အခန်း (1499 - 1500)

332 38 3
                                    

အခန်း (၁၄၉၉) : ကျမနှင့် ချစ်ကျွမ်းဝင်သာ အာဏာရှင်စီနီယာ

သတင်းစာရှင်းလင်းပွဲက စနိတ်ခ်နဲ့ဂူမန်မန်တို့၏ ဓာတ်ပုံရိုက်ဖို့သာ ကျင်းပခြင်းဖြစ်ပြီး ကျန်တဲ့ ပြဿနာတွေကိုတော့ ဥပဒေဌာနနဲ့ လူမှုဆက်ဆံရေးဌာနက ဖြေရှင်းပေးသွားမှာ ဖြစ်တဲ့အတွက် စနိတ်ခ်အနေနဲ့ ဘာမှလုပ်စရာ မလိုပေ။

ပွဲကို တက်ရောက်ကြသူတွေကတော့ အထက်တန်းစားလို့ ခေါ်ထိုက်တဲ့သူတွေ ဖြစ်သည်။

MonSir ကုမ္ပဏီက စနိတ်ခ်ကအတွက် အရေးမပါသော်လည်း နေရာတစ်ခုရနေပြီ ဖြစ်သည့်အတွက် S နိုင်ငံတော်မှာရှိတဲ့သူတွေက စားဝတ်နေရေးအတွက် ဒီကုမ္ပဏီကို မှီခိုနေရသလို တစ်ခြားစီးပွားရေးသမားတွေကလည်း သူတို့ရဲ့စီးပွားရေး လက်အောက်ခံတွေ ဖြစ်သည်။

ထို့ကြောင့် အခုလို စီအီးအိုပြောင်းသွားခြင်းက S နိုင်ငံတော်ကို ငလျင်တစ်ခုပမာ လှုပ်ခတ်သွားသလို ဖြစ်သွားစေသည်မှာ မဆန်းပေ။

ထို့အပြင် စီအီးအိုဟောင်းက အရမ်းလျှို့ဝှက်တာကြောင့် သူနဲ့ပတ်သက်ပြီး အားလုံးက သိချင်စိတ် ပြင်းပြနေကြသည်။

သူတို့ကို ချယ်လှယ်နေပြီး စားဝတ်နေရေးကို ချုပ်ကိုင်ထားသူကိုတော့ သိချင်ကြမှာ သေချာလှသည်။

ထို့ကြောင့် စနိတ်ခ်က ဂူမန်မန်၏ လက်ကိုတွဲပြီး အကုန်လုံးရှေ့မှာ ရပ်လိုက်တဲ့အချိန် အကုန်လုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားကြသည်။

သူတို့အလုပ်လုပ်သော နယ်ပယ်တစ်ခုလုံးကို အုပ်ချုပ်နေသောသူက အသက်နှစ်ဆယ်အရွယ် ကောင်လေးတဲ့လား။ စီးပွားရေးလောကမှာတော့ သူ့ရဲ့မရင့်ကျက်မှုတွေကို မတွေ့ရတတ်ဘူး…..သူက အလုပ်လုပ်တဲ့ နေရာမှာတော့ အရမ်းကို ထက်မြက်တာ…

စနိတ်ခ်က တစ်ခြားသူတွေ တွေးနေတာကို ဂရုမစိုက်ပဲ ဂူမန်မန်၏ လက်ကိုဆွဲကာ စားစရာ တည်ခင်းဧည့်ခံထားသော နေရာဆီ ခေါ်လာသည်။ ထို့နောက် အချိုပွဲကို ရွေးကာ ဂူမန်မန်ဆီ ပေးရင်း ပြောလိုက်သည်

“ မင်း စားချင်တာကို စားလေ ဘာလို့ ကြည့်ရုံပဲ ကြည့်နေရတာလဲ”

ရှောင်မန် (1395 - final) CompletedTahanan ng mga kuwento. Tumuklas ngayon