အခန်း (1567 - 1568)

365 50 4
                                    

အခန်း (၁၅၆၇) : မင်းမှာ ဘယ်သူမှမရှိတော့ဘူးလို့ ဘယ်သူပြောလဲ။ မင်းမှာ ကိုယ်တစ်ယောက်လုံး ရှိပါသေးတယ်

ဂူမန်မန်က အောက်နှုတ်ခမ်းကိုကိုက်ထားကာ မျက်ရည်တွေကျလာပြီး တောင်းတောင်းပန်ပန်ဖြင့် ပြောလိုက်သည်

“ အာကယ်လ်….ကျမ တောင်းပန်ပါတယ်နော်”

စနိတ်ခ်က မျက်မှောင်ကြုတ်ထားရာကနေ ဖြည်းဖြည်းချင်း ပြုံးလာသည်။

သူက အဲဒီမှာရပ်ရင်း ဂူမန်မန် ငိုနေတာကို ကြည့်နေသည်။ ထို့နောက် သက်ပြင်းချကာ တံခါးထဲကနေ ထွက်လာပြီး ဂူမန်မန်နဲ့ တူညီသော ကမ္ဘာထဲသို့ ဝင်လာလိုက်သည်။

သူ လှမ်းလိုက်သော သေးငယ်သော ခြေလှမ်းက သူ့အရေပြားတစ်ထပ်ကို ခွာချသလို ဖြစ်သွားသည်။ သူ့ကို နာကျင်စေသော်လည်း အံကြိတ်ကာ တင်းခံနေသည်။

သူ သတ္တိမရှိတဲ့ ပုံစံအား မန်(၂)ကို မမြင်စေချင်ပေ။ သူတို့ ဘယ်နေရာမှာပဲ ရှိနေပါစေ သူမကို ကာကွယ်ပေးနိုင်ဖို့အတွက် သူ သန်မာနေမှ ဖြစ်မည်။

သူက လက်ဖဝါးကို ဖြန့်လိုက်ရင်း စိတ်ငြိမ်စေဖို့ အသက်ပြင်းပြင်းရှူကာ ခေါ်လိုက်သည်

“ မန်(၂) ဒီကိုလာပါဦး”

ဂူမန်မန်၏ ခြေထောက်တွေ လေးလံနေသည်။ သူနဲ့ ပိုပြီးနီးလာလေလေ သူမ ပိုပြီးတော့ ငိုမိလေလေ ဖြစ်သည်။

သူမအတွက် သည်းခြေအိတ်ကို ထုတ်ပေးခဲ့တဲ့သူက ပြီးပြည့်စုံတဲ့ အနာဂတ်တစ်ခုကို ဖန်ဆင်းဖို့အတွက် သူရဲ့ကိုယ်ပိုင်ကမ္ဘာကို စွန့်ခွာပြီးတော့ သူနဲ့လုံးဝ မရင်းနှီးတဲ့ နေရာကို သွားခဲ့သလို အခုလည်း သူမ ရှိတဲ့နေရာကို လာဖို့အတွက်နဲ့ သူ ၁၉နှစ်လုံး ကြိုးစားထားတာတွေကို အကုန်စွန့်ပစ်လာခဲ့သည်။

သူ့ရဲ့ ရာထူး၊ ပိုက်ဆံ၊ ဂုဏ်အရှိန်အဝါတွေ အကုန်လုံးကို သူမအတွက်နဲ့ စွန့်ပစ်ခဲ့ပြန်သည်။

သူမကရော….

သူ့ကို ထပ်ခါထပ်ခါ နာကျင်ရအောင်လုပ်တာအပြင် တစ်ခြားဘာများလုပ်ခဲ့သေးလို့လဲ

စနိတ်ခ်က ဂူမန်မန် သူ့လက်ကို ဆုပ်ကိုင်လာမှာကို စောင့်နေသော်လည်း ဂူမန်မန်က သူ့လက်ကို မဆုပ်ကိုင်ပဲ ရင်ခွင်ထဲ ပစ်ဝင်ကာ တင်းကြပ်စွာဖက်ထားရင်း ငိုကြွေးကာ ပြောသည်

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now