Unicode
ဂျောင်ကုသည် လိန်းကို ပြန်တွေ့ပြီဆိုတဲ့ သတင်းကြောင့် အပြေးကလေးထွက်လာသည်။ အတွင်းရေးမှူးနဲ့ Ozzyပြောပုံအရဆိုလျှင် လိန်းသည် ပြဿနာအကြီးကြီးတစ်ခုတက်ခဲ့သည့်ပုံပင်။
ဆေးရုံပြင်ပလူနာဌာနသို့ရောက်သော်အခါ လိန်းကို တွေ့လိုတွေ့ငှား တစ်ချက်ဝေ့ကြည့်မိသည်။ ဆံပင်နီနီနဲ့ ထင်းထွက်နေသည့် လိန်းကိုရှာတွေ့ဖို့ရာ အချိန်သိပ်မယူလိုက်ရချေ။
" မင်းအဆင်ပြေရဲ့လား..." ဂျောင်ကုသည် လိန်းဘေးနား ဝင်ထိုင်လိုက်ပြီးမေးလာသည်။
လိန်းအသာခေါင်းယမ်းပြသည်။ သူမသည် တစ်စုံတစ်ခုကိုကြောက်ရွံ့နေဟန် ခေါင်းငုံ့ထားကာ လက်ထဲက ကုတ်အင်္ကျီကို ကျစ်နေအောင်ဆုပ်ကိုင်ထားသည်။ ခန္ဓာကိုအနှံ့အပြားတွင် ပွန်းပဲ့ရာတွေက အများအပြားပင်။
" ဘာဖြစ်နေတာလဲ...မဟုတ်ဘူး...ဘာတွေဖြစ်ခဲ့တာလဲ "
" ဟင့်အင်း ဘာမှမဖြစ်ဘူး "
" လိန်း! မင်းပြောမှ ငါတို့ကသိမှာနော်။ စောက်ပြဿနာတွေကို ပိုရှုပ်အောင်မလုပ်စမ်းနဲ့ "
ဂျောင်ကုဒေါသထွက်စွာ အော်လိုက်မိသည်။ ထို့အခါ မာနတခွဲသားနဲ့ မိန်းမဖြစ်တဲ့ လိန်းသည် ငိုသည်။ ဂျောင်ကုအနေနဲ့ လိန်းငိုသည် ပထမဦးဆုံးမြင်တွေ့ရတာပင်။ လိန်းသည် ဘာမှထပ်မပြောနိုင်ဘဲ ငိုမြဲငိုနေသည်။ အတော်ကြာမှ တိုးညင်းတဲ့အသံဖြင့်...
" ငါတကယ်ဘာမှမဖြစ်ပါဘူး။ ငါစဉ်းစားမိတာ ငါ့လိုမိန်းမမျိုးရဲ့အနားမှာ ဘယ်သူမှ ကြာကြာမနေနိုင်ဘူးဘဲ။ ငါအရမ်းဆိုးတာပဲ..."
" ငါကရော...ပြီးတော့ မင်းမိသားစု မင်းအဖိုး...Ozzy အဲ့တာတွေက မင်းအနားမှာရှိမနေလို့လား။ မင်းမျက်လုံးပဲကန်းနေခဲ့တာလား ဟမ် "
" Jordanရာ...နင်ကငါ့အတွက်မဟုတ်ဘဲနဲ့ " လိန်းသည် မျက်ရည်များကြားမှပင် ခြောက်ကပ်ကပ်အော်ရယ်လိုက်သည်။ Jordanသည် ထိုစကားလုံးတွေကို အလွယ်ကလေးပြောရက်သည်။ မိသားစုဆိုတဲ့အသိုက်အမြုံကို သူမဘယ်လောက်မုန်းလိုက်လဲသလဲဆိုတာ မေ့လျော့လေသလား။ တမင်ပဲ ထိုးနှတ်လေသလား။
" Ozzy မရှိတော့ဘူး "
ထိုစကားလုံးလေးရဲ့အဆုံးမှာ သူမရော Jordanပါ တိတ်ဆိတ်သွားသည်။ ဆေးရုံအတွင်း သူသူငါငါသွားလာနေ၍ အသက်ဝင်လှုပ်ရှားနေသည့် ကမ္ဘာကြီးသည် သူတို့နဲ့ မဆိုင်သကဲ့သို့ တိတ်ဆိတ်နေသည်။
" အစောင့်အရှောက်ဖြစ်တဲ့ သူကပါ ငါ့အနားကထွက်သွားပြီ "
" ငါပြောသားပဲ စာချုပ်ချုပ်ထားပါဆိုတာ မင်းမှလက်မခံဘဲ..." ဂျောင်ကုသည် သက်ပြင်းရှည်တစ်ချက်ချကာဆိုလာသည်။
" ငါတို့စကားများခဲ့တာ။ ငါ့ကိုသူအကြီးအကျယ်စိတ်ဆိုးနေတာကို ခံစားမိတယ်။ ငါလည်းဒေါသမွှန်နေတာမို့ သူ့ကိုပြန်အော်မိတယ်။ အဲ့နောက် ငါသူ့အတွက်ရည်ရွယ်ထားတဲ့ လက်ပတ်လေးက အကြောင်းအရင်းမရှိဘဲ ပျက်ကျသွားတယ်။ သူနဲ့ငါ့ကြားက အဆတ်အသွယ်ကိုလည်း မခံစားမိတော့ဘူး..."
" ငါသာဆိုလည်း စကားနားမထောင်ဘဲ လုပ်ချင်ရာလုပ်တတ်တဲ့ မင်းကို ထားခဲ့မိမှာပဲ။ မင်းသိလား Ozzy က သာမာန်ဝိညာဉ်လေးတစ်ခုမဟုတ်ဘူး။ ငါတောင်သူ့ကိုအမိန့်ပေးလို့မရဘူး။ ပြောလို့မရဘူး ငါ့ထက်အင်အားကြီးရင်ကြီးနေမှာ...."
ဂျောင်ကု၏ စကားတို့ကိုကြားသည့်အခါ လိန်းသည် အဝေးတစ်နေရာသို့ အသက်မဲ့စွာငေးနေသည်။ ဒါစမ်းသပ်မှုတွေထဲကတစ်ခုလား...။
" ငါ့ကိုဖတ်ထားပေးမလား။ ငါအရမ်းမွန်းကြပ်တာပဲ...။ "
ဂျောင်ကုအနည်းငယ်တွေဝေသွားသည်။ စေ့စပ်ထားတုန်းကတောင်မှ လိန်းဘက်က ယခုလိုမျိုး မတောင်းဆိုဖူးပေ။ သို့ပေသည့် သူဘာမှမတုန့်ပြန်နိုင်ခင်မှာပဲ လိန်းသည် သူ့အားပွေ့ဖတ်လာသည်။
" ဒီဘိုးဘေးလေး တစ်ယောက်တည်းတော့ စိတ်ညစ်မခံနိုင်ဘူး Jordan...တစ်စုံတစ်ယောက်တော့ အကြီးအကျယ်အထင်လွှဲတော့မယ်ထင်တယ် " နားနားကပ်ပြောတဲ့ လိန်း၏ စကားတို့ကို ကြားကြားချင်း ဂျောင်ကုသည် လိန်းကိုတွန်းထုတ်ကာ အနောက်သို့ လှည့်ကြည့်မိလိုက်သည်။ သူ့အားရွံရှာသလို နှာခေါင်းရှုံ့ကာကြည့်နေသည့် ထယ်ယောင်းကို တွေ့လိုက်ရသည်။
" အသိလား..." ထယ်ယောင်းဘေးမှ ရော်ဘက်ခ်သည် ထယ်ယောင်းကို တံတောင်နဲ့ တွတ်ကာမေးလိုက်သည်။
" အင်း...ငါ့အလုပ်ရှင်နဲ့ သူ့ခင်ပွန်းလောင်းလေ "
" အော်..."
" လာပါသွားရအောင် အငွေ့အသတ်မကောင်းတဲ့ ဒီနားမှာ တစ်စက်လေးမှမနေချင်ဘူး " ထယ်ယောင်းသည် ဂျောင်ကုကြားအောင်ပြောလိုက်ပြီးနောက် ဆေးချိတ်ထားတဲ့တိုင်လေးကိုဆွဲကာ ခပ်မြန်မြန်ထွက်သွားတော့သည်။
" ထယ်ယောင်း...ထယ်ယောင်း ခန..." ဂျောင်ကုသည် လိန်းအား စူးရဲစွာစိုက်ကြည့်ပြီး သတိပေးသွားသည်။ သို့သော်လည်း အမှတ်မရှိတဲ့လိန်းကတော့ လျှာထုတ်ကာ ပြောင်ပြလေသည်။
" မင်းအလုပ်ရှင်ဆိုတာ ဆံပင်အနီနဲ့တစ်ယောက်လား..."
" အင်း သိလို့လား "
" ဟင့်အင်း မသိပါဘူး ဒီအတိုင်းမေးကြည့်တာ။ ဒါနဲ့ အဲ့တာဆိုရင် မင်းရဲ့ဝမ်းကွဲပေါ့။ "
" အင်းလေ "
ထယ်ယောင်းနဲ့ ရော်ဘက်ခ်တို့ စကားပြောရင်း လမ်းလျှောက်နေစဉ် ဂျောင်ကုတစ်ဖြစ်လဲ Mr. Jordanသည် သူတို့ရှေ့မှ ပိတ်ရပ်လာသည်။
" ထယ်ယောင်း..." ဂျောင်ကုသည် ထိုအမည်နာမလေးအား ခေါ်လာသည်။ ထယ်ယောင်းကတော့ အေးစက်တဲ့အကြည့်တွေနဲ့သာ အန္တရာယ်ကြီးစွာကြည့်နေခဲ့သည်။
" ကျွန်တော့်ကိုသိလို့လား။ ကျွန်တော်ကတော့ ခင်များကိုမသိဘူး။ "
" ကိုယ်လေ ဂျောင်ကုလေ...မမှတ်မိဘူးလား "
ထယ်ယောင်မျက်မှောင်ကြုံ့သွားပြီး ဘေးနားမှ ရော်ဘက်ခ်မျက်နှာကို တစ်ချက်ကြည့်မိသည်။ ရော်ဘက်ခ်သည် 'သူဘာမှမသိ'ဟူသည့် သဘောဖြင့် ပုခုံးတွန့်ပြလေသည်။
" ပြောစမ်းပါဦး...ခင်များလို မကောင်းဆိုးဝါးတွေက သူများအိမ်မက်တွေထဲလည်း ဝင်မွှေနိုင်တာပဲလား "
" ကိုယ်တကယ် ဂျောင်ကုပါ။ ကိုယ်ဘယ်လို သတ်သေပြရမလဲ ကိုယ်သတ်သေပြနိုင်တယ် "
ထိုဂျောင်ကုဆိုသည့် နာမည်ကိုကြားလိုက်တဲ့ ထယ်ယောင်းခေါင်းက တဆစ်ဆစ်ဖြစ်လာသည်။ ခပ်စူးစူးနာကျင်မှုနှင့်အတူ ရင်းနှီးနေတဲ့ အစိမ်းသက်သက်အမှတ်တရတွေကလည်း ဝေဝေဝါးဝါးပေါ်လာတတ်သေးသည်။
" တော်တော့...ခင်များဘာသာခင်များ ဘာကြီးဖြစ်နေပါစေ ဘယ်သူပဲဖြစ်နေပါစေ ကျွန်တော်စိတ်မဝင်စားဘူး။ လူတစ်ယောက်လုံးကို ရိုက်နှတ်ပြီးတာတောင်မှ တောင်းပန်ဖို့စိတ်ကူးမရှိဘဲနဲ့ ဘာဇာတ်တွေထပ်ကချင်သေးတာလဲ။ အာ...ဟုတ်သား ဂျောင်ကုလို့ပြောတယ်မလား ကျွန်တော်မှတ်မိသလောက်တော့ ကျွန်တော့်ကိုအကြိမ်ကြိမ်သတ်ဖို့ကြိုးစားခဲ့တဲ့ ခင်များကြီးစောက်ခွက်ကို မမြင်ချင်ဆုံးပဲ။ ခင်များကြီးလို မကောင်းဆိုးဝါးကောင်က ဒီမြို့ရဲ့အုပ်စိုးသူဖြစ်နေတာက ရင်နာစရာပဲ။ ခင်းများကြီးရဲ့ဝိညာဉ်က ငရဲမှာ လောင်ကျွမ်းနေသင့်တာ၊ ပြန်လည်ဝင်စားနိုင်ခြင်းတောင်မရှိပါဘဲလေ။ "
" Vante တော်သင့်ပြီ...လာသွားရအောင်..." ရော်ဘက်ခ်သည် အခြေအနေမဟန်တော့သည့်အတွက် ထယ်ယောင်းဖြောင်းဖျကာ ခေါ်ထုတ်သွားဖို့ကြိုးစားလေသည်။ ထယ်ယောင်း၏ လက်ရှိကျန်းမာရေးအခြေအနေအရ ထယ်ယောင်းဒေါသနှင့်ဆိုလျှင် မတွေးရဲစရာပင်။
" ကင်မ်ထယ်ယောင်း!..." ဂျောင်ကုသည် အသံနက်ကြီးနှင့်အော်ကာ သူ့ကိုကျောပေးသွားသည့် ထယ်ယောင်းလက်ကောက်ဝတ်ကို ပြန်ဆွဲထားသည်။ ထယ်ယောင်း၏ အကြည့်စူးစူးတို့သည် ဂျောင်ကုထံ ဒိုင်းခနဲပင်။
" ပြန်ပြောကြည့်စမ်း အစောနကလို...ပြောရဲရင် ပြန်ပြောကြည့်စမ်းလို့ အခုချက်ချင်းဒီနေရာမှာတင် မင်းကိုလည်ချိုးလိုက်လို့ရတယ်။ ထယ်ယောင်း မင်းသိလား အကြိမ်များစွာကြိုးစားခဲ့ပြီးသည့်တိုင် နောက်တစ်ခါထပ်ကြိုးစားဖို့လည်း ဝန်လေးမှာမဟုတ်ဘူး မင်းကိုသတ်ဖို့လေ..."
ရုတ်တရတ် ဆေးရုံအတွင်းရိှ မီးများသည် ပြတ်တောက်သွားသည်။ ကိုယ့်လက်ကိုယ်တောင် ပြန်မမြင်ရတဲ့ အမှောင်ထုအတွင်း အေးစက်စက်နှုတ်ခမ်းတစ်စုံသည် ထယ်ယောင်း၏ နှုတ်ခမ်းတို့ထံ ဖိကပ်လာသည်။ ထို့နောက် ထယ်ယောင်းတစ်ယောက်သာ ကြားနိုင်မည့် လေသံဖြင့် " မင်းကငါ့အပိုင်ဆိုတာမမေ့ပါနဲ့ " ဟူ၍တီးတိုးဆိုသွားလေသည်။
ထယ်ယောင်း ကျောရိုးတစ်လျှောက်အေးစိမ့်သွားကာ ကြက်သီးတဖြန်းဖြန်းထသွားသည်။ ဒီလိုအေးစက်မှုမျိုးနဲ့ ဒီလိုဖိနှိပ်မှုမျိုးကို သူ၏ မသိစိတ်က ရင်းနှီးနေသည်။ သို့သော်လည်း မှတ်ဉာဏ်တို့ကို ပြန်စဉ်းစားလိုက်တိုင်း ခေါင်းကိုက်သည်ကသာ အဖတ်တင်လေသည်။
လျှပ်စစ်မီးများ ပြန်ရလာသည့်အချိန် ဂျောင်ကုသည် ရှိမနေတော့ပါ။ ထယ်ယောင်းအနည်းငယ်တုန်လှုပ်သွားသည်။ မတုန်လှုပ်သည်က သူ့အနောက်က ရော်ဘက်ခ်ပင်ဖြစ်သည်။ လျှပ်တပြတ်အတွင်း လူတစ်ယောက်လုံးပျောက်သွားသည် နည်းနည်းလေးမှ သတိမူမိမယ့်ပုံမပေါ်ချေ။
" သွားကြမယ်...လာ.." ရော်ဘက်ခ်သည် ကြောင်အစွာရက်နေမိသည့် ထယ်ယောင်းကို လာတွဲသည်။ ထယ်ယောင်း ရော်ဘက်ခ်ကို တစ်ချက်အကဲခတ်လိုက်သည်။ တည်ငြိမ်လွန်းနေသည်။ တိတ်ဆိတ်လွန်းနေသည်။ ခါတိုင်းဆိုလျှင် စပ်စပ်စုစုနှင့် မေးခွန်းတရစပ်မေးတတ်သည့်သူသည် ယခုအခါ တိတ်ဆိတ်လွန်းနေသည်က ထူးဆန်းသည်။ သို့သော်လည်း ထယ်ယောင်းဘာမှ ထွေထွေထူးထူးမပြောတော့ပေ။
" ဟုတ်သား...မကြာခင် ဆောင်းဦးပွဲတော်တောင်ရောက်တော့မယ်နော်။ ကိုရီးယားကိုပြန်မှာလား " ရော်ဘက်ခ်သည် တည်ငြိမ်သည့်လေသံဖြင့် မေးလာသည်။
" ဟင့်အင်း အစီစဉ်မရှိသေးဘူး "
" မင်းမိဘတွေကိုတောင် ပြန်မတွေ့တော့ဘူးလား။ Vante. . . မင်းက တကယ်နှလုံးသားမဲ့တာပဲ..."
" အခုမှသတိရတယ်။ ဒီနေ့ဘယ်နှရက်လဲ ဟမ် " ထယ်ယောင်း မျက်ခုံးပင့်ကာ ပြုံးစစမေးလိုက်သည်။ ထိုအပြုံး၏ နောက်ကွယ်က အန္တရာယ်အငွေ့အသတ်ကို ခံစားမိသည့်အခါ ရော်ဘက်ခ်သည် ဟီးခနဲ သွားဖြဲပြလေသည်။
" သူငယ်ချင်းလေးကလည်း စိတ်မဆိုးရလေဘူး အလကားစတာကို..."
" မေးနေတာဖြေစမ်းပါ ဒီနေ့ဘယ်နှရက်လဲ "
" 20 "
" ငါသတိမေ့တာကရော..."
" 18 ရက်နေ့ "
" ဆိုတော့ ဘာလို့ခြောက်လလို့ပြောခဲ့တာလဲ ဟမ်..."
" အ့ အား နာတယ်...Vante နာတယ်လို့...စတာကိုပဲ စိတ်မဆိုးရဘူးလေ "
ထယ်ယောင်းသည် ရော်ဘက်ခ်၏ ဆံပင်နီနီတို့အား အားရပါးရဆောင့်ဆွဲထားလိုက်သည့်အခါ ပြေးဖို့ရှောင်နေသည့် ရော်ဘက်ခ်တစ်ယောက် ခြေငြိမ်သွားကာ အသံမျိုးစုံနဲ့အော်ဟစ်နေတော့သည်။
" ဒါနောက်စရာလား ဟမ်...ငါ့မှာတော့ တကယ်ကြီး ခြောက်လလောက်သတိမေ့တယ်ထင်ပြီး Dအတောင့်လိုက်ဝင်တော့မလို့ "
" မင်းလိုလူမျိုး Dသာဝင်လို့ကတော့ စိတ္တဇလူသတ်သမား နောက်တစ်ယောက် ထပ်ပေါ်လာတော့မှာပဲ အခုတောင် ဆရာမနိုင် ဆေးမနိုင်နဲ့...."
" ပြန်ပြောစမ်း..." ထယ်ယောင်း မျက်လုံးပြူးပြကာ လက်ထဲကဆံပင်နီနီတို့အား ပိုမိုတင်းကျပ်အောင် ဆွဲလိုက်သည့်အခါ ရော်ဘက်ခ်၏ အော်သံပြဲကြီးသည် ဆေးရုံလျှောက်လမ်းတခွင် ပြဲစင်သွားသည်။
" အ့...အား...မှားပါတယ် ဒီဘိုးဘေးလေးမှားတာပါ။ Sir Vante ဆီ လာလည်းမနောက်တော့ဘူး နောက်လည်းမလာတော့ပါဘူးဗျာ..."
ထိုအခါမှ ထယ်ယောင်းသည် ရော်ဘက်ခ်၏ ဆံပင်ကို လွှတ်လိုက်သည်။ လွှတ်ချင်၍ လွှတ်လိုက်ခြင်းမဟုတ် လူမြင်မကောင်းလို့သာ အလျှော့ပေးလိုက်ရခြင်းဖြစ်သည်။ စိတ်ထဲရှိတဲ့အတိုင်းသာဆိုလျှင် ဆံပင်က ဆောင့်ဆွဲပြီး နံရံနဲ့ ပိတ်တိုက်ပစ်ချင်မိတာအမှန်ပင်။
ထယ်ယောင်း သူ့လက်ထဲ ကျွတ်ကျန်နေခဲ့သော ရော်ဘက်ခ်၏ ဆံပင်နီနီတို့အားမြင်သည့်အခါ ဘာရယ်မဟုတ်ဘဲ လိန်းကို ပြေးမြင်မိသည်။ လိန်းနှင့် ရော်ဘက်ခ်သည် ဆံပင်အရောင်တူကြသည်။ ထို့အပြင် သူ့စိတ်ထဲ တစ်ချက်တစ်ချက်ဆို ရုပ်ချင်းဆင်သည်ဟု ထင်နေမိသည်။
သူ သူရှေ့က ငိုမဲ့မဲ့မျက်နှာဘေးဖြင့် ရော်ဘက်ခ်ကို သေချာစိုက်ကြည့်လိုက်သည်။ ဟုတ်သည်။ စိမ်းပြာမျက်လုံးတွေ၊ နှုတ်ခမ်းအနေအထားတို့သည် တစ်ပုံစံထဲတူညီနေကြသည်။ အထူးသဖြင့် သွားစွယ်လေးတွေပင်ဖြစ်သည်။
________
Zawkyi
ေဂ်ာင္ကုသည္ လိန္းကို ျပန္ေတြ႕ၿပီဆိုတဲ့ သတင္းေၾကာင့္ အေျပးကေလးထြက္လာသည္။ အတြင္းေရးမႉးနဲ႕ Ozzyေျပာပုံအရဆိုလွ်င္ လိန္းသည္ ျပႆနာအႀကီးႀကီးတစ္ခုတက္ခဲ့သည့္ပုံပင္။
ေဆး႐ုံျပင္ပလူနာဌာနသို႔ေရာက္ေသာ္အခါ လိန္းကို ေတြ႕လိုေတြ႕ငွား တစ္ခ်က္ေဝ့ၾကည့္မိသည္။ ဆံပင္နီနီနဲ႕ ထင္းထြက္ေနသည့္ လိန္းကိုရွာေတြ႕ဖို႔ရာ အခ်ိန္သိပ္မယူလိုက္ရေခ်။
" မင္းအဆင္ေျပရဲ႕လား..." ေဂ်ာင္ကုသည္ လိန္းေဘးနား ဝင္ထိုင္လိုက္ၿပီးေမးလာသည္။
လိန္းအသာေခါင္းယမ္းျပသည္။ သူမသည္ တစ္စုံတစ္ခုကိုေၾကာက္႐ြံ႕ေနဟန္ ေခါင္းငုံ႕ထားကာ လက္ထဲက ကုတ္အကၤ်ီကို က်စ္ေနေအာင္ဆုပ္ကိုင္ထားသည္။ ခႏၶာကိုအႏွံ႕အျပားတြင္ ပြန္းပဲ့ရာေတြက အမ်ားအျပားပင္။
" ဘာျဖစ္ေနတာလဲ...မဟုတ္ဘူး...ဘာေတြျဖစ္ခဲ့တာလဲ "
" ဟင့္အင္း ဘာမွမျဖစ္ဘူး "
" လိန္း! မင္းေျပာမွ ငါတို႔ကသိမွာေနာ္။ ေစာက္ျပႆနာေတြကို ပိုရႈပ္ေအာင္မလုပ္စမ္းနဲ႕ "
ေဂ်ာင္ကုေဒါသထြက္စြာ ေအာ္လိုက္မိသည္။ ထို႔အခါ မာနတခြဲသားနဲ႕ မိန္းမျဖစ္တဲ့ လိန္းသည္ ငိုသည္။ ေဂ်ာင္ကုအေနနဲ႕ လိန္းငိုသည္ ပထမဦးဆုံးျမင္ေတြ႕ရတာပင္။ လိန္းသည္ ဘာမွထပ္မေျပာနိုင္ဘဲ ငိုၿမဲငိုေနသည္။ အေတာ္ၾကာမွ တိုးညင္းတဲ့အသံျဖင့္...
" ငါတကယ္ဘာမွမျဖစ္ပါဘူး။ ငါစဥ္းစားမိတာ ငါ့လိုမိန္းမမ်ိဳးရဲ႕အနားမွာ ဘယ္သူမွ ၾကာၾကာမေနနိုင္ဘူးဘဲ။ ငါအရမ္းဆိုးတာပဲ..."
" ငါကေရာ...ၿပီးေတာ့ မင္းမိသားစု မင္းအဖိုး...Ozzy အဲ့တာေတြက မင္းအနားမွာရွိမေနလို႔လား။ မင္းမ်က္လုံးပဲကန္းေနခဲ့တာလား ဟမ္ "
" Jordanရာ...နင္ကငါ့အတြက္မဟုတ္ဘဲနဲ႕ " လိန္းသည္ မ်က္ရည္မ်ားၾကားမွပင္ ေျခာက္ကပ္ကပ္ေအာ္ရယ္လိုက္သည္။ Jordanသည္ ထိုစကားလုံးေတြကို အလြယ္ကေလးေျပာရက္သည္။ မိသားစုဆိုတဲ့အသိုက္အၿမဳံကို သူမဘယ္ေလာက္မုန္းလိုက္လဲသလဲဆိုတာ ေမ့ေလ်ာ့ေလသလား။ တမင္ပဲ ထိုးႏွတ္ေလသလား။
" Ozzy မရွိေတာ့ဘူး "
ထိုစကားလုံးေလးရဲ႕အဆုံးမွာ သူမေရာ Jordanပါ တိတ္ဆိတ္သြားသည္။ ေဆး႐ုံအတြင္း သူသူငါငါသြားလာေန၍ အသက္ဝင္လႈပ္ရွားေနသည့္ ကမာၻႀကီးသည္ သူတို႔နဲ႕ မဆိုင္သကဲ့သို႔ တိတ္ဆိတ္ေနသည္။
" အေစာင့္အေရွာက္ျဖစ္တဲ့ သူကပါ ငါ့အနားကထြက္သြားၿပီ "
" ငါေျပာသားပဲ စာခ်ဳပ္ခ်ဳပ္ထားပါဆိုတာ မင္းမွလက္မခံဘဲ..." ေဂ်ာင္ကုသည္ သက္ျပင္းရွည္တစ္ခ်က္ခ်ကာဆိုလာသည္။
" ငါတို႔စကားမ်ားခဲ့တာ။ ငါ့ကိုသူအႀကီးအက်ယ္စိတ္ဆိုးေနတာကို ခံစားမိတယ္။ ငါလည္းေဒါသမႊန္ေနတာမို႔ သူ႕ကိုျပန္ေအာ္မိတယ္။ အဲ့ေနာက္ ငါသူ႕အတြက္ရည္႐ြယ္ထားတဲ့ လက္ပတ္ေလးက အေၾကာင္းအရင္းမရွိဘဲ ပ်က္က်သြားတယ္။ သူနဲ႕ငါ့ၾကားက အဆတ္အသြယ္ကိုလည္း မခံစားမိေတာ့ဘူး..."
" ငါသာဆိုလည္း စကားနားမေထာင္ဘဲ လုပ္ခ်င္ရာလုပ္တတ္တဲ့ မင္းကို ထားခဲ့မိမွာပဲ။ မင္းသိလား Ozzy က သာမာန္ဝိညာဥ္ေလးတစ္ခုမဟုတ္ဘူး။ ငါေတာင္သူ႕ကိုအမိန့္ေပးလို႔မရဘူး။ ေျပာလို႔မရဘူး ငါ့ထက္အင္အားႀကီးရင္ႀကီးေနမွာ...."
ေဂ်ာင္ကု၏ စကားတို႔ကိုၾကားသည့္အခါ လိန္းသည္ အေဝးတစ္ေနရာသို႔ အသက္မဲ့စြာေငးေနသည္။ ဒါစမ္းသပ္မႈေတြထဲကတစ္ခုလား...။
" ငါ့ကိုဖတ္ထားေပးမလား။ ငါအရမ္းမြန္းၾကပ္တာပဲ...။ "
ေဂ်ာင္ကုအနည္းငယ္ေတြေဝသြားသည္။ ေစ့စပ္ထားတုန္းကေတာင္မွ လိန္းဘက္က ယခုလိုမ်ိဳး မေတာင္းဆိုဖူးေပ။ သို႔ေပသည့္ သူဘာမွမတုန့္ျပန္နိုင္ခင္မွာပဲ လိန္းသည္ သူ႕အားေပြ႕ဖတ္လာသည္။
" ဒီဘိုးေဘးေလး တစ္ေယာက္တည္းေတာ့ စိတ္ညစ္မခံနိုင္ဘူး Jordan...တစ္စုံတစ္ေယာက္ေတာ့ အႀကီးအက်ယ္အထင္လႊဲေတာ့မယ္ထင္တယ္ " နားနားကပ္ေျပာတဲ့ လိန္း၏ စကားတို႔ကို ၾကားၾကားခ်င္း ေဂ်ာင္ကုသည္ လိန္းကိုတြန္းထုတ္ကာ အေနာက္သို႔ လွည့္ၾကည့္မိလိုက္သည္။ သူ႕အား႐ြံရွာသလို ႏွာေခါင္းရႈံ႕ကာၾကည့္ေနသည့္ ထယ္ေယာင္းကို ေတြ႕လိုက္ရသည္။
" အသိလား..." ထယ္ေယာင္းေဘးမွ ေရာ္ဘက္ခ္သည္ ထယ္ေယာင္းကို တံေတာင္နဲ႕ တြတ္ကာေမးလိုက္သည္။
" အင္း...ငါ့အလုပ္ရွင္နဲ႕ သူ႕ခင္ပြန္းေလာင္းေလ "
" ေအာ္..."
" လာပါသြားရေအာင္ အေငြ႕အသတ္မေကာင္းတဲ့ ဒီနားမွာ တစ္စက္ေလးမွမေနခ်င္ဘူး " ထယ္ေယာင္းသည္ ေဂ်ာင္ကုၾကားေအာင္ေျပာလိုက္ၿပီးေနာက္ ေဆးခ်ိတ္ထားတဲ့တိုင္ေလးကိုဆြဲကာ ခပ္ျမန္ျမန္ထြက္သြားေတာ့သည္။
" ထယ္ေယာင္း...ထယ္ေယာင္း ခန..." ေဂ်ာင္ကုသည္ လိန္းအား စူးရဲစြာစိုက္ၾကည့္ၿပီး သတိေပးသြားသည္။ သို႔ေသာ္လည္း အမွတ္မရွိတဲ့လိန္းကေတာ့ လွ်ာထုတ္ကာ ေျပာင္ျပေလသည္။
" မင္းအလုပ္ရွင္ဆိုတာ ဆံပင္အနီနဲ႕တစ္ေယာက္လား..."
" အင္း သိလို႔လား "
" ဟင့္အင္း မသိပါဘူး ဒီအတိုင္းေမးၾကည့္တာ။ ဒါနဲ႕ အဲ့တာဆိုရင္ မင္းရဲ႕ဝမ္းကြဲေပါ့။ "
" အင္းေလ "
ထယ္ေယာင္းနဲ႕ ေရာ္ဘက္ခ္တို႔ စကားေျပာရင္း လမ္းေလွ်ာက္ေနစဥ္ ေဂ်ာင္ကုတစ္ျဖစ္လဲ Mr. Jordanသည္ သူတို႔ေရွ႕မွ ပိတ္ရပ္လာသည္။
" ထယ္ေယာင္း..." ေဂ်ာင္ကုသည္ ထိုအမည္နာမေလးအား ေခၚလာသည္။ ထယ္ေယာင္းကေတာ့ ေအးစက္တဲ့အၾကည့္ေတြနဲ႕သာ အႏၲရာယ္ႀကီးစြာၾကည့္ေနခဲ့သည္။
" ကြၽန္ေတာ့္ကိုသိလို႔လား။ ကြၽန္ေတာ္ကေတာ့ ခင္မ်ားကိုမသိဘူး။ "
" ကိုယ္ေလ ေဂ်ာင္ကုေလ...မမွတ္မိဘူးလား "
ထယ္ေယာင္မ်က္ေမွာင္ႀကဳံ႕သြားၿပီး ေဘးနားမွ ေရာ္ဘက္ခ္မ်က္ႏွာကို တစ္ခ်က္ၾကည့္မိသည္။ ေရာ္ဘက္ခ္သည္ 'သူဘာမွမသိ'ဟူသည့္ သေဘာျဖင့္ ပုခုံးတြန့္ျပေလသည္။
" ေျပာစမ္းပါဦး...ခင္မ်ားလို မေကာင္းဆိုးဝါးေတြက သူမ်ားအိမ္မက္ေတြထဲလည္း ဝင္ေမႊနိုင္တာပဲလား "
" ကိုယ္တကယ္ ေဂ်ာင္ကုပါ။ ကိုယ္ဘယ္လို သတ္ေသျပရမလဲ ကိုယ္သတ္ေသျပနိုင္တယ္ "
ထိုေဂ်ာင္ကုဆိုသည့္ နာမည္ကိုၾကားလိုက္တဲ့ ထယ္ေယာင္းေခါင္းက တဆစ္ဆစ္ျဖစ္လာသည္။ ခပ္စူးစူးနာက်င္မႈႏွင့္အတူ ရင္းႏွီးေနတဲ့ အစိမ္းသက္သက္အမွတ္တရေတြကလည္း ေဝေဝဝါးဝါးေပၚလာတတ္ေသးသည္။
" ေတာ္ေတာ့...ခင္မ်ားဘာသာခင္မ်ား ဘာႀကီးျဖစ္ေနပါေစ ဘယ္သူပဲျဖစ္ေနပါေစ ကြၽန္ေတာ္စိတ္မဝင္စားဘူး။ လူတစ္ေယာက္လုံးကို ရိုက္ႏွတ္ၿပီးတာေတာင္မွ ေတာင္းပန္ဖို႔စိတ္ကူးမရွိဘဲနဲ႕ ဘာဇာတ္ေတြထပ္ကခ်င္ေသးတာလဲ။ အာ...ဟုတ္သား ေဂ်ာင္ကုလို႔ေျပာတယ္မလား ကြၽန္ေတာ္မွတ္မိသေလာက္ေတာ့ ကြၽန္ေတာ့္ကိုအႀကိမ္ႀကိမ္သတ္ဖို႔ႀကိဳးစားခဲ့တဲ့ ခင္မ်ားႀကီးေစာက္ခြက္ကို မျမင္ခ်င္ဆုံးပဲ။ ခင္မ်ားႀကီးလို မေကာင္းဆိုးဝါးေကာင္က ဒီၿမိဳ႕ရဲ႕အုပ္စိုးသူျဖစ္ေနတာက ရင္နာစရာပဲ။ ခင္းမ်ားႀကီးရဲ႕ဝိညာဥ္က ငရဲမွာ ေလာင္ကြၽမ္းေနသင့္တာ၊ ျပန္လည္ဝင္စားနိုင္ျခင္းေတာင္မရွိပါဘဲေလ။ "
" Vante ေတာ္သင့္ၿပီ...လာသြားရေအာင္..." ေရာ္ဘက္ခ္သည္ အေျခအေနမဟန္ေတာ့သည့္အတြက္ ထယ္ေယာင္းေျဖာင္းဖ်ကာ ေခၚထုတ္သြားဖို႔ႀကိဳးစားေလသည္။ ထယ္ေယာင္း၏ လက္ရွိက်န္းမာေရးအေျခအေနအရ ထယ္ေယာင္းေဒါသႏွင့္ဆိုလွ်င္ မေတြးရဲစရာပင္။
" ကင္မ္ထယ္ေယာင္း!..." ေဂ်ာင္ကုသည္ အသံနက္ႀကီးႏွင့္ေအာ္ကာ သူ႕ကိုေက်ာေပးသြားသည့္ ထယ္ေယာင္းလက္ေကာက္ဝတ္ကို ျပန္ဆြဲထားသည္။ ထယ္ေယာင္း၏ အၾကည့္စူးစူးတို႔သည္ ေဂ်ာင္ကုထံ ဒိုင္းခနဲပင္။
" ျပန္ေျပာၾကည့္စမ္း အေစာနကလို...ေျပာရဲရင္ ျပန္ေျပာၾကည့္စမ္းလို႔ အခုခ်က္ခ်င္းဒီေနရာမွာတင္ မင္းကိုလည္ခ်ိဳးလိုက္လို႔ရတယ္။ ထယ္ေယာင္း မင္းသိလား အႀကိမ္မ်ားစြာႀကိဳးစားခဲ့ၿပီးသည့္တိုင္ ေနာက္တစ္ခါထပ္ႀကိဳးစားဖို႔လည္း ဝန္ေလးမွာမဟုတ္ဘူး မင္းကိုသတ္ဖို႔ေလ..."
႐ုတ္တရတ္ ေဆး႐ုံအတြင္းရိွ မီးမ်ားသည္ ျပတ္ေတာက္သြားသည္။ ကိုယ့္လက္ကိုယ္ေတာင္ ျပန္မျမင္ရတဲ့ အေမွာင္ထုအတြင္း ေအးစက္စက္ႏႈတ္ခမ္းတစ္စုံသည္ ထယ္ေယာင္း၏ ႏႈတ္ခမ္းတို႔ထံ ဖိကပ္လာသည္။ ထို႔ေနာက္ ထယ္ေယာင္းတစ္ေယာက္သာ ၾကားနိုင္မည့္ ေလသံျဖင့္ " မင္းကငါ့အပိုင္ဆိုတာမေမ့ပါနဲ႕ " ဟူ၍တီးတိုးဆိုသြားေလသည္။
ထယ္ေယာင္း ေက်ာရိုးတစ္ေလွ်ာက္ေအးစိမ့္သြားကာ ၾကက္သီးတျဖန္းျဖန္းထသြားသည္။ ဒီလိုေအးစက္မႈမ်ိဳးနဲ႕ ဒီလိုဖိႏွိပ္မႈမ်ိဳးကို သူ၏ မသိစိတ္က ရင္းႏွီးေနသည္။ သို႔ေသာ္လည္း မွတ္ဉာဏ္တို႔ကို ျပန္စဥ္းစားလိုက္တိုင္း ေခါင္းကိုက္သည္ကသာ အဖတ္တင္ေလသည္။
လွ်ပ္စစ္မီးမ်ား ျပန္ရလာသည့္အခ်ိန္ ေဂ်ာင္ကုသည္ ရွိမေနေတာ့ပါ။ ထယ္ေယာင္းအနည္းငယ္တုန္လႈပ္သြားသည္။ မတုန္လႈပ္သည္က သူ႕အေနာက္က ေရာ္ဘက္ခ္ပင္ျဖစ္သည္။ လွ်ပ္တျပတ္အတြင္း လူတစ္ေယာက္လုံးေပ်ာက္သြားသည္ နည္းနည္းေလးမွ သတိမူမိမယ့္ပုံမေပၚေခ်။
" သြားၾကမယ္...လာ.." ေရာ္ဘက္ခ္သည္ ေၾကာင္အစြာရက္ေနမိသည့္ ထယ္ေယာင္းကို လာတြဲသည္။ ထယ္ေယာင္း ေရာ္ဘက္ခ္ကို တစ္ခ်က္အကဲခတ္လိုက္သည္။ တည္ၿငိမ္လြန္းေနသည္။ တိတ္ဆိတ္လြန္းေနသည္။ ခါတိုင္းဆိုလွ်င္ စပ္စပ္စုစုႏွင့္ ေမးခြန္းတရစပ္ေမးတတ္သည့္သူသည္ ယခုအခါ တိတ္ဆိတ္လြန္းေနသည္က ထူးဆန္းသည္။ သို႔ေသာ္လည္း ထယ္ေယာင္းဘာမွ ေထြေထြထူးထူးမေျပာေတာ့ေပ။
" ဟုတ္သား...မၾကာခင္ ေဆာင္းဦးပြဲေတာ္ေတာင္ေရာက္ေတာ့မယ္ေနာ္။ ကိုရီးယားကိုျပန္မွာလား " ေရာ္ဘက္ခ္သည္ တည္ၿငိမ္သည့္ေလသံျဖင့္ ေမးလာသည္။
" ဟင့္အင္း အစီစဥ္မရွိေသးဘူး "
" မင္းမိဘေတြကိုေတာင္ ျပန္မေတြ႕ေတာ့ဘူးလား။ Vante. . . မင္းက တကယ္ႏွလုံးသားမဲ့တာပဲ..."
" အခုမွသတိရတယ္။ ဒီေန႕ဘယ္ႏွရက္လဲ ဟမ္ " ထယ္ေယာင္း မ်က္ခုံးပင့္ကာ ၿပဳံးစစေမးလိုက္သည္။ ထိုအၿပဳံး၏ ေနာက္ကြယ္က အႏၲရာယ္အေငြ႕အသတ္ကို ခံစားမိသည့္အခါ ေရာ္ဘက္ခ္သည္ ဟီးခနဲ သြားၿဖဲျပေလသည္။
" သူငယ္ခ်င္းေလးကလည္း စိတ္မဆိုးရေလဘူး အလကားစတာကို..."
" ေမးေနတာေျဖစမ္းပါ ဒီေန႕ဘယ္ႏွရက္လဲ "
" 20 "
" ငါသတိေမ့တာကေရာ..."
" 18 ရက္ေန႕ "
" ဆိုေတာ့ ဘာလို႔ေျခာက္လလို႔ေျပာခဲ့တာလဲ ဟမ္..."
" အ့ အား နာတယ္...Vante နာတယ္လို႔...စတာကိုပဲ စိတ္မဆိုးရဘူးေလ "
ထယ္ေယာင္းသည္ ေရာ္ဘက္ခ္၏ ဆံပင္နီနီတို႔အား အားရပါးရေဆာင့္ဆြဲထားလိုက္သည့္အခါ ေျပးဖို႔ေရွာင္ေနသည့္ ေရာ္ဘက္ခ္တစ္ေယာက္ ေျခၿငိမ္သြားကာ အသံမ်ိဳးစုံနဲ႕ေအာ္ဟစ္ေနေတာ့သည္။
" ဒါေနာက္စရာလား ဟမ္...ငါ့မွာေတာ့ တကယ္ႀကီး ေျခာက္လေလာက္သတိေမ့တယ္ထင္ၿပီး Dအေတာင့္လိုက္ဝင္ေတာ့မလို႔ "
" မင္းလိုလူမ်ိဳး Dသာဝင္လို႔ကေတာ့ စိတၱဇလူသတ္သမား ေနာက္တစ္ေယာက္ ထပ္ေပၚလာေတာ့မွာပဲ အခုေတာင္ ဆရာမနိုင္ ေဆးမနိုင္နဲ႕...."
" ျပန္ေျပာစမ္း..." ထယ္ေယာင္း မ်က္လုံးျပဴးျပကာ လက္ထဲကဆံပင္နီနီတို႔အား ပိုမိုတင္းက်ပ္ေအာင္ ဆြဲလိုက္သည့္အခါ ေရာ္ဘက္ခ္၏ ေအာ္သံၿပဲႀကီးသည္ ေဆး႐ုံေလွ်ာက္လမ္းတခြင္ ၿပဲစင္သြားသည္။
" အ့...အား...မွားပါတယ္ ဒီဘိုးေဘးေလးမွားတာပါ။ Sir Vante ဆီ လာလည္းမေနာက္ေတာ့ဘူး ေနာက္လည္းမလာေတာ့ပါဘူးဗ်ာ..."
ထိုအခါမွ ထယ္ေယာင္းသည္ ေရာ္ဘက္ခ္၏ ဆံပင္ကို လႊတ္လိုက္သည္။ လႊတ္ခ်င္၍ လႊတ္လိုက္ျခင္းမဟုတ္ လူျမင္မေကာင္းလို႔သာ အေလွ်ာ့ေပးလိုက္ရျခင္းျဖစ္သည္။ စိတ္ထဲရွိတဲ့အတိုင္းသာဆိုလွ်င္ ဆံပင္က ေဆာင့္ဆြဲၿပီး နံရံနဲ႕ ပိတ္တိုက္ပစ္ခ်င္မိတာအမွန္ပင္။
ထယ္ေယာင္း သူ႕လက္ထဲ ကြၽတ္က်န္ေနခဲ့ေသာ ေရာ္ဘက္ခ္၏ ဆံပင္နီနီတို႔အားျမင္သည့္အခါ ဘာရယ္မဟုတ္ဘဲ လိန္းကို ေျပးျမင္မိသည္။ လိန္းႏွင့္ ေရာ္ဘက္ခ္သည္ ဆံပင္အေရာင္တူၾကသည္။ ထို႔အျပင္ သူ႕စိတ္ထဲ တစ္ခ်က္တစ္ခ်က္ဆို ႐ုပ္ခ်င္းဆင္သည္ဟု ထင္ေနမိသည္။
သူ သူေရွ႕က ငိုမဲ့မဲ့မ်က္ႏွာေဘးျဖင့္ ေရာ္ဘက္ခ္ကို ေသခ်ာစိုက္ၾကည့္လိုက္သည္။ ဟုတ္သည္။ စိမ္းျပာမ်က္လုံးေတြ၊ ႏႈတ္ခမ္းအေနအထားတို႔သည္ တစ္ပုံစံထဲတူညီေနၾကသည္။ အထူးသျဖင့္ သြားစြယ္ေလးေတြပင္ျဖစ္သည္။
________