သည်မောင် လက်ခုပ် တီးပါ့မယ် (...

Por moe_for_more

144K 11.5K 3.1K

အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ... Mais

Author's note
၁ (Z)
၂(Z)
၃(Z)
၄ Z
၅(Z)
၆(Z)
၇(Z)
၈(Z)
၉(Z)
၁၀
၁၀(Z)
၁၁
၁၁(Z)
၁၂
၁၂ (Z)
၁၃
၁၃ (Z)
၁၄
၁၄ (Z)
၁၅
၁၅ (Z)
၁၆
၁၆ (Z)
၁၇
၁၇ (Z)
၁၈
၁၈ (Z)
၁၉
၁၉ (Z)
၂၀
၂၁
၂၁ (Z)
၂၂
၂၂ (Z)
၂၃
၂၃ (Z)
၂၄
၂၄ (Z)
၂၅
၂၅ ( Z)
၂၆
၂၆ (Z)
၂၇
၂၇ (Z)
၂၈
၂၈ (Z)
၂၉
၂၉ (Z)
၃၀
၃၀ (Z)
၃၁
၃၁ (Z)
၃၂
၃၂ (Z)
၃၃
၃၃ (Z)
၃၄
၃၄ (Z)
၃၅
၃၅ (Z)
၃၆
၃၆ (Z)
၃၇
၃၇ (Z)
၃၈
၃၈ (Z)
၃၉
၃၉ (Z)
၄၀ (ဇာတ်သိမ်းပိုင်း)
၄၀ (ဇာတ်သိမ်းပိုင်း) (Z)
အခပျြပို
အချပ်ပို
အခပျြပို၂
အချပ်ပို၂
မောင့်ဒိုင်ယာရီ
မောင့်ဒိုင်ယာရီ
နောက်ကျမှ ရေချိုးမိတဲ့အခါ (ေနာက္က်မွ ေရခ်ိဳးတဲ့အခါ)
ပေသလူးနဲ့ တို့များတစ်ခေတ်မောင်
အဆုံးသတ်မဟုတ်လေသော အဆုံးသတ်
Book Announcement
book cover and details

၂၀ (Z)

564 34 1
Por moe_for_more

Zawgyi

"နားတာလည်းနားကြ...ပုရိသတ်တွေဆီက စာတွေလည်း ဖတ်ပြမယ်ဟေ့!!!!"

ဆရာရသထံမှ စကားသံအဆုံး လူအများမှာ ကွပ်ပျစ်ကျယ်ကြီးပေါ် ရုတ်ရုတ်သဲသဲနေရာယူလာတော့သည်။ တစ်ခေတ်မောင်တို့ကတော့ ကွပ်ပျစ်ပေါ် မထိုင်ရလည်း ကိစ္စမရှိသူတွေမို့ အရေးတယူလုပ်၍ နေရာလုမနေပေ။ လွတ်သည့်မြေပြင်တွင် ဖိနပ်ဖင်ခုထိုင်မည်သာ။ အသက်အရွယ်ကြီးသူများနှင့် အမျိုးသမီးများမှာတော့ ကွပ်ပျစ်ပေါ်တွင် အသီးသီးနေရာယူပြီးနေပြီ။ တစ်ခေတ်မောင်မှာလည်း ကိုယ့်ဖိနပ်ကိုယ်ဖင်ခုထိုင်လို့ ဒူးနှစ်ဖက်ကို ဖြစ်သလိုထောင်ကာ လက်ဖြင့်ပွေ့လျက် အဆင်ပြေနေလေပြီ။

"သည်ဘေးမယ် ထိုင်လို့ရတယ်မဟုတ်လား...."

ချိုမြကြည်လင်လေသော အသံကလေးကြောင့် မော့ကြည့်မိလေ၏။ သည်တစ်လျှောက်လုံး နီးလျက်ဝေးနေရပါသော ချစ်ရသူ၏ မျက်နှာနုနုမှာ ကြည်လင်သန့်ရှင်းစွာ ကြိုဆိုနေပါ၏။ အသေအချာစကားမဆိုဖြစ်သည့် သည်ရက်တွေအတွင်း အစ်ကိုထွင်းမှာ အနည်းငယ် ပိန်ကျသွားသလိုပင်။ ဘာကြောင့်များ ပိန်သွားသလဲ မသိသော်ငြား အစ်ကိုထွင်းဆိုလျှင် အပွန်းအပဲ့မခံနိုင်သော တစ်ခေတ်မောင်တစ်ယောက် ရင်တွင် ဟိုက်ခနဲ မောသွားရသည်။

"ပြန်မဖြေလည်း ထိုင်ပြီနော်...."

ပြောပြောဆိုဆိုဖြင့် သူ့နံဘေးတွင် ဝင်ထိုင်လေသော အစ်ကိုထွင်းအား မျက်တောင်မခတ်တမ်းငေးနေမိတော့သည်။ ဖိနပ်ကလေးဖင်ခုထိုင်ဖို့အရေး သူ့ကတ္တီပါအသစ်ကလေး ညစ်ပတ်သွားမည်ကို စိုးရိမ်နေပုံရ၏။ ကုန်းကုန်းကွကွဖြင့် သူတစ်ဦးတည်း ထိုင်မရ၊ ထမရဖြစ်နေ၏။ တစ်ခေတ်မောင် သူဖင်ခုထိုင်ထားသော ဖိနပ်ကို ထုတ်မပေးချင်ပါ။ သူ့ဖိနပ်ကလေးမှာ အမြင်ဆိုးရွားလှသည်အထိ စုတ်ချာနေပြီမဟုတ်လား။ သူက အဘယ်သို့များ မျက်နှာပြောင်တိုက်၍ ပိုးကလေးလိုဥထားသူထိုင်ဖို့ရာ သူ့ဖိနပ်စုတ်အား ထုတ်ပေးနိုင်မည်နည်း။

အစ်ကိုထွင်းမှာလည်း တစ်ဦးတည်း ယောက်ယက်ခတ်လို့ကောင်းတုန်းပင်။ မြေပြင်ပေါ် သည်အတိုင်းပစ်ထိုင်ရနိုးနိုး၊ အောကတ္တီပါအသစ်ကလေးကိုပဲ ဖင်ခုထိုင်ရနိုးနိုးဖြင့် အတွေးများလျက်။ အစ်ကိုထွင်း၏ ခြေလက်အသွယ်သွယ်မှာ သန့်ရှင်းလှပ၏။ ခြေသည်းကလေးများအစ ကြည်လင်နေတတ်သည်။ သည်လိုအလှအပမျိုးနှင့် ညစ်ပတ်သော မြေပြင်ကြီးမှာ မတန်ရာလှ။ ဥပမာပြရလျှင် မြေပြင်ကြီးနှင့်တူသော တစ်ခေတ်မောင်နှင့် အစ်ကိုထွင်းမှာ မတန်သလိုပင်။ တစ်ခေတ်မောင် သူ့ထပ်အင်္ကျီအကွက်စိပ်အား ချွတ်လိုက်ကာ ဘာဘာညာညာမပြောဘဲ အစ်ကိုထွင်း ထိုင်နိုင်ဖို့ရာ မြေတွင် ချခင်းပေးလိုက်သည်။

"တစ်ခေတ်မောင်...မင်း...မင်း အင်္ကျီကလေး...."

"ထိုင်တော့ အစ်ကိုထွင်း....တော်ကြာ ဆရာရသဆီက အဆူခံထိနေအုန်းမယ်...."

"ဒါပေမဲ့...."

"ကဲ ထွင်းအက္ခရာ အခုထိ မထိုင်နိုင်သေးဘူးလား!!!!!"

တွန့်ဆုတ်ဆုတ်ဖြစ်နေသော အစ်ကိုထွင်းတစ်ယောက် ဆရာရသအော်သံကြားသည်နှင့် ကိုယ်ကလေးတုန်တက်ကာ သူ့အင်္ကျီပေါ် ဇက်ခနဲ ထိုင်ချလိုက်တော့သည်။ တစ်ခေတ်မောင်မှာ မထိန်းမကွပ်နိုင်ဘဲ ပြုံးမိပါ၏။ ထိုထပ်အင်္ကျီကလေးက အစ်ကိုကြီးတို့နဲ့အတူ ဗိုလ်ချုပ်ဈေးသွား၍ ကိုယ့်အစုငွေထဲမှ ဝယ်ယူထားသော အသစ်ချွတ်ချွတ် ထပ်အင်္ကျီကလေး။ ကိုယ့်ထပ်အင်္ကျီကလေးသည် ချစ်ရသူ မပေမကျန် ထိုင်နိုင်လေဖို့ ကူညီပေးနိုင်သည့်အခါ ပြုံးမိပါတော့၏။

"အကုန်လူစုံပြီနော့....ဒါဖြင့် ပုရိသတ်တွေဆီက မေတ္တာစာတွေ စဖတ်ပြီနော်...."

"ဟုတ်ကဲ့ပါ ဆရာရသ!!!!"

ပြိုင်တူညီစွာ ထွက်လာသော အသံနောက် အငြိမ့်အိမ်ကြီးမှာ အသံဟီးလို့သွား၏။

"ဟုတ်ကဲ့ပါ ဆရာရသ...."

"မင်းကတော့ ထမဖောက်ရရင် မနေနိုင်တဲ့အကောင်....."

သည်လို လူမျိုးကတော့ နေရာတိုင်းတွင် အမြဲတစေရှိတတ်သည်။ အကုန်လုံး ပြိုင်တူအော်ဟစ်ပြီးမှ တစ်ယောက်တည်း ချွန်းထွက်၍ အော်ဟစ်သူလေ။

"ပထမဆုံးစာကတော့ ငါတို့ ဟိုးနှစ်က နောက်ဆုံးသွားခဲ့တဲ့ ရွာကလေးကပဲကွ....ကဲ စဖတ်ပြပြီနော်..."

ဆရာရသကစာအိတ်အထွေးလိုက်အပုံလိုက်ထဲမှ  စာတစ်စောင်အား ကျပန်းရွေးချယ်လိုက်ကာ ပြောဆိုနေခြင်းပေ။ ထိုစာအိတ်ကလေးကို ဖွင့်ဖောက်လိုက်သည်နှင့် ဝါကြင်နေသော စာရွက်ကလေးနှင့် မညီညာမသပ်ရပ်သော စကားလုံးများ ထွက်လာသည်ကို မြင်ဖြစ်အောင်မြင်လိုက်ရသည်။ တစ်ခေတ်မောင်မှာ အတန်းစာမတတ်သော်ငြား ရေးတတ်ဖတ်တတ်၏။ ဘုန်းကြီးကျောင်းတွင်သာ နေခဲ့ရသူမို့ ပါဠိအရာတွင် ကျွမ်းကျင်သည်။ ဦးပုဇဉ်းတို့ သိသင့်သိအပ်သော အရာမှန်သမျှ သူသိထားလေသည်။ စာမဖတ်တာကြာပြီဖြစ်သော တစ်ခေတ်မောင်မှာ စူးရှသော မျက်ဝန်းများဖြင့် ဆရာရသလက်ထဲမှ စာများအား ဖတ်ရန် ကြိုးစားနေသည်။ သို့သော် မအောင်မြင်ချေ။ ထိုလက်ရေးလက်ရာကို သူ မဖတ်တတ်ချေ။

သက်ပြင်းတစ်ချက်ချလိုက်ပြီး ဒူးနှစ်ဖက်ကို ထောင်ကာ လက်နှစ်ဖက်ကို ထိုဒူးတို့အပေါ် တင်ထားလိုက်ရင်း မိုက်ကန်းကန်းပြင်ထိုင်လိုက်သည်။ ပြီးသည်နှင့် နံဘေးမှ ပုံရိပ်ကလေးအား မျက်ဆံထောင့်ကပ်ကာ ခိုးကြည့်မိ၏။ ဖြူလွှလွှကြည်လင်လင် ပုံရိပ်ကလေးမှာ ဒူးကလေးနှစ်ခုစုထောင်ကာ လက်ဖြင့် ပွေ့ပိုက်ထားရင်း ဆရာရသထံမှ စာဖတ်ပြသံကို အလွန်တရာမှ နားစိုက်ထောင်နေပါ၏။ ဂရုတစိုက် အလေးအနက်ထား နားထောင်နေသော ပုံစံကလေးသည် သူ့အား အသည်းတယားယားဖြစ်စေသည်။ မှန်ရာကို ဆိုရလျှင် အစ်ကိုထွင်း၏ အပြုအမူတိုင်းအား သူအသည်းယားနေခြင်းသာ။

"*ကျုပ်တို့တော့ 'ထွင်းအက္ခရာ'အဖွဲ့သားတွေကို ပြန်စေချင်ပါဘူးတော်....ကျုပ်တို့ ရွာသားတွေက ပွဲကြိုက်ကြတယ်ရှင့်....ပွဲငတ်လာတဲ့ တစ်နှစ်လုံး နောက်ဆုံးနှစ်ကုန်ကာမှ လာဖျော်ဖြေတဲ့ သည်အငြိမ့်အဖွဲ့ကြောင့် အာသီသတွေကို ပြေသွားရောပဲ....ရန်ကုန်မယ် အခြေစိုက်မဲ့အစား ကျုပ်တို့ရွာမယ် အခြေစိုက်ကြပါ့လား....ကျုပ်ဖြင့် ကျုပ်အစ်ကိုကို ခေါင်းဆောင်မင်းသမီး ထွင်းအက္ခရာနဲ့ အတင်းပေးစားပြီး အငြိမ့်အဖွဲ့ကို ရွာမှာပဲ အခြေစိုက်အောင် လုပ်ပစ်လိုက်ချင်တော့တယ် တော်တို့ရေ....*"

ဆရာရသ ဖတ်ပြလေသော စာအဆုံး နားထောင်နေသူတိုင်းမှာ တဟားဟားရယ်မောကြလေတော့သည်။ သူတို့ရယ်မောမှုတွင် ထွင်းအက္ခရာအား လှောင်ပြောင်သရော်လိုစိတ်မရှိ။ ပွင့်လင်းပျူငှာလွန်းသည့် ရွာသူကလေး၏ စာအရေးအသားကြောင့်သာ ရယ်မဆုံးဖြစ်နေကြတော့သည်။

"ကျုပ်တို့အဖွဲ့ကို သူတို့ရွာမယ် အခြေစိုက်စေချင်တာနဲ့ပဲ ထွင်းအက္ခရာကို သူ့အစ်ကိုနဲ့ ပေးစားမတဲ့....ဘာမျှလည်း မဆိုင်....ဆရာရသကို သူ့ဒေါ်လေးနဲ့ ပေးစားမယ်ဆို ဟုတ်တုတ်တုတ် နော့..."

"ဒါပေါ့....ဟာ မဟုတ်ပါဘူးကွာ...."

ငပုက အာပေါင်အာရင်း သန်သန်ဖြင့် ထပြောကာ စနောက်လေတော့ ဆရာရသမှာလည်း ယောင်ယမ်းကာ မတ်တပ်ကြီး ရှက်မပြီးဖြစ်နေတော့၏။ အဲ့သည့်ရွာကလေး ရောက်တုန်းကဆို စာပိုင်ရှင် ရွာသူလေး၏ အဒေါ်ကို ဆရာရသတစ်ယောက် မျက်စိကျနေသည်ကို တစ်ဖွဲ့သားလုံး သိနေလေတော့ စလို့နောက်လို့ မပြီးတော့ချေ။

"တော်တော်!!! မင်းတို့အတော် ဆိုးပါ့လား....မင်းတို့ စနောက်နေတာနဲ့ပဲ ငါ့မျက်နှာကြီး ဘယ်နားထားရမှန်းမသိတော့ဘူး...."

"အို....ဆရာရသရယ် ပုံမှန်အတိုင်း ခေါင်းအရှေ့ဘက်မယ်ပဲ ကပ်ထားပါလေ...."

"တယ် မိနွယ်!!!"

ဆရာရသမှာ ရှက်ရမ်းရမ်းကာ အော်ဟစ်နေပြန်တော့သည်။ ဝိုင်းဝန်းစနောက်ခံရသည့်အခါ မျက်နှာတစ်ပြင်လုံး ရဲတွတ်လာနေပြီ။ ထိုအချင်းအရာတို့ကြောင့် နံဘေးရှိ အစ်ကိုထွင်းသည်လည်း ရယ်မောနေလေ၏။ စိတ်လက်ပေါ့ပါးစွာ ရယ်မောနေသော အစ်ကိုထွင်း၏ မျက်နှာကလေးအား မတွေ့ရသည်မှာ ကြာပြီဖြစ်၏။ ထို့ကြောင့် ယခုတွေ့လိုက်ရချိန် မဖုံးမဖိနိုင်ပါပဲ ငေးနေမိတော့သည်။ အစ်ကိုထွင်းက ရယ်မောနေရင်းမှ သူ့အား လှည့်ကြည့်လို့လာကာ အကြည့်ချင်းဆုံစည်းလေတော့သည်။ ထိုအခိုက်အတန့်ခဏကလေးတွင်သာ လွင့်မျောသွားကြရင်း အကြည့်လွှဲဖို့ရာ နှစ်ဦးသား မေ့လျော့နေတော့၏။

"ကဲ နောက်တစ်စောင်ကို သွားကြမယ်ဟေ့..."

ဆရာရသ၏ ဆော်သြသံကြားကာမှ အစ်ကိုထွင်းရော သူပါ သတိကပ်လေ၏။ ထို့ကြောင့် အကြည့်လွှဲဖို့ရာ သတိရမိတော့သည်။ ဒုတိယမြောက်စာမှာတော့ ဆိုင်းဝိုင်းအဖွဲ့အား မည်မျှသဘောကျကြောင်း ဖွဲ့နွဲ့ရေးထားသော စာပင်။ ထိုစာကြောင့် ဆိုင်းဝိုင်းဆရာကြီးများမှာ မျက်ရည်လည်မတတ် ပျော်နေကြသည်မှာ အထင်းသား။ အငြိမ့်တစ်ဖွဲ့တွင် မင်းသမီး မင်းသားနှင့် လူပြက်များကိုသာ လူပြောများကြလျက် ဆိုင်းဝိုင်းဆရာကြီးများကိုမူ ဂရုထားရန် မေ့ထားတတ်ကြသည်။ အငြိမ့်အဖွဲ့ဟူသည် အသိုင်းအဝန်းဖြစ်ကာ တစ်ဦးတစ်ယောက်တည်းဖြင့် မပြီးဆုံးနိုင်၊ မကောင်းမွန်နိုင်။ လူတိုင်း ကိုယ်စီကိုယ်ငှ ကိုယ့်အလုပ်တာဝန်များအား အကောင်းဆုံး လုပ်ဆောင်နိုင်ပါမှ အငြိမ့်အဖွဲ့ကောင်းတစ်ခုဖြစ်လာမည်မဟုတ်လား။

တတိယမြောက်စာမှာတော့ နောက်ဆုံး ကပြဖျော်ဖြေခဲ့သော ပြင်ဦးလွင်မြို့မှ ဖြစ်၏။ ဆရာရသမှာ စာအိတ်ကို ဖွင့်ဖောက်လိုက်ပြီး ချောင်းတစ်ချက်ဟန့်ကာ စတင်ဖတ်ရှုပြလေတော့သည်။

"*အဟွတ်ဟွတ်....သို့ 'ထွင်းအက္ခရာ'အငြိမ့်အဖွဲ့ဝင်များ...
ကျွန်မကတော့ ပြင်ဦးလွင်မြို့ခံသူကလေးပါ....အစကတော့ ပွဲကြည့်ဖို့ တယ်ပြီးတော့ တက်ကြွလှတယ်မရှိပါဘူး....သို့ပေမဲ့လည်း အစီအစဉ် အလျဉ်းမရှိပါဘဲ ပွဲဆီရောက်လာခဲ့တယ်ပေါ့...ကြည့်ဖြစ်ခဲ့တယ်ပေါ့ရှင်....ကျွန်မ သဘောအခွေ့ဆုံးကတော့ တစ်ခေတ်မောင်ဆိုတဲ့ လူပြက်ကလေးပါပဲ....*"

တစ်ခေတ်မောင်မှာ သူ့နာမည်ပါလာသည်မို့ လှုပ်လှုပ်ရှားရှားဖြစ်သွားတော့သည်။ အစ်ကိုထွင်းမှာလည်း သူ့အား အဓိပ္ပာယ်ဖော်မရလေသော မျက်ဝန်းများဖြင့် လှည့်ကြည့်လို့လာခဲ့သည်။

"*ကျွန်မက လူရွှင်တော်ဆိုရင် တယ်လည်း သဘောတွေ့တတ်သူမဟုတ်လေဘူး...တစ်ခေတ်မောင်ကတော့ ချွင်းချက်ပေပေါ့....မိန်းမသားတန်မဲ့ သည်လိုမျိုး ရေးရဖွင့်ဟရတာလည်း ကျွန်မမယ် ခက်ရှက်ရှက်ရယ်ပါ....အို ဘာနေနေပါလေ....တစ်ခေတ်မောင်ကို သဘောကျရ၊ သဘောတွေ့ရလွန်းလို့ သည်စာကို ရေးရတာပါပဲ...ဒါပါပဲ...နောင်လည်း ပြင်ဦးလွင်ဆီ လာခဲ့ပေအုန်း....ရှင်သာ သည်စာကို ဖတ်ပြီးလို့ ပြင်ဦးလွင်မြို့ကလေးဆီ ဒုတိယအကြိမ်မြောက် ပြန်လာခဲ့ရင် ကျွန်မလည်း ရောက်တဲ့အရပ်ကနေ အရောက်လာတွေ့ပါ့မယ်....ရှင့်အား မေ့မရသူလေး နန်းမေ....*.ဟ တစ်ခေတ်မောင်တို့ကတော့ ပွဲဦးထွက်နဲ့တင် စွံသဗျ...ဟိုက အရောက်တောင် လာတွေ့မှာတဲ့နော်...အားကျတယ်ဟေး...."

ဆရာရသက အားရဝမ်းသဖြင့် ပြောနေသော်လည်း သူ့မယ် လုံးလုံးလျားလျားမ​ပျော်နိုင်။ ကိုယ့်အား သဘောတွေ့ကြောင်း ဖွင့်ဟစာကို လက်ခံရမှတော့ သူသူကိုယ်ကိုယ် ပျော်ရစမြဲပဲ။ သို့ပေမဲ့လည်း နံဘေးမယ် နှုတ်ခမ်းကလေး ဆတ်ဆတ်ကိုက်လျက် သူ့အား မျက်စောင်းမမည်သော မျက်စောင်းကလေးထိုးကာ ရှေ့တူရူသို့ ပြန်လှည့်သွားသူလေးကြောင့် ပျော်ရသည်မှာပင် ဖြောင့်ဖြောင့်တန်းတန်းမ​ပျော်ရ။ တစ်ဝက်တစ်ပျက်ဖြင့် ကျန်ရစ်ခဲ့၏။ တစ်ဖက်တွင်လည်း သူပျော်ရပြန်ပါသေးသည်။ သည်လိုမခို့တရို့အမူအရာမျိုးကလေး အစ်ကိုထွင်းထံမှ သူတစ်ကြိမ်တစ်ခါမျှ မြင်ဖူးခဲ့ခြင်းအလျဉ်းမရှိခဲ့။ ယခုကဲ့သို့ တွေ့ရသည့်အခါ ဝသီအတိုင်း အသည်းတယားယားဖြစ်ရပြန်ပါ၏။

"သည်တစ်ခေါက်စာကလေးကလည်း ပြင်ဦးလွင်မြို့လေးကနေပဲဗျ...."

တစ်ဖန်ထွက်ပေါ်လာသော ဆရာရသအသံကြောင့် ဆရာရသထံသို့သာ အာရုံပို့ထားရသည်။ သို့သော်ငြားလည်း အစ်ကိုထွင်းအား စက္ကန့်မလပ်ခိုးကြည့်ဖို့လည်း သူ မမေ့။

"*ကျွန်မတို့က သိပ်ပြီး ပြေလည်တယ်မဟုတ်တော့ ပွဲလည်း ကြည့်ဖူးပါဘူးတော်...သည်ပွဲကလေးကတော့ ပထမဦးဆုံးပဲ....အို ပြောမနေပါနဲ့ သိပ်သဘောကျပေါ့.....အလှူကလေးက စည်စည်ကားကား...အငြိမ့်ပွဲကလေးကလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပဲ မဟုတ်လား....သို့ပေမဲ့ နှစ်ပါးသွားကလေး မပါတာတော့ နှမြောမိပ....မင်းသမီး ထွင်းအက္ခရာက တယ်လည်းလှတော့ သူသာ နှစ်ပါးသွားကရင် တယ်ပြီး လှပသွားအုန်းမှာ....အငြိမ့်မင်းသားမပါပေမဲ့လည်း သည်အဖွဲ့ကလေးက သိပ်ကို ကောင်းတာပါပဲ....မင်းသမီးတွေရဲ့ အကတွေကိုလည်း သဘောကျပါရဲ့...ဆိုင်းဝိုင်းအတီးအမှုတ်ကိုလည်း နှစ်သက်ရပါရဲ့...ဟော လူပြက်တွေကျပြန်တော့လည်း ပါးစပ်မပိတ်ရအောင်ကို ရယ်ရမောရပြန်ရော...*."

ထိုစာကို ဖတ်ပြနေစဉ်အတွင်း နားထောင်နေသူတို့၏ မျက်နှာအမူအရာလေးများမှာ တစ်မျိုးပြီး တစ်ဖုံ ပြောင်းတလှည့်လဲတစ်လှည့်။ နှစ်ပါးသွားကြည့်ချင်သည်ဟူသော နေရာ၌ အဖွဲ့သားများ မျက်နှာကလေးကိုယ်စီညှိုးကျသွားသည်။ သဘောကျကြောင်း၊ နှစ်သက်ကြောင်းတို့ ဖတ်ရပြန်တော့လည်း ခပ်ရေးရေးလေး ပြုံးရပြန်သည်။

*လူအမျိုးမျိုးရဲ့ အပြုံးပေါင်းများစွာထဲ ချစ်ရသူ အစ်ကိုထွင်းအပြုံးမှာ အလှပဆုံး၊ အငြိမ်းချမ်းဆုံးဆိုသည်ကိုတော့ တစ်ခေတ်မောင်တစ်ယောက် ရင်တွင်း၌ ပြုံးတုံးတုံးရေရွတ်နေလျက်...*

"*လူပြက်ကလေးတွေအကြောင်းရေးမိပြန်တော့ တစ်ခေတ်မောင်ဆိုတဲ့ လူပြက်ကလေးကို အတော့်ကို သဘောကျမိပ....လူရွှင်တော်ဆိုသော်ငြားလည်း ကိုယ်လုံးကိုယ်ဖန် တောင့်တောင်းတင်းတင်း ရုပ်ရည်ကလေးကလည်း ချောချောကလေးဆိုတော့ ပြောရရင် လူရွှင်တော်တွေထဲ အငယ်ဆုံး အခန့်ညားဆုံးပါပဲ....*"

သည်နေရာရောက်တော့ လူရွှင်တော် အစ်ကိုကြီးတစ်သိုက်က သူ့အား ဝိုင်းဝန်းစိုက်ကြည့်လာကြကာ မဲ့ပြရွဲ့ပြကြ၏။ တစ်ခေတ်မောင် ခပ်မြူးမြူးကလေးသာ ရယ်မောမိ၏။ သူ့ကိုယ်သူ ရုပ်ရည်ပြေပြစ်ချောမောတယ်ရယ်လို့ တစ်ခါမျှ မသတ်မှတ်ဖူးပေ။ ညိုမောင်းသော အသားအရေကိုလည်း သဘောတွေ့ခဲ့တာမဟုတ်။ သို့ပေသော်ငြား ယခုကဲ့သို့ ချီးကျူးခံရသောအခါ ပျော်မဆုံးဖြစ်နေလေတော့၏။

"*အငြိမ့်ပွဲကြည့်ပြီး ပြန်လာကတည်းက ကျွန်မမှာ အတွေးတွေများပြီး အိပ်မပျော်ပါလေ...တစ်ခေတ်မောင်နဲ့ မင်းသမီး ထွင်းအက္ခရာနဲ့သာ တွဲဖက်ဖျော်ဖြေလိုက်မယ်ဆို ဘယ်လောက်တောင် လိုက်ဖက်လိုက်မလဲရယ်လို့ တွေးနေမိတာရယ်....ဒါကို ကျွန်မရဲ့ အမြင်နဲ့ တောင်းဆိုချက်လို့ပဲ ဆိုကြပါစို့...တစ်ခေတ်မောင်နဲ့ ထွင်းအက္ခရာကို စုံတွဲတေးသရုပ်ဖော်ကလေး တွေ့ချင်မိပါရဲ့....သည်တလောလည်း အငြိမ့်အဖွဲ့တွေမယ် တေးသရုပ်ဖော်ကလေးတွေပါ ခေတ်စားလာတယ် မဟုတ်လား....စိတ်ကူးမလွဲလေနဲ့ ဇာတ်ဆရာရေ...တစ်ခေတ်မောင်နဲ့ ထွင်းအက္ခရာကို အမြန်သာ တွဲဖက်ပေးလိုက်တော့....*အင်းးးးသည်တစ်ယောက် အကြံပေးချက်ကလည်း မဆိုးလှပေဘူးပဲ...."

ဆရာရသမှာ မေးတပွတ်ပွတ်ဖြင့် စာကြီးကိုင်လျက် အတွေးများနေ၏။ စာမှာ ဤတွင်ဆုံးပါသော်လည်း အဆုံးမသတ်နိုင်သည်မှာ တစ်ခေတ်မောင်နှင့် ထွင်းအက္ခရာနှစ်ဦးသား၏ စည်းဝါးမကျသော ရင်ခုန်သံတို့ပင်။ ရင်ဘတ်အတွင်း၌ ဗြောင်းဆန်နေပါသော နှလုံးသားငယ်ကြောင့် အယောင်ယောင်အမှားမှားဖြင့် တစ်ယောက်ကိုတစ်ယောက် ငေးကြည့်မိရင်း အကြည့်ဆုံမိကြပြန်သည်။ 'အစ်ကိုထွင်းနှင့် အတူ စုံတွဲတေးသရုပ်ဖော်'တဲ့လေ...။ မမျှော်လင့်ပေသော်လည်း အမျှော်လင့်ကြီး မျှော်လင့်နေမိသေးသည်။

"ကျုပ်တော့ သည်စာထဲကအတိုင်း ထောက်ခံတယ် ဆရာရသ...သူတို့နှစ်ဦးကလည်း တကယ်လိုက်ဖက်တယ်....အက္ခရာလေး ယောက်ျားတစ်ဦးဖြစ်မှန်း ဘယ်သူမှ သိတာမှမဟုတ်တာ....သူတို့နှစ်ယောက်ကို တေးသရုပ်ဖော်လုပ်ခိုင်းတာလည်း မဆိုးဘူးလားလို့....."

ဝင်ရောက်ထောက်ခံပေးသော ကိုကြီးငွေခဲကြောင့် လူက လေထဲ မြောက်ခနဲရောက်သွားသလိုပင်။ တစ်ခေတ်မောင်တစ်ယောက် စိတ်လှုပ်ရှားနေလျက် ဖင်ထိုင်လျက် ငြိမ်ငြိမ်ဆိမ်ဆိမ်ပင် မထိုင်နိုင်။ ဖင်တကြွကြွ ရင်တမမဖြင့်။

"ကျုပ်ကြားတာတော့ မြပန်းစိန်တို့တောင် သည်တစ်ခေါက် ပွဲမယ် တေးသရုပ်ဖော်လုပ်ကြတယ်တဲ့...အခုလူသိများနေတဲ့ သီချင်းတွေရော ရှေးအရင်က သီချင်းတွေရောပေါ့.. သူတို့ကတော့ မင်းသားနဲ့ မင်းသမီးနှစ်ဦး ဇာတ်ဝတ်ဇာတ်စားမဟုတ်ပဲ အပြင်ဝတ်အဝတ်အစားနဲ့ပဲ ဖျော်ဖြေကြတာတဲ့...တစ်မျိုးဆန်းတော့ ပုရိသတ်တွေကလည်း သဘောတွေ့သတဲ့ဗျ...ကျုပ်အမြင်ပြောရရင် ကျုပ်တို့လည်း လုပ်သင့်တယ်...."

"မြပန်းစိန်တို့တောင် လုပ်သတဲ့လား...."

ဆရာရသတစ်ယောက် ခပ်တိုးတိုးရေရွတ်ကာ အတွေးများလျက်။ သူသည်ကား အများလုပ်သမျှ လိုက်လုပ်နေသူမျိုးမဟုတ်လေတော့ အတွေးများနေ၏။ အများသူငှာက သူ့အား တုပလုပ်ဆောင်သည်ဟု ပြောဆိုလာမည်ကို မလိုလားပေ။ သို့ကြောင့် သတိတထားနေတတ်၏။ အဆန်းတကြယ်တို့ကို လုပ်ဆောင်တတ်၏။ မင်းသားမပါလေသော အငြိမ့်အဖွဲ့နှင့် ယောက်ျားပျိုတစ်ဦး ခေါင်းဆောင်မင်းသမီးအဖြစ် ရပ်တည်နေသော အငြိမ့်အဖွဲ့ စသည်တို့မှာ သူ၏ အဆန်းတကြယ်လုပ်ဆောင်မှုတို့ပင် ဖြစ်၏။ ဆရာရသ၏ အမူအကျင့်အား သိရှိထားသည့် ကိုကြီး ငမှေးက ဤသို့ဝင်ထောက်၏။

"ကျုပ်တို့ကတော့ မြပန်းစိန်တို့ထက် ဆန်းရင်တောင် ဆန်းသွားနိုင်သဗျ...သူတို့က ရိုးရိုးတန်းတန်း မင်းသမီးနဲ့ မင်းသားမဟုတ်လား...ကိုယ်တွေက မင်းသမီးနဲ့ လူပြက်....ကဲ ဘယ်လောက် ဆန်းသလဲ...ကိုယ်တွေ အငြိမ့်အဖွဲ့ထဲက လူပြက်တွေသည်လည်းပဲ အမျိုးမျိုးစွမ်းနိုင်ကြောင်း ပြလိုက်ကြရအောင်လား ဆရာရသ...ပြလိုက်ကြရအောင်လား..."

ဆရာရသမှာ တစ်ခေတ်မောင်နှင့် ထွင်းအက္ခရာတို့ထံ လှည့်ကြည့်လာပါ၏။ ထိုအခါ တစ်ခေတ်မောင်မှာ အစ်ကိုထွင်းအား တစ်ဆင့်ပြန်လည်ကြည့်မိသည်။ အစ်ကိုထွင်းမှာ သူသာ နံဘေးရှိနေရင် စိတ်ရှုပ်ထွေးတတ်သည်မဟုတ်လား။ သည်တလောအတွင်းလည်း သူတို့နှစ်ဦးမှာ စိမ်းကားလို့ သွားရသည်လေ။ အစ်ကိုထွင်းသာ လက်မခံနိုင်ပါလျှင် သူသည်လည်း မည်မျှစိတ်အားထက်သန်နေပါစေ လက်ခံလိမ့်မည်မဟုတ်။ အစ်ကိုထွင်း ဆုံးဖြတ်ချက်သည်သာ သူ့ဆုံးဖြတ်ချက်ဖြစ်လျက် အစ်ကိုထွင်း၏ စိတ်ဆန္ဒကို သူအရေးထားပါ၏။

အစ်ကိုထွင်းမှာတော့ ခေါင်းငုံ့ကာ အောက်နှုတ်ခမ်းအား တင်းဖိကိုက်ထားလျက် အကြပ်ရိုက်နေပုံပင်။ တစ်ခေတ်မောင် သက်ပြင်းငွေ့ငွေ့ချလိုက်လေ၏။ အစ်ကိုထွင်းအတွက် အဆင်မပြေသည်ကို သူရှေ့ဆက်မတိုးလိုပါ။

"ကျုပ်အထင်တော့ အစ်ကိုထွင်း အဆင်မပြေဘူးထင်ပါရဲ့...."

"ဟေ ဟုတ်သလား!"

ဆရာရသအမေးပြုလာသည်ကိုတောင် အစ်ကိုထွင်းမှာ ခေါင်းမော့ဖြေကြားလာခြင်းမရှိပါချေ။

"ဒါဖြင့်ရင် မွှေးနဲ့ဆိုရင်ကော ဆရာရသ...မွှေးကတော့ဖြင့် တစ်ခေတ်မောင်နဲ့ တွဲဖက်ဖို့ရာ စိတ်အားထက်သန်နေမိတယ်ရယ်...."

မမမွှေး၏ အသံဆာဆာကလေး ထွက်လာတော့ တစ်ခေတ်​မောင် ရင်မောရပြန်သည်။ ဖြစ်နိုင်လျှင် မမမွှေးနှင့် သူ မတွဲဖက်ချင်ပေ။ အစ်ကိုထွင်းမှ မဟုတ်လျှင် မည်သူတစ်ဦးတစ်ဟောက်နှင့်မှ သူတွဲဖက်မည်မဟုတ်။ တစ်ဖက်လူ မည်မျှပင် လိုလားနေပါစေ သူငြင်းဆန်မည်သာ။ ဆရာရသအား သူငြင်းဆန်ရန် အားတင်းရင်း ပါးစပ်ဟလိုက်သည်။

"ကျွန်တော် လုပ်ပါ့မယ် ဆရာရသ!!!!"

ကြည်လင်ပြတ်သားလှသော စကားသံနောက် မျက်ဝန်းများပြူးကျယ်သွားရသည်မှာ တစ်ခေတ်မောင်ပင်။ အစ်ကိုထွင်းက လက်ခံသည်တဲ့လား။ အစ်ကိုထွင်းအား မယုံကြည်နိုင်စွာ လှည့်ကြည့်စဉ် ပါးမို့ကလေးများနှင့် နားရွက်ဖျားကလေးများ ရဲနေလေသော အစ်ကိုထွင်းအား မြင်ရလေတော့သည်။ ဒါဆို အစ်ကိုထွင်းက သူ့ကြောင့် အနှောင့်အယှက်ဖြစ်လို့မဟုတ်ဘဲ သူ့ကို ရှက်ရွံ့နေခြင်းကြောင့် တွန့်ဆုတ်နေရခြင်းလား။ တစ်ခေတ်မောင်၏ ရင်အတွင်း၌ ခါချဉ်ကလေးများ ဖြတ်ပြေးသွားသကဲ့သို့ ယားကျိကျိခံစားရတော့သည်။ သေချာသည်မှာ ယခု သူ့မျက်နှာမှာ ဖုံးဖိမရသည်အထိ ပြီတီတီ ပြုံးတုံးတုံးဖြစ်နေပါလိမ့်မည်။ တရားခံမှာတော့ တစ်ဦးတည်းသော အစ်ကိုထွင်းသာ။

"အက္ခရာလည်း သဘောတူတယ်ဆိုတော့ကာ သည်အစီအစဉ်ကို ထပ်ပေါင်းထည့်ဖို့ လက်ခံလိုက်တော့မယ်နော်...."

ဆရာရသ စကားသံအဆုံး အဖွဲ့သားအားလုံးမှာ ဝမ်းသာအားရလက်ခုပ်တီးကြသည်။ ဝမ်းမြောက်သော လက်ခုပ်သံများကြားထဲ သည်မောင်၏ လက်ခုပ်သံမှာ အားရဖွယ် အကျယ်လောင်ဆုံးဖြစ်နေမည်မှာ အမှန်ပင်။

"တစ်ခေတ်မောင် မင်းက အဆိုကလေးတော့ ရဖို့လိုတယ်ကွ....အဆိုရပါ့မလား...."

"ဆရာရသ မသိပေဘူးလား...တစ်ခေတ်မောင်က ကျုပ်တို့ ငါးယောက်ထဲမယ် အသံအကောင်းဆုံးပဲလေ...ဘာတဲ့ မနက်မလင်းခင်တိုင်း စံပယ်ရုံရေလောင်းရင်း သူညည်းနေကျ သီချင်းရှိပါရဲ့...အော် ဟိုသီချင်း....~~စံပယ်တစ်ကုံးဖြင့် သူ့ကိုပန် ပေးချင်တယ်~~ ကိုယ်ကိုယ်တိုင် တူတူးတူတူ~~"

"ဟ မင်းဟာကလည်း ဘာတုန်းကွ တူတူးတူတူ..."

"ငါ စာသားမရလို့ ဆက်မဆိုတာကွ...ရှမ်းလေး မင်းဆိုသည်မှာလည်း လူရှေ့ဆို အရှက်ခွဲမယ်ဆိုတာချည်းပဲ....."

ဆိုလည်း​ဆိုချင် စာသားကလည်း မရသော သာကူ့ကို ရှမ်းလေးက သိသိရက်နှင့် စနောက်နေပါ၏။ ထိုနှစ်ယောက်ကြောင့် အဖွဲ့သားများကြား ရယ်သံများ လွှမ်းအုပ်သွား​လေတော့သည်။ ပျော်မဆုံးပေါင် အမောင် တစ်ခေတ်မောင်ကတော့ဖြင့် ရှက်ရဲနေသော အစ်ကိုထွင်းကိုသာ အကြည့်ချင်းလိုက်ဆုံနေလေသည်။ ရှောင်လွှဲသူကလည်း လွှဲသည်။ လိုက်သူကလည်း ဇွဲနပဲဖြင့် လိုက်သည်။ ဤပွဲတွင်တော့ နှစ်ဦးစလုံးမှာ အချစ်ဟူသည်ကြောင့် သရေကျလျက် မပြီးဆုံးနိုင်စွာ ပွဲစဉ်ဆက်လေတော့သည်။

#####

နေ့လည်ကတည်းက ရင်တဒုန်းဒုန်းခုန်နေခြင်းမှာ ယခုအထိ အကင်းမပျောက်သေး။ ထွင်းအက္ခရာမှာ သူ့အတွေးကလေးနှင့်သူ ဖွေးဖွေးလှုပ်အောင် ဖူးပွင့်နေသော စံပယ်ရုံကလေးနံဘေးတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေ၏။ စံပယ်ပန်းများကို ငေးရင်း တစ်ခေတ်မောင်အကြောင်းကလေးများလည်း တွေးရင်း သူ့မယ် တစ်ချက်တစ်ချက် ပြုံးမိသည်မှာ သတိမမူနိုင်သည်အထိ။ တစ်ခါတစ်ရံတွင်လည်း ရှက်သွားရသည်။ တစ်ခါတစ်ရံတွင်လည်း အသံကလေးထွက်သည်အထိ ရယ်မိပြန်သည်။ ဤအချင်းအရာတို့၏ မြစ်ဖျားခံရာမှာ လူပြက်ကလေး တစ်ခေတ်မောင်သာ ဖြစ်ချေတော့သည်။ တစ်ကိုယ်တည်း အတွေးများနေသူကလေးမှာ အိမ်တိုင်လုံးအကွယ်မှ သူ့အား ငေးနေလေသော တစ်ခေတ်မောင်အား မမြင်နိုင်ပါ။ အကြင်သူမှာတော့ အဝေးမှ စံပယ်တို့ဖြင့်အပြိုင် ဖြူစင်ကြည်လင်လှပနေသော သဏ္ဍာန်ကလေးအား ခပ်ပြုံးပြုံးဖြင့် မျက်တောင်မခတ်တမ်းကြည့်နေမိတော့သည်။

"တစ်ခေတ်မောင်!!!!"

ဈာန်ဝင်စားနေမှုအား ဖျက်ဆီးသူမှာတော့ မမမွှေးပင်။ မမမွှေး၏ အော်ဟစ်ခေါ်သံကြောင့် အစ်ကိုထွင်းမှာ သူ့အား လည်ပြန်လှည့်ကြည့်လာတော့သည်။ သွက်လွန်းလှသော အမောင်မှာတော့ တိုင်အကွယ်မှ လှစ်ခနဲ ထွက်ကာ ပတ္တလားကြီးအား သန့်ရှင်းရေးလုပ်နေသယောင် ဟန်ဆောင်လိုက်တော့သည်။ အင်းးးး တစ်ခေတ်မောင်အား အငြိမ့်ထဲတွင် မဟုတ်ဘဲ ဇာတ်ထဲတွင် သရုပ်ဆောင်ခိုင်းပါက ဤသို့ သရုပ်ဆောင်ကောင်းမှုမျိုးဖြင့် ပို၍ပင်သင့်တော်လောက်သည်။

"ဟာ...မမမွှေး...ဘာပြန်လာလုပ်သလဲဗျ...."

မမမွှေးတို့ အကတိုက်လေ့ကျင့်ပြီးချိန်မှာ နေဝင်ရီရော အချိန်တွင်ဖြစ်ကာ ပြီးလျှင်ပြီးချင်း တစ်ဖက်အိမ်သို့ ပြန်သွားခဲ့သည်လေ။ ယခုမှ မှောင်ရီပျိုးရုံရှိသေး မမမွှေးမှာ သစ်လွင်တောက်ပသော အဝတ်အစားများဖြင့် တစ်ဖန်ရောက်ချလာပြန်သည်မဟုတ်လား။

"တစ်ခေတ်မောင်ဆီပဲ သပ်သပ်လာခဲ့တာပါရှင့်...သည်မယ် ညနေခင်း ဈေးသွားရင်း သရက်ကင်းရွက်ကလေးတွေ တွေ့လာလို့ ငပိရည်ကြိုက်တတ်တဲ့ တစ်ခေတ်မောင်တော့ ကြိုက်လောက်မှာပဲဆိုပြီး လာပို့လှည့်တာ ရော့...."

မမမွှေးကမ်းပေးလာသော ကြိမ်ခြင်းအသေးကလေးအား လက်ခံယူကာ တစ်ချက်ကြည့်လိုက်မိသည်နှင့် လှိုင်တက်လာသော သရက်ကင်းနံ့ကြောင့် တစ်ခေတ်မောင် မျက်ဝန်းများ အရောင်လဲ့သွားတော့သည်။

"သရက်ကင်းရွက်ကလေးကို ငပိရည်နဲ့ မြှုပ်စားရင် လွှတ်စားကောင်းတာဗျ...ကျုပ်တို့ အမယ်လည်း အတွေ့ရနည်းတော့ သိပ်မစားဖြစ်ဘူး...လူတို့မည်သည် သိတဲ့အတိုင်း ရှားတာကိုမှ အကြိုက်ကြီး ကြိုက်ကြတာဆိုတော့...ကျေးဇူးပါ မမမွှေးရာ..သည်ညစာတော့ လွှတ်စာကောင်းတော့မှာပဲဗျ...."

"ဟုတ်ပါပြီတဲ့ရှင်...ကြိုက်တယ်ဆိုတာနဲ့တင် ကျေနပ်ပါပြီ...မှောင်လည်း မှောင်တော့မယ်ဆိုတော့ တို့ပြန်ပြီနော် တစ်ခေတ်မောင်...."

"ကောင်းပါပြီဗျ...."

သူကလေးများ တစ်ဖက်အိမ်အထိ လိုက်ပို့ချင်စိတ်ကလေးများ ရှိလေမလားလို့ စကားဦးသမ်းကြည့်ပါတယ် တကောင့်သားက အရိပ်ပြလို့ အကောင်မမြင် ချောင်းဖောက်လို့ အရာမထင် ဖြစ်နေသည်လေ။ မြင်းကမလှုပ် ခုံကလှုပ်တော့ အဖြစ်မခံနိုင်သည်မို့ မွှေးတစ်ယောက် စိတ်ကလေးကို လျှော့ကာသာ ပြန်လာခဲ့လိုက်တော့သည်။

မျက်စိရှေ့မှ ပျော်ရွှင်ရယ်မောကာ စကားပြောနေသည့် နှစ်ဦးသားကြောင့် ထွင်းအက္ခရာ၏ နှုတ်ခမ်းကလေးမှာ ရှေ့သို့ စူထွက်လာတော့၏။ သူ့ကိုယ်သူပင် သတိမထားမိပါ။ တစ်ခေတ်မောင်နှင့် ညီမမွှေးတို့ အတူရှိနေချိန်တိုင်း သူ့ခံစားချက်တို့က အောင့်သီးအောင့်သက်ဖြစ်လျက်။ မချဉ်မငံဖြစ်ကာ မွန်းကြပ်လာတတ်စမြဲ။ လေးပင်လာသော စိတ်ကြောင့်ပင် သည်အတောအတွင်း အပြင်းအထန်စဉ်းစားနေလေသော အဖြေတစ်ခုအား တိကျစွာ ကောက်ချက်ချလိုက်တော့သည်။ ပြတ်သားသော်ငြား ငြင်သာသော ခြေလှမ်းတို့ဖြင့် ကြိမ်ခြင်းအားတကြည့်ကြည့်ဖြင့် ပြုံးနေလေသော တစ်ခေတ်မောင်ထံ လျှောက်လှမ်းသွားလိုက်တော့သည်။ အနားရောက်ခါမှ တစ်ခေတ်မောင်က သူ့အား သတိထားမိပုံပေါ်ကာ လှည့်ကြည့်လာတော့သည်။ တစ်ခေတ်မောင်၏ အနီးကပ်ဆုံး တစ်နေရာ၌ သူခြေစုံရပ်လိုက်ကာ တစ်ခေတ်မောင်အား မော့ကြည့်လိုက်တော့သည်။

"မနက်ဖြန်ကျ ငါနဲ့ ဘုရားအတူ သွားချင်သလား တစ်ခေတ်မောင်...."

အဆုံး၌ မျက်ဝန်းညိုကလေးများ လေးကိုင်းသဏ္ဍာန်တွန့်ကွေးသွားသည်အထိ ပြုံးလိုက်မိပါ၏။

=====================
9.9.2022🖤ဆွေး🖤

တကယ်တော့ အဆွေးရဲ့ စိတ်အခြေအနေ လုံးလုံးလျားလျားကို မကောင်းတာပါ...ဒါကြောင့် သည်အပိုင်းလေးမှာ လိုအပ်ချက်မှာ ရှိခဲ့ရင် ကြိုတင်တောင်းပန်ပါရစေ....ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်အဆုံးသတ်ချင်နေနေ စာဖတ်သူတွေကို အမြဲအလေးထားတဲ့ အဆွေးက ongoingလေးတွေ လက်စမသတ်နိုင်မချင်း ထွက်မသွားပါဘူးနော်.....






Continuar a ler

Também vai Gostar

290K 5.1K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...
157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
2.1M 161K 47
"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား...