ဥက္ကဌက 'gay' နေတယ်တဲ့

By moe_for_more

202K 15.8K 2.2K

fudanshiကလေး သွင်ယသော်နိုင်က သူ့အလုပ်ရှင် ဥက္ကဌ မြူမင်းလွင်ပြင်ကို ဘယ်လိုတွေ ယောက်ျားပေးစားရင်း ဘယ်လိုတွေ ဆက်... More

Intro
~1~
~2~
~3~
~4~
~5~
~6~
~7~
~8~
~9~
~10~
~11~
~12~
~14~
~15~
~16~
~17~
~18~
~19~
~20~
~21~
~22~
~23~
~24~
~25~
~26~
~27~
~28~
~29~
~30~
~31~ end
Extra

~13~

5.5K 497 119
By moe_for_more

Unicode

VIPဆေးရုံခန်းတွင်းရှိ ဆိုဖာပေါ်တွင် ထိုင်လျက် ဖုန်းကြည့်ရင်း ရယ်မောနေသော သွင်ယသော်နိုင်အား မြူမင်းနားမလည်နိုင်ဖြစ်နေရတော့သည်။ ဗီဒီယိုကြည့်နေပုံရသော သွင်ယသော်နိုင်မှာ ဘာကြောင့်မှန်းမသိ ပြုံးစိစဖြစ်နေတော့သည်။

"သွင်ယသော်နိုင်....သွင်ယသော်နိုင်..."

"ဟီးးးးဟိ....အယ်! ဗျာ ဗျာ....."

မြူမင်းခေါ်တော့လည်း ခေါင်းလေးစောင်းကာ လှည့်ကြည့်လာပါ၏။ သည်လိုဆိုတော့လည်း ထိုကောင်းလေးမှာချစ်စရာပင်။ မျက်မှန်ဝိုင်းလေးအောက်မှ မျက်ဝန်းဝိုင်းကလေးများမှာ အကြည့်မခွာချင်စရာ ဖြစ်နေပါ၏။

"ဘာတွေကြည့်နေတာလဲ....ကိုယ်လည်း ပျင်းတယ်လေ သွင်ယသော်နိုင်... အတူတူကြည့်ရအောင်..."

ဥက္ကဌ၏ ထိုစကားကြောင့် ပျော်သွားမိသည်မှာ မြောက်တက်သွားမတတ်ပင်။ အစကတော့ ဥက္ကဌကိုပါ bl seriesတွေ ပြဖို့ အစီအစဥ်ရှိပါသော်လည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်လျှင် အလုပ်ထုတ်ခံရကိန်းရှိသည်လေ။ ဒါကြောင့်မို့ ကိုယ့်ဘာသာ ငြိမ်ငြိမ်ကလေး ထိုင်ကြည့်နေခြင်း။ သည်လို ဥက္ကဌကိုယ်တိုင် အတူကြည့်မယ်ဆိုပြီး ပြောလာလေတော့ သူ့အတွက် ပိုအဆင်ပြေသည်။ အစကတည်းက ပြချင်နေသူမို့ ဇက်ခနဲ မတ်တပ်ရပ်မိသွားသည်။

"ဒါပေါ့ ဒါပေါ့ ပြရမှာပေါ့....."

ချက်ချင်းကြီး ဇက်ခနဲ ထကာ သူ့အနားရောက်လာသော သွင်ယသော်နိုင်ကြောင့် သူ့မယ် လန့်လန့်ဖြန့်ဖြန့်။ သည်ငဂျစ်ကလေးက လုပ်လိုက်ရင် အလန့်တကြားရယ်လေ။ လူနာကုတင်ဘေးထိုင်ခုံတွင် ဝင်ထိုင်ရင်း သူကြည့်နေသော ဇာတ်ကားအား ပြရန် ကြိုးစားလာတော့သည်။

"သည်ကားက အတော်ကောင်းတာ ဥက္ကဌရဲ့....ကျွန်တော်ဆို ကြည့်တာ သုံးခေါက်တောင်​ရှိပြီ...အလွတ်တွေတောင်ရလို့....ဟဲဟဲ...."

မျက်မှန်ကလေးပင့်တင်ကာ တဟီးဟီးရယ်နေလေသော ထိုကောင်လေးမှာ ရယ်လိုက်လျှင် မျက်ဝန်းများ ပိတ်ကျသွားတတ်လေသည်။ ထိုကောင်လေးမှာ ကလေးလေးများလို ဝမ်းသာအားရစွာဖြင့် သူ့အား ဇာတ်ကားပြရန် ပြင်နေတော့သည်။ မြူမင်း၏ အမြဲတစေ အလုပ်လုပ်နေရသည့် ဦးနှောက်မှာ ချက်ခနဲဆိုသလို အကြံဉာဏ်တစ်ခု ထုတ်လွှင့်လိုက်သည်မို့ သူ့မျက်နှာ ပြုံးတုံးတုံးဖြစ်သွားတော့သည်။

"အဟွန်း.....သည်လိုကြီး ပြတော့ ကိုယ်ငုံ့ကြည့်ရတာ ဇက်ညောင်းတာပေါ့...သည်လိုလုပ် မင်း ကုတင်ပေါ် တက်လာခဲ့....ကုတင်ပေါ်မှာ အတူကြည့်ကြမယ်...."

"ဗျ...ဗျာ!!!!"

သွင်ယသော်နိုင်အထိတ်ထိတ်အလန့်လန့်ဖြစ်သွားရသည်။ သူ၏ ဘယ်ဘက်ရင်အုံသည်လည်း ကဆုန်ပေါက်နေတော့၏။ သူ့မယ် မနည်းထိန်းသိမ်းနေရသည်။ ဥက္ကဌကတော့ သဘောရိုးနဲ့ ပြောတယ်ဆိုပေမဲ့ အမြဲတစေ မှောင်မိုက်နေတတ်သည့် သွင်ယသော်နိုင့်ဦးနှောက်ကလေးကို ဒုတ်နှင့်ဆတ်ဆတ်ရိုက်ချင်တော့သည်။

"ဟို....ဟို..."

"အား...ခေါင်းကလည်း နာလိုက်တာ....သွင်ယသော်နိုင် ကိုယ် စကားအများကြီးမပြောချင်ဘူး...."

ခေါင်းကို ဖွဖွဖိလျက် မျက်နှာရှုံ့မဲ့ကာ ညည်းညူနေသော ဥက္ကဌကြောင့် အကျပ်ရိုက်သွားရသည်။ သည်ဒဏ်ရာရအောင် သူပဲ လုပ်ခဲ့သည်မဟုတ်လားလေ။ သည်လိုဆိုတော့ သူ့မယ် ရွေးချယ်စရာမရှိ။ ဥက္ကဌ စကားကို နှစ်ခါမပြောရလေအောင် သူစကားနားထောင်မှဖြစ်ပေမည်။

"ဟိုဘက်လေး နည်းနည်းတိုး ဥက္ကဌ....ကျွန်တော်တက်ခဲ့မယ်...."

ခေါင်းဒဏ်ရာမှ နာနေဟန် ဟန်ဆောင်နေရသော ဥက္ကဌမှာ တစ်ဖက်သို့ တိုးရွှေ့ပေးပြီး ကုတင်ပေါ် တက်လာသူလေးအား မျက်ဝန်းထောင့်မှ ခိုးကြည့်မိသည်။ သွင်ယသော်နိုင်ဆိုသည့် ငဂျစ်ကလေးမှာ လည်မယောင်ဖြင့် သိပ်တုံးသည် မဟုတ်လား။

"ဖုန်းကို ကျွန်တော် ကိုင်ထားပေးမယ် သည်လောက်ဆို မြင်ရလား...."

"နိမ့်နေတယ်....ခဏ...."

ထိုသို့ဆိုကာ ဥက္ကဌက ခေါင်းအုံးကလေးအား တင်ပျဥ်ခွေထိုင်ထားသော သူ့ပေါင်ပေါ်သို့ တင်လာပေးသည်။ ခေါင်းအုံးအကူအညီကြောင့် ဖုန်းလေးမှာ အနည်းငယ်မြင့်သွားပြီး အဆင်ပြေသွားရသည်။

"ကဲ ရုပ်ရှင်စပြတော့မယ်နော်..."

သွင်ယသော်နိုင် ဆော်သြလိုက်ပြီးနောက်တွင် ဇာတ်ကားမှာ စလေတော့သည်။ ဇာတ်လမ်းအစမှာပင် ကြင်ကြင်နာနာနမ်းနေလေသော ယောက်ျားနှစ်ဦး။ မြူမင်းတစ်ယောက် မျက်လုံးမျက်ဆံပြူးသွားလျက် ဘေးမှ သွင်ယသော်နိုင်အား စောင်းငဲ့ကြည့်မိသည်။ ငဂျစ်ကလေးမှာတော့ဖြင့် ပြီတီတီ ပြုံးတုံးတုံးမျက်နှာပေးဖြင့် ဖုန်းအား အကြည့်မခွာနိုင်ဖြစ်နေလေသည်။ သည်ကောင်လေးကိုလည်း သူ မနိုင်တော့ပါ။

"ကျွန်တော့်ကို မကြည့်ဘဲ ဇာတ်ကားကိုကြည့်ဗျ...."

ပြုံးဖြီးဖြီးဖြင့် ကြည့်နေရင်းမှသည် မြူမင်းကိုလည်း ဇာတ်ကားကို အာရုံစိုက်ကြည့်ရန် ပြောလာသေးသည်။ ထိုကောင်လေးကို supermarketတွင် လိင်တူစုံတွဲအား ကြည့်လျက် ပုဝါများ ကောက်ဝါးနေသည်ကို မြင်ကတည်းက ဤသို့သော အတွဲများကို သဘောကျမှန်းသူသိခဲ့သည်။ ကုမ္ပဏီတွင်လည်း 'bl'ဆိုသည့် အသုံးအနှုန်းကို ပါးစပ်ကမချဘူးမဟုတ်လား။ ယောက်ျားလေးတစ်ဦးဖြစ်လျက် ထိုသို့သော အတွဲများကို သဘောကျခြင်းအား နားမလည်နိုင်ဖြစ်ရသော်လည်း တစ်ဖက်တွင် ပျော်ရပြန်သည်။ 'bl'ဆိုသည့်အကြောင်းအရာတို့နှင့် မစိမ်းသက်သူ သွင်ယသော်နိုင်မှာ တစ်နေ့ သူ့ပယောဂကြောင့် gayလာနိုင်သည်မဟုတ်လား။ အစကတည်းကပင် ထိုအကြောင်းအရာများနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားလူမို့ သက်သက်မဲ့ နားချစရာလည်းမလိုတော့။ နားလည်ပေးနိုင်မည့်အပြင် အချစ်ပါအဆစ်ပါလာနိုင်သည်လေ။

ထိုစိတ်ကူးလေးဖြင့် ပျော်မြူးနေသော မြူမင်းမှာ ပြုံးနေသည်ကို မရပ်နိုင်တော့။ သွင်ယသော်နိုင်ပြသော ဇာတ်ကားအား သူပြန်အာရုံစိုက်၍ ကြည့်လိုက်ရာ မင်းသားနှစ်ဦးနေရာ၌ သူနှင့် သွင်ယသော်နိုင်ဖြစ်နေတော့သည်။ သူ့မျက်လုံးသူ မယုံနိုင်ဖြစ်သွားရပြီး ပွတ်သပ်ကြည့်မိသော်လည်း သူနှင့် သွင်ယသော်နိုင်မှ သွင်ယသော်နိုင်ပင်။ ညဘက် လမ်းမီးရောင်အောက်တွင် သွင်ယသော်နိုင်၏ မျက်နှာကလေးအား မြူမင်းမှာ ညင်ညင်သာသာဖြင့် ကိုင်ထားလေ၏။ နှစ်ဦးသားမှာ အကြည့်ချင်းဆုံနေလျက် မည်သည့် စကားတစ်လုံးတစ်လေမှ မပြောပါချေ။ ကျောင်းဝတ်စုံကိုယ်စီနှင့်မို့ သူတို့နှစ်ဦးလုံးမှာ ငယ်ရွယ်နုပျိုနေသယောင်။ စကားလုံးများအစား မျက်လုံးချင်းသာ စကားပြောနေမိတော့သည်။

ပြီးသည့်နောက် မြူမင်းမှာ သွင်ယသော်နိုင်၏ ခေါင်းလေးအား ထိန်းကိုင်လိုက်ကာ နှုတ်ခမ်းနားဆီသို့ ခပ်ဖြေးဖြေးတိုးကပ်လာတော့သည်။ ရုန်းကန်ချင်နေသော သွင်ယသော်နိုင့် ခေါင်းကလေးအား အားဖြင့်ထိန်းလိုက်ကာ နှုတ်ခမ်းနှစ်စုံ ထိကပ်သွားတော့သည်။ ထိကပ်ရုံနှင့် မကျေနပ်သေးသည့် မြူမင်းမှာ ကြမ်းတမ်း၍ အရိုင်းဆန်သော အနမ်းများကို စတင်ဖို့ ကြိုးစားနေလေ၏။ မျက်မှန်လေးနှင့် သွင်ယသော်နိုင်မှာတော့ အသက်ရှူကြပ်၍ထင် မြူမင်းရင်ဘတ်အား လက်တို့ဖြင့် တွန်းထုတ်နေလေ၏။ မြူမင်းကတော့ အလွတ်မပေးပါချေ။ နှုတ်ခမ်းတစ်စုံကိုသာ အငမ်းမရ စုပ်ယူသုံးဆောင်နေမိတော့သည်။ သွင်ယသော်နိုင်ရဲ့ နှုတ်ခမ်းရဲရဲတစ်စုံမှာ ဘယ်လောက်တောင် ချိုမြိန်ပြီး အရသာရှိလိုက်မလဲလေ။

"ဥက္ကဌ....ဥက္ကဌ....ဥက္ကဌ!!!!"

"အေ....အမ်...အေး..."

နှုတ်ခမ်းကြီးစူထားလျက် ငုတ်တုတ်မေ့နေသော ဥက္ကဌအား သူမနည်း နှိုးယူလိုက်ရသည်။ ဘယ့်နှယ်ဗျာ ငုတ်တုတ်ကြီး အိပ်နေရတယ်လို့။ ဖုန်းထဲက ပြလက်စ ဇာတ်ကားကိုတောင် အားမနာ။ သွင်ယသော်နိုင် နှုတ်ခမ်းလေးမှာ အလိုမကျမှုကြောင့် စူထော်လာရတော့သည်။ ဥက္ကဌက ဘယ်တွေ စိတ်လွင့်နေမှန်းမသိ။ အတွေးတစ်ခုရပြီးသည့်နောက် သွင်ယသော်နိုင့် မျက်ဝန်းများ လင်းလက်သွားရတော့သည်။ မဟုတ်မှ ဇာတ်ကားကြည့်ရင်း ကောင်လေးတစ်ယောက်နဲ့ စိတ်ကူးယဥ်နေတာများလား။ အဟိ ဟုတ်လောက်ပါတယ်လေ။ bl seriesအနမ်းခန်းကို ကြည့်ရင်း 'ငါလည်းပဲ သည်လို လူသားအချင်းချင်းစားသုံးချင်လိုက်တာ'လို့ တွေးမိသည်မှာ တစ်ဦးတစ်လေမှ မဟုတ်လေပဲ။ ဥက္ကဌလည်း gayဆိုလေတော့ သည်ကားကြည့်ရင်း သူကြိတ်ကြွေနေတဲ့ ကောင်လေးနဲ့ စိတ်ကူးယဥ်နေတာဖြစ်လောက်တယ်။ မဖြစ်ဘူး စကားနှိုက်ကြည့်ရမယ်။ ဒါမှ အောင်သွယ်ပေးသင့်ရင်လည်း အောင်သွယ်ရအောင်လို့လေ။

"ဥက္ကဌ ဘယ်သူ့ကို စိတ်ကူးယဥ်နေတာလဲဟင်...."

"အာ...ကိုယ်က ဘယ်သူ့ကို စိတ်ကူးယဥ်ရမှာလဲ မယဥ်ပါဘူး...."

"မဟုတ်သေးပါဘူးဗျာ...ဒါဖြင့် ဘယ်သူ့ကို တွေးမိသွားလို့လဲ..."

"မတွေးမိပါဘူး...."

"လိမ်ရင် ဘာမှမရပါစေနဲ့...."

"ဘာကို ဘာမှမရပါစေနဲ့လဲ...."

"အော် ယောက်ျားလည်းမရ၊ မိန်းမလည်းမရ လူပျိုကြီးဘဝနဲ့ အရိုးထုတ်ရပါစေလို့ ကျိန်နေတာလေ...."

မြူမင်းတစ်ယောက် ဘာမှ ပြန်မပြောနိုင်တော့။ သူ့မယ် ခေါင်းလည်းကွဲသေး မမူးတဲ့လူဆီကလည်း အရစ်ခံနေရသေး။ ကောင်းကြသေးရဲ့လား။ ဘယ်သူကတော့ ကိုယ်စိတ်ကူးယဥ်မိတဲ့သူကို မျက်စိရှေ့ထားပြီး 'ဟုတ်တယ် ကိုယ်မင်းကို စိတ်ကူးယဥ်နေတာ'လို့ ပြောရဲပါ့မလားကွ။ ကိုယ့်မှာ မရှိမဲ့ရှိမဲ့ ဥက္ကဌဆိုတဲ့ ဂုဏ်လေးကလည်း ထိန်းဖို့ရန် ရှိသေးတယ်မဟုတ်လား။ မဖြေလို့လည်းမရ။ နေရင်းထိုင်ရင်း လူပျိုကြီးဖြစ်ရအုန်းမည်။ လူပျိုကြီးဖြစ်လို့တော့မရပါ။ သွင်ငယ်လေးနဲ့ ယူရအုန်းမယ်မဟုတ်လား။

"မဖြေဘူးလား...မဖြေရင် ဘာမှ----"

"ဟုတ်တယ်....ရေးခြားအကြောင်းတွေးနေတာ...."

တောင်းပန်ပါတယ် ရေးခြားရေ။ ငါ့မယ်လည်း မင်းပဲ ပြောစရာ ခေါင်းထဲ ​ပေါ်လာလို့။ ကိုယ့်ဥက္ကဌ လူပျိုကြီးဖြစ်မဲ့အရေးကနေ ကယ်တင်ကောင်းပါရဲ့ကွာ။

ဥက္ကဌ၏ 'ရေးခြားအကြောင်း'ဟူသော အဖြေစကား​အား ကြားပြီးနောက် ဘာကြောင့်ရယ်မသိ အင်အားယုတ်လျော့သွားရတော့သည်။ တကယ်ဆို သူပျော်သင့်တယ်မဟုတ်လား။ ဥက္ကဌနဲ့ ကိုရေးခြားဆိုတာ သူအရင်တည်းက သင်္ဘောလွှင့်ပေးခဲ့တဲ့ အတွဲလေ။ ဥက္ကဌ ကိုရေးခြားအကြောင်း တွေးနေတာကို ပါးပါးဖြစ်တဲ့ ကိုယ်က ပျော်နေသင့်တာမဟုတ်လား။ ဘာကြောင့်များ အားအင်တွေ ဆုတ်ယုတ်သွားသကဲ့သို့ ခံစားရပါသနည်း။ မဟုတ်မှ ဥက္ကဌကြောင့်များ ငါကွေးသွားပြီလား။ ခေါင်းဆတ်ဆတ်ခါမိသွားသည်။ မဖြစ်နိုင်။ သူ့လို ပေတံလို၊ ဓာတ်တိုင်လို ဖြောင့်နေသူကြီးက ကွေးသွားဖို့ရာ အကြောင်းမရှိ။ သူ မပျော်နိုင်သည်မှာ ကိုရေးခြားက ဟိုမင်းသားရှုံ​ေလာက်သူနှင့် အတူတွဲကာအမြဲတစေ ရှိနေခြင်းကြောင့် ဖြစ်လောက်မည်။ သို့ပေမဲ့လည်း ဥက္ကဌက သဘောကျတယ်ဆိုမှတော့ သူအစွမ်းကုန် ကြိုးစားပေးရမည်မဟုတ်လား။ အားတင်းထား သွင်ယသော်နိုင်။ အခုလောလောဆယ်တော့ ဥက္ကဌကို ကိုယ်တွေ လောကထဲ ခြေစုံပစ်ဝင်လာအောင် သိမ်းသွင်းရအုန်းမည်။ ဒါသည် ပထမအဆင့်။ ပြီးမှ ဖြေးဖြေးချင်း ကိုရေးခြားနှင့် အဆင်ပြေနိုင်စေရန် ကူညီပေးရမည်လေ။

"ဒါနဲ့ ဥက္ကဌ...ဥက္ကဌက စာတွေဘာတွေ ဖတ်ရတာ ဝါသနာပါလား..."

"အင်းးးး စီးပွားရေးနဲ့ ပတ်သက်တဲ့စာအုပ်တွေတော့ အမြဲဖတ်ဖြစ်ပါတယ်...."

ဇာတ်ကားကြည့်လျက် ခပ်အေးအေးပြန်ဖြေသော ဥက္ကဌ​ကြောင့် 'ပျင်းစရာကြီး'ဟု သူ့နှုတ်မှ ခပ်တိုးတိုးရေရွတ်မိသွားသည်။ ဒါပေါ့လေ စီးပွားရေးစာအုပ်တွေပဲ ဖတ်ဖြစ်မှာပေါ့။ အမေအရင်းမဟုတ်တဲ့သူနဲ့ အတူနေရလေတော့ ထိုအမျိုးသမီးအမြင်ကြည်အောင် အစွမ်းကုန်ကြိုးစားနေတာ ဖြစ်လောက်မည်။ ကျွတ်ကျွတ် ဥက္ကဌ ဘဝကလည်း ficတွေထဲက အတိုင်းပါပဲလား။

"ကျွန်တော် စာဖတ်လို့ရတဲ့ appတစ်ခု ညွှန်းပေးရမလား..."

"စီးပွားရေးစာအုပ်တွေရှာဖတ်လို့ရတဲ့ appလား...."

"ဘာကသာဗျာ....နှလုံးသားအာဟာရပြည့်စေဖို့ ရသစာအုပ်တွေလည်း ဖတ်ပေးရတယ်ဗျ...အဲ့လိုမှမဟုတ်ရင် ဥက္ကဌဘဝက သိပ်ကို ပျင်းဖို့ကောင်းမှာ.. ဥက္ကဌရဲ့ နှလုံးသားလည်း အာဟာရချို့တဲ့သွားရလိမ့်မယ်...."

မြူမင်း၏ ဘယ်ဘက်ရင်အုံကို လက်ညှိုးဖြူဖြူကလေးဖြင့်ထိုးကာ ပြောလာသူကြောင့် နှလုံးသားမှာ ခပ်ဆတ်ဆတ်ခုန်လှုပ်သွားရတော့သည်။ နှလုံးသားအာဟာရပြည့်စေဖို့ သွင်ယသော်နိုင်ဆိုတဲ့ ညစ်ပတ်တူးလေး တစ်ယောက်ပဲ လိုအပ်သည်ဆိုသည်ကိုတော့ ထိုကောင်လေး သိလိမ့်မည်မဟုတ်ပေ။

"ဥက္ကဌဖုန်း ကျွန်တော့်ကိုပေး...."

အခြားသူသာ ထိုသို့ဆိုလာလျှင် မြူမင်းတစ်ယောက် အကြည့်နဲ့တင် ပြာကျသွားလေအောင် လုပ်မိလိမ့်မည်။ ယခုတော့ အမိန့်ပေးလာသူမှာ သွင်ယသော်နိုင်ဖြစ်သည်ကြောင့် စကားနားထောင်သည့်လူငယ်လေးနှယ် သူ့ဖုန်းလေးကို ထုတ်ပေးမိသည်။ မြူမင်းကမ်းပေးလာသော ဖုန်းကို ဆွဲယူပြီး ဖွင့်ကြည့်ပြီးသည့်နောက် သွင်ယသော်နိုင်မှာ မျက်မှောင်ကလေးကြုံ့ကာ သူ့အား ကြည့်လာတော့သည်။

"password...."

"အာ...ဟုတ်သား...."

သူပြောပြမယ် ကြံကာရှိသေး။ သွင်ယသော်နိုင်မှာ ဖုန်းအား သူ့ထံ ထိုးပေးလာသည်။ ဆိုလိုသည်မှာ သူကိုယ်တိုင် ရိုက်ထည့်ရမည်ပင်။ passwordရိုက်ထည့်နေသည့်အချိန်တွင်လည်း ထိုကောင်လေးမှာ တစ်ဖက်သို့ မျက်နှာလွှဲထားသည်။

"ရပြီလား..."

"ရပြီ..."

"အာ့ဆို ပြန်ပေး..."

ထိုအခါမှ မြူမင်းလက်ထဲမှ passwordပွင့်သွားသော ဖုန်းလေးအား ဆွဲယူသွားတော့သည်။ ဒါသည် လူတစ်ဦးနှင့် တစ်ဦးအပေါ် ထိန်းသိမ်းသင့်သော ကျင့်ဝတ်ပေ။ ထိုကျင့်ဝတ်ကို သွင်ယသော်နိုင်က တသွေမတိမ်းလိုက်နာသည်လေ။ တစ်စုံတစ်ဦးက ဖုန်းကိုဖြစ်စေ၊ အခြားအရာများကိုဖြစ်စေ passwordသုံးကာ သိမ်းဆည်းထားလျှင် ထိုပစ္စည်းကို အခြားသူများ လက်လွတ်စပယ် သုံးစွဲမည်ကို မလိုလားကြောင်း အလိုလိုသိသင့်သည်လေ။ သွင်ယသော်နိုင်၏ သိတတ်မှုလေးကြောင့် မြူမင်းမှာ အချစ်တိုးလို့နေတော့သည်။

"ကဲသည်မှာ သည်appကလေး...ကျွန်တော် accပါ တစ်ခါတည်း ဖွင့်ပေးပြီးပြီနော်....offlineက unlimitedဆိုတော့ ဥက္ကဌ ကြိုက်သလောက်သာဖတ်..."

သွင်ယသော်နိုင် ပြန်ထိုးပေးလာသော ဖုန်းအား ကြည့်လိုက်စဥ် မမြင်ဖူးလေသော လိမ္မော်ရောင်appကလေးမှာ နေရာယူလို့နေလေပြီ။ ထိုappလေးထဲတွင်လည်း နမူနာအဖြစ် fictionလေးတစ်ပုဒ်မှာ offlineထဲ ရောက်လို့နေ၏။

"တစ်ပုဒ်တည်း တွေ့တယ်နော်...ကိုယ် အများကြီးဖတ်ချင်ရင် ဘယ်လိုလုပ်ရမလဲ...."

"ကျွန်တော် တစ်ယောက်လုံးရှိတယ်လေ...ဟဲဟဲ...ကျွန်တော့မှာ အပုဒ်ပေါင်းထောင်ကျော်ရှိတယ်...."

သူမေးလေးသူပွတ်ကာ လူကြီးစတိုင်လ်လေးဖြင့် ပြောနေသူကို အသည်းတယားယားဖြစ်နေမိသည်။ စိတ်ရှိလက်ရှိ ဖျစ်ညှစ်ပစ်လိုက်ပြန်ရင်လည်း မျက်မှန်ပင် ကျိုးနိုင်လောက်မည်။ မြူမင်းမှာတော့ ထိုစိတ်ကို 'ချစ်သူဖြစ်သွားမှသာ'ဟု အားတင်းလျက် ချိုးနှိမ်ထားလိုက်သည်။

"ကျွန်တော့် facebook accလေးကို ဥက္ကဌဖုန်းနဲ့ addထားလိုက်ပြီးပြီ...ကျွန်တော် acceptလုပ်လိုက်ရင် friဖြစ်ပြီလေ....အဲ့ခါကျ ဥက္ကဌဖတ်ချင်တဲ့ ficပုံစံသာပြော ကျွန်တော် linkချပေးမယ်...."

"အော် သည်လိုလား...."

ခေါင်းလေး တငြိမ့်ငြိမ့်နဲ့ နားထောင်နေတဲ့ ဥက္ကဌ။ ဥက္ကဌက ဒါလေးတောင် မသိပါချေ။ ဘယ်လောက်တောင် တုံးလိုက်လဲ။ ဒါပေမဲ့ ဥက္ကဌတုံးတာက ကြည့်ကောင်းပါတယ်လေ။

"ဥက္ကဌသာ လိမ္မာရင် ကျွန်တော်စုဆောင်းထားသမျှ ဥက္ကဌအတွက်ချည်းပဲ....ဟဲဟဲ...."

လက်ကလေးပိုက်လျက် ဟန်ပါပါ ပြောလာပြန်လေသူ။ သည်ငဂျစ်လေးက ဘာကြောင့်များ သည်လောက် အသည်းယားဖို့ ကောင်းနေရသလဲ မပြောတတ်တော့ပါ။ ညစ်ညစ်ပတ်ပတ်ဖြင့် မပြင်မဆင်နေတတ်သော်လည်း ချစ်ဖို့ကောင်းလှသည်။ အလွဲကလေးများ လုပ်တတ်သော်လည်း အသည်းယားဖွယ်ကောင်းနေပြန်သည်။ ကိုယ့်ကို ဆေးရုံနှစ်ခါရောက်လေအောင် လုပ်ထားသူလေးအား ချီးမွမ်းစကားပြောနေမိသည်မှာတော့ ကိုးယို့ကားယားနိုင်လှသည်။ သို့ပေမဲ့လည်း သူပြောသမျှက အမှန်တွေပင်။ သွင်ယသော်နိုင်ဆိုသည်မှာ မရပ်မနား စကားတတွတ်တွတ်ပြောတတ်သည့် အူယားဖွယ်ကောင်ကလေးဖြစ်သည်။

"ကျွန်တော့်အကြိုက်ဆုံး သာသာကို ပြောပြမယ်...."

"သာသာ?..."

"အာ...authorကို ချစ်စနိုးနဲ့ အဖျားစွတ်ခေါ်တာလေ...ကျွန်တော်အကြိုက်ဆုံး wattpad authorက မမဆွေးပဲ...မမဆွေးကလေ သိပ်သဘောကောင်းတာ...မာနလည်းမကြီးဘူး ကျွန်တော်နဲ့ဆို စကားအမြဲပြောဖြစ်တယ်...မမဆွေးသာ ကျွန်တော့်ကို အတင်းယောက်ျားပေးစားမနေရင်လေ မမဆွေးကို ကျွန်တော် ပိုးပန်းမိမှာ...."

ပြုံးတစ်လှည့် မဲ့တစ်လှည့် ရယ်တစ်လှဲ့ စူပုတ်တစ်လှည့် ပြောပြနေသော သွင်ယသော်နိုင်။ မြူမင်း မျက်မှောင်တို့ တွန့်ချိုးမိသွားတော့သည်။ အဲ့ ဆွေးဆိုတဲ့ မိန်းမက ဘယ်လောက်တောင် ကောင်းနေလို့ သွင်ယသော်နိုင်က ပိုးပန်းဖို့အထိ တွေးရတာလဲ။ အမြဲလည်း စကားပြောဖြစ်တယ်ဆိုပဲ။ ထိုအမျိုးသမီးကို မတွေ့တွေ့အောင် ရှာကာ သွင်ယသော်နိုင်နှင့် မပတ်သက်စေဖို့ ဟန့်တားရန် စိတ်ထဲ တေးထားလိုက်သည်။ ဆွေးဆိုတဲ့အမျိုးသမီး ပြေးနိုင်သမျှ ပြေးထားပေါ့ကွာ။

"ဥက္ကဌ!!! ကျွန်တော် ပြောနေတာတွေ နားထောင်နေရဲ့လား...."

"အော်...အင်းးး နားထောင်နေပါတယ်....ဒါနဲ့ အဲ့သည့် ဆွေးဆိုတဲ့တစ်ယောက်ကို အပြင်မှာ မြင်ဖူးလား ...."

"မမြင်ဖူးလို့ပေါ့ဗျာ....မြင်ဖူးလို့ကတော့ ဟီး...."

မြူမင်း မျက်ဝန်းများမှာ မီးဟုန်းဟုန်းတောက်လောင်လာ​ေတာ့သည်။ ဆွေးဆိုသည့် ထိုသာသာကို သွင်ယသော်နိုင် မတွေ့နိုင်အောင် လက်စဖျောက်ပစ်လိုက်ရ ကောင်းမလား။

"သူဘယ်မှာနေလဲသိလား...."

"မသိဘူးဗျ...သိရင်တော့ ဘယ်နေမလဲဗျာ...အမြဲသွားတွေ့နေမှာပေါ့...."

မြူမင်းမှာ မျက်မှောင်များ တွန့်ချိုးထားရလွန်း၍ ညောင်းညာလာသည်အထိ။ နာမည်သာကြားဖူးသည့် ထိုအမျိုးသမီးကို မျက်မုန်းကျိုးနေမိတော့သည်။ မြူမင်းသည် လွန်စွာ သဘောထားကြီးသူဖြစ်၏။ ထိုကဲ့သို့ တစ်ခါမျှ တစ်ပါးသူပျက်စီးရာပျက်စီးကြောင်း မတွေးတောဖူးပါ။ ထိုအမျိုးသမီးကိုတော့ ကြည့်မရသည်မှာ အမှန်။ ထိုအမျိုးသမီးအား သွင်ယသော်နိုင် ရှာမတွေ့ဖို့သာ ဆုတောင်းနေမိတော့သည်။

"အမယ်....ငါ့သားလေးက ဇိမ်ကျနေတာပါလား...."

စကားတတွတ်တွတ်ပြောနေသော သွင်ယသော်နိုင်ရော အတွေးများနေသော မြူမင်းပါ အမေတစ်ယောက်လုံး ဆေးရုံခန်းထဲ ဝင်လာသည်ကို မမြင်မိ။ ကုတင်အနားထိ ရောက်လာပြီး အသံပေးမှသာ မြင်တော့သည်။ သူ့အမေအသံကြားသည်နှင့် သွင်ယသော်နိုင်တစ်ယောက် ကုတင်ပေါ်က ခုန်ဆင်းလိုက်သည်မှာ လှစ်ခနဲပင်။

"ဟို...စကားပြောနေကြတော့ ဥက္ကဌမေမေရောက်လာတာ မမြင်လိုက်ဘူး...."

မျက်လုံးလေး ပေကလပ်ပေကလပ်ဖြင့် လုပ်ပြနေသော လူငယ်ကလေးအား ကြည့်လျက် ဒေါ်နှင်းဆီ ပြုံးမိတော့သည်။ ချစ်ဖို့ကောင်းလိုက်တဲ့ ကလေးပါလေ။ ထိုကလေးမှာ မျက်နှာမြင်ချစ်ခင်ပါစေဆိုသော ဆုအား မတောင်းဘဲ ပြည့်ထားလေသလား ထင်ရလောက်အောင် ချစ်စဖွယ်ကောင်းသူဖြစ်လေ၏။ တစ်ခါမြင်ဖူးသည်နှင့် တစ်သက်မမေ့နိုင်ကာ တွေးတွေးရင်း အသည်းယားနေမိလောက်မည့် မျက်နှာကလေးမျိုး ပိုင်ဆိုင်ထားလေ၏။

"ဥက္ကဌမေမေလို့ ခေါ်စရာမလိုပါဘူးကွယ်...ခေါ်ရလွယ်အောင် မေမေလို့ပဲ ခေါ်လေ...."

"ဗျ..ဗျာ!!!"

"ဗျာ!!!"

သွင်ယသော်နိုင်ရော ဥက္ကဌပါ ဗျာခနဲ တလျက် ဇာတ်တိုက်ထားခြင်းမရှိပါဘဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိတော့သည်။ ပြီးကာမှ မျက်နှာလွှဲမိသည်။ ဘာကြောင့် သွားကြည့်မိပါသနည်း။ ဥက္ကဌမေမေက သဘောရိုးဖြင့် ပြောတာဖြစ်လောက်သော်လည်း အတွေးလွန်တတ်သော သွင်ယသော်နိုင်မှာ ဥက္ကဌနှင့် ချစ်သူဖြစ်၊ ဥက္ကဌနှင့်လက်ထပ်၊ ကလေးမွေးသည်အထိ ဖြစ်ပျက်သွားသော သူ့ဘဝကို ဒိုင်းခနဲ သွားမြင်မိတော့သည်။ တစ်ခါတစ်ရံ အဆုံးထိ တွေးတတ်လေသော ကိုယ့်ကိုကိုယ် အမြင်ကတ်မိသည်။ ဟိုက မေမေလို့ပဲ ခေါ်ခိုင်းရုံရှိသေး ကိုယ်က သူ့သားနဲ့ညားကာ ကလေးမွေး၍ မြေးဦးရသည်အထိ တွေးမိသည်လေ။

ဒေါ်နှင်းဆီတစ်ယောက် သူ့မျက်စိရှေ့တွင် တစ်ယောက်နှင့်တစ်ယောက် အကြည့်လွှဲလျက် ရှက်ရဲနေကြသူ နှစ်ဦးကို အကဲခတ်ကြည့်မိသည်။ ဘာပါလိမ့် သည်အခြေအနေကလေ။ ဒေါ်နှင်းဆီ ထင်နေသလိုများ ဖြစ်နေမလား။ ဒေါ်နှင်းဆီ၏ နှုတ်ခမ်းများမှာ အထက်သို့ ပင့်တက်သွားတော့သည်။ နောက်ဆုံးတော့ သူ့သားမှာ ယောက်ျားလေးတစ်ဦးအား နှစ်သက်သွားပြီလား။ ဒေါ်နှင်းဆီတစ်ယောက် ရယ်မိတော့မည်ကို မနည်းထိန်းထားရသည်။ သည်အခြေအနေကို သူဘယ်လောက်တောင် စောင့်မျှော်ခဲ့ရသလဲလေ။ အသန့်အရမ်းကြိုက်လွန်းတဲ့သားဖြစ်သူ မိန်းမများအား စိတ်ကုန်သွားလေအောင် တစ်နေ့တစ်နေ့ သူ့ခင်ဗျာ မိန်းမအတင်း လိုက်ပေးစားနေရသည်မဟုတ်လား။ အခုတော့ သူမျှော်လင့်ထားသလို သူ့သားမှာ အမျိုးသားတစ်ဦးကို နှစ်သက်သွားလေပြီ။ သားဖြစ်သူအား ယောက်ျားပေးစားချင်သည့် သူ၏ ငယ်စဥ်က အိမ်မက်ကလေးမှာ နောက်ဆုံးတော့ အကောင်အထည်ပေါ်လာလေပြီ။

*သေရကျိုးနပ်ပြီ ဒေါ်နှင်းဆီရေ...*

"အဟွန်း ဟွန်း....ဟုတ်တယ်လေ သားငယ်လေးရယ်...သားငယ်လေးက သားလေးရဲ့ ဝန်ထမ်းဆိုပေမဲ့ မေမေ့ကို မေမေ့လို့ ခေါ်လို့ရပါတယ်....မေမေကလည်း ငါ့သားငယ်လေးကို စတွေ့ကတည်းက သားတော်ချင်နေတာ...."

ပါးစပ်ကသာ သားလို့ပြောနေပေမဲ့ ဒေါ်နှင်းဆီ စိတ်ထဲ အော်ဟစ်နေသည်က...

*ငါ့သားမက်လေး...ချစ်စရာ ငါ့သားမက်လေး....*

"ဗျာ...ဗျာ...ဟုတ်....ဟုတ်ကဲ့..ကျွန်တော်လည်း ဥက္ကဌမေ---အဲလေ မေမေ့ကို ခင်ပါတယ်...."

"သားငယ်လေးက ချစ်စရာကွယ်....ဒါနဲ့ သားငယ်လေးနဲ့ မေမေ့သားလေးက လူနာကုတင်ပေါ်မှာ နှစ်ယောက်သား ဘာလုပ်နေကြတာလဲ...."

"ဗျာ!!!!! ဟို တစ်မျိုးမထင်လိုက်ပါနဲ့ဗျာ...ကျွန်တော်က ဥက္ကဌပျင်းနေတယ်ဆိုလို့ ဇ..ဇာတ်ကားပြနေတာပါ...."

"အခန်းထဲမှ တီဗီကြီးရှိရက်နဲ့ကွယ်...."

"ဗျာ!!!! အဲ့တာကလေ...."

"အမေရာ....ဘာတွေပြောနေတာလဲ....သား ဝန်ထမ်း စကားတွေပါ ထ...ထစ်ကုန်ပြီ...."

မျက်စိရှေ့မှ ရှက်ရမ်းရမ်းကာ အမှားမှားအယွင်းယွင်းဖြစ်နေသည့် သားနှင့်သားမက်ကို ကြည့်ကာ ဒေါ်နှင်းဆီတစ်ယောက် ပြုံးစိစိရယ်။

*VIPလူနာခန်းက တီဗီကြီးကို လစ်လျူရှုပြီး ကုတင်ပေါ်မှာ နှစ်ယောက်တည်းအတူတူ ဇာတ်ကားကြည့်နေတယ်ဆိုတော့ကာ မှန်းထားသည်များ လွဲနိုင်ကိန်းမရှိ....*

ဖြစ်နိုင်ရင် လိုက်ဖက်လွန်းတဲ့ ကလေးနှစ်ယောက်ကို အခုချက်ချင်း ကောက်ပြီး မင်္ဂလာဆောင်ပေးလိုက်ချင်တယ်။ ဘယ်လောက်တောင် ကံကောင်းလိုက်တဲ့ ငါလေးလဲ။ သားတစ်ယောက်ထပ်ရပြီလေ။

"ဟိုလေ....မေမေလည်း ရောက်လာပြီဆိုတော့ ကျွန်တော် ပြန်လိုက်အုန်းမယ်နော်...."

"ပြန်တော့မလို့လား...မေမေက သားငယ်လေးအတွက်ပါ ထမင်းချိုင့်ပိုထည့်ခဲ့တာကိုကွယ်...."

စားပွဲပေါ်မှ ထမင်းချိုင့်ကြီးအား ဖျက်ခနဲငေးကြည့်မိကာ လျှာသပ်လိုက်မိသည်။ မေမေချက်လာသော ဟင်းနံ့များမှာ အခန်းအတွင်း မွှေးအီလို့။

"ဟဲဟဲ..သည်လိုဆိုတော့လည်း အစားအသောက်တွေကို အလဟဿမဖြစ်စေချင်တာမို့ စားသောက်ပြီးမှ ပြန်ပါ့မယ်....ဟီး...."

မျက်မှန်အောက်မှ မျက်ဝန်းလေးများ ကျဥ်းမြောင်းပိတ်ဆို့သွားသည်အထိ ရယ်ပြလာသော သားမက်လေးကြောင့် ဒေါ်နှင်းဆီမှာ အသည်းတယားယား။

"ဒါမှ မေမေ့သားမ---အဲလေ မေမေ့သားငယ်လေးလို့..."

=====================

6.9.2022~ဆွေး~

ဥက္ကဌမြူမင်းကို ကြောက်လို့ အဆွေးတစ်ယောက် ပြေးနေရပါပြီ...လိုက်မရှာကြပါနဲ့😔🖐

#သည်Ficလေးက ပေါ့ပေါ့ပါးပါးနဲ့ comedy typeလေးမို့ အပြင်လောကနဲ့ လုံးလုံးလျားလျား ကွဲပြားပါလိမ့်မယ်နော်....အရေးအသားများ ​ပေါ့ရွှတ်နေတယ်လို့ ထင်ရရင် ကောင်းမွန်စွာ ထောက်ပြပေးနိုင်ပါတယ်ဗျ...#

Zawgyi

VIPေဆး႐ုံခန္းတြင္း႐ွိ ဆိုဖာေပၚတြင္ ထိုင္လ်က္ ဖုန္းၾကည့္ရင္း ရယ္ေမာေနေသာ သြင္ယေသာ္ႏိုင္အား ျမဴမင္းနားမလည္ႏိုင္ျဖစ္ေနရေတာ့သည္။ ဗီဒီယိုၾကည့္ေနပုံရေသာ သြင္ယေသာ္ႏိုင္မွာ ဘာေၾကာင့္မွန္းမသိ ျပဳံးစိစျဖစ္ေနေတာ့သည္။

"သြင္ယေသာ္ႏိုင္....သြင္ယေသာ္ႏိုင္..."

"ဟီးးးးဟိ....အယ္! ဗ်ာ ဗ်ာ....."

ျမဴမင္းေခၚေတာ့လည္း ေခါင္းေလးေစာင္းကာ လွည့္ၾကည့္လာပါ၏။ သည္လိုဆိုေတာ့လည္း ထိုေကာင္းေလးမွာခ်စ္စရာပင္။ မ်က္မွန္ဝိုင္းေလးေအာက္မွ မ်က္ဝန္းဝိုင္းကေလးမ်ားမွာ အၾကည့္မခြာခ်င္စရာ ျဖစ္ေနပါ၏။

"ဘာေတြၾကည့္ေနတာလဲ....ကိုယ္လည္း ပ်င္းတယ္ေလ သြင္ယေသာ္ႏိုင္... အတူတူၾကည့္ရေအာင္..."

ဥကၠဌ၏ ထိုစကားေၾကာင့္ ေပ်ာ္သြားမိသည္မွာ ေျမာက္တက္သြားမတတ္ပင္။ အစကေတာ့ ဥကၠဌကိုပါ bl seriesေတြ ျပဖို႔ အစီအစဥ္႐ွိပါေသာ္လည္း မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္လွ်င္ အလုပ္ထုတ္ခံရကိန္း႐ွိသည္ေလ။ ဒါေၾကာင့္မို႔ ကိုယ့္ဘာသာ ၿငိမ္ၿငိမ္ကေလး ထိုင္ၾကည့္ေနျခင္း။ သည္လို ဥကၠဌကိုယ္တိုင္ အတူၾကည့္မယ္ဆိုၿပီး ေျပာလာေလေတာ့ သူ႕အတြက္ ပိုအဆင္ေျပသည္။ အစကတည္းက ျပခ်င္ေနသူမို႔ ဇက္ခနဲ မတ္တပ္ရပ္မိသြားသည္။

"ဒါေပါ့ ဒါေပါ့ ျပရမွာေပါ့....."

ခ်က္ခ်င္းႀကီး ဇက္ခနဲ ထကာ သူ႕အနားေရာက္လာေသာ သြင္ယေသာ္ႏိုင္ေၾကာင့္ သူ႕မယ္ လန္႔လန္႔ျဖန္႔ျဖန္႔။ သည္ငဂ်စ္ကေလးက လုပ္လိုက္ရင္ အလန္႔တၾကားရယ္ေလ။ လူနာကုတင္ေဘးထိုင္ခုံတြင္ ဝင္ထိုင္ရင္း သူၾကည့္ေနေသာ ဇာတ္ကားအား ျပရန္ ႀကိဳးစားလာေတာ့သည္။

"သည္ကားက အေတာ္ေကာင္းတာ ဥကၠဌရဲ႕....ကြၽန္ေတာ္ဆို ၾကည့္တာ သုံးေခါက္ေတာင္​႐ွိၿပီ...အလြတ္ေတြေတာင္ရလို႔....ဟဲဟဲ...."

မ်က္မွန္ကေလးပင့္တင္ကာ တဟီးဟီးရယ္ေနေလေသာ ထိုေကာင္ေလးမွာ ရယ္လိုက္လွ်င္ မ်က္ဝန္းမ်ား ပိတ္က်သြားတတ္ေလသည္။ ထိုေကာင္ေလးမွာ ကေလးေလးမ်ားလို ဝမ္းသာအားရစြာျဖင့္ သူ႕အား ဇာတ္ကားျပရန္ ျပင္ေနေတာ့သည္။ ျမဴမင္း၏ အၿမဲတေစ အလုပ္လုပ္ေနရသည့္ ဦးေႏွာက္မွာ ခ်က္ခနဲဆိုသလို အၾကံဉာဏ္တစ္ခု ထုတ္လႊင့္လိုက္သည္မို႔ သူ႕မ်က္ႏွာ ျပဳံးတုံးတုံးျဖစ္သြားေတာ့သည္။

"အဟြန္း.....သည္လိုႀကီး ျပေတာ့ ကိုယ္ငုံ႔ၾကည့္ရတာ ဇက္ေညာင္းတာေပါ့...သည္လိုလုပ္ မင္း ကုတင္ေပၚ တက္လာခဲ့....ကုတင္ေပၚမွာ အတူၾကည့္ၾကမယ္...."

"ဗ်...ဗ်ာ!!!!"

သြင္ယေသာ္ႏိုင္အထိတ္ထိတ္အလန္႔လန္႔ျဖစ္သြားရသည္။ သူ၏ ဘယ္ဘက္ရင္အုံသည္လည္း ကဆုန္ေပါက္ေနေတာ့၏။ သူ႕မယ္ မနည္းထိန္းသိမ္းေနရသည္။ ဥကၠဌကေတာ့ သေဘာ႐ိုးနဲ႔ ေျပာတယ္ဆိုေပမဲ့ အၿမဲတေစ ေမွာင္မိုက္ေနတတ္သည့္ သြင္ယေသာ္ႏိုင့္ဦးေႏွာက္ကေလးကို ဒုတ္ႏွင့္ဆတ္ဆတ္႐ိုက္ခ်င္ေတာ့သည္။

"ဟို....ဟို..."

"အား...ေခါင္းကလည္း နာလိုက္တာ....သြင္ယေသာ္ႏိုင္ ကိုယ္ စကားအမ်ားႀကီးမေျပာခ်င္ဘူး...."

ေခါင္းကို ဖြဖြဖိလ်က္ မ်က္ႏွာ႐ႈံ႕မဲ့ကာ ညည္းညဴေနေသာ ဥကၠဌေၾကာင့္ အက်ပ္႐ိုက္သြားရသည္။ သည္ဒဏ္ရာရေအာင္ သူပဲ လုပ္ခဲ့သည္မဟုတ္လားေလ။ သည္လိုဆိုေတာ့ သူ႕မယ္ ေ႐ြးခ်ယ္စရာမ႐ွိ။ ဥကၠဌ စကားကို ႏွစ္ခါမေျပာရေလေအာင္ သူစကားနားေထာင္မွျဖစ္ေပမည္။

"ဟိုဘက္ေလး နည္းနည္းတိုး ဥကၠဌ....ကြၽန္ေတာ္တက္ခဲ့မယ္...."

ေခါင္းဒဏ္ရာမွ နာေနဟန္ ဟန္ေဆာင္ေနရေသာ ဥကၠဌမွာ တစ္ဖက္သို႔ တိုးေ႐ႊ႕ေပးၿပီး ကုတင္ေပၚ တက္လာသူေလးအား မ်က္ဝန္းေထာင့္မွ ခိုးၾကည့္မိသည္။ သြင္ယေသာ္ႏိုင္ဆိုသည့္ ငဂ်စ္ကေလးမွာ လည္မေယာင္ျဖင့္ သိပ္တုံးသည္ မဟုတ္လား။

"ဖုန္းကို ကြၽန္ေတာ္ ကိုင္ထားေပးမယ္ သည္ေလာက္ဆို ျမင္ရလား...."

"နိမ့္ေနတယ္....ခဏ...."

ထိုသို႔ဆိုကာ ဥကၠဌက ေခါင္းအုံးကေလးအား တင္ပ်ဥ္ေခြထိုင္ထားေသာ သူ႕ေပါင္ေပၚသို႔ တင္လာေပးသည္။ ေခါင္းအုံးအကူအညီေၾကာင့္ ဖုန္းေလးမွာ အနည္းငယ္ျမင့္သြားၿပီး အဆင္ေျပသြားရသည္။

"ကဲ ႐ုပ္႐ွင္စျပေတာ့မယ္ေနာ္..."

သြင္ယေသာ္ႏိုင္ ေဆာ္ၾသလိုက္ၿပီးေနာက္တြင္ ဇာတ္ကားမွာ စေလေတာ့သည္။ ဇာတ္လမ္းအစမွာပင္ ၾကင္ၾကင္နာနာနမ္းေနေလေသာ ေယာက်္ားႏွစ္ဦး။ ျမဴမင္းတစ္ေယာက္ မ်က္လုံးမ်က္ဆံျပဴးသြားလ်က္ ေဘးမွ သြင္ယေသာ္ႏိုင္အား ေစာင္းငဲ့ၾကည့္မိသည္။ ငဂ်စ္ကေလးမွာေတာ့ျဖင့္ ၿပီတီတီ ျပဳံးတုံးတုံးမ်က္ႏွာေပးျဖင့္ ဖုန္းအား အၾကည့္မခြာႏိုင္ျဖစ္ေနေလသည္။ သည္ေကာင္ေလးကိုလည္း သူ မႏိုင္ေတာ့ပါ။

"ကြၽန္ေတာ္႕ကို မၾကည့္ဘဲ ဇာတ္ကားကိုၾကည့္ဗ်...."

ျပဳံးၿဖီးၿဖီးျဖင့္ ၾကည့္ေနရင္းမွသည္ ျမဴမင္းကိုလည္း ဇာတ္ကားကို အာ႐ုံစိုက္ၾကည့္ရန္ ေျပာလာေသးသည္။ ထိုေကာင္ေလးကို supermarketတြင္ လိင္တူစုံတြဲအား ၾကည့္လ်က္ ပုဝါမ်ား ေကာက္ဝါးေနသည္ကို ျမင္ကတည္းက ဤသို႔ေသာ အတြဲမ်ားကို သေဘာက်မွန္းသူသိခဲ့သည္။ ကုမၸဏီတြင္လည္း 'bl'ဆိုသည့္ အသုံးအႏႈန္းကို ပါးစပ္ကမခ်ဘူးမဟုတ္လား။ ေယာက်္ားေလးတစ္ဦးျဖစ္လ်က္ ထိုသို႔ေသာ အတြဲမ်ားကို သေဘာက်ျခင္းအား နားမလည္ႏိုင္ျဖစ္ရေသာ္လည္း တစ္ဖက္တြင္ ေပ်ာ္ရျပန္သည္။ 'bl'ဆိုသည့္အေၾကာင္းအရာတို႔ႏွင့္ မစိမ္းသက္သူ သြင္ယေသာ္ႏိုင္မွာ တစ္ေန႔ သူ႕ပေယာဂေၾကာင့္ gayလာႏိုင္သည္မဟုတ္လား။ အစကတည္းကပင္ ထိုအေၾကာင္းအရာမ်ားႏွင့္ ရင္းႏွီးကြၽမ္းဝင္ၿပီးသားလူမို႔ သက္သက္မဲ့ နားခ်စရာလည္းမလိုေတာ့။ နားလည္ေပးႏိုင္မည့္အျပင္ အခ်စ္ပါအဆစ္ပါလာႏိုင္သည္ေလ။

ထိုစိတ္ကူးေလးျဖင့္ ေပ်ာ္ျမဴးေနေသာ ျမဴမင္းမွာ ျပဳံးေနသည္ကို မရပ္ႏိုင္ေတာ့။ သြင္ယေသာ္ႏိုင္ျပေသာ ဇာတ္ကားအား သူျပန္အာ႐ုံစိုက္၍ ၾကည့္လိုက္ရာ မင္းသားႏွစ္ဦးေနရာ၌ သူႏွင့္ သြင္ယေသာ္ႏိုင္ျဖစ္ေနေတာ့သည္။ သူ႕မ်က္လုံးသူ မယုံႏိုင္ျဖစ္သြားရၿပီး ပြတ္သပ္ၾကည့္မိေသာ္လည္း သူႏွင့္ သြင္ယေသာ္ႏိုင္မွ သြင္ယေသာ္ႏိုင္ပင္။ ညဘက္ လမ္းမီးေရာင္ေအာက္တြင္ သြင္ယေသာ္ႏိုင္၏ မ်က္ႏွာကေလးအား ျမဴမင္းမွာ ညင္ညင္သာသာျဖင့္ ကိုင္ထားေလ၏။ ႏွစ္ဦးသားမွာ အၾကည့္ခ်င္းဆုံေနလ်က္ မည္သည့္ စကားတစ္လုံးတစ္ေလမွ မေျပာပါေခ်။ ေက်ာင္းဝတ္စုံကိုယ္စီႏွင့္မို႔ သူတို႔ႏွစ္ဦးလုံးမွာ ငယ္႐ြယ္ႏုပ်ိဳေနသေယာင္။ စကားလုံးမ်ားအစား မ်က္လုံးခ်င္းသာ စကားေျပာေနမိေတာ့သည္။

ၿပီးသည့္ေနာက္ ျမဴမင္းမွာ သြင္ယေသာ္ႏိုင္၏ ေခါင္းေလးအား ထိန္းကိုင္လိုက္ကာ ႏႈတ္ခမ္းနားဆီသို႔ ခပ္ေျဖးေျဖးတိုးကပ္လာေတာ့သည္။ ႐ုန္းကန္ခ်င္ေနေသာ သြင္ယေသာ္ႏိုင့္ ေခါင္းကေလးအား အားျဖင့္ထိန္းလိုက္ကာ ႏႈတ္ခမ္းႏွစ္စုံ ထိကပ္သြားေတာ့သည္။ ထိကပ္႐ုံႏွင့္ မေက်နပ္ေသးသည့္ ျမဴမင္းမွာ ၾကမ္းတမ္း၍ အ႐ိုင္းဆန္ေသာ အနမ္းမ်ားကို စတင္ဖို႔ ႀကိဳးစားေနေလ၏။ မ်က္မွန္ေလးႏွင့္ သြင္ယေသာ္ႏိုင္မွာေတာ့ အသက္႐ွဴၾကပ္၍ထင္ ျမဴမင္းရင္ဘတ္အား လက္တို႔ျဖင့္ တြန္းထုတ္ေနေလ၏။ ျမဴမင္းကေတာ့ အလြတ္မေပးပါေခ်။ ႏႈတ္ခမ္းတစ္စုံကိုသာ အငမ္းမရ စုပ္ယူသုံးေဆာင္ေနမိေတာ့သည္။ သြင္ယေသာ္ႏိုင္ရဲ႕ ႏႈတ္ခမ္းရဲရဲတစ္စုံမွာ ဘယ္ေလာက္ေတာင္ ခ်ိဳၿမိန္ၿပီး အရသာ႐ွိလိုက္မလဲေလ။

"ဥကၠဌ....ဥကၠဌ....ဥကၠဌ!!!!"

"ေအ....အမ္...ေအး..."

ႏႈတ္ခမ္းႀကီးစူထားလ်က္ ငုတ္တုတ္ေမ့ေနေသာ ဥကၠဌအား သူမနည္း ႏိႈးယူလိုက္ရသည္။ ဘယ့္ႏွယ္ဗ်ာ ငုတ္တုတ္ႀကီး အိပ္ေနရတယ္လို႔။ ဖုန္းထဲက ျပလက္စ ဇာတ္ကားကိုေတာင္ အားမနာ။ သြင္ယေသာ္ႏိုင္ ႏႈတ္ခမ္းေလးမွာ အလိုမက်မႈေၾကာင့္ စူေထာ္လာရေတာ့သည္။ ဥကၠဌက ဘယ္ေတြ စိတ္လြင့္ေနမွန္းမသိ။ အေတြးတစ္ခုရၿပီးသည့္ေနာက္ သြင္ယေသာ္ႏိုင့္ မ်က္ဝန္းမ်ား လင္းလက္သြားရေတာ့သည္။ မဟုတ္မွ ဇာတ္ကားၾကည့္ရင္း ေကာင္ေလးတစ္ေယာက္နဲ႔ စိတ္ကူးယဥ္ေနတာမ်ားလား။ အဟိ ဟုတ္ေလာက္ပါတယ္ေလ။ bl seriesအနမ္းခန္းကို ၾကည့္ရင္း 'ငါလည္းပဲ သည္လို လူသားအခ်င္းခ်င္းစားသုံးခ်င္လိုက္တာ'လို႔ ေတြးမိသည္မွာ တစ္ဦးတစ္ေလမွ မဟုတ္ေလပဲ။ ဥကၠဌလည္း gayဆိုေလေတာ့ သည္ကားၾကည့္ရင္း သူႀကိတ္ေႂကြေနတဲ့ ေကာင္ေလးနဲ႔ စိတ္ကူးယဥ္ေနတာျဖစ္ေလာက္တယ္။ မျဖစ္ဘူး စကားႏိႈက္ၾကည့္ရမယ္။ ဒါမွ ေအာင္သြယ္ေပးသင့္ရင္လည္း ေအာင္သြယ္ရေအာင္လို႔ေလ။

"ဥကၠဌ ဘယ္သူ႕ကို စိတ္ကူးယဥ္ေနတာလဲဟင္...."

"အာ...ကိုယ္က ဘယ္သူ႕ကို စိတ္ကူးယဥ္ရမွာလဲ မယဥ္ပါဘူး...."

"မဟုတ္ေသးပါဘူးဗ်ာ...ဒါျဖင့္ ဘယ္သူ႕ကို ေတြးမိသြားလို႔လဲ..."

"မေတြးမိပါဘူး...."

"လိမ္ရင္ ဘာမွမရပါေစနဲ႔...."

"ဘာကို ဘာမွမရပါေစနဲ႔လဲ...."

"ေအာ္ ေယာက်္ားလည္းမရ၊ မိန္းမလည္းမရ လူပ်ိဳႀကီးဘဝနဲ႔ အ႐ိုးထုတ္ရပါေစလို႔ က်ိန္ေနတာေလ...."

ျမဴမင္းတစ္ေယာက္ ဘာမွ ျပန္မေျပာႏိုင္ေတာ့။ သူ႕မယ္ ေခါင္းလည္းကြဲေသး မမူးတဲ့လူဆီကလည္း အရစ္ခံေနရေသး။ ေကာင္းၾကေသးရဲ႕လား။ ဘယ္သူကေတာ့ ကိုယ္စိတ္ကူးယဥ္မိတဲ့သူကို မ်က္စိေ႐ွ႕ထားၿပီး 'ဟုတ္တယ္ ကိုယ္မင္းကို စိတ္ကူးယဥ္ေနတာ'လို႔ ေျပာရဲပါ့မလားကြ။ ကိုယ့္မွာ မ႐ွိမဲ့႐ွိမဲ့ ဥကၠဌဆိုတဲ့ ဂုဏ္ေလးကလည္း ထိန္းဖို႔ရန္ ႐ွိေသးတယ္မဟုတ္လား။ မေျဖလို႔လည္းမရ။ ေနရင္းထိုင္ရင္း လူပ်ိဳႀကီးျဖစ္ရအုန္းမည္။ လူပ်ိဳႀကီးျဖစ္လို႔ေတာ့မရပါ။ သြင္ငယ္ေလးနဲ႔ ယူရအုန္းမယ္မဟုတ္လား။

"မေျဖဘူးလား...မေျဖရင္ ဘာမွ----"

"ဟုတ္တယ္....ေရးျခားအေၾကာင္းေတြးေနတာ...."

ေတာင္းပန္ပါတယ္ ေရးျခားေရ။ ငါ့မယ္လည္း မင္းပဲ ေျပာစရာ ေခါင္းထဲ ​ေပၚလာလို႔။ ကိုယ့္ဥကၠဌ လူပ်ိဳႀကီးျဖစ္မဲ့အေရးကေန ကယ္တင္ေကာင္းပါရဲ႕ကြာ။

ဥကၠဌ၏ 'ေရးျခားအေၾကာင္း'ဟူေသာ အေျဖစကား​အား ၾကားၿပီးေနာက္ ဘာေၾကာင့္ရယ္မသိ အင္အားယုတ္ေလ်ာ့သြားရေတာ့သည္။ တကယ္ဆို သူေပ်ာ္သင့္တယ္မဟုတ္လား။ ဥကၠဌနဲ႔ ကိုေရးျခားဆိုတာ သူအရင္တည္းက သေဘၤာလႊင့္ေပးခဲ့တဲ့ အတြဲေလ။ ဥကၠဌ ကိုေရးျခားအေၾကာင္း ေတြးေနတာကို ပါးပါးျဖစ္တဲ့ ကိုယ္က ေပ်ာ္ေနသင့္တာမဟုတ္လား။ ဘာေၾကာင့္မ်ား အားအင္ေတြ ဆုတ္ယုတ္သြားသကဲ့သို႔ ခံစားရပါသနည္း။ မဟုတ္မွ ဥကၠဌေၾကာင့္မ်ား ငါေကြးသြားၿပီလား။ ေခါင္းဆတ္ဆတ္ခါမိသြားသည္။ မျဖစ္ႏိုင္။ သူ႕လို ေပတံလို၊ ဓာတ္တိုင္လို ေျဖာင့္ေနသူႀကီးက ေကြးသြားဖို႔ရာ အေၾကာင္းမ႐ွိ။ သူ မေပ်ာ္ႏိုင္သည္မွာ ကိုေရးျခားက ဟိုမင္းသား႐ႈံ​ေလာက္သူႏွင့္ အတူတြဲကာအၿမဲတေစ ႐ွိေနျခင္းေၾကာင့္ ျဖစ္ေလာက္မည္။ သို႔ေပမဲ့လည္း ဥကၠဌက သေဘာက်တယ္ဆိုမွေတာ့ သူအစြမ္းကုန္ ႀကိဳးစားေပးရမည္မဟုတ္လား။ အားတင္းထား သြင္ယေသာ္ႏိုင္။ အခုေလာေလာဆယ္ေတာ့ ဥကၠဌကို ကိုယ္ေတြ ေလာကထဲ ေျခစုံပစ္ဝင္လာေအာင္ သိမ္းသြင္းရအုန္းမည္။ ဒါသည္ ပထမအဆင့္။ ၿပီးမွ ေျဖးေျဖးခ်င္း ကိုေရးျခားႏွင့္ အဆင္ေျပႏိုင္ေစရန္ ကူညီေပးရမည္ေလ။

"ဒါနဲ႔ ဥကၠဌ...ဥကၠဌက စာေတြဘာေတြ ဖတ္ရတာ ဝါသနာပါလား..."

"အင္းးးး စီးပြားေရးနဲ႔ ပတ္သက္တဲ့စာအုပ္ေတြေတာ့ အၿမဲဖတ္ျဖစ္ပါတယ္...."

ဇာတ္ကားၾကည့္လ်က္ ခပ္ေအးေအးျပန္ေျဖေသာ ဥကၠဌ​ေၾကာင့္ 'ပ်င္းစရာႀကီး'ဟု သူ႕ႏႈတ္မွ ခပ္တိုးတိုးေရ႐ြတ္မိသြားသည္။ ဒါေပါ့ေလ စီးပြားေရးစာအုပ္ေတြပဲ ဖတ္ျဖစ္မွာေပါ့။ အေမအရင္းမဟုတ္တဲ့သူနဲ႔ အတူေနရေလေတာ့ ထိုအမ်ိဳးသမီးအျမင္ၾကည္ေအာင္ အစြမ္းကုန္ႀကိဳးစားေနတာ ျဖစ္ေလာက္မည္။ ကြၽတ္ကြၽတ္ ဥကၠဌ ဘဝကလည္း ficေတြထဲက အတိုင္းပါပဲလား။

"ကြၽန္ေတာ္ စာဖတ္လို႔ရတဲ့ appတစ္ခု ၫႊန္းေပးရမလား..."

"စီးပြားေရးစာအုပ္ေတြ႐ွာဖတ္လို႔ရတဲ့ appလား...."

"ဘာကသာဗ်ာ....ႏွလုံးသားအာဟာရျပည့္ေစဖို႔ ရသစာအုပ္ေတြလည္း ဖတ္ေပးရတယ္ဗ်...အဲ့လိုမွမဟုတ္ရင္ ဥကၠဌဘဝက သိပ္ကို ပ်င္းဖို႔ေကာင္းမွာ.. ဥကၠဌရဲ႕ ႏွလုံးသားလည္း အာဟာရခ်ိဳ႕တဲ့သြားရလိမ့္မယ္...."

ျမဴမင္း၏ ဘယ္ဘက္ရင္အုံကို လက္ညိႇဳးျဖဴျဖဴကေလးျဖင့္ထိုးကာ ေျပာလာသူေၾကာင့္ ႏွလုံးသားမွာ ခပ္ဆတ္ဆတ္ခုန္လႈပ္သြားရေတာ့သည္။ ႏွလုံးသားအာဟာရျပည့္ေစဖို႔ သြင္ယေသာ္ႏိုင္ဆိုတဲ့ ညစ္ပတ္တူးေလး တစ္ေယာက္ပဲ လိုအပ္သည္ဆိုသည္ကိုေတာ့ ထိုေကာင္ေလး သိလိမ့္မည္မဟုတ္ေပ။

"ဥကၠဌဖုန္း ကြၽန္ေတာ္႕ကိုေပး...."

အျခားသူသာ ထိုသို႔ဆိုလာလွ်င္ ျမဴမင္းတစ္ေယာက္ အၾကည့္နဲ႔တင္ ျပာက်သြားေလေအာင္ လုပ္မိလိမ့္မည္။ ယခုေတာ့ အမိန္႔ေပးလာသူမွာ သြင္ယေသာ္ႏိုင္ျဖစ္သည္ေၾကာင့္ စကားနားေထာင္သည့္လူငယ္ေလးႏွယ္ သူ႕ဖုန္းေလးကို ထုတ္ေပးမိသည္။ ျမဴမင္းကမ္းေပးလာေသာ ဖုန္းကို ဆြဲယူၿပီး ဖြင့္ၾကည့္ၿပီးသည့္ေနာက္ သြင္ယေသာ္ႏိုင္မွာ မ်က္ေမွာင္ကေလးၾကဳံ႕ကာ သူ႕အား ၾကည့္လာေတာ့သည္။

"password...."

"အာ...ဟုတ္သား...."

သူေျပာျပမယ္ ၾကံကာ႐ွိေသး။ သြင္ယေသာ္ႏိုင္မွာ ဖုန္းအား သူ႕ထံ ထိုးေပးလာသည္။ ဆိုလိုသည္မွာ သူကိုယ္တိုင္ ႐ိုက္ထည့္ရမည္ပင္။ password႐ိုက္ထည့္ေနသည့္အခ်ိန္တြင္လည္း ထိုေကာင္ေလးမွာ တစ္ဖက္သို႔ မ်က္ႏွာလႊဲထားသည္။

"ရၿပီလား..."

"ရၿပီ..."

"အာ့ဆို ျပန္ေပး..."

ထိုအခါမွ ျမဴမင္းလက္ထဲမွ passwordပြင့္သြားေသာ ဖုန္းေလးအား ဆြဲယူသြားေတာ့သည္။ ဒါသည္ လူတစ္ဦးႏွင့္ တစ္ဦးအေပၚ ထိန္းသိမ္းသင့္ေသာ က်င့္ဝတ္ေပ။ ထိုက်င့္ဝတ္ကို သြင္ယေသာ္ႏိုင္က တေသြမတိမ္းလိုက္နာသည္ေလ။ တစ္စုံတစ္ဦးက ဖုန္းကိုျဖစ္ေစ၊ အျခားအရာမ်ားကိုျဖစ္ေစ passwordသုံးကာ သိမ္းဆည္းထားလွ်င္ ထိုပစၥည္းကို အျခားသူမ်ား လက္လြတ္စပယ္ သုံးစြဲမည္ကို မလိုလားေၾကာင္း အလိုလိုသိသင့္သည္ေလ။ သြင္ယေသာ္ႏိုင္၏ သိတတ္မႈေလးေၾကာင့္ ျမဴမင္းမွာ အခ်စ္တိုးလို႔ေနေတာ့သည္။

"ကဲသည္မွာ သည္appကေလး...ကြၽန္ေတာ္ accပါ တစ္ခါတည္း ဖြင့္ေပးၿပီးၿပီေနာ္....offlineက unlimitedဆိုေတာ့ ဥကၠဌ ႀကိဳက္သေလာက္သာဖတ္..."

သြင္ယေသာ္ႏိုင္ ျပန္ထိုးေပးလာေသာ ဖုန္းအား ၾကည့္လိုက္စဥ္ မျမင္ဖူးေလေသာ လိေမၼာ္ေရာင္appကေလးမွာ ေနရာယူလို႔ေနေလၿပီ။ ထိုappေလးထဲတြင္လည္း နမူနာအျဖစ္ fictionေလးတစ္ပုဒ္မွာ offlineထဲ ေရာက္လို႔ေန၏။

"တစ္ပုဒ္တည္း ေတြ႕တယ္ေနာ္...ကိုယ္ အမ်ားႀကီးဖတ္ခ်င္ရင္ ဘယ္လိုလုပ္ရမလဲ...."

"ကြၽန္ေတာ္ တစ္ေယာက္လုံး႐ွိတယ္ေလ...ဟဲဟဲ...ကြၽန္ေတာ့မွာ အပုဒ္ေပါင္းေထာင္ေက်ာ္႐ွိတယ္...."

သူေမးေလးသူပြတ္ကာ လူႀကီးစတိုင္လ္ေလးျဖင့္ ေျပာေနသူကို အသည္းတယားယားျဖစ္ေနမိသည္။ စိတ္႐ွိလက္႐ွိ ဖ်စ္ညႇစ္ပစ္လိုက္ျပန္ရင္လည္း မ်က္မွန္ပင္ က်ိဳးႏိုင္ေလာက္မည္။ ျမဴမင္းမွာေတာ့ ထိုစိတ္ကို 'ခ်စ္သူျဖစ္သြားမွသာ'ဟု အားတင္းလ်က္ ခ်ိဳးႏွိမ္ထားလိုက္သည္။

"ကြၽန္ေတာ္႕ facebook accေလးကို ဥကၠဌဖုန္းနဲ႔ addထားလိုက္ၿပီးၿပီ...ကြၽန္ေတာ္ acceptလုပ္လိုက္ရင္ friျဖစ္ၿပီေလ....အဲ့ခါက် ဥကၠဌဖတ္ခ်င္တဲ့ ficပုံစံသာေျပာ ကြၽန္ေတာ္ linkခ်ေပးမယ္...."

"ေအာ္ သည္လိုလား...."

ေခါင္းေလး တၿငိမ့္ၿငိမ့္နဲ႔ နားေထာင္ေနတဲ့ ဥကၠဌ။ ဥကၠဌက ဒါေလးေတာင္ မသိပါေခ်။ ဘယ္ေလာက္ေတာင္ တုံးလိုက္လဲ။ ဒါေပမဲ့ ဥကၠဌတုံးတာက ၾကည့္ေကာင္းပါတယ္ေလ။

"ဥကၠဌသာ လိမၼာရင္ ကြၽန္ေတာ္စုေဆာင္းထားသမွ် ဥကၠဌအတြက္ခ်ည္းပဲ....ဟဲဟဲ...."

လက္ကေလးပိုက္လ်က္ ဟန္ပါပါ ေျပာလာျပန္ေလသူ။ သည္ငဂ်စ္ေလးက ဘာေၾကာင့္မ်ား သည္ေလာက္ အသည္းယားဖို႔ ေကာင္းေနရသလဲ မေျပာတတ္ေတာ့ပါ။ ညစ္ညစ္ပတ္ပတ္ျဖင့္ မျပင္မဆင္ေနတတ္ေသာ္လည္း ခ်စ္ဖို႔ေကာင္းလွသည္။ အလြဲကေလးမ်ား လုပ္တတ္ေသာ္လည္း အသည္းယားဖြယ္ေကာင္းေနျပန္သည္။ ကိုယ့္ကို ေဆး႐ုံႏွစ္ခါေရာက္ေလေအာင္ လုပ္ထားသူေလးအား ခ်ီးမြမ္းစကားေျပာေနမိသည္မွာေတာ့ ကိုးယို႔ကားယားႏိုင္လွသည္။ သို႔ေပမဲ့လည္း သူေျပာသမွ်က အမွန္ေတြပင္။ သြင္ယေသာ္ႏိုင္ဆိုသည္မွာ မရပ္မနား စကားတတြတ္တြတ္ေျပာတတ္သည့္ အူယားဖြယ္ေကာင္ကေလးျဖစ္သည္။

"ကြၽန္ေတာ္႕အႀကိဳက္ဆုံး သာသာကို ေျပာျပမယ္...."

"သာသာ?..."

"အာ...authorကို ခ်စ္စႏိုးနဲ႔ အဖ်ားစြတ္ေခၚတာေလ...ကြၽန္ေတာ္အႀကိဳက္ဆုံး wattpad authorက မမေဆြးပဲ...မမေဆြးကေလ သိပ္သေဘာေကာင္းတာ...မာနလည္းမႀကီးဘူး ကြၽန္ေတာ္နဲ႔ဆို စကားအၿမဲေျပာျဖစ္တယ္...မမေဆြးသာ ကြၽန္ေတာ္႕ကို အတင္းေယာက်္ားေပးစားမေနရင္ေလ မမေဆြးကို ကြၽန္ေတာ္ ပိုးပန္းမိမွာ...."

ျပဳံးတစ္လွည့္ မဲ့တစ္လွည့္ ရယ္တစ္လွဲ႔ စူပုတ္တစ္လွည့္ ေျပာျပေနေသာ သြင္ယေသာ္ႏိုင္။ ျမဴမင္း မ်က္ေမွာင္တို႔ တြန္႔ခ်ိဳးမိသြားေတာ့သည္။ အဲ့ ေဆြးဆိုတဲ့ မိန္းမက ဘယ္ေလာက္ေတာင္ ေကာင္းေနလို႔ သြင္ယေသာ္ႏိုင္က ပိုးပန္းဖို႔အထိ ေတြးရတာလဲ။ အၿမဲလည္း စကားေျပာျဖစ္တယ္ဆိုပဲ။ ထိုအမ်ိဳးသမီးကို မေတြ႕ေတြ႕ေအာင္ ႐ွာကာ သြင္ယေသာ္ႏိုင္ႏွင့္ မပတ္သက္ေစဖို႔ ဟန္႔တားရန္ စိတ္ထဲ ေတးထားလိုက္သည္။ ေဆြးဆိုတဲ့အမ်ိဳးသမီး ေျပးႏိုင္သမွ် ေျပးထားေပါ့ကြာ။

"ဥကၠဌ!!! ကြၽန္ေတာ္ ေျပာေနတာေတြ နားေထာင္ေနရဲ႕လား...."

"ေအာ္...အင္းးး နားေထာင္ေနပါတယ္....ဒါနဲ႔ အဲ့သည့္ ေဆြးဆိုတဲ့တစ္ေယာက္ကို အျပင္မွာ ျမင္ဖူးလား ...."

"မျမင္ဖူးလို႔ေပါ့ဗ်ာ....ျမင္ဖူးလို႔ကေတာ့ ဟီး...."

ျမဴမင္း မ်က္ဝန္းမ်ားမွာ မီးဟုန္းဟုန္းေတာက္ေလာင္လာ​ေတာ့သည္။ ေဆြးဆိုသည့္ ထိုသာသာကို သြင္ယေသာ္ႏိုင္ မေတြ႕ႏိုင္ေအာင္ လက္စေဖ်ာက္ပစ္လိုက္ရ ေကာင္းမလား။

"သူဘယ္မွာေနလဲသိလား...."

"မသိဘူးဗ်...သိရင္ေတာ့ ဘယ္ေနမလဲဗ်ာ...အၿမဲသြားေတြ႕ေနမွာေပါ့...."

ျမဴမင္းမွာ မ်က္ေမွာင္မ်ား တြန္႔ခ်ိဳးထားရလြန္း၍ ေညာင္းညာလာသည္အထိ။ နာမည္သာၾကားဖူးသည့္ ထိုအမ်ိဳးသမီးကို မ်က္မုန္းက်ိဳးေနမိေတာ့သည္။ ျမဴမင္းသည္ လြန္စြာ သေဘာထားႀကီးသူျဖစ္၏။ ထိုကဲ့သို႔ တစ္ခါမွ် တစ္ပါးသူပ်က္စီးရာပ်က္စီးေၾကာင္း မေတြးေတာဖူးပါ။ ထိုအမ်ိဳးသမီးကိုေတာ့ ၾကည့္မရသည္မွာ အမွန္။ ထိုအမ်ိဳးသမီးအား သြင္ယေသာ္ႏိုင္ ႐ွာမေတြ႕ဖို႔သာ ဆုေတာင္းေနမိေတာ့သည္။

"အမယ္....ငါ့သားေလးက ဇိမ္က်ေနတာပါလား...."

စကားတတြတ္တြတ္ေျပာေနေသာ သြင္ယေသာ္ႏိုင္ေရာ အေတြးမ်ားေနေသာ ျမဴမင္းပါ အေမတစ္ေယာက္လုံး ေဆး႐ုံခန္းထဲ ဝင္လာသည္ကို မျမင္မိ။ ကုတင္အနားထိ ေရာက္လာၿပီး အသံေပးမွသာ ျမင္ေတာ့သည္။ သူ႕အေမအသံၾကားသည္ႏွင့္ သြင္ယေသာ္ႏိုင္တစ္ေယာက္ ကုတင္ေပၚက ခုန္ဆင္းလိုက္သည္မွာ လွစ္ခနဲပင္။

"ဟို...စကားေျပာေနၾကေတာ့ ဥကၠဌေမေမေရာက္လာတာ မျမင္လိုက္ဘူး...."

မ်က္လုံးေလး ေပကလပ္ေပကလပ္ျဖင့္ လုပ္ျပေနေသာ လူငယ္ကေလးအား ၾကည့္လ်က္ ေဒၚႏွင္းဆီ ျပဳံးမိေတာ့သည္။ ခ်စ္ဖို႔ေကာင္းလိုက္တဲ့ ကေလးပါေလ။ ထိုကေလးမွာ မ်က္ႏွာျမင္ခ်စ္ခင္ပါေစဆိုေသာ ဆုအား မေတာင္းဘဲ ျပည့္ထားေလသလား ထင္ရေလာက္ေအာင္ ခ်စ္စဖြယ္ေကာင္းသူျဖစ္ေလ၏။ တစ္ခါျမင္ဖူးသည္ႏွင့္ တစ္သက္မေမ့ႏိုင္ကာ ေတြးေတြးရင္း အသည္းယားေနမိေလာက္မည့္ မ်က္ႏွာကေလးမ်ိဳး ပိုင္ဆိုင္ထားေလ၏။

"ဥကၠဌေမေမလို႔ ေခၚစရာမလိုပါဘူးကြယ္...ေခၚရလြယ္ေအာင္ ေမေမလို႔ပဲ ေခၚေလ...."

"ဗ်..ဗ်ာ!!!"

"ဗ်ာ!!!"

သြင္ယေသာ္ႏိုင္ေရာ ဥကၠဌပါ ဗ်ာခနဲ တလ်က္ ဇာတ္တိုက္ထားျခင္းမ႐ွိပါဘဲ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္မိေတာ့သည္။ ၿပီးကာမွ မ်က္ႏွာလႊဲမိသည္။ ဘာေၾကာင့္ သြားၾကည့္မိပါသနည္း။ ဥကၠဌေမေမက သေဘာ႐ိုးျဖင့္ ေျပာတာျဖစ္ေလာက္ေသာ္လည္း အေတြးလြန္တတ္ေသာ သြင္ယေသာ္ႏိုင္မွာ ဥကၠဌႏွင့္ ခ်စ္သူျဖစ္၊ ဥကၠဌႏွင့္လက္ထပ္၊ ကေလးေမြးသည္အထိ ျဖစ္ပ်က္သြားေသာ သူ႕ဘဝကို ဒိုင္းခနဲ သြားျမင္မိေတာ့သည္။ တစ္ခါတစ္ရံ အဆုံးထိ ေတြးတတ္ေလေသာ ကိုယ့္ကိုကိုယ္ အျမင္ကတ္မိသည္။ ဟိုက ေမေမလို႔ပဲ ေခၚခိုင္း႐ုံ႐ွိေသး ကိုယ္က သူ႕သားနဲ႔ညားကာ ကေလးေမြး၍ ေျမးဦးရသည္အထိ ေတြးမိသည္ေလ။

ေဒၚႏွင္းဆီတစ္ေယာက္ သူ႕မ်က္စိေ႐ွ႕တြင္ တစ္ေယာက္ႏွင့္တစ္ေယာက္ အၾကည့္လႊဲလ်က္ ႐ွက္ရဲေနၾကသူ ႏွစ္ဦးကို အကဲခတ္ၾကည့္မိသည္။ ဘာပါလိမ့္ သည္အေျခအေနကေလ။ ေဒၚႏွင္းဆီ ထင္ေနသလိုမ်ား ျဖစ္ေနမလား။ ေဒၚႏွင္းဆီ၏ ႏႈတ္ခမ္းမ်ားမွာ အထက္သို႔ ပင့္တက္သြားေတာ့သည္။ ေနာက္ဆုံးေတာ့ သူ႕သားမွာ ေယာက်္ားေလးတစ္ဦးအား ႏွစ္သက္သြားၿပီလား။ ေဒၚႏွင္းဆီတစ္ေယာက္ ရယ္မိေတာ့မည္ကို မနည္းထိန္းထားရသည္။ သည္အေျခအေနကို သူဘယ္ေလာက္ေတာင္ ေစာင့္ေမွ်ာ္ခဲ့ရသလဲေလ။ အသန္႔အရမ္းႀကိဳက္လြန္းတဲ့သားျဖစ္သူ မိန္းမမ်ားအား စိတ္ကုန္သြားေလေအာင္ တစ္ေန႔တစ္ေန႔ သူ႕ခင္ဗ်ာ မိန္းမအတင္း လိုက္ေပးစားေနရသည္မဟုတ္လား။ အခုေတာ့ သူေမွ်ာ္လင့္ထားသလို သူ႕သားမွာ အမ်ိဳးသားတစ္ဦးကို ႏွစ္သက္သြားေလၿပီ။ သားျဖစ္သူအား ေယာက်္ားေပးစားခ်င္သည့္ သူ၏ ငယ္စဥ္က အိမ္မက္ကေလးမွာ ေနာက္ဆုံးေတာ့ အေကာင္အထည္ေပၚလာေလၿပီ။

*ေသရက်ိဳးနပ္ၿပီ ေဒၚႏွင္းဆီေရ...*

"အဟြန္း ဟြန္း....ဟုတ္တယ္ေလ သားငယ္ေလးရယ္...သားငယ္ေလးက သားေလးရဲ႕ ဝန္ထမ္းဆိုေပမဲ့ ေမေမ့ကို ေမေမ့လို႔ ေခၚလို႔ရပါတယ္....ေမေမကလည္း ငါ့သားငယ္ေလးကို စေတြ႕ကတည္းက သားေတာ္ခ်င္ေနတာ...."

ပါးစပ္ကသာ သားလို႔ေျပာေနေပမဲ့ ေဒၚႏွင္းဆီ စိတ္ထဲ ေအာ္ဟစ္ေနသည္က...

*ငါ့သားမက္ေလး...ခ်စ္စရာ ငါ့သားမက္ေလး....*

"ဗ်ာ...ဗ်ာ...ဟုတ္....ဟုတ္ကဲ့..ကြၽန္ေတာ္လည္း ဥကၠဌေမ---အဲေလ ေမေမ့ကို ခင္ပါတယ္...."

"သားငယ္ေလးက ခ်စ္စရာကြယ္....ဒါနဲ႔ သားငယ္ေလးနဲ႔ ေမေမ့သားေလးက လူနာကုတင္ေပၚမွာ ႏွစ္ေယာက္သား ဘာလုပ္ေနၾကတာလဲ...."

"ဗ်ာ!!!!! ဟို တစ္မ်ိဳးမထင္လိုက္ပါနဲ႔ဗ်ာ...ကြၽန္ေတာ္က ဥကၠဌပ်င္းေနတယ္ဆိုလို႔ ဇ..ဇာတ္ကားျပေနတာပါ...."

"အခန္းထဲမွ တီဗီႀကီး႐ွိရက္နဲ႔ကြယ္...."

"ဗ်ာ!!!! အဲ့တာကေလ...."

"အေမရာ....ဘာေတြေျပာေနတာလဲ....သား ဝန္ထမ္း စကားေတြပါ ထ...ထစ္ကုန္ၿပီ...."

မ်က္စိေ႐ွ႕မွ ႐ွက္ရမ္းရမ္းကာ အမွားမွားအယြင္းယြင္းျဖစ္ေနသည့္ သားႏွင့္သားမက္ကို ၾကည့္ကာ ေဒၚႏွင္းဆီတစ္ေယာက္ ျပဳံးစိစိရယ္။

*VIPလူနာခန္းက တီဗီႀကီးကို လစ္လ်ဴ႐ႈၿပီး ကုတင္ေပၚမွာ ႏွစ္ေယာက္တည္းအတူတူ ဇာတ္ကားၾကည့္ေနတယ္ဆိုေတာ့ကာ မွန္းထားသည္မ်ား လြဲႏိုင္ကိန္းမ႐ွိ....*

ျဖစ္ႏိုင္ရင္ လိုက္ဖက္လြန္းတဲ့ ကေလးႏွစ္ေယာက္ကို အခုခ်က္ခ်င္း ေကာက္ၿပီး မဂၤလာေဆာင္ေပးလိုက္ခ်င္တယ္။ ဘယ္ေလာက္ေတာင္ ကံေကာင္းလိုက္တဲ့ ငါေလးလဲ။ သားတစ္ေယာက္ထပ္ရၿပီေလ။

"ဟိုေလ....ေမေမလည္း ေရာက္လာၿပီဆိုေတာ့ ကြၽန္ေတာ္ ျပန္လိုက္အုန္းမယ္ေနာ္...."

"ျပန္ေတာ့မလို႔လား...ေမေမက သားငယ္ေလးအတြက္ပါ ထမင္းခ်ိဳင့္ပိုထည့္ခဲ့တာကိုကြယ္...."

စားပြဲေပၚမွ ထမင္းခ်ိဳင့္ႀကီးအား ဖ်က္ခနဲေငးၾကည့္မိကာ လွ်ာသပ္လိုက္မိသည္။ ေမေမခ်က္လာေသာ ဟင္းနံ႔မ်ားမွာ အခန္းအတြင္း ေမႊးအီလို႔။

"ဟဲဟဲ..သည္လိုဆိုေတာ့လည္း အစားအေသာက္ေတြကို အလဟႆမျဖစ္ေစခ်င္တာမို႔ စားေသာက္ၿပီးမွ ျပန္ပါ့မယ္....ဟီး...."

မ်က္မွန္ေအာက္မွ မ်က္ဝန္းေလးမ်ား က်ဥ္းေျမာင္းပိတ္ဆို႔သြားသည္အထိ ရယ္ျပလာေသာ သားမက္ေလးေၾကာင့္ ေဒၚႏွင္းဆီမွာ အသည္းတယားယား။

"ဒါမွ ေမေမ့သားမ---အဲေလ ေမေမ့သားငယ္ေလးလို႔..."

=====================

6.9.2022~ေဆြး~

ဥကၠဌျမဴမင္းကို ေၾကာက္လို႔ အေဆြးတစ္ေယာက္ ေျပးေနရပါၿပီ...လိုက္မ႐ွာၾကပါနဲ႔😔🖐

#သည္Ficေလးက ေပါ့ေပါ့ပါးပါးနဲ႔ comedy typeေလးမို႔ အျပင္ေလာကနဲ႔ လုံးလုံးလ်ားလ်ား ကြဲျပားပါလိမ့္မယ္ေနာ္....အေရးအသားမ်ား ​ေပါ့႐ႊတ္ေနတယ္လို႔ ထင္ရရင္ ေကာင္းမြန္စြာ ေထာက္ျပေပးႏိုင္ပါတယ္ဗ်...#

Continue Reading

You'll Also Like

1.5M 68.5K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
254K 6.7K 68
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
186K 19.1K 115
ဘာသာပြန်သူ - စွဲညို့အသင်း
372K 36.8K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်