𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥...
By SuuNanChal
664K 32.5K 2.5K
စိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သ... More
အမှာစာ / အမွာစာ
1
2
3
4
5
6
7
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
စာပြင်ဖို့/စာျပင္ဖို႔
39
40
41
42
43
Hello
44
45
46
47
48
ဖတ်ပေးကြပါ
49
50
8
13.2K 799 16
By SuuNanChal
Unicode
"ကဲ....သားလေးဆင်း ဒါဦးအိမ်ပဲ ဘာမှအားမနာနဲ့''
ဦးထည်ဝါက ကားတံကားဖွင့်ပေးပြီး မြူဒေါင်းအား ဆင်းစေသည် ။ တစ်ဖက်က ဒေါ်မာယာချိုကပါ ကားအပြင်ကိုထွက်လာပြီး အိမ်ကြီးအား တမေ့တမော ရှူမျောနေရ၏ ။
မြူဒေါင်း ဦးထည်ဝါ၏ အိမ်ကြီးအားကြည့်ပြီး မျက်လုံးလေးက အရောင်တောက်နေတော့သည် ။ ခြံဝန်းအကျယ်ကြီးထဲမှာမှ လေးထပ်တိုက် အိမ်အကြီးကြီးကိုကြည့်ရျ် အတော်လေးသဘောကျပျော်ရွှင်လာမိသည် ။ ခေတ်ပေါ်တစ်ဇိုင်းနဲ့ အပေါ်ထပ်တိုက်မှာတော့ ဖန်မျက်နှာပြင်ကြီးနဲ့ ကျော့မော့နေပြီး ကားဂိုထောင်မှာလည်း အကျယ်ကြီးဖြစ်ရာ ခြံထဲတွင်လည်း ကြွေပြားခင်းထားပြီး ရေကူးကန်အကျယ်ကြီးလည်း ရှိနေသေးသည် ။
"သဘောကျလား သား....''
"ဟုတ်....ဦးဦး အရမ်းလှတယ်နော်''
"လာ ....အိမ်ထဲဝင်ရအောင်''
အိမ်ထဲဝင်လိုက်တော့ အပြင်မှာနေပူပြီး အိုက်လွန်းပေမဲ့ အထဲရောက်တော့ အေးမြကြည်လင်သွားရသည် ။ အိမ်ထဲမှ အဒေါ်ကြီးတစ်ယောက်ပြေးထွက်လာပြီး ဦးထည်ဝါ၏ အိတ်ကို လက်ကမ်းယူလိုက်ရင်း သူတို့ သားအမိကိုပါ စူးစမ်းသလိုကြည့်လာသည် ။
"ချို.....လာထိုင်လေ ၊ သားကောလာလေ''
"ဟုတ်....အကို ၊လာသား....''
"ဒေါ်တင် ဧည့်သည်တွေဖို့ အအေးဖျော်ပေးလိုက်ပါအုံး''
"ဟုတ်..... သူဌေး''
ဒေါ်တင်ဆိုတဲ့ အဒေါ်ကြီးက အိမ်ထဲပင်ဝင်သွားပြီး အအေးသွားဖျော်ပေးသည် ။ ဦးထည်ဝါက သူတို့ကိုပြုံးပြလာပြီး.....
"ချို ဘာမှအားမနာနဲ့နော် ကိုယ့်အိမ်လိုပဲ သဘောထား သိလား''
"ဟုတ် ရပါတယ် ''
"အအေးရပါပြီ တူမလေးတို့ သောက်လိုက်ပါအုံး''
"ဟုတ်....ကျေးဇူးပါ ရှင့်''
ထိုအချိန် အိမ်ထဲကို လူတစ်ယောက် လေချွန်ပြီး ဝင်လာတော့သည် ။ မြူဒေါင်းကြည့်မိတော့ မျက်လုံးတွေပင် ပြူးကျယ်သွားရသည် ။ ထိုလူက စိုင်းတခေတ်မှိုင်း ဖြစ်နေတာကြောင့်ပေ ။
"ဟော....သား ပြန်လာပြီလား ဒီကိုခဏလောက် လာပါအုံး ''
စိုင်း ဒယ်ဒီအနားလျှောက်သွားလိုက်ပြီး ဝင်ထိုင်းရင်း ရှေ့ကိုကြည့်မိတော့ ဟိုကောင်လေး ။ ဒီကောင်လေးက သူ့အိမ်ကို ဘာလို့ရောက်နေတာပါလိမ့် ။ စိုင်းမျက်မှောင်ကျုံ့ပြီး အတွေးခန်းဝင်နေတုန်းမှာပဲ ဒယ်ဒီက စကားစလာ၏ ။
"သား....ဒါက ဒေါ်မာယာချိုတဲ့ ဘေးကတော့ ချိုရဲ့သား မြူဒေါင်းငယ်တဲ့ သားမှတ်ထားနော်''
"အင်း....''
မျက်မှောင်ကျုံ့ကာ အင်းတစ်လုံးပဲ ဖြေနေတဲ့ သားတော်မောင်အား ဦးစိုင်းထည်ဝါ ခေါင်းသာပြေးခေါက်ပစ်လိုက်ချင်သည် ။
"ချို.... ဒါက ကိုယ့်သားလေ စိုင်းတခေတ်မှိုင်းတဲ့ သားကအလိုလိုက်ခံထားရတော့ ဆိုးတယ် ချိုစိတ်ထဲမထားနဲ့နော်''
"ကျွန်မ နားလည်ပါတယ် အကိုရယ် ''
"ကျေးဇူးပါ ချိုရယ် ၊ ချိုတို့ပင်ပန်းလာရောပေါ့ ကိုယ်ဒေါ်တင်ကို အခန်းလိုက်ပြခိုင်းလိုက်မယ် ခဏနားလိုက်နော်''
"ဟုတ် ကျေးဇူးပါအကို ''
ဒေါ်တင်က ချိုတို့ကိုခေါ်သွားမှပဲ သားဖြစ်သူစီ လှည့်ကာဆူရတော့သည် ။ အလကားနေ ဖအေကို မျက်နှာပျက်အောင် လုပ်ဖို့ပဲသိတဲ့ ကောင် ။
"မင်း စကားကို အကောင်းမပြောနိုင်ဘူးလား စိုင်းတခေတ်!''
"ကျွန်တော်က ဘာပြောရသေးလို့လဲ ဒယ်ဒီ''
"ဟ....ဘာမှမပြောလို့ ပြောနေရတာပေါ့ကွာ နည်းနည်းပါးပါး ဟုတ်ကဲ့ ဘာညာပြောရမယ်ဆိုတာ မင်းမသိဘူးလား''
"ကျွန်တော် အဲ့လိုမပြောတတ်တာ ဒယ်ဒီအသိပဲလေ ၊ သူတို့ကိုလဲ ကျွန်တော် သိတာမှမဟုတ်တာ''
"ထားတော့...မင်းကို ဒယ်ဒီပြောစရာရှိတယ်''
"ပြောပါ ဒယ်ဒီ''
"ဒယ်ဒီ မာယာချိုနဲ့ လက်ထပ်တော့မယ်''
"ဒယ်ဒီ့!!!''
စိုင်း အံ့သြလွန်းလို့ မတ်တပ်ပါထရပ်လိုက်မိ၏ ။ ဘယ်ကခေါ်လာမှန်းမသိတဲ့ မိန်းမကို အခုလက်ထပ်မယ်ပြောလာတဲ့ ဒယ်ဒီကအမှန်ပဲ အံ့သြချင်စရာကောင်းနေသည် ။ လက်ထပ်ရအောင် သူ့မာမီကလည်း သေသေးတာမဟုတ် ။ သူ့မှာ ဒယ်ဒီနဲ့မာမီပြန်အဆင်ပြေမဲ့အချိန်ကို စောင့်နေခဲ့ရတာ ဆိုးပေပြနေတာတွေကလည်း သူ့ကြောင့်မာမီတို့ ပြန်တည့်သွားမလားဆိုတဲ့ ကလေးဆန်သည့်စိတ်ကြောင့်ပေ ။ အခုတော့ သူမျှော်လင့်ချက်လေး ပျက်စီးကုန်တော့မည်ထင်၏ ။
"ဘယ်လိုပြောလိုက်တာလဲ ဒယ်ဒီ! ကျွန်တော် လုံးဝလက်မခံနိုင်ဘူးနော်''
"မင်းတားလဲအပိုပဲ....သား ၊ ဒယ်ဒီ ဆုံးဖြတ်ပြီးသွားပြီ''
"ဟာဗျာ....တောက်စ်! ကျွန်တော်ကတော့ လုံးဝသဘောမတူနိုင်ဘူးနော် ဒယ်ဒီ! မာမီနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်ဘူး နောက်ပြီး မာမီကိုရော ဒယ်ဒီထည့်မတွက်တော့ဘူးလား''
"ဒယ်ဒီတို့က တရားဝင်ကွာရှင်းပြီးသားပါ သား ၊ မင်းမာမီနဲ့ ဒယ်ဒီတို့က ဘာမှမပတ်သတ်တော့ဘူး ''
"ဒါဆို ကျုပ်အတွက်ကရော ဒယ်ဒီ့! ကျုပ်မျှော်လင့်နေတဲ့ မိသားစုဘဝကရော ဘယ်မှာလဲ!''
"ဒယ်ဒီ တောင်းပန်ပါတယ် ''
"အား.....မကြားချင်ဘူး ဒီကိစ္စကို လုံးဝလက်မခံနိုင်ဘူး ကျွန်တော် ပြောပြီးသား ဒယ်ဒီ ဒယ်ဒီရှေ့ဆက်တိုးနေရင် ကျွန်တော့်အဆိုးမဆိုနဲ့ ဒယ်ဒီ!''
တွေ့ကရပစ္စည်း ကန်ဆောင့်ပြီး ထွက်သွားသူ သားဖြစ်သူအား ဦးထည်ဝါ သက်ပြင်းချပြီးကြည့်နေရုံသာ တတ်နိုင်တော့သည် ။ အခုလည်း အပြင်ထွက်ပြီး ဘာတွေပြဿနာ ရှာလာအုံးမယ် မသိ ။ သားလေးတစ်ယောက်ရှိလို့ပဲ တော်တော့သည် မဟုတ်ရင်ဖြင့် သူအသက်တိုရချည်းရဲ့ ။
............
"ဟေ့ကောင် စိုင်း တော်တော့ကွာ မင်းများနေပြီဟ!''
တကယ်လည်း စိုင်းက ရေချိန်ကိုက်နေပြီ ဖြစ်သည် ။ သူ့ father ကြီးက နောက်အိမ်ထောင်ပြုမယ်ဆိုလို့ ဒီကောင် ဒီမှာ လာပေါက်ကွဲနေတာပဲ ဖြစ်ဦး ပထမတစ်ဆိုင်တုန်းက ပစ္စည်းတွေ ဖျက်ဆီးပစ်တာကြောင့် လျော်ပြီးနောက်တစ်ဆိုင်ပြောင်းလာရတာပေ ။ အလောင်းအစား ကိစ္စကိုလည်း သူတို့ဘာမှမသိရသေး ကောင်လေးတစ်ယောက်ကို သိန်းတစ်ထောင်နဲ့ နမ်းခဲ့သည်သတင်းကြောင့် ဒီကောင်ရှုံးတယ်ဆိုရပေမဲ့ အခုချိန်မှာ သွားမပြောရဲ ဟိုကဒေါသတွေပေါက်ကွဲနေတာ သွားပြောရင်ဖြင့် ခေါင်းကွဲမှာ သေချာပါသည် ။
"အား.....ငါကွာ!''
"ဟဟျောင့်......တော်တော့ပြဿနာမရှာနဲ့တော့ကွာ ထပ်လျော်နေရအုံးမယ်ကွ!''
လက်ထဲကအရက်ခွက်အား ပစ်ပေါက်ဖို့လုပ်နေတဲ့ စိုင်းကို ဂျိန်းအမြန်တားယူရသည် ။ မဟုတ်ရင်ထပ်လျော်နေရအုံးမယ် ။
"ဒယ်ဒီကွာ ငါနဲ့မာမီကို နည်းနည်းလေးမှ မသနားဘူးကွာ လုပ်ရက်တယ် လုပ်ရက်တယ် ဒယ်ဒီရာ ''
"အချိန်တန်လို့ဖြစ်တာလို့ပဲ မှတ်ထားလိုက်ပါကွာ စိတ်ထဲထားမနေပါနဲ့ စိုင်းရာ''
"ငါ.....ငါ့မာမီကို ဘယ်လိုပြန်ပြောရမလဲ ဂျိန်း ၊ ငါဘယ်လိုစိတ်နဲ့ ပြန်သွားပြောရမလဲကွာ''
အရက်ပြင်းပြင်းကို မော့ချပစ်လိုက်ပြီး ဒေါသတွေကို တစ်နေရာရာမှာ ပေါက်ကွဲပစ်လိုက်ချင်မိသည် ။ နောက်ပြီး ဟိုကောင်လေး သူထင်ထားခဲ့တဲ့ ရိုးရိုးအအ ကောင်လေးက မထင်ထားလောက်အောင် ယုတ်မာကောက်ကျစ်လွန်းသည် ။ သူတို့ဆုံခဲ့တာ ရေစက်ကြောင့်လို့ထင်ခဲ့ပေမဲ့ ဘယ်သိနိုင်မလည်း နောက်ကွယ်မှာ မကောင်းတဲ့အကြံတွေနှင့် သူ့ထံချဥ်းကပ်လာတာလဲ ဖြစ်နေနိုင်သည် ။
မြေခွေးလို ကောက်ကျစ်တဲ့ ကောင်လေးပဲ အဟက်! မင်းဘယ်ချိန်ထိ ဟန်ဆောင်နိုင်မလဲ ငါစောင့်ကြည့်အုံးမယ် မြူဒေါင်းငယ်......!
မင်းနဲ့မင်းအမေ ဘယ်အချိန်ထိ ဟန်ဆောင်ကောင်းနိုင်အုံးမလဲဆိုတာ စောင့်ကြည့်အုံးမယ် အဟက်! အဲ့မျက်နှာဖုံးတွေကိုပါ ငါကိုယ်တိုင် ခွာချပစ်မယ် မြူဒေါင်းငယ်! မင်းစောင့်ကြည့်နေလိုက်......!
............
"မအိပ်သေးဘူးလား သား ''
"ဟုတ် မေမေ သားအိပ်မပျော်သေးလို့ပါ''
"ဒါကရော ဘယ်သွားမလို့လဲ သား''
အခန်းတံခါးဖွင့်ကာ အပြင်ထွက်ရန်ဟန်ပြင်နေတဲ့ သားအား သူမမေးလိုက်သည် ။ သားက အိပ်ရာပြောင်းလို့ အိပ်မပျော်သည့်ပုံပေ ။
"သား ရေဆာလာလို့ အောက်ထပ်ရေသွားသောက်မလို့ပါ မေမေ''
"သြော်.....အေးအေး သား ၊ သိပ်အကြာကြီးမနေနဲ့နော်''
"ဟုတ်ကဲ့ မေမေ...''
မြူလည်း အောက်ထပ်ဆင်းပြီး ရေခဲသေတ္တာကို ဖွင့်လိုက်ရင်း ရေဗူးယူနေချိန် တစ်စုံတစ်ယောက်က လှမ်းဆွဲခြင်းခံလိုက်ရသည် ။ လန့်ပြီး အော်မလို့လုပ်လိုက်ပေမဲ့ ပါးစပ်ကို လာပိတ်သည့် ခပ်ကြီးကြီး လက်တစ်ဖက်ကြောင့် အော်ဖို့ရာ အသံမထွက်တော့ချေ ။
"အု....လွတ်....အွန်း....အွန်း....အွန်း....အာ့!''
ပါးစပ်ကိုပိတ်ပြီး ဆွဲခေါ်လာရင်း မီးဖိုခန်းထဲအရောက် ဆောင့်တွန်းပစ်လိုက်တာကြောင့် မြူဒေါင်း အသံထွက်ညည်းငြူမိသည်အထိ နာသွားရသည် ။
"မင်းအတော်လေး ဟန်ဆောင်လိုက်ရမှာပဲနော် မြူဒေါင်းငယ်!''
"ကို....ကိုကို''
"မခေါ်နဲ့! ကျက်သရေယုတ်တယ် မင်းပါးစပ်ကနေ ကိုကိုလို့ မခေါ်နဲ့''
မြူဒေါင်း ကိုကို၏ ဒေါသမီးတွေနဲ့တောက်လောင်နေသည့် မျက်ဝန်းတွေကို ရင်ဆိုင်နေရသည် ။ မယုံနိုင်အောင် ပြောင်းလဲကြမ်းတမ်းသွားတဲ့ကိုကို ။ ကိုကို၏ ခန္ဓာကိုယ်မှ မူးဝေထုံကျင်စေနိုင်သည့် ယမကာအနံ့ပြင်းပြင်းတွေကြောင့် မြူဒေါင်း နှခေါင်းရှုံ့မိသည် ။
"ကိုကို မူးလာတာလားဟင်''
"ငါဘာသာငါ မူးမူး ၊မမူးမူး မင်းအပူမပါဘူး ငါမေးတာသာဖြေစမ်းပါ အရင်ကငါ့ရှေ့ မင်းပေါ်လာတတ်တာကရော အကြံအစည်တွေနဲ့လား ဟမ်! "
"မင်းကိုငါက ဖြူစင်တဲ့သူလို့ထင်ထားတာ ဘယ်ဟုတ်မလဲ မြေခွေးထက်ဆိုးတဲ့ ယုတ်ညံ့မှုတွေနဲ့ ပြည့်နက်နေတဲ့ကောင်ဖြစ်နေတာကို အဟက်! သိပ်တော်တယ် မြူဒေါင်းငယ်!''
"မဟုတ်ဘူး ကိုကို ၊ ကိုကို ထင်သလို တစ်ခုမှ မဟုတ်ပါဘူး ''
"ဘာမဟုတ်ရမှာလဲ ဟမ်! မင်းတို့သားအမိ ဒီကိုရောက်လာတာ ငါ့ဒယ်ဒီရဲ့ ပိုင်ဆိုင်မှုတွေကိုလိုချင်လို့မလား မင်းကရော ငါမင်းအပေါ်ပြုခဲ့တဲ့ ကျေးဇူးကြွေးတွေကို ဒီနည်းနဲ့ ပြန်ဆပ်လိုက်တာပေါ့လေ ဟုတ်လား! မင်းဟာလေ ငါ့စေသနာနဲ့ လုံးဝမထိုက်တန်တဲ့ကောင်! ဟိုကောင်တွေရဲ့ လက်ချက်နဲ့ပဲ ဘဝဆုံးသွားသင့်တာ! မအေရော သားကောက တကယ့် အပျက်တန်းစားတွေ!
နာကျည်းချက်အပြည့်နဲ့ ပြောထွက်သည့် စကားလုံးတစ်ခုစီတိုင်းဟာ အဆိပ်ပြင်းပြင်းပါပုံ ရသည် ။ သူ့ရင်ကို မီးတောက်တွေဝါးမြိုထားရသလိုကို နာကျင်လာစေသည်လေ ။ အမြဲတမ်း အဖေ့စီက ဆဲသံကိုနားထောင်ခဲ့ရဖူးပေမဲ့ ယခုတွင်တော့မတူ သူ့ဂုဏ်သိက္ခာကိုပါ ကိုကိုက အပျက်နဲ့နှိုင်းချေပြီ ။
နင့်ဝဋ်တွေလဲ မနည်းပါ့လား မြူဒေါင်းငယ်ရယ်.....
ဂျလောက်.....
အခန်းတံခါးကို လော့လ်ပြန်ချလို့ တံခါးကိုမှီလျက် ထိုင်ချပစ်လိုက်သည် ။ ခုနကိုကို ပြောလိုက်သည့်စကားတွေမှာ မြူဒေါင်းအခုထိ နားထဲကမထွက်ပေ ။ ရှိုက်သံထွက်ပြီးခါမှ အလန့်တကြား မေမေကိုလှမ်းကြည့်ရသည် ။ အိပ်ရာထက်မှာ အေးအေဆေးဆေးလေး အိပ်ပျော်နေတဲ့ မေမေက မြူဒေါင်းရဲ့ ပထမဆုံးသောအေးချမ်းရာပါ ပူလောင်ခြင်းကတော့ ကိုကိုပေါ့ ။ ပူပေမဲ့ မြူဒေါင်း မထိတွေ့ပဲမနေနိုင်တဲ့ ပူလောင်မှုမျိုးပါ ။
ဘာကြောင့်မှန်းမသိ ကိုကိုအားမြင်ရချိန်တိုင်း လှုပ်ခပ်လွယ်သည့် သူ့နှလုံးသားလေးက အခုလို စကားကြမ်းတွေနဲ့ ရင်ဆိုင်ရပြန်တော့လည်း ခံနိုင်ရည်မဲ့ပြီး ထိလွဲရှလွဲလွန်းပါသည် ။
ဒါရဲ့အဖြေဟာ ဘာများလဲဟင် ကိုကို.....
မြူဒေါင်း အဖြေမရှာတတ်တော့လို့ပါ နုနုနယ်နယ်နှလုံးသားလေးက အမုန်းသမားကြီးကိုတော့ မချစ်မိပါရစေနဲ့လား....
သို့သော် နောက်ကျသွားပြီး ထင်ပါရဲ့လေ....
#TBC
အခုမှ ဇာတ်လမ်းက အစပဲလေကွယ် ဘယ်နှပိုင်းပီးမှာလဲသာသာဆိုတော့ မဖြေတတ်ဘူးရယ် ဆူးနန်းက တစ်ခြားသာသာတွေလို အကြမ်းရေးပြီးမှ အချောပြန်ရေးတာမဟုတ်ပဲ လက်တန်းချရေးတာဖစ်လို့ စိတ်ကူးထဲပေါ်ရင်ပေါ်သလိုဇာတ်ကွက်တွေပါလာမှာ ဇာတ်သိမ်းကို ဆူးနန်းတောင်ကြိုမခန့်မှန်းရသေးပါဘူးကွယ်
Zawgyi
"သဘောကျလား သား....''
"လာ ....အိမ်ထဲဝင်ရအောင်''
"ချို.....လာထိုင်လေ ၊ သားကောလားလေ''
"ဟုတ်....အကို ၊လာသား....''
"ဟုတ်..... သူဌေး''
"ဟုတ် ရပါတယ် ''
"ဟုတ်....ကျေးဇူးပါ ရှင့်''
"အင်း....''
"ဟုတ် ကျေးဇူးပါအကို ''
"ပြောပါ ဒယ်ဒီ''
"ဒယ်ဒီ့!!!''
"ဒယ်ဒီ တောင်းပန်ပါတယ် ''
............
"အား.....ငါကွာ!''
............
"မအိပ်သေးဘူးလား သား ''
"ဟုတ်ကဲ့ မေမေ...''
"ကို....ကိုကို''
"ကိုကို မူးလာတာလားဟင်''
ဂျလောက်.....
#TBC
Continue Reading
You'll Also Like
401K 10K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
195K 4.7K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
194K 14.2K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
471K 32.6K 45
က‌လေးဘက်‌က ‌ခြေလှမ်းလေး တစ်‌လှမ်းပဲ ကိုယ့်ဆီကိုလှမ်း‌ပေးပါ.... ကျန်‌တဲ့ ‌ခြေလှမ်း 1499 လှမ်းနဲ့ က‌လေးဆီကို ကိုယ်‌အ‌ပြေးလာခဲ့မှာပါ .... ကိုယ့်မှာမင...