ဒေါင်း
Galing kay LaiYeephyo
196K 15.3K 1.3K
ရီသောသူသည်အသက်ရှည် ၏ Higit pa
Ongoingအပိုင်း(1) Un Zaw
အပိုင်း(2)Un Zaw
အပိုင်း(3)Un Zaw
အပိုင်း(4) Un Zaw
အပိုင်း(5) Un Zaw
အပိုင်း(6) Un Zaw
အပိုင်း(7) Un Zaw
အပိုင်း(8)Un Zaw
အပိုင်း(9) Un Zaw
အပိုင်း( 10)
Hello
အပိုင်း(11)
အပိုင်း(12)
အပိုင်း(13)Un Zaw
အပိုင်း(14)
အပိုင်း(15)Un Zaw
အပိုင်း(16)Un Zaw
အပိုင်း(17)Un
အပိုင်း(17)Zaw
အပိုင်း(18)
အပိုင်း(19)Un Zaw
အပိုင်း(20)Un Zaw
အပိုင်း(21)Un Zaw
အပိုင်း(22)Un
အပိုင်း(22)Zaw
အပိုင်း(23)
အပိုင်း(24)Un Zaw
အပိုင်း(25)Un Zaw
အပိုင်း(26)
အပိုင်း(27)Un Zaw
အပိုင်း (28)Un Zaw
အပိုင်း(29 )Un Zaw
အပိုင်း(30)Un Zaw
အပိုင်း(31) Un Zaw
အပိုင်း (32)Un Zaw
အပိုင်း( 34) Un Zaw
အပိုင်း( 35)Un Zaw
အပိုင်း(36)Un Zaw
အပိုင်း (37)Un Zaw
အပိုင်း(38)Un Zaw
အပိုင်း( 39)Un zaw
အပိုင်း(40)Un Zaw
အပိုင်း (41)Un Zaw
အပိုင်း( 42)UnZaw
bl
အပိုင်း (33) Un Zaw
2.8K 291 31
Galing kay LaiYeephyo
" ခွပ်ဒေါင်းမပြီးသေးဘူးလာအေ နောက်‌ကျတော့မယ်ဟဲ့
အောက်က‌နေသာဖင်လိပ်ခေါင်းထွက်အောင်အော်နေတာ အပေါ်က‌ ဘာအသံကိုမကြားရ  ဆွမ်းကြီးလောင်းသွားရမှာကိုသိရဲ့သားနဲ့မနက်ကျစောစောမထ  နောက်ကျနေပြီးမလို့ နင့်သူငယ်‌ချင်းတွေနဲ့လိုက်ခဲ့တော့လို့ပြောတော့လဲမရ
" နင်တို့ရဲ့ သူငယ်ချင်းကိုလဲတက်ပြီးသွားကြည့်လိုက်အုံး ပဲဟင်းအိုးထဲများ မှောက်နေလားလို့
"ဟုတ်ဟုတ်
ကျော်ကြီးနဲ့ငမဲတူး အိမ်ပေါ်တက်ခဲ့ပြီးအာစိအခန်းထဲဝင်လာခဲ့လိုက်၏ အခန်းတခါးဖွင့်ကာရှိသေးတယ် နှာခေါင်းထဲ အလုံးလိုက်အရင်းလိုက်ဝင်လာတဲ့ အမွှေးနဲ့တွေ လူတောင်မူးလဲချင်မိသွားသည်။
အာစိကိုကြည့်လိုက်တော့မှန်ရှေ့ရပ်ပြီး ဆံပင်ကိုသေချာဖီးသင်နေသည် ကျုပ်တို့ဝင်လာတာတောင်သိချင်မှသိမည်။
" အာစိနောက်ကျနေပြီးသွားကြမယ်လေ
ငမဲတူးပြောတော့အာစိကမှန်ရှေ့ကနေ ကျုပ်တို့ဘက်လှည့်လာချိန် ကျုပ်တို့ နှစ်ယောက်သား ကိုယ်မျက် လုံးကိုယ်တောင်မယုံနိုင်သည်အထိ  အာစိကအရမ်းတွေချောမောခန့်ညားသန့်ပြန့်နေသည်။မင်းသားတွေတောင်ကျုပ်ကိုအာစိကိုမှီမှမဟုတ်
ကျုပ်ကို ကြည့်ပြီးပါးစပ်အဟောင်းသားဖြစ်နေတဲ့ နှစ်ကောင်ကိုကြည့်ပြီး ခွပ်ဒေါင်း နူတ်ခမ်းတွန့်ယုံမျှပြုံးလိုက်သည်
အခုကျုပ်ပုံစံကိုဒီကောင်တွေတောင်ဒီလိုဖြစ်နေရင် ဟိုလူသာဆိုရင်အရမ်းတွေပစ်ကြွေသွားပြီး  ကိုကိုခွပ်ဒေါင်းကိုအရမ်းတွေချစ်ပါတယ် လက်ထပ်ချင်ပါတယ်တွေဖြစ်သွားမှ မြင်ယောင်သေးတယ်
အပုလေးရေ ကိုကိုခွပ်ဒေါင်းလာပြီး လွှတ်အောင်သာပြေးပေတော့ 
"ဟဲ့ အပေါ်က လူတွေဆင်းမလာရင် ငါထားခဲ့တော့မှာနော်
အမနှင်းသွေးအသံကြားမှ ကျောက်ခဲနဲ့ ငမဲတူးက ခွပ်ဒေါင်းကိုငေးနေရာက‌နေမျက်နှာလွဲပြီး
"အာစိပြီးရင်သွားမယ်တဲ့
"ငါကပြီးတာကြာပေါ့ မင်းတို့ကသာငါရဲ့ ချောမောမူကိုတွေမြင်ပြီး မျက်စိမလွဲနိုင်ဖြစ်နေကြတာလေ၊ သရေတွေကျနေကြတာ
ခွပ်ဒေါင်းပြောတော့ နှစ်ကောင်သား ရှက်ကိုးရှက်ကန်းနဲ့ ပြန်ရန်တွေ့ပါသည်။
" အာစိကဘယ်နားများချောလို့လဲ အဝတ်အစားအသစ်တွေဝတ်လဲ ဒီရုပ်ကဒီရုပ်ဘဲ
"ဟုတ်တယ်
အခုမှနအတိုင်ပေါက်ညီနေကြတဲ့နှစ်ကောင်ရဲ့လက်‌မောင်းကို ရိုက်လိုက်ပြီး အောက်ထပ်ကိုဆင်းလာခဲ့လိုက်တယ်
အောက်ထပ်ရောက်တော့လဲအမဖြစ်သူရဲ့ ဆူတာကိုခံရပြီး အမနဲ့အတူ ဘုန်းကြီးကျောင်းကိုအမြန်ထွက်လာခဲ့လိုက်တယ်
တစ်ယောက်သာသူရဲ့မျက်နှာလေးကိုမြင်ချင်လှပြီလေ။
___&&___&&__&&&&
နွေဦးဘုန်းကြီးကျောင်းကိုရောက်တော့ပါးစပ်အဟောင်းသားနဲ့အံ့ဩနေကြသည်။ မနေ့ကညနေထိ ဘာဈေးသည် ဘာမုန့်ဆိုင်မှမရှိတဲ့ မြေကွက်လပ်ကြီးကအခုတော့ ဈေးသည်တွေအပြည့်
ပွဲကမှဇာတ်ခုံကြီးကလဲ ခန့်ခန့်ညာညာနဲ့ လှလှပပ တကယ်ကို တခြားတနေရာရောက်သွားတယ်တောင်ထင်မိသည်။ နွေဦးအံ့ဩနေမှ အသေအချာပင်
" ဆရာလေး
နွေဦးတို့ဆီပြေးလာတဲ့ကျောက်ခဲ  အကိုလို့ခေါ်ပါဆိုတာကိုမရဘူး 
" အမေက ဆွမ်းချိုင့်ပေးလိုက်တဲ့ သူလောင်းပေးမယ်တဲ့
နွေဦးလဲဆွမ်းချိုင့်ကို ကျောက်ခဲဆီကမ်းပေးလိုက်တယ်
ဟန် ကျောက်ခဲဆိုတော့ကောင်လေးကိုကြည့်ပြီး ပြုံးမိသည်။ အုန်းစီကိုရွဲနေအောင်လိမ်းထားပြီးဆံပင်တွေကိုအပါ်သပ်တင်ထားတာ အဖိုးကြီးပေါက်စနှင့်တူလှသည် ။ အဖြူရောင်စတစ်အကျီနဲ့ယောပုဆိုးအပြာကိုတွဲဝတ်ထားသည်မှ ဒီကောင်လေးနဲ့အတော်လိုက်ဖက်သည်
"ကိုဟန် ကိုဟန်
"ဟမ် ဟမ်
"ဘာတွေကြည့်ပြုံးနေတာလဲ
‌ဟန်ရှက်ရှက်နဲ့ လည်ပင်းကိုသာပွတ်နေမိသည်။
ကျောက်ခဲဆိုတဲ့ကောင်လေးကလဲသူကိုကြည့်နေတာသိလို့ထင်တယ် မျက်နှာကိုတစ်ဖက်လွဲထားသည်။
" ဆရာလေးက ဆွမ်းကြီးခံတဲ့ထဲလိုက်အုံးမှာလား
"လိုက်မယ်လေ ကိုဟန်ရော လိုက်မှာလား
"အင်း
ဒီလိုနဲ့သုံးယောက်သား ဆွမ်းခံပေါ့ ဘုန်းကြီးတွေရှိတဲ့ ကျောင်းဆောင်တွေတက်လာခဲ့လိုက်တယ်
"မင်းတို့ ဟိုလူကိုမြင်လား
"ဘယ်သူကိုပြောတာလဲ
"တုံးပြန်ပြီမင်းတို့က
ခွပ်ဒေါင်းအဲ့လိုပြောတော့ဟိုကောင်နှစ်ကောင်က မျက်နှာကြီးမဲ့ပြီးတော့ တစ်ဖက်လှည့်သွားပြီး
" ဟိုကျောင်း‌ဆောင်ပေါ်တက်သွားတယ်
ငမဲတူးဆီကအဖြေကိုကြားပြီးခွပ်ဒေါင်းလဲထထွက်လာခဲ့လိုက်တယ်
"ဟအာစိနေအုံးလေ
"ကျုပ်တို့ရောလိုက်မှာပေါ့
ကျော်ကြီးနဲ့ငမဲတူးလဲအာစိနောက်လိုက်ရပြန်ပါလေရော
ကျောင်းဆောင်ပေါ်ရောက်တော့ဟိုလူကိုအရင်ရှာရ၏ တခြားရွာကဘုန်ကြီးတွေရော ကိုယ်ရင်တွေရော ကျောင်းသားတွေရောက ‌ဆွမ်းကြီးခံရမှာ‌ဆိုတော့ ကျောင်းပေါ်မှကလူတွေများပြီးရူပ်ယှက်ခက်နေသည်။နောက်ဆုံးခွပ်ဒေါင်းလူတွေတိုးပြီးဝင်ရှာကြည့်တော့မှ ခွပ်‌ကျောင်းတို့ ရွာကျောင်းအတွက် ဆွမ်းကြီးခံမဲ့သူတွေနားမှာတွေ့လိုက်ရ၏  ခွပ်ဒေါင်းရွာဦးကျောင်းကကပ်ပိရကြီးစီက ဆွမ်းထည့်မဲ့တောင်းကို ယူလိုက်ပြီး ဟိုလူနားသွားရပ်နေလိုက်သည်။
အမွှေးနံ့တချို့နှာခေါင်းထဲတိုးဝင်လို့ နွေဦးနှာခေါင်းကိုလက်နဲ့ပွတ်ရင်းဘေးဘီကိုကြည့်လိုက်တော့  ခွပ်ဒေါင်းမာန်ဖြစ်နေသည် ။ ရေမွှေးတွေတဗူးလုံးများမှောက်လာတာလားမသိဘူး အနံ့တွေကမွန်ထူနေရော
"ဘာလဲကျုပ်အရမ်းချောလို့ ခင်ဗျားကြွေသွားတာမလား
"မဟုတ်ဘူးနံ့လို့
"ဘာပြောတယ်
သူကအလန့်တကြားထအော်လိုက်တာမလို့ တခြားသူတွေကပါ လှည့်ကြည့်လာကြသည် နွေဦးအာလုံးကိုပြုံးပြလိုက်ပြီး ဘာမဖြစ်ဘူးပြောလိုက်မှအကုန်လုံးကပြန်လှည့်သွား၏
"ကျုပ်အမှားမဟုတ်ဘူး ခင်ဗျားအမှား
"ကဲအာလုံးဘဲ ကိုယ်တာဝန်ယူမဲ့ကျောင်းတွေကိုရွေးပြီးပြီဆိုတော့ ထုံးစံအတိုင်း အရှေ့ကျောင်းကနေစပြီးသေချာလေးတန်းစီပြီး ဘုရားရင်ပြင်ပေါ်သွားကြပါမယ်
နွေဦးလဲ သူကိုဘာပြန်ပြောမနေတော့ဘဲကျောက်ခဲနဲ့အတူတူ တန်းစီလိုက်၏ ပြန်ပြောလဲနိုင်မှာမှမဟုတ်တာလေ
ဘုရားရင်ပြင်ပေါ်မရောက်ခင်အပေါက်ဝမှတင် လောင်းမဲ့သူတွေကအပြည့်  မုန့် ဆပ်ပြာ ခေါက်ဆွဲခြောက်တွေကိုလဲလောင်းကြသည်။ ထမင်းနဲ့ ဟင်းလောင်းတဲ့သူတွေကလဲအများအပြား  လှူဝယ်ပစ္စည်းတွေကိုလှူမဲ့သူတွေက ဘုရားတစ်ပတ်အပြည့်  နွေဦးကိုင်ထားတဲ့ မုန့်တောင်းထဲမှာဆို မုန့်တွေတောင်မဆန့်တော့လို့ အိတ်နဲ့တောင် ထပ်ထည့်ထားရ၏
ရွာကလူတွေအလှူအတန်းရက်ရောချက်ကတော့ တကယ်ကိုလက်လန်ပါသည်။ ဆွမ်းဟင်းဆွမ်းထမင်းအလှူတွေငွေတွေကဆိုလဲ အများအပြား
နွေဦးတို့တွေ ရလာတဲ့ လှူဖွယ်ပစ္စည်းတွေကို သက်ဆိုင်တဲ့သူတွေစီမှာအပ်ပြီးတော့  ကိုယ်အိမ်ကိုပြန်လာခဲ့လိုက်တယ် အချိန်ကလဲ10နာရီလောက်ရှိနေပြီးမလို့  ဈေးတန်းတွေကိုလဲ ပတ်မကြည့်နိုင် ပါညကျမှအေးအေးဆေးဆေးကြည့်တော့မယ်ဆိုပြီးအိမ်ကိုအပြေးပြန်လာခဲ့လိုက်တယ်
" ကျောက်ခဲ ဟိုလူဘယ်ရောက်သွားတာလဲ
ဆွမ်းစားကျောင်း‌ဆောင်ထဲရလာတဲ့ဆွမ်း‌လေးခဏသွားထားလိုက်ပါတယ် ဟိုလူက တန်းပျောက်သွား၏
"  အိမ်ပြန်သွားပြီး
"ကျစ် ‌စကားပြောမလို့ဟာကို လူတောင်မစောင့်ဘူးတန်းပြန်ပြောတယ်
" ဘာပြောမလို့လဲ ကျွန်တော်ပြန်ပြောပေးလိုက်မယ်လေ
"ကလေးကကလေးလိုနော် ဝင်ဝင်မရှည်နဲ့
လူကိုပြောဆိုဆုံးမသွားတဲ့သူကိုကြည့်ပြီးကျောက်ခဲ နူတ်ခမ်းဆူမိသည်။ ခိုင်းချင်ရင်ကြအသံတစ်မျိုး နောက်ခါလာခိုင်းရင် သေတောင်လုပ်မပေးဘူး ဟွန့်
"ကာရန်ဘယ်ရောက်သွားတာလဲ
"လာပြန်ပြီးနောက်တစ်ယောက်
ဆူပူတ်ပြီးထွက်သွားတဲ့သူကိုကြည့်ပြီး ‌ဟန်လဲအံ့ဩနေမိသည်။ ဒါလေးမေးတာကိုဘာဖြစ်သွားတာလဲဆိုတာတော့မပြောတက်တော့ပါ 
___&&&___&&&&
" မလာသေးဘူးကွာ ကြာလိုက်တာ
"အာစိရယ် ပွဲကမပြသေးပါဘူး ဘာတွေလောနေတာလဲ လာမှပေါ့
" ဟိုမှလာနေ‌ပြီး
ကျော်ကြီးလက်ညိုးထိုးပြီးညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့  အကျီလက်တိုခဲရောင်လေးနဲ့ အပြာကွပ်စိပ်ပုဆိုးလေးကိုဝတ်ပြီး‌တော့  ခွပ်ဒေါင်းတို့ဆီလျောက်‌လာနေတဲ့ ကျုပ်ချစ်ရတဲ့ကောင်လေး မီးရောင်တွေအောက်မှတောင်မျက်နှာလေးက ကြည်လင်ဖွေးဖြူနေပြီး ချစ်စရာအလွန်ကောင်းနေသည်။
"  မင်းတို့ ငါနောက်မလိုက်ခဲ့နဲ့ငါသွားပြီး
"ဟအာစိ လိုက်မှာဘဲနော်မရဘူးး
အာစိနောက်လိုက်ဖို့ပြင်နေတဲ့  ကျော်ကြီးကို  ငမဲတူးဆွဲထားလိုက်တယ်
"မင်းလိုက်သွားရင်မနက်ဖြန်နေထွက်တာတောင်မင်းကြည့်ရမှာမဟုတ်ဘူး။လာငါနဲ့ ဟိုဘက်သွားကြည့်မယ်
ကျော်ကြီး မှာတော့ ငမဲတူးဆွဲခေါ်ရာနောက်ပါသွားတော့သည်။
"မုန့်လင်မယားစားမလား
"မင်းကဝယ်ကျွေးမှာမလို့လား
" ဒီကွင်းထဲမှာရှိတဲ့ မုန့်သည်တွေစီက မုန့်တွေခင်ဗျားအကုန်စားမယ်ဆိုရင်တောင်ကျုပ်ကဝယ်ကျွေးဖို့အဆင်သင့်
"မိုက်လှကြီးလား
"ဒါပေါ့ဗျာ ကျုပ်ကိုသာခင်ဗျားပြန်ကြိုက်လိုက်  ခင်ဗျားလက်ညိုးထိုးတာမှန်သမျှဝယ်ပေးမယ်
"မင်းကပိုက်ဆံရှိတယ်ပေါ့
"အဖေပိုက်ဆံနဲ့
"အဲ့တာနဲ့များလာကြွားနေသေးတယ်
"ငါတူကြီးတို့ဘယ်လောက်ဖိုးယူမလဲ
" ၁ထောင်ဖိုးဘဲပေးပါနော်
"ငုံးဥထည့်အုံးမလား
"ဟုတ်ထည့်မယ်နော်
"ပိုက်ဆံမင်းရှင်းပြီးနောက်ကလိုက်ခဲ့တော့
နွေဦးသူကိုထားခဲ့ပြီး တခြား မုန့်သည်တွေစီလျောက်လာခဲ့လိုက်တယ်
" အန်တီ ကြံတစ်ချောင်းဘယ်လောက်လဲဟင်
"3ချောင်းယူ1ထောင်ဘဲပေး
"အမလေးလာကြပါအုံး ဒီမှာကောင်လေးကို ဓားနဲ့ထိုးသွားလို့
"လာကြပါအုံး
နွေဦးကြံချောင်းကိုပြန်ချပြီး လူတွေဝိုင်းအုံနေတဲ့ဆီ အမြန်ပြေးသွားလိုက်၏ 
လူတွေကဝိုင်းအုံနေတာမလို့ဘယ်သူလဲဆိုတာကိုသေချာမမြင်ရ နွေဦးလူတွေကြားထဲအတင်းတိုးဝင်ပြီး ကြည့်လိုက်တဲ့အချိန်မှတော့ မြင်လိုက်ရတဲ့ မျက်နှာကြောင့်နွေဦး ဖိတ်မခေါ်တဲ့မျက်ရည်တွေက ပါးပြင်ပေါ်စီးဆင်းလာတော့သည်။
နွေဦးသူအနားထိတိုးသွားလိုက်ပြီး သူကိုရင်ခွင်ထဲထည့်ပြီးဖက်ထားလိုက်၏
"ခွပ်ဒေါင်းမာန်မင်းငါကိုစနေတာမလား ငါကိုမစပါနဲ့   မင်းအခုထစမ်းပါ မင်းမထရင် မင်းလိုချင်တဲ့အဖြေငါမပေးတော့ဘူးနော်
နွေဦးဘယ်လောက်ဘဲသူကိုလှုပ်နိုးနေပါစေသူကတော့ထမလာခဲ့ပါ
"အေးမင်းထမလာရင်ငါမင်းကိုမုနလိုက်မှာနော်
"ခဏလောက်ဖယ်ပေးကြပါ ကျွန်တော်ကြည့်ပါရစေ
လူကြားထဲတိုးဝင်လာတဲ့ကိုဟန်
"ကိုဟန် သူကိုခေါ်ပေးပါအုံး ငါခေါ်နေတာမကြားတော့သူထမလားဘူး
ဟန်ခွပ်ဒေါင်းမာန်ကိုစစ်ကြည့်လိုက်တော့အသက်ကရူနေသေးတယ် ဗိုက်မှကတော့သွေးတွေကရဲနေ၏သွေးထွက်မလွန်ခင်သူကိုအမြန်ဆေးရုံပို့ဖို့လုပ်ရ၏
"ကာရန်စိတ်ကိုအေးအေးထားနော် သူဘာမဖြစ်ဘူး ခဏသတိမေ့နေယုံဘဲ
"ငါကိုမလိမ်နဲ့နော်
"မလိမ်ပါဘူး အခုသူကိုဆေးရုံပို့ဖို့လုပ်ရမယ်
သူကြီးနဲ့ သူအိမ်ကိုအကြောင်းကြားပြီးဆေးရုံကိုလိုက်ခဲ့ကြနော် ကျွန်တော်တို့ အရင်သွားနှင့်လိုက်မယ်
ဟန်နဲ့ဘေးနားကလူကြီးတွေခွပ်ဒေါင်းမာန်ကိုဝိုင်းမပြီး ဆေးရုံကားပေါ်တင်တာ ချောက်ကိုမောင်းလာခဲ့လိုက်တယ် ကာရန်ကတော့တစ်လမ်းလုံး ခွပ်ဒေါင်းမာန်ရဲ့လက်ကိုကိုင်ပြီးတော့လိုက်ခဲ့သည်။
Zaw
"ဟုတ်ဟုတ်
"ဟုတ်တယ်
___&&___&&__&&&&
" ဆရာလေး
"ကိုဟန် ကိုဟန်
"ဟမ် ဟမ်
"အင်း
"ဘယ်သူကိုပြောတာလဲ
"ဟအာစိနေအုံးလေ
"မဟုတ်ဘူးနံ့လို့
"ဘာပြောတယ်
"  အိမ်ပြန်သွားပြီး
___&&&___&&&&
" ဟိုမှလာနေ‌ပြီး
"မုန့်လင်မယားစားမလား
"မိုက်လှကြီးလား
"အဖေပိုက်ဆံနဲ့
"ငုံးဥထည့်အုံးမလား
"ဟုတ်ထည့်မယ်နော်
"လာကြပါအုံး
"ငါကိုမလိမ်နဲ့နော်
Ipagpatuloy ang Pagbabasa
Magugustuhan mo rin
364K 24.8K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"
573K 14.9K 77
123K 5.7K 174
Bota e Mafies është një botë e errët ku jo të gjithë zgjedhin të jenë pjesë e saj. Ajo nuk kishte zgjedhur të ishte pjesë e asaj bote...ishte fati q...
197K 15.2K 34
គ្រាន់តែបើកភ្នែកឡើង គេក៏បានក្លាយទៅជាភរិយារបស់ឧត្តមសេនីយ៍ឯកចនបាត់ទៅហើយ! JEON JUNGKOOK/KIM TAEHYUNG