက်ထားရင်း ပြောလိုက်သည်
" တောင်းပန်ပါတယ် မန်လေး။ ကိုယ် အသုံးမကျလို့ မင်းကို အကြာကြီးစောင့်နေရအောင် လုပ်ခဲ့မိတယ်"
" ရှင်သာ ကျမရဲ့အပိုင်ဖြစ်လာမယ်ဆိုရင် ကျမ ဒီထက်ပိုပြီး အကြာကြီး စောင့်ရမယ်ဆိုရင်လည်း အဆင်ပြေပါတယ်"
ဂရက်ဂိုရီ၏ ရင်ထဲနွေးထွေးသွားရသည်။
ပထမဆုံးအကြိမ်အနေနဲ့ သူ့ဘက်မှ စတင် နမ်းရှိုက်လိုက်သည်။
သူ နှစ်တစ်ထောင်လောက် အိပ်မက်မက်ခဲ့ရသည့်အရာကို လက်တွေ့ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။ တကယ် လက်တွေ့လုပ်ဆောင်လိုက်သည့်အခါ သူဘာလို့ လေ့ကျင့်မိခဲ့မှန်း မသိဘူးဟုပင် တွေးမိသည်။
သူသိတာတစ်ခုက အရမ်းနစ်မြောပြီး ပျော်ရွှင်ဖို့ ကောင်းသည်ဟုသာ ဖြစ်သည်။ အရာအားလုံးက သဘာဝအရ သူ့အလိုလို လုပ်ဖြစ်သွားသည်။
" မဖြစ်ဘူး....ဖေးလွေ့လည်း ရှိနေတယ်လေ"
ထိုနေရာမှာတင် တစ်ဆင့်တက်တော့မည့် ဂရက်ဂိုရီကို ဂူမန်မန်က ခပ်ဖွဖွတွန်းကာ စန္ဒယားတီးနေခဲ့သော ဖေးလွေ့ကို လှည့်ကြည့်လိုက်တော့ ဖေးလွေ့က မရှိတော့ပေ။
" မင်း ကိုယ့်ကိုနမ်းဖို့ ရင်ခွင်ထဲ ဝင်လာကတည်းက သူ ထွက်သွားတာလေ"
" ဒါဆို သူတိတ်တိတ်လေး ထွက်သွားလို့ရအောင် ရှင်က ကျမကို တောင်ပံနဲ့ အုပ်ထားခဲ့တာလား"
" ဟုတ်တယ်... တစ်ခြားသူတွေ မင်းရဲ့အာရုံကို ဖမ်းစားသွားမှာကို ကိုယ်မလိုချင်ဘူး။ ကိုယ့်ကိုပဲ ကြည့်နေစေချင်တာ"
" ဒီနေရာမှာ ကျမအပြင် တစ်ခြားသူ ရှိသေးလို့လား"
ဂရက်ဂိုရီက ခေါင်းယမ်းပြကာ ပြောလိုက်သည်
" ကိုယ်က ရဲတိုက်လိုမျိုး အဆောက်အဦးမျိုးကို ဝယ်ဖို့တော့ မတတ်နိုင်ပါဘူး။ ကိုယ့်ပိုက်ဆံနဲ့ဆိုရင် ဒီလိုမျိုး သေးငယ်တဲ့ ဗီလာလေးတစ်ခုပဲ ဝယ်လို့ရတယ်"
" ရှင်က ရဲတိုက်ထဲမှာ နေရတာ မကြိုက်လို့လား"
" မဟုတ်ပါဘူး။ မင်းသာ အတူတူ ရှိနေပေးရင် ဘယ်နေရာဖြစ်ဖြစ် ကိုယ်နေချင်ပါတယ်။ ဒါပေမဲ့ ကိုယ်မင်းအတွက် အသိုက်တစ်ခု ပြင်ဆင်ပေးဖို့ လိုတယ်လေ။ ဒါမှ ရှေ့လျှောက် မင်းက ကိုယ့်အတွက် ဥ ဥပေးချင်ရင် အဆင်ပြေမှာလေ။ မင်းကို သစ်ကိုင်းပေါ်မှာ ဥခိုင်းလို့တော့ မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား"
ဂူမန်မန်က ဟက်ဟက်ပက်ပက်ရယ်မောကာ မေးလိုက်သည်
" ဒီဗီလာကို ဝယ်ဖို့ ရှင် ဘယ်ကနေ ပိုက်ဆံရခဲ့တာလဲ"
" ဖေးလွေနဲ့ ကိုယ်က ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုမှာ စာချုပ်တစ်ခုချုပ်ပြီးတော့ အုပ်စုထဲမှာ အဆိုတော်အဖြစ် ပွဲဦးထွက်ခဲ့တယ်။ ကိုယ် လီရာကို စာချုပ်ဖတ်ခိုင်းကြည့်တော့လည်း ဘာပြဿနာမှ မရှိဘူးလို့ ပြောတယ်။
ကိုယ် စာချုပ်ချုပ်လို့ ရတဲ့ငွေကို ဒီအိမ်ဝယ်ဖို့ အကုန်လုံး သုံးလိုက်တယ်။ မန်လေး ပိုက်ဆံကို မင်းဆီ မအပ်ပဲ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် သုံးခဲ့မိလို့ တောင်းပန်ပါတယ်နော်။ ဒါပေမဲ့ ကိုယ့်ဘာသာကို ဆုံးဖြတ်ချက်ချတာ ဒီတစ်ခါပဲ ဖြစ်ရပါစေမယ်လို့ ကိုယ် ကတိပေးပါတယ်။ ရှေ့လျှောက် ကိုယ်ရှာလို့ရတဲ့ ပိုက်ဆံမှန်သမျှ မင်းဆီကို လွှဲပေးပါမယ်နော် ... အဲဒါကြောင့် ကိုယ့်ကို စိတ်မဆိုးပါနဲ့နော်"
" ကျမ စိတ်မဆိုးပါဘူး နည်းနည်း စိတ်လှုပ်ရှားသွားလို့ပါ"
အခန်း (၁၇၃၀) : နှစ်တစ်ထောင်ကြာ ချစ်ခြင်းကို အကောင်အထည်ဖော်ခြင်း
ဂရက်ဂိုရီက ဘာမှမပြောဘဲ ဂူမန်မန်ကိုသာ စိုက်ကြည့်နေသည်။
ဂူမန်မန်က ပြုံးကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်
" သားရဲကမ္ဘာမှာဆိုရင် ရှင်က မော့တိုတောင်ပေါ်မှာ အမြင့်မြတ်ဆုံး တည်ရှိမှုဖြစ်ပြီးတော့ တစ်ခြားကိစ္စတွေမှာ ဝင်မပါတတ်ဘူး။ ရှင်က လေထုနဲ့ နှင်းတွေကို အဖော်ပြုရင်း နတ်ဘုရားတစ်ပါးလိုမျိုး ရှင်သန်လာခဲ့တာလေ ... ကျမအတွက်တော့ ရှင်က မြင့်မြတ်တဲ့ ရာထူးကို စွန့်လွှတ်ပြီးတော့ တစ်ခြားသားရဲတွေလိုမျိုး နေထိုင်ကြည့်ဖို့ သင်ယူမယ်ဆိုတာနဲ့တင် ကျမအတွက်ပဲ ရှင်သန်ပေးသလို ခံစားရစေတယ်"
" ရှင်က ကျမအတွက် တောင်ပံတွေကို ချိုးပြီးတော့ တစ်ကမ္ဘာလုံးကို ခြုံငုံကြည့်နိုင်တဲ့ မျက်လုံးတွေကိုလည်း စတေးခဲ့တာလေ။ ရှင် ဒဏ်ရာတွေ ရပြီးတော့ ကျမကို ကျောပေးထိုင်နေတုန်းက ရှင် ဘယ်လိုပုံစံမျိုး ဖြစ်ခဲ့လဲဆိုတာကို ကျမ လုံးဝ မေ့လို့မရဘူး။ ကမ္ဘာကြီးတုန်ခါနေတဲ့အချိန်မှာ ရှင် တည်ငြိမ်နေခဲ့ပေမဲ့ ကျမ လဲကျသွားတာကြောင့်နဲ့တင် ရှင် သွေးမျက်ရည်ကျခဲ့ရတာကို ကျမ ပိုပြီးတော့ မမေ့နိုင်ဘူး"
" ရှင်က နှစ်ပေါင်းတစ်ထောင်လုံး စနိတ်ခ်ကို တိတ်တဆိတ် စောင့်ရှောက်ပေးခဲ့ပေမဲ့ ရှင်ပြန်လာတော့ ကျမဆီကနေ ဘာမှလည်း မတောင်းဆိုခဲ့ဘူး။ အခုလည်း ရှင်က တစ်ခြားသူတွေရဲ့ အာရုံစိုက်ခံရတာကို မကြိုက်တာတောင် ကျမအတွက် 'အိမ်' ဝယ်ပေးဖို့အတွက် မီးရောင်အောက်မှာ ရပ်နေခဲ့ရတယ်။ ငှက်တစ်ကောင်မှာလည်း ရှိသင့်တဲ့ ဂုဏ်သိက္ခာဆိုတာ ရှိသေးတယ်...ရှင် သီချင်းဆိုတာကလည်း မိတ်ဖက်ဖို့အတွက်ပဲဆိုပြီးတော့ ရှင် သေချာပြောပြခဲ့ဖူးတယ်"
" ဒါပေမဲ့ အခုတော့ ရှင်က...."
ဂူမန်မန် ဘာမှဆက်ပြီး မပြောနိုင်တော့ပေ။
သူမအတွက် ဂရက်ဂိုရီ စတေးခဲ့ရသော အရာတွေကို အဆိုးမြင်ဝါဒစကားတွေ သုံးပြီး မပြောရက်ပေ။
သူမအတွက်နဲ့ ငှက်တစ်ကောင်အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ဂုဏ်သိက္ခာကိုတောင် စွန့်လွှတ်ခဲ့တယ်။ သူ့ရဲ့ စတေးမှုကို အရေးမပါသလိုမျိုး မလုပ်ရက်ဘူး
" မင်းအတွက် ကိုယ် လုပ်ခဲ့သမျှက မှန်ကန်ပါတယ်"
" မဟုတ်ဘူး ဂရက်ဂိုရီ"
" တစ်ခြားသူတွေအတွက် အားအင်စိုက်ထုတ်ပြီး ကိုယ်တိုင်ကျ သေမဲ့လမ်းကို သွားတဲ့သူဆိုတာ မရှိဘူးလေ။ ရှင့်ရဲ့ အားစိုက်ထုတ်မှုတွေက ကျမကို ချစ်လို့ လုပ်ပေးတာဆိုတာကို ကျမ သိပါတယ်"
ဂရက်ဂိုရီ၏ နှလုံးသား အနည်းငယ် လှုပ်ခတ်သွားရသည်။
သူ သူမကို ချစ်တာကို သူမ သိတယ်တဲ့
ဒီလောက်ဆိုရင် လုံလောက်ပြီ
ရိုမတ်တစ်ဆန်သော ညကောင်းကင်ယံတွင် ကြယ်တွေလည်း လင်းလက်တောက်ပနေသည်။ နှစ်ပေါင်းတစ်ထောင် ကြာရှည်ခဲ့သော ချစ်ခြင်းကို လတ်ဆတ်သော ပန်းပွင့်များ ဖုံးအုပ်နေသည့် အခန်းငယ်ထဲတွင် အကောင်အထည် ဖော်နိုင်ခဲ့သည်။
သူ့ရင်ခွင်ထဲမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေသော အမျိုးသမီးလေးကို ကြည့်ရင်း ပျော်လွန်းသည့်အတွက် ဂရက်ဂိုရီ မျက်ရည်ပင်ကျမိသည်။
သူမ၏ နူးညံ့သော ကျောကုန်းက ကောင်းကင်သဖွယ် ဖြစ်နေပြီး သူမ၏ ပုခုံးပေါ်တွင် တောင်ပံကိုဖြန့်ထားသော လင်းတတစ်ကောင် ပျံသန်းနေသည်။
" အရမ်းပျော်တာပဲ" ဂရက်ဂိုရီက ပြောလိုက်သည်။
ထိုနေရာက သူမ၏ နှလုံးသားနှင့် နီးစပ်သော နေရာ မဟုတ်သော်လည်း သူ အလွန်ကျေနပ်မိသည်။
စနိတ်ခ်နှင့် ဂူမန်မန် ပါတနာဖြစ်လာပြီးကတည်းက သူ၏ ကာကွယ်ခြင်း အမှတ်အသားက ပျောက်ကွယ်သွားပြီး သူမ၏ နှလုံးသားပေါ်တွင် အစိမ်းပုတ်ရောင် မြွေအမှတ်အသား ရောက်သွားသည်။
သူမ၏ ကျောဘက်တွင် ကာကွယ်ပေးမည့်သူ မရှိသည့်အတွက် သူ အမြဲတမ်း စိတ်ပူနေခဲ့သည်။
ယခု သူက သူမ၏ ကျောကုန်းပေါ်မှ မျက်စိတစ်စုံ ဖြစ်လာပြီဖြစ်သည့်အတွက် သူ့ဆန္ဒတွေ ပြည့်ဝသွားပြီ ဖြစ်သည်။
ထိုနေရာအပြင် တစ်ခြားနေရာမှာ အမှတ်အသားကို မရှိစေချင်ပေ။
ဒီနေ့ကစပြီး သူမ၏ ကျောဘက်ကို သူ ကာကွယ်ပေးမည်ဖြစ်သည်။
" ကိုယ် မင်းကို တစ်သက်လုံး စောင့်ရှောက်သွားမယ်"
နောက်တစ်နေ့မနက် ဂူမန်မန်နိုးလာသည့်အခါ သူမ အနည်းငယ်ခေါင်းမူးနေသည်။
ဒီလိုခံစားမှုမျိုးကို ခံစားဖူးကြလား
လက် ကျဉ်တဲ့အထိ အိပ်မိလို့ တစ်ခြားဘက်ကို လှည့်ဖို့ လုပ်လိုက်ပေမဲ့ လှုပ်လို့မရတော့တဲ့ ခံစားချက်မျိုး
သူမ ထိတ်လန့်တကြားနိုးလာပြီးနောက် သူမ လေထဲသို့ ရောက်ရှိနေသည်ကို သတိထားလိုက်မိသည်။
ဟုတ်တယ်..သူမ လေထဲမှာ ရောက်နေတာ
ဂရက်ဂိုရီရဲ့ ကျောပေါ်မှာ ...
သူမကို ကျောပေါ်မှာ တင်ထားကာ အိပ်ရာခင်းဖြင့် ပတ်ချည်ထားပြီး ဘာအကြောင်းအရင်းကြောင့်မှန်းမသိ ပျံသန်းခေါ်ဆောင်သွားခြင်းကို ခံနေရသည်။
" ဂရက်ဂိုရီ"
ဂူမန်မန်ခေါ်လိုက်တော့ သူမ ပြန်လည်ရရှိလိုက်သည့် တုံ့ပြန်မှုက 'ငှက်အော်သံ'ပင် ဖြစ်သည်။
အင်း...သူမရဲ့ သားလေးယောက်အပြင် အခုတော့ သူမရဲ့ပါတနာတွေနဲ့ပါ စကားပြောဖို့ အခက်အခဲ ရှိနေတာလား
သားရဲနတ်ဘုရား ဖြစ်လာပြီးတော့လည်း သားရဲဘာသာစကားကို အခုထိ နားမလည်သေးဘူး။ ဘယ်သူမှ ဒါကြီးကို မပြင်ပေးကြတော့ဘူးလား
************
အခန္း (၁၇၂၉) : ကိုယ့္ကိုပဲ ၾကည့္ေနေစခ်င္တယ္
ဂူမန္မန္ အသက္ျပင္းျပင္း ရႉသြင္းလိုက္သည္။
ဂရက္ဂိုရီႏွင့္ ႏႈိင္းယွဥ္လိုက္လွ်င္ သူမက သုံးႀကိမ္ လက္ထပ္ထားသည့္ အေတြ႕အႀကဳံရွိေသာ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္သည္။
ထို႔ေၾကာင့္ ပိုၿပီးေတာ့ ရင့္က်က္သည့္ပုံစံ ျပဳမူသင့္သည္။
ထို႔အျပင္ သူမက ဝံပုေလြေပါက္ေလးေကာင္၏ မိခင္ျဖစ္ၿပီး ဂရက္ဂိုရီက အသက္၁၆ ႏွစ္သာ ရွိသူ ျဖစ္ခဲ့သည္။
သူေတာင္ အ႐ြယ္ေရာက္လာၿပီဆိုေတာ့ သူမလည္း ထပ္ၿပီးေတာ့ မူမေနသင့္ေတာ့ဘူး
သူမ၏ ေသးငယ္ႏူးညံ့ေသာလက္ေလးျဖင့္ သူ႔ပါးေလးကို ထိကာ ေျပာလိုက္သည္
" က်မက ဒီလိုေတာင္းဆိုမႈမ်ိဳးကို ႏွစ္ေပါင္းတစ္ေထာင္ေတာင္ ေစာင့္ေနခဲ့တာကို ရွင္သိရဲ႕လား"
ဂရက္ဂိုရီ ေၾကာင္အသြားကာ ႐ုတ္တရက္ ဘယ္လိုတုံျပန္ရမည္ဆိုတာကိုပင္ မသိေတာ့ေပ။
တကယ္ေတာ့ သူက ဂူမန္မန္ ျငင္းတာျဖစ္ျဖစ္ စြန႔္ပစ္တာကိုျဖစ္ျဖစ္ ခံဖို႔ အသင့္ျပင္ထားၿပီးၿပီ
အဲလိုအရာသာ ျဖစ္လာရင္ သူ႔အတြက္ေတာ့ ေသဆုံးျခင္းပဲ
သူမသာ သူ႔ကို မလိုခ်င္ေတာ့ဘူးဆိုရင္ သူ ေကာင္းကင္ယံအထိ ပ်ံသန္းသြားၿပီးေတာ့ အျမင့္ေရာက္တာနဲ႔ ေတာင္ပံကို ႐ုတ္ၿပီး ကိုယ့္ကိုယ္ကို ငွက္စာအျဖစ္ ခံလိုက္မွာ။ ဒါမွ သူ႔ဝိညာဥ္က ေကာင္းကင္မွာ အၿမဲတမ္းရွိေနၿပီးေတာ့ သူမ ဘယ္ေနရာမွာ ေရာက္ေရာက္ သူ ျမင္ေနႏိုင္မွာေလ
သူက သူမ၏ ၾကင္နာမႈအေပၚမွာ ေလာင္းေၾကး ထပ္ေနခဲ့သည္။ အရင္တုန္းက သူ ေတာင္ပံက်ိဳးၿပီး မ်က္လုံးကန္းခဲ့သည့္အတြက္ သူမက မေနႏိုင္ပဲ သေဘာတူမည္ဟု သူ မွန္းဆထားခဲ့သည္။
ဒါေပမဲ့ သူမ တကယ္ ေျပာလာတဲ့စကားက ဒီေတာင္းဆိုမႈကို ႏွစ္ေပါင္းတစ္ေထာင္ေတာင္ ေစာင့္ေနခဲ့တာတဲ့လား
ဒါဆို....
သတၱိေၾကာင္ေနခဲ့ၿပီးေတာ့ ႏွစ္ေပါင္းတစ္ေထာင္ အခ်ိန္ျဖဳန္းေနခဲ့မိတာလား
သူက မ်က္ရည္ေတြဝဲရင္း ဂူမန္မန္ကို ရင္ခြင္ထဲမွာ တင္းၾကပ္စြာ ဖက္ထားရင္း ေျပာလိုက္သည္
" ေတာင္းပန္ပါတယ္ မန္ေလး။ ကိုယ္ အသုံးမက်လို႔ မင္းကို အၾကာႀကီးေစာင့္ေနရေအာင္ လုပ္ခဲ့မိတယ္"
" ရွင္သာ က်မရဲ႕အပိုင္ျဖစ္လာမယ္ဆိုရင္ က်မ ဒီထက္ပိုၿပီး အၾကာႀကီး ေစာင့္ရမယ္ဆိုရင္လည္း အဆင္ေျပပါတယ္"
ဂရက္ဂိုရီ၏ ရင္ထဲေႏြးေထြးသြားရသည္။
ပထမဆုံးအႀကိမ္အေနနဲ႔ သူ႔ဘက္မွ စတင္ နမ္းရႈိက္လိုက္သည္။
သူ ႏွစ္တစ္ေထာင္ေလာက္ အိပ္မက္မက္ခဲ့ရသည့္အရာကို လက္ေတြ႕ လုပ္ေဆာင္လိုက္ျခင္းျဖစ္သည္။ တကယ္ လက္ေတြ႕လုပ္ေဆာင္လိုက္သည့္အခါ သူဘာလို႔ ေလ့က်င့္မိခဲ့မွန္း မသိဘူးဟုပင္ ေတြးမိသည္။
သူသိတာတစ္ခုက အရမ္းနစ္ေျမာၿပီး ေပ်ာ္႐ႊင္ဖို႔ ေကာင္းသည္ဟုသာ ျဖစ္သည္။ အရာအားလုံးက သဘာဝအရ သူ႔အလိုလို လုပ္ျဖစ္သြားသည္။
" မျဖစ္ဘူး....ေဖးေလြ႕လည္း ရွိေနတယ္ေလ"
ထိုေနရာမွာတင္ တစ္ဆင့္တက္ေတာ့မည့္ ဂရက္ဂိုရီကို ဂူမန္မန္က ခပ္ဖြဖြတြန္းကာ စႏၵယားတီးေနခဲ့ေသာ ေဖးေလြ႕ကို လွည့္ၾကည့္လိုက္ေတာ့ ေဖးေလြ႕က မရွိေတာ့ေပ။
" မင္း ကိုယ့္ကိုနမ္းဖို႔ ရင္ခြင္ထဲ ဝင္လာကတည္းက သူ ထြက္သြားတာေလ"
" ဒါဆို သူတိတ္တိတ္ေလး ထြက္သြားလို႔ရေအာင္ ရွင္က က်မကို ေတာင္ပံနဲ႔ အုပ္ထားခဲ့တာလား"
" ဟုတ္တယ္... တစ္ျခားသူေတြ မင္းရဲ႕အာ႐ုံကို ဖမ္းစားသြားမွာကို ကိုယ္မလိုခ်င္ဘူး။ ကိုယ့္ကိုပဲ ၾကည့္ေနေစခ်င္တာ"
" ဒီေနရာမွာ က်မအျပင္ တစ္ျခားသူ ရွိေသးလို႔လား"
ဂရက္ဂိုရီက ေခါင္းယမ္းျပကာ ေျပာလိုက္သည္
" ကိုယ္က ရဲတိုက္လိုမ်ိဳး အေဆာက္အဦးမ်ိဳးကို ဝယ္ဖို႔ေတာ့ မတတ္ႏိုင္ပါဘူး။ ကိုယ့္ပိုက္ဆံနဲ႔ဆိုရင္ ဒီလိုမ်ိဳး ေသးငယ္တဲ့ ဗီလာေလးတစ္ခုပဲ ဝယ္လို႔ရတယ္"
" ရွင္က ရဲတိုက္ထဲမွာ ေနရတာ မႀကိဳက္လို႔လား"
" မဟုတ္ပါဘူး။ မင္းသာ အတူတူ ရွိေနေပးရင္ ဘယ္ေနရာျဖစ္ျဖစ္ ကိုယ္ေနခ်င္ပါတယ္။ ဒါေပမဲ့ ကိုယ္မင္းအတြက္ အသိုက္တစ္ခု ျပင္ဆင္ေပးဖို႔ လိုတယ္ေလ။ ဒါမွ ေရွ႕ေလွ်ာက္ မင္းက ကိုယ့္အတြက္ ဥ ဥေပးခ်င္ရင္ အဆင္ေျပမွာေလ။ မင္းကို သစ္ကိုင္းေပၚမွာ ဥခိုင္းလို႔ေတာ့ မျဖစ္ႏိုင္ဘူးေလ ဟုတ္တယ္မလား"
ဂူမန္မန္က ဟက္ဟက္ပက္ပက္ရယ္ေမာကာ ေမးလိုက္သည္
" ဒီဗီလာကို ဝယ္ဖို႔ ရွင္ ဘယ္ကေန ပိုက္ဆံရခဲ့တာလဲ"
" ေဖးေလြနဲ႔ ကိုယ္က ေဖ်ာ္ေျဖေရး ကုမၸဏီတစ္ခုမွာ စာခ်ဳပ္တစ္ခုခ်ဳပ္ၿပီးေတာ့ အုပ္စုထဲမွာ အဆိုေတာ္အျဖစ္ ပြဲဦးထြက္ခဲ့တယ္။ ကိုယ္ လီရာကို စာခ်ဳပ္ဖတ္ခိုင္းၾကည့္ေတာ့လည္း ဘာျပႆနာမွ မရွိဘူးလို႔ ေျပာတယ္။
ကိုယ္ စာခ်ဳပ္ခ်ဳပ္လို႔ ရတဲ့ေငြကို ဒီအိမ္ဝယ္ဖို႔ အကုန္လုံး သုံးလိုက္တယ္။ မန္ေလး ပိုက္ဆံကို မင္းဆီ မအပ္ပဲ ကိုယ့္ဆုံးျဖတ္ခ်က္နဲ႔ကိုယ္ သုံးခဲ့မိလို႔ ေတာင္းပန္ပါတယ္ေနာ္။ ဒါေပမဲ့ ကိုယ့္ဘာသာကို ဆုံးျဖတ္ခ်က္ခ်တာ ဒီတစ္ခါပဲ ျဖစ္ရပါေစမယ္လို႔ ကိုယ္ ကတိေပးပါတယ္။ ေရွ႕ေလွ်ာက္ ကိုယ္ရွာလို႔ရတဲ့ ပိုက္ဆံမွန္သမွ် မင္းဆီကို လႊဲေပးပါမယ္ေနာ္ ... အဲဒါေၾကာင့္ ကိုယ့္ကို စိတ္မဆိုးပါနဲ႔ေနာ္"
" က်မ စိတ္မဆိုးပါဘူး နည္းနည္း စိတ္လႈပ္ရွားသြားလို႔ပါ"
အခန္း (၁၇၃၀) : ႏွစ္တစ္ေထာင္ၾကာ ခ်စ္ျခင္းကို အေကာင္အထည္ေဖာ္ျခင္း
ဂရက္ဂိုရီက ဘာမွမေျပာဘဲ ဂူမန္မန္ကိုသာ စိုက္ၾကည့္ေနသည္။
ဂူမန္မန္က ၿပဳံးကာ ျဖည္းျဖည္းခ်င္း ေျပာလိုက္သည္
" သားရဲကမာၻမွာဆိုရင္ ရွင္က ေမာ့တိုေတာင္ေပၚမွာ အျမင့္ျမတ္ဆုံး တည္ရွိမႈျဖစ္ၿပီးေတာ့ တစ္ျခားကိစၥေတြမွာ ဝင္မပါတတ္ဘူး။ ရွင္က ေလထုနဲ႔ ႏွင္းေတြကို အေဖာ္ျပဳရင္း နတ္ဘုရားတစ္ပါးလိုမ်ိဳး ရွင္သန္လာခဲ့တာေလ ... က်မအတြက္ေတာ့ ရွင္က ျမင့္ျမတ္တဲ့ ရာထူးကို စြန႔္လႊတ္ၿပီးေတာ့ တစ္ျခားသားရဲေတြလိုမ်ိဳး ေနထိုင္ၾကည့္ဖို႔ သင္ယူမယ္ဆိုတာနဲ႔တင္ က်မအတြက္ပဲ ရွင္သန္ေပးသလို ခံစားရေစတယ္"
" ရွင္က က်မအတြက္ ေတာင္ပံေတြကို ခ်ိဳးၿပီးေတာ့ တစ္ကမာၻလုံးကို ၿခဳံငုံၾကည့္ႏိုင္တဲ့ မ်က္လုံးေတြကိုလည္း စေတးခဲ့တာေလ။ ရွင္ ဒဏ္ရာေတြ ရၿပီးေတာ့ က်မကို ေက်ာေပးထိုင္ေနတုန္းက ရွင္ ဘယ္လိုပုံစံမ်ိဳး ျဖစ္ခဲ့လဲဆိုတာကို က်မ လုံးဝ ေမ့လို႔မရဘူး။ ကမာၻႀကီးတုန္ခါေနတဲ့အခ်ိန္မွာ ရွင္ တည္ၿငိမ္ေနခဲ့ေပမဲ့ က်မ လဲက်သြားတာေၾကာင့္နဲ႔တင္ ရွင္ ေသြးမ်က္ရည္က်ခဲ့ရတာကို က်မ ပိုၿပီးေတာ့ မေမ့ႏိုင္ဘူး"
" ရွင္က ႏွစ္ေပါင္းတစ္ေထာင္လုံး စနိတ္ခ္ကို တိတ္တဆိတ္ ေစာင့္ေရွာက္ေပးခဲ့ေပမဲ့ ရွင္ျပန္လာေတာ့ က်မဆီကေန ဘာမွလည္း မေတာင္းဆိုခဲ့ဘူး။ အခုလည္း ရွင္က တစ္ျခားသူေတြရဲ႕ အာ႐ုံစိုက္ခံရတာကို မႀကိဳက္တာေတာင္ က်မအတြက္ 'အိမ္' ဝယ္ေပးဖို႔အတြက္ မီးေရာင္ေအာက္မွာ ရပ္ေနခဲ့ရတယ္။ ငွက္တစ္ေကာင္မွာလည္း ရွိသင့္တဲ့ ဂုဏ္သိကၡာဆိုတာ ရွိေသးတယ္...ရွင္ သီခ်င္းဆိုတာကလည္း မိတ္ဖက္ဖို႔အတြက္ပဲဆိုၿပီးေတာ့ ရွင္ ေသခ်ာေျပာျပခဲ့ဖူးတယ္"
" ဒါေပမဲ့ အခုေတာ့ ရွင္က...."
ဂူမန္မန္ ဘာမွဆက္ၿပီး မေျပာႏိုင္ေတာ့ေပ။
သူမအတြက္ ဂရက္ဂိုရီ စေတးခဲ့ရေသာ အရာေတြကို အဆိုးျမင္ဝါဒစကားေတြ သုံးၿပီး မေျပာရက္ေပ။
သူမအတြက္နဲ႔ ငွက္တစ္ေကာင္အတြက္ အေရးအႀကီးဆုံးျဖစ္တဲ့ ဂုဏ္သိကၡာကိုေတာင္ စြန႔္လႊတ္ခဲ့တယ္။ သူ႔ရဲ႕ စေတးမႈကို အေရးမပါသလိုမ်ိဳး မလုပ္ရက္ဘူး
" မင္းအတြက္ ကိုယ္ လုပ္ခဲ့သမွ်က မွန္ကန္ပါတယ္"
" မဟုတ္ဘူး ဂရက္ဂိုရီ"
" တစ္ျခားသူေတြအတြက္ အားအင္စိုက္ထုတ္ၿပီး ကိုယ္တိုင္က် ေသမဲ့လမ္းကို သြားတဲ့သူဆိုတာ မရွိဘူးေလ။ ရွင့္ရဲ႕ အားစိုက္ထုတ္မႈေတြက က်မကို ခ်စ္လို႔ လုပ္ေပးတာဆိုတာကို က်မ သိပါတယ္"
ဂရက္ဂိုရီ၏ ႏွလုံးသား အနည္းငယ္ လႈပ္ခတ္သြားရသည္။
သူ သူမကို ခ်စ္တာကို သူမ သိတယ္တဲ့
ဒီေလာက္ဆိုရင္ လုံေလာက္ၿပီ
႐ိုမတ္တစ္ဆန္ေသာ ညေကာင္းကင္ယံတြင္ ၾကယ္ေတြလည္း လင္းလက္ေတာက္ပေနသည္။ ႏွစ္ေပါင္းတစ္ေထာင္ ၾကာရွည္ခဲ့ေသာ ခ်စ္ျခင္းကို လတ္ဆတ္ေသာ ပန္းပြင့္မ်ား ဖုံးအုပ္ေနသည့္ အခန္းငယ္ထဲတြင္ အေကာင္အထည္ ေဖာ္ႏိုင္ခဲ့သည္။
သူ႔ရင္ခြင္ထဲမွာ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနေသာ အမ်ိဳးသမီးေလးကို ၾကည့္ရင္း ေပ်ာ္လြန္းသည့္အတြက္ ဂရက္ဂိုရီ မ်က္ရည္ပင္က်မိသည္။
သူမ၏ ႏူးညံ့ေသာ ေက်ာကုန္းက ေကာင္းကင္သဖြယ္ ျဖစ္ေနၿပီး သူမ၏ ပုခုံးေပၚတြင္ ေတာင္ပံကိုျဖန႔္ထားေသာ လင္းတတစ္ေကာင္ ပ်ံသန္းေနသည္။
" အရမ္းေပ်ာ္တာပဲ" ဂရက္ဂိုရီက ေျပာလိုက္သည္။
ထိုေနရာက သူမ၏ ႏွလုံးသားႏွင့္ နီးစပ္ေသာ ေနရာ မဟုတ္ေသာ္လည္း သူ အလြန္ေက်နပ္မိသည္။
စနိတ္ခ္ႏွင့္ ဂူမန္မန္ ပါတနာျဖစ္လာၿပီးကတည္းက သူ၏ ကာကြယ္ျခင္း အမွတ္အသားက ေပ်ာက္ကြယ္သြားၿပီး သူမ၏ ႏွလုံးသားေပၚတြင္ အစိမ္းပုတ္ေရာင္ ေႁမြအမွတ္အသား ေရာက္သြားသည္။
သူမ၏ ေက်ာဘက္တြင္ ကာကြယ္ေပးမည့္သူ မရွိသည့္အတြက္ သူ အၿမဲတမ္း စိတ္ပူေနခဲ့သည္။
ယခု သူက သူမ၏ ေက်ာကုန္းေပၚမွ မ်က္စိတစ္စုံ ျဖစ္လာၿပီျဖစ္သည့္အတြက္ သူ႔ဆႏၵေတြ ျပည့္ဝသြားၿပီ ျဖစ္သည္။
ထိုေနရာအျပင္ တစ္ျခားေနရာမွာ အမွတ္အသားကို မရွိေစခ်င္ေပ။
ဒီေန႔ကစၿပီး သူမ၏ ေက်ာဘက္ကို သူ ကာကြယ္ေပးမည္ျဖစ္သည္။
" ကိုယ္ မင္းကို တစ္သက္လုံး ေစာင့္ေရွာက္သြားမယ္"
ေနာက္တစ္ေန႔မနက္ ဂူမန္မန္ႏိုးလာသည့္အခါ သူမ အနည္းငယ္ေခါင္းမူးေနသည္။
ဒီလိုခံစားမႈမ်ိဳးကို ခံစားဖူးၾကလား
လက္ က်ဥ္တဲ့အထိ အိပ္မိလို႔ တစ္ျခားဘက္ကို လွည့္ဖို႔ လုပ္လိုက္ေပမဲ့ လႈပ္လို႔မရေတာ့တဲ့ ခံစားခ်က္မ်ိဳး
သူမ ထိတ္လန႔္တၾကားႏိုးလာၿပီးေနာက္ သူမ ေလထဲသို႔ ေရာက္ရွိေနသည္ကို သတိထားလိုက္မိသည္။
ဟုတ္တယ္..သူမ ေလထဲမွာ ေရာက္ေနတာ
ဂရက္ဂိုရီရဲ႕ ေက်ာေပၚမွာ ...
သူမကို ေက်ာေပၚမွာ တင္ထားကာ အိပ္ရာခင္းျဖင့္ ပတ္ခ်ည္ထားၿပီး ဘာအေၾကာင္းအရင္းေၾကာင့္မွန္းမသိ ပ်ံသန္းေခၚေဆာင္သြားျခင္းကို ခံေနရသည္။
" ဂရက္ဂိုရီ"
ဂူမန္မန္ေခၚလိုက္ေတာ့ သူမ ျပန္လည္ရရွိလိုက္သည့္ တုံ႔ျပန္မႈက 'ငွက္ေအာ္သံ'ပင္ ျဖစ္သည္။
အင္း...သူမရဲ႕ သားေလးေယာက္အျပင္ အခုေတာ့ သူမရဲ႕ပါတနာေတြနဲ႔ပါ စကားေျပာဖို႔ အခက္အခဲ ရွိေနတာလား
သားရဲနတ္ဘုရား ျဖစ္လာၿပီးေတာ့လည္း သားရဲဘာသာစကားကို အခုထိ နားမလည္ေသးဘူး။ ဘယ္သူမွ ဒါႀကီးကို မျပင္ေပးၾကေတာ့ဘူးလား