~21~

4.7K 414 47
                                    

Unicode

သွင်သွင်ကလေးမှာ လူယုတ်မာပေါက်စ မျက်နှာပေးဖြင့် ပြုံးကာ ဥက္ကဌအား အခန်းထဲ အတင်းတွန်းထည့်လိုက်သည်။ ပြီးသည်နှင့် အခန်းတံခါးအား ဆောင့်ပိတ်လိုက်ကာ သော့ခလောက်ဖြင့် သော့ခတ်ပစ်လိုက်တော့သည်။ အခန်းထဲ ရောက်ရှိနေကြသော ဥက္ကဌနှင့် ကိုရေးခြားမှာ ကယ်ပါကူပါ တဆာဆာဖြင့် အော်ဟစ်နေပေတော့သည်။

"သွင်ယသော်နိုင် ဒါဘာလုပ်တာလဲ!!! အခုချက်ချင်း တံခါးဖွင့်ပေး!!!"

တံခါးအား တဒုန်းဒုန်းထုလျက် အော်ဟစ်နေလေသော ကိုရေးခြားအား လျစ်လျူရှုထားလိုက်သည်။ သော့ကလေးအား လက်ထဲ လှည့်ပတ်ကစားနေရင်း တဟားဟား အော်ဟစ်ရယ်မောနေပါသော သွင်ယသော်နိုင်ပင်။

"သွင်ယသော်နိုင် အခုချက်ချင်း တံခါးဖွင့်!!!! အလုပ်ပြုတ်သွားချင်လို့လား!!!"

semeအားကြီးဖြင့် တံခါးအား ကျိုးမတတ်ထုကာ ခြိမ်းခြောက်နေပါသော ဥက္ကဌ၏ အသံကျယ်ကျယ်ကိုလည်း ခပ်ပြုံးပြုံးဖြင့်သာ နားထောင်နေလိုက်သည်။

"သည်အခန်းထဲက ထွက်လာနိုင်တဲ့အခါ ကျွန်တော့်ကို နှစ်ယောက်လုံး ကျေးဇူးတင်ရပါလိမ့်မယ်....သည်အခန်းထံ ရှိချိန်အတွင်း ကိုယ့်စိတ်ကိုယ်ဖွင့်ပြီး ပွင့်လင်းနိုင်ကြပါစေ ဥုံ!!!"

ခပ်မြူးမြူး အရွှန်းဖောက် ပြောပြီးနောက် ကော့ကော့ကော့ကော့ဖြင့် ထိုအခန်းအား ကျောခိုင်းထွက်သွားလိုက်သည်။ အဆုံးတွင်တော့ သူမျှော်လင့်ထားသော နေ့ဆီ ရောက်ရှိလို့လာခဲ့ပြီ။ semeနှင့် ukeအား အခန်းထဲ ထည့် သော့ခတ်ပိတ်ချင်သည့် သူ့ဆန္ဒတို့လည်း ပြည့်မြောက်သွားလေပြီ။ သေချာပါတယ်။ သည်အခန်းထဲက ထွက်လာနိုင်တဲ့အချိန်ကျ ဥက္ကဌနှင့် ကိုရေးခြားမှာ သေချာပေါက် သားရည်းစားဖြစ်ပြီးနေလောက်ပါပြီ။ ထိုအခါကျမှ သူ့ကျေးဇူးကို သဘောပေါက်ကာ အခါခါ ဦးညွှတ်၍ ကျေးဇူးတင်ကြမည်။ ဥက္ကဌက သူ့အား ကျေးဇူးတင်လွန်း၍ ဒုတိယဥက္ကဌအဖြစ် သူ့အား ရာထူးတိုးပေးလိမ့်မည်။ ထိုအခါကျ သူမှာ သူဖြစ်ချင်သော ပါးပါးတစ်ဦးလည်း ဖြစ်နိုင်သွားပြီး သူဝယ်ချင်သမျှ စာအုပ်များအား ပိုက်ဆံအိတ်ပြန်ဖွင့်ကြည့်စရာမလိုဘဲ ဝယ်ယူနိုင်သည့် ဒုဥက္ကဌတစ်ဦးဖြစ်လာပေမည်။ တစ်ချက်ခုတ်ဖြင့် အပိုင်းပိုင်းပြတ်မည်ပင်။

ဥက္ကဌက 'gay' နေတယ်တဲ့ Wo Geschichten leben. Entdecke jetzt